အပိုင်း (၁၁၆)
Viewers 31k

Part 116


ယွမ်ရှ ဒီနေ့မနက်တွင် ကားကိုယူသွားခဲ့လေသည်။ အမေယွမ်ဆီ ဖုန်းလာပြီးနောက် သူမ စုန့်ထင်ရှန်းဆီသို့ဆက်သွယ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် တစ်ဖက်မှ အလျှင်အမြန်ပင် ဖုန်းကိုင်လာလေသည်။ 


"ကျွန်မအမေက ရှင့်မွေးနေ့ကိုကျင်းပပေးချင်တယ်လို့ ပြောတယ်..ရှင့်ဘယ်လိုသဘောရလဲ..ခနနေကျရင် ရှင့်ကုမ္ပဏီနားက အလှပြင်ဆိုင်ကို မျက်နှာပြင်ဆင်မှု လာလုပ်မလို့..ရှင့်အလုပ် ပြီးသွားရင် ကျွန်မကို ဖုန်းခေါ်လိုက်လေ..ကျွန်မရှင့်ကို လာခေါ်မယ်...ကျွန်မမိဘဆီသွားမှာကိုတော့ ကားတစ်ယောက်တစ်စီးနဲ့ သွားစရာတော့မလိုဘူးမှတ်လား..ရှင်ဘယ်လိုထင်လဲ.."


စုန့်ထင်ရှန်းသည်လည်း မနက်ကရုံးကိုလာသော  ကားယူလာခဲ့လေသည်။ သူတို့ ဒီနေ့ညတွင် ယွမ်အိမ်၌ညစာ သွားစားကြမဉ်ဖြစ်သည်။ ထိုသို့ ကားတစ်ယောက်တစ်စီးဖြင့် မောင်းသွားရန် မသင့်တော်ပေ။ ယွမ်ရှသည် သူမ မျက်နှာကုသမှု ခံယူပြီးအပြန်တွင် စုန့်ထင်ရှန်းကို ဝင်ခေါ်မည် ဖြစ်သည်။


 ယွမ်ရှတွင် ယခု စည်းစိမ်ဥစ္စာနှင့် အားလပ်ချိန်များ များပြားစွာရှိနေပြီဖြစ်သော်လည်း သူမ၏အကျင့်စရိုက်များသည် မပြောင်းလဲသေးပေ။ သူမသည် ယခုထိတိုင် ဓာတ်ဆီကိုချွေချွေတာတာ သုံးစွဲနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်တွင် ဓာတ်ဆီစျေးနှုန်းများသည် အရှိန်အဟုန်နှင့် တက်နေလေသည်။ 


စုန့်ထင်ရှန်းအနေနှင့် လာခေါ်မည့်ကိစ္စကို ငြင်းစရာမရှိပေ။ 


" ရတယ်လေ... မင်းကို သက်သက်ဒုက္ခပေးမိပြီ..."


ယွမ်ရှနှင့်စုန့်ထင်ရှန်းသည် ခန္ဓာကိုယ်ကူပြောင်းခြင်းဖြစ်ပြီးကတည်းက သူတို့ဆက်ဆံရေးသည် တဖြည်းဖြည်း တိုးတက်လာလေသည်။ စုန့်ထင်ရှန်းသည် သူမကို အမြဲကြင်ကြင်နာနာ ဆက်ဆံပေးပါသည်။ ထိုအရာသည် သူ၏ပင်ကိုယ်စရိုက်လေးတစ်ခုပင်ဖြစ်သည်။ 


"ကောင်းပါပြီ ... ဒါဆို ကျွန်မလာကြိုလိုက်မယ်နော်..."


သူတို့နှစ်ယောက်သည် ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေသော သွမ့်ချီဆိုသောထိုလူကို မေ့နေကြလေသည်။ 


စုန်ထင်ရှန်းသည် သွမ့်ချီနှင့်တွေ့ခဲ့စဉ်က စိတ်အနှောက်အယှက်ဖြစ်သော်လည်း ယခုမူကား လုံးဝပင် အာရုံမလာတော့ပေ။ 


ယွမ်ရှအတွက်သည်လည်း ဂရုစိုက်နေစရာ ကိစ္စမဟုတ်ပေ။ ဒီကိစ္စကိုပြန်ပြောနေရအောင်လည်း ကိုးရိုးကားယားနိုင်လွန်းလေသည်။ မည်သည့်ပြဿနာမဆို ဖြေရှင်းပြီးသည်နှင့် မေ့ပစ်သင့်သည်ကို မေ့ပစ်ရပေမည်။ 


ထိုအရာများသည် လူ့လောကတွင် ရှုပ်ထွေးသော ကိစ္စများသည် လေနှင့်အတူပါသွားရင် ဘယ်လောက်တောင်ကောင်းလိမ့်မည်နည်း ။ 


သူမနှင့်ဖုန်းပြောပြီးနောက် စုန့်ထင်ရှန်းသည် အနည်းငယ် ရယ်ချင်နေမိသည်။ အမျိုးသမီးတစ်ဦးသည် အလုပ်နှင့်မသက်ဆိုင်သော အကြောင်းပြချက်ဖြင့် အလုပ်အပြန်တွင် လာကြိုခြင်းသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ပြီးတော့ သူ့အပေါ်ထားရှိတဲ့ သူမ၏လေသံသည်လည်း စိတ်ဝင်စားဖိုကောင်းနေပေသည်။ သူမ၏လေသံသည် ကလေးတစ်ယောက်ကို ကျောင်းလာကြိုရန် ပြောနေသောပုံစံလေးနှင့်ပင် တူနေပေသည်။ 


ထို့နောက် စုန့်ထင်ရှန်းက ဖုန်းကိုယူကာ ဒီနေ့အလုပ်မှ စောစောပြန်မည်ဖြစ်သောကြောင့် ပြန်ပို့စရာမလို့သည့်အကြောင်းကို သူ၏ဒရိုင်ဘာအားပြောရန်ပင်ဖြစ်သည်။ 


စုန့်ထင်ရှန်းသည် အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်ရန် ပြင်နေချိန်တွင်ကိုယ်ရေးကိုတာ ဆဲလ်ဖုန်းတစ်လုံးဝင်လာလေသည်။ 


သူ့သူငယ်ချင်း လီယွမ်ဟန့် ထံမှ ဖုန်းခေါ်ခြင်းဖြစ်သည်။


"ဒီနေ့ ပြက္ခဒိန်ကို ကြည့်လိုက်တော့ မနေ့က မင်းမွေးနေ့ပဲ... အဲဒါကို စိတ်ထဲမှာ စွဲနေရမှာ မဟုတ်ဘူးလား.." လီယွမ်ဟန့်၏ အသံသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။


စုန့်ထင်ရှန်း ခဏရပ်လိုက်သည်။ "မင်း သတိရလို့ အံ့သြလိုက်တာ။"


"မနေ့က မင်းဘာလုပ်ခဲ့တာလဲ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ငါဒီနေ့ လိုက်ကျွေးမယ်လေ. မင်းရဲ့မွေးနေ့ပွဲအတွက် ဒီနေ့သောက်ဖို့ ငါတို့သူငယ်ချင်းသုံးယောက်နဲ့ တခြားသူတွေကို ဖိတ်မယ်။"


ကိုယ့်အကျင့်စရိုက်နှင့် လိုက်ဖက်သောသူတစ်ယောက်နှင့်တွေ့ပြီး ကျောင်းသားဘဝတုန်းက သူငယ်ချင်းဖြစ်လာခဲ့ရင် အဲဒီသူငယ်ချင်းကို တစ်သက်လုံး ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ စုန့်ထင်ရှန်းသည် ပေါင်းသင်းဆက်ဆံနိုင်သော အမျိုးအစားမဟုတ်ပေ။ သူတွင် သူငယ်ချင်းကောင်းများဟု မှတ်ယူရမည့် လူအနည်းငယ်မျှသာ ရှိပြီး ထိုသူတို့သည် သူ၏ ကောလိပ်က အခန်းဖော်ဟောင်းများ ဖြစ်သည်။


အခုက သူတို့အားလုံး အလုပ်ရှုပ်ကိုယ်စီရှိနေကြပြီဖြစ်သည်။ သူတို့အားလုံးမှာ ဇနီး၊ သားသမီးတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလည်း ရှိနေပြီး တွေ့ဆုံရန် အခွင့်အလမ်းများ ရှားပါးလာသည်။


သို့သော် စုန့်ထင်ရှန်းက  မဖြေခင် စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက်...


"ဒီနေ့မလုပ်ကြနဲ့အုန်း ...နောက်နေ့မှလုပ်ရအောင်ကွာ.."