Chapter 56.1
Viewers 1k

Chapter 56.1



“ဒါကကွာရှင်းစာချုပ်”


ရှန်းယုဟန်က ပါးစပ်ကိုဆေးပြီးနောက် သူ့ပါးစပ်က အနည်းငယ်နာနေပြီး သူက ပူနွေးနေသော ပါးကိုပွတ်လိုက်သည်။


သူက ရေချိုးခန်းတံခါးကို ​ညင်ညင်သာသာပိတ်လိုက်ပြီး သူထွက်လာတော့ သူ့ခင်ပွန်းက သူ့ကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက ရှေ့တိုးပြီး သူ့ခင်ပွန်း၏မျက်လုံးများကို လက်ဖြင့်အုပ်လိုက်ပြီး သူ့ခင်ပွန်း သူ့ကိုလုပ်လေ့ရှိသော ပုံစံအတိုင်း ထပ်တူလုပ်ဆောင်လိုက်၏။


“ယောကျာ်း…မကြည့်ပါနဲ့။” ရှန်းယုဟန်၏အသံက အနည်းငယ်ပြောင်းလဲနေသည်။


ရှန်ချီဟွမ်းက ရယ်မောလိုက်ပြီး သူ့လက်ကိုဆွဲချပြီး မျက်လုံးမှိတ်ကာ ပြောလိုက်သည်။ “မကြည့်ပါဘူး။ မင်းအိပ်တော့”


စာရွက်ထပ် ပိုပါးနေသော သူ့ဇနီး၏မျက်နှာက သူမမျှော်လင့်ထားသော ပမာဏအထိ သူ့ကိုကူညီပေးခဲ့ပြီး ထိုအ​ကြောင်းကို သေချာပြန်တွေးကြည့်လိုက်သည်။ ရှန်းယုဟန်က သူ့ကိုနေ့တိုင်း အံ့အားသင့်စေပြီး သူက ဤကျေနပ်စရာကောင်းသော အံ့အားသင့်စရာကို သေချာစုဆောင်းသိမ်းဆည်းထားရမည်။


ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာ ရှန်းယုဟန်ကို မတော်တရော် စနောက်မနေတော့ပဲ အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေးလဲလျောင်းလိုက်သည်။


အပြင်မှာလှည့်လည်နေသော ဆရာဝန်များ၏အသံရှိနေပြီး ရှန်းယုဟန်က သူ့စောင်ကို ကမန်းကတန်းဆွဲကာ ခေါက်ကုတင်မှာ လဲလျောင်းနေသည်။ သူ့နှလုံးသားက ငြိမ်သက်မနေပဲ သူယခုချိန် မှန်ကြည့်မိရင်အရသာရှိပြီး ညှို့ဓာတ်ပြင်းသော အနီရောင်နှုတ်ခမ်းတောက်တောက်နှင့် ပန်းရောင်သန်းနေသည့် မျက်နှာကိုမြင်နိုင်မှာဖြစ်သည်။


ဒေါက်တာထွက်သွားတော့ ရှန်းယုဟန်က စောင်ထဲက သူ့မျက်နှာကို ဖော်လိုက်ပြီး လုံးဝမအိပ်ချင်တော့ပေ။


ရှန်ချီဟွမ်းက သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။ “ရှန်းယုဟန်?”


ထိုမှသာ ရှန်းယုဟန်က အသံပေးလိုက်၏။ “အွန်း?”


“မင်းကိုယ့်ရဲ့ ကလေးဘဝအကြောင်း နားထောင်ချင်လား?” ရှန်ချီဟွမ်းက ဒီလိုအရာမျိုးကြောင့် ရှန်းယုဟန် အတွေးလွန်ပြီး အိပ်မရမှာကို စိုးရိမ်သဖြင့် သူက ရှန်းယုဟန် အာရုံပြောင်းဖို့ ကူညီပေးချင်သည်။ သူက ယခုလေးတင်ဖြေလျော့ခဲ့ပြီး သက်သာသွားပေမယ့် သူ့ဇနီးက နေရခက်နေလောက်သည်။



သူက ခေါက်ကုတင်ကနေ ဆူညံသံကိုကြားလိုက်ရပြီး ရှန်းယုဟန် တိုးတိုးလေးဖြေလိုက်တာကိုလည်း ကြားခဲ့ရသည်။ “အင်း၊ နားထောင်ချင်တယ်။”

ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။ ရှန်းယုဟန်လို ရှက်တတ်သော လူတစ်ယောက်က သူ့အတွက် ဒီလိုအရာမျိုးလုပ်ပေးဖို့ လွယ်ကူမှာမဟုတ်ချေ။


“တိရစ္ဆာန်အမွေးနဲ့ ဓာတ်မတည့်ကြောင်း ​ပြောဖူးတာ မှတ်မိသေးလား?”


ရှန်းယုဟန်က ခဏလောက်တွေးလိုက်သည်။ “မှတ်မိတယ်။”

ရှန်ချီဟွမ်းက စကားစီလိုက်သည်။ “ဒီပြဿနာက ငယ်ငယ်တုန်းကဖြစ်ပေါ်လာတာ။ ပြုပြင်လို့မရဘူး။ ရှောင်ရှားလို့ပဲရတယ်။ မင်းခွေးမွေးချင်တုန်းက ဒီအကြောင်းပြချက်ကြောင့် မွေးခွင့်မပြုခဲ့တာ။ ငါ ငယ်ငယ်တုန်းက ဒီအားနည်းကြောင့် အများကြီးဆုံးရှုံးခဲ့ရတယ်။ ငါတို့ရှန်မိသားစုက ရွှံ့ရေမွှေတတ်တာကို မင်းလည်းသိမှာပါ။ အသက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ ဘယ်သူကမှ လူကောင်းမဟုတ်ဘူး။”


ရှန်ချီဟွမ်းက ရှန်မိသားစုအကြောင်းဖော်ပြဖို့ ထိုကဲ့သို့ သွေဖီသောလေသံကို အသုံးပြုတာရှားသော်လည်း သူက စိတ်ဆိုးနေပုံလည်းမပေါ်ပေ။ သူက အကူအညီမဲ့နေပြီး မိသားစုကြီးမှာနေပြီးတော့ ဆိုးရွားသောအရာများကို ရင်ဆိုင်ခဲ့ရသည်။ ရှန်းယုဟန်ကလည်း ထိုအရာကို ရင်ဆိုင်ခဲ့ရဖူးသည်။


သူက စိုးရိမ်တကြီးမေးသည်။ “ခင်ဗျားဘာတွေဖြစ်ခဲ့တာလဲ? တစ်ယောက်ယောက်က အနိုင်ကျင့်ခဲ့တာလား?”


ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဟုတ်တယ်၊ လူတစ်ယောက်က အနိုင်ကျင့်ခဲ့တယ်။ အဲ့အချိန်တုန်းက ကိုယ်ကငယ်သေးတော့ အစ်ကိုကြီးနဲ့ အစ်မလတ်က ပညာရေးနဲ့အလုပ်ရှုပ်နေပြီး ကိုယ့်ကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ ကိုယ်က ကိုယ့်ဘာကိုယ်ကြီးပြင်းလာခဲ့ပြီး ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ဆူးညှောင့်ခလုတ်တွေ့ခဲ့ရတယ်။ ငယ်ငယ်က ကိုယ်တို့အားလုံး တစ်အိမ်တည်းမှာ အတူနေပြီး တခြားအိမ်တော်က လူတွေလည်း ကိုယ်တို့နဲ့အတူနေခဲ့တယ်။ အစ်ကိုကြီးနဲ့အစ်မလတ်က သူတို့ကိုစိတ်ပျက်လို့ ကျောင်းမှာပဲအနေများပြီး အိမ်ကိုသိပ်ပြန်မလာခဲ့ဘူး။ အိမ်မှာ ကိုယ်နဲ့ ရှောင်ရှင်းပဲရှိခဲ့တာ။ တစ်ခါက ရှန်ထျန်းဖုန်းအိမ်မှာမရှိတဲ့အချိန် အိမ်မှာရွယ်တူကလေးတွေကို လွှတ်ထားခဲ့တယ်။ ကိုယ် တိရစ္ဆာန်အမွှေးနဲ့ မတည့်မှန်း ဘယ်သူကသိနေတာလဲမသိပေမယ့် သူတို့က အပြင်ကနေ ခွေးရိုင်းတစ်ကောင်ကိုခေါ်လာပြီး ကိုယ်နဲ့ရှောင်ရှန်းရဲ့ အခန်းထဲကို လွှတ်ပေးခဲ့တယ်။ အဲ့ဒီခွေးက အမွေးအရမ်းခါလို့ ဖြတ်သွားတဲ့ အစေခံကြောင့်သာမဟုတ်ရင် ကိုယ်အဲ့ဒီအချိန်တည်းက အသက်ဆုံးရှုံးခဲ့ရလောက်တယ်။”


ရှန်းယုဟန်က ဘယ်ကလေးမှာ ထိုကဲ့သို့ ယုတ်မာသောစိတ်ဓာတ်ရှိနေလဲ သိချင်နေသည်။ “ဒါဆို ခွေးကိုခေါ်လာဖို့ ဘယ်သူကတွေးခဲ့တာလဲ?”


ရှန်ချီဟွမ်းက တစ်ဖက်လူ၏နာမည်ကို ထုတ်မပြောခင် ခဏလောက်ရပ်လိုက်သည်။ “ရှန်ချီပိုင်က ခွေးကိုခေါ်လာတဲ့သူဆိုပေမယ့် ရှန်ချီယွင်က အဲ့လိုလုပ်ခဲ့တာ။”


“ဒီနှစ်ယောက်က ဒီလိုငယ်ငယ်လေးနဲ့ ဘာလို့အဲ့လောက် ယုတ်မာရတာလဲ?” ရှန်းယုဟန်က သေချာပေါက် အရမ်းဒေါသထွက်နေပြီး ဒေါသကြောင့် ခေါက်ကုတင်မှ ထရပ်လုနီးပါးဖြစ်သွားပေမယ့် နောက်မှကံကောင်းတယ်လို့ ခံစားမိလိုက်သည်။ “ကံကောင်းတာက ကျွန်တော့်​ယောကျာ်းက လူကောင်းမို့လို့ ကောင်းကင်ဘုံက ကူညီပေးတာကို ခံစားခဲ့ရပြီး စုန်းမသတ်တာကို မခံခဲ့ရတာ။” ကံကောင်းစွာပင် သူ့ခင်ပွန်းက အနားမှာရှိနေဆဲဖြစ်ကာ သူက သူ့ခင်ပွန်းကို လက်ထပ်ခဲ့ရပြီး ရှန်မိသားစု၏ တခြားအမျိုးသားတွေဆီက လွတ်မြောက်ခဲ့သည်။


“မင်းမအံ့သြဘူးလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏တုံ့ပြန်မှုကို အံ့အားသင့်နေသည်။ သူအရင်က ရှန်ချီယွင်ကို ကြိုက်ခဲ့တာမဟုတ်ဘူးလား?


“အံ့အားသင့်စရာမရှိပါဘူး။ ကျွန်တော့်ခင်ပွန်းအတွက် တရားမျှတမှုမရှိဘူးလို့ ခံစားမိတယ်။ ကျွန်တော်သာဆိုရင် တစ်ဖက်လူကို သင်ခန်းစာကောင်းကောင်းပေးလိုက်မှာပဲ။ တင်ပါးကိုလက်ဝါးနဲ့ရိုက်တာက လွယ်လွန်းတယ်။ အသားနွင်လို့ရတဲ့ထိ ရိုက်ပစ်လိုက်မှာ။” ရှန်းယုဟန်က ထိုစကားပြောရာမှာ အတော်လေးဆိုးသွမ်းနေပြီး သူ့ခင်ပွန်း သူ့ကို အဆိပ်ရှိတယ်လို့ ထင်သွားမှာကိုပင် စိုးရိမ်မိသည်။ သူက ဂရုတစိုက်မေးလိုက်သည်။ “ကျွန်တော့်ခင်ပွန်းက ကျွန်တော်ဒီလိုတွေးတာကို ဆိုးတယ်လို့ ထင်သွားလား?”


“မင်းကရက်စက်တာပဲ” ရှန်ချီဟွမ်းက ထိုစကားပြောလိုက်တော့ ရှန်းယုဟန်က စောင့်ကိုတင်းတင်းဆုပ်ထားပြီး နောက်မှ သူ့ခင်ပွန်းပြောတာကို ကြားလိုက်ရသည်။ “ဒါပေမယ့် ငါ့အတွေးတွေက မင်းနဲ့တူခဲ့တယ်။ နောက်ကျတော့ ငါသူတို့ကိုပြန်ရိုက်ခဲ့တယ်လေ၊ ရှန်ချီပိုင်နဲ့ ရှန်ချီယွင်က ညိုမဲစွဲအောင် အရိုက်ခံလိုက်ရလို့ သူတို့က အဲ့ဒီနောက်ပိုင်းမှာ ခဏလောက်တော့ ရပ်သွားခဲ့တယ်။”


ကံကောင်းစွာပင် သူ့ခင်ပွန်းက ရန်သူများအပေါ် စိတ်ထားမကောင်းခဲ့ပေ။ ရှန်းယုဟန်က ထပ်တူညီသော အမုန်းတရားနဲ့ ပြောလိုက်သည်။ “သူတို့က ခင်ဗျားကို ထိခိုက်စေဖို့ ရည်ရွယ်ခဲ့တာမလို့ သူတို့က လူကောင်းတွေမဟုတ်တာသေချာတယ်။ ကျွန်တော့်ယောကျာ်း လက်တုံ့ပြန်တာ ဘာမှမမှားဘူး။ ဒါပေမယ့် အဖေက သူတို့ကိုအပြစ်မပေးခဲ့ဘူးလား?”

“အပြစ်ပေးခဲ့တယ်။ တစ်နှစ်လောက် ဘော်ဒါကျောင်းပို့ခဲ့ပြီး ပြန်လာခွင့်မပြုခဲ့ဘူး။” ရှန်ချီဟွမ်းက ရယ်မောလိုက်သည်။ “အဲ့ဒါကိုအပြစ်ပေးတယ်လို့ မမြင်ဘူး။ အဲ့ဒါထက် သူငယ်ချင်းဖွဲ့ဖို့ အခွင့်အရေးပေးခဲ့သလိုပဲ။”


ရှန်းယုဟန်က သူ့ယောက္ခထီးကို ဝေဖန်ဖို့ အဆင့်အရှိပေ။ ဘာပဲဖြစ်ဖြစ် သူက သူနဲ့ အဆက်အသွယ်သိပ်မရှိခဲ့တာကြောင့် နှစ်အတော်ကြာမှ ရှန်ထျန်းဖုန်းက သူ့သူငယ်ချင်းဟောင်းကို အကြွေးမဆပ်ရသေးတာ သတိရသွားခဲ့တာဖြစ်၏။ သူကောင်းလားဆိုးလားဆိုတာကို ဝေဖန်ဖို့ခက်ခဲသည်။ သူ့အမြင်အရ သူက သူ့သူငယ်ချင်းကိုရွေးချယ်ခဲ့ရင် ဒီလိုလူမျိုးတွေကို တွေ့ခဲ့ရမှာမဟုတ်ပေ။


ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောကျာ်းက သူတို့နဲ့ကျောင်းတူလား?”


ရှန်ချီဟွမ်း: “မတူဘူး။ ဒါက ကိုယ့်ကိုအဆင်ပြေစေတဲ့ တစ်ခုတည်းသောအရာပဲ။”

“ခင်ဗျားမှာ စုစုပေါင်း ညီအစ်ကိုမောင်နှမဘယ်နှစ်ယောက်ရှိလဲ?” ရှန်းယုဟန်က ရှန်မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ သေချာနားမလည်ပေ။ သူသိတာက ရှန်ချီဟွမ်းတို့ ညီအစ်ကိုမောင်နှမ၊ ဒုတိယမဒမ်၏ ရှန်ချီပိုင်၊ တတိယမဒမ်၏ရှန်ချီယွင်နှင့် စတုတ္တမဒမ်မှာလည်း သားနဲ့သမီးတစ်ယောက်ဆီရှိသည်။ သူတို့က အတော်လေးငယ်ပြီး လောလောဆယ် ရှန်ဂရုကို ဝင်နိုင်သည့် စွမ်းရည်မရှိသေးပေ။


ရှန်ချီဟွမ်းက ရှန်းယုဟန်မသိတာကို မအံ့သြပဲ စိတ်ရှည်ရှည်ပြောပြလိုက်သည်။ “ကိုယ့်အမေက ကလေးလေးယောက်မွေးခဲ့တယ်။ ဒုတိယမဒမ်က ကလေးလေးယောက်မွေးခဲ့ပြီး သမီးနှစ်ယောက်က အစ်မလတ်နဲ့ရွယ်တူပဲ၊ သားတစ်ယောက်နဲ့ ကောလိပ်တက်နေတဲ့ သမီးငယ်တစ်ယောက်လည်းရှိတယ်။ တတိယမဒမ်ဘက်က သုံးယောက်ရှိတယ်၊ အကြီးဆုံးသမီးက အိမ်ထောင်ကျပြီး သူမနဲ့အခုအတူနေတာက ရှန်ချီယွင်နဲ့ အထက်တန်းကျောင်းတက်နေတဲ့ သမီးငယ်တစ်ယောက်ပဲ။ မင်းတွေ့ဖူးတဲ့စတုတ္တမဒမ်က အဖေနဲ့ သုံးယောက်မြောက်ကလေးယူဖို့ ကြိုးစားနေတာ။ အဲ့ဒါကတော့ ခက်ခဲမယ်ထင်တယ်။”



ရှန်ထျန်းဖုန်းက လက်ရှိမှာ သူ့ကိုယ်သူမကာကွယ်နိုင်ပဲ အသက်ရှည်ရှည်နေရဖို့သာ ကြိုးစားနေပြီး သူ့ကလေးများကြား ချစ်ခင်တွယ်တာဖို့ကိစ္စကို တွေးဖို့အချိန်မရှိချေ။ သူငယ်ငယ်က လူတစ်ယောက်ကိုတွေ့ပြီး လူတစ်ယောက်တည်းကိုသာချစ်ခဲ့ပေမယ့် သူက လူရှုပ်လူပွေလိုလုပ်မယ့်အစား တစ်ချိန်တည်းမှာ လူအများကြီးကို မျှချစ်ပေးနိုင်ခဲ့သည်။ ပြောရရင်တော့ သူက ဘယ်သူ့ကိုမှ စိတ်ရင်းနဲ့ သဘောကျခဲ့တာမဟုတ်သဖြင့် အမျိုးသမီးတိုင်းက သူ့နှလုံးသား၏ထိပ်ဆုံးမှာရှိနေပုံရသည်။ လူအသစ်တစ်ယောက်ဝင်လာတာနဲ့ သူက လူအသစ်ကို ချက်ချင်း သည်းသည်းလှုပ်နေလေ့ရှိသည်။


“ဆယ့်သုံးယောက်…အများကြီးပဲ” ရှန်းယုဟန်က ခေတ်သစ်လူသားများမှာ ကလေးဘယ်နှစ်ယောက်ရှိလဲမသိပေမယ့် အများစုက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာကြောင့် ရှန်မိသားစုလို မိသားစုဝင်အများကြီးမရှိကြချေ။

“အများကြီးပဲ၊ ပြီး​တော့ အဖေတူအမေကွဲ ရွယ်တူညီအစ်ကိုမောင်နှမကြားမှာ အငြင်းပွားမှုလည်းအများကြီးရှိတယ်။ ရှန်းယုဟန်…. ငါမင်းကိုဒီအကြောင်းပြောပြတာက ငါသူတို့နဲ့ ရန်ဖြစ်ချင်လို့မဟုတ်ဘူး။ မင်းကို သူတို့နဲ့ဝေးဝေးနေစေချင်တာ။ နောက်တစ်ခါသူတို့နဲ့တွေ့ရင် ရွံ့ရေထဲ ရောမသွားစေနဲ့။ သူတို့အားလုံးက ရက်စက်ပြီး လောဘကြီးတဲ့သူတွေပဲ။ တချို့ကတော့ သူများတွေကို စိတ်ရင်းနဲ့ဆက်ဆံပေမယ့် အကျိုးအမြတ်ရဖို့ဆိုရင် ဘာမဆိုလုပ်နိုင်ပြီး အမြတ်အစွန်းကိုပဲ စိတ်ဝင်စားကြတယ်။”


ရှန်းယုဟန်က ရိုးရိုးသားသား ပြောလိုက်သည်။ “ကျွန်တော်သိပါတယ်။ ကျွန်တော့်ယောကျာ်းကို တွေ့ခဲ့ရတာ ကံကောင်းလို့ပေါ့။”

ရှန်ချီဟွမ်းက သူအချော့ခံလိုက်ရမှန်းသိသည်။ ထိုချစ်စရာကောင်းသောအပြုအမူကြောင့် သူ့ရင်ထဲက ပူပန်မှုက ပျောက်ကွယ်သွားခဲ့သည်။ “မင်းသိတာကောင်းပါတယ်။ မြန်မြန်အိပ်တော့၊ ဆရာဝန်က မနက်ဖြန်မနက်ရှစ်နာရီမှာ နောက်တစ်ကြိမ်စစ်ဆေးဖို့ လာကြမှာ။ ငါတို့လည်း စောစောထဖို့လိုတယ်။”



“အို ကောင်းပါပြီ၊ ဂွတ်နိုက်ပါ​ယောကျာ်း.. ကျွန်တော့်အကြောင်း အိပ်မက်မက်ပေးနော်။” ရှန်းယုဟန်က စောင်ကိုဆွဲကာ မျက်လုံးမှိတ်လိုက်သည်။ 




သူ့ခင်ပွန်း၏မိသားစုက သူတို့ရှန်းမိသားစုနဲ့တူတာကြောင့် သူတို့ကို ခေတ်သစ်နဲ့ လိုက်ဖက်ညီတယ်လို့ သတ်မှတ်လို့ရသည်။

“မင်းအကြောင်း မမက်ပါဘူး။” ပုံမှန်လိုပင် ရှန်ချီဟွမ်းက သူနဲ့ဆန်ကျင်ဘက်ပြောရတာကိုကြိုက်သည်။ “ဂွတ်နိုက်”


ထိုစကားကြားတော့ ရှန်းယုဟန်က အမှောင်ထဲမှာ ပြုံးလိုက်၏။ ထိုသည်မှာ သူ့ခင်ပွန်း၏ ပြိုင်ဘက်ကင်းသော စတိုင်သာဖြစ်သည်။