အပိုင်း (၁၁၈)
Viewers 31k

Part 118


စုန့်ထင်ရှန်းသည် အချစ်ရေးတွင် အတွေ့အကြုံအလွန်နည်းသည်ဟု ဆိုပါက မည်သူမျှ ယုံမည်မဟုတ်ပေ။ အထက်တန်းကျောင်းသားဘဝတုန်းက ရည်းစား စာများစွာ ရရှိခဲ့သည်။ သို့သော် ထိုအချိန်က သူသည် သူ၏ဘဝ ကံကြမ္မာကို ပြောင်းလဲရန်အတွက် အကောင်းဆုံး ဖြစ်နိုင်သည့် ကောလိပ်သို့ တက်လှမ်းနိုင်ရန် ပညာသင်ကြားရေးကို အစွမ်းကုန် ကြိုးစားခဲ့သည်။


သူသည် ကောင်းမွန်သော မိသားစု နောက်ခံမှ ဆင်းသက်လာသူ မဟုတ်ဘဲ ငယ်စဉ်ကပင် မိဘများ ဆုံးရှုံးခဲ့ရသည်။ သူ့မိဘများသေဆုံးမှုမှ လျော်ကြေးငွေများ သည် သူ့အား ကောလိပ်တက်ရန် ခိုင်လုံသော အကြောင်းသာ ဖြစ်ခဲ့သည်။ အခြားသူများအတွက် လေ့လာခြင်းသည် တစ်ခုတည်းသောနည်းလမ်းမဟုတ်ကြောင်း သူနားလည်ခဲ့သည်။ ဒါပေမယ့် သူသည် ထိုအတွက်ကြောင့်  ကျောင်းသားဘ၀တွင် အခြားစိတ်ဝင်စားမှု တစ်စုံတစ်ရာကို မပြုဝံ့ခဲ့ပေ။


နောက်ပိုင်း တက္ကသိုလ်တက်တော့ အချိန်ပိုင်းအလုပ်လုပ်သည်။ ထို့နောက် သူသည် စွန့်စွန့်စားစားပြုလုပ်ရမည့် အခွင့်အလမ်းတစ်ခု ရခဲ့သည်။ ဒီလမ်းက ကျောင်းသွားရတာထက်တောင် ပို၍ခက်ခဲပြီး ဖိအားများက မလျော့သွားသည့်အပြင် ပိုပိုများလာခဲ့တယ်။ သူကျရှုံးလို့ မရပေ။ သူ့အသက် 30 မတိုင်ခင်အထိ သူ့အခြေအနေက မသက်သာခဲ့ပေ။ ထိုအချိန်တွင် သူ၏အသက်မွေးဝမ်းကြောင်းအလုပ်သည် တည်ငြိမ်နေပြီး... သူသည် ယွမ်ရှ နှင့်တွေ့ဆုံခဲ့သည်။ မကြာခင်မှာပဲ သူတို့လက်ထပ်ပြီး ဝမ်လေးကို မွေးဖွားခဲ့ပါသည်။


အမှန်တကယ်တွင် သူဟာ အချစ်ရေးမှာ တကယ်ကို ကောင်းကောင်းမလုပ်နိုင်ခဲ့ပေ။ အချစ်သည် ဂိမ်းတစ်ခုဖြစ်ခဲ့ပါက သူသည် စထွက်နေရာမှ လူသစ်ကစားသမားတစ်ယောက်ပင်ဖြစ်မည်။


လက်ထောက်ချန်းသည် သူ့သူဌေးက သူ့အကြောင်းကို စိတ်ဝင်စားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူ့နှာခေါင်းကို အနည်းငယ် ပွတ်ပြီးနောက်.. 


"တကယ်တော့ ကျွန်တော်ရည်းစားနဲ့ blind dateတွေ့ခဲ့တာ..."


"Blind Date..." ဒီအကြောင်းကို စုန့်ထင်ရှန်း ကြားဖူးပေမယ့် သူကိုယ်တိုင် မကြုံဖူးခြင်းကြောင့်ဖြစ်သည်။


"ဒါက တကယ်ခေတ်နောက်ကျပေမဲ့... အစတုန်းကတော့ အချစ်ရေးကို စိတ်မဝင်စားဘူးဗျ မိဘတွေက အရမ်းစိတ်တိုပြီး ကျွန်တော့်အတွက် ချိန်းတွေ့တာတွေ စီစဉ်ပေးတယ်..." 


သူ့ရည်းစားအကြောင်းပြောသောအခါ လက်ထောက်ချန်၏ မျက်လုံးများတွင် ပျော်ရွှင်သောအရိပ်အယောင်များ တောက်ပနေခဲ့သည်။


 "သူမက ကျွန်တော် ကြိုက်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး အဲ့တာကြောင့် ပထမဆုံး စတွေ့တုန်းက သူမကို စိတ်မဝင်စားခဲ့ဘူးဗျ ဒါပေမဲ့ မိဘတွေက ကျွန်တော့်ကို ဆူပူနေတာကို သည်းမခံနိုင်တော့တဲ့အတွက် သူနဲ့ နောက်ထပ် ချိန်းတွေ့ဖို့ ထပ်ပြီး တွန်းအားပေး ခဲ့တယ်လေ..သူမအတွက်အချိန်ပိုပေးပြီး စကားပြောပြီးနောက် သူမကို ပိုသိလာတယ်... ကျွန်တော် သူမကို သဘောကျလာတယ်..."


စုန့်ထင်ရှန်း ပြုံးလိုက်သည်။


 "အစကတည်းက မင်းသူ့ကိုမကြိုက်ပေမဲ့ နောက်မှတဖြည်းဖြည်း သဘောကျလို့ရတာလား.."


လက်ထောက်ချန်းက ခေါင်းညိတ်လိုက်သည်။  သူက ခါတိုင်းထက်ပို၍ စကားပြောဆိုနိုင်နေလေသည်။


 "မြင်မြင်ချင်း ချစ်မိတဲ့လူ များတာမဟုတ်ဘူး..တော်တော်များများက တစ်ဖက်လူကို သိသွားတဲ့အထိ ချစ်ကြမှာ မဟုတ်ဘူး..."


သူ  ခေတ္တရပ်ပြီးနောက် အရဲစွန့်မေးလိုက်သည်။


 "ဆရာတို့ဇနီးမောင်နှံကရော မြင်မြင်ချင်း ချစ်မိသွားတာလား..." 


စုန့်ထင်ရှန်း ခဏတာ အံ့အားသင့်သွားပြီး ခေါင်းခါလိုက်သည်။


 "မဟုတ်ဘူး.."


"ဒါဆို အချစ်က အချိန်ကြာလာတာနဲ့အမျှ တိုးတိုးလာတာပေါ့"


 လက်ထောက်ချန်း က သဘောတကျဖြင့် ပြောလိုက်သည်။


စုန့်ထင်ရှန်း သည် သူ၏ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို အခြားသူများအားမျှဝေခြင်းအား မနှစ်သက်ပေ။ အထူးသဖြင့် ယွမ်ရှ နှင့်ပတ်သက်သောအခါတွင် မကြိုက်ပေ။ ထိုကြောင့် လက်ထောက်ချန်း၏ ယူဆချက်ကို သူ မငြင်းဆိုခဲ့ခြင်းဖြစ်သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ယွမ်ရှ နှင့် သူ၏ဆက်ဆံရေးအကြောင်း တွေးတောနေခဲ့သည်။ အရင်တုန်းကတော့ တစ်ဖက်သားရဲ့ဘဝကို ဘယ်သူကမှ အနှောင့်အယှက်မပေးဘဲ နေတာကို အိမ်ထောင်ပြုခြင်းဟု သူထင်ခဲ့တယ်။ သို့သော် ဝမ်လေး ကြီးပြင်းလာသည်နှင့်အမျှ ထိုဗျူဟာကို ပြောင်းလဲရန် လိုအပ်သည်ဟု သူထင်ခဲ့သည်။


လက်ထောက်ချန်း ၏ စကားလုံးများအရ ယွမ်ရှက သူ့ ကို မကြိုက်သလို...သူသည်လည်း သူမကို မကြိုက်ဘူးလို့ ထင်လေသည်။ 


တစ်ယောက်နဲ့တစ်ယောက် အချစ်ရေးမှာ ခံစားချက်တွေမရှိကြပေမယ့် သူတို့နှစ်ယောက်ကြားမှာတော့ ဆိုးရွားတဲ့ဆန္ဒတွေ မရှိပေ။


လက်ထောက်ချန်း၏ Blind Date က သူတို့နှစ်ယောက်ဖြစ်ပုံနဲ့ ခပ်ဆင်ဆင်ပင် တူနေပေသည်။


သူတို့ကြားတွင် ဝမ်လေး ရှိပြီး မကြာမီကာလအတွင်း ကွာရှင်းရန် နှစ်ဖက်စလုံးက မစီစဉ်ထားပေမဲ့ ယခင်ကတော့ ဆွေးနွေးခဲ့ဖူးသည်။ 


သို့သော် သူတို့က လက်ထောက်ချန်းနှင့် သူ့ကောင်မလေးတို့ လုပ်ခဲ့တဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် သိခွင့်ရဖို့ ဘာကြောင့် မကြိုးစားခဲ့တာလဲ။

သူ့တို့က မြင်မြင်ချင်း ချစ်မိဖို့ မဖြစ်နိုင်တာကြောင့် အချိန်အတော်ကြာမှ ခံစားချက်တွေ ဖြစ်ပေါ်လာသည့် လမ်းကြောင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်လေသည်။


ထိုအချက်ကို သိပြီးနောက် စုန့်ထင်ရှန်း က ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။

အချိန်တန်လျှင် သူသည်လည်း ယွမ်ရှ ကို Blind date မှ  တွေ့ဖူးသူအဖြစ် ရိုးရိုးရှင်းရှင်း ချဉ်းကပ်၍ ရပေလိမ့်မည်။