Chapter 67.1
Viewers 23k

Chapter 67.1



“သူ့ပုံကိုဆွဲခြင်း”


အမူးသမားရှန်းယုဟန်ကို ရှန်ချီဟွမ်းက ဘေးကင်းကင်း အိမ်ပြန်ပို့ဆောင်ခဲ့ပြီး သူကားပေါ်ကဆင်းလာချိန်မှာ အရက်နံ့က မပျောက်သေးပဲ သူက မူးနေသောအခြအနေအတိုင်း ရှန်ချီဟွမ်းကို မှီလိုက်သည်။


ပုံမှန်ဆို အပြုအမူအလွန်ကောင်းသည့် လူတစ်ယောက်က မူးနေတဲ့အချိန်မှာ အလှည့်အ​​ပြောင်းအနေနဲ့ ဘာလို့ သီလမရှိရတော့တာလဲ။ ရှန်ချီဟွမ်းက သူ့ကို လက်မောင်းထဲမှာ မထိန်းထားနိုင်တော့သဖြင့် အိမ်ထဲပြန်သယ်သွားပြီး ဆိုဖာပေါ်မှာ ညင်ညင်သာသာတင်လိုက်သည်။


အသယ်ခံလာရသော ရှန်းယုဟန်က ကောင်းကင်နဲ့မြေကြီး ကျွမ်းပြန်နေသလိုခံစားနေရပြီး ခဏလောက် တိတ်ဆိတ်နေခဲ့သည်။



ထိုအချိန်တွင် သူက မတ်မတ်ထိုင်နေပြီး သူ့လက်များကို ဒူးပေါ်တင်ကာ ကျောကိုတည့်မတ်ထားသည်။ သူ့မျက်လုံးများက ရှန်ချီဟွမ်းကို စိုက်ကြည့်နေပြီး ယိမ်းထိုးနေသော သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားနေသည်။ သောက်ထားလို့ သူ့နှုတ်ခမ်းက ဆိုးဆေးတင်ထားသလိုဖြစ်ကာ သူ့မျက်နှာက ပန်းရောင်သန်းနေသည်။ သူက သူ့ဆံပင်ကိုထိလိုက်ပြီး တွဲလောင်းကျနေသော တစ်မျှင်ချင်းစီကို စုစည်းလိုက်၏။ သောက်ပြီး မူးနေတာကို သူသိခဲ့ရင် အရင်ကအရက်သောက်ခဲ့တာနဲ့ မတူတာကို သူတွေ့ရပေမည်။ 



ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်၏။ “ရှန်းယုဟန်၊ မင်းရေချိုးမလား၊ အိပ်ရာတန်းဝင်တော့မလား?”


ရှန်းယုဟန်က သူ့ကိုကြည့်ကာ တင်းမာသောမျက်နှာဖြင့် ရှုတ်ချလိုက်၏။ “မော့ကျူး၊ မင်းကိုရက်အတော်ကြာမတွေ့ရတာနဲ့ ဘယ်လိုတောင် အရိုအသေမဲ့နေရတာလဲ၊ မင်းငါ့ကို ကုန်းဇီ*လို့ခေါ်၊ မင်းက ကုန်းဇီကို နာမည်တပ်ခေါ်ရဲတယ်ပေါ့၊ အမေသာကြားသွားရင် သခင်ကိုမလေးစားတဲ့အတွက် သူမက မင်းကိုအပြစ်ပေးမှာပဲ။ အနည်းဆုံးတော့ မင်းဆယ်ချက်အရိုက်ခံရလိမ့်မယ်!”

(*** ဒီမှာတော့ မြို့စားရဲ့သားကိုခေါ်တဲ့ ဂုဏ်ပုဒ်နာမည်ပါ။)


ရှန်ချီဟွမ်းက ရှေးခတ်ဇာတ်လမ်းတွဲမှ စာသားကိုရွတ်နေသော ရှန်းယုဟန်၏စကားကို အလေးအနက်နားထောင်နေပြီး စိတ်ဆိုးသော်လည်း ရယ်မောမိသည်။ ရယ်စရာကောင်းတာက ရှေးခတ်က အရှိန်အဝါကြီးသော လူချမ်းသာမိသားစုမှ မိန်းကလေးက အစေခံကိုဆုံးမနေတာနဲ့တူပြီး သူ့ကိုစိတ်ဆိုးစေတာက မော့ကျူးဆိုသည့်နာမည်ကို တတိယအကြိမ်ကြားလိုက်ရလို့ဖြစ်၏။ သူ အပြီးတိုင်မေ့ပြီးကာမှ ရုပ်တရက်ထပ်ကြားလိုက်ရပြီး အခုတော့ သူက သိချင်နေမိသည်။ ဒီလူကဘယ်သူလဲ?


ရှန်းယုဟန်၏မိသားစုက ရှန်မိသားစုလို သိပ်အဆင်မပြေပဲ သူတို့က လူလတ်တန်းစားမိသားစုသာဖြစ်ပြီး ဒရိုက်ဘာနှင့် ကလေးထိန်းရှိသည့် အဆင့်သို့မရောက်ပဲ အရာအားလုံးကို သူကိုယ်တိုင်သာလုပ်ရသည်။ နာနီမဖြစ်နိုင်သလို ကစားဖော်လည်းမဖြစ်နိုင်ဘူး။ ဒါဆို အိမ်မွေးတိရစ္ဆာန်တွေပဲရှိတော့တယ်။ သူတစ်ယောက်တည်းရှိတဲ့အချိန် အိမ်မှာ အိမ်မွေးတိရစ္ဆာန်နဲ့ကစားတာ ဖြစ်နိုင်ပါ့မလား?



သူတို့လက်ထပ်သောနေ့မှာ အိပ်ပျော်နေစဥ် ​မော့ကျူးကိုယောင်ခဲ့သည်။ ခွေးတွေကြောင်တွေက သူတို့သခင်အိပ်နေတဲ့အချိန် သခင်၏မျက်နှာကို လျက်လေ့ရှိသည်။ ထိုအကြောင်းကိုစဥ်းစားမိတော့ သူ့ထင်မြင်ချက်က သင့်လျော်တယ်လို့ ခံစားမိပြီး ရှန်ချီဟွမ်းက စိတ်သက်သာရာရသွားသည်။

ရှန်ချီဟွမ်းက သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး တမင်တကာမေးလိုက်သည်။ “ဒါဆို ငါမင်းကို ရှန်းယုဟန်လို့ပဲ ခေါ်ချင်ရင်ရော?”

ရှန်းယုဟန်က ယောင်ဝါးဝါးပြောလိုက်သည်။ “ဒါဆို ငါမင်းကို တံခါးစောင့်ရဲ့သားအတွက် ကိုယ်လုပ်တော်အဖြစ် ပေးလိုက်မယ်။ သူ့သားက ယာမန်မှာ ခရီးသွားအဖြစ် အလုပ်လုပ်တာ။ ကြိမ်ဒဏ်ပေးတဲ့နေရာမှာ အတော်ဆုံးပဲ။ သူ့သားက မူးလာရင် သူ့ချွေးမကိုရိုက်တယ်လို့ ကြားဖူးတယ်။ မင်းငါ့ကို ကုန်းဇီလို့သေချာမခေါ်ရင် ငါမင်းကိုလက်ထပ်ပေးလိုက်မှာ။”

ရှန်ချီဟွမ်းက အစေခံမိန်းကလေးကို ပေါ်တင်လက်ထပ်ပေးဖို့ စီစဥ်နေသော ရှန်းယုဟန်၏စကားကိုကြားတော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက ရှန်းယုဟန်ကို တမင်တကာစလိုက်သည်။ “ဒါဆို ကုန်းဇီက လက်ထပ်ပြီးပြီလား?”


ရှန်းယုဟန်က သက်ပြင်းချကာ သူ့ကိုကြည့်လိုက်သည်။ “မင်းမရှက်ဘူးလား၊ မင်းက အနာကို ဘာလို့လာဆွတာလဲ၊ မသိရင် မင်းရဲ့ကုန်းဇီက အိမ်ထောင်ပြုဖို့ ကိုယ်တိုင်ဆုံးဖြတ်လို့ရသလိုပဲ….” သူက ထိုအ​ကြောင်းပြောတော့ ခဏရပ်ကာ သက်ပြင်းချလိုက်ပြန်သည်။ “အလိုလေး၊ ငါက ချူတိုင်းပြည်ဘုရင်နဲ့ ရက်အနည်းငယ်မှာ လက်ထပ်ရတော့မှာပဲ” ပြောပြီးသည်နှင့် ရှန်းယုဟန်၏ မျက်လုံးများက နီရဲလာသည်။ 

ရှန်ချီဟွမ်းက အနာဆိုသည့်အချက်ကိုစီစစ်နေသည်။ ချူတိုင်းပြည်ရဲ့ဘုရင်ကို လက်ထပ်ရမယ်လို့ ပြောတဲ့အချိန် ဘယ်အနာကိုထိသွားတာလဲ… သူက ချူတိုင်းပြည်ရဲ့ ဘုရင်တော့ မဖြစ်နိုင်ဘူးမလား? သူ့ကို အိမ်ထောင်ပြုဖို့ လျာထားတာလား? သူ့ကိုလက်ထပ်တာအကျိုးမရှိလို့လား?


ရှန်ချီဟွမ်းက မကြုံစဖူး စိတ်ရှည်နေသည်။ “ကုန်းဇီ၊ ချုတိုင်းပြည်ရဲ့ ဘုရင်က ဘယ်လိုပုံစံလဲ?”


ရှန်းယုဟန်က သူ့မျက်လုံး​ထောင့်မှ မျက်ရည်ကိုသုတ်ဖို့ လက်မြှောက်လိုက်၏။ “ချူတိုင်းပြည်ရဲ့ဘုရင်က အသက်ခုနှစ်ဆယ်အရွယ် ရုပ်ဆိုးတယ်လို့ ကြားဖူးတယ်။ သူက ရက်စက်ပြီးတော့ အလှလေးသုံး​​ထောင်ပြည့်နေတဲ့ အနောက်ဆောင်လည်းရှိတယ်။ ငါသူ့ကိုလက်ထပ်ရင် ငါလည်း သူတို့ထဲကတစ်ယောက်ဖြစ်လာမှာပဲ။ ပြီးတော့ အေးစက်တဲ့နန်းတော်မှာ အသက်ကြီးပြီး သေသွားတာလည်း ဖြစ်နိုင်တယ်။”


ရှန်ချီဟွမ်းက သက်ပြင်းချကာ အသက်ခုနှစ်ဆယ်အရွယ်က သူတော့မဖြစ်နိုင်ပေ။ ဒါပေမယ့် သူ့ဇနီးက ပြဇာတ်ထဲ ဘာလို့အဲ့လောက်နစ်ဝင်နေတာလဲ… မျက်ရည်က အတုလား အစစ်လား?


“ချူတိုင်းပြည်ရဲ့ဘုရင်နဲ့ ဘယ်တော့လက်ထပ်မှာလဲ?”

ရှန်းယုဟန်က ရုတ်တရက်ငိုတာရပ်ပြီး ရှန်ချီဟွမ်းကို စိုက်ကြည့်နေသည်။


အာဟုတ်တယ်၊ သူမြို့တော်ကထွက်လာတော့ ဓားမြတွေနဲ့တွေ့ခဲ့တယ်။ ပြီးတော့ သူလက်ထပ်လိုက်ရပေမယ့် အိမ်ပြန်လို့မရတော့ဘူး!


ရှန်းယုဟန်က ငါးစက္ကန့်လောက်ရပ်လိုက်ပြီး မျက်ရည်ဆက်တိုက်ကျဆင်းလျက် သည်းထန်စွာ ငိုကြွေးခဲ့သည်။ “ဟင့်၊ ဟင့်၊ ဟင့်… ကျွန်တော်အိမ်ပြန်ချင်တယ်!”



ထိုမှသာ ရှန်ချီဟွမ်းက သူအိမ်ကိုလွမ်းနေမှန်းသိသွားသဖြင့် သူ့ကိုမရှုပ်တော့ပဲ ဆိုဖာပေါ်မှာထိုင်ကာ လက်မောင်းထဲဆွဲသွင်းလိုက်သည်။



သူက အသာအယာချော့လိုက်၏။ “မင်းအိမ်က ဒီမှာလေ၊ ဒါကမင်းရဲ့အိမ်ပဲ၊ တခြားဘယ်နေရာကို ပြန်ချင်လို့လဲ?”


ရှန်းယုဟန်က ရှန်ချွီဟွမ်းကို ပြန်ဖက်ကာ ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ပြန်လို့မရတော့ဘူး။ ကျွန်တော့်အဖေ၊အမေနဲ့ အစ်ကိုတွေကိုလည်း တွေ့လို့မရတော့ဘူး… ဟင့်..ဟင့်…ဟင်… ကျွန်တော့်ခင်ပွန်းကလည်း ကျွန်တော်တတိယအစ်ကိုကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခွင့်မပြုဘူး။”


ရှန်ချီဟွမ်းက သူ့နောက်ကျောကို အသာအယာပုတ်ပေးလိုက်သည်။ “ဘယ်အချိန်က ဖိတ်ခွင့်မပြုလို့လဲ….ဘယ်တတိယအစ်ကိုလဲ?”


ရှန်းယုဟန်၏စကားများက မူးလို့​ပြောနေတာဖြစ်သော်လည်း သူ့အတွေးကရှင်းပြီး သူက ဆွေမျိုးများကို ဖော်ပြသောအသုံးအနှုန်းက တိကျသည်။ “တတိယအစ်ကိုက တတိယအစ်ကိုပေါ့၊ ကျွန်တော့်တတိယအစ်ကို၊ ခင်ဗျားရဲ့တတိယယောက်ဖ၊ အရှင်ခင်ပွန်း…ခင်ဗျားကအရမ်းတုံးတာပဲ၊ ခင်ဗျားအရိုက်ခံသင့်တယ်!”


ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကိုယ်ကတုံးပါတယ်။ ကိုယ့်ရဲ့ကုန်းဇီလေးက အရမ်းထက်မြက်တယ်၊ ဒါပေမယ့် အခုအိပ်ဖို့အချိန်ကျပြီ” ရှန်ချီဟွမ်းက ရင်ထဲမှာပြောလိုက်သည်။ အခုတော့ သူ့ယောကျာ်းကို မှတ်မိသွားပြီပေါ့၊ အခုလေးတင် သူ့ကိုခေါ်တိုင်း မော့ကျူးလို့သုံးပြီး မိသားစုရဲ့အိမ်မွေးတိရစ္ဆာန်လို ဆက်ဆံခဲ့တာလေ။



“ဟုတ်တယ်၊ အနားယူဖို့အချိန်ကျပြီ မဟုတ်ရင် ချီတိုင်းပြည်ရဲ့ နံပါတ်တစ်ကော ရာထူးကိုထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။”

ရှန်ချီဟွမ်းက သူပြောနေတာကိုနားမလည်ပေ။ ဘာကောလဲ…ဘာချီတိုင်းပြည်လဲ… သူသမိုင်းဇာတ်လမ်းတွဲတွေ အများကြီးကြည့်နေတာလား တွေးနေမိသည်။ သူ့စိတ်က ရှုပ်ထွေးနေပေမယ့် သူ သေချာသရုပ်ဆောင်နေပုံက ချစ်ဖို့ကောင်းလွန်းသည်။


ရှန်းယုဟန်က ငိုပြီးပင်ပန်းသွားကာ ရှန်ချီဟွမ်း၏ ရင်ခွင်ထဲမှာ အိပ်ပျော်သွားပြီး နေ့တစ်ဝက်ဒုက္ခခံပြီးနောက် သူပင်ပန်းနေရုံမကပဲ ရှန်ချီဟွမ်းကလည်း ပင်ပန်းသွားခဲ့သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဧည့်ခန်းထဲမှာ ပစ်မချခဲ့ပဲ သူ့ကိုမတ်မတ်ရပ်နိုင်အောင် ထိန်းပေးပြီး အလျားလိုက်ပွေ့ချီလိုက်တော့ အတော်လေးပေါ့နေသည်။ သူဒီအတောအတွင်း ဘာမှမစားခဲ့ဘူးလား?


သူက ပြန်စဥ်းစားကြည့်တော့ သူတို့နှစ်ယောက် လတ်တလော ညစာအတူမစားဖြစ်ကြပဲ ထိုသည်မှာ သူ၏ပေါ့ဆမှုသာဖြစ်သည်။


ရှန်းယုဟန်ခေါ်ခဲ့သော တတိယအစ်ကိုကတော့ သူမနက်ဖြန် ရှင်းရှင်းလင်းလင်း မေးရမည်။ ရှန်းယုဟန်က သူ့ကိုအကိုလို့ တစ်ခါမှမခေါ်ဖူးလို့ သူ့ရင်ထဲမှာချဥ်စူးနေသည်။



နောက်တစ်နေ့တွင်။


ရှန်းယုဟန်​က သူ၏သက်မဲ့ယန္တရားစနစ်**ကြောင့် နိုးလာပြီး သူက မနေ့ကအတွင်းခံကို ဝတ်ထားဆဲဖြစ်ကာ စောင်ထဲမှာ ပြင်းထန်သောအရက်နံ့ရှိနေပြီး အိပ်ရာပေါ်ပြန်လဲကျလုမတတ် အရမ်းနံသည်။ 

(Alarm မလိုပဲ အလိုအလျောက်နိုးလာတဲ့အကျင့်ကို ပြောတာပါ)


သူမနေ့ညက ဒီတိုင်းအိပ်ပျော်သွားခဲ့တယ်!


သူအိမ်ဘယ်လိုရောက်လာတာလဲ? သူ့ခင်ပွန်းက သူ့ကို လာကြိုခဲ့တာဆိုပေမယ့် အဲဒီနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး!


သူက အဆီပြန်နေသောခေါင်းကိုကုတ်လိုက်သည်။ ရှန်းယုဟန်က ရေအရင်သွားချိုးဖို့ ဆုံးဖြတ်လိုက်ပြီး သူက သန့်ရှင်းမှုကို သဘောကျသောကောဖြစ်သည်။ ဤသည်မှာ သူ့ခင်ပွန်းနဲ့အတူ ရှုပ်ပွနေအောင် အိပ်ခဲ့သည့် ပထမဆုံးအကြိမ််ဖြစ်ပြီး သူ့ခင်ပွန်းက စိတ်ဆိုးနေမလားမသိပေ။ ထိုအကြောင်းတွေးလိုက်တော့ သူရေချိူးနေသောအရှိန်ကို မြှင့်လိုက်သည်။



ရှန်းယုဟန်က သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ဆင်းလာတော့ အပေါ်ထပ်တက်ဖို့လုပ်နေသော ရှန်ချီဟွမ်းကို တွေ့လိုက်ရသည်။ ရှန်းယုဟန်က သူအလုပ်သွားပြီလို့တောင် ထင်နေတာဖြစ်၏။


သူက လှေကားလက်ရန်းကိုကိုင်ကာ သူ့ခင်ပွန်းကို ငုံ့ကြည့်လိုက်သည်။ “ယောကျာ်း၊ ဒီနေ့ဘာလို့စောစောနိုးနေတာလဲ?” ပုံမှန်ဆိုရင် သူ့ခင်ပွန်းက အိပ်ရာပေါ်မှာ အပျင်းထူတတ်သည်။


“အိပ်ရာပေါ်မှာ အမူသမားရှိနေလို့လေ၊ အဲ့ဒီအမူးသမားက ကန်ချခဲ့တာ။” ရှန်ချီဟွမ်းက သူ့ကိုအပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းဆီသွားကာ သူ့ရှေ့တစ်ထစ်မှာ ရပ်ပြီး သူ့ကိုတပြေးညီကြည့်လိုက်သည်။ “အမူးသမားမရှိပါဘူး။” သူအသတ်ခံရရင်တောင်  အမူးသမားဆိုတာကို ဝန်မခံဘူး။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ခါးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အောက်လှေကားတစ်ထစ်ကို အလွယ်တကူချပေးလိုက်သည်။ ရှန်းယုဟန်က သူ့ကြောင့်လန့်သွားလေသည်။



ကြမ်းပြင်ပေါ်ချခံလိုက်ရပြီး ရှန်းယုဟန်က တောင့်တင်းသော သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို လန့်​သေအောင်လုပ်နေတာပဲ”


ရှန်ချီဟွမ်းက သူ့နောက်ကျောကို ဆွဲဖျစ်လိုက်သည်။ “မနက်စာမြန်မြန်သွားစား၊ မင်းဒီနေ့ဘာလုပ်ရမလဲမမှတ်မိဘူးလား?”


သူမနက်နိုးလာတော့ သူ့စိိတ်က ‘မူးပြီးနောက်ဘာဖြစ်သွားလဲ' ‘ယောကျာ်းဒေါသထွက်နေလား’ ‘အရမ်းရှက်ဖို့ကောင်းတာပဲ’ ‘အစွန်းအထင်းဖြစ်သွားပြီ’ စသဖြင့် မေးခွန်းများနှင့် ပြည့်နှက်နေပြီး ရှန်းယုဟန်က သူ့မှာအရေးကြီးလုပ်စရာရှိတာတောင် မမှတ်မိပေ။


သူက သူ့ခေါင်းသူရိုက်လိုက်သည်။ “ဟုတ်သား! ကျွန်တော်ပန်းချီပြပွဲသွားရမှာ!” 


မနက်စာစားပြီးတော့ ရှန်ချီဟွမ်းက သူနဲ့အတူထွက်သွားသည်။

ရှန်းယုဟန်က သူကုမ္ပဏီသွားမှာ​ဖြစ်ပြီး ပန်းချီပြပွဲမသွားဘူးလို့ ထင်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားကျွန်တော်နဲ့မလိုက်ဘူးလား?”


ရှန်ချီဟွမ်းက ကားဂိုဒေါင်ကိုဖွင့်ပြီး ပြိုင်ကားတစ်စီးကို ရွေးချယ်လိုက်သည်။ “ဒီနေ့အဆင်ပြေတယ်။ သွား​ကြမယ်။”


“ခင်ဗျားဒီနေ့ ဒီကားကိုမောင်းမှာလား?” ရှန်းယုဟန်က ယခုဆိုရင် အိမ်က ကား၏စျေးနှုန်းကို ပြောနိုင်ပြီး ဒီနေ့ကားလိုမျိုး ကားအတိုလေးက စျေးကြီးပြီး သူစီးနေကျ ကားအနိမ့်က စျေးပိုပေါသည်။


“အွန်း၊ ကျန်းမြို့မှာ ဒီကားကိုပိုင်တာ ငါတစ်ယောက်တည်းပဲရှိတာ။” ရှန်ချီဟွမ်းက မသိမသာကြွားလိုက်သည်။


ရှန်ချီဟွမ်းက ပန်းချီပြပွဲကျင်းပနေသော အခမ်းအနားတစ်လျှောက် ကားကို​မောင်းဝင်လာပြီး ရှန်းယုဟန် ကားပေါ်ကဆင်းခါနီး ရှန်ချီဟွမ်းက သူ့ကိုပြန်ဆွဲထားသည်။


“ငါ့ကိုမစောင့်ပဲ တစ်ယောက်တည်းဆင်းမလို့လား?”



“ခင်ဗျားအလုပ်သွားစရာမလိုဘူးလား?”


“ငါဒီနေ့အလုပ်သွားရမယ်လို့ ဘယ်သူပြောလဲ၊ ငါက ပြပွဲကိုကြည့်ဖို့လာတာလေ၊ လာလို့မရဘူးလား?” ရှန်ချီဟွမ်းက သူ့ကိုအဖော်လိုက်ပေးမယ်လို့ ကတိပေးထားသဖြင့် ကတိအတိုင်းလုပ်ခဲ့သည်။


ရှန်းယုဟန်က စိတ်ပျက်နေသောအခြေအနေမှ တိတ်တဆိတ်ရုန်းထွက်နေဆဲဖြစ်ပေမယ့် ရှန်ချီဟွမ်းက သူ့ကို အဖော်ပြုပေးမယ်လို့ ပြောလာတော့ သူက ဝမ်းသာအားရ တက်ကြရွှင်မြူးသွားလေသည်။