အပိုင်း (၁၁၅)
Viewers 31k

Part 115


ယွမ်မိသားစုသည် မွေးနေ့ရောက်တိုင်းဖက်ထုပ်စားသည့်  အလေ့အထရှိကြသည်။ ယွမ်မိဘများက သူတို့သားမက်ကို မွေးနေ့လုပ်ရန်ပြောပြီးသည်နှင့် စူပါမားကတ်သို့သွားကြသည်။ သူတို့နှင့်အတူ ဝမ်လေးကိုပါ ခေါ်သွားခဲ့သည်။


သူတို့က စျေးအပြင်ဘက်တွင် ဟင်းသီးဟင်းရွက်များ အမြဲဝယ်လေ့ရှိသော်လည်း ဝမ်လေးက အပူဒဏ် မခံနိုင်သောကြောင့် စူပါမားကတ်တွင် ဝယ်ဖို့သာဆုံးဖြတ်လိုက်ကြသည်။ နွေရာသီရောက်တိုင်းလည်း သူတို့အိမ်နီးချင်းများသည် သူတို့မြေးများနှင့် အစားအသောက်ကောင်းများချက်ပြုတ် စားသောက်ရန် စူပါမားကတ်တွင်သာအမြဲလာဝယ်လေ့ရှိကြသည်။


ဝမ်လေးသည် စျေးဝယ်ခြင်းလေးထဲတွင်ထိုင်ကာ လျှောက်ကြည့်နေရင်း  မြင်မြင်သမျှ သရေစာများကိုစားချင်နေခဲ့သည်။


 ယွမ်မိဘနှစ်ယောက်သည်လည်း သူတို့သမီးကြိုက်တတ်သောအရာများကို ဝယ်ရန်ပင် မေ့လုနီးနီးဖြစ်နေကြသည်။ အကြောင်းမှာ သူတို့မြေးလေးလိုချင်တာမှန်သမျှကို ဝယ်ပေးနေသောကြောင့်ဖြစ်သည်။သူတို့ကိုကြည့်ခြင်းဖြင့် မိဘနှင့်ကလေး၊မြေးနှင့်အဖိုးအဖွားတို့ဧ။် မတူညီသော မေတ္တာထားပုံတို့ကို တွေ့နိုင်ပေသည်။


ဝမ်လေးသည် စျေးခြင်းလေးထဲတွင် သရေစာများဖြင့် ပျော်ရွှင်စွာ ထိုင်နေလေသည်။ ဝမ်လေးက "ဖိုးဖိုး၊ဖွားဖွားတို့နဲ့ တူတူနေရတာ အရမ်းပျော်ဖို့ကောင်းတာပဲ..."

လို့ပြောလေသည်။


ထို့နောက် အဖေယွမ်က


"အဲ့တာဆိုလည်း ဖိုးဖိုးတို့နဲ့ပဲ လာနေလိုက်တော့လေ..."


ဝမ်လေးက အဖေယွမ်ပြောသောစကားကို စဉ်းစားပြီးနောက် ရုတ်တရတ်ခေါင်းကို ခါရမ်းလိုက်လေသည်။


 "မနေချင်ပါဘူးနော်..သားကပါပါး မာမားနဲ့ပဲနေချင်တာဗျ.."


အဖေယွမ်က ပြုံး၍ "ဘာလို့လဲ.."


ဝမ်လေးက တောင်းပန်သော အကြည့်ဖြင့်ကြည့်ကာ"တောင်းပန်ပါတယ် ..ဖိုးဖိုး...သားကပါပါးနဲ့မာမားကို အချစ်ဆုံး..ပါပါးနဲ့မာမားက သားအတွက် ပထမဆိုရင်....ဖိုးဖိုးနဲ့ဖွားဖွားက သားအတွက် ဒုတိယပေါ့..."


 သူ့ပါပါးနှင့်မာမားက သရေစာတွေ ရေခဲမုန့်တွေ  အသင့်အတင့်သာစားရန် အမြဲပြောနေသော်လည်း သူ့ အနေနဲ့ သူတို့နှစ်ဉီးကို အရမ်းချစ်ပြီး သူတို့နှင့်သာအမြဲနေချင်ပေသည်။


"မြေးလေးတောင်းပန်စရာ မလိုပါဘူးကွယ်.. သားရဲ့ပါပါးနဲ့မာမားကို အချစ်ဆုံးဆိုတာ ဖိုးဖိုးတို့သိပါတယ်.."


အမေယွမ်က ဝမ်လေးရဲ့ခေါင်းလေးကို ပွတ်လိုက်ပြီး...


"ကလေးတိုင်းက အတူတူပါပဲကွယ်..." 


ဝမ်လေးသည် ဉာဏ်အလွန်ကောင်းသည့်ကလေးဖြစ်သောကြောင့် ပြောဆိုဆုံးမသမျှကို လျှင်မြန်စွာတတ်မြောက်လေသည်။ 

ဝမ်လေးသည်"ကလေးတိုင်းက သူတို့ပါပါး မာမားကိုအချစ်ဆုံးပေါ့.."ဟုပြောလေသည်။


"ဟုတ်တာပေါ့.."ဟုအမေယွမ်ကထောက်ခံလေသည်၊


သားမာမားရဲ့မေမေ ဖေဖေက ဖိုးဖိုးနဲ့ဖွားဖွားလေ..အဲ့တော့သားမာမားကလည်း ဖိုးဖိုး ဖွားဖွားကိုအချစ်ဆုံးပဲပေါ့..."


ထို့နောက် ယွမ်မိဘတို့သည် ဝမ်လေးပြောသောစကားကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တအံ့တသြဖြစ်နေကြသည်။


ဝမ်လေးက ဝမ်နည်းနေသောမျက်နှာလေးဖြင့်...


" သားကို မာမားကအချစ်ဆုံးလို့ ထင်နေတာ.."


"ဟုတ်တာပေါ့ကွယ် သားကို သားမာမားကအချစ်ဆုံးပေါ့.. အဲ့တာဘာဖြစ်လို့လဲဆိုတော့ မြေးလေးက သားမာမားရဲ့ကလေးလေးမို့လို့ပေါ့ကွယ်.."


"ဒါပေမဲ့ ဖိုးဖိုးနဲ့ဖွားဖွားပြောတော့ အကုန်လုံးက သူတို့ရဲ့မိဘတွေကိုအချစ်ဆုံးလို့ပြောပြီးတော့..."


အဖေယွမ်အနည်းငယ် ခေါင်းကိုက်သွားလေသည်။ သူတို့မြေးလေးသည် ဉာဏ်ကောင်းသည်၊တော်သည် မှာမှန်သော်လည်း ဒီမေးခွန်းကိုဖြေဖို့ရန် အလွန်ပင် ခက်ခဲလွန်းနေလေသည်။


သူတို့ ဒီမေးခွန်းကို ဘယ်လိုဖြေရင်ကောင်းမလဲ..


အမေယွမ်က ဝမ်လေးရဲ့ခေါင်းလေးကိုပွတ်ကာ"အဲ့တာဘာလို့လဲဆိုတော့ သားမာမားကသားလေးကိုမွေးပြီးတော့ မိခင်ဖြစ်သွားတယ်ကွယ်..အခုသူမမှာ သားလေးရှိလာပြီဆိုတော့ သားလေးကိုအချစ်ဆုံးဖြစ်လာတာပေါ့ကွယ်..."


ဝမ်လေးကသေသေချာချာ စဉ်းစားပြီးနောက်"အဲ့တာဆိုသားက မိခင်ဖြစ်လာပြီဆိုတော့...သားကမကြာခင် ပါပါးနဲ့မာမားရဲ့အချစ်ဆုံးဖြစ်လာမှာပေါ့နော်.."


အနီးအနားရှိဖြတ်သွားသော စျေးဝယ်သူများကလည်း  ဝမ်လေးပြောသောစကားကိုကြားသောအခါ ရယ်ကြလေသည်။


ထိုအခါအဖေယွမ်က"မြေးလေးက အဖေဖြစ်လာမှာပါကွာ..အမေမဖြစ်ပါဘူး..


သူတို့ကဘာလို့ ဒီအကြောင်းတွေပြောနေရတာလဲ..ရေခဲမုန့်နဲ့သရေစာတွေ အကြောင်းပြောတာက ပိုကောင်းတယ်မဟုတ်လား..


ဝမ်လေး ခေါင်းလေးကို ငုံ့ကာမုန့်စားနေခဲ့သည်။ထို့နောက် ခေါင်းလေးကိုပြန်မော့ကာ ယွမ်မိဘတို့ကိုကြည့်ပြီး "ဖိုးဖိုးနဲ့ဖွားဖွားကို မာမားကမချစ်တော့မှာကို စိုးရိမ်နေတာလား.."


သူက ယွမ်မိဘတို့၏အဖြေကိုပင် မစောင့်တော့ဘဲ...


."သားကတော့အဖေ ဒါမှမဟုတ် အမေဖြစ်လာရင်တောင် သားပါပါးနဲ့မာမားကို အချစ်ဆုံးပဲ ဖြစ်နေအုန်းမှာဗျ..."