Chapter 63.1
Viewers 23k

Chapter 63.1


မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်”

ရှန်ချီဟွမ်းက ရုတ်တရက် ဆိုရိုးတစ်ခုကိုသတိရသွားသည်။ ‘လေထုထဲက ရုတ်တရက် တိတ်ဆိတ်မှုက ကြောက်ဖို့အကောင်းဆုံး’



သူက အက်ကွဲကြောင်းထဲကို လျှိုဝင်ရန်တွေးနေစဥ် သူ့ခင်ပွန်းအရှက်မရအောင် ကယ်တင်လေ့ရှိသော ရှန်းယုဟန်က သူ့ကို ထွက်ပေါက်တစ်ခု တိတ််တဆိတ်ပေးခဲ့သည်။


ရှန်းယုဟန်က သူ့ခင်ပွန်း၏မျက်လုံးထဲက ထိတ်လန့်မှုကို မမြင်သလို ဝမ်းသာအားရပြောလိုက်၏။ “ယောကျာ်း၊ ခရစ်စမတ်သစ်ပင်က အရှင်လား?”


ထိုအချိန်မှာ ရှန်ချီဟွမ်း၏မျက်နှာက အမူအရာမဲ့နေပြီး တည်ငြိမ်စွာပြောလိုက်၏။ “ဘယ်ဟုတ်မလဲ၊ တံခါးနားက သစ်ပင်နှစ်ပင်က အစစ်တွေ”



“အွန်း” ရှန်းယုဟန်က သစ်ပင်ထိပ်က ဧရာမငါးဖက်ချွန်ရွှေကြယ်ပွင့်ကိုကြည့်လိုက်သည်။ “ဒီတော့ ဒါက ခရစ်စမတ်ပေါ့”


သူက လက်ရှိမှာ ဝမ်းယိုနှင့် တခြားသူများ ပါတီလုပ်နေသော ဗီလာရှိ ခရစ်စမတ်သစ်ပင်ကိုလည်း အဝေးကတွေ့ခဲ့ရပေမယ့် အနီးကပ်မကြည့်ခဲ့ပေ။ အိမ်ပြန်လာမှ သူက လေးလေးနက်နက် ချီးကျူးမိသည်။ သူ့ခင်ပွန်းက ဤမီးသီးများနှင့် လက်​ဆောင်များကို ကိုယ်တိုင်ချိတ်ဆွဲထားတာကြောင့် သူက ဂရုတစိုက်လေ့လာနေသည်။


သူက အပြုံးတစ်ပွင့်ဖြင့် ရှေ့တိုးကာ ရှန်ချီဟွမ်းကို တမင်တကာမေးလိုက်၏။ “ယောကျာ်း၊ ပြော​တော့ အနောက်တိုင်းပွဲတော်တွေကို မကြိုက်ဘူးဆို?” သူက ရှန်ချီဟွမ်းဆောက်ထားသော စင်ပေါ်ကိုတက်သွားသည်။


ရှန်ချီဟွမ်းက သူ့ဇနီး သူ့စင်ကို ဒီလောက်မြန်မြန်ဖြိုချပစ်မယ်လို့ မမျှော်လင့်ထားပေ။ သူကမျက်နှာလွှဲကာ တပ်ဆင်ထားသော လက်ဆောင်ဘူးဘေးကိုကြည့်ပြီး သရော်လိုက်၏။ “တချို့လူတွေက အပြင်မှာသွားပျော်နေပြီး ယောကျာ်းကို အိမ်မှာထားခဲ့တာလေ။ ငါက တစ်ယောက်တည်း လုပ်စရာရှာရတာပေါ့။”

ရှန်းယုဟန်က သူ့ခင်ပွန်းကိုဖက်ဖို့ ရှေ့တိုးလိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့ကို လက်ညိုးနဲ့ ပိတ်ဆို့လိုက်သည်။ “ငါ့ကိုလာမဖက်နဲ့”

“ဘာလို့ဖက်ခွင့်မပြုတာလဲ?” ရှန်းယုဟန်က နားမလည်နိုင်ဖြစ်သွားသည်။ “ယောကျာ်း၊ စိတ်မဆိုးပါနဲ့၊ ကြည့်….ကျွန်တော်ပြန်လာပြီလေ”


ရှန်ချီဟွမ်းက သူ့အဝတ်အစားကို ညွှန်ပြလိုက်သည်။ “ဖုန်တွေနဲ့ ညစ်ပတ်နေတယ်။”



“အို” ထိုမှသာ ရှန်းယုဟန်က သူ့ခင်ပွန်းကိုဖက်တော့မည့် လက်ကိုဖယ်လိုက်ပြီး အပေါ်ထပ်ကိုတက်ကာ အိမ်တွင်းဝတ်လဲလိုက်သည်။

ထိုအချိန်တွင် အောက်ထပ်မှာရှိသော ရှန်ချီဟွမ်းက သူဝယ်လာသော ခရစ်စမတ်သစ်ပင်ကို ​သေချာချိတ်ဆွဲထားလား စစ်ဆေးပြီးနောက် ဘာပြဿနာမှမရှိသောအခါ သူက ဂိုထောင်ကိုသွားလိုက်သည်။ သူထွက်လာတော့ လက်ပေါ်မေးထောက်ကာ ဆိုဖာနောက်ကျောကိုမှီပြီး ခရစ်စမတ်သစ်ပင်ကို ကြည့်နေသော သူ့ဇနီးကိုတွေ့လိုက်ရသည်။


ရှန်ချီဟွမ်းက သူ့ကိုယ်ပေါ်က ရောင်စုံစက္ကူကို ပုတ်ထုတ်ကာ ပြောလိုက်သည်။ “ဘာလို့စောစောပြန်လာတာလဲ၊ မင်းကို ညမှပြန်လာမယ်ထင်တာ။”


ရှန်းယုဟန်က အမှန်အတိုင်းပြောလိုက်သည်။ “သူတို့နဲ့မရင်းနှီးတော့ ပျင်းလို့ပြန်လာတာ။ ကျွန်တော်က ကျွန်တော့်ယောကျာ်းနဲ့ ခရစ်စမတ်ကျင်းပဖို့ ပြန်လာတာ။”



ရှန်ချီဟွမ်းက သူ့ကိုပြန်မေးလိုက်သည်။ “ငါအိမ်မှာရှိနေတာမင်းဘယ်လိုသိလဲ၊ ငါလည်း လျှိုထန်တို့နဲ့အတူ သွားသောက်ချင်သောက်မှာပေါ့”



ရှန်းယုဟန်က သူ့ဆံပင်ကို ကုတ်လိုက်ပြီး သူ ဒီကိစ္စကို ထည့်မစဥ်းစားခဲ့ပေမယ့် ယုံကြည်မှုရှိရှိ ဂုဏ်ယူစွာပြောလိုက်၏။ “ဒါပေမယ့် ခင်ဗျားအိမ်မှာရှိမှာကို ကျွန်တော်သိတယ်။” သူက သူ့ပင်ကိုယ်သိစိတ်ကို အားကိုးခဲ့သည်။


ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါဒီမှာမရှိရင်ရော?”


“ဒါဆိုတစ်ယောက်တည်ဖြတ်သန်းလိုက်မှာပေါ့၊ အဲ့ဒါက အနောက်တိုင်းပွဲတော်ဆိုတော့ ကျွန်တော်လည်း မကျင်းပတော့ဘူးလေ။” ရှန်းယုဟန်က လဲလျောင်းကာ ရှန်ချီဟွမ်းကို သနားစရာ​ကောင်းစွာကြည့်လိုက်၏။ 

ရှန်ချီဟွမ်းက ထိုသနားစရာမျက်လုံးလေးများကို ခံနိုင်ရည်မရှိသဖြင့် သူက ရှန်းယုဟန်ကို တည့်ပြောလိုက်သည်။ “မင်းလည်းအထီးကျန်နေ​တော့ စားပွဲပေါ်က ရီမုတ်ကိုယူပြီး မီးပိတ်လိုက်၊ မင်းကိုပြစရာရှိတယ်။”

ရှန်းယုဟန်က သူ့အမူအရာကို ချက်ချင်းဘေးချိတ်ကာ ရှီမုတ်ကိုရှာပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “အခုပိတ်ရတော့မလား?”



ရှန်ချီဟွမ်း၏လက်ထဲမှာလည်း ရီမုတ်အသေးလေးရှိနေသည်။ “အွန်း၊ မီးပိတ်ပြီးကြည့်လိုက်”



ရှန်းယုဟန် စောစောပြန်မလာရင် ခရစ်စမတ်သစ်ပင်၏ မီးလုံးများကို ကိုယ်တိုင်စမ်းရမှာဖြစ်ပေမယ့် သူပြန်ရောက်လာပြီဆိုတော့ ဤအံ့အားသင့်လက်ဆောင်ကို ပေးလိုက်တော့သည်။ သူ၏အလုပ်ရှုပ်ခဲ့သော နေ့လည်ခင်း၏ရလဒ်ကို အတူတူစမ်းကြည့်ကြတာပေါ့……



ကျန်းချန်၏ဆောင်းရာသီမှာ ငါးနာရီထိုး၍ မှောင်နေပြီဖြစ်သည်။ ရှန်းယုဟန် မီးပိတ်လိုက်တော့ ဧည့်ခန်းကမှောင်သွားပြီး သူ့ခင်ပွန်းက နည်းနည်းဝေးနေတာကြောင့် ရှန်းယုဟန်က နည်းနည်း​ကြောက်နေပေမယ့် မီးသီးသေးသေးလေးက တစ်အိမ်လုံးမှာ လင်းထိန်သွားခဲ့သည်။ ထိုအလင်းရောင်က ခရစ်စမတ်သစ်ပင်ဘေးရှိ အဖြူရောင်ခြံစည်းရိုးထိ ဖြန့်ကျက်သွားပြီး အိမ်ကနွေးလာခဲ့သည်။


ရှန်းယုဟန်၏မျက်လုံးများက အလင်းရောင်အတိုင်း တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းသွားကာ ခရစ်စမတ်သစ်ပင်ထိပ်က ရွှေကြယ်ပွင့်မှာ အဆုံးသတ်သွားခဲ့သည်။ တခြားသောမီးသီးလေးများက အရောင်အသွေးစုံကာ တောက်ပနေပြီး လကိုဝန်းရံထားသော ကြယ်များအလားပင်…၊ သူက ဘယ်လိုဖော်ပြရမလဲမသိပေမယ့် ဤသည်မှာ ကွဲပြားသောအလှတရားမျိုးဖြစ်ပြီး သဘာဝရှုခင်းနဲ့မတူသည့်အပြင် အားလုံးက သူ့ခင်ပွန်း၏နှလုံးသားဖြစ်သည်။ ယင်းမှာ စဥ်းစားပေးတတ်လွန်းတော့ ခရစ်စမတ်လက်ဆောင်ဖြစ်၏။


ရှန်းယုဟန်က စိတ်ခံစားမှုနဲ့ပတ်သတ်ပြီး ခေတ်သစ်ဝေါဟာရများကိုလေ့လာထားလျှင် လက်ရှိသူ့ခံစားချက်ကို ရိုမန်တစ်လို့​ဖော်ပြရမှာကို သူသိပေမည်။ 



သူက သူ့ခေါင်းကိုလှည့်လိုက်တော့ ရှန်ချီဟွမ်း၏ စူးရှသောအကြည့်ကို တွေ့လိုက်ရသည်။



ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဘေးကိုလျှောက်သွားပြီး သူနဲ့အတူရပ်ကာ ရှားရှားပါးပါး နူးညံ့သောအပြုအမူဖြင့် သူ့ကို​မေးလိုက်သည်။ “ကြည့်ကောင်းလား?”

“အွန်း၊ ကြည့်ကောင်းတယ်၊ နွေကြယ်တွေတောင် သူတို့လောက် တောက်ပမနေဘူး။” ရှန်းယုဟန်က တကယ်ကိုအံ့အားသင့်နေပြီး ဒီနေ့အလင်းရောင်က ထိုကဲ့သို့ လှပသောအလင်းတန်းကို ဖန်တီးပေးနိုင်တာတွေ့ခဲ့ရသည်။

ရှန်ချီဟွမ်းက ယခုချိန်တွင် အတောင်ဖြန့်ထားသော ဒေါင်းတစ်ကောင်နဲ့တူပြီး ရှန်းယုဟန်က သူ့ကို ချီးကျူးလိုက်သောအခါ သူက ရှန်းယုဟန်ကို စတင်ဖိတ်ခေါ်လိုက်သည်။ “ငါမင်းကို ဒီည အနောက်တိုင်းဟင်းလျာချက်ကျွေးမယ်။”


ရှန်းယုဟန်က ရှန်ချီဟွမ်း ချက်ပြုတ်တာ တစ်ခါမှမမြင်ဖူးပေ။ ရှန်ချီဟွမ်းက ထိုနေရာမှာ မသင့်တော်သည့်အပြင် လူကြီးလူကောင်းတစ်ယောက်က မီးဖိုချောင်နဲ့ ဝေးဝေးနေသင့်တယ်လို့ သူကိုယ်တိုင်ယူဆထားသူဖြစ်ပြီး ယခုတော့ သူက ပိုပြီးအံ့အားသင့်စရာကောင်းနေ၏။


“ခင်ဗျားလည်း ချက်ပြုတ်တတ်တာလား?”


“ဘာလို့မတတ်ရမှာလဲ? ငါချက်တဲ့ တရုတ်အစားအစာက မင်းလောက်မကောင်းတာမှန်ပါတယ်။ ငါချက်တာက စားလို့ရရုံလောက်ပဲကောင်းတာ။ ဒါပေမယ့် အနောက်တိုင်းအစားအစာချက်ဖို့တော့ ယုံကြည်မှုပို​ရှိတယ်။”


ရှန်ချီဟွမ်းင ထိုစကားပြောပြီးသည်နှင့် မီးဖိုချောင်ဘက်ကို လျှောက်သွားပြီး ရှန်းယုဟန်က သူ့နောက်ကနေလိုက်သွားကာ ပြောလိုက်သည်။ “ယောကျာ်း၊ ဒီညချက်ဖို့အဆင့်သင့်ပဲလား?”


“ဘယ်သူပြောလဲ” ရှန်ချီဟွမ်းက ဝန်ခံဖို့ ငြင်းနေ၏။

ရှန်းယုဟန်က ရှန်ချီဟွမ်းမေးသော မေးခွန်းကိုပြန်မေးလိုက်၏။ “ကျွန်တော်သာ အိမ်တန်းပြန်မလာရင် ခင်ဗျားတစ်ယောက်တည်းမစားဘူးလား?”

ရှန်ချီဟွမ်းက ပြန်မေးလိုက်သည်။ “မင်းအိမ်မှာမရှိရင် ဘာလို့ကိုယ်တိုင်ချက်ရမှာလဲ?”


ရှန်းယုဟန်က ဝမ်းသာအားရပြောလိုက်၏။ “ဒါဆို မှာစားမှာလား?”

ရှန်ချီဟွမ်းက နေ့လည်ကရောက်လာသော စတိခ်ကိုထုတ်လိုက်သည်။ “ရှန်းယုဟန်၊ မင်းနောက်တစ်ခွန်းမေးရင် မင်းကို ဆိုင်ကပဲမှာကျွေးလိုက်တော့မယ်။”


“ကျွန်တော့်ယောကျာ်းက အပြင်စာကျွေးမှာမဟုတ်ပါဘူး။” ရှန်းယုဟန်က စတိခ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေသော ရှန်ချီဟွမ်းကိုကြည့်ပြီး သူ့ရှေ့က မြင်ကွင်းလွတ်သွားမှာကို စိုးရိမ်နေသည်။ သူက ရှန်ချီဟွမ်း၏ခြိမ်းခြောက်မှုကို လုံးဝမ​ကြောက်ပေ။ သူ့ရှေ့မှာဆိုရင် သူ့ခင်ပွန်းက အန္တရာယ်မဖြစ်စေသော စက္ကူခေါက်ကျားနှင့်တူ၏။


ရှန်းယုဟန်က သူ့ခင်ပွန်းလုပ်ကျွေးသော စတိခ်ကိုစားရသည့် ချီတိုင်းပြည်၏ ပထမဆုံးကောဖြစ်နိုင်သည်ဟု တွေးလိုက်၏။


ခင်ပွန်းအသစ်ဖြစ်သော ရှန်ချီဟွမ်းက သူ့ဇနီးကို မှာမကျွေးချင်တာတော့ သေချာသည်။ ထိုအစား သူက သူ့လက်နဲ့ကိုယ်တိုင်လုပ်ကျွေးပြီး ဖယောင်းတိုင်ပါ ပြင်ဆင်ထားသည်။ ရှန်းယုဟန်က သူ့ခင်ပွန်း မင်္ဂလာဦးညအတွက် ပြင်ဆင်နေသလားဟု တွေးနေမိသည်။


သူတို့လက်ထပ်ခဲ့သောညက လှပသောညမဟုတ်ခဲ့ပေမယ့် ယခုချိန်မှာတော့ ဖယောင်းတိုင်မီး၊ စတိခ်နှင့် ဝိုင်ရှိနေ၏။


ရှန်ချီဟွမ်းက သူတို့နှစ်ယောက်အတွက် ဝိုင်နှစ်ခွက်ထည့်ပေးလိုက်ပြီး သူ့ခွက်ကိုမြှောက်လိုက်၏။ “ခွက်တိုက်မယ်?”


သို့သော် သူ့ခင်ပွန််းက ဝိုင်ခွက်ကို တခမ်းတနား တိုက်လိုတာကိုတွေ့သော ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်ကောက်ဝတ်မှာ သူ့လက်ကိုချိတ်လိုက်ပြီး ခေါင်းစောင်းကာမေးလိုက်သည်။ “ဒီလိုမျိုးလား?”


ရှန်ချီဟွမ်းက ကစားသည့်နေရာမှာ ရှန်းယုဟန်က အကောင်းဆုံးပဲလို့တွေးနေသည်။ သူက ဤအဆင့်ထိရောက်နေခဲ့ပြီး သူအမှီလိုက်လို့တောင် မရတော့ပေ။ သူက ဝိုင်ခွက်ကို တခမ်းတနားဖလှယ်နေသည့်အပြင် ရှန်းယုဟန်၏မျက်လုံးထဲမှာ ဤဝိုင်ခွက်ထင်ဟပ်နေတာကို တွေ့နိုင်သည်။ ရှန်ချီဟွမ်းက အနီရောင်ဝိုင်ကို ညင်ညင်သာသာ သောက်နေ​သော ရှန်းယုဟန်ကိုကြည့်ပြီး သူလည်းတစ်ငုံသောက်လိုက်၏။




ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဝိုင်ခွက်ကို တခမ်းတနားဖလှယ်ပြီီးနောက် ရှန်းယုဟန်၏မျက်နှာက ပန်းရောင်သန်းလာပြီး သူက မင်္ဂလာဦးညပြန်ရောက်နေသလို ခံစားရ၏။

ရှန်ချီဟွမ်းက ဝိုင်သောက်ပြီး ပန်းရောင်သန်းလာသော သူ့ဇနီး၏မျက်နှာကိုကြည့်ကာ ‘မျက်စိအစာကျွေးသောမိန်းမလှလေး'နှင့် ‘ဝိုင်ကအမျိုးသားတွေကို မူးရစ်စေတာမဟုတ်ပဲ အမျိုးသားတွေက သူတို့ကိုယ်သူတို့ ရီဝေအောင် လုပ်ကြတာ’ ဆိုသော စကားနှစ်ခွန်း အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။


ရှန်းယုဟန်က သူ့ခင်ပွန်းကိုယ်တိုင်ကင်ထားသော စတိခ်ကိုစားပြီး တောက်လျှောက်ချီးကျူးနေခဲ့သည်။ ထိုစကားကြားတော့ ရှန်ချီဟွမ်း၏နှလုံးသားက ပျော်ရွှင်သွားပြီး သူ့မျက်လုံးတွေက ပိုပိုနက်ရှိုင်းလာခဲ့သည်မှာ နောက်စက္ကန့်အတွင်း တစ်ခုခုဖြစ်တော့မလိုပင်။


ဒါပေါ့ .. ရှန်ချီဟွမ်းက ပရိုဂရမ်လေးတစ်ခုလည်း စီစဥ်ထားတာကြောင့် ချက်ချင်းဆက်လုပ်စရာမလိုပေ။ 


သူက သောက်ထားလို့ မူးဝေနေသော ရှန်းယုဟန်ကို ခရစ်စမတ်သစ်ပင်နားကို ခေါ်သွားသည်။ “ဒီဘူးတွေကိုတွေ့လား? ဒါတွေကမင်းအတွက်”


ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ဆောင်အပုံများကိုကြည့်ကာ ရှန်ချီဟွမ်းကိုမော့ကြည့်လိုက်၏။ “အားလုံးကျွန်တော့်အတွက်လား?”


“အင်း.. မင်းအပိုင်” ရှန်ချီဟွမ်းက သူနဲ့အတူ ထိုင်ချလိုက်၏။


“အများကြီးပဲ” ရှန်းယုဟန်က ဤလက်ဆောင်များက တစ်ရက်တည်းနဲ့ ဝယ်ထားတာမဟုတ်ပဲ အချိန်အ​ကြာကြီး စီစဥ်ထားခဲ့တာလို့ တွေးနေသည်။


ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်တာ ညောင်းသွားလို့ ကော်ဇောပေါ်မှာ ထိုင်ချလိုက်ပြီး လက်ဆောင်များကို စတင်ဖွင့်ကြည့်နေသည်။

လက်ဝတ်ရတနာတစ်စုံ၊ ရတနာလေးပါးတစ်စုံ၊ ဂိုးဘုတ်တစ်စုံ၊ ကျောက်စိမ်းလက်ကောက်တစ်စုံ၊ နာရီတစ်လုံးနှင့် သူမသိသော အီလက်ထရွန်နစ်ပစ္စည်းများ…


ရှန်းယုဟန်က သူ့လက်မနာမချင်းဖွင့်ကာ သူ့ခင်ပွန်းကိုမှီလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ပင်ပန်းနေပြီ။”


“မင်းဆက်ဖွင့်ချင်သေးလား?”


“မဖွင့်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်တော့်ဟာပဲ”


ဝိုင်ကြောင့် ရှန်းယုဟန်၏ တစ်ကိုယ်လုံးက ပူနွေးပြီး မူးဝေနေသည်။ သူက တစ်နေကုန်အပြင်မှာ လည်ပတ်ခဲ့ပြီး ယခုအခါ သူ့တစ်ကိုယ်လုံးနှင့် စိတ်က လုံးလုံးလျားလျား ပြေလျော့သွားတာကြောင့် သူက ရှန်ချီဟွမ်းကိုမှီကာ မျက်လုံးမှိတ်လိုက်သည်။


အိပ်မပျော်ခင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ရှေးခတ်လူသားနဲ့တူတယ်ထင်လား?”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဆံပင်ရှည်ကိုသပ်တင်ပေးကာ ပေါ့ပေါ့တန်တန် ပြောလိုက်၏။ “တူတယ်”


ရှန်းယုဟန်: “ဘယ်နေရာတူတာလဲ?”


ရှန်ချီဟွမ်းက သူ့မျက်ခုံး၊ နှာခေါင်းထိပ်နှင့် နှုတ်ခမ်းကို လက်ဖြင့်ထိကာ ပြောလိုက်၏။ “နေရာတိုင်းပဲ”


ရှန်းယုဟန်က သူ့လက်ချောင်းထိပ်ကို အသာအယာကိုက်ပြီးမှ လွှတ်ပေးကာ သူ့ခင်ပွန်း၏ပေါင်ပေါ်မှာ သက်တောင့်သက်သာ နေရာတစ်ခုကိုရှာပြီး လှဲအိပ်သွားသည်။


ရှန်ချီဟွမ်းက သူ့ကိုငုံ့ကြည့်ကာ သက်ပြင်းချလိုက်၏။ 


မမျှော်လင့်ထားက သူ့ဇနီးလေးက ဒဏ္ဍာရီလာ ‘တစ်ခွက်မူးသမား'ဖြစ်လာတာပဲ… အသုံးမဝင်တာလေး..ဒီလိုအသောက်စွမ်းရည်မျိုးနဲ့ ဝိုင်ခွက် တခမ်းတနားဖလှယ်ခဲ့သေးတယ်လား?”


သို့သော် သူက လုံးဝစိတ်မကောင်းမဖြစ်ပေ။ သူက ရှန်းယုဟန်ကိုပွေ့ချီကာ အခန်းထဲပြန်သယ်သွားခဲ့သည်။