Chapter 68.1
Viewers 23k

Chapter 68.1


“အင်္ဂလိပ်စာကအရမ်းခက်တာပဲ”


ဒီအချိန်မှာ ပြောရဲဆိုရဲသူက သေဖို့ကောင်းသည်။ အဓိကဇာတ်ကောင်က ဒီနေရာမှာရှိနေသည်။ မင်းရဲ့မိသားစုက ဘယ်လောက်ပဲအာဏာရှိ​ပါစေ…ရှန်မိသားစုနဲ့ ယှဥ်နိုင်မှာတဲ့လား?



ထိုထက်ပိုသည်မှာ ယနေ့က ရှန်မိသားစု၏ အိမ်ဆောက်ဂိမ်းဆော့သည့်နေ့ဖြစ်တာကိုတောင် အချိန်အခါကိုမကြည့်ပဲ ဘယ်ညာဘယ်ညာ အတင်းအဖျင်းပြောနေကြ၏။


သို့သော် မင်းသိရမှာက လူ့သဘာဝက ကောက်ကျစ်သည့်သဘောရှိပြီး တစ်ခုခုကို နှိုးဆွပေးလေလေ လူတွေက ပိုကြားချင်လေဖြစ်ပြီး လူတိုင်းက နားစွင့်ထားကာ မျက်နှာဖြတ်ရိုက်ခြင်းကို စောင့်နေကြသည်။


ဒါပေါ့ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ကြားသွားပြီး ရှန်ချီဟွမ်းက ထိုအမျိုးသားကို​ကြည့်ဖို့ ခေါင်းလှည့်လိုက်ကာ ရှန်းယုဟန်ကလည်း တူညီသောနေရာကို ကြည့်လိုက်၏။


သူ့ခင်ပွန်း၏ပါးစပ်စေ့ပိတ်ထားတာကို တွေ့တော့ ရှန်ချီဟွမ်း ဒေါသထွက်နေတာကို သူသိလိုက်သည်။ ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်ညိုးကို ညင်ညင်သာသာ ချိတ်လိုက်ပြီး ပါးစပ်ဖွင့်ခဲ့သည့် လူငယ်ကိုကြည့်နေသည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့်အတူ ဧည့်ခံပွဲအများကြီးမတက်ဖူးပေ။ သူက ခေတ်သစ်လူသားမဟုတ်တာ​ကြောင့် ရှန်ချီဟွမ်းက သူ့ကိုခေါ်သွားချင်ပေမယ့် သူက ငြင်းဖို့ အကြောင်းပြချက် အမြဲရှာခဲ့ပြီး သူ့ခင်ပွန်းအတွက် ပြဿနာမဖြစ်စေချင်ခဲ့ပေ။ သို့သော် ယခုအချိန်မှာ သူက ခတ်သစ်လူသားတစ်ဝက်လို့ ခံယူလို့ရပြီဖြစ်၍ နေ့စဥ်ဆက်ဆံရေးများကို ပြဿနာမရှိပဲ ကိုင်တွယ်နိုင်သည်။


ပါးစပ်ဖွင့်ခဲ့သောလူငယ်ကလည်း ချမ်းသာပြီး အာဏာရှိသောမိသားစုမှဖြစ်၍ သူက ရှန်ချီဟွမ်းကိုမကြောက်ပေ။ သူက လူချမ်းသာအသိုင်းအဝိုင်းမှာ အတော်လေးနာမည်ကြီးသည်ဟု ယူဆလို့ရသည်။ အ​​ကြောင်းမှာ သူက ဝေ့ပေါ်တွင် တခြားသူများကို မကြာခဏဝေဖန်လေ့ရှိပြီး အချိန်တိုင်းမှာ တ​ခြားသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ထုတ်ဖော်ကာ အင်တာနက်သုံးစွဲသူများ၏ အာရုံစူးစိုက်မှုကိုရဖို့ အပျော်သဘော အသုံးချလေ့ရှိသည်။

သို့သော် သူက လူချမ်းသာအသိုင်းအဝိုင်းကဆိုပေမယ့် သူ့အမေက အငယ်အနှောင်းဖြစ်ပြီး သူကလည်း တရားမဝင်သားဖြစ်တာကို လူတိုင်းသိသည်။ သူ့နောက်ခံကို လူသိရှင်ကြားမထုတ်ဖော်ခင်မှာ သူက ခပ်လျှိုလျှိုနေခဲ့ပြီး မိသားစုထဲမှာ သူ့အဆင့်ကသိပ်မနိမ့်တာ​ကြောင့် သူက ပို၍ မောက်မာစွာပြုမူလေ့ရှိပြီး အချိန်အခါမကြည့်ပဲ ပြောရဲဆိုရဲသည်။ လူအများစုက သူ့မိသားစုမျိုးရိုးကိုကြောက်လို့ ဒေါသမထွက်ရဲကြပဲ သူ့ထုတ်ဖော်ခဲ့သော လူတချို့ကသာ တုံ့ပြန်ခဲ့ကြသည်။ တချို့လူတွေက သူ့နဲ့သီးသန့်စကားပြောခဲ့ပြီး ပြဿနာထပ်မရှာအောင် နည်းအမျိုးမျိုးနဲ့ လိုက်လျောပေးခဲ့ကြသည်။



သူက ဒီနည်းလမ်းဖြင့် အမြတ်ရနေလို့လည်းဖြစ်နိုင်သည်။ မျိုးရိုးနာမည်ဖုန်းနဲ့လူငယ်က ပို၍ကြီးကြီးကျယ်ကျယ် ပြုမူလာခဲ့၏။

ယခုအခါ ရှန်းယုဟန်က ကြားသွားခဲ့သည်။ သူ့ခင်ပွန်းမှာ အဆင့်အတန်းရှိတာကြောင့် သူက ပုံမှန်အတိုင်းဆို ရိုင်းစိုင်းသူတစ်ယောက်နှင့် မငြင်းခုံချင်ပေ။ သို့သော် ရှန်းယုဟန်ကတော့ ငြင်းခုံနိုင်သည်။ သူက အပြင်မှာ သူ့ခင်ပွန်းကို ကိုယ်စားပြုပြီး သူ့ခင်ပွန်း၏အရှက်ကိုလည်း ကယ်တင်ရမည်။ လူတိုင်းက သူ့ခင်ပွန်းကိုလှောင်ပြောင်ဖို့ သူ့ဂုဏ်သိက္ခာကို နင်းချေပြီး အတိတ်ကိုအသုံးချရင် ‘ချီတိုင်းပြည်ရဲ့နံပါတ်တစ်ကော'ဆိုသော ဂုဏ်ပုဒ်က အချည်းနှီးဖြစ်မသွားဘူးလား?


သူက မတ်တပ်ထရပ်ကာ လူငယ်လေးကို ညင်သာသောလေသံဖြင့် ​မေးလိုက်သည်။ “မင်းငါ့အကြောင်းပြောနေတာလား?”


မိသားစုနောက်ခံနဲ့ လူငယ်လေးက အချိန်တော်တော်များများမှာ ပြဿနာရှာခဲ့ပေမယ့် သူတို့အားလုံးက ဟာသတွေဖြစ်ကြ၍ သူက ဒီတစ်ကြိမ်မှာ သံပန်းကိုကန်မိသွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ 



သူက ခုံမှာတင်အေးခဲနေပြီး ခဏလောက် စကားမ​ပြောနိုင်ဖြစ်သွားသည်။



ရှန်းယုဟန်က ရှန်ချီဟွမ်းကိုကြည့်ကာ ပုံမှန်လေသံနှင့်ပြောလိုက်၏။ “ယောကျာ်း၊ ကျွန်တော် အရင်တစ်ခေါက်ရေထဲကျသွားတာ ယောက်ဖနဲ့ဘာဆိုင်လို့လဲ? ကျွန်တော်က မစ်ဟွမ်နဲ့ တချို့ကိစ္စတွေမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ရုံပါ။ ကျွန်တော်တို့ စကားပြောတဲ့ပုံစံက နည်းနည်းရန်စနေသလိုဖြစ်တော့ မတော်တဆမှုဖြစ်သွားခဲ့တာ။ အပြင်မှာ ဒီလိုမျိုး ဘာ​ကြောင့်ပျံ့နေတာလဲ? ဒီနေ့က ယောက်ဖရဲ့စေ့စပ်ပွဲပါတီလေ၊ တခြားဧည့်သည်တွေ ဒီလိုကောလာဟလမျိုးကြားသွားရင် မကောင်းဘူး။ ကျွန်တော်က စိတ်မရှိပေမယ့် မစ်ချီက ကျွန်တော်တို့မိသားစုထဲကို အခုထိမဝင်ရသေးတော့ လက်မထ​ပ်ရသေးတဲ့ စုံတွဲရဲ့ဆက်ဆံရေးကို ဘယ်လောက်တောင် ထိခိုက်သွားနိုင်လဲ?”


ရှန်ချီဟွမ်းက သံယောင်လိုက်သည်။ “အွန်း၊ ကောလာဟလဖြန့်တာက လွယ်ပေမယ့် သူတို့ကို ချေဖျက်ဖို့က တကယ့်နာကျင်မှုပဲ။ ရေထဲကျသွားတာကို ဘာလို့ရေကြီးခွင်ကျယ်လုပ်နေတာလဲ၊ အလိမ်တွေဖန်တီးမယ့်အစား မင်းမှာအချိန်ရှိရင် စာအုပ်များများဖတ်၊ မင်းက ဘယ်မိသားစုကလဲ မေးလို့ရလား?” သူက တုံ့ပြန်ပြီး ချေပလိုသော လူငယ်ကိုကြည့်လိုက်သည်။ 


တစ်ယောက်ယောက်က တွေးနေခဲ့သည်။ ဒီလူကိုမသိတဲ့လူလည်း ရှိသေးတာလား?

ဒါပေမယ့် ဒုတိယအတွေးမှာ ရှန်ချီဟွမ်းက တမင်လုပ်ခဲ့တာဖြစ်ပေမယ့် သူက အဲ့လိုလုပ်လို့ ဝေဖန်ခံမှာမဟုတ်…ဘာပဲဖြစ်ဖြစ် သူက ပြဿနာစရှာခဲ့သူ မဟုတ်ဘူးလေ….

ရှန်ချီဟွမ်းနှင့်ရှန်းယုဟန်က စည်းဝါးကိုက်နေကြပြီး လူငယ်က ဘယ်လောက်အရေထူထူ ရှန်ချီဟွမ်း သူ့ကို ထိုကဲ့သို့ အထင်သေးနေတာကို သည်းမခံနိုင်ပေ။


လူငယ်လေးက ကျည်ဆံကိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတာကြောင့် တောင့်တောင့်ကြီးဖြေလိုက်၏။ “ကျွန်တော်က ဖုန်းမိသားစုကပါ၊ ပြီးတော့ ဖုန်းကျန့်ရှန်းက ကျွန်တော့်အဘိုး” သူက သူ့အ​ဘိုးအိမ်ကထွက်လာပြီး ဖုန်းမိသားစုထဲကို ပြန်ဝင်နိုင်ခဲ့သည်မှာ သူတို့မှာ မြေးတွေမရှိ၍ ဖုန်းမိသားစုက အမွေဆက်ဆံသူလိုတာကြောင့် သူ့အဘိုးကလက်ခံခဲ့တာဖြစ်၏။


သူက ဝေ့ပေါ် မကြာခဏသုံးတာကြောင့် ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့်ပတ်သတ်သော ပို့စ်များတင်လေ့ရှိတာကိုသိပေမယ့် သူက အဲ့ဒါကို ရှန်ချီဟွမ်း၏ ကျော်ကြားအောင်လုပ်နည်းလို့သာ ထင်ခဲ့၏။ ဒီလိုအိမ်ထောင်ရေးအတုမှာ ဒီလူက ခံစားချက်အစစ်ရှိမှန်း ဘယ်သူကသိခဲ့မှာလဲ!



ရှန်းယုဟန်က သူ့သူငယ်ချင်းအန်ကယ်အုပ်စုကြားမှာ ဖုန်းမျိုးရိုးနှင့် လူကြီးလူကောင်းတစ်ယောက်ရှိတာကို သတိရသွားသည်။ သူတို့က ဝီချက်မှာလည်း အက်ဒ်ထားပြီး ပြပွဲနေ့မှာ သူလည်းလာပြီး အများကြီးအားပေးခဲ့သည်။


သူက ဝီချက်ကိုဖွင့်ကာ လူငယ်လေး၏မျက်နှာပုံကို ရိုက်ယူလိုက်ပြီး မစ္စတာဖုန်းကို ဤစာသားနှင့်ပို့လိုက်သည်။ ဒါအန်ကယ့်မြေးလား?


မစ္စတာဖုန်းက ဒီနေ့မှာအားနေပြီး သူက ငှက်စာကျွေးနေသည်။ ထို့နောက် မက်ဆေ့တစ်စောင်ရောက်လာ​တော့ မျက်မှန်တပ်ကာကြည့်လိုက်သည်။ 


အို ရှောင်ရှန်းဆီကစာပဲ။


ဓာတ်ပုံကိုကြည့်ပြီးတော့ သူက ခဏလောက်တိတ်ဆိတ်သွားပြီး ဗီဒီယိုကောခေါ်လိုက်သည်။ ရှန်းယုဟန်က ဖြေလိုက်ပြီး ကင်မရာကို သူနဲ့ရှန်ချီဟွမ်း၏မျက်နှာကို ချိန်ထားသည်။ ဖုန်းကျန့်ရှန်းက သူတို့နောက်မှာ လူအများကြီးရှိနေတာကို တွေ့လိုက်ရသည်။


အန်ကယ်ဖုန်းက နွေးနွေးထွေးထွေး ပြုံးလိုက်သည်။ “ရှောင်ရှန်း၊ ရှောင်ရှန်လည်းရှိနေတာပဲ။ မင်းငါ့မြေးကိုဘာလို့မေးတာလဲ? သူက ငါ့မြေး ဖုန်းယွင်ဟိုင်”



ရှန်းယုဟန်က ပြောလိုက်သည်။ “အန်ကယ်ဖုန်း၊ အဲ့ဒါကဒီလိုပါ၊ ကျွန်တော့်ခင်ပွန်းနဲ့ ကျွန်တော်က ဒီနေ့ဧည့်ခံပွဲမှာ လူငယ်လေးတစ်ယောက်ကိုတွေ့ခဲတယ်။ သူက အန်ကယ့်ရဲ့မြေးပါလို့ပြောနေလို့ အန်ကယ့်ရဲ့မြေးအဖြစ်ဟန်ဆောင်မှာကို စိုးရိမ်လို့ မေးကြည့်လိုက်တာ။ ပိုင်ရွှယ်ကို အစာကျွေးနေတဲ့ အန်ကယ့်ကို နှောင့်ယှက်မိသလို ဖြစ်သွားလား?”ပိုင်ရွှယ်က ဖုန်းကျန့်ရှန်းမွေးထားသော ကြက်တူရွေးဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို Moments မှာ ခဏခဏတင်သည်။ ရှန်းယုဟန်က တစ်ချက်ကြည့်ရုံနဲ့ မှတ်မိပြီး ငှက်ပျိုးထောင်နည်းအတွေ့အကြုံကို ကွန်းမန့်မှာ မျှဝေးခဲ့သေးသည်။


“ကိစ္စမရှိပါဘူး။ အဲ့ဒါက ငါ့မြေး။” အန်ကယ်ဖုန်းက ​ကြားလိုက်တာနဲ့ ဘာဖြစ်နေလဲဆိုတာကို သိသွားသည်။ အဲ့ဒါက အပြင်မှာ ပြဿနာရှာနေတဲ့ သူ့မြေးပဲဖြစ်ရမယ်။


သူစကားပြောနေစဥ် အဖြူရောင်ကြက်တူရွေးတစ်ကောင်က သူ့ပခုံးပေါ်တက်လာပြီး အော်လိုက်သည်။ “ဟယ်လို…ဟယ်လို!”


ရှန်းယုဟန်က ပြန်ဖြေသည်။ “ဟယ်လို၊ ပိုင်ရွှယ်”


စကားပြောနေစဥ် ပိုင်ရွှယ်၏ခေါင်းပေါ်က အမောက်ကခါယမ်းနေသည်။ “ကောင်ချောလေး…ဟယ်လို”


ရှန်းယုဟန်က ညင်ညင်သာသာ ပြုံးပြသည်။ ဤသည်မှာ တစ်ယောက်ယောက်က သူ့ကို ကောင်ချောလေးလို့ခေါ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ခေါ်သူကလည်း ဖောင်းဖောင်းမို့မို့ ချစ်စရာကောင်းသော ကြက်တူရွေးဖြစ်၏။


ခဏအကြာမှာ ဗီဒီယိုကောလ်ကိုချလိုက်သည်။


ရှန်းယုဟန်က သူရေထဲကျသွားတာ ရှန်ချီယွင်ကြောင့် ဟုတ်မဟုတ်ဆိုတာကို သက်သေပြဖို့ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။


ရှန်းယုဟန်က လူကြီးတစ်ယောက်ကို တိုက်ရိုက်သတင်းပို့နိုင်မယ်လို့ မမျှော်လင့်ထားသဖြင့် လူတိုင်းက စိတ်လှုပ်ရှားစွာ ​ကြည့်နေသည်။

အို၊ မဖြစ်နိုင်တာ… သူက မစ္စတာဖုန်းကိုသိတယ်!

ဖုန်းယွင်က မျက်နှာပြဖို့ပင် ရှက်နေသည်။ သူ့အတွက် သူ့အဖိုး၏ခွင့်ပြုချက်ကိုရဖို့ ဆယ်နှစ်အချိန်ယူခဲ့ရပြီး ယခု ရှန်းယုဟန်က ထိုမေးခွန်းကိုမေးလိုက်ရာ သူက လွတ်လပ်ရေးမရခင် နေ့ရက်များကို ပြန်သွားရမှာကြောက်နေသည်။


သူက အရှက်မရစေဖို့ တစ်ခုခုပြောခါနီးမှာ သူ့အဖေဆီက ဖုန်းကောလ်တစ်ခု ချင်ချင်းဝင်လာခဲ့သည်။ ဖုန်းယွင်ဟိိုင်၏ ဦးရေပြားက ထုံကျင်လာပြီး သူကခုံကနေချက်ချင်းထွက်သွားခဲ့သည်။ သူ့နောက်ကျောကိုကြည့်ပြီး ရှုံးသွားလို့ ထွက်ပြေးသွားတယ်လို့ ယူဆနိုင်သည်။



ရှန်းယုဟန်က တကယ်တော့ ဒီလိုမလုပ်ချင်ခဲ့ပေမယ့် သူက လာရှုပ်လို့ရတဲ့လူမဟုတ်ကြောင်း တခြားသူများကို​ပြောပြချင်သည်။ သူတို့က သူ့နောက်ကွယ်မှာပြောလို့ရပေမယ့် သူ့ခင်ပွန်းကိုတော့ မဟုတ်မမှန်ပြောလို့မရပေ။ သူ ရံဖန်ရံခါ အဆက်အသွယ်သုံးမိသွားလည်း ကိစ္စမရှိပေ။ ဘာပဲဖြစ်ဖြစ် သူ့ပန်းချီအားလုံး ရောင်းထွက်သွားခဲ့လေပြီ။


ရှန်ချီဟွမ်းနှင့်ရှန်းယုဟန်ကို ပင်မစားပွဲဘေးရှိ စားပွဲမှာ နေရာချထားပြီး သူတို့နှစ်ယောက်လုံးက စီးပွားရေးမှာ အရေးပါသူများဖြစ်သည်။ ရှန်းယုဟန်က မရိုးရှင်းကြောင်း ဖုန်းကောလ်တစ်ခုနဲ့​ ပြောပြခဲ့ပြီး စကားပျံ့နှံ့သွားရင် ရှန်းယုဟန်က လာရှုပ်လို့ရသောလူမဟုတ်ပဲ ကျောထောက်နောက်ခံရှိတာကို သိသွားကြမှာပင်။


ဒီအပိုင်းအသေးလေးအပြီးမှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အတူထိုင်နေကြပြီး စေ့စပ်ပွဲအခမ်းအနားက ဘာပြဿနာမှမရှိပဲ ပြီးသွားခဲ့သည်။ 

စေ့စပ်ပွဲပြီးသွားတော့ အရက်ခွက်မြှောက်ဂုဏ်ပြုပွဲရှိသည်။ ကြင်စဦးမောင်နှံက နှစ်ဖက်လူကြီးမိဘများ၏ စားပွဲမှာ ခွက်မြှောက်ဂုဏ်ပြုရမှာဖြစ်ပြီး ကျန်တာကတော့ ထုံးစံအတိုင်းဖြစ်၏။


သူတို့နှစ်ယောက်က ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်၏စားပွဲကိုရောက်လာတော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အစိမ်းရောင်အရွက်ထည့်ပေးနေပြီး ရှန်းယုဟန်က သူ့ကိုအပြုံးတစ်ခုဖြင့် ကျေးဇူးတင်နေသည်။ ထို့နောက် သူတို့နှစ်ယောက်က စားပွဲဝိုင်းက တခြားသူများနှင့်အတူ ထရပ်ကာ အာရုံမစိုက်ပဲ ဝတ်ကျေတန်းကျေ ပြုမူနေသော စုံတွဲအသစ်ကို ခွက်မြှောက်ဂုဏ်ပြုလိုက်သည်။


ရှန်ချီဟွမ်းက နောက်ဆုံးမှာပြောလာခဲ့သည်။ “ငါမင်းနဲ့မစ်ချီကို ဝုဏ်ပြုပါတယ်။” ငါ့ဇနီးကို တစ်ချိန်လုံး စိုက်ကြည့်မနေနဲ့



ရှန်းယုဟန်ကလည်း သံယောင်လိုက်သည်။ “မင်းတို့နှစ်ယောက်အတွက် ပျော်ရွှင်ဖွယ်စေ့စပ်ပွဲလေးပါ” သူက မစ်ချီကိုလည်းသိပေမယ့် သူမကိုသိခဲ့သောဖြစ်စဥ်က သိပ်မကောင်းလှပေ။


ယနေ့အခန်းထဲမှာ အတောက်ပဆုံးဖြစ်အောင် ဝတ်ထားသော မစ်ချီက ပိုင်နိုင်စွာပြုံးလိုက်သည်။ “ကျေးဇူးပါ”


ရှန်ချီယွင်က အပြုံးတုဖြင့်ပြောလိုက်သည်။ “ကျေးဇူးပါ၊ မရီး” သူ့နှလုံးသားက ဆန္ဒမရှိသော်လည်း ရှန်းယုဟန်က အခုချိန်မှာ သူ့မရီးသာဖြစ်သည်။

ရှန်ချီယွင်က ရှင်းယုဟန်ကိုကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ သူ့ကိုစွန့်လွှတ်ဖို့ တုံ့ဆိုင်းနေသော အရိပ်အယောင်လည်းမရှိချေ။ သူက ဖန်ခွက်ကိုချပြီး ခေါင်းလှည့်ကာ ရှန်ချီဟွမ်းကို တီးတိုးပြောလိုက်သည်။ ရှန်ချီယွင်က ရှန်ချီဟွမ်းကိုကြည့်တော့ သူပြုံးနေသည်မှာ ကမ္ဘာ့အလှဆုံးစကားလုံးကို ကြားလိုက်ရသလိုပင်။ တကယ်တော့ ရှန်ချီဟွမ်းက သူ့ကို ခဏနေရင် အပြင်မှာစားဖို့ ခေါ်သွားမယ်လို့ ပြောနေတာဖြစ်၏။

ရှန်ချီယွင်က မစ်ချီ၏ခါးကိုဖက်ကာ ပျော်ချင်ယောင်ဆောင်ပြီး ထွက်သွားခဲ့သည်။ မစ်ချီက ဤနေရာမှ အမြန်ဆုံးထွက်သွားချင်နေသည်။ သူမက နောက်ဆုံးတစ်ခေါက် သူမမိသားစု၏ဧည့်ခံပွဲမှာ ရှန်းယုဟန်၏ တိုက်ခိုက်နိုင်စွမ်းကို မှတ်မိသေးသည်။ 

ဒီနေ့ခေတ်လူငယ်တွေက အရှက်တရားကိုမရှိကြဘူး၊ လူငယ်မျိုးဆက်အချင်းချင်း စကားများကြတာကို လူကြီးတွေကို တိုက်ရိုက်သတင်းပို့လို့ရလား?

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက တကယ်ကိုထိရောက်တယ်ကွ!

သို့သော် ဤနည်းလမ်းအလုပ်ဖြစ်ရန်အတွက် အဓိကအချက်မှာ သခင်ကြီးဖုန်းနဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိဖို့သာဖြစ်၏။

ယခုချိန်မှာ လူတိုင်းက နောက်မေးခွန်းတစ်ခုကို သိချင်နေကြသည်။ ရှန်းယုဟန်က သခင်ကြီးဖုန်းနဲ့ ဘယ်လိုရင်းနှီးသွားတာလဲ?


ယင်းကိုတော့ ရှန်းယုဟန် ပြန်ခါနီးမှ တချို့လူတွေက ရှာတွေ့ခဲ့ကြသည်။ ရှန်းယုဟန်က သူ၏လက်ရေးလှပန်းချီနဲ့ လူကြီးများကို သိမ်းသွင်းနိုင်ခဲ့တာကြောင့် သူက ထိုအုပ်စုနဲ့ အဆက်အသွယ်ရှိလာခဲ့တာဖြစ်၏။ ရှော့ပင်းမောလ်မှာ နှစ်ပေါင်းများစွာရှိခဲ့သော လူများထက် သူ့တွင် အဆက်အသွယ်ပိုရှိ၏။


ရုတ်တရက် ရှန်ချီဟွမ်းကိုတောင် နည်းနည်းအားကျလာသလိုပဲ…


ဒါက ဘဝရဲ့ဒဏ္ဍရီဆန်တဲ့ အောင်နိုင်သူမဟုတ်လား! သူက မိသားစုနောက်ခံလမ်းကြောင်းမှာ အနိုင်ရခဲ့ရုံတင်မဟုတ်ပဲ လှေကားတက်ဖို့လည်း အားစိုက်ထုတ်စရာမလိုပဲ တွန်းတင်ပေးခံရ၏။