Chapter 58.1
“အာမခံဝယ်ရမယ်”
ပန်းအိုးက ရှန်းယုဟန်၏ရိုက်ချက်ကြောင့် ကြမ်းပြင်မှာပွစာကျဲနေပြီး သူက ရှန်ချီပိုင် အော်ပြီး ခေါင်းကိုအုပ်ကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်တာကို ကြည့်နေသည်။ သူက သူ့လက်ထဲက ပန်းအိုးထိပ်ကို ကြောက်လန့်တကြားပစ်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသော ရှန်ချီပိုင်အနားကို လျှောက်သွားကာ ဧည့်ခန်းထဲကိုပြေးသွားခဲ့သည်။
တစ်နေ့မှာ သူ တစ်ယောက်ယောက်ကို ရိုက်မိမယ်လို့ မထင်ထားခဲ့ပေမယ့် သူက အရမ်းကြောက်နေပြီး မရည်ရွယ်ခဲ့ပေ။
သန့်စင်ခန်းနှင့် ဧည့်ခန်းကြားမှာ အကွာအဝေးရှိပြီး သူတို့ကြားမှာ အကွေ့နှစ်ခုနှင့် နံရံနှစ်ခုရှိသည်။ ဧည့်ခန်းထဲမှာထိုင်နေသော လူတွေက ပန်းအိုးကျကွဲသံကို မကြားခဲ့ရပေ။
ရှန်းယုဟန်က ဧည့်ခန်းထဲကို ထိတ်လန့်တကြား ပြေးသွားပြီး သူက ကိစ္စကိုပိိုဆိုးအောင်မလုပ်ချင်ပေ။ သူက ပန်းအိုးနဲ့ရိုက်ခဲ့သော လူဆိုတာ ငြင်းလို့မရသောအချက်ဖြစ်ပေမယ့် သူ့ခင်ပွန်းကို ဒုက္ခပေးမိသလိုဖြစ်မှာစိုး၍ သူက တွေးလေလေ မသက်မသာဖြစ်လာလေပင်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်ချီယွမ်နှင့် စကားပြောနေပြီး သူလှည့်လိုက်တော့ ရှန်းယုဟန်က ဖြူဖျော့သောမျက်နှာဖြင့် သူ့ဆီပြေးလာနေတာကို တွေ့လိုက်ရသည်။ ရှန်ချီဟွမ်းက မသိစိတ်က ထရပ်ကာ သူ့ဆီပြေးလာသော ရှန်းယုဟန်ကို ပွေ့ဖက်လိုက်သည်။
ရှန်းယုဟန်က အားကိုးလို့ရသော လက်မောင်းကိုတွေ့သွားပြီး တုန်ယင်သောအသံဖြင့် ချက်ချင်းပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် သူ့ကိုရိုက်လိုက်မိတယ်။ သူက ကျွန်တော့်ကိုအနိုင့်ကျင့်ချင်နေတာ၊ ကျွန်တော်မရည်ရွယ်ခဲ့ဘူး။”
“ဘယ်သူကအနိုင်ကျင့်တာလဲ?” ရှန်ချီဟွမ်းက ထလိုက်ကာ သူ့လက်ကိုကိုင်လိုက်ပြီး ရှန်းယုဟန်၏ ထိန်းချုပ်ထားသော မျက်ရည်များက သူ့မျက်လုံးထဲက လှိမ့်ဆင်းလာသည်။
“အဲ့ဒါက ရှန်ချီပိုင်” ရှန်းယုဟန်က သူလာသည့်နေရာကို လက်ညိုးထိုးပြိလိုက်သည်။ “သန့်စင်ခန်းညာဘက်မှာ သူရှိနေတယ်၊ သူက ကျွန်တော့်ကိုအနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်။ သူ့ပါးစပ်က ညစ်ညမ်းစကားတွေထွက်လာလို့ ကျွန်တော်သူ့ကိုရိုက်ပစ်ခဲ့တယ်။”
ရှန်ချီဟွမ်းက သူ့ကျောကိုပုတ်ပေးလိုက်သည်။ “မကြောက်နဲ့။” သူက ရှန်ချီယွမ်ကိုကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး… ဘာတွေဖြစ်နေတာလဲ ကူပြီး စစ်ဆေးပေးပါဦး။”
ရှန်ချီယွမ်က ခေါင်းညိတ်လိုက်ပြီး ရှန်ချီဟွမ်း၏မျက်လုံးမှ အရိပ်အမြွက်ကိုသိပြီးနောက် သူက ရှန်ချီရှင်းနှင့်အတူ ရှန်းယုဟန် ညွှန်ပြသော လမ်းကြောင်းကိုသွားခဲ့၏။
အခန်းထဲမှာထိုင်နေသူများက ခဏလောက် တိတ်ဆိတ်သွားသည်။ သူတို့အားလုံးကြားခဲ့ရ၏။
အရယ်မရပ်သော ဒုတိယမဒမ်က ထိုစကားကြားတော့ သူမမျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး သူမက ကျယ်လောင်စွာအော်လိုက်သည်။ “ရှန်းယုဟန်! ငါ့သားတစ်ခုခုဖြစ်ရင် ငါမင်းကိုသူနဲ့အတူ မြှုပ်နှံပေးလိုက်မှာ!” ထို့နောက် သူက ရှန်ချီယွမ်အနောက်ကို ပြေးလိုက်သွား၏။
ရှန်ချီဟွမ်းက တုန်ယင်နေသော ရှန်းယုဟန်ကို လက်တစ်ဖက်တည်းဖြင့် ဖက်ထားပြီး သူ့ကိုတိုးတိုးလေးမေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲပြောဦး?”
ရှန်းယုဟန်က သန့်စင်ခန်းထဲက သူတို့တွေ့ဆုံမှုကို အကျဥ်းချုံးပြောပြကာ ရှန်ချီပိုင်၏ ရွံစရာစကားများကို ငိုရင်းပြောပြနေခဲ့သည်။ ထိုညစ်ညမ်းစကားများက သူနဲ့ကလူဖို့ဖြစ်ပြီး သူကိိုထိဖို့ကြိုးစားနေတာကြောင့် ရှန်းယုဟန်က သူ့ကိုရှောင်ဖို့ ပန်းအိုးနဲ့ စိတ်ပျက်လက်ပျက် ရိုက်ပစ်လိုက်တာပင်။
ရှန်ချီဟွမ်းက သူ့ပခုံးကို ဆက်ပုတ်ပေးနေသည်။ “ကိုယ်ရှိတယ်၊ အဆင်ပြေပါတယ်၊ သူ့ကိုသင်ခန်းစာပေးသင့်နေတာကြာပြီ။ ဒီလိုလူမျိုးကို ကြောက်စရာမလိုဘူး။”
ခဏအကြာတွင် ရှန်ချီယွမ်နှင့် ရှန်ချီရှင်းက ခေါင်းရိုက်ခံထားရသော ရှန်ချီပိုင်ကို ကူထုတ်ပေးခဲ့ပြီး သူ့နဖူးပေါ်မှာ သွေးတွေရှိနေပေမယ့် အရမ်းမပြင်းထန်ပေ။
ပြင်းထန်တာက သူ့ခြေလှမ်းများက ယိမ်းယိုင်နေပြီး သူ့ပါးစပ်က အဓိပ္ပါယ်မဲ့စကားများနဲ့ပြည့်နေကာ စကားလုံးတိုင်းက ယုတ္တိမရှိပေ။
ရှန်ချီပိုင်က သူ့နဖူးကိုအုပ်ထားပြီး ရွံစရာကောင်းသော စကားလုံးများကို အဆက်မပြတ်ပြောနေခဲ့သည်။
ထိုအချိန်တွင် ရှန်ချီပိုင်၏ပါးစပ်မှ ညစ်ညမ်းစကားများကို ကြားလိုက်ရသော အိမ်တော်ထိန်းက ရှန်းထျန်းဖုန်းကို အကြောင်းကြားခဲ့သည်။
“ငါ့ကိုလွှတ်စမ်း! ရှန်းယုဟန်က သူ့ကိုယ်သူဘာထင်နေတာလဲ၊ သူက ယောကျာ်းမဟုတ် မိန်းမမဟုတ်တဲ့ကောင်ပဲ၊ သူ့ကိုထိမိတာဘာမှားလဲ! သူက ငါ့ကိုရိုက်ရဲတယ်ပေါ့!”
ရှန်ချီယွမ်နှင့် ရှန်ချီရှင်းက သူ့ကိုလွှတ်ပြေးဖို့ ဆုံးဖြတ်လိုက်ပြီး ထိန်းပေးမယ့်သူမရှိသော ရှန်ချီပိုင်က ကြမ်းပြင်ပေါ်ကျွမ်းပြန်မလို ဖြစ်သွားခဲ့ပြီး ဒုတိယမဒမ် သူ့ကိုကူဖို့လာခဲ့တာ ကံကောင်းသွားသည်။
ရှန်ထျန်းဖုန်းက ထိုညစ်ညမ်းသောစကားများကို ကြားလိုက်ရတော့ ရှေ့တိုးလာကာ သူ့ကိုရိုက်လိုက်သည်။ “မင်းလူစကားပြောနေတာလား? ယုဟန်က ငါ့သူငယ်ချင်းရဲ့မြေး၊ ရှန်ချီဟွမ်းအတွက် ငါရွေးပေးထားတဲ့လူ၊ ယောက်ဖတစ်ယောက်အနေနဲ့ မင်းသူ့ကိုလေးစားရမယ့်အစား ဒီလိုရွံစရာကောင်းတဲ့စိတ်ဓာတ်ကိုတောင် ဖော်ပြလိုက်သေးတယ်၊ မင်းလူရောဟုတ်သေးရဲ့လား!”
ရှန်ချီပိုင်က ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသဖြင့် သူက အရှေ့၊ အနောက်၊ တောင်၊ မြောက် မခွဲခြားတတ်တော့ပဲ ဒုတိယမဒမ်က သူ့ဆီပြေးသွားခဲ့သည်။ “ထျန်းဖုန်း၊ ထျန်းဖုန်း… ချီပိုင်က ပုံမှန်ဆိုဒီီလိုမဟုတ်ပါဘူး။ သူက အမြဲတမ်းကောင်းကောင်းနေခဲ့တာပါ။ သူ့ကို နတ်ဆိုးဝိညာဥ်ဝင်ပူးသွားတာဖြစ်မယ်!”
ဒုတိယမဒမ်ဆီမှ ထိုသို့ အဓိပ္ပါယ်မရှိသော စကားများကို ကြားလိုက်ရသောအခါ ရှန်ထျန်းဖုန်းက ဒေါသတကြီးပြောလိုက်သည်။ “ဒါကမင်းသူ့ကို ဆုံးမသွန်သင်တဲ့ပုံစံလား? သူက သုံးဆယ်နီးပါးရှိနေပြီ! ဝိညာဥ်အပူးခံရမှာတဲ့လား? မင်းငါ့ကို ဦးနှောက်ချို့တဲ့နေတယ်ထင်လား၊ ငါအခုထိမသေးသေးဘူး၊ ငါသေရင် သူ့က ကောင်းကင်ဘုံကို တက်မှာလား! ယုဟန်ရဲ့ပန်းအိုစာက မလောက်သေးပုံပဲ။”
“အိမ်တော်ထိန်း… ငါ့ကိုပန်းအိုးဆယ်လုံးယူလာပေး၊ သူ့ကိုသေအောင်ရိုက်နိုင်မလား ကြည့်ကြသေးတာပေါ့! သူ့လိုကောင်မျိုးမွေးထားမယ့်အစား ဝက်သားကင်စားလို့ရအောင် ဝက်မွေးထားတာပဲကောင်းတယ်!”
ဒုတိယမဒမ်က ချက်ချင်းထိတ်လန့်သွားကာ ငိုနေတော့၏။ “မလုပ်ပါနဲ့၊ သူက ပုံမှန်ဆိုဒီလိုမဟုတ်ဘူး ထျန်းဖုန်း.. သူ့ကို ဝိညာဥ်ဝင်ပူးနေတာပါ” တခြားသူများနှင့် စကားများရန်ဖြစ်လေ့ရှိသော ဒုတိယမဒမ်က ယခုအချိန်မှာ ရှုံးသွားခဲ့ပြီး ရှန်ထျန်းဖုန်းက သူမသားကို အရေးမယူဖို့သာ ဆုတောင်းနိုင်သည်။
အိမ်တော်ထိန်းက ရှန်ထျန်းဖုန်း၏နားထဲမှာ တီးတိုးပြောလိုက်သည်။ “သခင်ကြီး၊ သခင်လေး ရှန်ချီပိုင်ရဲ့မျက်လုံးတွေ မူမမှန်ဘူးလို့ထင်တယ်.. သူက..”
ရှန်ထျန်းဖုန်းက သက်ပြင်းတစ်ချက်ချပြီး ရှေ့တိုးကာ ရှန်ချီပိုင်ကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။ “ဆရာဝန်ခေါ်ပြီး သူ့ကိုသွေးစစ်ခိုင်းလိုက်၊ ငါတို့ ရှန်မိသားစုက မိသားစုဓလေ့ကို ပျက်စီးစေမယ့် ဒီလိုအရာမျိုးကို မွေးခဲ့တာပဲ!”
ဒုတိယမဒမ်က ခေါင်းအုပ်ထားသော ရှန်ချီပိုင်ကိုဖက်ထားသည်။ “ဘာသွေးစစ်မှာလဲ? ထျန်းဖုန်း ရှင်ဘာတွေပြောနေတာလဲ?”
ယခုချိန်က စကားပြောဖို့အချိန်ဖြစ်သည်။ ဘယ်သူမှ သူ့ကိုဖြတ်မပြောရဲပဲ ဒုတိယမဒမ်၏ သမီးနှစ်ယောက်က သူတို့ကို ကူညီဖို့ရှေ့တိုးလာပြီး အကြီးဆုံးသမီးက တိုးတိုးလေးပြောလိုက်သည်။ “အမေ၊ အဖေက စိတ်ဆိုးနေလို့ပါ၊ ဆရာဝန်ခေါ်ပြီး ပတ်တီးစည်းပေးလိုက်ရအောင်။”
ဒုတိယမဒမ်က ဘယ်လိုလုပ်မသိပဲနေမှာလဲ…. ဘယ်လိုသွေးစစ်တာမျိုးလဲ?
သူမက ထိတ်လန့်နေတာကြောင့် သူမမျက်နှာက ဖြူဖျော့နေပြီး သူမသားက ကာမဂုဏ်မှာ မွေ့လျော်နေပေမယ့် အဲ့လိုညစ်ပတ်တဲ့အရာတွေနဲ့ ဘယ်တော့မှ မပတ်သတ်ဘူးဆိုတာ သူမသိတယ်!
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!
ဒုတိယမဒမ်က ရုန်းကန်ကာပြောလိုက်သည်။ “ရှင်သွေးစစ်လို့မရဘူး။ ရှန်ချီပိုင်က ဒဏ်ရာသေးသေးလေးပဲရထားတာ၊ ဘာသွေးကိုစစ်မှာလဲ!”
ရှန်ထျန်းဖုန်းက ဒုတိယမဒမ်ကိုကြည့်ကာ သူ့အကြည့်က တင်းမာနေသည်။ “မင်းသွန်သင်ထားတဲ့ သားကောင်းပဲ! သူ့ကိုစစ်ဆေးခွင့်မပေးလေ သူအပြစ်ပိုကြီးလေပဲ! စစ်ရမယ်!”
မိသားစုညစာစားနေစဥ် ဒီလိုကြုံခဲ့ရပြီး ရှန်ထျန်းဖုန်းက ရှန်ချီပိုင်ကြောင့် လုံးလုံးအရှက်ကွဲခဲ့ရပြီး ရှန်ချီပိုင်က ရှန်းယုဟန်ကို နှုတ်နဲ့စော်ကားလိုက်ခြင်းက သူ့မျက်နှာကို ကြမ်းပြင်ပေါ်ဖိနင်းထားသလိုပင်။ အိုမင်းနေသော သူ့မျက်နှာကို ဘယ်နားထားရမလဲတောင် မသိတော့ချေ။
ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းနဲ့ ရှန်းယုဟန်ကိုကြည့်ကာ ပြောလိုက်သည်။ “မင်းတို့အရင်ပြန်နှင့်၊ ငါ မင်းတို့ကိုရှင်းပေးမယ်။”
ရှန်ချီဟွမ်းက ရှန်ချီပိုင်ကို သေလူတစ်ယောက်ကိုကြည့်သော မျက်လုံးဖြင့် ကြည့်နေခဲ့သည်။ သူက သူ့ရှေ့မှာ သူ့ဇနီးကို အနိုင်ကျင့်ရဲသေးတယ်၊ ဘယ်လိုအကြောင်းပြချက်ဖြစ်ဖြစ်… သူရှန်ချီပိုင်ကို အလွတ်ပေးမှာမဟုတ်ဘူး….
ရှန်ချီယွမ်က သူ့ညီ၏ပခုံးကို ပုတ်လိုက်သည်။ “ငါဒီညဒီမှာနေမှာ။ နက်ဖြန် နောက်ဆက်တွဲကို ပြန်ပြောပြမယ်.. ယုဟန်က အရမ်းလန့်နေတယ်။ မင်းတို့အိမ်ပြန်ပြီး အနားယူကြတော့”
ရှန်ချီဟွမ်းက အေးစက်စက်ပြောလိုက်သည်။ “ကျွန်တော်နားလည်ပါတယ်။ အစ်ကိုကြီး” သူ့လက်သာ ဒဏ်ရာရမနေရင် သူက ရှန်ချီပိုင်ကို ICU အခန်းထဲ တိုက််ရိုက်ပို့လိုက်မှာဖြစ်သည်။ သို့သော် သူက ရှန်းယုဟန်၏ အေးစက်သောလက်ကိုသာ ကိုင်ထားနိုင်ပြီး ရှန်အိမ်တော်က အရင်ထွက်ခွာသွားလိုက်၏။
ယခုဆိုရင် ညီအစ်ကိုများနှင့် ပုံမှန်မိသားစုအငြင်းပွားမှုကြားမှာ ရန်ဖြစ်ရုံတင်မကတော့ပဲ တခြားရှုထောင့်လည်း ပါဝင်ခဲ့သည်။
ရှန်ထျန်းဖုန်းက ထိုကိစ္စကိုသိပြီး သူကိုင်တွယ်မှာဆိုပေမယ့် ဘယ်လိုကိုင်တွယ်ရမလဲမသိပေ။
သူဘယ်လိုဖြေရှင်းပါစေ ရှန်ချီဟွမ်းကတော့ ကျေနပ်မှာမဟုတ်။
ရှန်ချီဟွမ်းက ကိစ္စတွေ ထိုမျှလောက် မရိုးရှင်းတာကိုသိသည်။ ရှန်ချီပိုင်က ဆေးလိပ်သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ နောက်မေးခွန်းတစ်ခုက သူ အဲ့အချိန်က ဘာလို့သောက်ခဲ့တာလဲ? ဒါပေါ့ သူသောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ သူ့ဇနီးနဲ့ပတ်သတ်ပြီး မလျော်ကန်တဲ့ အတွေးတွေရှိမနေသင့်။
အိမ်တော်ထိန်းက သူယူသွားချင်သော စာအုပ်အားလုံးကိုရွှေ့ဖို လူတစ်ယောက်လွှတ်ပေးခဲ့ပြီးနောက် ဒရိုက်ဘာက သူတို့ကိုအိမ်ပြန်ပို့ခဲ့သည်။
အိမ်အပြန်လမ်းမှာ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ပခုံးပေါ်မှီနေပြီး လက်က ခါးကိုဖက်ထားကာ အနည်းငယ်ကြောက်ရွံ့နေသေးသည်။
သူတို့ချီတိုင်းပြည်မှာဖြစ်စေ ခေတ်သစ်လူ့အဖွဲ့အစည်းမှာဖြစ်စေ လူဆိုးတွေပြတ်လတ်နေမှာမဟုတ်ပေ။
ရှန်ချီဟွမ်းက သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားနေပေမယ့် အကျိုးသက်ရောက်မှု နည်းနည်းလေးက သူ့ကိုစိတ်မအေးသွားစေပေ။
အိမ်ပြန်ရောက်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်အား ဝမ်းနည်းနေတာကို သက်သာစေရန် ရေချိုးဖို့ ပြောခဲ့သည်။
သို့သော် သူက ထိုကဲ့သို့ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသော အဖြစ်အပျက်ကို ဘယ်လိုမေ့နိုင်မှာလဲ။ ထို့အပြင် ဤသည်မှာ ရှန်းယုဟန် ပြန်တိုက်ခိုက်ခဲ့သော ပထမဆုံးအကြိမ်ဖြစ်၍ သူ့နှလုံးသားက ရှုပ်ထွေးနေသည်။
ရေချိုးခန်းထဲက ထွက်မလာသေးတာကို မြင်လိုက်ရတော့ ရှန်ချီဟွမ်းက သူ့ကိုစိတ်ပူသွားသဖြင့် သူ့အဝတ်အစားကိုချွတ်ကာ အထဲဝင်သွားခဲ့သည်။ ဤနည်းလမ်းက သူ့ဇနီး၏အာရုံကိုလွှဲပေးဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။
သေချာသည်မှာ သူရေချိုးခန်းထဲဝင်သွားသည်နှင့် ရှန်းယုဟန်၏ မျက်လုံးများက ပြူးကျယ်လာပြီး သူက ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။
သူက မသိစိတ်ဖြင့် ရင်ဘတ်ကိုဖုံးကာ သူ့မျက်နှာက ပန်းရောင်သန်းနေပြီး ရေနွေးငွေ့ကြောင့်လား ဒါမှမဟုတ် သူ့ခင်ပွန်းက ပခုံးကျယ်ပြီး ခါးကျဥ်းကျဥ်းရှိနေတာကို တွေ့လိုက်ရလို့လားတော့ မသိပေ။ “ယောကျာ်း၊ ခင်ဗျားဘာလို့ဝင်လာတာလဲ? ကျွန်တော်…ကျွန်တော် ရေချိုးလို့မပြီးသေးဘူး…”
“မင်းမပြီးသေးတာသိပါတယ်။ ငါလည်းချိုးရဦးမှာဆိုတော့ ဝင်လာလို့မရဘူးလား”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို စိုက်ကြည့်ကာ ရှန်းယုဟန် ရေစိမ်တာကြာရင် ရေချိုးခန်းထဲမှာ မေ့မျောသွားမှာကို ကြောက်နေခဲ့သည်။ သူက ရေပူစမ်းဗီလာမှာ ရေစိမ်ရင်းတောင် မူးလဲသွားခဲ့ဖူးသည်။
သို့သော် ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာ ဒဏ်ရာရထားသဖြင့် ရေမချိုးရတာကြာပြီဖြစ်သည်။
ရှန်ချီဟွမ်း: “ငါရေချိုးချင်တယ်၊ ငါ့အတွက် နေရာတစ်နေရာချန်ပေး။”
ရှန်းယုဟန်က ငြင်းချင်ပေမယ့် သူက နောက်ဆုံးမှာ လက်ခံလိုက်၏။
ရေချိုးကန်က လူနှစ်ယောက်ထိုင်လို့ရအောင်ကျယ်ပြီး ရှန်ချီဟွမ်းက ထိုင်ချပြီး သက်ပြင်းရှူထုတ်လိုက်သည်။ “ရေချိုးရတာပိုအဆင်ပြေသွားပြီ”
ရှန်ချီဟွမ်းက လှည့်ပြီးပြောလိုက်သည်။ “ရှန်းယုဟန်၊ နောက်ကျောကိုပွတ်ပေး။”
မျှော်လင့်ထားသလိုပင် ရှန်းယုဟန်၏အာရုံက ခင်ပွန်းဖြစ်သူကြောင့် လုံးလုံးလျားလျား ဆွဲဆောင်ခံလိုက်ရပြီး ဒီညဖြစ်ခဲ့သော အရှုပ်များကို ထပ်မတွေးတော့ပဲ ရေချိုးသဘက်ကိုယူကာ သူ့ခင်ပွန်း၏နောက်ကျောကို ဂရုတစိုက်ပွတ်ပေးလိုက်သည်။
သူက ခဏပွတ်ပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ယားနေတုန်းလား?”
ရှန်ချီဟွမ်းကပြောလိုက်၏။ “မယားတော့ဘူး။ မင်းကိုရော ပွတ်ပေးစေချင်လား?”
“မလို..မလိုပါဘူး။” ရှန်းယုဟန်က သူ့ကိုမကြည့်ရဲပေ။
“ပွတ်လိုက်တာပိုကောင်းပါတယ်။ ဟိုဘက်လှည့်၊ ငါမင်းကိုမပွတ်ပေးရသေးဘူး။” ရှန်ချီဟွမ်း၏မျက်လုံးများက ကြိုးစားချင်စိတ်အပြည့်ရှိနေသည်။
ရှန်းယုဟန်က ရှက်သွေးဖြာပြီး လှည့်လိုက်သည်။ သူက သူ့ခြေထောက်ကိုကွေးကာ ဒူးကိုဖက်ထားလိုက်ပြီး ရှန်ချီဟွမ်းကို ကျောပေးထားသည်။ သူက သူ့ခင်ပွန်း၏မျက်လုံးထဲက ထူးဆန်းသောအရိပ်အယောင်ကို လုံးဝသတိမထားမိပဲ ရှန်ချီဟွမ်းက ဖြူဖွေးနေသော သူ့နောက်ကျောကိုကြည့်ကာ ဘယ်ကစရမှန်းမသိတော့ပေ။