Chapter 61.2
“အော်ဒါပယ်ဖျက်ခြင်း”
ဒုတိယမဒမ်ရောက်ရှိလာခြင်းက သူ့စိတ်ဓာတ်ကို တကယ်ထိခိုက်စေခဲ့သည်။
ခေတ်သစ်မှာ သူစကားပြောနိုင်သော လူတွေရှိသော်ငြား အဆုံးမှာတော့ သူတို့နဲ့ နှလုံးသားချင်းစကားပြောဖို့ နည်းလမ်းမရှိပေ။ ကိစ္စတော်တော်များများအတွက် သူက သူ့ကိုယ်သူသာအားကိုးရမည်။
ရှန်းယုဟန်က ကုတ်အင်္ကျီကို အလျင်စလိုဝတ်ပြီး အပြင်ထွက်သွားသည်။
သူနဲ့ရှန်ချီဟွမ်း၏အိမ်က နွေးထွေးသော ယာယီကောင်းကင်ဘုံနဲ့တူပေမယ့် တစ်နေ့ကျရင် ပျောက်ကွယ်သွားမှာကို ကြောက်မိသည်။
လတ်လလောမှာ အရာအားလုံးက အဆင်ပြေနေပြီး ဤလက်တွေ့ကျသော ပြဿနာကို မစဥ်းစားခဲ့တာ ကြာခဲ့ပြီဖြစ်၍ ရှန်းယုဟန်၏စိတ်က အရှိန်အဟုန်နဲ့ ကျဆင်းနေသည်။
ကန်နားမှာလမ်းလျှောက်ရမလား…… နယ်မြေအများစုမှာ ရေကန်အတုများရှိပြီး သူက ကြားသာကြားဖူးပေမယ့် တစ်ခါမှမမြင်ဖူးချေ။
ဖုန်းပေါ်က ဝီချက်မက်ဆေ့က မြည်လာပြီး ရှန်းယုဟန်က ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ ယင်းက သူတို့လက်ရေးလှနဲ့ပန်းချီအဖွဲ့ကဖြစ်ပြီး တစ်စုံတစ်ယောက်က ‘ကမ္ဘာပေါ်ကစိတ်ဝင်စားစရာကိစ္စတစ်ရာ'ဟူသော စကာလုံးပါသည့် ဓာတ်ပုံကြီးကိုပို့ခဲသည်။ ထို့နောက် ပထမလူက စကားစပြောခဲ့ပြီး ဒုတိယလူနှင့် တတိယလူက အသီးသီးရောက်လာကာ အဖွဲ့က ဆိတ်ညံမှုကို စွန့်ခွာပြီး တက်ကြွသက်ဝင်လာခဲ့၏။
လူတိုင်းက အလောတကြီး စကားပြောနေစဥ် ဝမ်းယိုက သူနဲ့သူ့ငယ်ချင််းတွေ ခရစ်စမတ်ပါတီကျင်းပမှာမို့ လူတိုင်းကို လာကစားဖို့ ခေါ်ခဲ့သည်။
ဝမ်းယိုကို အရင်အဖြေပေးသူက လျန်ချီဖြစ်ပြီး လျန်ချီက ရှန်းယုဟန်ကို မန်းရှင်းခေါ်ပြီး သူသွားမှာလားလို့မေးခဲ့သည်။
ရှန်းယုဟန်က လောလောဆယ်မှာ ခေတ်သစ်လူသားလို လမ်းလျှောက်နေတာကြောင့် စာပြန်လို့မရသေးပေ။ သူက တခြားသူများကို အသံမက်ဆေ့ပို့တာလည်း ကျင့်သားမရတာကြောင့် ရေကန်အတုကိုရှာပြီးနောက် ရေကန်ဘေးက ခုံတန်းလျားမှာထိုင်ကာ စာပြန်ခဲ့သည်။ သူတို့စကားစမြည်ပြောနေတာကို ကြည့်ခြင်းဖြင့် သူ့စိုးရိမ်မှုကို အများကြီးသက်သာစေသည်။ သူ ခေတ်မီလူငယ်လေးတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံသင့်လား?
သူက ခရစ်စမတ်ဆိုတာကို အရင်ရှာကြည့်ပြီး ဂရုထဲမှာမေးလိုက်သည်။ “မင်းတို့အားလုံးသွားမှာလား?”
ဝမ်းယိုက ရှန်းယုဟန်ကို အရင်ဆုံးဖြေလိုက်ပြီး သူ့ကို နောက်တစ်ကြိမ်ရှင်းပြလိုက်သည်။ “လက်ရှိမှာ လာမယ့်သူငါးယောက်ရှိတယ်။ ခရစ်စမတ်ပါတီက ရိုးရှင်းပါတယ်။ စကားပြောမယ်၊ သီချင်းဆိုမယ်၊ ဂိမ်းကစားမယ်၊ စားမယ်၊ သောက်မယ်။”
လျန်ချီက ဘယ်နေရာမှာလဲမေးတော့ ဝမ်းယိုက သူတို့ဗီလာတစ်ခုငှားထားကြောင်းပြောကာ တည်နေရာကို တိုက်ရိုက်ပို့ပေးခဲ့သည်။
ရှန်းယုဟန်က မြေပုံကြည့်တာကို သင်ယူထားပြီး ဤနေရာက သူနဲ့သိပ်မဝေးသည့်ပုံပင်။
သူမသွားရင် လူမှုရေးမရှိသလို ဖြစ်သွားမလား?
ဝမ်းယိုက ရှန်းယုဟန်ကို မန်းရှင်းခေါ်လိုက်ပြန်သည်: ယုဟန်၊ မင်းလာမှာလား?
ရှန်းယုဟန်က သတိထားပြီးဖြေလိုက်သည်: မသိသေးဘူး။ ငါ ငါ့မိသားစုနဲ့ ဆွေးနွေးဖို့လိုတယ်။
ဝမ်းယိုက နောက်ဆုံးအကြိမ် ရှန်းယုဟန်ကို ခေါ်သွားသော ခန့်ညားသည့်အမျိုးသားကို တွေးမိသွားသည်။: မင်းကအရွယ်ရောက်နေပြီ.. မင်းမိသားစုကို အကုန်ပြောပြစရာမလိုပါဘူး။
လျန်ချီကလည်း အဲ့လိုတွေးမိသည်: ဟုတ်တယ်၊ နင့်အစ်ကိုက အရမ်းစည်းကမ်းကြီးတာပဲ။
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကို တင်းကြပ်ထားတာမဟုတ်ဘူးလို့တွေးကာ တိတ်တဆိတ်ရယ်မောလိုက်၏။ သူ့ကို အစ်ကိုလို့လည်း သတ်မှတ်လို့ရသည်။ သူက တစ်ခါတစ်ရံ အစ်ကိုကြီးတစ်ယောက်လို ချစ်ပေးကာကွယ်ပေးတတ်သည်။ သူနဲ့တစ်နေ့ကျရင် ခွဲရနိုင်သော ဖြစ်နိုင်ချေကိုတွေးမိတော့ သူ့နှလုံးသားက နာကျင်လာသည်။
ရှန်းယုဟန်ကဖြေလိုက်သည်: “ငါစဥ်းစားလိုက်မယ်။
လျန်ချီက ရှန်းယုဟန်၏ ကြီးစိုးနေသောပုံစံကို အရမ်းသဘောကျသည်။ : နင်လာရမယ်နော်၊ နင့်ကိုမတွေ့ရတာကြာပြီ!
ခဏလောက်ထိုင်ပြီးတော့ ရှန်းယုဟန်က နေဝင်ပြီး လေတိုက်လာလို့ သူ့မျက်နှာအေးသွားတာကို ခံစားလိုက်မိသည်။
ဒီနေ့အလုပ်စောစောဆင်းလာသော ရှန်ချီဟွမ်းက သူ့ကိုမတွေလို့ လန့်သွားတာကို သူမသိခဲ့ပေ။
–
ရှန်ချီဟွမ်းက အန်တီဝမ်ကိုမေးလိုက်သည်။ “ရှောင်ဟန်ဘယ်မှာလဲ?”
အန်တီဝမ်က ညစာပြင်ဖို့အလုပ်ရှုပ်နေပြီး သူမက ခေါင်းခါလိုက်သည်။ “သူ ခုနလေးတင် အိမ်ထဲမှာပဲရှိတာ၊ ကျွန်မသတိမထားမိဘူး။ ဖန်လုံအိမ်မှာလားမသိဘူး?”
ပုံမှန်ဆိုရင် ရှန်ချီဟွမ်းက အပေါ်ထပ်မှာ လူမရှာတတ်ပေ။ ရှန်းယုဟန်က ပုံမှန်ဆိုရင် ကားသံကြားတာနဲ့ သူ့ကိုလာကြိုပေမယ့် ဒီနေ့ဘယ်သူ့ကိုမှမတွေ့ခဲ့ရပေ။
သူက ဖန်လုံအိမ်မှာလည်းရှာပြီး ဘယ်သူမှမရှိပေ။ အပြင်မှာလည်း အရမ်းအေးနေတာကို သူဘယ်သွားတာလဲ?
ရှန်ချီဟွမ်းက ဖုန်းတန်းခေါ်လိုက်သည်။ ကံကောင်းစွာပင် ရှန်းယုဟန်က သူ့ဖုန်းကိုကိုင်ခဲ့ပြီး ဖုန်းကောလ်က ချိတ်ဆက်သွားသည်။
ကန်ဘေးမှာ လေစိမ်းတိုက်ခံနေရသော ရှန်းယုဟန်က ဖုန်းကိုင်လိုက်တာနဲ့ နှာချေမိသွားသည်။ “ယောကျာ်း”
“မင်းဘယ်မှာလဲ? ငါအိမ်ပြန်ရောက်လာတော့ မင်းကိုမတွေ့ဘူး” ရှန်ချီဟွမ်းက ပါးစပ်ဖွင့်လိုက်တာနဲ့ စိတ်ပူနေသည်။
ရှန်းယုဟန်က သူ့နှာခေါင်းကို ပွတ်လိုက်သည်။ “နေသာနေလို့ ရေကန်ဘေးမှာ ခဏထိုင်နေတာပါ။”
ရှန်ချီဟွမ်းက ချိတ်မှာချိတ်ထားသော လည်စည်းပုဝါကိုကြည့်ကာပြောလိုက်သည်။ “လည်စည်းပုဝါမဝတ်ထားဘူးလား?”
ရှန်းယုဟန်က သူ့လည်ပင်းကိုထိလိုက်သည်။ “အား..ကျွန်တော်မေ့သွားတယ်” ပုံမှန်ဆိုရင် အပြင်သွားတိုင်း သူ့ခင်ပွန်းက ပတ်ပေးတာဖြစ်ပေမယ့် ယနေ့မှာ သူက မေ့သွားပြီး ဘယ်အချိန်တည်းက သူက သူ့ခင်ပွန်းလုပ်ပေးတာကို နေသားကျနေခဲ့လဲ မသိချေ။
ရှန်ချီဟွမ်းက လည်စည်းပုဝါကို ယူလိုက်သည်။ “မင်းကိုယ်မင်းရော ဘာလို့မမေ့လိုက်တာလဲ၊ ငါ့ကိုတည်နေရာပို့ပေး၊ မင်းကိုလာရှာမယ်။”
“ကျွန်တော်ပြန်တော့မှာ။” ရှန်းယုဟန်က မျက်တောင်တစ်ချက်ခတ်ပြီး သူအတွေးလွန်နေတယ်ဆိုတာကို သိလိုက်သည်။ သူက ဘယ်ကလာခဲ့မှန်းတောင် မမှတ်မိတော့ပဲ လှည့်ပတ်ကြည့်လိုက်တော့ ဗီလာအားလုံးကတူနေပြီး သူလာခဲ့သော လမ်းခွဲကိုတောင် မသိတော့ချေ။ ဒါကြောင့် သူက ချက်ချင်း စကားပြောင်းပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားလာကြိုတာပိုကောင်းမယ်၊ ကျွန်တော်လမ်းပျောက်နေပြီ။”
“အရမ်းတုံးတာပဲ၊ အပြင်ကို တစ်ယောက်တည်း လျှောက်သွားရဲသေးတယ်လား? ရှန်ချီဟွမ်းက သူလဲထားသော ဖိနပ်ကိုပြန်ဝတ်လိုက်သည်။
“ကျွန်တော်မတုံးပါဘူး။ ဉာဏ်ကောင်းပါတယ်။” ရှန်းယုဟန်က မတ်တပ်ရပ်ကာ သူ့လက်နဲ့ခြေကို ဆန့်ပြီး ရေကန်ဘေးမှာ သူ့ခင်ပွန်းကိုစောင့်နေသည်။ သူက သူ့ခင်ပွန်းဖိနပ်ဝတ်ပြီး တံခါးပိတ်ကာ အပြင်ထွက်လာသော အသံကိုကြားခဲ့သည်။
သူ့ခင်ပွန်းက သူ ရှေးခတ်လူသားဖြစ်ပြီး ဖုန်းသုံးနည်း၊ စီရီသုံးနည်းနှင့် အင်တာနက်သုံးနည်းကို လေ့လာထားတာကို သိသွားရင် အံ့အားနေမှာလား… ထိတ်လန့်သွားမှာလား… သူက ကြွားနေတာတော့မဟုတ်ပေမယ့် အတော်လေးဉာဏ်ကောင်းတယ်လို့ထင်၏။
ဤဖြစ်နိုင်ချေကိုတွေးမိသောအခါ ရှန်းယုဟန်က နှာထပ်ချေလိုက်သည်။
“ရှန်းယုဟန်၊ မင်း တစ်ရက်လေးတောင် ဒုက္ခမရောက်လို့ မရဘူးလား?” ရှန်ချီဟွမ်းက လမ်းလျှောက်လာရင်း သူ့ဇနီးကိုဆုံးမနေသည်။ “မင်းအအေးမိရင် အရိုက်ခံရမယ်နော်”
“ကျွန်တော် အအေးမမိလောက်ပါဘူး။” ရှန်းယုဟန်က သူ့နှာခေါင်းအနည်းငယ်ယားယံနေသလို ခံစားလိုက်ရသည်။ “အအေးမိသွားရင်… ယောကျာ်းက တကယ်ရိုက်မှာလား?”
“မင်းဘယ်လိုထင်လဲ? မင်းကိုရိုက်မရိုက် စမ်းကြည့်မလား?” ရှန်ချီဟွမ်းက သူ့ကို ပါးစပ်နဲ့သတိပေးနေသည်။
ရှန်းယုဟန်က ထိုင်ချလိုက်ကာ မြေပြင်ပေါ်က သစ်ကိုင်းကို ကောက်လိုက်ပြီး ကန်ထဲက ရေကိုဆွကာ ရေခဲပုံဆွဲနေသည်။ “ကျွန်တော်အရိုက်မခံချင်သေးဘူး။ ယောကျာ်း…ကျွန်တော်နာမှာကြောက်တယ်။”
ရှန်ချီဟွမ်းက ပြုံးလိုက်သည်။ “ဒါဆို အခြေအနေကိုကြည့်မယ်လေ၊ မင်းဘယ်မှာလဲ၊ ငါဒီမှာ။”
ရှန်းယုဟန်က သူ့လက်ထဲက သစ်ကိုင်းကို ချက်ချင်းလွှင့်ပစ်လိုက်ပြီး ရှန်ချီဟွမ်းလာနေသော လမ်းကြောင်းကို လက်ဝေ့ယမ်းပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ဒီမှာ”
သူရှေ့တိုးလာတာနဲ့ ရှန်ချီဟွမ်းက သူ့လည်ပင်းပေါ်မှာ လည်စည်းပုဝါပတ်ပေးလိုက်သည်။ ရှန်းယုဟန်က သူ့အရှေ့မှာရပ်နေပြီး သူ့ခင်ပွန်းနဲ့အတူရပ်နေတော့ သိပ်မအေးတော့လို့ ခံစားလိုက်ရသည်။ ဤနေရာမှာ တစ်ယောက်တည်းရပ်နေတာက အတော်လေးအေးစက်သည်။
ရှန်ချီဟွမ်းက ရှေ့တိုးကာ သူ့ကိုဖက်လိုက်ပြီး လက်နွေးနွေးကို သူ့မျက်နှာပေါ်တင်လိုက်သည်။ “အရမ်းအေးတယ်။ မင်းဒီမှာဘာလုပ်နေတာလဲ?”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ကုတ်အင်္ကျီအိတ်ကပ်ထဲမှာ သူ့လက်ကိုထည့်လိုက်သည်။ “ကျွန်တော် ရုတ်တရက် နေဝင်တာကို ကြည့်ချင်လာလို့။”
“မင်းအခုပြန်လို့ရပြီ၊ နေမရှိတော့ဘူး။” ရှန်ချီဟွမ်းက ကန်ပေါ်မှာပေါ်နေသည့် ရေခဲကိုကြည့်လိုက်ပြီး ကြည့်ကောင်းတယ်လို့မထင်ပေ။ အကြောင်းမှာ သူ့ဇနီးက အနုပညာပါရမီရှင်ဖြစ်ပြီး သူတွေ့သမျှက ရှုခင်းနှင့် ပန်းချီကားဖြစ်ပေမယ့် သူမြင်တာက ပိုက်ဆံသင်္ကေတသာဖြစ်သည်။
“အွန်း” ရှန်းယုဟန်က ခေါင်းညိတ်ပေမယ့် မလှုပ်ပေ။
“မသွားဘူးလား?” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူတို့နှစ်ယောက်က တစ်နေ့လုံးမတွေ့ရသေးတာကြောင့် သူက အရမ်းကပ်တွယ်ပြီး ကပ်တွယ်လွန်းသော ဝိညာဥ်လေးဝင်စားလာပုံရသည်။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုမှီကာ နွေးသွားသလိုခံစားလိုက်ရပြီး သူက ရှန်ချီဟွမ်းကို လွှတ်ပေးလိုက်ကာ သူ့လက်ကိုကိုင်ထားလိုက်သည်။ ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ကာ အိတ်ကပ်ထဲထည့်လိုက်ပြီး သူတို့နှစ်ယောက်က သူတို့အိမ်ကို လမ်းလျှောက်ပြန်သွားကြသည်။
ရှန်းယုဟန်က သူ့ကို ဒီနေ့လာခြိမ်းခြောက်သော ဒုတိယမဒမ်ကိုတွေးမိသွားသည်။ “ယောကျာ်း၊ ဒီနေ့ဒုတိယမဒမ်က ကျွန်တော့်ဝမ်းကွဲဆိုတဲ့တစ်ယောက်ကို ကျွန်တော်နဲ့တွေ့ဖို့ အိမ်ခေါ်လာခဲ့တယ်။”
“သူမက ရှန်ချီပိုင်ကိစ္စကြောင့်လာတာလား? သူမင်းကို အသနားခံသွားတာလား ခြိမ်းခြောက်သွားတာလား?” သူက ထိုစကားကြားသည်နှင့် ရှန်ချီဟွမ်းက ဒုတိယမဒမ်၏လှည့်ကွက်ကို တွေးမိသွားသည်။ သူမက လှည့်ကွက်မျိုးစုံကိုသိသည်။ ထိုလှည့်ကွက်များကို ဆယ်နှစ်ကျော်ကြည့်ခဲ့ရသဖြင့် သူက ပင်ပန်းလုနီးပါးပင်။
“ကျွန်တော့်ကိုခြိမ်းခြောက်ဖို့” ရှန်းယုဟန်က သူ့ခင်ပွန်း ခန့်မှန်းမိသွားပြီမို့ ဖုံးကွယ်ထားစရာမလိုတော့ပေ။ “အဲ့ဒီဝမ်းကွဲက ကျွန်တော့်အဖေဂုဏ်သိက္ခာကျဆင်းနိုင်တဲ့ အချက်အလက်တချို့ရှိတယ်လို့ ပြောခဲ့တယ်။”
“မင်းယုံလား? ငါကတော့ မယုံဘူး။ သူမမှာ အဲ့လိုအချက်အလက်ရှိရင် သုံးခဲ့တာကြာလောက်ပြီ၊ အခုမှလာဖော်နေတာ သံသယဖြစ်စရာကောင်းတယ်။ မင်းဘယ်လိုကြည့်ကြည့် အဲ့ဒါကအတုပဲ… စိတ်ပူစရာမလိုဘူး။ သူတို့မင်းကိုထပ်နှောင့်ယှက်ရင် ငါ့ဆီလာခိုင်းလိုက်။”
ထိုအကြောင်းနဲ့ပတ်သတ်ပြီး ရှန်ချီဟွမ်းက သူဝယ်ထားသော အိမ်နှစ်လုံးအကြောင်းပြောပြလိုက်သည်။
“အိမ်ကို မင်းနာမည်နဲ့ပြန်လွှဲပြီးပြီ၊ သော့ကလည်း ငါ့နေရာမှာပဲ၊ အဲ့ဒီအိမ်နှစ်လုံးကို ဘာလုပ်ချင်လဲဆိုတာ မင်းအပေါ်မူတည်တယ်။”
ရှန်းယုဟန်၏မျက်လုံးများက တောက်ပနေပြီး နေ့လည်က ဒုတိယမဒမ် သူ့ကိုပေးခဲ့သော ပြဿနာက ချက်ချင်းဖြေရှင်းပြီးလေပြီ။ “ဒါဆို ကျွန်တော်အားတဲ့အချိန် သွားကြည့်လိုက်မယ်။”
ရှန်ချီဟွမ်းက သူအိမ်လွမ်းနေတာဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ “အွန်း”
ယခုလေးတင် သူရောက်လာတော့ ရှန်းယုဟန်၏ အထီးကျန်နေသော နောက်ကျောကိုတွေ့ခဲ့ရသည်။ ထိုအချိန်က ရှန်ချီဟွမ်းက သူ့ကိုဖမ်းမမိရင် ပျောက်သွားတော့မည့်အတိုင်း အထီးကျန်နေခဲ့ပြီး ရှန်ချီဟွမ်း၏နှလုံးသားက ထိတ်လန့်သွားခဲ့သည်။
စိတ်ရှုပ်စရာများကို ဖြေရှင်းပြီးနောက် ရှန်းယုဟန်က စိတ်ကြည်လင်သွားသည်။ “ယောကျာ်း၊ ဝမ်းယိုနဲ့ တခြားသူတွေက ခရစ်စမတ်လုပ်ဖို့ ကျွန်တော့်ကိုဖိတ်ခဲ့တယ်။ ကျွန်တော်သွားလို့ရမလား?”
“ဒါဆို မင်းသွားချင်လား?” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ချက်မရှိချေ။ အထီးကျန်နေသော သူ့နောက်ကျောကိုကြည့်ပြီး သူက သူ့ကို စကားပြောစရာသူငယ်ချင်းမရှိပဲ တစ်ယောက်တည်း မနေစေချင်တော့ပေ။ ရှန်ချီဟွမ်းက သဘောထားကြီးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “မင်းသွားချင်ရင်သွားပါ။”
“တကယ်လား?” ရှန်းယုဟန်က ခရစ်စမတ်ကို သေချာနားမလည်ပေမယ့် သူက ရှန်ချီဟွမ်း၏ စကားများကို အကြွင်းမဲ့ယုံကြည်သည်။
ရှန်ချီဟွမ်းက ခပ်တိမ်တိမ် အပြုံးတစ်ခုကိုထုတ်ကာ တုံ့ဆိုင်းစွာပြောလိုက်၏။ “အွန်း၊ ငါက အနောက်တိုင်းပွဲတော်တွေကို မကြိုက်ဘူး။”
ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ တကယ်တော့ သူက သူ့ခင်ပွန်းစိတ်မဆိုးသရွေ့ ခေတ်သစ်လူသားများ၏ ဘဝနေထိုင်မှုပုံစံကို ကြုံတွေ့ချင်သည်။
အိမ်ပြန်ရောက်တော့ ရှန်းယုဟန်က သူလာမယ်ဆိုတာကို ဝမ်းယိုနဲ့လျန်ချီအား စာပြန်ခဲ့သည်။
အဖွဲ့က စိတ်လှုပ်ရှားမှုများနဲ့ နောက်တစ်ကြိမ်ဆူညံသွားပြန်သည်။
ရှန်ချီဟွမ်းက ဘေးမှာထိုင်ပြီး ရှန်းယုဟန် စာပြန်တာကိုကြည့်နေသည်။ သူက တောက်ပစွာပြုံးနေပြီး သူ့ဘေးမှာ သူ့ခင်ပွန်းရှိတာကိုတောင် သတိမထားမိတော့သဖြင့် ရှန်ချီဟွမ်း၏ရင်ထဲမှာ ချဥ်စူးသွားခဲ့သည်။
သူက သူ့ကိုယ်သူ ထပ်ခါထပ်ခါပြောနေသည်။: ရှန်းယုဟန် သူငယ်ချင်းလုပ်တာကို တားလို့မရဘူး။
ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ လက်ချောင်းများကိုရွှေ့လိုက်ပြီး အွန်လိုင်းရှော့ပင်း APP ကိုဖွင့်ကာ နေ့လည်ကမှာထားသော ခရစ်စမတ်သစ်ပင်အော်ဒါကို ဖျက်သိမ်းလိုက်သည်။
ဒါက တုံးအတဲ့ ခရစ်စမတ်လေးပါပဲ၊ ဘာဂရုစိုက်စရာလိုလဲ၊ သူလည်း လုံးဝမကျင်းပချင်ပါဘူး!
ညရောက်တော့ ရှန်းယုဟန်က ချောင်းဆိုးလာပြီး နေ့လည်က အအေးမိသွားတာဖြစ်နိုင်သဖြင့် ရှန်ချီဟွမ်းက မတ်တပ်ထရပ်ကာ သူ့ကိုဆေးပေးလိုက်သည်။
ရှန်းယုဟန်က ဆေးသောက်ပြီး စောင်ကိုဖက်ကာ လဲလျောင်းလိုက်သည်။ သူက ရှန်ချီဟွမ်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်ကာ နူးနူးညံ့ညံ့ မေးလိုက်၏။ “ယောကျာ်း၊ ကျွန်တော်အအေးမိရင် ခင်ဗျားတကယ်ရိုက်မှာလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “တကယ်ရိုက်မှာ။” နောက်တစ်စက္ကန့်မှာ သူက ကုတင်ပေါ်တက်ကာ သူ့ဖင်ကို ပုတ်လိုက်ပြီး ရှန်းယုဟန်၏ နားကိုနမ်းကာ ခြိမ်းခြောက်လိုက်သည်။ “အခုတော့သိမ်းထားလိုက်မယ်။ နောက်မှ မင်းကို တစ်ရှိန်ထိုး ရိုက်ပစ်ဦးမယ်။”
ရှန်းယုဟန်က ရှက်သွေးဖြာသွားသည်။ “ခင်ဗျား”
ဤ “ရိုက်နှက်ခြင်း” က ထိုရိုက်နှက်ခြင်းနှင့် မတူကြောင်းသိလိုက်ရသည်။