အပိုင်း (၁၁၇)
Viewers 34k

Part 117


"မွေးနေ့ဆိုတာ အသက်တစ်နှစ်ကြီးလာပြီလို့ အဓိပ္ပာယ်ရပေမယ့် မွေးနေ့ပွဲကျင်းပဖို့ အချိန်မယူဘဲ... အလုပ်ကိုပဲ အသဲအသန်လုပ်ပြီး ပိုက်ဆံရှာဖို့ပဲ အမြဲလုပ်နေတယ်... မင်းဘဝကို ပျော်ရွှင်ဖို့ အချိန်ယူရမယ်လေကွာ.."


လီယွမ်ဟန့်သည် သူတို့၏ သူငယ်ချင်းအုပ်စုတွင် အဆိုးဆုံးဖြစ်သည်။


သူ့သူငယ်ချင်းက အယူဝါဒဆိုင်ရာ ပညာပေးဟောပြောပွဲတစ်ခု စတင်တော့မှာကို မြင်လိုက်ရတော့ စုန့်ထင်ရှန်း က အလျင်စလို ရှင်းပြလိုက်သည်။


 "အဲ့လို မဟုတ်ဘူး..ယောက္ခမတွေက ငါ့မွေးနေ့ကို ကျင်းပချင်ကြတယ်တဲ့..ငါတို့မိသားစုက သူတို့အိမ်ကို လိုက်သွားကြပြီး ဒီည ညစာစားကြမှာ ဆိုတော့ ဒီနေ့ မလွတ်တော့ဘူး.."


"အိုး ဟုတ်ပြီ.. ဟုတ်ပြီ မနေ့က မင်းရဲ့မွေးနေ့ကို ဘယ်လိုဖြတ်သန်းခဲ့လဲ.."


"ဝမ်လေးနဲ့ သူ့အမေရယ်ပဲ.." လို့ ပြန်ပြောသောအခါ စုန့်ထင်ရှန်း၏လေသံသည် နူးနူးညံ့ညံ့လေးဖြစ်နေလေသည်။ 


'ဝမ်လေးရဲ့အမေ...'


 ထိုစကားကိုကြားလိုက်သောအခါတွင် လီယွမ်ဟန့်သည် ခဏတာမျှအံ့သြမှင်သက် သွားလေသည်။ စုန့်ထင်ရှန်းနှင့်အမြဲမတွေ့ဖြစ်သော်လည်း သူတို့စုံတွဲ၏ ဆက်ဆံရေးသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အဆင်မပြေခဲ့ကြောင်း သူသိသည်။ စုန့်ထင်ရှန်းသည် ယွမ်ရှအား လက်ထပ်ခဲ့သော်လည်း သူတို့နှစ်ယောက်ကြားတွင် ထိုသို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ ဒါပေမယ့် အခု သူတို့ကြားက ရေခဲလိုမာကျောမှုတွေ ကွဲကုန်ပြီထင်ပါရဲ့။


သူတို့နှစ်ယောက် မင်္ဂလာဆောင်ပြီး မွေးနေ့ပွဲကိုလည်း အတူတူသွားကြသည်။ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ လီယွမ်ဟန့်သည်   သူ့သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ဖို့ သဘာဝကျကျ မျှော်လင့်ခဲ့သည်။ ထို့နောက်သူက ပြုံးပြီးပြောသည်


"သိပ်ကောင်းတာပေါ့.. အိမ်ထောင်ကျပြီးရင် ကြင်ဖော်၊ သားသမီးတွေနဲ့ မွေးနေ့ပွဲတွေ ကျင်းပသင့်တယ်..ဘယ်လိုလဲ.. မင်းအားလပ်ချိန်မှာ မင်းရဲ့ မွေးနေ့ပွဲကို ငါတို့ သူငယ်ချင်းတွေနဲ့ အတူတူ ကျင်းပလိုက်ကြရအောင်ကွာ.."


ဖုန်းခေါ်ဆိုမှု မပြီးဆုံးခင်တွင် စုန့်ထင်ရှန်း က "မင်း ငါ့မွေးနေ့ကို အခုမှ အမှတ်ရတာလား..."


သူ အမှတ်မထင် မေးဟန်ပြုလိုက်သည်။


လီယွမ်ဟန့် က "ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ.."


"အဲဒါက ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး.." စုန့်ထင်ရှန်း ခဏရပ်လိုက်သည်။ သူ့အကြည့်တွေက သူ့စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံကို စူးစိုက်ကြည့်နေလေသည်။ ဓာတ်ပုံရိုက်တုန်းက ဝမ်လေး က အသက်တစ်နှစ်ပဲရှိသေးသည်။ ထိုအချိန်က သူသည် ယခုထက်ပင် ပိုသေးကွေးပြီး အလွန်ချစ်စရာကောင်းနေပုံရသည်။ သူ့လက်များသည် Miqilin ၏ ဇာတ်ကောင်နှင့်ပင် ဆင်တူနေသည်။


"လီကျင်း က မနေ့က ငါ့အတွက် ကိတ်မုန့်လုပ်လာတယ်.. မနေ့ကငါ့မွေးနေ့လို့ မင်းသူ့ကိုပြောခဲ့တာထင်လို့.. သိပ်တော့အရေးမကြီးပါဘူး"


တစ်ခါကကိစ္စများကို ဖြတ်ကျော်ပြီးသည်နှင့် အချို့အကြောင်းအရာများကို ချန်ထားခဲ့သင့်သည်။ လီယွမ်ဟန့်က သူ့အဓိပ္ပါယ်ကို နားလည်နိုင်လိမ့်မည်ဟု သူခံစားမိသည်။


လီယွမ်ဟန့်က အသက်ကိုပြင်းပြင်းရှုလိုက်သည်။ အချိန်တွေ ကုန်လွန်သွားပြီးနောက်မှာတော့ သူက တိမ်ဝင်နေတဲ့ အသံနဲ့ "ငါ သိပါတယ်.."


လီယွမ်ဟန့်၏ စကားကိုကြားတော့ စုန့်ထင်ရှန်း စိတ်လျော့သွားသည်။ လီကျင်းနဲ့ ပြဿနာက စိုးရိမ်စရာလို့ မထင်ထားပေမယ့် သူတို့ကြားမှာ လီယွမ်ဟန့် ရှိနေပေသည်။ နှစ်အတော်ကြာ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့သောကြောင့် ထိုစကားများအစား တခြား စကားပြောရသည်ကပိုကောင်းပေမည်။


စုန့်ထင်ရှန်းသည် တစ်ကိုယ်တည်းဖြစ်နေသေးပြီး ဇနီး၊ သားသမီးမရှိရင်တောင် လီကျင်း ကို စိတ်ဝင်စားမည်မဟုတ်ပေ။


လီယွမ်ဟန့် နှင့် သူ၏ခင်မင်ရင်းနှီးမှုကြောင့် သူလုပ်ခဲ့သောအရာများနှင့် သူပြောခဲ့သောစကားများ၏ အဝေးကြီးကို မသွားနိုင်ပေ။ ထိုကြောင့် သူသည် ပြဿနာကို သူ့သူငယ်ချင်းအား ပြောပြပြီး ဖြေရှင်းခိုင်းနိုင်ခဲ့သည်။ ဒီနည်းလမ်းက အကုန်အဆင်ပြေပြီး လီကျင်းနှင့်လည်း မျက်နှာမပျက်ရတော့ပေ။ 


ထိုခေါ်ဆိုမှုပြီးဆုံးသည်နှင့် တပြိုင်နက် စုန့်ထင်ရှန်း သည် လက်ထောက်ချန်း ကို သူ့ရုံးခန်းထဲသို့ ခေါ်ရန် နံပါတ်တစ်ခုကို ခေါ်ဆိုခဲ့သည်။


"ဒီည ညစာစားပွဲအတွက် ကျွန်တော့်နေရာကို ဒုအထွေထွေမန်နေဂျာကျန်းကို တက်ခိုင်းလိုက်ပါ.. ကျွန်တော် အလုပ်များနေလို့"  စုန့်ထင်ရှန်းက ပြောသည်။


လက်ထောက်ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်၏ "ကောင်းပါပြီ CEOစုန့်.."


လက်ထောက်ချန်း သည် ထိုအမိန့်ကို လက်ခံရရှိပြီးနောက် ထွက်ခွာသွားရမည်ဖြစ်သော်လည်း သူဌေးက သူ့ကို မသွားခိုင်းသေးပေ။ သူသည် စားပွဲရှေ့တွင်သာ မတ်တပ်ရပ်ပြီး သူ့နောက်လာမည့် အမိန့်ကို စောင့်နေသည်။


ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် စုန့်ထင်ရှန်း က သူ့လက်ထောက်ကို ကြည့်ပြီး “မင်းမှာ ရည်းစားရှိတယ်လို့ ပြောတာမှတ်မိတယ်မဟုတ်လား” လို့ မေးလေသည်။


လက်ထောက်ချန် သည် အလုပ်နှင့်မသက်ဆိုင်သော မေးခွန်းတစ်ခုမေးလိုက်သောကြောင့် အနည်းငယ် အံသြသွားလိမ့်မည်မှာ မလွဲမသွေပင်။ သို့သော် သူသည် အလွန်ကျွမ်းကျင်သော လက်ထောက်တစ်ဦးဖြစ်ပြီး ထိုမေးခွန်းအတွက် အဖြေကို လျင်မြန်စွာ ဖြေဆိုခဲ့သည်။ သူက 


"ဟုတ်တယ်  သူက City A မှာအလုပ်လုပ်တယ် ဒါပေမယ့် ဒီနှစ်ကုန်မှာ ဒီကိုပြောင်းလာနိုင်လိမ့်မယ်....."


စုန့်ထင်ရှန်းက ခေါင်းညိတ်လိုက်သည်။


 "ကောင်းတာပေါ့.. ဘယ်လိုတွေ့တာလဲ.."