အပိုင်း (၁၁၄)
Viewers 31k

Part 114


အမေယွမ်သည် အသက်ကြီးပြီဖြစ်သော်လည်း သူမသမီးကိုမူ အမှန်တကယ် ဂရုစိုက်သည်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအနေဖြင့် သူမသမီး၏အိမ်ထောင်ရေးအခြေအနေ ကို ခန့်မှန်းနိုင်သည်။


စုန့်ထင်ရှန်းသည် လူသန်းပေါင်းများစွာထဲမှ ရှားပါးသည့်သူတစ်ဦးဖြစ်သည်။ အမေယွမ်က သူ၏ ငွေကြေးနှင့် သြဇာအာဏာကို ကြည့်ပြီးလူကောင်းတစ်ယောက်ဟု သတ်မှတ်ခဲ့ခြင်း မဟုတ်ပေ။ သူမ၏ အဆုံးအဖြတ်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမမျက်စိဖြင့် မြင်ခဲ့သည့်အရာအပေါ် မူတည်ခဲ့သည်။


ထိုသူသည် သူမ၏ စာမေးပွဲကိုအောင်ခဲ့သည်။သူက သားဖြစ်သူအပေါ် စိတ်ရှည်သည်းခံပြီး ယောက္ခမကိုလည်း ရိုသေလေးစားသည်။ သူ့ရာထူးသူ့အခြေနေနှင့် ဒီလိုပုံစံမျိုး အရမ်းရှားပါးသည်။ ဥပမာအားဖြင့် သူတို့အိမ်နီးချင်း၏သားမက်သည် သူ၏သေးငယ်သောလုပ်ငန်းတွင် အမြတ်အစွန်းအနည်းငယ်သာရရှိပြီး သူသည် အတ္တအလွန်ကြီးပေသည်။ တခါတရံ၌ လူတစ်ယောက် ကောင်းသည်၊ဆိုးသည်ကို သူတို့ဧ။် စိတ်ထားကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့်သိနိုင်သည်။


အမေယွမ် သူ့မြေးလေးကို ကြည့်ပြီး "ဝမ်‌လေး..သားအမေက သားကိုဆော့ဖို့ခေါ်သွားတာလား.

ဝမ်‌လေး က ဖရဲသီးကို ကိုက်လိုက်ပြီး "မနေ့က ပါပါး မွေးနေ့လေ... ပြီးတော့မာမားက သားကို ကစားဖို့ လာခေါ်သွားတာ...သားတို့ကိတ်မုန့်နဲ့ရေခဲမုန့်တွေလည်းစားခဲ့တယ်ဗျ..."


ဝမ်‌လေးက မနေ့ကအဖြစ်အပျက် အကုန်လုံးကိုမမှတ်မိတော့ပေ။ဒါပေမဲ့' သူ့အဖေဧ။်မွေးနေ့၊ သူ့ မေမေက သူ့ ဖေဖေရုံးခန်းကို  ခေါ်သွားပြီး ကိတ်မုန့်နှင့်  ညစာအတူတူစားခဲ့သည်၊ကိတ်မုန့်က အရမ်းအရသာရှိပေမယ့် သူ့အမေက သူ့ကို အများကြီး မစားခိုင်းပေ..'စသောအရာများကိုမူ မှတ်မိပေသေးသည်။


အမေယွမ် အံ့သြစွာ တောင့်တင်းသွားလေသည်.. "ဟင် မနေ့က သားပာပား မွေးနေ့လား ..."


သေသေချာချာစဉ်းစားကြည့်လျှင် သမီးနဲ့သားမက်က အိမ်ထောင်ကျတာ နှစ်အနည်းငယ်ရှိပြီဖြစ်သော်လည်း ဒီနေ့မှ သားမက်မွေးနေ့ဖြစ်ကြောင်း သိလိုက်ရသည်။


မေမေယွမ်က ဝမ်‌လေးပြောလိုက်သောစကားကိုကြားသောအခါ သူမ၏ အံ့အားသင့်မှုကို မဖုံးဖိနိုင်တော့ပေ။


ဝမ်‌လေးကလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် မာမားက ပါပါးအတွက်  ကိတ်မုန့်လုပ်ပေးတယ်လေ.အဲ့တာကတော်တော်အရသာရှိတယ်.."


သူ့မြေးလေးပြောသောကြောင့်သာ ကြားရသည် သို့သော်  သူ့နားကိုပင်သူ မယုံချင်သေးပေ။ 


ယွမ်ရှ သည် သူမ၏အင်္ဂလိပ်စကားပြောတိုးတက်စေရန် ဆရာမတစ်ဦးကို ငှားရမ်းပြီးသင်နေကြောင်းနှင့် မုန့်ဖုတ်သင်တန်းတက်နေကြောင်းကို သူမ မသိ‌ပေ။ မည်သို့ပင်ဖြစ်စေကာမူ သမီးဖြစ်သူ၏ စရိုက်ကို သူမနားလည်သည်။ ချက်ပြုတ်ခြင်း သိုမဟုတ် မုန့်ဖုတ်ခြင်းအကြောင်းပင် မပြောနှင့် ယွမ်ရှ သည် မီးဖိုချောင်ထဲသို့ပင် ခြေမချဖူးပေ။ မီးဖိုချောင်ထဲတွင် အဆီအငွေ့တွေများလွန်းသောကြောင့် သူ့အသားအရေကို ပျက်စီးစေလိမ့်မည်ဟု သူမအမြဲပြောလေသည်။ အခုလည်း သူ့မြေးဖြစ်သူက သူ့သမီး သည် စုန့်ထင်ရှန်း အတွက် ကိတ်မုန့်လုပ်ခဲ့သည်ဟု ပြောနေခြင်းပင်ဖြစ်သည်။


ဝမ်‌လေး ထံမှ ထိုစကားကို သူမ ကြားခဲ့သော်လည်း အမေယွမ် အတွက် လုံလောက်နေပြီဖြစ်သည်။


သူမ၏မျက်နှာတွင် ပျော်ရွှင်နေမှုအထင်းသားထင်ဟပ်နေသည်။ သူ့သမီးက ဖြစ်ခဲ့သောကိစ္စများကို တွေးပြီး ခင်ပွန်းဖြစ်သူနဲ့ ဆက်ဆံရေးကို တက်ကြွစွာ ပြုပြင်နေပုံပေါ်သည်။ 


ဝမ်‌လေး၏တုံ့ပြန်မှုအပေါ်မူတည်၍အကဲခတ်ရလျင် စုန့်ထင်ရှန်းသည်လည်း ယွမ်ရှ၏ကြိုးစားမှုကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။


ဒါက သတင်းကောင်းပါပဲ။


အမေယွမ် စုန့်ထင်ရှန်းကို မခေါ်မီ ထိုအကြောင်းကို စဉ်းစားလိုက်သည်။ သူမနှင့် သူမခင်ပွန်းသည် သူတို့သားမက်ကို ဆက်သွယ်ရန်အချက်အလက်များရှိသော်လည်း တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ ခေါ်ဆိုကြသည်။


တစ်ဖက်က ဖုန်းကို အမြန်ကိုင်လိုက်ပြီး တည်ငြိမ်သောအသံဖြင့်...


"ယွမ်မား... ကိစ္စရှိလို့လား..."


"ဝမ်‌လေးကပြောတယ်..မနေ့ကသားရဲ့မွေးနေ့ဆို..." 


အမေယွမ် အနည်းငယ် ရှက်သွားသည်။ သူ့သမီးနဲ့ မြေးမွေးနေ့ကို ကောင်းကောင်းမှတ်မိပေမယ့် သားမက်ဖြစ်သူရဲ့ မွေးနေ့ကိုတော့ အခုအချိန်အထိ မသိသေးသောကြောင့်ဖြစ်သည်။ သူ့သားမက်ကို အပြင်လူတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်ဟု မထင်စေချင်ပေ။


"သားရေပားနဲ့မား မသိလိုက်လို့ပါ...သားဒီနေ့အချိန်ရရင် ညစာလာစားပါလားကွယ်..သားရဲ့မွေးနေ့ကို ကျင်းပကြမယ်လေ..အိုး..ရှရှကိုပါ တစ်ခါတည်းခေါ်ခဲ့နော်.."


စုန့်ထင်ရှန်း သူ့အချိန်ဇယားများကို ကြည့်လိုက်ပြီးနောက်..  “ရပါတယ်ခင်ဗျ...ဒါပေမဲ့၇နာရီလောက်မှ ကျွန်တော်ရောက်မယ်ထင်တယ်...” လို့ သူက ပြောလိုက်သည်။


"ကောင်းတာပေါ့...မားတို့ကညစာကို အမြဲနောက်ကျမှ စားကြတာကွဲ့ ..မားတို့စောင့်နေမယ်နော် သားရေ..."