အပိုင်း (၁၂၀)
Viewers 31k

Part 120


သူမ အပြင်ထွက်လည်ချင်သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ သူငယ်ချင်းများက သူမအတွက် သူစိမ်းများဖြစ်နေသေးသည်။ ထို့အပြင် သူမသည် ထိုကဲ့သိုသော အချိန်အခါမျိုးနှင့် တစ်ခါမျှ မထိတွေ့ခဲ့ဖူးပေ။ သူမ၏ အဆင့်အတန်း ပြောင်းလဲသွားသော်လည်း လုံခြုံသော နေထိုင်မှုပုံစံဟု သူမခံစားရသည့်အရာကို ရွေးချယ်ချင်သေးသည်။


"ဘဝသစ် စတော့မလို့လား..." 


စုန့်ထင်ရှန်း  ထိုစကားများကို လှည့်ပတ်ပြောကာ ရယ်မောလိုက်လေသည်။


ပြောရမယ်ဆိုရင် သူက လက်ရှိ ယွမ်ရှ ကို အရင်ကပုံစံထက် ပိုသဘောကျသည်။


နောက်ဆုံးတော့ သူမရဲ့ပြောင်းလဲမှုက သူတို့မိသားစုနဲ့ သူတို့ရဲ့ကလေးအတွက် ကောင်းလေသည်။


သူဘာကြောင့် ပြောင်းလဲသွားတာလဲ ဆိုတာကိုတော့ မသိချင်ယောင်ဆောင်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးသည် ကောင်းသော ဦးတည်ရာဆီသို့ ဦးတည်သွားနေသရွေ့ လုံလောက်ပေပြီ။


အလုပ်ချိန်ကုန်ဆုံးသွားသော်လည်း နေမဝင်သေးပေ။ နေရောင်ခြည်က စူးစူးဝါးဝါး တောက်ပနေဆဲဖြစ်လေသည်။


စုန့်ထင်ရှန်း သည် နေကာကိုဖွင့်လိုက်ရာ ထိုကြားထဲတွင် ညှပ်ထားသည့် ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။၎င်းသည် ယွမ်ရှ နှင့် ဝမ်လေး အတူတူ ရေခဲမုန့်စားနေသော ဓာတ်ပုံလေးပင်ဖြစ်သည်။


ယွမ်ရှက Taobao မှ မိုဘိုင်းလ် ဓာတ်ပုံအသေးစား ပုံနှိပ်စက်ကို ယူဆောင်လာပြီး ထိုဓာတ်ပုံကို သူ့ဖုန်းမှ ရိုက်နှိပ်ခဲ့သည်။ထို ဓာတ်ပုံလေးက အထူးသဖြင့် ချိုမြိန်သည်ဟု သူ ခံစားမိပြီး နေကာပေါ်တွင်တင်ထားခြင်းဖြစ်သည်။.


(T/N- Taobao သည် တရုတ်အွန်လိုင်းစျေးဝယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး e-commerce ဝဘ်ဆိုက်ဖြစ်သည်။)


ဓာတ်ပုံ၏အရွယ်အစားသည် ပိုလာရွိက်ဓာတ်ပုံအရွယ်အစားလောက် မကြီးမားပေ။


စုန့်ထင်ရှန်း  ဓာတ်ပုံကို ချလိုက်ပြီး သူ့ကို ကြည့်ကာမေးလိုက်သည်


 "ငါ့ကို ဒီဓာတ်ပုံပေးမလား.."


"အိုကေ..ရှင်ယူလို့ရပါတယ်.. ကျွန်မဖုန်းထဲမှာ ဒီပုံရှိနေသေးတယ်" 


ယွမ်ရှ ခပ်အေးအေးသာပြောလိုက်လေသည်။


သူမပြောပြီးသည်နှင့် စုန့်ထင်ရှန်း က သူ့ပိုက်ဆံအိတ်ကို ထုတ်ပြီး သူ့ပိုက်ဆံအိတ်ရဲ့ အိတ်တစ်ခုထဲကို ဓာတ်ပုံထည့်လိုက်သည်။


ယွမ်ရှ "..."


'ဒါက ရှင်းရှင်းလင်းလင်းပြောရလျှင် ဘာမှမဟုတ်သော်လည်း သူ့လုပ်ရပ်တွေက သူမကို မသဲကွဲတဲ့ခံစားချက်ကို ပေးတယ်လို့ ဘာကြောင့်ခံစားရတာလဲ။'


'အဲဒီဓာတ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ထည့်လိုက်တာ... တစ်စုံတစ်ယောက် နားလည်မှုလွဲသွားနိုင်လေသည်'


ဓာတ်ပုံထဲက သူမတစ်ယောက်ထဲမဟုတ်သော်လည်း....

 စုန့်ထင်ရှန်းက ဝမ်လေး ကြောင့် ဓာတ်ပုံကို လိုချင်နေတာပဲလို့ သူမတွေးမိသော်လည်း....

 အဲဒီဓာတ်ပုံထဲမှာ သူမလည်းရှိနေသေးတယ်လေ....


ကျနေရောင်က ကား ပြတင်းပေါက်မှ ဝင်ရောက်လာသောအချိန်၌ စုန့်ထင်ရှန်း .ယွမ်ရှ ကို တစ်ချက်လှည့်ကြည့်လိုက်သည်။


သူမ အလွန်လှပကြောင်း သူသိပြီးဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ၏မျက်နှာကို ကျင့်သားရနေခဲ့ပေပြီ။


သို့သော် ရုတ်တရက်ူ့အပေါ်ထားတဲ့ သူမရဲ့သဘောထားက ပြောင်းလဲသွားလို့လား မသိ...အခုအချိန်၌ သူမ၏ဘေးတစ်စောင်းပုံလေးကို ဓာတ်ပုံရိုက်ဖို့ စိတ်အားထက်သန်နေပေသည်။


ယွမ်ရှကလည်း သူ၏  အကြည့်ကို သတိထားမိပြီး အနည်းငယ် ထိတ်လန့်သွားလေသည်။ယနေ့ စုန့်ထင်ရှန်းနှင့်ပတ်သတ်ပြီး တစ်ခုခုလွဲနေပြီလို့ သူမ ခံစားနေရသည်။


အရင်တုန်းက သူမကို ငါးစက္ကန့်ထက်ပိုပြီး မကြည့်ဖူးပေ။ သူမဟာ တောက်ပြောင်လောက်အောင် လှပနေရင်တောင် သူ့အကြည့်တွေက သာမန်သာဖြစ်နေပေလိမ့်မည် ။ယခင်က သူ့ကိုမမြင်သလို နေခဲ့သော်လည်း ယနေ့တွင်တော့...


....


ယခုလက်ရှိတွင်  ယွမ်ရှ . စိတ်ရှုပ်နေပြီဖြစ်သည်။ ယာဉ်ကြောများပိတ်ဆို့နေရသည့်အပြင် အချို့သောကားများက ကြားဖြတ်ကာ ဝင်ဝင်လာသောကြောင့်ဖြစ်လေသည်။


စုန့်ထင်ရှန်းသာ သူ့ဘေးမှာ မရှိခဲ့လျှင် အဲဒီ့ကားမောင်းသူများကို ကျိန်ဆဲမိပေလိမ့်မည်။


စုန့်ထင်ရှန်းက ယွမ်ရှ ကို ကြည့်နေလေရာ သူမ၏အမူအရာကို သတိထားမိပြီး...


."မင်းစိတ်ဆိုးရင် မင်းဆက်မောင်းပြီး သူ့ကားကိုဝင်တိုက်လို့ရတယ်.. သူ့ကားကို ထောင့်ချိုးချထားပြီး ကြားဖြတ်ပြီး ကိုးလို့ကန့်လန့်မောင်းနေတာ..ရဲလာရင် သူအဖမ်းခံရပြီး  သူဖြေရှင်းရလိမ့်မယ်.. "


ယွမ်ရှ... "ရှင်အရင်က တခြားတစ်ယောက်ရဲ့ကားကို ဝင်တိုက်ဖူးလား.."


တည်တည်ငြိမ်ငြိမ်နှင့် ရင့်ကျက်သော စုန့်ထင်ရှန်း သည် ထိုကဲ့သို့ ဥပဒေမဲ့ တစုံတရာကို လွယ်လွယ်ကူကူထုတ်ပြောလာလေသည်။


စုန့်ထင်ရှန်းက ြ.ပတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။


 "အချိန်မီသွားရမဲ့ အလုပ်ကိစ္စတွေရှိရင် ဒရိုင်ဘာကိုပြောပြီး ရှေ့ကကားကို တိုက်ခိုင်းလိုက်တယ်လေ.."


စုန့်ထင်ရှန်းလိုလူမျိုးက  ဒီလို တစ်ခုခုလုပ်တတ်သည်ဆိုတာကို ယုံရခက်လေသည်။


သူ့ခန္ဓာကိုယ်တွင် ဒေါသအမျက်ထွက်သည့် အရိပ်အယောင်များ မတွေ့ရပေ။အမှန်တိုင်းပြောရလျှင် ယွမ်ရှ က သူနဲ့ အချိန်တော်တော်ကြာနေလာသော်လည်း သူ့ဒေါသကို ဘယ်တုန်းကမှ မတွေ့ခဲ့ရဖူးပေ။


ဝမ်လေး၏ရှေ့မှလွဲ၍ သူ့အား မည်သည့်အရာမှ ထိခိုက်အောင်မလုပ်နိုင်သကဲ့သို့ အမြဲတမ်း တည်ငြိမ်နေလေသည်။


"မင်း ဒီကားကို ဝင်တိုက်မှာလား..." စုန့်ထင်ရှန်း က မေးလိုက်သည်။