Chapter 63.2
Viewers 23k

Chapter 63.2


“မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်”


ခရစ်စမတ်ပြီးတော့ ရှန်ချီဟွမ်းက နှစ်ကုန်အလုပ်များသောကာလကို ရောက်လာခဲ့ပြီး တချိန်တည်းမှာ ရှန်းယုဟန်၏ ‘သူငယ်ချင်းဟောင်းများ'က သူ့ကို တစ်ခုပြီးတစ်ခု ဖိတ်ခေါ်လာသည်။ ထိုထဲတွင် သူ့ကို အော်ပရာကြည့်ဖို့ တိုက်ရိုက်ခေါ်ခဲ့သော ကျန်းလောင်လည်း ပါဝင်၏။



အော်ပရာကြည့်ဖို့?

ထိုစကားကြား​တော့ ရှန်းယုဟန်၏မျက်ခုံးက ပင့်တက်သွားသည်။ အပြင်မှာ အော်ပရာကြည့်လို့ရ​သေးတာလား? သူက တီဗီထဲက တရုတ်ရိုးရာအော်ပရာကိုပဲ ကြည့်နိုင်တယ်လို့ ထင်ခဲ့၏။


တခြားသူများနှင့်ယှဥ်လျှင် ကျန်းလောင်က ရာထူးနှင့် အဆင့်အတန်းရှိတာကြောင့် ရှန်းယုဟန်က သူနဲ့အော်ပရာသွားကြည့်ဖို့ စိတ်ပူစရာမလိုပေ။ ကျန်းလောင်က သူ့ကိုမေးလာတော့ သူကလက်ခံလိုက်ပြီး ဝမ်းယိုတို့နဲ့အတူ အပြင်ထွက်တုန်းကလို သူ့ခင်ပွန်းကို အရင်မေးစရာမလိုပေ။



သူက အော်ပရာကြည့်ချင်သည်။ ဤသည်မှာ သူနဲ့ရင်းနှီးသောနယ်ပယ်ဖြစ်၏။

လက်ခံပြီးတော့ ရှန်းယုဟန်က သူ့ခင်ပွန်းကို သူအော်ပရာသွားကြည့်ချင်တယ်လို့ ပြောခဲ့သည်။ ရှန်ချီဟွမ်းက အော်ပရာကြည့်ဖို့ သူ့ဇနီးကိုဖိတ်ခဲ့တာက အဘိုးကြီးကျန်းဆိုတာကို သိသွားသည်။ အို… ကောင်းပြီ…သွားလေ…


အဘိုးကြီးတွေက သူ့ဇနီး၏သူငယ်ချင်းများဖြစ်တာကြောင့် စိတ်ပူစရာမလို…လူငယ်တွေအတွက်ကတော့ သူစိတ်ပူဖို့လိုအပ်သည်။



ထိုအချိန်တွင် ရှန်ချီဟွမ်းက သူ့ဇနီး အော်ပရာကြည့်ရတာကို သဘောကျကြောင်း သိလိုက်သည်။ သူက ဤဝါသနာကို ငယ်ငယ်တည်းကသာ ပျိုးမထောင်ခဲ့ရင် တိုးတက်အောင်လုပ်ဖို့ ခက်ခဲပေမည်။



အော်ပရာနေ့က ပိတ်ရက်မဟုတ်ပဲ ရှန်ချီဟွမ်းမှာ အလုပ်ရှိတာကြောင့် ရှန်းယုဟန်က အော်ပရာကျင်းပသော လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်းသွားခဲ့သည်။

ပိတ်ရက်မဟုတ်သော်လည်း လက်ဖက်ရည်ဆိုင်က လူအဝင်အထွက်နှင့် အသက်ဝင်​နေသည်။ ရှန်းယုဟန်က သီးသန့်ခန်းနေရာကိုရှာဖို့ စားပွဲထိုးကိုမေးလိုက်သည်။ 



“ရှောင်ရှန်းရောက်လာပြီ” သခင်ကြီးကျန်းက ရှန်းယုဟန်ကိုတွေ့တော့ ဝမ်းသာအားရပြုံးသည်။ “ထိုင်ပါ”


“အန်ကယ်ကျန်း.. မတွေ့ရတာကြာပြီ။” ရှန်းယုဟန်က အိမ်လုပ်ဂျုံမုန့်ကိုပေးလိုက်သည်။ “ဒါက ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်စိမ်းကိတ်၊ စားကြည့်ချင်လား?”



“အို? မင်းက ဒါလည်းလုပ်တတ်တာပဲလား?” သခင်ကြီးကျန်းက စက္ကူအိတ်လေးကိုဖွင့်ကာ တစ်ပိုင်းဖဲ့ပြီး သူ့ပါးစပ်ထဲထည့်လိုက်၏။ “အွမ်း… အရသာရှိလိုက်တာ”


ရှန်းယုဟန်က ပြုံးကာပြောလိုက်သည်။ “ကြိုက်လို့တော်ပါသေးတယ်။” အဘိုးကြီးမှာ အရာအားလုံးရှိပြီး သူ့ခင်ပွန်းကိုလည်း ကူညီပေးထားတာကြောင့် သူက ကျေးဇူးဆပ်ချင်သည်။



“မင်းနားထောင်ချင်တာ တစ်ခုခုရှိရင် Playlistထဲကတောင်းဆိုလို့ရတယ်။ ငါက ဒီနေ့ရုံတစ်ခုလုံးကို ငှားထားတာ၊ ပြီး​တော့ အော်ပရာလာကြည့်ဖို့ သူငယ်ချင်းဟောင်းတချို့ကိုလည်း ခေါ်ထားတယ်။” ကျန်းလောင်က ကိတ်ကိုထပ်ဖဲ့ပြီး သူ့ပါးစပ်ထဲထည့်ကာ လက်ဖက်ရည်နှင့် မျောချလိုက်တော့ အရသာပိုရှိနေ၏။


“ဒီတော့ အန်ကယ်က ဒီနေရာကို ကြိုးငှားထားတာကို” ရှန်းယုဟန်က စင်ပေါ်က ရင်းနှီးသော သီချင်းဆိုသံကို နားထောင်နေပြီး ကျန်းလောင် ကိတ်စားနေရသလို သူလည်း နေလို့ကောင်းနေ၏။


“အခုခေတ်မှာ အော်ပရာနားထောင်တဲ့ လူငယ်တွေမရှိတော့ဘူး။ ကျန်းလောလင်းနဲ့ ဝမ်းယန်ကလည်း နားထောင်ရတာမ​ကြိိုက်ဘူး။ သူတို့ကို ဒီကိုခေါ်နိုင်ဖို့ကခက်တယ်။ ခဏလောက်နားထောင်ပြီးရင် သူတို့က ဖုန်းနှိပ်နေကြတော့ ငါဒေါသထွက်ရတယ်။ အဲဲ့ဒီနောက်ပိုင်း ငါသူတို့ကိုမခေါ်တော့ဘူး။” ကျန်းလောင်က ရှန်းယုဟန်ကို အလေးအနက်ရှင်းပြနေသည်။ ထိုစဥ် ရှန်းယုဟန်က သူနားထောင်ချင်သော အပုဒ်ကိုရွေးပြီးတာကြောင့် Playlistအဆုံးမှာ အကျဥ်းချုံးစာညွှန်းကို ရှင်းအောင်ရေးပေးလိုက်သည်။


“ဒါဆို နောင်မှာ ခင်ဗျားအော်ပရာကြည့်ချင်ရင် ကျွန်တော့်ကိုခေါ်လို့ရတယ်။ ကျွန်တော်နားထောင်ရတာကြိုက်တယ်။”


“ကောင်းပြီ”


ရှန်းယုဟန်က ရိုမန့်စ်ဒရာမာတောင်းဆိုလိုက်သည်။


တောင်းဆိုပြီးနောက် လူတစ်ယောက်က ကျန်းလောင်ကိို နှုတ်ဆက်ဖို့လာခဲ့သည်။ ရှန်းယုဟန်က ပြဇာတ်ကို သေချာနားထောင်နေပြီး ခေါင်းကိုမလှည့်ပေ။ ထို့နောက် လက်ဖက်ရည်သောက်ဖို့ ခွက်ကိုယူလိုက်သောအခါ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။


တစ်ဖက်လူက သူ့ကိုတွေ့သောအခါ သူ့သူငယ်အိမ်က လှုပ်ရှားနေပြီး သူက ချက်ချင်းခုန်ပေါက်မတ်တပ်ရပ်ကာ ပြောလာသည်။ “ရှန်းယုဟန်..မင်းဘာလို့ဒီရောက်နေတာလဲ?”


ရှန်းယုဟန်က တစ်ဖက်လူကို ခဏလောက်မမှတ်မိနိုင်ဖြစ်ပြီး ရှုပ်ထွေးနေကာ သူ့အမူအရာက တစ်ဖက်လူကို စော်ကားသလိုဖြစ်နေ၏။


ကျန်းလောင်က တစ်ဖက်လူ၏မေးခွန်းကို မကျေနပ်ပဲ ပြောလာသည်။ “ရှောင်ရှန်းက ပြဇာတ်ကြည့်ဖို့ ငါဖိတ်ထားတဲ့ သူငယ်ချင်းပဲ”



ရောက်လာသူက ကျန်းထုံနှင့် သူ့အဖိုးဖြစ်ပြီး သူ့အဖိုးက သူ့သူငယ်ချင်းရှေ့မှာ သူ့မြေးမျက်နှာပျက်နေတာကိုတွေ့​တော့ အသာအယာပုတ်ပေးကာ ကျန်းလောင်ကိုပြောလိုက်၏။ “ကလေးက တုံးလို့ပါ၊ လောင်ကျန်း.. သူ့ကိုဂရုမစိုက်ပါနဲ့။ ဒီသူငယ်ချင်းလေးကို ရင်းနှီးသလိုပဲ…”


ကျန်းထုံ၏အဖိုးကလည်း ရှန်းယုဟန်ကိုမှတ်မိသွားသည်။ ဒီကလေးက အရင်တစ်ခေါက် လက်ရေးလှနဲ့ပန်းချီမှာ ပထမဆုရသွားတဲ့ လူငယ်မလား?

“မင်းက သူ့ကိုတွေ့ဖူးတာလား?”


“ဒီသူငယ်ချင်းလေးက အရင်တစ်ခေါက် ငါတို့ကျင်းပတဲ့ လက်ရေးလှနဲ့ပန်းချီမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တာလေ။ ဒါကြောင့် ငါသူ့ကိုမြင်ဖူးနေတာ”



တစ်ဖက်လူက ထိုအကြောင်းပြောလာတော့ ရှန်းယုဟန်က မှတ်မိသွားသည်။ ဒီတော့ ဒါက ပါးစပ်ဆိုးတဲ့ ကျန်းထုံပေါ့၊ ရှန်းယုဟန်က တစ်ဖက်လူကို စကားမပြောချင်ပေ၊ သူ့ပါးစပ်ကကြမ်းသည်။


ကျန်းထုံ၏အဖိုးက ထိုနေ့ကဖြစ်ခဲ့တာကိုပြောပြပြီး ကျန်းလောင်နှင့် စကားအချို့ပြောပြီးနောက် သူက ကျန်းထုံကိုဆွဲခေါ်သွားကာ သူ့ကိုမျက်နှာပျက်အောင် မလုပ်ဖို့ပြောနေသည်။

“သူနဲ့စကားမပြောဘူးလား?” ကျန်းလောင်က မျက်စိမှုန်မနေပေ။ ရှန်းယုဟန်က ထိုလူငယ်ကို လေးစားမှုမပြခဲ့သလို စကားပြောဖို့တောင် စိတ်မဝင်စားခဲ့ပေ။


ရှန်းယုဟန်က ပေါ့ပေါ့ဆဆ ပြောလိုက်၏။ “စကားများခဲ့တာမို့ပါ။”

ကျန်းလောင်က ရှန်းယုဟန်၏ စကားလှသုံးလိုက်ပုံကိုကြည့်ကာ ထိုမျှလောက်မရိုးရှင်းမှန်းသိသည်။ သူက ရှန်းယုဟန်နှင့် အဆက်အသွယ် သိပ်မရှိသော်ငြား ဂိုးကစားတာက လူတွေကိုလေ့လာဖို့ဖြစ်လို့ တစ်ဖက်လူ၏စိတ်နေစိတ်ထားကို လေ့လာနိုင်သည်။ ရှောင်ရှန်းက အေးချမ်းသော စိတ်နေစိတ်ထားရှိပြီး သဘောထားကြီးသည်။ လူတွေနဲ့ စကားများငြင်းခုံဖို့ဆိုဝေးသေး…သေချာတာက တစ်ဖက်လူက ပြဿနာရှာခဲ့တာ ဖြစ်ပေမည်။


“အဲ့လိုလူတွေနဲ့ နောက်မပတ်သတ်နဲ့။ အန်ကယ်မင်းကိုအားပေးမယ်။”


“ကျေးဇူးပါအန်ကယ်”


သူတို့နှစ်ယောက်က ကျန်းထုံအကြောင်းမပြောတော့ပဲ အော်ပရာဆက်နား​ထောင်လိုက်သည်။


တခြားတစ်ဖက်တွင် ဆန့်ကျင်ဘက်အခန်းကိုပြန်လာသော ကျန်းထုံက ဒေါသူပုန်ထနေသည်။ “အဘိုး၊ ကျန်းလောင်ဘေးက ရှန်းယုဟန်ရဲ့ နောက်ခံကဘာလဲ?”


ပန်းချီနှင့်လက်ရေးလှအသင်း၏ လှုပ်ရှားမှုတွင် သူက လျှိုမိသားစုသားအဖ၏ အထင်သေးခြင်းကို ခံခဲ့ရပြီး အခု သူ့ကိုနောက်တစ်ကြိမ်တွေ့ခဲ့ရသည်။ ထို့အပြင် သူဆန့်ကျင်ဘက်မှာရပ်နေသူက ကျန်းလောင်ဖြစ်ပြီး နောက်ဆုံးတစ်ခေါက် သူက ဝမ်းယိုရှေ့မှာ သူ့ကို ထေ့ငေါ့လှောင်ပြောင်ခဲ့သည်။


ကျန်းထုံ၏အဖိုးက သံမဏိမဖြစ်သောသံကို မုန်းတီးတာကြောင့် သူ့မြေးကိုပြောလိုက်သည်။ “အာဏာရှိလူချမ်းသားအသိုင်းအဝိုင်းရဲ့ဆက်ဆံရေးက ရှုပ်ထွေးတယ်လို့ မင်းကိုငါပြောခဲ့သားပဲ။ ဒီတော့ မင်းရဲ့စိတ်ကိုထိန်းချုပ်ထား! အရင်တစ်ခေါက် လက်ရေးလှနဲ့ပန်းချီအသင်းကနေ သင်ခန်းစာမရသေးဘူးလား? မင်းကောင်းကောင်းပြုမူရင် ကျန်းယန်လင်းက မင်းကိုမှတ်မိဖို့ ခက်ခဲမှာမဟုတ်ဘူး။ အခုတော့ ကောင်းသား… ရောက်လာတာနဲ့ ရိုင်းစိုင်းပြနေတာ၊ မင်းကိုစိတ်ပူပေးလို့ အသုံးမဝင်ဘူး။” ရှန်းယုဟန်ပေါ်လာမယ်လို့ ကျန်းထုံကဘယ်လိုသိမှာလဲ? ကျန်းလောင်က သူ့ကိုဖိတ်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာလေ…. ဒါက သူ့ကိုမြေတောင်မြှောက်ပေးနေတာလား? 


ကျန်းထုံကမေးလိုက်သည်။ “သူ့နာမည်ကိုအရင်ကမကြားဖူးပါဘူး။ ချမ်းသာပြီး အာဏာရှိတဲ့မိသားစုမှာ ရှန်းနာမည်နဲ့ လူရှိလို့လား?”



ကျန်းထုံ၏အဖိုးက ခေါင်းခါလိုက်သည်။ “ဘယ်ဟုတ်မလဲ.. အဲ့ဒီနေ့က သူ့ကိုလာကြိုတဲ့သူကို မင်းမှတ်မိတယ်မလား?”


ကျန်းထုံ: “ဘယ်သူလဲ?”


ကျန်းထုံ၏အဖိုး: “ရှန်မိသားစု”

ကျန်းထုံ: “ရှန်မိသားစုလား? သူက ရှန်မိသားစုနဲ့ ဘယ်လိုပတ်သတ်နေတာလဲ?”


ကျန်းထုံ၏အဖိုး: “မင်းမေးလို့ရတယ်၊ လူငယ်မျိုးဆက်ထဲမှာ သိတဲ့သူတစ်ယောက်ယောက်ရှိလိမ့်မယ်။”


ကျန်းထုံက နောက်ဆုံးတစ်ခေါက်ကိစ္စ ပြီးသွားပြီလို့ တွေးခဲ့ပေမယ့် ဒီနေရာမှာထပ်ပြီး ရှန်းယုဟန် ဖြတ်ရိုက်တာခံရမယ်လို့ မမျှော်လင့်ခဲ့ပေ။ သူက မျိုမသိပ်နိုင်တာကြောင့် ပြဇာတ်မကြည့်တော့ပဲ အသိုင်းအသိုင်းတူသော သူငယ်ချင်းများကိုမေးဖို့ ဝီချက်ကိုသွားကာ ရှန်းယုဟန်နာမည်နဲ့ လူတစ်​ယောက်ကိုသိလားလို့ ချက်ချင်းမေးခဲ့သည်။ 

 

တစ်ယောက်က ရှန်းယုဟန်ကိုသိတယ်လို့ပြောခဲ့ပြီး နောက်တစ်ယောက်က ‘ရှန်းယုဟန်'၏ ဂုဏ်သရေရှိသော အောင်မြင်မှုကို ပြောပြခဲ့သည်။


ထိုအကြောင်းကြားပြီးတော့ ကျန်းထုံက ဝမ်းသာအားရဖြစ်ခဲ့သည်။ သူက မိသားစုတစ်ခုက သခင်လေးတစ်ယောက်မဟုတ်ပဲ ရှန်မိသားစု၏ချွေးမဖြစ်ကာ ရန်ဖြစ်လို့ ကျောင်းထွက်ခဲ့ရပြီး ရှန်ချီဟွမ်း၏ အဖေတူအမေကွဲညီ ရှန်ချီယွင်ကိုတောင် လိုက်ခဲ့ဖူးသည်။




အပြင်လူများ၏မျက်လုံးထဲမှာ ရှန်မိသားစု၏ဘိုးဘေး ရှန်းထျန်းဖုန်းက ရိုမန်တစ်ဆန်သော သဘာဝရှိတာကြောင့် လူတော်တော်များများ၏ ပထမဆုံးတုံ့ပြန်မှုက သူ့သားတွေလည်း ရိုမန်တစ်ဆန်တယ်လို့ ထင်နေသည်။ ရှန်းယုဟန်က ရှန်မိသားစု၏သားနှစ်ယောက်နှင့် သုံးပွင့်ဆိုင်ဆက်ဆံရေးရှိပြီး ကျန်းထုံက ယောက်ဖနှင့် မရီးကြားက ဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဒရာမာခင်းဖို့ ဆုံးဖြတ်လိုက်၏။ သခင်ကြီးကျန်း အဲ့ကိစ္စကိုသိသွားရင် ဘာဆက်ဖြစ်မလဲ သူသိချင်သေးတယ်….


သူက ရှန်းယုဟန်၏ အပြစ်ကင်းသော မျက်နှာဖုံးကို ခွာချချင်သည်။


ကျန်းယန်လင်းက ဒီနေ့မှာ သူငယ်ချင်းဟောင်းအများစုကို ဖိတ်ခေါ်ခဲ့ပြီး သူက အော်ပရာကိုနှစ်သက်သည့်အပြင် လက်ရေးလှနှင့်ပန်းချီကိုလည်း သဘောကျသည်။

ကျန်းထုံက သူ့အဖိုးဆီက ဒီအကြောင်းသိခဲ့ရသဖြင့် သူတို့ဘက်ကနေ မှတ်စုတစ်ခုကမ်းပေးဖို့ ဝိတ်တာကိုပြောခဲ့သည်။



မှတ်စုထဲမှာ ရှန်းယုဟန်၏ ထူးချွန်သောလက်ရေးလှနဲ့ပန်းချီကို ချီးကျူးထားသည်။ မင်းရဲ့အရမ်းလှတဲ့ လက်ရေးလှကို ဒီနေရာမှာ ဘာလို့မချန်ခဲ့ရမှာလဲ?


ကျန်းလောင်က တစ်ဖက်သား၏ လွန်ကဲသောအကြံအစည်ကို မအံ့သြပေမယ့် သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းလက်ရေးလှကမဆိုးဘူးလို့ ဒီထဲမှာပြောထားတယ်”


ရှန်းယုဟန်က ကျိုးနွံစွာပြုံးပြလိုက်သည်။ “သာမန်ပါပဲ၊ အဆင့်မြင့်လက်ရာကိုရောက်ဖို့ ခက်ပါတယ်။”


ကျန်းလောင်က ပြောလိုက်သည်။ “လုပ်ပါ၊ ငါ့အတွက်နည်းနည်းရေးပေး”


ထိုအချိန်တွင် ကျန်းထုံနှင့် သူ့အဖိုးက စောင့်နေကြသည်။


ကျန်းလောင်က စိတ်လှုပ်ရှားနေတော့ သူ့သူငယ်ချင်းတွေကလည်း စိတ်လှုပ်ရှားလာသည်။ လူငယ်လေးတစ်ယောက်က ကျန်းလောင်အတွက် လက်ရေးလှရေးပေးမယ်ဆိုတာကို သူတို့ကြားခဲ့ရပြီး ဘယ်သူလဲစိတ်ဝင်စားနေကြသည်။



အော်ပရာနားထောင်ပြီး စာလုံးရေးတာက ရှန်းယုဟန်၏ ရင်းနှီးသောနယ်ပယ်ဖြစ်တာကြောင့် သူက မစိုးရိမ်ပေ။


သူက ပုံမှန်လို ကြော့ရှင်းသောပုံစံကိုပြောင်းပြီး စုတ်တံထူထူကို ရွေးချယ်ခဲ့သည်။


ညာဘက်လက်၏ အင်္ကျီလက်ကို ဘယ်လက်နှင့် အသာအယာကိုင်ပြီး ဘောပင်နှင့် စာလုံးကြီးများကိုရေးကာ သူ့ဘောပင်က ရေစီးလိုလှုပ်ရှားနေပြီး သူ့အရှိန်က သက်တန့်နှင့်တူသည်။


အဆုံးမှာ စက္ကူပေါ်မှာ စကားလုံးလေးလုံးပေါ်လာသည်။: 海納百 (မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်။)


ကျန်းထုံနှင့်သူ့အဖိုး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ပြဿနာရှာချင်သော သူတို့ဆန္ဒက ရပ်သွားသည်။ ဒါက သူတို့ကို အမြင်ကျဥ်းတယ်လို့ စောင်းပြောလိုက်တာလား?

ညနေခင်းတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြိုဖို့ လက်ဖက်ရည်ဆိုင်ကို ကိုယ်တိုင်သွားရောက်ခဲ့သည်။


ရှန်းယုဟန်က ကားပေါ်တက်တာနဲ့ ဟန်ဆောင်သည်းခံခဲ့သော သူ့အပြုအမူကို ချက်ချင်းပြောင်းကာ သူ့ညာလက်ကို ရှန်ချီဟွမ်းအား ပေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော့်လက်တွေနာနေတယ်”



“လက်ဖက်ရည်သောက်ပြီး အော်ပရာနားထောင်တာကို လက်ကဘယ်လိုနာလာတာလဲ?” ရှန်ချီဟွမ်းက သူ့ကိုဘေးစောင်း​ကြည့်လိုက်၏။ “မင်းဘာလုပ်ခဲ့တာလဲ?”


ရှန်းယုဟန်က သူ့ခင်ပွန်းရဲ့အတွေးတွေ အရောင်စုံနေတာကို ဘယ်လိုသိမှာလဲ: “အခုလေးတင် အန်ကယ်ကြီးတွေက လက်ရေးလှရေးခိုင်းခဲ့တာ.. ပင်ပန်းလိုက်တာ ယောကျာ်းရယ်… နည်းနည်းလောက်နှိပ်ပေးပါဦး”


ရှန်ချီဟွမ်းက သူ့လက်ကောက်ဝတ်ကိုပွတ်ကာ အပြုံးတစ်ခုဖြင့် ​မေးလာသည်။ “မင်းသူတို့အတွက်ရေးပေးခဲ့တော့ သူတို့က မုန့်ဖိုးပေးခဲ့လား?”


ရှန်းယုဟန်က ‘အား’ အာမေဋိတ်ပြုသည်။ “မပေးဘူး။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ဝီချက်အက်ဒ်ထားတယ်။ ကျွန်တော် အများကြီးဆုံးရှုံးခဲ့ရတာလား?”


ရှန်ချီဟွန်းက သူ့ကိုမေးလိုက်သည်။ “မင်းဘယ်သူ့ကိုအက်ဒ်ထားလဲ ကြည့်ရအောင်။” သူက ရှန်းယုဟန် လူရှုပ်တွေကို အက်ဒ်ထားလား စစ်ဆေးနေသည်။


ရှန်းယုဟန်က သူ့လက်ထဲ ဖုန်းထိုးပေးလိုက်သည်။


ရှန်ချီဟွမ်းက တစ်ချက်ငုံ့ကြည့်ပြီး ရင်းနှီးသောနာမည်များကို တွေ့ပြီး စွန့်အသွားသည်။ ဇနီးလေး မင်းကိုနှောင့်ယှက်မိတာ ဆောရီးကွာ..


သူ့အမူအရာပြောင်းသွားတာကိုတွေ့တော့ ရှန်းယုဟန်က မအက်ဒ်သင့်သူကို အက်ဒ်််မိသွားတယ်လို့ ထင်လိုက်ပြီး စိတ်ပူသွားသည်။ “ဘာဖြစ်လို့လဲ?”


ရှန်ချီဟွမ်းက ရင်ထဲမှာ သက်ပြင်းချလိုက်သည်။ “ဘာမှမဟုတ်ဘူး၊ မင်းတော်တယ်။”

ပြဇာတ်နားထောင်ပြီးတော့ သူ့ဇနီးက သူလိုချင်သော အဆက်အသွယ်တစ်ဝက်လောက်ကို စုဆောင်းနိုင်ခဲ့သည်။ သူ့ဇနီးက စီးပွားရေးလေ့လာနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ပန်းချီလေ့လာတာ မလုံလောက်သေးလို့လား? သူ့ဘဝက လူသား ၉၀ ရာခိုင်နှုန်းထက် သိသိသာသာ ပိုကောင်းပေမယ့် သူ့ဇနီးနဲ့ယှဥ်ရင် သူ့ဘဝက ခက်ခဲမှုအဆင့်ဆယ်ဆင့်ရှိနေခဲ့သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ချီးကျူးပြီးတော့ သတင်းတချို့ပြောပြခဲ့သည်။ “စကားမစပ်၊ ငါ့မှာမင်းအတွက် သတင်းနှစ်ခုရှိတယ်၊ တစ်ခုက ငါ့အဖေ မနက်ဖြန်ကျရင် ခွဲစိတ်တော့မှာမလို့ သဘက်ခါ ဆေးရုံကိုအတူသွားရမယ်။”


ရှန်းယုဟန်က မေးလိုက်သည်။ “နောက်တစ်ခုကဘာလဲ?”


ရှန်ချီဟွမ်းက သူ့လက်ကောက်ဝတ်ကို ဆွဲဖျစ်ကာ ပြောလိုက်သည်။ “ငါ့အစ်ကိုကြီးက အသည်းရောဂါရပြီး ဆေးရုံတက်နေရတယ်။ သူတစ်လလောက်နေရမယ်။ ငါက သူ့အစား ရှန်မိသားရဲ့ တရားဝင်လုပ်ငန်းကို ကိုင်တွယ်ရမှာမို့ အနာဂတ်မှာ မင်းနဲ့ အတူနေဖို့ အချိန်နည်းလာတော့မှာ။”