အပိုင်း (၁၁၃)
Viewers 31k

Part 113


စုန့်ထင်ရှန်း ပြောသောစကားများက ယွမ်ရှ ၏  စိတ်မသက်မသာဖြစ်မှုကို ပြေပျောက်သွားစေသည်။


သူမနှင့်သွမ့်ချီကြားတွင် ဘာမှမရှိဟု သူယုံကြည်ပုံရသည်။ မဟုတ်ရင် သူဒီလိုပြောမှာမဟုတ်ပေ။ 


ယွမ်ရှ မေးစေ့ကိုလက်ဖြင့်ထောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အသက်ကြီးသည့် အမျိုးသားတွေကို ကြိုက်တဲ့လူ ပိုများလာတာ အံ့သြစရာ မရှိပါဘူး။ သူမနှင့် နှိင်းယှဉ်ကြည့်ပါက သူ၏ တုံပြန်မှုများသည် သူတို့၏ အသက်အရွယ် ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ပြသနေကြောင်း သူမသိလိုက်သည်။စုန့်ထင်ရှန်းသည် သူမထက် 11 နှစ်ပိုကြီးပြီး ထိုကုန်လွန်ခဲ့သော 11 နှစ်ကိုလည်း အလဟသ မကုန်ဆုံးခဲ့ပေ။ သူ့တွင် အောင်မြင်ပြီး ယုံကြည်စိတ်ချရသော လုပ်ငန်းတစ်ခု ရှိသည်။ သွမ့်ချီ ၏စကားကြောင့် သူတကယ် စိတ်ရှုပ်ထွေးသွားပါက သူဧ။် ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။


ဆက်ဆံရေးတစ်ခုတွင် တစ်ဉီးကိုတစ်ဉီးရိုးသားမှုရှိခြင်းသည် အလွန်အရေးကြီးပါသည်။တစ်‌ယောက်ကိုတစ်ယောက် လိမ်လည်လှည့်ဖြားနေစရာမလိုပေ။  ထိုအချက်များကြောင့် ယွမ်ရှသည် စုန့်ထင်ရှန်းတွင် သူ့အပြင် ဘယ်သူမှမရှိလောက်ဘူးဟု ယုံကြည်နေခဲ့သည်။သူမ ထိုသို့တွေးသောအခါ စိတ်သက်သာရာ ရသည်ဟုခံစားရပေသည်။


သူတို့သည် ဟန်ဆောင်စုံတွဲများ ဖြစ်ကြသော်လည်း ဥပဒေအရ စည်းမျဉ်းနှင့်နေထိုင်ရန် လိုအပ်ပေဖြစ်သည်။ ကာယကံရှင်နှင့် စုန့်ထင်ရှန်း က သဘောတူသည်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက် ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ.... အားလုံးပြီးသွားရင် အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုသည့်နာမည်ဆိုး မကျန်ခဲ့အောင်ပင်ဖြစ်သည်။


စုန့်ထင်ရှန်းက သူမကိုယုံကြည်နေသ၍သူမ တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး သွမ့်ချီ က သူမကို ဒုက္ခပေးမှာကိုလည်း ကြောက်နေစရာမလိုတော့ဘူး။


သူမသည် သွမ့်ချီကိုလတ်တလောတွေ့ဆုံမှုတွင် အပြင်းအထန်  ပြောဆိုခဲ့ဖူးသောကြောင့်  အချိန်တိုအတွင်း အခြားမည်သည့်အရာကိုမျှ ကြိုးစားလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ယွမ်ရှ သည် သွမ့်ချီကို Chūnibyō ခံစားနေရသည်ဟု ယူဆမိသည်။ သူမသည် ဝမ်းနည်းပူဆွေးကာ ထိုအိမ်ထောင်ရေးတွင် လွန်စွာဆင်းရဲဒုက္ခများနှင့် နေထိုင်နေရပြီး သူမအားညှဉ်းဆဲမှုမှ ကယ်တင်ရန် လိုအပ်သည်ဟု သူ့စိတ်ထဲတွင် အဘယ်ကြောင့် တွေးနေမိရတာလဲ။


(T/N- Chūnibyō သည်  အစောပိုင်းဆယ်ကျော်အရွယ်ကတည်းက အစိုးရိမ်လွန်ကဲနေမှုကို ဖော်ပြသော  ဂျပန်စကားအသုံးအနှုန်းဖြစ်သည်။)


သူ့စိတ်သက်သာသွားလျှင် ထိုအရာများကို သူ့ဘာသာသူ တွေးတောနိုင်မည်ဖြစ်သည်။ မဟုတ်ဘူး.. သူက အချိန်တိုလေးအတွင်းမှာ တခြားလူကိုလည်း ချစ်မိသွားနိုင်သည်။


ဝတ္ထုထဲတွင် သွမ့်ချီသည် ဖြတ်လျှောက် အဆင့်လို့တောင် မသတ်မှတ်နိုင်ပါဘူး။ ဆိုလိုသည်မှာ ယွမ်ရှသည် သူမ၏ ဒုတိယခင်ပွန်းနှင့် လက်ထပ်ပြီးနောက် သွမ့်ချီပေါ်မလာနိုင်တော့ပေ။


ထိုသို့ စဉ်းစားပြီးနောက် ယွမ်ရှ စိတ်သက်သာရာရသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ သူငယ်ချင်းအုပ်စုမှ မည်သူနှင့်မျှ မဆက်ဆံတော့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအဖွဲ့တွင် ဘယ်လိုဝင်ဆံ့အောင် ပေါင်းသင်းရမယ်ဆိုတာ သူမ မသိတော့ပါ။ မူလပိုင်ရှင်သည် ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း သူမသည် ထိုကဲ့သို့မလုပ်ဆောင်နိုင်ပေ။ သူမဘဝကို မှန်ကန်စွာ ရှင်သန်နေထိုင်တာက ပိုကောင်းလေသည်။


သူမရဲ့ လက်ရှိနေထိုင်မှုပုံစံကလည်း ချစ်စရာကောင်းလွန်းပါသည်။ နေ့တိုင်း သူ့ကိုယ်သူအားပေးသည်။ မူလပိုင်ရှင်၏ အရောင်အသွေး ကြွယ်ဝသော ဘဝနှင့် နှိင်းယှဉ်ပါက အနည်းငယ် နူးညံ့နေသော်လည်း...


***


ဝမ်‌လေးက ယခု ဖရဲသီးတစ်ခြမ်းကို ကိုက်စားနေလေသည်။ ဖရဲသီးအရည်များက သူ့မေးစေ့ကနေ သူ့ရဲ့ အကျီ ကော်လာဆီကို စီးဆင်းသွားလေသည်။ သူသည် အလွန်ပျော်ရွှင်စွာ စားသောက်နေပြီး တီဗီရှိ ကာတွန်းပေါ်တွင်အပြည့်အဝ အာရုံစူးစိုက်နေလေသည်။ သူသည် အလွန်ကျေနပ်နေခဲ့သည်။


 သူ့မိဘတွေက သူ့အတွက် အဝတ်အစားအနည်းငယ်ကို ပြင်ဆင်ပေးခဲ့တာမို့ ညစ်ပတ်သွားသောအခါ ထိုထဲမှ ယူပြီး လဲ၍ရပေသည်။


မေမေယွမ် က မျက်နှာသုတ်ပုဝါသေးသေးလေးကို ကိုင်ထားပြီး သူမမျက်နှာကို သုတ်ပေးနေပေမယ့် သူမရဲ့ အတွေးတွေက အဝေးကို လွင့်ပျံသွားခဲ့သည်။ သမီးနဲ့သမက်တို့ရဲ့ ဆက်ဆံရေးအတွက် သူမအမြဲတမ်း စိတ်ပူနေခဲ့ရသည်။


သူမသမီးသည် အိမ်ထောင်ဖက်ကောင်းကောင်းရခဲ့သည်။ အရင်က သူမနှင့် ဆက်ဆံဖို့ စိတ်မဝင်စားတဲ့ ဆွေမျိုး၊ မိသားစု၊ သူငယ်ချင်းတွေက သမီးဖြစ်သူ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမကိုစိတ်ဝင်စားလာကြတယ်။ သူမနှင့် သူမ၏ခင်ပွန်းသည် ကြီးမားပြီး သက်တောင့်သက်သာရှိသော ကွန်ဒိုတိုက်ခန်းတွင် နေထိုင်ကြပြီး သမီးဖြစ်သူက လစဉ်နေထိုင်စရိတ်များ ပေးသည်။ အစားအသောက်စရိတ်အတွက် ပိုက်ဆံအလုံအလောက်ရှိဖို့ စိတ်ပူစရာမလိုပါဘူး။ 


 သူရဲ့သားမက်က အားလပ်ရက်တွေကိုလည်း မိသားစုနဲ့ကုန်ဆုံးစေတယ်။ အဲဒါကို စဉ်းစားရမယ်ဆိုရင် သမီးတို့ အိမ်ထောင်ကျပြီးမှသာ ခေါင်းမော့ ရင်ကော့ပြီး နေနိုင်မှာ ဖြစ်ပေသည်။


ယခုအခါတွင် သူမသည် သမီးကောင်းလေးတစ်ဦးကို မွေးဖွားခဲ့ပြီး သူမနှင့် သူမ၏ခင်ပွန်းသည် ကံကောင်းသော ကြယ်ပွင့်လေးများအဖြစ် မွေးဖွားလာခဲ့ကြောင်း လူတိုင်းက သူမကို ပြောကြသည်။