Chapter 62.1
“အပြန်အလှန်ပေးသော အံ့အားသင့်စရာများ”
ကံကောင်းထောက်မစွာ ရှန်းယုဟန်၏အေးစက်မှုက မပြင်းထန်တော့ပဲ တစ်ညလုံး သူ့ခင်ပွန်း၏အဖက်ခံထားရတာကြောင့် နောက်နေ့မနက်မှာ ပြဿနာကြီးကြီးမားမားမရှိပဲ နိုးလာခဲ့သည်။
ချီတိုင်းပြည်မှာ နှစ်နှစ်ဆယ်နီးပါးနေခဲ့ပြီးတော့ ရှန်းယုဟန်က အပြင်သိပ်မသွားချင်ခဲ့ပေ။ ပထမအချက်က သူက ကမ္ဘာသစ်နှင့် မရင်းနှီးသလို အပြင်ကမ္ဘာက သူစိမ်းများနဲ့လည်း အဆက်အဆံသိပ်မရှိတာကြောင့် ငယ်စဥ်ကတည်းက ရရှိခဲ့သော လိင်ပိုင်းဆိုင်ရာအယူအဆများသည် ခေတ်သစ်လူသားများထက် ပိုအားကောင်းခဲ့သည်။
သူက အိမ်မှာဆိုရင် ကိစ္စများကို သေချာစီမံပြီး အချိန်ကို အကျိုးရှိရှိအသုံးချလေ့ရှိသည်။
မနက်ခင်းစာလေ့လာခြင်း၊ ပန်းချီနှင့်လက်ရေးလှရေးဆွဲခြင်း ဒါမှမဟုတ် ချင်တီးခတ်ပြီး နေ့လည်မှာ ဂိုးကစားခြင်းနှင့် အလုပ်ရှုပ်နေသော ရှန်ချီဟွမ်းနဲ့ အနားယူချိန်မှာ ရံဖန်ရံခါစကားပြောခြင်း….
သူမသိလိုက်ခင်မှာ ခရစ်စမတ်ကရောက်လာခဲ့သည်။
ရှန်းယုဟန်က မနက်ခင်းမှာ အန်တီဝမ်နှင့်အတူ အနီးနားက ဟင်းသီးဟင်းရွက်စျေးကိုသွားခဲ့သည်။ စူပါမားကတ်က ဝယ်ခြမ်းပြီးနောက် သူက စိတ်ပူပန်မနေတော့ပေ။ သူက အသီးဝယ်ဖို့ စူပါမားကတ်ကို ကြိမ်ဖန်များစွာသွားဖူးပြီး ရှန်ချီဟွမ်းအတွက် သစ်သီးသုပ်တောင် လုပ်ပေးခဲ့ဖူးသည်။
ခရစ်စမတ်အကြိုနေ့မှာ ပန်းသီးများကို နေရာတိုင်းမှာရောင်းချနေပြီး ရှန်းယုဟန်က စုံစမ်းလိုက်တော့ ခရစ်စမတ်က ဒီဇင်ဘာ၂၅ရက်နေ့ဖြစ်ပြီး ၂၄ရက်ညက အနောက်တိုင်းခရစ်ယာန်များ၏ အားလပ်ရပ်ဖြစ်သော ခရစ်စမတ်အကြိုနေ့ဖြစ်သည်။ နောက်တော့ ၎င်းက အရှေ့ဘက်ကို ပျံ့နှံ့သွားပြီး ခေတ်မီပညာရေးကို လက်ခံရရှိထားသော လူတိုင်းက ဤအားလပ်ရက်ကို ကျင်းပရတာသဘောကျသည်။
ဒီနေ့မှာ စူပါမားကတ်က Jingle Bells နှင့် ခရစ်စမတ်သီချင်းများကို ဖွင့်ထားပြီး သူတို့ဝင်သွားတော့ အိတ်အသေးလေးမှာ သေသေသပ်သပ် ထုပ်ပိုးထားသော ပန်းသီးများကို တွေ့လိုက်ရသည်။ ခရစ်စမတ်အကြိုမှာ ပန်းသီးပေးခြင်းက ငြိမ်သက်အေးချမ်းခြင်းကို ကိုယ်စားပြုသည်။ ရှန်းယုဟန်က ကံကောင်းခြင်းကို ယူဆောင်လာချင်တာကြောင့် ပန်းသီးအနည်းငယ်ကို ဝယ်လာပြီး သူ့မိသားစုရှိ လူအားလုံးကို ပေးလိုက်မည်။
စူပါမားကတ်တွင် ရှန်းယုဟန်၏ ယနေ့သုံးဖြုန်းမှုက ပန်းသီးဖြစ်ပြီး သူအိမ်ရောက်တော့ သူ့ခင်ပွန်းကိုပေးမည့် ပန်းသီးကို သက်သက်ဖယ်ထားလိုက်ပြီး သူ့ကို အံ့သြအောင်လုပ်ဖို့ ရည်ရွယ်ထားသည်။ သူ့ခင်ပွန်းက မကျင်းပသော်ငြားလည်း အငွေ့အသက်ကတော့ ရှိဖို့လိုသည်။ တခြားသူမှာရှိတာ သူ့ခင်ပွန်းမှာလည်းရှိရမည်။
ယနေ့တွင် ရှန်ချီဟွမ်းက အပြင်မှာ ဒင်နာပါတီသွားခဲ့ပြီး ည၉နာရီမှ အိမ်ပြန်ရောက်သည်။ ရှန်းယုဟန်က ရေချိုးပြီး ဆိုဖာပေါ်တွင် {ခန်းဆောင်နီအိပ်မက်} စာအုပ်ကိုကိုင်ထားပြီး စောင်ခြုံကာဖတ်နေသည်။ အစ်မလင်းက လူတစ်ယောက်၏ခေါင်မိုးအောက်မှာ နေထိုင်ရတာကိုတွေ့တော့ သူက သူ၏ခတ်သစ်ကမ္ဘာမှာ တစ်ယောက်တည်းနေထိုင်ရပုံကို တွေးမိကာ ဝမ်းနည်းလာတာကြောင့် သူမနဲ့အတူငိုမိသွားသည်။
ရှန်ချီဟွမ်းက အိမ်ပြန်ရောက်တော့ စာဖတ်ခန်းထဲမှာ သူ့ကိုတွေ့သွားပြီး သူ့ဇနီးက စာရွက်လှန်ရင်း မျက်ရည်သုတ်နေတာကို တွေ့လိုက်ရသည်။
သူက {ခန်းဆောင်နီအိပ်မက်}ကို အသိအမှတ်ပြုထိုက်သော စာပေလက်ရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ပထဆုံးအကြိမ်အဖြစ် {ခန်းဆောင်နီအိပ်မက်}ကိုဖတ်ကာ ငိုနေသော သူ့ဇနီးကိုတွေ့ခဲ့ရသည်။
ရှန်းယုဟန်အတွက် ထိုစာအုပ်က ပုံပြင်စာအုပ်ဖြစ်ပြီး ကဗျာစာပေကိုနားလည်ဖို့ အခက်အခဲမရှိပေ။ သူက ထိုစာအုပ်ကို အလွန်စွဲလမ်းသွားတာကြောင့် ရှန်ချီဟွမ်း တံခါးဖွင့်ပြီး ဝင်လာတာကို သတိမထားမိပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုတွေ့တော့ တစ်ရက်တာ အဆိုးမြင်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ “ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းလား?”
ရှန်းယုဟန်က သူ့ခင်ပွန်း၏ရုတ်တရက်ပေါ်လာမှုကြောင့် ထိတ်လန့်သွားပြီး မျက်လုံးမှမျက်ရည်ကို သုတ်လိုက်သည်။ “ယောကျာ်းက အသံမထွက်အောင် လမ်းလျှောက်လာတာပဲ၊ ကျွန်တော်က ပန်းပင်မြှုပ်နှံနေတဲ့ သိုက်ယွီအကြောင်းဖတ်နေတာ။ သူစိမ်းတစ်ယောက်ရဲ့ အမိုးအောက်မှာနေရတဲ့ သူမဘဝက အရမ်းသနားဖို့ကောင်းတာပဲ။”
သိုက်ယွီက အရည်အချင်းရှိသော ပညာရှိတစ်ယောက်၏သမီးဖြစ်ပြီး ချမ်းသာသောမိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏ဝင်ခွင့်ကိုငြင်းဆိုခံရသောအခါ သူမကိုစိတ်မကောင်းဖြစ်စေခဲ့သည်။ ပြီးတော့ သူကလည်း ထင်ရှားသောမိသားစုမှ ကောတစ်ယောက်ဖြစ်ပြီး တစ်ချိန်က အစေခံများနှင့် ဝန်းရံခံထားရသော အတိတ်၏ကြီးကျယ်မှုကို သတိရသွားပေမယ့် ယခုအခါ သူက သာမန်လူတစ်ယောက်သာဖြစ်ပြီး သူ့ရင်ထဲက လစ်ဟာမှုက သိသာနေသည်။
ရှန်ချီဟွမ်းက ဒီနေ့အနည်းငယ်ပင်ပန်းနေသဖြင့် သူက ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ရှန်းယုဟန်၏ပခုံးပေါ်မှာ ခေါင်းတင်ထားသည်။ “သူသနားစရာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မင်းငိုလို့မရဘူး။ မနက်ဖြန် မင်းအပြင်ထွက်ရမှာ၊ ပြီးတော့ မျက်လုံးတွေဖောင်းနေရင် ကြည့်ကောင်းမှာမဟုတ်ဘူး။”
ရှန်းယုဟန်က ဤနည်းဖြင့် သူ့ခင်ပွန်း၏ အမှီခံထားရပြီး အိမ်မှာတစ်ယောက်တည်းနေရခြင်း၏ သူ့ရင်ထဲက လစ်ဟာမှုက ရုတ်ချည်းပြည့်စုံသွားခဲ့သည်။ သဘာဝအတိုင်း သူ၏စိတ်ကူးယဥ်ဆန်သော စိတ်ဓာတ်က ပျောက်သွားခဲ့ပြီး သူက ရှန်ချီဟွမ်း၏မျက်နှာကိုထိကာ မေးစေ့ပေါ်မှ ရှည်လာသောအမွေးသစ်များကို ခံစားမိလိုက်သည်။ ထိုအမွှေးများက ကြမ်းတမ်းပြီး ရွစိရွစိဖြစ်နေ၏။
သူ့နှလုံးသားက ရေးတေးတေး လှုပ်ရှားသွားသည်။ “မဖြစ်ဘူး၊ ယောကျာ်း၊ ကျွန်တော် ခင်ဗျားကို မနက်ဖြန် မုတ်ဆိတ်ရိတ်ပေးမယ်။”
“အွန်း” ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမှီထားပြီး မလှုပ်ရှားချင်ပေ။ သူ့ဇနီးကလည်း အမျိုးသားတစ်ယောက်ဖြစ်ပြီး ဘာလို့အဲ့လောက်တောင် မွှေးကြိုင်ပြီး နူးညံ့နေရတာလဲ၊ သူက သူ့ကိုဖက်ပြီး မှီထားစဥ် အရမ်းနေလို့ကောင်းနေ၏။
ရှန်းယုဟန်က သူ့ခင်ပွန်း မျက်လုံးမှေးထားတာကိုတွေ့တော့ မေးလိုက်သည်။ “ခင်ဗျားပင်ပန်းလို့လား”
ရှန်ချီဟွမ်းက သူ့ဇနီး၏ပေါင်ပေါ်မှာ လှဲလိုက်သည်။ “နည်းနည်းပါ၊ ဒီနေ့ အရမ်းခက်ခဲတဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ဆွေးနွေးခဲ့ရတာ။ သူတို့ဆီက ညှိနှိုင်းရတာ ခေါင်းအရမ်းမူးတယ်။ ကိုယ်သာဂရုမစိုက်ရင် သူတို့ဆီမှာ မိသွားတော့မှာ။”
ရှန်းယုဟန်က စီးပွားရေးကိစ္စအကြောင်း သိပ်မသိတာကြောင့် သူက ရှန်ချီဟွမ်း၏နားထင်ကို ညင်ညင်သာသာ ပွတ်ပေးကာ ရှန်ချီဟွမ်းက ဇနီးလေးတစ်ယောက်ရှိတာ အလွန်ကောင်းသည်ဟု ရင်ထဲမှာ သက်ပြင်းချလိုက်၏။
ခဏလောက်ဖိပေးပြီးနောက် ရှန်းယုဟန်က သူ့ချင်တူရိယာကို ကြည့်လိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ခင်ဗျားအတွက် ချင်တီးပေးရမလား?”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ကောင်းပြီ။”
ရှန်းယုဟန်က ပုံမှန်ဆိုရင် ချင်တီးခတ်ကာ ကိုယ်တိုင်နားထောင်လေ့ရှိပြီး သူ့ခင်ပွန်းက အိမ်မှာအရမ်းအလုပ်ရှုပ်နေတာကြောင့် သူချင်တီးပြတာကိုနားထောင်ဖို့ အချိန်ရှားပါးသည်။
သူက ချင်စားပွဲမှာထိုင်လိုက်ပြီး ဂီတနုတ်နှစ်ခုကိုစမ်းကြည့်ကာ ခေါင်းမော့ပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်းက ဘယ်လိုဂီတကို နားထောင်ရတာကြိုက်လဲ?”
ရှန်ချီဟွမ်းက ဤကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိပေ။ “အဆင်ပြေပါိတယ်။ ကိုယ်ချေးမများဘူး။”
ရှန်းယုဟန်က ခေါင်းငုံ့ပြီး ချီတိုင်းပြည်မှာ တရားထိုင်စဥ် သူတီးလေ့ရှိသော သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်သည်။
ချင်သံက သာယာနေပြီး တေးသွားပြောင်းလိုက်စဥ် ရှန်ချီဟွမ်းက သူ၏ဂနာမငြိမ်ဖြစ်နေသောစိတ် သက်သာသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းထောင်ကာ ချင်တီးခတ်နေသော သူ့ဇနီး၏ကိုယ်ဟန်အနေအထားကို ချီးကျူးလိုက်သည်။
ရှန်းယုဟန်က သိုးမွှေးဆွယ်တာကိုဝတ်ထားပြီး ကြမ်းပြင်ပေါ် ဖြန့်ကျနေသော အဝတ်အစားက စကပ်နဲ့တူပြီး သူ့ဆံပင်က အနည်းငယ်ရှည်လာပုံရသည်။ ချင်ကိုတီးခတ်သွားသည့်ပုံစံက ဝေးကွာသောခေတ်တစ်ခုက အလှလေးတစ်ယောက်နဲ့တူသည်။
ဇနီးလေးက နှလုံးသားကိုနွေးထွေးစေပြီး မျက်လုံးကိုအေးစေသည်။
သူ့ဇနီး၏ချင်သံက လေထဲမှာ ဆင်းသက်နေသည်။
ရှန်ချီဟွန်းက ဖုန်းကိုထုတ်ကာ ရှန်းယုဟန်တီးခတ်သော တေးသွားကို ရိုက်ကူးထားလိုက်သည်။ သူ အလုပ်ခရီးထွက်ရသောနေ့မှာ အိပ်မပျော်ရင် ဗီဒီယိုကြည့်ပြီး သီချင်းနားထောင်လို့ရသည်။
သီချင်း၏အဆုံးသတ်မှာ ရှန်းယုဟန်က ခေါင်းလှည့်လိုက်တော့ ဖုန်းကိုင်ထားသော သူ့ခင်ပွန်းကိုတွေ့လိုက်ရသည်။ “ယောကျာ်း၊ ခင်ဗျားဘာတွေလုပ်နေတာလဲ?”
“မင်းရဲ့သီချင်းကို ရိုက်ကူးနေတာ။” ရှန်ချီဟွမ်း၏ စိတ်ဓာတ်က သူပြန်ရောက်လာစဥ်ကထက် အများကြီးကောင်းသွားခဲ့သည်။
တစ်ယောက်တည်းသီချင်းနားထောင်ပြီး ပျော်ရတာက နှစ်ယောက်အတူနားထောင်ပြီးပျော်ရတာလောက် မကောင်းပေ။ ရှန်းယုဟန်က တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီမှာ ပါရမီရှိကြောင်း သိပြီးကတည်းက သူက ဝေ့ပေါ်မှာ စတင်ကြွားခဲ့ပြီး အင်တာနက်သုံးစွဲသူများ၏ အားကျမနာလိုသော မှတ်ချက်များကိုတွေ့သောအခါ သူ့ကိုအလွန်ပျော်ရွှင်စေသည်။
ဆောင်းယဥ်စွန်းချိန်ပွဲတော်ရက်က တင်ခဲ့သော အတွေ့အကြုံကိုသင်ယူကာ သူက သူ့ဇနီး၏လက်ကိုသာပြပြီး တခြားဘာမှ ကြည့်ခွင့်မပေးတော့ချေ။
ပြီးတော့ ဂီတက အတော်လေးကောင်းတယ်လို့ သူထင်သည်။ သူလည်း ငယ်ငယ်တုန်းက စန္ဒယားကို နှစ်ပေါင်းများစွာသင်ယူခဲ့ပြီး နောက်တော့ စန္ဒယားသင်ရခြင်း၏ နေ့ရက်များကို ပြန်မမှတ်မိချင်တာကြောင့် သူက အိမ်မှာ စန္ဒယားလုံးဝမဝယ်ခဲ့ပေ။ ထို့ကြောင့် ရှန်းယုဟန်ကိုပြောင်းလဲဖို့ သူ့ကို စန္ဒယားသင်ယူစေခဲ့ပေမယ့် သူ့ဇနီးက သူ့ကို အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခုပေးလာမယ်လို့ မမျှော်လင့်ခဲ့ပေ။ လက်ရှိအင်တာနက်ဘန်းစကားအရဆိုရင် 'ငါဟာလူရွှင်တော်တစ်ယောက်ပါ’လို့ ရှင်းပြနိုင်ဖွယ်ရှိသည်။
ကံကောင်းစွာပင် သူက ရှန်းယုဟန်ကို မလိုမုန်းထားစိတ်သိပ်မရှိခဲ့ပေ။ မဟုတ်ရင် အငိုသန်၊ အချွဲသန်၊ အကပ်သန်သော စွယ်စုံရဇနီးလေးကို ရနိုင်ခဲ့မှာမဟုတ်ချေ။
သူက ဝေ့ပေါ်မှာမတင်ခင် တည်းဖြတ်ခဲ့သော ဗီဒီယိုကိုစစ်ဆေးလိုက်သည်။
ရှန်ချီဟွမ်း: ဒီနေ့နည်းနည်းပင်ပန်းနေလို့ ငါ့သူငယ်ချင်းလေးက သီချင်းတစ်ပုဒ်တီးပြခဲ့တယ်။ တစ်ယောက်ယောက်များ နာမည်ကိုသိကြလား….
အင်တာနက်သုံးစွဲသူများက အကုန်နားလည်သွားသည်။
– ဥက္ကဋ္ဌရှန်က သူ့ဇနီးလေးကို ထပ်ကြွားနေပြီ၊ အရှက်မရှိလိုက်တာ!
– ရှင့်ရဲ့ သူငယ်ချင်းလေးမျက်နှာကို ပြလို့ရမလား၊ ငါတို့ကြည့်ချင်တယ်။
– နားမထောင်ဘူး။ ကျမ်းဂန်ရွတ်နေတဲ့ ဘုန်းကြီးကို ငါမယုံဘူး။ ငါ့ကိုလက်ထပ်ချင်လာအောင် လှည့်ဖြားနေတဲ့ နောက်ထပ်နေ့ရက်တစ်ရက်ပဲ။ အိပ်မက်ဆက်မက်နေလိုက်၊ ငါလှည့်စားတာမခံဘူး။
– ငါ ဒီလက်ကို နှစ်တစ်ရာလောက် ကိုးကွယ်ထားနိုင်ပါတယ်။ အရမ်းလှတာပဲ.. ဥက္ကဋ္ဌရှန်က ဂီတ၊ လက်ရေးလှ၊ ပန်းချီနဲ့ စစ်တုရင် အားလုံးကျွမ်းတဲ့ ဇနီးလေးကို လက်ထပ်ထားတာလား? ငါအထင်ကြီးသွားပြီ။
– ပန်းချီကားအသစ်ကို ဘယ်တော့သင်မှာလဲ? ပန်းချီကားစတိုင်က အရမ်းချစ်ဖို့ကောင်းတယ်။
–
ကောင်းဖုန်းက ကူချင်ဖျော်ဖြေရေးမှာ ပါရဂူဘွဲ့ယူထားသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူက ကူချင်တီးခတ်ခြင်းကို စွဲလမ်းနေခဲ့သည်။ သူက နစ်မျောစရာ ကူချင်ဂီတကို ရှာရတာလည်းကြိုက်သည်။ ထူးချွန်သောဂီတစွမ်းရည်နှင့် ပါရမီကြောင့် သူက ရှေးဟောင်းအုတ်ဂူတစ်ခုမှာ ရှာတွေ့ခဲ့သော ချင် Score (တေးဂီတရမှတ်) ကိုလေ့လာရန် ရှေးဟောင်းသုတေသနပညာရှင်များ၊ ဂန္တဝင်ဂီတသုတေသနပရော်ဖက်ဆာများနှင့်အတူ မကြာသေးမီက လက်တွဲလုပ်ဆောင်ခဲ့သည်။ သို့သော် တေးဂီတရမှတ်က စိုထိုင်းသောခေါင်းတလားထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာကြောင့် စာလုံးရေ ဆယ်ပုံတစ်ပုံကိုသာ ရှင်းရှင်းလင်းလင်း ဖတ်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည် ထိုတေးဂီတရမှတ်များကို မျက်လုံးနီရဲလာသည်အထိ တစ်လကျော်ကြာအောင် လေ့လာခဲ့ပြီးနောက် ဆယ်ပုံတစ်ပုံကိုသာ သေချာသိခဲ့ကြသည်။
ဒီနေ့အနားယူဖို့က မလွယ်တာကြောင့် သူက အိပ်ရာစောစောဝင်ကာ မအိပ်ခင် ဝေ့ပေါ်ဆိုဒ်ကို အပေါ်အောက်ပွတ်နေတုန်း သူ့အတန်းဖော်များ ပို့ပေးခဲ့သော ဝေ့ပေါ်ကို ရှာတွေ့ခဲ့သည်။
ကောင်းဖုန်းက ချင်နှင့်ပတ်သတ်သော အရာအားလုံးကို စိတ်ဝင်စားပြီး သူ့အတန်းဖော်က သူတို့မေဂျာမှာ အတော်ဆုံးတစ်ယောက်ဖြစ်သည်။ ဒီတော့ သူက ဘာလို့ ဆယ်လီတစ်ယောက်ရဲ့ ဝေ့ပေါ်ပို့စ်ကို ပို့ထားရတာလဲ? သူက ကွန်းမန့်များကိုဖတ်ကြည့်လိုက်တော့ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဂီတရမှတ်ကို တောင်းဆိုဖို့အရမ်းကောင်းတယ်!
သူတို့မကြားဖူးတဲ့ ကူချင်တေးဂီတရမှတ်မလား? ဒါကကိုယ်တိုင်ရေးထားတာလား?
ထို့နောက် ကောင်းဖုန်းက စက္ကန့်ငါးဆယ်ဗီဒီယိုကို နှိပ်လိုက်၏။
ပထမတော့ နားထောင်ရတာ သာယာပြီး သက်တောင့်သက်သာရှိပေမယ့် ဆက်နားထောင်တော့ ရင်းနှီးသလိုခံစားလိုက်ရပြီး ဉာဏ်အလင်းပွင့်သွားခဲ့သည်။
ဤအပိုင်း၏ တေးသွားလေးက သူတစ်လလောက် နားထောင်ပြီး သူတစ်လလုံးရှာဖွေခဲ့ရသည့် တုံ့ပြန်မှုအခြေအနေကို တိုးတက်လုနီးပါးဖြစ်စေခဲ့သည်။ ဒါကိုဘယ်သူတီးတာလဲ?
ဒါက တိုက်ဆိုင်မှုသက်သက်လား? ဒါက သူတို့ရဲ့ တေးဂီတရမှတ်နဲ့ ဘာလို့တူနေတာလဲ?
သူက ဆက်နားထောင်ချင်ပေမယ့် ထပ်မရှိတော့ပေ!
ကောင်းဖုန်းက အလွန်စိတ်လှုပ်ရှားနေသည်။ ရှေးဟောင်းသုတေသနပညာရှင်တွေ ရရှိထားတဲ့ တေးဂီတရမှတ်က လူထုကြားမှာ ရှိနှင့်ပြီးသားလား?
သူက ရှန်ချီဟွမ်း၏ဝေ့ပေါ်ကို နှိပ်လိုက်ပြီး တီးခတ်ခဲ့သောသူက ရှန်ချီဟွမ်း၏ချစ်သူဆိုတာကို သိလိုက်ရသည်။ သူက အကြာကြီးရှာခဲ့ပေမယ့် ရှန်ချီဟွမ်းချစ်သူ၏အကောင့်ကို ရှာမတွေ့ခဲ့ချေ။
ဗီဒီယိုကိုအရင်သိမ်းထားတာကောင်းမည်။ ပြီးရင်တော့ မနက်ဖြန်မှာ သူတို့ရဲ့ တေးဂီတရမှတ်နဲ့တူလား အတည်ပြုဖို့ ဆရာများကိုပို့လိုက်မည်။
တူတယ်ဆိုရင် နိုင်ငံရဲ့ ဂန္တဝင်သံစဥ်တေးစုတွေ တိုးလာတော့မှာလား….အဲ့လိုဆိုရင် အရမ်းကောင်းသွားမှာပဲ..