Chapter 67.2
“သူ့ပုံကိုဆွဲခြင်း”
ပန်းချီပြပွဲက မနက်ဆယ်နာရီတွင် စတင်သည်။
ပန်းချီပြပွဲက မစခင် တစ်ပတ်အလိုတည်းက သက်ဝင်လှုပ်ရှားနေခဲ့တာဖြစ်ပြီး နာမည်ကြီးပန်းချီဆရာဆယ့်ရှစ်ယောက်က ပါဝင်ကြသည်။ ထိုထဲတွင် ကျော်ကြားသော တရုတ်ရိုးရာပန်ချီဆရာများနှင့်အတူ ခင်းကျင်းပြသထားသော ပန်းချီကား၏ပိုင်ရှင် တက်သစ်စကြယ်ပွင့် ရှန်းယုဟန်လည်းပါသည်။
တရားဝင်ပြပွဲက ဆယ်နာရီမှာစဖွင့်ပြီး ပထမဆုံးရောက်လာသော သူငယ်ချင်းတစ်စုနှင့် ဆွေမျိုးများမှာ ပန်းချီဆရာများက ဖိတ်ခဲ့တာဖြစ်သည်။
နာမည်ကြီးပန်းချီဆရာအားလုံးက အသက်ကြီးရင့်ကြပြီး သူတို့သူငယ်ချင်းအများစုက သက်တူရွယ်တူဖြစ်၏။
ပြပွဲမစခင် နာရီဝက်အလိုမှာ လူအဝင်အထွက် စတင်မြှင့်တက်လာသည်။
တခြားသောပန်းချီဆရာများက သူတို့၏သူငယ်ချင်းနှင့် ဆွေမျိုးများကို ဖိတ်ထားပြီီး ရှန်းယုဟန်ကလည်း ဝီချက်က သူ့သူငယ်ချင်းများကို ဖိတ်ထားပေမယ့် ဘယ်သူတွေလာကြမလဲမသိပေ။
ရှန့်ယွီလင်းက ဤအနုပညာပြပွဲ၏တာဝန်ခံဖြစ်၍ သူကလည်း အခမ်းအနားမှာရှိသည်။ သူက မနက်ခင်းမှာ လူပိုများလာမယ်လို့ မျှော်လင့်ခဲ့ပြီးသားဖြစ်သော်လည်း လူပြည့်နေရုံမကပဲ အပြင်မှာ ပါကင်ထိုးထားသည့် ဇိမ်ခံကားတစ်စီးရှိမယ်လို့ မမျှော်လင့်ထားပေ။ ထိုသည်မှာ အကန့်အသတ်နှင့်ထုတ်ဝေသော ကားဖြစ်ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ စီးလာသော ကားဆိုတာကိုသိခဲ့သည်။ ဒါပေမယ့် ကျန်တဲ့ကားတွေကရော?
ပြီးတော့ အခမ်းအနားမှာ ရင်းနှီးတဲ့သူတွေ ဘာလို့အဲ့လောက်များနေတာလဲ၊ သူမူးနေလို့များလား?
ရှန်းယုဟန်ကို ပထမဆုံးလာရှာသောလူက သခင်ကြီးကျန်းဖြစ်ပြီး သူက သူ့လက်ထဲက လက်မှတ်ကိုယမ်းပြကာ ပြုံးလိုက်သည်။ “ဒါက ရှောင်ရှန်းရဲ့ကိုယ်ပိုင်လက်ရာတွေကို ပြသတဲ့ ပထဆုံးအကြိမ်ပဲဆိုတော့ အန်ကယ်က မင်းကိုအားပေးမယ်။”
ရှန်းယုဟန်က အတန်ငယ်အံ့သြနေသည်။ “ကျေးဇူးပါ၊အန်ကယ်”
ထို့နောက် ရှန်းယုဟန်နှင့် အော်ပရာဟောက်စ်မှာတွေ့ခဲ့သော အန်ကယ်တို့လည်းလာခဲ့သည်။ သူတို့က သူတို့လတ်မှတ်သူတို့ဝယ်ကာ ဝင်လာကြပြီး ရှန်းယုဟန်ကိုတွေ့တော့ သူတို့မှာ ပြောစရာစကားများ ရှိနေခဲ့သည်။
နောက်တော့ ဝမ်းယိုဂရု၏ မန်ဘာတစ်ယောက်ဖြစ်သော အရပ်ရှည်ရှည် လူချောလေးတစ်ယောက်က လူငယ်တစ်ခုကို ဦးဆောင်ခေါ်လာခဲ့ပြီး သူတို့က ရှန်းယုဟန်ကိုအားပေးဖို့ တကူးတကလာခဲ့တာပင်။
အတွေ့အကြုံဗဟုသုတပြည့်ဝပြီး အလွှာပေါင်းစုံမှလူများနှင့်ရင်းနှီးသော ရှန့်ယွီလင်းက ထိုအခိုက်အတန့်မှာ ပြောစရာစကားမရှိဖြစ်နေသည်။ သူက မြင်ကွင်းများစွာကိုတွေ့ဖူးသော်လည်း အံ့အားသင့်နေဆဲဖြစ်၏။ သူကျင်းပနေတာ တရုတ်ပန်းချီပြပွဲပါ၊ အထက်တန်းလွှာအတွက် ဧည့်ခံပွဲမဟုတ်ဘူး………
သို့သော် ရှန်းယုဟန်ဘေးမှာရပ်နေသော ရှန်ချီဟွမ်းက သူတို့နှစ်ယောက်က ယခုချိန်မှာ မင်္ဂလာဆောင်နေတာဖြစ်ပြီး ဧည့်သည်များကိုကြိုဆိုဖို့ ဧည့်ခံပွဲကျင်းပနေသည်ဟု ခံစားမိခဲ့သည်။
သူက ရှန်းယုဟန်ကို ဒီအတွေးပြောပြလိုက်၏။ “ငါတို့နောက်တစ်ကြိမ်လက်ထပ်နေရသလိုပဲ၊ ငါတို့ရဲ့ဧည့်သည်တွေကို ဧည့်ခံနေတယ်လို့ ခံစားမိလား?”
ထိုစကားကြားတော့ ရှန်းယုဟန်က သူတို့လက်ထပ်ပွဲကို ပြန်တွေးလိုက်သည်။ သူတို့နှစ်ယောက်ကြည့်ရတာ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ရပ်နေတာနဲ့တူပြီး ယခုချိန်မှာ လူတိုင်းက သူတို့ကို နှုတ်ဆက်ဖို့လာတော့ ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပူနွေးသွားသည်။ “ဘယ်နေရာတူလို့လဲ?”
သူတစ်ခုခုပြောခါနီးမှာ လျှိုထန်၏မျက်နှာကပေါ်လာပြီး သူက သူနဲ့အတူ လူအများကြီးကိုလည်းခေါ်လာကာ သူတို့အားလုံးက သူတို့လက်မှတ် သူတို့ဝယ်ခဲ့ကြတာဖြစ်၏။
ဆယ်နာရီလေးဆယ့်ငါးတွင် ရှန့်ယွီလင်းက ရှန်းယုဟန်ကို နှုတ်ဆက်ဖို့ ပန်းချီစားပွဲကိုလာခဲ့သည်။
သူရောက်မလာခင် ပန်းချီစားပွဲနားမှာ လူတွေပြည့်နေသည်။
ရှေ့တန်းရပ်နေသောလူတွေက ရင်းနှီးသောမျက်နှာများဖြစ်ပြီး နောက်တန်းမှာထိုင်နေသော လူတွေက သူမသိသော လူငယ်တွေဖြစ်ပေမယ့် သူတို့အားလုံးက မျှော်လင့်ချက်ပြည့်နေပုံရသည်။
ထိုအချိန်တွင် ရှန်းယုဟန်က အလွန်စိတ်လှုပ်ရှားနေသည်။ အတိတ်မှာ အားလုံးက ဖြတ်သွားဖြတ်လာများဖြစ်ပြီး မရပ်ကြပေမယ့် ယခုချိန်မှာ လူတိုင်းက သူ့အတွက်လာတာဖြစ်၏။ သူ့ရင်ထဲမှာ စိတ်ကျေနပ်မှုကို ခံစားရပေမယ့် သူက စိတ်လည်းလှုပ်ရှားနေခဲ့သည်။
ရှန်ချီဟွမ်းက သူ့အတွက် လည်စည်းပုဝါဆွဲပေးလိုက်၏။ “စိတ်လှုပ်ရှားနေရင် လည်စည်းပုဝါကို နှာခေါင်းအောက်မှာဆွဲထား”
“အွန်း” မျက်နှာတစ်ဝက်ကိုဖုံးနေသော လည်စည်းပုဝါကြောင့် ရှန်းယုဟန်က စိတ်လှုပ်ရှားတာသက်သာသွားပြီး သူ့ခင်ပွန်း၏နည်းလမ်းက အတော်လေးထိရောက်သည်။.
ရှန်ချီဟွမ်းက သူ့ကိုတွန်းပိို့လိုက်သည်။ “သွားတော့၊ ငါဒီမှာရပ်ပြီး မင်းကိုစောင့်နေမယ်။”
ရှန်းယုဟန်က သူ့လက်နှစ်ဖက်ကိုပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါဆိုသွားတော့မယ်။”
သူက သူ့ကိုယ်ပိုင်စင်မြင့်ပေါ်ကို လျှောက်သွားသောအခါ အောက်မှလက်ခုပ်သံများကို ကြားလိုက်ရသည်။
ရှန်းယုဟန်က သူတို့ကို ဦးညွတ်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုက်သည်။ သူက သက်ပြင်းရှူထုတ်ကာ မနီးမဝေးမှာရပ်နေသော ရှန်ချီဟွမ်းကိုကြည့်လိုက်ပြီး စုတ်တံကို ကောက်ကိုင်လိုက်သည်။
သူဒီကိုမလာခင်တည်းက သူဘာဆွဲချင်လဲသိခဲ့တာဖြစ်သည်။
သူက သူ့ရင်ထဲမှာ နစ်မြှပ်ထားသော လူတစ်ယောက်၏ပုံကိုဆွဲချင်သည်။
ဒီနေ့မှာ သူက လူတစ်ယောက်၏ ပန်းချီကိုဆွဲတော့မည်။
ရှန်းယုဟန်၏ ပန်းချီဆွဲနေသော လုပ်ငန်းစဥ်တစ်ခုလုံးကို ကြီးမားသောဖန်သားပြင်ပေါ်မှာ ပြသမှာဖြစ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဂုဏ်သတင်းရှိသော ရှန့်ယွီလင်းက နေရာမှာတင် ရှန်းယုဟန်၏ပန်းချီကားကို အပြည့်အဝရှင်းပြခဲ့သည်။
ကြည့်ရှူသူများက လူတစ်ယောက်၏ပုံဖော်ရန် စုတ်တံအသုံးပြုနေသော ရှန်းယုဟန်ကို ကြည့်နေသည်။ ဆံပင်တို၊ ချွန်ထက်သောမေးရိုးနှင့် မျက်နှာ၊ ထို့နောက် မြင့်မားသောနှာတံ၊ ထက်မြက်သောမျက်လုံးတစ်စုံ၊ စေ့စေ့ပိတ်ထားသောပါးစပ်၊ လည်ပင်းနှင့်တောင့်တင်းသော ပခုံး……….
ထိုပုံကို ကြည့်ရှုသူများအား ဖြည်းဖြည်းချင်းပြခဲ့သည်။ သူက စဥ်းစားစရာမလိုသလို လူပုံကိုကိုးကားဖို့ ဓာတ်ပုံသုံးစရာလည်း မလိုပေ။ သူက တစ်ကြိမ်တည်းနဲ့ တစ်ချက်ချင်းစီကို ချောချောမွေ့မွေ့ဆွဲနေသည်။
အစပိုင်းမှာ လူပုံ၏အပေါ်ပိုင်းကို အကြမ်းထည်ဆွဲထားခဲ့သည်။ ထို့နောက် ပခုံးအောက်ပိုင်း အစိတ်အပိုင်းများဖြစ်သည့် လက်မောင်းနှင့် အဝတ်အစားကို စတင်ရေးဆွဲခဲ့သည်။
ရှန်းယုဟန်က ထိုပုံ၏မျက််နှာကို ရေးဆွဲနေသည့် အခိုက်အတန့်မှာ လူတိုင်းက ဘေးမှာရပ်နေသော ရှန်ချီဟွမ်းကို တဖြည်းဖြည်း အာရုံစိုက်လာကြသည်။
ကွက်ကွင်းကွင်းကွင်းဖြစ်၏။ ယင်းမှာ ရှန်ချီဟွမ်းကိုဆွဲနေသော ပန်းချီဖြစ်၏!
ဘယ်လောက်ပွင့်လင်းပါစေ ထိုသည်မှာ သင့်လျော်သောကိစ္စသာဖြစ်ပြီး အဓိပ္ပါယ်အရမ်းရှိသည်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက ဂုဏ်ပြုခံလိုက်ရပြီး တစ်ချိန်တည်းမှာ သူ့နှလုံးသားက စိတ်လှုပ်ရှားနေသည်။ သူက လှုပ်ရှားမှုမရှိပဲ လက်သီးကိုတင်းတင်းဆုပ်ထားသည်။ ရှန်းယုဟန်ဆွဲနေတာက ရှေးခတ်လူသားမဟုတ်သလို ခေတ်သစ်ရှုခင်းလည်းမဟုတ်ပဲ သူ့ကိုဆွဲနေခဲ့တာ….. သူ့ပုံ!
ဒါက မြေခွေးလေးရဲ့ နောက်ဆုံးထွက်ဗားရှင်းပဲ! ဘယ်နေရာမှာပဲဖြစ်ဖြစ် သူက သူ့နှလုံးသားကို လုံးဝလက်မလွှတ်ပဲ အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တယ်…
ရှန်ချီဟွမ်းက ပန်းချီကားကို အာရုံစိုက်နေသော ရှန်းယုဟန်ကိုကြည့်ကာ သူ့ဇနီး သူ့ပုံဆွဲနေစဥ် သူက ဂုဏ်ယူစွာ နောက်ကျောကိုမတ်လိုက်သည်။ ရှန်းယုဟန်က ကိုးကားဖို့အတွက် လူပုံကိုကြည့်စရာမလိုတာက သူ့ကို နှလုံးသားထဲမှာ ထည့်ထားတာကို သက်သေပြနေပေမယ့် ရှန်းယုဟန်က သူကိုယ်တိုင်လည်း ရှန်ချီဟွမ်း၏ နှလုံးသားထဲမှာ ထွင်းထုခံထားရတာကို မသိခဲ့ပေ။ ပျိုးခဲ့ပြီးသား အမြစ်နှင့် အဖူးက လှပသောပန်းများကိုပွင့်စေသည်။
နောက်ဆုံးတစ်ချက်ဆွဲပြီးတာနဲ့ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်။
အနီးစပ်ဆုံး သခင်ကြီးကျန်းက ပြုံးပြီးပြောလိုက်သည်။ “ရှောင်ရှန်း..မင်းက ရှောင်ရှန်ကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတာပဲ။ ငါ့အတွက်လည်း နောက်ကျရင် ဆွဲပေးဦး။ ဓာတ်ပုံရိုက်တာနဲ့ယှဥ်ရင် ဒီတစ်ခုက စိတ်ခံစားမှုပိုကောင်းတယ်။ ပြီးတော့ ချိတ်ဆွဲထားပြီး ကိုယ်ကိုယ်ကိုယ်ရူးသွပ်နေလို့ရတယ်။”
ရှန်းယုဟန်က သခင်ကြီးကျန်းပြောတာကိုကြားတော့ ခေါင်းတခြမ်းငုံ့ကာ ပြုံးပြလိုက်သည်။
သူ ရှန်ချီဟွမ်းကို ဆွဲထားတာ လူတိုင်းက ဘယ်လိုသိနေတာလဲ…
ထိုအချိန်မှာ ရှန်ချီဟွမ်းက ရှန့်ယွီလင်းနှင့် ညှိနှိုင်းပြီးသွားခဲ့သည်။ ရှန်းယုဟန်၏ပန်းချီက သူ့အတွက်ပဲ ဖြစ်ရမည်။ ရှန့်ယွီလင်းက ဘာများပြောနိုင်ဦးမှာလဲ.. ခင်ဗျားအပိုင်ပဲ..ခင်ဗျားအပိုင်ပဲတဲ့… ချစ်ခြင်းမေတ္တာကိုပြသခြင်း၏ အမြင့်ဆုံးအဆင့်မှာ ဒီထက်ပိုတာဘာမှမရှိနိုင်တော့ချေ။
လုပ်ငန်းရှင်တစ်ယောက်၏စိတ်ဓာတ်နဲ့ ရှန့်ယွီလင်းက ရှန်းယုဟန်၏ပန်းချီဗီဒီယိုကို ဝေ့ပေါ်မှာတင်ဖို့ လူတွေကိုပြောလိုက်ပြီး ရှန်ချီဟွမ်းကိုလည်း ဝေ့ပေါ်မှာပြန်တင်ဖို့ သတိပေးလိုက်၏။ ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို မဖော်ဖို့ပြောခဲ့သဖြင့် သူက ပြန်ပြင်ပေးခဲ့ရသေးသည်။
ထိုအချိန်တွင် မတ်စ်တပ်ထားပြီး ဦးထုပ်ဆောင်ထားသော အမျိုးသားတစ်ဦးသည် ထောင့်တစ်ခုတွင်ရပ်နေသည်။ သူ့မျက်လုံးများက အရိပ်ထိုးပြထားသော မျက်နှာပြင်ပေါ်ရှိ ပန်းချီကားကို ကြည့်နေပြီး အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။ သူ့နှုတ်ခမ်းသွေးထွက်မလာမချင်း သူ့စိတ်ထဲက ရူးလောက်စရာအတွေးများကို မရပ်တန့်ခဲ့ပေ။
တချိန်က သူက ရှန်းယုဟန်နဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ဖူးတယ်..
တချိန်က ရှန်းယုဟန်က သူအလွယ်တကူရနိုင်တဲ့ လူတစ်ဦးဖြစ်ခဲ့ဖူးတယ်….
တချိန်က သူ့ပန်းချီထဲကလူဖြစ်လာဖို့နဲ့ ဒီနေ့ရဲ့ အာရုံစူးစိုက်မှုဗဟိုဖြစ်လာဖို့အတွက် သူ့မှာ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ဖူးတယ်
ဒါပေမယ့် သူကအရာအားလုံးကိုဖျက်စီးခဲ့တာ၊ သူရှန်းယုဟန်ကိုလွမ်းတယ်၊ ရှန်းယုဟန်နဲ့ဆက်စပ်တာတွေကိုလွမ်းတယ်၊ အရာအားလုံးက ရှန်ချီဟွမ်းအတွက် ပိုစျေးပေါနေတယ်!
အကယ်၍ အကယ်၍များ ရှန်းယုဟန်က သူ့လူဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ!
ရှန်ချီယွင်က သူ့ကံမကောင်းမှုနှင့်နောင်တရမှုကို ပူဆွေးနေပြီး နောက်ဆုံးမှာ တိတ်တဆိတ် လှည့်ထွက်သွားခဲ့သည်။
ပြပွဲ၏ပထမရက်တွင် ရှန်းယုဟန်၏ပန်းချီကားသုံးချပ်လုံး ရောင်းထွက်ခဲ့ပြီး နှစ်ချပ်ကို သူ့အသိအန်ကယ်နှစ်ယောက်က ဝယ်ခဲ့ပြီး နောက်တစ်ချပ်ကတော့ ဘုံပိုင်ရေ**က ဝယ်ခဲ့သည်။ တစ်ဖက်လူက ရှန်းယုဟန်၏ဖန်လို့ အခိုင်အမာပြောပြီး သုံးချပ်မြောက်ပန်းချီကိုဝယ်ဖို့ ငွေအများကြီးသုံးခဲ့သည်။
(***** ဘုံပိုင်ရေဆိုတာ ဖန်တွေကိုခေါ်တဲ့အသုံးအနှုန်းပါ။ ဘုံပိုင်ရေကိုအဆင်ပြေအောင်သုံးရတဲ့ လူတွေရဲ့ပျော်ရွှင်မှုကို ရည်ညွှန်းတာပါ။ သူ့ကို Self Promoter လို့လည်းခေါ်ပါတယ်။ ငွေကြေးသုံးစရာမလိုပဲ ကိုယ့်ကိုလူသိများလာအောင် အောင်မြင်လာအောင်လုပ်ပေးတဲ့ ပရိသတ်တွေကို ဆိုလိုတာပါ။ အားလုံးကတော့ Fans တွေကိုရည်ညွှန်းပါတယ်။)
တခြားသော ပန်းချီဆရာ ဆယ့်ခုနှစ်ယောက်၏ လက်ရာများကလည်း အလွန်ရေးပန်းစားလာခဲ့ပြီး ယင်းမှာ မမျှော်လင့်ထားသောကောင်းချီးဖြစ်၏။
လူအနည်းငယ်သာ ပန်းချီပြပွဲကို လာရောက်ခဲ့သော်လည်း ပန်းချီဆွဲပြီး သူ့ခံစားချက်ကိုဖော်ပြခဲ့သည့် ရှန်းယုဟန်၏ သတင်းပျံ့သွားသောအခါ လူပိုရောက်လာကြသည်။ အနုပညာပါရမီမရှိသော ရှန်ချီရှင်းကလည်း သူ့ကို ဂုဏ်ပြုဖို့ တကူးတကမက်ဆေ့ပို့ခဲ့သည်။
ဤတစ်ကြိမ်တွင် အကျိုးခံစားခဲ့ရသည့် မစ္စတာရှန်ချီဟွမ်းက အိမ်ပြန်ရောက်တော့ ရှန်းယုဟန်ကို ချက်ချင်းပင် ကောင်းကောင်းပြုစုခဲ့တာကြောင့် ရှန်းယုဟန်က နောက်တစ်နေ့တွင် အိပ်ရာမထနိုင်ခဲ့ပေ။
ပြပွဲ၏ဒုတိယနေ့မှာ ရှန်းယုဟန်က ခါးကိုကိုင်ကာ ရှန်ချီဟွမ်းအား မကြင်နာတတ်တဲ့သူဟု မျက်လုံးများဖြင့် စွပ်စွဲခဲ့သည်။ သူ့ကို အဲ့လောက်ထူးဆန်းတဲ့ အနေအထားလုပ်ဖို့ ဘာလို့တောင်းဆိုခဲ့တာလဲ?
ဒီနေ့က စနေဖြစ်၍ ရှန်ချီဟွမ်းက အပြင်မထွက်ချင်တာကြောင့် သူက အလုပ်လုပ်ရန် စာဖတ်ခန်းထဲမှာ နေခဲ့ပြီး ရှန်းယုဟန်ကို သူ့ပေါင်ပေါ်တင်ကာ ခါးကိုနှိပ်ပေးနေသည်။
ရှန်ချီဟွမ်းက ခဏတာ တုံ့ဆိုင်းနေပေမယ့် ပြောလိုက်သေးသည်။ “ငါမင်းကိုပြောစရာရှိတယ်။”
ရှန်းယုဟန်က ဇိမ်ရှိရှိ အနှိပ်ခံနေပြီး နေရောင်လာရာကို မျက်လုံးမှေးထားပြီး ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။ “ဘာလဲ?”
“မင်း မစ်ချီကိုမှတ်မိသေးလား?” ရှန်ချီဟွမ်းက သူ့အားကို ပိုပြင်းလိုက်၏။
ရှန်းယုဟန်က နာနေသောနေရာကို ထိသွား၍ သူ့လက်မောင်းကို ခါယမ်းလိုက်ပြီး ခဏလောက်စဥ်းစားနေသည်။ “မှတ်မိတယ်၊ သူမနဲ့ မစ်ဟွမ်က သူငယ်ချင်းတွေ”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “သူမစေ့စပ်လိုက်ပြီ”
ရှန်းယုဟန်က ခေါင်းလှည့်ကာ မေးလိုက်သည်။ “ဘယ်သူနဲ့လဲ?”
ရှန်ချီဟွမ်းက ကွေ့ဝိုက်မနေချင်သဖြင့် တည့်ပြောလိုက်သည်။ “သူမက ရှန်ချီယွင်ကိုရွေးလိုက်တယ်။”
“ဘာလို့သူလဲ?” ရှန်းယုဟန်က နားမလည်နိုင်ဖြစ်နေသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တင်းတင်းဖက်ထားသည်။ “အွန်း၊ တတိယအိမ်တော်က အာဏာနည်းနည်းပဲရလို့ စိတ်ပူနေကြတာ။ ချီမိသားစုက သူတို့ကိုကူညီပေးနိုင်တယ်။ အဖေက ချီမိသားစုရဲ့အခန်းကဏ္ဍကို ထည့်စဥ်းစားပေးမှာ၊ အမြတ်က ဦးစားပေးပဲ”
ရှုပ်ထွေးပုံရပေမယ့် ကူညီလို့မရပေ။ ၎င်းမှာ အပြန်အလှန်အကျိုးရှိမယ့်ကိစ္စသာဖြစ်၏။
–
အနုပညာပြပွဲပြီးသွားတော့ ရှန်းယုဟန်နှင့် ရှန့်ယွီလင်းကြားက အဆက်အသွယ်နည်းပါးလာပြီး သူတို့ပန််းချီကိုရောင်းပေးဖို့ လူများစွာက သူ့ကို ရှာခဲ့ပေမယ့် ရှန်းယုဟန်၏ ပန်းချီကားများက ‘အရည်အတွက်ထက် အရည်အသွေးကိုဦးစားပေးလို့ ပစ္စည်းတွေက တန်ဖိုးရှိနေတာ’ဟူသော စကားကို အခြေခံထားသဖြင့် ရောင်းကုန်သွားသော ပန်းချီကားသုံးချပ်မှလွဲရင် တခြားဘာမှမရောင်းတော့ပေမယ့် သူက အမြတ်အနည်းငယ်ကိုတော့ ရခဲ့သည်။
ခေတ်သစ်ကသူ့ဘဝသည် လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိနေပြီး သူ့ကို ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းရှိသည့် ခေတ်သစ်လူသားတစ်ယောက်လို့ ယူဆနိုင်ခဲ့လေပြီ။
တစ်ပတ်ကြာတော့ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ရှန်ချီယွင်နှင့် ချီမိသားစု သခင်မလေးတို့၏ စေ့စပ်ပွဲပါတီကို တက်ရောက်ခဲ့ကြသည်။
ရှန်ချီယွင်နှင့် ချီမိသားစု၏သခင်မလေးက အတူရပ်နေကြပြီး လိုက်ဖက်ညီသော စံပြစုံတွဲနှင့်တူနေသည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ရောက်လာတော့ ရှန်ချီယွင်၏အမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။
ရှန်ချီဟွမ်းနှင့် အတူဝင်လာသူမှာ ဒုတိယအိမ်တော်က ရှန်ချီပိုင်ဖြစ်ပြီး သူက ရှန်ထျန်းဖုန်းကြောင့် စောစောလွတ်လာပြီး ဒီကိုရောက်လာခဲ့တာပင်။
လူတိုင်းက ရှန်မိသားစု၏ဒရာမာကို မျက်လုံးထောင့်မှကြည့်ဖို့ ကြိုးစားနေစဥ် ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကိုကိုင်ကာ ထိုင်လိုက်သည်။
တိတ်ဆိတ်နေသောလေထုမှာ တစ်ယောက်ယောက်က စကားပြောလာသည်။ “အရင်တုန်းက အမျိုးသမီးတစ်ယောက်က ရှန်းယုဟန်ကို ရှန်ချီယွင်အတွက်နဲ့ ရေထဲတွန်းချဖူးတယ်မလား?”
မြင်ကွင်းက ခဏလောက်တော့ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။