Chapter 57.2
Viewers 962

Chapter 57.2



“ပြင်းထန်သောရိုက်ချက်”


ရှန်ချီဟွမ်းက လတ်တလော ကုမ္ပဏီသွားစရာမလိုပဲ ပြင်ကဖျော်ဖြေရေးကိစ္စများကို ဖျက်သိမ်းခဲ့ပြီး သူနဲ့ ရှန်းယုဟန်က ယာဥ်ကြောပိတ်ဆို့မှုကိုရှောင်ရန် စောစောထွက်လာကြသည်။ သူတို့ရှန်အိမ်တော်ကိုရောက်တော့ အိမ်တော်က လူအများအပြားက အိမ်ပြန်မလာကြသေးသလို တက်တက်ကြွကြွ ပြေးလွှားလှုပ်ရှားသူများကလည်း ရောက်မလာသေးပေ။ ဒါပေါ့.. သူတို့က မလာတာမဟုတ်ပဲ ရှန်ချီဟွမ်းနဲ့ ရှန်းယုဟန်က စောစောလာခဲ့ကြတာဖြစ်သည်။


ပုံမှန်အတိုင်းပင် သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းကို အရင်သွားတွေ့ခဲ့သည်။


ရှန်းယုဟန်က ရှန်ထျန်းဖုန်း သူ့ခင်ပွန်းကို ကောင်းကောင်းမဆက်ဆံခဲ့တာသိသော်လည်း ကျင့်ဝတ်အရ တခြားသူများ သူ့ကိုအပြစ်မရှာစေရန် သေချာလုပ်ခဲ့ပြီး သူက ကိုယ်တိုင်လုပ်ထားသော မုန့်များကိုပါယူလာခဲ့သည်။


သူတို့ရောက်လာတော့ ရှန်ထျန်းဖုန်းက လက်ဖက်ရည်ကို ဆေးဆေးဆေးဆေးသောက်ကာ အော်ပရာနားထောင်နေပြီး သူ့ကြည့်ရတာ ကင်ဆာရောဂါသည်နဲ့ လုံးဝမတူပေ။


လက်ရှိမှာ ကင်ဆာအတွက် ပြီးပြည့်စုံသော ကုသဆေးမရှိပေမယ့် ထိန်းထားနိုင်ရင် ဆယ်နှစ်ထက်ပိုပြီး အသက်ရှင်ဖို့က ​ကြီးမားသောပြဿနာမဟုတ်ချေ။ ဒါ​ကြောင့် ထိုအကြောင်းစိတ်ပူနေစရာမလိုပေ။

ရှန်းယုဟန်က နောက်ဆုံးအကြိမ် သူဆေးရုံတက်စဥ်က သူ့ဆီသွားကာ နေ့တိုင်းအဖော်ပြုပေးခဲ့ပြီး ယခုအခါ မုန့်တွေယူဆောင်လာပေးခဲ့သည်။ ရှန်ထျန်းဖုန်းက သူ့ကိုမြင်သောအခါ စိတ်ကြည်လင်သွားခဲ့သည်။


သူက အရင်မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဗိုက်ဆာနေပြီလား၊ မင်းဗိုက်ဆာရင် ခေါက်ဆွဲအရင်စားနှင့်လိုက်၊ စားဖိုမှူးရဲ့ လက်လှိမ့်ခေါက်ဆွဲက မဆိုးဘူး။”

ဤအချက်ကို ရှန်ချီဟွမ်းက မှတ်မိသွားသည်။ “အဲ့ဒါကတကယ်ကောင်းတယ်။ မင်းနေ့လည်ကလည်း နေ့လည်စာမစားခဲ့ရဘူး။ နည်းနည်းလောက် စားထားနှင့်မလား?”


တကယ်တော့ သူ့ရင်ထဲမှာပြောချင်တာက ထိုလူအုပ်စုက အတော်လေးရွံစရာကောင်းတာကိုကြည့်ကာ ညဆိုရင် နည်းနည်းလေးတောင် စားနိုင်မှာမဟုတ်ဟူ၍ပင်။


ရှန်းယုဟန်က ပြောလိုက်သည်။ “အတူစားကြမယ်လေ၊ ကျွန်တော်နဲ့ နည်းနည်းလောက် အတူစားပေး”


ရှန်ချီဟွမ်းက မငြင်းပေ။ ရှန်ထျန်းဖုန်းက ရှန်းယုဟန်နှင့်အတူ ခေါက်ဆွဲစားချင်နေပြီး အဓိကအားဖြင့် သူလည်း ဗိုက်ဆာနေလို့ပင်။


သူတို့က ထမင်းစားပွဲရှိ စားပွဲဝိုင်းကို မသွားခဲ့ပဲ အပန်းဖြေဧရိယာမှာ စားပွဲအသေးတစ်လုံးကိုထားကာ သူတို့သုံးယောက်က ထိုင်စားလိုက်ကြသည်။


ခေါက်ဆွဲပန်းကန်ကိုချပေးပြီးသည်နှင့် ရှန်းယုဟန်က စတင်စားသောက်နေပြီး ရှန်ချီဟွမ်းကလည်း တစ်မျှင်ချင်း ကောက်နေရသည်။ ဘယ်ဘက်လက်က ဒဏ်ရာရထားပြီး ညာဘက်လက်က လှုပ်ရှားနိုင်ပေမယ့် သူ့ဇနီးကိုစချင်လို့ မစားနိုင်သလို ဟန်ဆောင်နေတာဖြစ်သည်။ သို့သော် ရှန်းယုဟန်က သူ့လှည်ကွက်ကိုသိပြီး အပြင်မှာရှိနေ၍ ကိုယ့်ဘာကိုယ်စားဖို့ တိုက်တွန်းခဲ့သည်။ 

သူတို့သုံးယောက်က ရိုးရှင်းသော ကြက်သားခေါက်ဆွဲစွပ်ပြုတ်ကိုစားပြီးနောက် ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “မင်းကျန်းမာရေးကဘယ်လိုလဲ? မင်းလက်က ဘယ်တော့ပြန်ကောင်းမှာလဲ?”

ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို ဤကဲ့သို့ အေးအေးဆေးဆေး စကားပြောဆိုသည်မှာရှား၏။ “မကြာခင်ကောင်းလာမှာပါ။ ကျောက်ပတ်တီးဖြည်ပြီး ရက်အနည်းငယ်ကြာမှ ပြန်ကောင်းလာမယ်ထင်တယ်။” 


“ခင်ဗျားအဆင်ပြေရဲ့လား?” ရှန်ချီဟွမ်းက ကိုရိုးကားယားနိုင်စွာမေးလိုက်သည်။ သားအဖနှစ်ယောက်ထိုင်ပြီး အေးဆေးဆေးဆေး စကား​ပြောနိုင်ဖို့က ရှားရှားပါးပါးပင်။


ရှန်ထျန်းဖုန်းမှာ ပြောစရာမရှိပေ။ “မဆိုးပါဘူး။ တရုတ်နှစ်သစ်ကူးမတိုင်ခင် ခွဲစိတ်ရမယ်ထင်တယ်။ ငါ ဆရာဝန်နဲ့ ဆွေးနွေးပြီးပြီ။”


“အင်း၊ တစ်ခါခွဲစိတ်ရုံနဲ့ လုံလောက်တယ်မလား?”


“အခြေအနေပေါ်မူတည်တယ်။ ရောဂါပြန်ဖြစ်ရင် ဒုတိယ တတိယခွဲစိတ်မှုလုပ်ဖို့လိုအပ်တယ်။”

ရှန်ချီဟွမ်းနှင့် ရှန်ထျန်းဖုန်းက စကားစမြည်ပြောနေကြပြီး အဓိပ္ပါယ်မဲ့ငြင်းခုံမှုများမရှိသဖြင့် အလွန်လိုက်လျောညီထွေဖြစ်နေ၏။


ထိုစဥ် ရှန်းယုဟန်က ဤလက်ဖက်ရည်ခန်းကို လည်ပတ်နေပြီး နေရာက သူသဘောကျသော တရုတ်ဒီဇိုင်းဖြစ်ပြီး သူတို့စကားပြောနေစဥ် သူက ဒီမှာ လျှောက်ပတ်နေသည်။ မင်းဆက်အကန့်အသတ်ကြောင့် သူက ရှေးဟောင်းပစ္စည်းများနဲ့ပတ်သတ်ပြီး ဗဟုသုတသိပ်မရှိပေမယ့် သူက လက်ရေးလှနှင့်ပန်းချီကို အတွင်းကျကျလေ့လာပြီး လက်တလောမှာ အများကြီးသင်ယူနေတာကြောင့် သူက တခြားသူများ၏ လက်ရေးလှအရည်အသွေးကို သိမြင်နိုင်သည်။



ရှန်းယုဟန် ကြည့်ရှုပြီးပြန်လာတော့ ရှန်ထျန်းဖုန်းက သူ့ကိုမေးခဲ့သည်။ “မင်းက ဘယ်လိုလက်ရေးလှနဲ့ ပန်းချီမျိုးကိုကြိုက်တာလဲ? မင်းကြိုက်ရင် ယူသွားပါ။”




ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယူလို့ရလား?”



ရှန်ချီဟွမ်းက အားပေးလိုက်သည်။ သူက ရှန်းယုဟန်၏ သတိထားနေသော အပြုအမူက ကြေကွဲစရာကောင်းတယ်လို့ တွေးနေသည်။ “မင်းကြိုက်ရင် ယူလို့ရတယ်။ ဘာမှမဖြစ်ဘူး”


ရှန်ထျန်းဖုန်းက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကိုကြည့်ပြီး ပြုံးမိသွားသည်။ “နောက်ဆုံးအကြိမ် ငါကြားခဲ့တာက မင်းက အိမ်မှာ ပန်းစိုက်နေတုန်းပဲဆို?”

ရှန်းယုဟန်က ပြောလိုက်သည်။ “ဟုတ်၊ ကျွန်တော်အိမ်မှာပဲရှိနေတော့ ဂရုစိုက်ပေးနေတာပါ။”


ရှန်ထျန်းဖုန်းက ရှန်းယုဟန်ကို ပိုကြည်မိလေ သူ့မျက်လုံးများက သဘောကျလေဖြစ်သည်။ “ငါ အရင်ရက်အနည်းငယ်က လူတစ်ယောက်စိုက်ပျိုးထားတဲ့ ပျိုနီပန်းပင်ကိုရခဲ့တယ်။ သူက နှစ်ငါးဆယ်တောင် စိုက်ပျိုးထားတာ၊ မင်းကြိုက်ရင် မင်းစိုက်ပျိုးနိုင်အောင် လူတစ်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်။”



သူရှန်အိမ်တော်ကိုရောက်တော့ သူက စားသောက်ပြီး တချို့ပစ္စည်းများကိုယူသွားပေမယ့် ရှန်းယုဟန်က ပွင့်လင်းပြီး လူကြီးပေးသော လက်ဆောင်ကို မငြင်းသင့်တာကြောင့် သူက ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။ “ကျေးဇူးပါ အဖေ။ ဒါဆို ကျွန်တော်လက်ခံပါ့မယ်။”


ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း၏ ရှန်းယုဟန်အပေါ် ရက်ရောမှုကို အံ့အားသင့်နေသည်။ နှစ်ငါးဆယ်စိုက်ပျိုးထားသော ပျိုနီပန်း၏ စျေးနှုန်းကမနည်းပေ။ အနည်းဆုံး ဂဏန်းခြောက်လုံးခုနှစ်လုံးလောက်ရှိမည်။ ၎င်းက ပန်းဥယာဥ်၏ ပျိုနီဘုရင်တောင် ဖြစ်နိုင်သည်။ အရေးကြီးဆုံးက စျေးနှုန်းမဟုတ်ပဲ ရှားပါးမှုဖြစ်သည်။ သူက ရှန်ထျန်းဖုန်းမှာ ဝါသနာအများကြီးရှိပြီး ပန်းပျိုးတာက သူ့ဝါသနာတစ်ခုဆိုတာကိုသိသည်။


သူက ရှန်းယုဟန်ကို တကယ်သဘောကျတာလား?


သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းနှင့် အကြာကြီးမနေခဲ့ပေ။ အိမ်တော်ထိန်းက ဒုတိယမဒမ် ဒီကိုလာနေတယ်လို့ လာပြောခဲ့သည်။


ရှန်ချီဟွမ်းက ဒုတိယမဒမ်ကို မတွေ့ချင်တာကြောင့် သူက ရှန်းယုဟန်ကို သူ့အခန်းထဲခေါ်သွားခဲ့သည်။ ရှန်ထျန်းဖုန်းက ဘာမှမပြောပဲ သူတို့ကိုလက်ယမ်းပြကာ ပျိုနီပန်းပင်ကို ထုပ်ပိုးပြီး ရှန်ချီဟွမ်းဆီပို့ပေးဖို့ အိမ်တော်ထိန်းကို​ပြောခဲ့သည်။


အိမ်တော်ထိန်းက ရှန်ချီဟွမ်းထက် အံ့သြနေခဲ့သည်။ “သခင်ကြီးဘာလုပ်နေတာလဲ?” သေပြီးရင် ဘာလုပ်မလဲ စီစဥ်နေတာလား


ရှန်ထျန်းဖုန်းက ပြုံးပြလိုက်သည်။ “ငါ ဒီကလေးယုဟန်ကိုဘဘောကျလို့… သူက အပင်ကို ကောင်းကောင်းဂရုစိုက်နိုင်တယ်လို့ ကြားခဲ့တယ်။ ငါ့မှာ အပင်တွေအများကြီးရှိနေလို့ သူ့ကိုတစ်ပင်ပေးလိုက်တာက အထွေအထူးမဟုတ်ပါဘူး။”


အိမ်တော်ထိန်း: “ပန်းချီကရော?”


ရှန်ထျန်းဖုန်း: “သူက လက်ရေးလှနဲ့ပန်းချီမှာမတော်လို့လား? ငါ့ရဲ့ ဘယ်သားသမီးက အနုပညာဝါသနာပါလို့လဲ? သူ့ကိုလက်ဆောင်ပေးလိုက်တာ ဘာမှမဖြစ်ဘူး။ သူနဲ့ရှန်ချီဟွမ်းရဲ့ဆက်ဆံရေးက လူတွေကို လှည့်ဖြားလို့မရဘူး”


အိမ်တော်ထိန်းက အဲ့ဒါမှန်တယ်လို့ သဘောတူလိုက်သည်။ သူတို့ကိုခွဲလို့မရပေ။


ထိုအချိန်မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူနေခဲ့ဖူးသည့်အခန်းကို ခေါ်သွားခဲ့သည်။ ယင်းမှာ အရင်ကအတိုင်း မပြောင်းမလဲတည်ရှိကာ သန့်ရှင်းသပ်ရပ်နေသည်။ ထိုသည်မှာ သူအမှီအခိုကင်းသွားသည့်နောက်ပိုင်း ဤနေရာကို ပြန်မလာတော့တာဖြစ်၏။




ဤနေရာ၏ပုံသဏ္ဍန်မှာ ငယ်ရွယ်နုပျိုမှုကို ခံစားရစေပြီး ရှန်းယုဟန်က သူ့ခင်ပွန်း၏အတိတ်ကို ဖြည်းဖြည်းချင်း နားလည်လာသည်။ 


ရှန်ချီဟွမ်းက သူ့ကိုပတ်ကြည့်ဖို့ပြောပြီး ရှန်းယုဟန်က လှည့်ပတ်ကာ လိုက်ထိကြည့်သည်။ အခန်းက နှစ်ပိုင်းခွဲထားပြီး တစ်ပိုင်းက သူ့စာဖတ်သောနေရာဖြစ်ကာ နောက်တစ်ပိုင်းက သူအနားယူသောနေရာဖြစ်သည်။


စာအုပ်စင်ပေါ်မှာ ရှန်းယုဟန် တစ်ခါမှမဖတ်ဖူးသော ဂန္ဓဝင်အနုပညာစာပေများရှိသဖြင့် သူက ရှန်ချီဟွမ်းကို ထုပ်ပိုးပြီး ယူသွားလို့ရလားမေးလိုက်သည်။



ရှန်ချီဟွမ်းက ရတယ်လို့ပြောပြီး ဒီနေ့မှာ အိမ်ပြန်သယ်စရာတွေ အများကြီးရှိခဲ့သည်။



ရှန်းယုဟန်က စာအုပ်စင်အလယ်မှာ ဓာတ်ပုံအယ်လ်ဘမ်အထူများကိုလည်း တွေ့ခဲ့ရသည်။


သူက ဓာတ်ပုံအယ်လ်ဘမ်ကို အရင်ကတစ်ခါမှမမြင်ဖူးပေ။

သူခေတ်သစ်ကမ္ဘာကိုရောက်လာကတည်းက မြင်ခဲ့ရသည်မှာ ဖုန်းထဲကဓာတ်ပုံအယ်လ်ဘမ်များသာဖြစ်ပြီး ဤသည်မှာ ပထမဆုံးအကြိမ် ထိတွေ့လို့ရသော ဓာတ်ပုံအယ်လ်ဘမ်ကို မြင်ဖူးတာဖြစ်သည်။


ရှန်းယုဟန်က သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ “ယောကျာ်း၊ ဒါဘာလဲ?”


ရှန်ချီဟွမ်းက သူညွှန်ပြတာကိုကြည့်ကာ ပြောလိုက်သည်။ “ဓာတ်ပုံအယ်လ်ဘမ်တွေ… မူကြိုကနေ ကောလိပ်အထိ အဲ့ထဲမှာရှိတယ်။”


ရှန်းယုဟန်က စာရွက်များကိုလှန်ကြည့်ရင်း ရှန်ချီဟွမ်း၏ ငယ်ရွယ်နုပျိုသောမျက်နှာကို တွေ့ခဲ့ရပြီး သူက အထက်တန်းကျောင်းယူနီဖောင်းကို ဝတ်ထားကာ တစ်ဖက်တစ်ချက်စီမှာ ဖက်ထားသောလူနှစ်ယောက်ရှိသည်။ တစ်ယောက်မှာလျှိုထန်ဖြစ်ပြီး နောက်တစ်ယောက်က တင်းချွမ်ဖြစ်သည်။ ရှန်ချီဟွမ်း၏ပုံစံက မပျော်မရွှင်ဖြစ်ပြီး တစ်ယောက်ယောက်ကို ရိုက်ချင်နေကာ လျှိုထန်နှင့် တင်းချွမ်မှာတော့ ​တောက်ပသောမျက်နှာများရှိပြီး သူတို့ဆက်ဆံရေးက အလွန်ကောင်းတာကို ပြပေးနေသည်။


ရှန်းယုဟန်က ပြောလိုက်သည်။ “ဒါဆို ပြန်ရင်ယူသွားဖို့ ရွှေ့လိုက်မယ်။”

ရှန်ချီဟွမ်းက ကြမ်းပြင်ပေါ်က စာအုပ်အပုံလိုက်ကိုကြည့်ကာ အချိန်အတော်ကြာအာစေးမိနေသည်။ “ဟုတ်ပါပြီ။” မသိတဲ့သူဆိုရင် မင်းပါရွေ့နေပြီလို့ ထင်သွားလိမ့်မယ်။



အခန်းထဲမှာ နာရီဝက်နေပြီးတော့ ရှန်းယုဟန်က သူထုပ်ပိုးပြီး ပြန်ယူသွားချင်သည့် စာအုပ်အပုံကို တောင်းရမ်းလိုက်သည်။


များမကြာမီ ရှန်မိသားစု ညစာစားချိန်ဖြစ်၍ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ထမင်းစားခန်းကိုသွားခဲ့သည်။


သူတို့ထွက်လာတော့ သူတို့က အားလုံး၏အာရုံစူးစိုက်မှုဗဟို ချက်ချင်းဖြစ်လာသည်။ ဒီနေ့မှာ ပင်မအိမ်တော်၏ ညီအစ်ကိုမောင်နှမများအပါအဝင် လူအများကြီးရှိနေပြီး ရှန်ချီဟွမ်း၏ မိခင်ကလွဲရင် အားလုံးရောက်လာကြပြီး သူတို့က မိသားစုကိုခွဲဖို့ ပြောနေကြပုံရသည်။



ဒုတိယမဒမ်၏ပါးစပ်က ဘယ်သောအခါမှပိတ်မထားသလို သူမက တခြားသူများနှင့် အမြဲငြင်းခုံနေပြီး အထူးသဖြင့် ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းတို့ကို ရန်စလေ့ရှိသည်။ 


“ဟေး…ချီဟွမ်း.. မင်းဘာလို့သေချာဂရုမစိုက်တာလဲ၊ မင်းလက်ဘယ်တော့ပြန်ကောင်းမှာလဲ?” ဒုတိယမဒမ်က တခြားသူများ၏ကံဆိုးမှုကို ကျေနပ်အားရနေပုံပင်။ “အခုကစပြီး ခရီးဝေးထွက်ရင် သေချာဂရုစိုက်တာကောင်းမယ်။”


ရှန်ချီဟွမ်း ပါးစပ်မဖွင့်နိုင်ခင်မှာ ရှန်းယုဟန်က ဖြေလိုက်သည်။ “ဒုတိယမဒမ်…..ခင်ဗျားရဲ့စကားအရ ခင်ဗျားက အခြေအနေအတိအကျကို ကောင်းကောင်းသိထားပုံပဲ။”

ဒုတိယမဒမ်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ “မင်းဘာတွေပြောနေတာလဲ၊ ငါကဘယ်လိုလုပ်သိမှာလဲ။”



ကြည့်ရတာ သူမကို ပါးစပ်ပိတ်အောင် လုပ်နိုင်သော တစ်ဦးတည်းသူက ​ရှန်းယုဟန်ဖြစ်ပုံပဲ။

.


ရှန်ထျန်းဖုန်းက သူတို့တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ခါနီးမှာ ထွက်လာခဲ့ပြီး လူတိုင်းက အလှည့်ကျနေရာယူလိုက်ကြသည်။


ဒုတိယ၊တတိယနှင့် စတုတ္တအိမ်တော်များ၏ ကလေးများက သူတို့၏ အာရုံစူးစိုက်မှုနှင့် ရှန်ထျန်းဖုန်း၏ ကျန်းမာရေးအခြေအနေကို စိတ်ပူ​ကြောင်း စတင်ပြသလာပြီး အိမ်တော်များစွာ၏ မဒမ်များကလည်း သိက္ခာရှိသော အပြုအမူကို ပြနေကြသည်။


ညစာစားပြီး​နောက် ရှန်းယုဟန်​က သန့်စင်ခန်းကို တစ်ယောက်တည်းသွားခဲ့သည်။


သူထွက်လာတော့ ဆေးလိပ်သောက်ပြီး ပြန်လာသော ရှန်ချီပိုင်ကိုတွေ့လိုက်ရသည်။


ရှန်းယုဟန်က ရှန်ချီပိုင်ကို စကားအများကြီးမပြောဖူးပေမယ့် ဒီလူက သူ့ကို ထူးဆန်းသောမျက်လုံးနှင့် အမြဲကြည့်တာကို သတိထားမိသည်။


ကော်ရီဒါမှာ ဘယ်သူမှမရှိပေ။ ရှန်းယုဟန်က ရှန်ချီပိုင်ကို ကျော်သွားပြီး ဧည့်ခန်းထဲဝင်ချင်ပေမယ့် ရှန်ချီပိုင်က ရုတ်တရက် ဘေးသို့စောင်းကာ သူ့လမ်းကိုပိတ်ဖို့ လက်ဆန့်ထုတ်လိုက်သည်။


“ရှန်းယုဟန်၊ မင်းက ငါ့အမေနဲ့ ထပ်ခါထပ်ခါ ငြင်းခုံနေတော့တာပဲ။ မင်းကတစ်ခုခုပဲ။ ရှန်ချီဟွမ်း မင်းကိုစွဲလမ်းလာဖို့ ဘယ်လိုနည်းလမ်းတွေကို သုံးခဲ့ရလဲ?”


“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ” ရှန်းယုဟန်က သူ့ကိုအာရုံမစိုက်ချင်ပေ။

သူက ရှန်ချီပိုင်အနားက ရွှေ့ဖို့ကြိုးစားပေမယ့် ရှန်ချီပိုင်က သူ့အနားကပ်လာပြီး အစားအစာအနံ့ကိုခံနေသလို ယစ်မူးနေသော အမူအရာကိုလုပ်ပြနေသည်။

ရှန်ချီပိုင်က လျှာသပ်ကာပြောလိုက်သည်။ “တကယ်ကိုအရသာရှိမယ့်ပုံပဲ။”


ရှန်းယုဟန်၏မျက်နှာက ဖြူဖျော့သွားပြီး သူက ရှန်ချီပိုင် ဒီလောက်ရွံစရာကောင်းမယ်လို့ မမျှော်လင့်ထားပေ။ သူက ခြေနှစ်လှမ်းဆုတ်ပြီး ပြောလိုက်သည်။ “ငါ့ရှေ့ကမဖယ်ရင် ယဥ်ကျေးနေတော့မှာမဟုတ်ဘူး!”


ရှန်ချီပိုင်က သူပါးကိုဆွဲဖို့ လက်လှမ်းလာသည်။ “ငါပြောမယ်၊ ဒီနေရာမှာ စောင့်ကြည်နေတဲ့သူမရှိဘူး။ မင်းကိုနမ်းခွင့်ပေးရင် ငါမင်းကိုသွားခွင့်ပေးမယ်”

သို့သော် ရှန်ချီပိုင်က နောက်ဆုတ်သွားသော ရှန်းယုဟန်ကို မထိနိုင်ခဲ့ပေ။ ထိုအရာက သူ့ကို စိတ်လှုပ်ရှားပြီး ပိုတက်ကြွစေခဲ့သည်။


ရှန်ချီပိုင်၏မျက်လုံးများက အနည်းငယ်မှိန်းမောကာ စိတ်လှုပ်ရှားနေပြီး သူ့ခြေထောက်က လမ်းလျှောက်နေစဥ် လှုပ်ခါနေကာ သူက ရှန်းယုဟန်ကို တဏှာမျက်လုံးနဲ့ကြည့်နေသည်။ “ဘာလို့ပုန်းနေတာလဲ? အပျက်မလေး.. ရှန်ချီယွင်နဲ့ ကလူပြီးတော့ ရှန်ချီဟွမ်းရဲ့အိပ်ရာပေါ်ရောက်သွားတယ်။ ငါကတော့ မင်းကိုထိလို့မရဘူးတဲ့လား?”


ဤရှန်းယုဟန်က ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သည်။ သူက သူအပြင်မှာသိခဲ့သော မိန်းမများထက် ပိုလှပြီး ရင်ဘတ်ပြားနေတာတောင် သူ့အကြိုက်ဖြစ်နေဆဲပင်။


ထိုအချိန်မှာ ရှန်းယုဟန်က ဒေါသထွက်လွန်းတာကြောင့် သူ့မျက်နှာက ပြာနှမ်းနေပြီး ရှန်ချီပိုင်က သူ့ကိုထိဖို့လုပ်တော့ သူက သူ့ဘေးက စင်ပေါ်ရှိပန်းအိုးကို ဆွဲယူကာ ရှန်ချီပိုင်၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။