Chapter 66.2
Viewers 23k

Chapter 66.2



“နတ်ဆိုးကို မြန်မြန်နှိမ်နှင်းလိုက်”


ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့၏အိမ်ကို ဝင်သွားပြီးနောက် ရှန့်ယွီလင်းက အကြမ်းဖျင်းကြည့်ရှုလိုက်သည်။ သူတို့အိမ်က နွေးထွေးသောအငွေ့အသက်ရှိပြီး အသေးစိတ်က စဥ်းစားတတ်ပြီး လက်ရာမြောက်သည်။ အသေးအမွှားတိုင်းက နေရာတကျရှိပြီး ဧည့်ခန်းထဲမှာ ခရစ်စမတ်သစ်ပင်လည်းရှိ၏။


ရှန်းယုဟန်က သူ ခရစ်စမတ်သစ်ပင်ကို သတိထားမိသွားတာတွေ့တော့ ဝင့်ကြွားလိုက်၏။ “ကျွန်တော့်ခင်ပွန်းကိုယ်တိုင် ပြင်ဆင်ထားတာလေ” ရှန်းယုဟန်က အင်တာနက်မှာ စစ်ဆေးကြည့်တော့ သူက သူ့ခင်ပွန်း၏အခေါ်ဝေါ်ကို ပြောင်းခဲ့သည်။ ယခုခတ်မှာ လူတွေက သူတို့ခင်ပွန်းကို ရည်ညွှန်းရာမှာ ‘အရှင်ခင်ပွန်း相公’အစား ‘ခင်ပွန်း先生'ကို သုံးလို့ရပြီး သူ့ခင်ပွန်းကို နာမည်တပ်ခေါ်ရတာထက် ပိုလွယ်ကူသည်။


“ဥက္ကဋ္ဌရှန်က အတော်လေး တွေးခေါ်နိုင်တာပဲ။” ရှန့်ယွီလင်းက ယဥ်ယဥ်ကျေးကျေး ချီးမွမ်းလိုက်သည်။


“အပြင်လူတွေက သူ့ကို တည်ကြည်လေးနက်တယ်လို့​ ပြောကြပေမယ့် တကယ်တော့ သူက အတော်လေး တွေးခေါ်တတ်တယ်။” သူအလွန်အကျွံပြောမိတာကို သတိထားမိလိုက်တော့ ခဏရပ်ပြီး ပြောလိုက်သည်။ “ခင်​ဗျားဘယ်လိုလက်ဖက်ရည်ကို သောက်ချင်လဲ? အသီးဖျော်ရည်လည်းရတယ်။ ကျွန်တော့်ခင်ပွန်းက ကော်ဖီကြိုက်တယ်။ ခင်ဗျားသောက်ချင်ရင် အန်တီကို တစ်ခွက်ယူလာခိုင်းလိုက်မယ်။”


“ကိစ္စမရှိပါဘူး။ လက်ဖက်ရည်က အဆင်ပြေပါတယ်။” ရှန့်ယွီလင်းက ရှန်းယုဟန် သူ့အပေါ်မှာ ဘာလို့ စိတ်အားထက်သန်နေလဲ နားမလည်ပေ။ ရှန်းယုဟန်က သူ့ခင်ပွန်းအကြောင်းသာ ပြောမနေရင် သူအထင်လွဲတော့မှာပင်။


အန်တီက လက်ဖက်ရည်တစ်ခွက်ယူလာပေးပြီး ရှန့်ယွီလင်းက ရှန်းယုဟန်ကို ဝေ့ပေါ်ကိစ္စပြောပြလိုက်သည်။ “မစ္စတာရှန်း၊ ခင်ဗျားဝေ့ပေါ်ဖွင့်ပြီးပြီလား? ကျွန်တော်တို့ နှစ်ရက်လောက်ဆိုရင် စ​ကြေညာတော့မှာ။”


ရှန်းယုဟန်က သူ့နဖူးကိုပုတ်လိုက်သည်။ “ကျွန်တော်အရမ်းအလုပ်ရှုပ်နေလို့ အဲ့ဒီအကြောင်းမေ့သွားတယ်။”


ရှန့်ယွီလင်းက ပြောလိုက်သည်။ “ဒါနဲ့ ခင်ဗျား မှတ်ပုံတင်ထားရင်ကောင်းမယ်။”


ရှန်းယုဟန်က နားမလည်ပေ။ “မှတ်ပုံတင်ရမယ်?” ဘာလို့အဲ့ဒါက အရမ်းရှုပ်တာလဲ?

ရှန့်ယွီလင်း​က ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။ “မှတ်ပုံမတင်ရသေးရင်လည်း အဆင်ပြေပါတယ်။ အရေးမကြီးဘူး။ ဒါနဲ့ ခင်ဗျားဝေ့ပေါ်နာမည်ကဘာလဲ?”


ရှန်းယုဟန်က သူ့ဖုန်းကိုကြည့်လိုက်တော့ ဝေ့ပေါ်နာမည်ကမပြောင်းရသေးသဖြင့် ရှန့်ယွီလင်းကို နံပါတ်တစ်ကြောင်း ဖတ်ပြလိုက်သည်။


ရှန့်ယွီလင်းက သူအရမ်းချစ်ဖို့ကောင်းတယ်လို့ တွေးနေပြီး တကယ်ကို ရယ်ချင်နေသည်။ “ခင်ဗျားနာမည်မ​ပြောင်းဘူးလား?”


“ဘယ်လိုပြောင်းရမလဲ?” သူအခုစီရီကိုလည်း မေးလို့မရဘူး။ “ကျွန်တော်ဝေ့ပေါ်သိပ်မသုံးဘူး”


ရှန့်ယွီလင်းက သူ့ထက်အများကြီးငယ်သော ရှန်းယုဟန်နှင့် စကားပြောနေစဥ် သူက ချစ်ဖို့ကောင်းတယ်လို့ ခံစားရသည်။ “ကျွန်တော် ပြောင်းပေးမယ်။”.


ရှန်းယုဟန်​က သူ့ကို ဖုန်းထိုးပေးလိုက်၏။


ရှန့်ယွီလင်းက သူ့ဘေးရွှေ့ကာ ပြောလိုက်သည်။ “ခင်ဗျားဘာနာမည်ပြောင်းချင်တာလဲ? သင်ပေးမယ်။”



“အို” ရှန်းယုဟန်က ရှေ့တိုးကာ ရှန့်ယွီလင်း၏ ဝေ့ပေါ်လုပ်ဆောင်ချက်ကိုကြည့်လိုက်တော့ သူက အရမ်းကျွမ်းကျင်သည်။


ရှန့်ယွီလင်းကပြောလိုက်သည်။ “ခင်ဗျားနာမည်ကို ဒီဆက်တင်မှာပြောင်းလို့ရတယ်။ နောက်တစ်ခါနာမည်ပြောင်းချင်ရင် ဒီကနေလုပ်လို့ရတယ်။ ပထမဆုံးဝေ့ပေါ်အကောင့်က အရမ်းအရေးကြီးတယ်။ အဲ့ဒါက အတော်လေး အမှတ်ရစရာကောင်းတယ်လို့ထင်တယ်။ ခင်ဗျားပြန်ကြည့်ပြီး ထပ်စဥ်းစားပေါ့။” တကယ်တော့ ရှန်းယုဟန်က ထိုရိုးရှင်းသောလုပ်ဆောင်ချက်ကို နားမလည်ဘူးလို့ သူမယုံပေ။ ရှန်းယုဟန်က သူ့အကြောင်းတစ်ခုခုတွေးနေတာလား?



ရှန်းယုဟန်က အလေးအနက်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ နားလည်ပါပြီ”



ဘန်းဆိုသောမြည်သံနှင့်အတူ တံခါးကပွင့်လာပြီး ရှန့်ယွီလင်းနှင့် ရှန်းယုဟန်က တစ်ပြိုင်တည်း လှည့်ကြည့်လိုက်သည်။

တံခါးလက်ကိုင်ဘုကို ကိုင်ထားဆဲဖြစ်သော ရှန်ချီဟွမ်းက သူတို့နှစ်ယောက်ကို ခက်ထန်သောမျက်နှာဖြင့်ကြည့်ပြီးတော့ တည်ငြိမ်မှုပြန်ရလာသည်။

ရှန်းယုဟန်က မတ်တပ်ထရပ်ပြီး မေးလိုက်သည်။ “ခင်ဗျားဘာလို့ပြန်လာတာလဲ?”


ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ “စာရွက်စာတန်းတစ်ခု မေ့ကျန်ခဲ့လို့ လာယူတာ။”


ရှန်းယုဟန်က သူ့ခင်ပွန်း၏အမူအရာ ပြောင်းလဲနေတာကို သတိထားမိပြီး သတိလက်လွတ် ရှင်းပြလိုက်သည်။ “ဒါက ပန်းချီပြပွဲတာဝန်ခံ မစ္စတာရှန့်၊ သူက ပန်းချီကားယူဖို့ ဒီကိုရောက်လာတာ။”


ရှန်ချီဟွမ်းနှင့် ရှန့်ယွီလင်းက တစ်ယောက်နဲ့တစ်ယောက် ခေါင်းညိတ်ပြပြီးနောက် သူက ရှန်းယုဟန်ကို ပြောလိုက်သည်။ “အပေါ်ထပ်မှာ စာရွက်စာတမ်းသွားယူလိုက်ဦးမယ်။” သူက ရှန်းယုဟန်ကို အကြည့်တစ်ချက်တောင်မပေးပဲ အပေါ်ထပ်တက်သွားသည်။ သူအိမ်ထဲဝင်လာတာနဲ့ ရှန်းယုဟန်က သူစိမ်းယောကျာ်းတစ်ယောက်နဲ့ စကားတီးတိုးပြောကာ ရယ်မောနေတာကို တွေ့ခဲ့ရသည်။ သူ့အိမ်မှာဖြစ်နေတာကြောင့် ရှန်ချီဟွမ်းက မပျော်မရွှင်ဖြစ်သွားပေမယ့် သူက ရှန်းယုဟန်ကို ယုံကြည်ပေးဖို့ သူ့ကိုယ်သူပြောလိုက်သည်။ သူက နေရာတိုင်းမှာ ရှာလကာရည်သောက်နေလို့မရပေ။


သူက စာရွက်စာတမ်းယူပြီး အောက်ဆင်းလာတော့ ဧည့်ခန်းထဲမှာ ဖုန်းငုံ့ကြည့်နေသော ရှန်းယုဟန်ပဲရှိတော့သည်။


ရှန်ချီဟွမ်းကမေးလိုက်သည်။ “ဟိုလူဘယ်ရောက်သွားလဲ?”


ရှန်းယုဟန်က ခေါင်းမော့ကာ ပြောလိုက်သည်။ “မစ္စတာရှန့်ကိုပြောနေတာလား? သူက ထွက်သွားပြီ။” သူက ထရပ်ကာ ရှန်ချီဟွမ်းဆီ ​လျှောက်သွားလိုက်သည်။ “ယောကျာ်း၊ ကုမ္ပဏီသွားဖို့ အလျင်လိုနေတုန်းလား?”


ရှန်ချီဟွမ်းကခေါင်းညိတ်လိုက်သည်။ “အွန်း၊ ငါသွားတော့မယ်။ ဘယ်သူ့ကိုမှ အိမ်ထဲမခေါ်နဲ့တော့၊ မင်းလည်း သူ့ကိုကောင်းကောင်းသိတာမဟုတ်ဘူး။”


ရှန်းယုဟန်၏မျက်နှာပေါ်က အပြုံးက ဖျော့တော့သွားသည်။ “ဒါပေမယ့် မစ္စတာရှန့်က ပန်းချီကားလာယူလို့ သူ့ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခဲ့ရုံပဲလေ”


ရှန်ချီဟွန်းက အေးစက်စက် ဖိပြောလိုက်၏။ “ရှင်းရှင်းပြောရရင် အိမ်ကိုဘယ်သူ့ကိုမှဖိတ်နဲ့ ငါသိပ်မကြိုက်ဘူး။”


“ကျွန်တော်နားလည်ပါပြီ။” ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိလိုက်သည်။ သူက အိမ်ကို လူတွေဖိတ်ခဲ့တာမှမဟုတ်တာ။


ရှန်ချီဟွမ်းက ကုမ္ပဏီကို အလျင်စလို ပြန်သွားခဲ့ပေမယ့် ရှန်းယုဟန်က တံခါးနားမှာရပ်နေပြီး သူထွက်သွားတာကိုကြည့်နေသည်။ သူ ရှန်းယုဟန်၏ မျက်လုံးထဲက စိတ်ပျက်မှုကို မမြင်ခဲ့ပေ။


နှစ်ရက်ဆက်တိုက် ရှန်ချီဟွမ်းက အလုပ်အရမ်းရှုပ်နေပြီး သူက စောစောသွားကာ နောက်ကျမှပြန်သည်။ ရှန်းယုဟန်ကလည်း မကောင်းသောစိတ်ခံစားချက်များကို ဖိနှိပ်ထားသည်။ သူက ရှန့်ယွီလင်းဆီက လက်မှတ်တောင်းကာ ပန်းချီနှင့်လက်ရေးလှအသိုင်းအဝိုင်းက အန်ကယ်တွေကိုပေးလိုက်ပြီး အန်ကယ်တို့က အချိန်ရရင် သွားကြည့်မယ့်အကြောင်းပြောလာသည်။ အထူးသဖြင့် သခင်ကြီးကျန်းက သေချာပေါက်သွားမည်ဟု ပြောခဲ့သည်။


ပန်းချီပြပွဲက မနက်ဖြန်မှာစတင်မည်။


ရှန်းယုဟန်က အိမ်မှာ နည်းနည်းစိုးရိမ်နေတာကြောင့် သူက ရှန်ချီဟွမ်းကို ဝီချက်မက်ဆေ့ပို့ကာ မေးလိုက်သည်။ “ယောကျာ်း၊ ပန်းချီပြပွဲက မနက်ဖြန်စမှာ၊ ခင်ဗျားအားလား?”


ရှန်ချီဟွမ်းက အစည်းအဝေးမှာ ရှန်ချီယွင်နှင့် စကားအနည်းငယ်ပြောနေပြီး သူ့မျက်နှာပေါ်က အရေးမစိုက်မှုက မပျောက်သေးပဲ စိတ်မကြည်တာကြောင့် သူက ရှန်းယုဟန်၏ဝီချက်မက်ဆေ့ကို မဖြေခဲ့ပေ။ ဒါကြောင့် သူက အလုပ်အရင်လုပ်ပြီး အလုပ်ရှုပ်လွန်းတာကြောင့် ရှန်းယုဟန်ကို စာပြန်ပြီးပြီလို့ ထင်ခဲ့သည်။


အချိန်ပိုလုပ်ပြီးနောက် ညနေ၇နာရီမထိုးခင်မှာ ရှန်ချီဟွမ်းက သက်ပြင်းချပြီး သူ့ဇနီးက သူ့မက်ဆေ့ကို ဘာလို့ပြန်မဖြေတာလဲ တွေးနေသည်။


ဝီချက်ကိုနှိပ်ပြီး​တော့ လူတစ်ကိုယ်လုံး ထခုန်လုနီးပါးဖြစ်သွားသည်။ ရှန်းယုဟန်က မျိုးရိုးနာမည်ရှန့်နဲ့ အပြင်မှာ ထမင်းစားဖို့ထွက်သွားတယ်!


ထိုစဥ် ရှန်းယုဟန်က တစ်နေ့လုံးစိတ်ဓာတ်ကျနေပြီး စိတ်ဓာတ်ကျရုံတင်မကပဲ နှစ်ရက်ဆက်တိုက်ဝမ်းနည်းနေသည်။ ထိုနေ့က ရှန့်ယွီလင်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ပြီးကတည်းက သူ့ခင်ပွန်းက သူ့ကိုဂရုမစိုက်တော့ပေ။ အိမ်ပြန်လာရင် ရေချိုးပြီးတော့ စကားတစ်ခွန်းမှမပြောပဲ အိပ်ပျော်သွားပြီး ဒီနေ့ဆိုရင် စာတောင်မပြန်ခဲ့ပေ။


သူက မနက်ဖြန် သူ့ကိုအားပေးဖို့ အချိန်ချန်ထားမယ်လို့ ကတိပေးထားသည်။


နေ့လည်မှာ ရှန့်ယွီလင်းက မနက်ဖြန်ပြပွဲမှာ ပန်းချီဆရာနှစ်ယောက်က တိုက်ရိုက်ပန်းချီဆွဲကာ ဖျော်ဖြေမှာဖြစ်၍ သူက သူတို့ကို ညစာစားဖို့ ဖိတ်ခဲ့တာကြောင့် ရှန်းယုဟန်မှာ အချိန်ရှိရင် လာခဲ့ဖို့ပြောထားသည်။ 




ရှန်းယုဟန်က အိမ်မှာ အတွေးများနှင့် ချာချာလည်မနေချင်တာကြောင့် လက်ခံလိုက်သည်။


သူတို့ဆုံတော့ ရှန့်ယွီလင်းက သူ့ကို လူငယ်ပန်းချီဆရာနှစ်ယောက်နဲ့ မိတ်ဆက်ပေးပေမယ့် သူတို့က သူ့ထက်အသက်ကြီးသည်။ တစ်ယောက်က အသက်နှစ်ဆယ်ကျော် ပန်းချီဆရာမဖြစ်ပြီး နောက်တစ်ယောက်က သုံးဆယ်အရွယ်ဖြစ်သည်။ သူတို့နှစ်ယောက်က မြို့ပြင်မှ လာတာဖြစ်ပြီး သူတို့ကို သေချာအကြောင်းကြားထားတယ်လို့ ယူဆလို့ရသဖြင့် ရှန်းယုဟန်က သူတို့နှစ်ယောက်ကို သဘောကျသွား၏။


သူတို့က ဂျပန်အစားအစာကို စားခဲ့ပြီး စားနေစဥ် ရှန်းယုဟန်က သစ်သီးဝိုင်တစ်ငုံသောက်ခဲ့သည်။ သူက ချီတိုင်းပြည်မှာဆိုရင် သစ်သီးဝိုင်သောက်ပြီး လုံးဝမမူးတာကြောင့် နည်းနည်းလောက် သောက်နိုင်မယ်လို့ထင်ခဲ့သည်။


သောက်ပြီးနောက် မူးဝေလာပြီး ထိန်းမနိုင်တော့ပဲ သူ့စိတ်က ဝိုးတိုးဝါးတားဖြစ်နေသော်လည်း သူက မတ်မတ်ထိုင်ကာ သူတို့စကားကို အာရုံစိုက်နားထောင်ပြီး ရံဖန်ရံခါ စကားလုံးအချို့ဝင်ပြောခဲ့သည်။


ဤဟင်းပွဲကို ဧည့်သည်နှင့်အိမ်ရှင်နှစ်ဖက်လုံးက နှစ်သက်ခဲ့ကြသည်။ သူတို့လေးယောက်က အောက်ထပ်ဆင်းသွားပြီး ပန်းချီဆရာနှစ်ယောက်က သူတို့ဆန့်ကျင်ဘက်က ဟိုတယ်ဆီကို တိုက်ရိုက်လျှောက်သွားခဲ့ပြီး ရှန်းယုဟန်က အနည်းငယ်မူးဝေနေကာ သူ့ခန္ဓာကိုယ်က ရပ်နေရင်း ယိမ်းထိုးနေသည်။


ရှန့်ယွီလင်းက သူ့ကိုအချိန်မှီ ကူညီခဲ့သည်။ “ခင်ဗျားအဆင်ပြေရဲ့လား?”


ရှန်းယုဟန်က ခေါင်းခါပြီး ရှန့်ယွီလင်း၏အရိပ်ကို ခါထုတ်ဖို့ ကြိုးစားနေသည်။ “အာ? ကျွန်တော်အဆင်ပြေပါတယ်။ အိမ်ပြန်တော့မယ်။”


ရှန့်ယွီလင်းက ပြောလိုက်သည်။ “ကျွန်တော် လိုက်ပို့ပေးရမလား?”


ရှန်းယုဟန်က သူ့မှာဒရိုက်ဘာရှိပြီး လိုက်ပို့စရာမလိုဘူးလို့ ပြောချင်ပေမယ့် သူက မူးဝေနေကာ ထင်းရှူးရနံ့ရင်ခွင်တစ်ခု၏ ဆွဲဖက်ခြင်းကို ခံလိုက်ရ၏။


သူက သူ့ခင်ပွန်း၏ သာယာနာပျော်ဖွယ်အသံကို ကြားလိုက်ရသလိုပင်။


ရှန်ချီဟွမ်းက လေးလံသောအသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား သူ့ကိုလိုက်ပို့စရာမလိုပါဘူး။”


ရှန်းယုဟန်က သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။ “ယောကျာ်း?”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပခုံးပေါ်မှာ သူ့လက်မောင်းကို တင်လိုက်၏။ “အိမ်ပြန်မယ်။”


“အို့၊ အိုကေ” သူက ရှန့်ယွီလင်းကို ရုတ်တရက်တွေးမိသွားပြီး နောက်လှည့်ကာ တာ့တာပြလိုက်၏။ “တတိယအစ်ကို၊ ထပ်တွေ့မယ်နော်။”


ရှန့်ယွီလင်းက တာ့တာပြန်ပြဖို့လုပ်ခါနီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏ သေသေသပ်သပ် ထိန်းကိုင်ခြင်းကို ခံလိုက်ရသည်။ ရှန်ချီဟွမ်းက သူ့ခေါင်းကိုညှိပေးကာ မထိခိုက်မိပဲ ကားပေါ်တက်နိုင်ဖို့ ကူညီပေးလိုက်သည်။ 


သူက ထိုင်ခုံပေါ် တွန်းတင်ခံလိုက်ရစဥ် ရှန်းယုဟန်က သူ့ရှေ့မှာ သူ့ယောကျာ်းနှစ်ယောက်တောင် တွေ့ခဲ့ရသည်။


ရှန်းယုဟန်က သူ့လက်ကို လေပေါ်ယမ်းကာ ပခုံးကိုကျုံ့ပြီး အလန့်တကြားပြောလိုက်သည်။ “ယောကျာ်း၊ ယောကျာ်း! ခင်ဗျားက ဘာလို့နှစ်ယောက်ဖြစ်နေတာလဲ၊ ခင်ဗျားထဲဝင်နေတဲ့ နတ်ဆိုးကိုနှိမ်နှင်းဖို့ တာအိုဘုန်းကြီးကို မြန်မြန်သွားရှာ!

ရှန်ချီဟွမ်းက နှစ်စက္ကန့်လောက် အံ့သြနေပြီး သူ့မျက်နှာပေါ်က နှင်းခဲက တဖြည်းဖြည်းအရည်ပျော်ကာ ပျောက်ကွယ်သွားသည်။


သူက အသံတိုးတိုးလေးဖြင့် တစ်ခုခုကို ရေရွတ်လိုက်၏။ “အမူးသမား”