Chapter 57.1
Viewers 967

Chapter 57.1



“ပြင်းထန်သောရိုက်ချက်”


အပြင်မှာ နှင်းတွေကျလာပြန်ပေမယ့် ​အေးစက်သောလေထုက အခန်းအပူချိန်ကို မထိခိုက်ခဲ့ပေ။


ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ရုံးခန်းမှာ တစ်ရေးတစ်မောအိပ်ပြီး နိုးလာခဲ့သော အသွင်အပြင်ကို သတိရသွားသည်။




ထို့နေ့က သူက ရုံးကလက်အောက်ငယ်သားများနှင့် တချို့ကိစ္စများကို ဆွေးနွေးနေပြီး သူ့နားနေခန်းမှာလည်း အရင်ကဘယ်သူမှမအိပ်ခဲ့ဖူးတာကြောင့် သူက ထိုအကြောင်းမေ့တော့မလိုဖြစ်သွားခဲ့သည်။ ရှန်းယုဟန်က ပုလဲလုံးလောက်ကြီးသည့် မျက်ရည်များနှင့် အပြင်ကိုပြေးထွက်လာစဥ် သူက ခဏလောက်အံ့အားသင့်နေခဲ့ပေမယ့် ထိုနေရာကိုတော့ အမြန်ဆုံးရှင်းလင်းခဲ့သည်။


ရှန်းယုဟန်က ထိုအချိန်က အိပ်မက်ဆိုးမက်ပြီး ထိတ်လန့်သွားလို့ငိုခဲ့တာဖြစ်သည်။


သူ့ရင်ခွင်ထဲမှာ နှစ်သိမ့်တာခံနေသော ရှန်းယုဟန်က အရမ်းဆိုးရွားသော အိပ်မက်ဆိုးတစ်ခုကိုမက်ခဲ့ပုံရသည်။ 


ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်ရည်ကို သုတ်ပေးလိုက်၏။ “မင်း အိပ်မက်ဆိုးမက်ခဲ့ပြန်ပြီလား?”


စိတ်တည်ငြိမ်မှုပြန်ရလာသော ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အင်း”


ရှန်ချီဟွမ်းက နီရဲနေသော သူ့မျက်လုံးများကိုကြည့်ကာ တစ်နေ့နှစ်ကြိမ်ငိုပြီး ထိုလှပသောမျက်လုံးများက ငိုလွန်းလို့ ပျက်စီးသွားနိုင်သည်ဟု သူတွေးမိလိုက်သည်။ “အိပ်မက်တွေကို ပြောင်းပြန်လှန်ရတယ်။ ငိုစရာဘာရှိလို့လဲ၊ ပြီးတော့ မင်းကလေးမမွေးနိုင်လို့ ငါက ဘယ်လိုမောင်းထုတ်နိုင်မှာလဲ။ မင်းက​လေးမွေးနိုင်လား မမွေးနိုင်လား ငါဂရုစိုက်ဖူးလို့လား? ဒါက အမျိုးသားတစ်ဦးရဲ့ ဇီဝကမ္မဖွဲ့စည်းတည်ဆောက်ပုံပဲလေ။”


ရှန်းယုဟန်က အကြောင်းပြချက်မရှိ မငိုပေ။ သူက ဒီကိစ္စကို သူ့စိတ်ထဲအမြဲရှိခဲ့သည်။



သူတို့ချီတိုင်းပြည်မှာ အိမ်တော်သခင်မက အဆင့်ဘယ်လောက်မြင့်ပါစေ သူမကလေးမမွေးနိုင်ရင် အမျိုးသားက ကိုယ်လုပ်တော်ယူပြီး သခင်မ၏ မွေးမိသားစုက ထိုအကြောင်းညည်းညူခွင့်မရှိချေ။


ရှန်ချီဟွမ်းက အမွေဆက်ဆံသူပြဿနာကို ဂရုစိုက်မယ်လို့ သူအမြဲတွေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုကြီးနဲ့အစ်မလတ်မှာ သားသမီးများရှိသည့်အပြင် သူဆေးရုံရောက်နေတုန်းက အစ်မလတ်က သူ့ကိုကလေးချစ်လားမေးခဲ့သည်။ ထိုအချိန်က သူမက သူကလေးမရနိုင်တာကို ရည်ရွယ်ခဲ့တာလား တွေးမိခဲ့သေးသည်။

ရှန်းယုဟန်က ဆိုဖာပေါ်မှာထိုင်နေသော ရှန်ချီဟွမ်းပေါ်မှာ တစ်ဝက်မှီထားပြီး တိုးတိုးလေးမေးလိုက်သည်။ “ဒါပေမယ့် ယောကျာ်းမှာ ကလေးမရှိလို့ သူများတွေဝေဖန်ကြမှာကို မကြောက်ဘူးလား၊ တကယ်ဂရုမစိုက်တာလား?”


သူတို့ချီတိုင်းပြည်မှာ အမွေဆက်ဆံမှုက အမျိုးသားတစ်ယောက်၏စွမ်းဆောင်ရည်ကို ကိုယ်စားပြုပြီး သူက သူ့မိသားစုအတွက် အကိုင်းအခက်နှင့် သစ်ရွက်များကို ဖန်တီးမပေးရင် အတင်းအဖျင်းပြောခံရသည်။ သူ ဧည့်ခံပွဲတစ်ခုကိုတက်ခဲ့စဥ်က လက်ထပ်ပြီး အိမ်တော်၏သခင်မဖြစ်လာသော အမျိုးသမီးတစ်ဦးနှင့် အတူထိုင်ခဲ့ဖူးပြီး သူမက သုံးနှစ်ကြာသည်အထိ ကိုယ်ဝန်မဆောင်နိုင်ခဲ့ပဲ သူမ၏ခင်ပွန်းက ကိုယ်လုပ်တော်မယူခဲ့တာကြောင့် အားလုံးက သူမရှေ့မှာတော့ သူမတို့လင်မယားက အရမ်းချစ်ကြတယ်လို့ ပြောကြပေမယ့် နောက်ကွယ်မှာတော့ သူတို့ကလေးမရတာကို ကဲ့ရဲ့ကြသည်။ ထိုအချိန်က ထိုလူများက မျက်နှာနှစ်မျိုးနဲ့လူတွေဆိုတာကို ရှန်းယုဟန်ကသိခဲ့လို့ သူက သူတို့နဲ့ မပတ်သတ်ချင်ခဲ့ပေ။




အခုတော့ အဲ့ဒါက သူဖြစ်လာခဲ့ပြီး ထိုအချိန်က အမျိုးသမီးတစ်ယောက် ကျော်ဖြတ်ခဲ့ရသော ခါးသီးမှုနဲ့အခက်အခဲကို သူနားလည်နိုင်ခဲ့သည်။

ရှန်ချီဟွမ်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “အမျိုးသားတွေကိုယ်တိုင် ကလေးမမွေးနိုင်တဲ့အချက်ကို ကိုယ်ကြိုက်တယ်။ မင်းကိုယ့်ကို အငှားကိုယ်ဝန်နဲ့ ကလေးယူခိုင်းရင်တောင် ကိုယ်မလိုချင်ဘူး။ ပြီး​တော့ မင်းက ကိုယ့်လိုယောကျာ်းတစ်ယောက်ပဲ၊ မင်းမွေးနိုင်ခဲ့ရင် ကိုယ်လည်းမွေးနိုင်ရမှာပေါ့။” သူ့ဇနီးက ငိုရတာကြိုက်ပြီး နာကျင်မှုကိုကြောက်ကာ ထိရှလွယ်တယ်လို့ သူတွေးမိသည်။ အမျိုးသားတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်ရင် သူလည်းလုပ်နိုင်လောက်သည်။ 


“တကယ်လား? ခင်ဗျား ကျွန်တော့်ကိုလိမ်နေတာ မဟုတ်ဘူးမလား?” ရှန်းယုဟန်က မယုံသေးပေ။ သူတို့ခေတ်မှာ ကလေးမရနိုင်သော အမျိုးသမီးနှင့်ကောများက သူတို့ခင်ပွန်း၏မိသားစုမှ ငြင်းပယ်ခံရလို့ ဖြစ်လောက်မည်။ ဒါကြောင့် သူက အမြတ်နဲဲ့အရှုံးကို စိတ်ပူနေတာပင်။

ရှန်ချီဟွမ်းက ရှန်းယုဟန် မိသားစုပြဿနာကို စဥ်းစားနေဆဲလို့ မမျှော်လင့်ခဲ့ပေမယ့် ရှန်းယုဟန်ကတော့ နေ့တိုင်းတွေးနေပြီး ညဆိုအိမ်မက်တောင် ထည့်မက်နေခဲ့သည်။


သူကပြုံးကာပြောလိုက်သည်။ “ဒါဆို ကျိန်ရမလား? ကိုယ်က ကလေးယူဖို့အကြောင်း တကယ်မတွေးဖူးဘူး။ မင်းကလေးလိုချင်ရင်တော့ အနာဂတ်မှာ မွေးစားလို့ရပါတယ်။ ကိုယ်တို့မိသားစုက ကလေးမွေးစားဖို့ ပိုက်ဆံချို့တဲ့မနေဘူး။”


ရှန်းယုဟန်က ကျိန်ဆိုတော့မည့် သူ့လက်ကိုကိုင်ကာ “ဒါ… ဒီလိုလုပ်ဖို့မလိုပါဘူး။ ပြီးတော့ ကျွန်တော်လည်း တကယ်မလိုချင်ပါဘူး။ ကျွန်တော့်ခင်ပွန်းနဲ့ရတာမဟုတ်ရင်ပေါ့” သူက ခေါင်းတစ်ခြမ်းငုံ့ကာ သူကလေးမရနိုင်တာကို ပူဆွေးနေဆဲဖြစ်သည်။ သူက ကောဖြစ်နေသေးရင် သိပ်ကောင်းမှာပဲ။


သူက သူ့ညှပ်ရိုးကြားက မှဲ့နီကို အသာအယာစမ်းကြည့်လိုက်၏။ ယင်းမှာ သစ်ကြံပိုးခေါက်မှဲ့အစစ် ဟုတ်မနေတာကြောင့် ရှိတော့ရော ဘာလုပ်ရတော့မှာလဲ။


“ဒါဆို ဘာလို့စိတ်ညစ်နေတာလဲ? ကိုယ်မင်းတစ်ယောက်တည်းကိုပဲ စောင့်ရှောက်ပေးစေချင်တယ်လို့ မင်းပဲပြောခဲ့တာလေ။” သူက ရှန်ချီဟွမ်း ကုမ္ပဏီမှာ သူ့ကို ကြောင်လိုချင်လားမေးတော့ သူက မမွေးချင်ဘူး၊ သူ့ကိုပဲစောင့်ရှောက်စေချင်တာလို့ ပြောခဲ့တာကို မှတ်မိသွားသည်။ “မင်းမေ့တာမြန်လိုက်တာ”


ရှန်းယုဟန်က သူ့ပါးစပ်ကိုဖိကာ ပြောလိုက်သည်။ “ကျွန်တော်မမေ့ပါဘူး။ ကျွန်တော်ခင်ပွန်းက အမွေဆက်ဆံသူလိုချင်တယ်လို့ တွေးမိလိုက်တာ။”


ရှန်ချီဟွမ်းက သူ၏ပူဆွေးနေသောပုံစံကိုမြင်သောအခါ စနောက်ချင်လာသည်။ သူက သူ့မေးစေ့ကိုကိုင်ကာ ပြောလိုက်သည်။ “ရှေးခတ်မှာ မင်းက ဂရုစိုက်ပြီး စဥ်းစားပေးတတ်တဲ့ အိမ်တော်သခင်မပဲဖြစ်ရမယ်။ မင်းကလေးမမွေးနိုင်ရင် မင်းက မင်းယောကျာ်းအတွက် ကိုယ်လုပ်တော် နေ့တိုင်းရှာပေးမှာမလား။”


ရှန်းယုဟန်က သူ့ခင်ပွန်းကိုကြည့်ကာ သူ့ရင်ထဲမှာ ပြောလိုက်သည်။ သူက အိမ်တော်သခင်မအမြဲဖြစ်ချင်ခဲ့ပြီး သူ့ခင်ပွန်းက စနောက်နေတာကိုသိသည်။  သူက သိသိသာသာဝမ်းနည်းနေပေမယ့် သူ့ခင်ပွန်းက သူ့ကိုအပြည့်အဝနားမလည်နိုင်တာကြောင့် သူက ဘေးမှာထိုင်ကာ စိတ်ကောက်နေတော့သည်။


“ခင်ဗျားက ကျွန်တော့်ကိုလှောင်ပြီး ကိုယ်လုပ်တော်ရှာချင်တာလား” ရှန်းယုဟန်က သူ့ခင်ပွန်းကို အာရုံစိုက်မနေချင်တော့ပေ။


ရှန်ချီဟွမ်း​က သူစကားပြောမှားသွားမှန်း သိလိုက်ပြီး ဒီတစ်​ကြိမ်မှာ သူဘယ်လောက်ပဲချော့ချော့ အသုံးမဝင်တော့ပေ။ သူ့ဇနီးလေးက သူ့ကိုဂရုမစိုက်တော့ပဲ မီးဖိုချောင်ကိုထွက်သွားကာ အန်တီဝမ်နဲ့စကားပြောနေသည်။


ညစာစားနေစဥ် ရှန်ချီဟွမ်းက သူ့ဇနီး၏ စာနာမှုကိုနှိုးဆွရန် ပန်းကန်ကိုစောင်းအောင် လုပ်မိသလိုဟန်ဆောင်လိုက်၏။


“စိတ်မဆိုးပါနဲ့၊ ဟုတ်ပြီလား? ကိုယ်ကဒီတိုင်းနောက်နေတာပါ။ ကိုယ်တို့မိသားစုရဲ့ ရှန်းယုဟန်က ကိုယ်ကျင့်သိက္ခာကောင်းပြီး စဥ်းစား​ပေးတတ်တယ်ဆိုတာကို ဖော်ပြချင်ခဲ့တာ။ တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး။”

ရှန်းယုဟန်က သူ့ပါးစပ်ထဲ အစားတစ်လုတ်အပြည့် ထည့်ပေးလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားပါးစပ်ပိတ်ပြီး ထမင်းစားလို့ရမလား?”


“မရဘူး။ မင်းဘာလို့ ကိုယ့်ကိုမနမ်းတာလဲ?” ရှန်ချီဟွမ်းက သူ့ကိုထပ်စလိုက်သည်။


“ပေါက်ကရတွေသာ ထိုင်ပြောနေတော့။” ရှန်းယုဟန်က ထမင်းတစ်လုတ်အပြည့် ထပ်ကျွေးလိုက်ပြီး သူ့ခင်ပွန်း၏ ပါးစပ်ကိုပိတ်စေဖို့ လုံလောက်ခဲ့သည်။


ရှန်ချီဟွမ်းက ဖြည်းဖြည်းချင်းစားရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ အများကြီးပြောရင် အမှားပါသွားနိုင်လို့ မပြောတာက ပိုကောင်းမည်။


ညစာစားပြီးတော့ ရှန်းယုဟန် သူ့အကြိုက်ဆုံး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဒရာမာ ကြည့်နေသည်ကို ရှန်ချီဟွမ်းက အဖော်ပြုပေးလိုက်သည်။ ထိုသည်မှာ နောက်ဆုံးအပိုင်းဖြစ်ပြီး ပျော်ရွှင်စရာဇာတ်သိမ်းဖြစ်ခဲ့သည်။ သူ့ဇနီးက မျက်ရည်ဝဲနေပြီး ရှန်ချီဟွမ်းက သူသာအသည်းမာသူမဟုတ်ရင် အမျိုးသမီးနဲ့ အမျိုးသမီးဇာတ်လိုက်ကိုကြည့်ပြီး ဘာလို့ဘာမှမခံစားရတာလဲလို့ တွေးနေသည်။ သို့သော် သူ့ဇနီးက ခံစားနေရတာကြောင့် သူကလည်း ဟန်ဆောင်ပေးပြီး ဆင်းရဲသောရွာလေးကို ထောက်ပံ့ပေးခဲ့သော အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်ကို ချီးကျူးပေးလိုက်သည်။


ရှန်းယုဟန်၏ဒေါသက ပျောက်ကွယ်သွားပြီး သူတို့နှစ်ယောက်က အချိန်ကြည့်ကာ စကားမပြောပဲ အိပ်ရာဝင်လိုက်သည်။


နောက်နေ့မနက်သူနိုးလာတော့ ရှန်ချီဟွမ်းက လျှိုထန် သူ့ဇနီးကို ဖိတ်စာပို့ပေးမှာကို သတိရသွားသည်။ သူက ရှန်းယုဟန်သွားချင်လားဆိုတာကို မနက်စာစားရင်းမေးခဲ့ပြီး ရှန်းယုဟန်က ငြင်းစရာအကြောင်းမရှိတာကြောင့် ခေါင်းညိတ်လိုက်သည်။ အရေးကြီးဆုံးအရာက ဒါရိုက်တာအတွက် ပန်ချီဆွဲပေးရင်း မုန့်ဖိုးရှာလို့ရတယ်လို့ သူ့ခင်ပွန်းက​ပြောခဲ့သည်။


ယခုခေတ်မှာ ရှန်းယုဟန်ကိုပျော်အောင်လုပ်နိုင်တာက သူ့အတွက် ပန်းချီရေးဆွဲဖို့ နေရာတစ်နေရာရှိပြီး မုန့်ဖိုးရှာနိုင်တာဖြစ်သည်။ သူပိုရှာနိုင်လေ ပိုပျော်လေဖြစ်သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ပိုသိလာကာ သူ ပိုက်ဆံရှာရတာကိုကြိုက်ကြောင်း သိခဲ့တာကြောင့် သူ့ကိုရှာခွင့်ပေးလိုက်သည်။


လျှိုထန်က နေ့လည်မှာ သူ့ကိုဖိတ်စာပေးဖို့ ရောက်လာခဲ့ပြီး ရှန်းယုဟန်၏ဆီ​ကြော်မုန့်ကြောင့် မြှောက်တက်သွားခဲ့သည်။


သူက ရှန်ချီဟွမ်းကို တိတ်တဆိတ်မေးလိုက်သည်။ “ငါ့ခယ်မလေးက ဘာလို့ငါ့ကို ရုတ်တရက်ကောင်းကောင်းဆက်ဆံနေရတာလဲ”


ရှန်ချီဟွမ်းက မနာလိုသာလေသံဖြင့် သူ့ကိုအမှန်အတိုင်းပြောလိုက်သည်။ “မင်းသူ့ကိုမုန့်ဖိုးပေးခဲ့လို့လေ၊ မင်းက အခုသူ့ရဲ့အေတီအမ်စက်ဖြစ်နေပြီ။”


လျှိုထန်က သူ့ကို သိချင်စိတ်ဖြင့်မေးလိုက်သည်။ “မင်းသူ့ကိုမုန့်ဖိုးမပေးဘူးလား?”



“ပေးတယ်၊ ဒါပေမယ့် ငါတို့က လင်မယားတွေလေ၊ ငါပိုင်တာကိုသူပိုင်တယ်၊ သူကတော့ မခံစားမိလောက်ဘူး။” သူအရင်က မုန့်ဖိုးပေးရင်တောင် ရှန်းယုဟန်က သူ့ကိုအပြုံးတစ်ခုတောင် မပေးခဲ့ပေ။ လျှိုထန်က သူ့ကိုဖိတ်စာပေးတော့ သူက ကိုယ်တိုင်ချက်ကျွေးခဲ့သည်။ ဟင်းလျာက ဟင်းခတ်အမွှေးအကြိုင်တချို့နှင့် သာမန်မွှေကြော်တစ်မျိုးဖြစ်သော်လည်း သူက မနာလိုဖြစ်နေသည်။


“ဒါဆို မင်းပေးတာမလုံလောက်လို့ လုံခြုံမှုမရှိလို့ထင်တယ်။” လျှိုထန်က သူ့ကိုအကြံတချို့ပေးလိုက်သည်။



“မလောက်ဘူးလား?” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူပေးတာအရမ်းနည်းနေတာပဲဖြစ်ရမယ်။ “ဒါဆိုနောက်မှပိုပေးလိုက်မယ်။”


နေ့လည်စာစားပြီးတော့ ရှန်ချီဟွမ်းက လျှိုထန်ကို မောင်းပို့ခဲ့သည်။


ထိုညမှာ သူက အရင်မုန့်ဖိုးထက်များသော ပမဏကို ရှန်းယုဟန်၏ Alipay အကောင့်ထဲလွှဲလိုက်သည်။ ရှန်းယုဟန်က ရေတွက်ခဲ့ပြီး ဇီးရိုးအပိုတစ်လုံးကို တွေ့ခဲ့ရသည်။ သူ့ခင်ပွန်းက သူ့ကို မုန့်ဖိုးနှင့် အိမ်အသုံးစရိတ် လတိုင်းလွှဲပေးတာကြောင့် သူက ကျင့်သားရနေခဲ့တာပင်။


သူတို့က တစ်ပတ်လောက်ထိ ​​ငြိမ်းချမ်းစွာနေထိုင်ခဲ့ပြီး ဒီတစ်ပတ်အတွင်းမှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ကျွေးမွေးဖို့ နည်းလမ်းမျိုးစုံကိုစမ်းခဲ့ပြီး ရှန်ချီဟွမ်းကတော့ ရှန်းယုဟန်ကို အားဖြည့်ပေးဖို့ ချက်ပြုတ်ပေးရန် အန်တီဝမ်ကို မှာနေခဲ့သည်။ သူတို့နှစ်ယောက်က ကိုယ်အလေးချိန်ပြန်တက်လာပေမယ့် ရှန်းယုဟန်က သူကျသွားသော ကိုယ်အလေးချိန်ကို ပြန်မရသေးပေ။ ရှန်ချီဟွမ်းက သူ့ကိုယ်အလေးချိန်ကို စိတ်ပူနေပြီး ဝက်ပျိုးထောင်သော အစာကျွေးနည်းကို သုံးမိလုနီးပါးပင်။

ရာသီဥတုက ဒီနေ့မှာ ပိုနွေးလာပေမယ့် အပြင်ထွက်သောအခါ ​အေးနေသေးသည်။


သူတို့နှစ်ယောက်က ဒီနေ့အပြင်ထွက်ရမည်။ အကြောင်းမှာ ဒီနေ့က ရှန်အိမ်တော်မှာ တစ်လတစ်ခါ ညစာစားဖို့ ချိန်းဆိုထားသည့်ရက်ဖြစ်နေလို့ပင်။


ယခုအခါ ရှန်ထျန်းဖုန်း၏ရောဂါကိစ္စက ထပ်ဖုံးကွယ်ထားလို့မရတော့ပဲ ကျန်အိမ်တော်သုံးအိမ်က သူ့အ​ခြေအနေအ​ကြောင်း သိပြီးသွားလေပြီ။ ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်မှာ လှုပ်ရှားမှုများရှိနေပြီး သူတို့က ပင်မအိမ်တော်ကို မကြာခဏသွားလည်နေကြောင်း ရှန်ချီဟွမ်းက သူ့အစ်ကိုကြီးဆီက ကြားခဲ့ရသည်။ တကယ်တော့ သူတို့က ရှန်မိသားစု၏ပိုင်ဆိုင်မှုကို ရှန်ထျန်းဖုန်း ဘယ်လိုခွဲဝေပေးမှာလဲ စုံစမ်းနေကြတာပင်။


ရှန်ချီဟွမ်းက သူ့လက်မောင်းပေါ်က ကျောက်ပတ်တီးကိုကြည့်ကာ သူက ယနေ့မှာ တိုက်ပွဲပြင်းထန်မှာကို ကြောက်နေသည်။ ပင်မအိမ်တော်က တခြားအိမ်တော်သုံးအိမ်၏ ဆူးညှောင့်ခလုတ်ဖြစ်ခဲ့ပေမယ့် ကောင်းသည်မှာ သူ့အစ်ကိုကြီးနဲ့ အစ်မလတ်က ယနေ့ည ထိုနေရာမှာရှိနေမှာဖြစ်သည်။ 


ဒီနေ့က အရင်နဲ့ကွာခြားသည်။ ရှန်ချီဟွမ်းက ပြဇာတ်​ကြည့်ရခြင်းကို ကျင့်သားရနေပေမယ့် ယခုအခါ သူတို့အားလုံးက သူ့ကိုလာရှုပ်နေတာကြောင့် သူက ပုံမှန်လို ဂရုမစိုက်ပဲနေလို့မရတော့ပေ။