အပိုင်း (၁၁၉)
Viewers 31k

Part 119


ယွမ်ရှ သူမ၏ မုန့်ဖုတ်သင်တန်းမှ ထွက်လာပြီးနောက် စုန့်ကော်ပိုရေးရှင်းအနီးရှိ အလှပြင်ဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။


မူလခန္ဓာကိုယ်ပိုင်ရှင်သည် အနီးနားရှိ အဆင့်မြင့် အလှပြင်ဆိုင်များအားလုံးနီးပါးတွင် အသင်းဝင်ကတ်တစ်ခုစီရှိပြီး သူမသည် ထိုအဖွဲဝင်ကတ်များတွင် ငွေအမြောက်အမြား အပ်နှံထားခဲ့သည်။


ယွမ်ရှသည် အလှပြင်ဆိုင်ကို ရောက်သောအခါ သူမရဲ့ မျက်နှာနဲ့ တစ်ကိုယ်လုံး treatment လုပ်ဖို့ ရွေးချယ်လိုက်သည်။ သူမသည်လည်း သက်တောင့်သက်သာ အနှိပ်ခံရခြင်းကို နှစ်သက်သဖြင့် မူလပိုင်ရှင်ကို အနည်းငယ် ပိုနားလည်လာသည်။


ချွေတာရာမှ အလွန်အကျွံသုံးဖြုန်းရန် လွယ်ကူသည်။ ဆင်းရဲမွဲတေမှုမျဉ်းအထက်မှာ နေဖို့ ရုန်းကန်နေရသူသည် သာမန်လူတစ်ယောက်အတွက် တိုက်ခန်းနှစ်ခန်းနှင့် စုဆောင်းငွေ ယွမ်တစ်သန်းကျော်ရှိခြင်းက သူမအိပ်မက်ကနေ နိုးထလာရန် အတော်ပင်လုံလောက်ပါသည်။ သို့သော် ချမ်းသာသော အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ဇိမ်ခံဘဝတွင် ကျင့်သုံးခဲ့ဖူးသော မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် ထိုအရာတို့သည်  ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့လိုပင် ထင်ရပေသည်။


မူလပိုင်ရှင်က သူ့လူနေမှုပုံစံကို ပံ့ပိုးပေးရန်အတွက် ထိုတိုက်ခန်းနှစ်ခန်းမှ သူရနိုင်မည့် ငှားခကို မှီခို၍မနေချင်ပေ။။ ထိုငွေသည် သူမအသုံးပြုခဲ့ဖူးသော စည်းစိမ်များနှင့်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် သူမတွင် ဘာအရည်အချင်းမှ မရှိပေ။ သူမသည် ကောလိပ်ကျောင်းမဆင်းမီ စုန့်ထင်ရှန်း နှင့် လက်ထပ်ခဲ့ပြီး ထိုအချိန်မှစ၍ အားလပ်သည့်ဘဝဖြင့် နေထိုင်ခဲ့သည်။ 


သူ့မှာ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေ မရှိတော့ပေ။ မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏  ခိုင်မာသောအချက်များကို ရှင်းရှင်းလင်းလင်း နားလည်သောကြောင့် စုန့်ထင်ရှန်း သေဆုံးပြီးနောက် အခြား ATM စက်ကို ရှာဖွေခြင်းဖြင့် ယခင်ကဲ့သို လမ်းကြောင်းအတိုင်း ရောက်သွားနိုင်သည်။


မှန်ပေသည် ထိုနားလည်မှုသည် ယွမ်ရှ ကို ထိတ်လန့်စေပါသည်။


အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုသည်ကို ဘယ်သူမှမခန့်မှန်းနိုင်ပေ။ ယွမ်ရှပင်လျှင် သူမသည် မူလပိုင်ရှင်ကဲ့သို့ တစ်နေ့ဖြစ်လာမည်လားပင် မသိနိုင်ပေ။


လူတိုင်းသည် ၎င်းတို၏တန်ဖိုးများနှင့် အဓိကအချက်ကို သေချာပေါက်အောင်မြင်အောင်လုပ်နိုင်ကြသော်လည်း ဤကမ္ဘာကြီးတွင် ဘဝနှင့်သေခြင်းကို မည်သည့်အရာမှ ပြောင်းလဲ၍မရပေ။


ယွမ်ရှ အလှပြင်ဆိုင်မှ ထွက်လာသောအခါ ညနေ 6 နာရီ ထိုးခါနီးနေပြီဖြစ်သည်။ သူမသည် စုန့်ကုမ္ပဏီ ၏ ကားပါကင်နေရာသို့ အလျင်အမြန် မောင်းသွားခဲ့သည်။ စုန့်ထင်ရှန်း ကို လိုက်ရှာဖို့ သူမ မစီစဉ်ထားသော်လည်း သူမသည် သူ့ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့ပြီး သူမ၏ခေါ်ဆိုမှုကိုတစ်ဖက်မှ လျင်မြန်စွာ တုန့်ပြန် ခဲ့လေသည်။


"မင်းဒီကိုရောက်ပြီလား...ကိုယ်ဆယ်မိနစ်အတွင်းလာခဲ့မယ်.."


ယွမ်ရှ က "ကောင်းပြီ ကားပါကင်မှာ ရှင့်ကိုစောင့်နေမယ်..."


"ကောင်းပြီ..."


ဖုန်းခေါ်ဆိုမှုအပြီးတွင် ယွမ်ရှ သည် မှန်သေးသေးလေးဖြင့် သူမ၏မျက်နှာကို ကြည့်လိုက်သည်။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် မျက်နှာအသားအရေသည် နှင်းမှုန်များတောက်ပြောင်နေသကဲ့သို့ဖြစ်နေပြီး မျက်နှာလိမ်းပြီးနောက် နူးညံ့ပျော့ပျောင်းနေသည်ဟု သူမအမြဲတွေးခဲ့သည်။ မျက်နှာကို ညှစ်လိုက်ရင် ရေတွေ ထွက်လာသလိုပင် ခံစားနေရသည်။


သူမက အမြဲတမ်း အလှတရားကို နှစ်သက်သူဖြစ်သောကြောင့် ဒီမျက်နှာကို တစ်နေကုန်ပင် ထိုင်ကြည့်နေနိုင်သည် ။


ယွမ်ရှ ၏မျက်နှာသည် အံ့အားသင့်သွားပြီး စုန့်ထင်ရှန်းက ခရီးသည်တံခါးကို ဖွင့်လိုက်သောအခါ သူမ လန့်သွားလေသည်။


 "ရှင်ဘယ်ကရောက်လာတာလဲ..ကျွန်မဖြင့်လန့်ပြီးတောင် သေသွားတော့မလို့.."


စုန့်ထင်ရှန်းက ထိုင်ခုံခါးပတ်ကို အေးအေးဆေးဆေး တပ်နေသည်။ ကားတံခါးနားမှာ ရပ်ကြည့်နေသောသူ့ကို သူမ  လုံးဝသတိမထားမိခဲ့ပါ။ တခြားရွေးချယ်စရာမရှိတော့ဘဲ ကားတံခါးကိုဖွင့်ကာ ကားထဲသို့ဝင်လိုက်ရသည်။


အမျိုးသမီးတိုင်း မှန်ထဲမှာ သူတို့ကိုယ်သူတို့ ဒီလောက်ကြည့်ရတာ ကြိုက်လား ဒါမှမဟုတ် သူ့တစ်ယောက်တည်းလား။


“မင်း မှန်ထဲမှာ မင်းကိုယ်မင်း ကြည့်နေတာကြာပြီ...”  စုန့်ထင်ရှန်းကဖြေလေသည်။


သူ့ကိုယ်သူ အရမ်းသဘောကျနေသော ယွမ်ရှ က "ကျွန်မ အလှပြင်ဆိုင်ကနေ ထွက်လာတာ အသားအရေ အရမ်းကောင်းလာတယ်လို့ ခံစားရတယ်..."


သူတိုနှစ်ယောက် တဖြည်းဖြည်းရင်းနှီးလာတာကြောင့် သူမလည်း အကြံပေးလိုက်သည်။


"အမျိုးသားတွေအတွက် အသားအရေထိန်းသိမ်းမှု ကုထုံးတွေလည်း ပေးတယ်.. အချိန်ရရင် စမ်းသုံးကြည့်သင့်တယ်.. အခုတလော  အဲ့တာလုပ်ပြီးရင်နေလို့အရမ်းကောင်းတယ်.."ဟုပြောလေသည်။


စုန့်ထင်ရှန်း "....."


ကံကောင်းထောက်မစွာဖြင့် ယွမ်ရှ သည် ဤအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူမကားကို စတင်စက်နှိုးလိုက်ပြီး ကားပါကင်နေရာမှ ဖြည်းညှင်းစွာ မောင်းထွက်လာခဲ့သည်။


ယခုအချိန်သည် အလုပ်ဆင်းချိန်ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စုန့်ကုမ္ပဏီမှ ယွမ်မိသားစုဆီသို့ရောက်ရန် မိနစ် ၄၀ ခန့် ကြာခဲ့လေသည်။


စုန့်ထင်ရှန်း က အရင်ကထက် အများကြီး ပိုကောင်းလာပေသည်။ အနည်းဆုံးတော့ ယွမ်ရှ နှင့်စကားပြောရန် ခေါင်းစဉ်တစ်ခုကို ရှာဖို့ အစပြုပါလိမ့်မည်။ 


 သူက "ဒီအတောအတွင်း မင်းသူငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာ မတွေ့မိဘူး.. မင်း သူတို့နဲ့ အဆင်မပြေဖြစ်ထားတာလား..."


 ယွမ်ရှ က နောက်ပြောင်သောလေသံဖြင့် "ကျွန်မ ဘဝအသစ် စဖို့ ဆုံးဖြတ်လိုက်ပြီလေ.."