Part. 121
ယွမ်ရှ က ထိုအကြံကို သူမ ဆန့်ကျင်ကြောင်း ပြောလိုက်သည်..
"ပား မား နဲ့ ပေါင်ပေါင်က ညစာစားဖို့စောင့်နေတယ်လေ.."
သူ့ရှေ့ကဖြတ်၍ ကားကိုဝင်တိုက်ချင်သောအချိန်တွေ အများကြီးရှိသော်လည်း တကယ်လုပ်မှာ မဟုတ်ပေ။
WeChat တွင် သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှ တစ်စုံတစ်ယောက်က ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို တွေ့လိုက်ရသောအခါတွင် သူမ အလွန်ဝမ်းသာခဲ့မိသည်။ စည်းမျဉ်းစည်းကမ်းတွေကို မလေးစားတဲ့လူတွေကို သင်ခန်းစာပေးဖို့ ဒီနည်းလမ်းကို သုံးရတာ အရမ်းကောင်းလေသည်။
သူမ ခေါင်းကိုလှည့်ပြီး စုန့်ထင်ရှန်း ကို တစ်ချက်ကြည့်လိုက်သည်။
ဒီလူကလဲ တကယ်တော့ ဒေါသ ကင်းတာ မဟုတ်ဘူးပဲ...
သူက တကယ်စိတ်ဆိုးသွားရင်တောင်မှ ထုတ်မပြတတ်ဘူး... ဒါပေမယ့် သူ့ဒေါသကို ဖုံးကွယ်ထားလေလေ၊ ပိုကြောက်စရာကောင်းလေလေပဲ
ဤနည်းဖြင့်ကြည့်လျှင် စုန့်ထင်ရှန်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်အပေါ် အလွန်အမင်း သည်းခံနိုင်ခဲ့သည်ဟုဆိုရပေမည်။
သို့ သော် သူမ ရှေ့တွင် ထိုစကားများကို သူဘာကြောင့် ပြောနေသနည်း။
သူ့အကြောင်းကို သူမက သေချာမသိလေရာ သူမရှေ့တွင် ထိုစကားမျိုးလုံးဝမပြောသင့်ပေ။
ရင့်ကျက်တည်ငြိမ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ယောင်္ကျားတစ်ယောက်ဟု ထင်ထားခဲ့သော သူမ၏အထင်များ လုံးဝပြိုလဲသွားလေပြီ။
.....
ယွမ်မိဘ တို့က ဖက်ထုပ်များ ထုပ်နေတုန်းပင်ဖြစ်သည်။ ထိုနေရာတွင် ဝမ်လေးက ဖျက်ဆီးခြင်းဘုရင်ငယ်လေးဖြစ်နေလေသည်။
သူက မရေမတွက်နိုင်သော ဖက်ထုပ်အခွံများကို ဖျက်ဆီးခဲ့ပြီး ဖက်ထုပ်အခွံအတွင်းတွင် သူ၏သရေစာများကို ဖြည့်စွက်စာအဖြစ် ထုပ်ပိုးချင်ခဲ့သည်။ အဖေယွမ်၏ထင်မြင်ယူဆချက်အရ ၎င်းသည် သံသယဖြစ်ဖွယ်ကောင်းပြီး တီထွင်ဖန်တီးမှုရှိသော ဟင်းချက်တတ်ခြင်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ပိုကောင်းတဲ့ရွေးချယ်စရာတွေမရှိသောကြောင့် အဖေယွမ်က သူတို့ရဲ့အခန်းအောက်က တိုက်ခန်းတစ်ခုကိုသွားပြီး ဝမ်လေး နဲ့ ကစားပေးရန် အိမ်နီးချင်းရဲ့မြေးကို ကိတ်မုန့်နဲ့ ရေခဲမုန့်များလာဘ်ထိုးခဲ့ရလေသည်။၊ ဒီလိုနည်းနဲ့ ဖက်ထုပ်တွေကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ရလေသည်။ သူက ဟင်းပွဲအပြင် ဟင်းချိုလည်း ချက်သေးသည်။
အောက်ထပ်က ချစ်ဖိုကောင်းတဲ့ ကလေးမလေးနာမည်က သိုသို လို့ခေါ်လေသည်။ သူမသည် ဝမ်လေး နှင့် အသက်တူတူပင်ဖြစ်သည်။ ကလေးနှစ်ယောက်သည် ဧည့်ခန်းရှိ ဖျာပေါ်တွင် ဆော့ကစားကာ ကိတ်မုန့်စားနေကြလေသည် ။ကလေးတွေ မီးဖိုချောင်ထဲဝင်လာမှာကိုလည်း စိုးရိမ်စရာမလိုတော့ပေ။ ယခုဝမ်လေး မှာ ဆော့ကစားရန် သူငယ်ချင်းတစ်ယောက်ရှိနေတော့ သရေစာများနှင့် ဖက်ထုပ်လုပ်နည်းကို မေ့သွားလေသည်။ ကလေးနှစ်ယောက်သည် အရုပ်များနှင့်ကစားပြီး နောက်ဆုံးတွင် "မှော်မှန်လေး"ဆိုသောကစားနည်း ကို ကစားကြလေသည်။
သိုသိုက ဝမ်လေး ကို လေးလေးနက်နက် ကြည့်ပြီး "မှော်မှန်လေးရေ... ကမ္ဘာပေါ်မှာ အလှပဆုံးလူက ဘယ်သူလဲဆိုတာပြောပါအုန်း.." လို့ မေးလိုက်လေသည်။
သိုသို၏တောင်းဆိုမှုကြောင့် ဝမ်လေးသည် "မှော်မှန်လေး"ဟူသော ကစားနည်းကိုသာ ကစားပေးရလေသည်။
သူတကယ်ပျင်းနေပေမယ့် ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျှောက်သင့်တယ်လို့ သူ့ဆရာက ပြောခဲ့ဖူးလေသည်။ အဲ့ဒါကြောင့် သူ မကစားချင်သော်လည်း သူမနှင့် ဒီဂိမ်းကို ကစားရလေသည်။
ဝမ်လေး... "ငါ့အမေက ကမ္ဘာပေါ်မှာ အလှဆုံးလူပဲ.." ဟု ပြန်ဖြေလေသည်။
သိုသို က "မဟုတ်ဘူး နင်ဒီလိုဖြေလို့မရဘူး.. ကမ္ဘာပေါ်မှာ အလှပဆုံးလူကို ဖြေရမှာ.."
"ကောင်းပြီလေ.."
"မှော်မှန်လေးရေ... ကမ္ဘာပေါ်မှာ အလှပဆုံးလူက ဘယ်သူလဲဆိုတာပြောပါဦး..."
သိုသို ထပ်မေးလိုက်သည်။
ခက်ခဲသည့် အခြေအနေသို့ရောက်နေသော်လည်းဝမ်လေး က "... ငါ့အမေက ကမ္ဘာပေါ်မှာ အလှဆုံးပဲ.. သိုသို..တောင်းပန်ပါတယ်..ငါ လိမ်ပြောလို့ မရဘူး.. နင်ကငါ့အမေလောက်မလှဘူး.."
သိုသို အလွန်ဒေါသထွက်သွားလေသည်။ သူမ မတ်တတ်ထရပ်ပြီး “ငါ နင်နဲ့ မကစားတော့ဘူး..” ဟုပြောကာ အဘိုးအဘွားအိမ်သို့ ပြန်ပြေးသွားလေသည်။
ယွမ်ရှနှင့်စုန့်ထင်ရှန်းတို့ ရောက်ရှိလာသောအခါ ဝမ်လေးတစ်ယောက်ထဲံ ဆိုဖာပေါ်တွင်ထိုင်ပြီး TV ကြည့်နေလေသည်။ သူ့အမူအရာက တစ်ခုခုဖြစ်နေသည်ဟု ခံစားရလေသည်။
ယွမ်ရှ က သူ့ကို ကောက်ချီလိုက်ပြီး " ဘာဖြစ်နေတာလဲ..ပောင်ပောင်ဘာလို့ဒီလောက်ဝမ်းနည်းနေတာလဲ.."
ဝမ်လေးက သူ့မိဘတွေကို အဖြစ်အပျက်အား ပြောပြလိုက်ပြီး မေးခွန်းတစ်ခု မေးလေသည်။ "မာမား ဘာလို့ မိန်းကလေးတွေက အမှန်တရားကို လက်မခံနိုင်ရတာလဲ..."
ယွမ်ရှ အလွန်ပျော်ရွှင်နေသောကြောင့် သူမသည် သဘာဝအတိုင်း ဤမေးခွန်းကို ဖြေရန် စိတ်မဝင်စားတော့ပေ။ဝမ်လေး၏ မျက်နှာပေါ်သို့ လက်နှစ်ဖက်ကို တင်လိုက်ပြီး မျက်နှာကို အကြိမ်ပေါင်းများစွာ နမ်းလေသည်။
စုန့်ထင်ရှန်းသည် သူ၏သားနှင့် ယွမ်ရှ ကို စေ့စေ့ကြည့်ပြီး တွေးနေလေသည်။ သူမကို အိမ် သို့မဟုတ် ကားပေးရုံမျှသာမဟုတ်ဘဲ သူမကို ပျော်ရွှင်မှုတွေကိုပါ ပေးနိုင်ခဲ့လေသည်။