Chapter 71.2
Viewers 23k

Chapter 71.2


“ရူးလောက်အောင်လွမ်း”


ကျန်သီချင်းနှစ်ပုဒ်ကို အသံသွင်းပြီး​နောက် ရှန်းယုဟန်က ကျန်းမြို့တော်ကိုပြန်ခါနီးတွင် ဒါရိုက်တာဖန့်ကို ထပ်ချဥ်းကပ်ပြီး ရှေးဟောင်းအုတ်ဂူအကြောင်းမေးခဲ့သည်။ ဒါရိုက်တာဖန့်က သူ့ကို သိလိုစိတ်ပြင်းပြသော လူငယ်လေးလို့သာတွေးပြီး ပြောပြခဲ့သည်။



ရှန်းယုဟန်က ယခုဆိုရင် ဒါရိုက်တာဖန့်နဲ့ ရင်းနှီးသွားလေပြီ။ “ဒါရိုက်တာ၊ အုတ်ဂူပိုင်ရှင်ရဲ့ ဇစ်မြစ်ကဘာလဲ၊ ကျွန်တော့်ကိုပြောပြလို့ရမလား၊ ကျွန်တော်တကယ်သိချင်လို့ပါ။”


ဒါရိုက်တာဖန့်က ရယ်မောကာ ပြောလိုက်၏။ “မင်းကိုပြောပြလို့ ဘာမှမဖြစ်ပါဘူး။ ရှေးဟောင်းအုတ်ဂူရဲ့ သုတသနပြီးသွားတာနဲ့ အပြင်ကမ္ဘာမှာ ကြေညာတော့မှာပဲလေ”


ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုမြန်မြန်လေးပြောပြပေးပါ။”


ဒါရိုက်တာဖန့်: “ဘာတွေအလျင်လိုနေတာလဲ၊ လက်ရှိမှာ ရှေးဟောင်းအုတ်ဂူနဲ့ပတ်သတ်ပြီး သံသယအများကြီးရှိနေတယ်။ အုတ်ဂူပိုင်ရှင်ရဲ့အရိုးက ငါတို့နဲ့မတူဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ မိန်းကလေးလို့ပြောကြတယ်။ ပြီးတော့ တခြားအုတ်ဂူတွေကိုလည်း အနီးအနားမှာ ရှာတွေ့ခဲ့သေးတယ်။ အဲ့ဒီထဲကအုတ်ဂူပိုင်ရှင်တစ်ယောက်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ငါတို့ဆီက အမျိုးသားတွေနဲ့မကွာဘူး။ သူက ဒီဂီတရမှတ်ရဲ့ပိုင်ရှင်ဖြစ်ပြီး သာမန်လူတွေနဲ့ ကွာခြားတယ်လို့ ကောက်ချက်ချလို့ရတယ်။ ပြီးတော့ မွေးရာပါအင်္ဂါချို့ယွင်းချက် ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက် တစ်ခုခုနဲ့ မွေးဖွားလာတဲ့ကောင်လေးလို့ ကောက်ချက်ချနေကြတယ်။”




ရှန်းယုဟန်က ထိုအဖြေကိုရဖို့ မမျှော်လင်ထားခဲ့ပေ။ “သူ့ခန္ဓာကိုယ်က သာမန်အမျိုးသားတွေနဲ့ကွာတာက ပုံပျက်နေလို့လား?”


ဒါရိုက်တာဖန့်ကခေါင်းညိတ်သည်။ “ဟုတ်တယ်၊ အဲ့ဒါကလည်း ထင်ကြေးပေးရုံပါပဲ။ အဲ့ဒီအုတ်ဂူထဲမှာ သူ့ဘဝနဲ့ပတ်သတ်တဲ့ မှတ်တမ်းတချို့ပါသေးတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်နေတုန်းပဲ၊ ထွင်းထားတဲ့စာလုံးတွေဖြစ်ရင်ကောင်းမယ်။ နှမြောစရာပဲ”


(သေဆုံးသူရဲ့အုတ်ဂူမှာ အမှတ်တရရေးထွင်းထားတဲ့ ကဗျာ၊ စာစုကိုပြောတာပါ။)

ရှန်းယုဟန်က ဒါရိုက်တာဖန့်၏အဖြေကိုကြားတော့ သက်ပြင်ချလိုက်သည်။



ထိုစဥ် ဒါရိုက်တာဖန့်က ဖုန်းကောလ်တစ်ခုကို ရရှိခဲ့ပြီး သူ့မျက်ခုံးမွှေးက ပျော်ရွှင်မှု​ကြောင့် တွန့်ကွေးလာကာ အာမေဋိတ်ပင် ပြုလိုက်သေးသည်။ “ကောင်းတယ်၊ တကယ်ကိုကောင်းတယ်။ ငါမင်းရဲ့နေရာကို မနက်ဖြန်လာခဲ့မယ်။ ဒီပရောဂျက်က ဒီနှစ်ထဲမှာ အရေးကြီးဆုံးမို့လို့ သေချာကိုင်တွယ်ပြီး အမှားမရှိအောင်လုပ်ရမယ်။ လွန်ခဲ့တဲ့နှစ်ထောင်ကျော်က ယဥ်ကျေးမှုအမွေအနှစ်တွေ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ စေစေ့စပ်စပ်လေ့လာရမယ်။”

ထိုအချိန်မှာ ရှန်းယုဟန်က ရှေးဟောင်းအုတ်ဂူမှာ တိုးတက်မှုအချို့ရှိနေမှန်းသိလိုက်သည်။ ဒါရိုက်တဖန့်ကဆိုသည်။ “သူတို့က အုတ်ဂူပိုင်ရှင်ရဲ့ မှတ်စုစာအုပ်ကိုရှာတွေ့ခဲ့တယ်။ စာတွေကို စီစစ်​ပြီးရင် အချက်အလက်ကို ပိုသိရလိမ့်မယ်။”


ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ဒါရိုက်တာ၊ ကျွန်တော် သူ့မှတ်စုစာအုပ်ကိုကြည့်လို့ရမလား? ကျွန်တော်က ပုံမှန်ဆိုရင် လက်ရေးလှကိုကြိုက်တာဆိုတော့ သူ့လက်ရေးနဲ့ပတ်သတ်ပြီး အတော်လေး စပ်စုချင်တယ်။”


“အခုတော့မရသေးဘူး၊ သုတသနပြီးခါနီးရင် ငါမင်းအတွက် ဓာတ်ပုံရိုက်ပေးမယ်။” ဒါရိုက်တာဖန့်က သူ့ရင်ထဲမှာပျော်နေ၏။ ဤယဥ်ကျေးမှုအမွေအနှစ်များသည် အနှေးနဲ့အမြန် ထွက်ပေါ်လာမှာဖြစ်၍ ရှန်းယုဟန်ကို ကြိုပြလိုက်ရင်လည်း ပြဿနာမရှိပေ။



ရှန်းယုဟန်က ခေါင်းညိတ်လိုက်ပြီး ဒါရိုက်တာဖန့်က သူ့ကို အသံသွင်းပေးလို့ ကျေးဇူးတင်စကားပြောနေတာကို နား​ထောင်ပြီး​နောက် ရှန်းယုဟန်က ယင်းမှာ သူ့လုပ်သင့်သည့်အရာဟု ကမန်းကတန်းပြောလိုက်၏။


မသေချာမရေရာမှုနဲ့ စိုးရိမ်မှုကြောင့် ရှန်းယုဟန်က ဌာနမှထွက်ခွာပြီး ဟိုတယ်ကိုပြန်သွားခဲ့သည်။


ဤလမ်းကိုလာရတာ ဆုံးရှုံးမှုမရှိချေ။ သူက အုတ်ဂူပိုင်ရှင်ကိုမသိပေမယ့် သူတို့က ချီတိုင်းပြည်နှင့် သက်ဆိုင်လိမ့်မည်။


သူနေထိုင်သည့်နိုင်ငံဟာ သူ့ခင်ပွန်းပြောသလိုပင် လက်ရှိသမိုင်းမှာ မြှုပ်နှံထားသည်။ လူမျိုးတစ်မျိုးလုံးက သေသွားလောက်တာဖြစ်မည် ဒါမှမဟုတ် သူတို့က မြို့ထဲမှာ ပုန်းအောင်းနေတာလည်း ဖြစ်နိုင်သည်။ ကမ္ဘာကြီးက ထူးခြားသော လူမျိုးစုကို ဘယ်တော့မှာလက်ခံလာမှာမဟုတ်ပေ။ အချိန်တွေကုန်လာတာနဲ့ သူတို့က မမြင်နိုင်တော့သည့် အမည်မသိများသာ ဖြစ်လာလိမ့်မည်။


ရှန်းယုဟန်က နောက်ဆုံးထွက်ဆိုချက်ကို ပိုလိုလား၏။ ကောတွေက မရှိတာမဟုတ်ပဲ သူတို့က သူတို့၏ ထူးခြားသော ကိုယ်ခန္ဓာ​ကြောင့် ပုန်းနေတာ​ဖြစ်ပေမည်။



သူတွေးကြည့်လိုက်တော့ ကောတွေက ဘယ်လောက်ထိ ထူးခြားတာကို သူသဘောပေါက်သွားခဲ့သည်။ သူက သူ့အစ်ကိုကြီးပြောခဲ့ဖူးတာကို မှတ်မိသေးသည်။ ချီတိုင်းပြည်နှင့် ချူတိုင်းပြည်ကလွဲရင် ကောမရှိတဲ့ နိုင်ငံတွေအများကြီးရှိသည်။ နိုင်ငံက ဖျက်စီးခံရရင် ကောတွေက တန်ဖိုးပိုရှိလာတာ ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ကျွန်အဆင့်နိမ့်ကျသွားပြီး ကုန်စည်များအဖြစ် အရောင်းအဝယ်လုပ်ခံနေရတာ ဖြစ်နိုင်သည်။


ထိုသည်မှာ သူတို့က အလွန်ထူးခြားသောကြောင့်ဖြစ်၏။


ထိုအချိန်က သူသည် သူ့အစ်ကိုပြောသော ‘ထူးခြားတယ်'ဆိုတာကို နားမလည်ခဲ့ပေ။ ထိုအချိန်က သူ့မှာ အတွေ့အကြုံအနည်းငယ်သာရှိ၍ နေရာတိုင်းမှာ ကောတွေရှိနေတယ်လို့ ယူဆခဲ့လို့ဖြစ်မည်။ ကိစ္စက ဒီလိုမဟုတ်ဘူးဆိုတာ သူအခုနားလည်သွားလေပြီ။


တိုင်းပြည်၏ အကာအကွယ်မရှိလျှင် သူတို့က အကျဥ်းသားအဆင့်သို့ တန်းဆင်းရလိမ့်မည် ဒါမှမဟုတ် ဒုက္ခအတွေ့အကြုံများကို ပိုပြီးခံစားရနိုင်သည်။



သူနဲ့အတူ ပျောက်ကွယ်သွားသော ကောများ ဘာဖြစ်ခဲ့တာလဲ တွေးကြည့်တော့ ရှန်းယုဟန်က သက်ပြင်းချရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ သူတို့က ထိရှလွယ်ကြ၏။


ဤအုတ်ဂူပိုင်ရှင်မှာ မျိုးရိုးနာမည်ရှန်းဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုသာ​ဖြစ်နိုင်၏။ မျိုးရိုးနာမည်ရှန်းက လူပေါင်းထောင်ချီရှိတာကြောင့် သူတို့ရှန်းမိသားစု၏ ဘိုးဘေးအုတ်ဂူများကို တူးဖော်ဖို့မဖြစ်နိုင်ချေ။


ရှန်းယုဟန်က ဟိုတယ်ကို မတူညီသော စိတ်အခြေအနေဖြင့် ပြန်လာခဲ့သည်။ ညစာစားပြီးနောက် သူက ရှန်ချီဟွမ်းနဲ့ ဗီဒီယိုကောလ်ပြောနေသောအခါ သူ့ခင်ပွန်းက သူစိတ်ဓာတ်ကျနေတာကို အလွယ်တကူရှာတွေ့ခဲ့သည်။



“ဘာလို့လဲ၊ မင်းက အိမ်ပြန်ရမှာ မပျော်လို့လား?” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူတို့မနေက ပျော်ပျော်ကြီး စကားပြောခဲ့တာပါ။ ဒါပေမယ့် သူ့ပုံစံက ဒီနေ့အပြင်ထွက်ပြီးတော့ ဘာလို့ မောပန်းနေရတာလဲ?”


ရှန်းယုဟန်က ဖုန်းကိုကိုင်ထားပြီး သူ့မျက်နှာကိုလက်ဖြင့်ကိုင်ကာ ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ကျွန်တော်မပျော်ဘူး”


ရှန်ချီဟွမ်းက သူ ဒီနေ့အသံသွင်းနေစဥ်အတောအတွင်း တစ်ခုခုကြုံခဲ့ရတာဖြစ်မယ်လို့ ခန့်မှန်းမိတာကြောင့် သူက ရှန်းယုဟန်ကို အကြံပေးလိုက်သည်။ “မင်းမြို့တော်မှာ နှစ်ရက်လောက် လျှောက်လည်လိုက်ပါလား”


ရှန်းယုဟန်က ရှူခင်းသာနေရာများကို တစ်ယောက်တည်း လျှောက်မလည်ဖူးပေ။ သူက ကျန်းမြို့တော်မှာဆိုရင် အားလုံးကိုမြင်ဖူးသည်။ “ကျွန်တော်တစ်​ယောက်တည်းသွားရမှာလား?”


“မင်းမှာဘော်ဒီဂတ်ရှိတယ်၊ ပြီး​တော့ လက်​ထောက်ယန်က မင်းကိုအဖော်လိုက်ပေးလိမ့်မယ်။ အဲ့ဒါမလုံလောက်ဘူးလား? ရှန်ချီဟွမ်းက​ပြောလိုက်၏။



“သူတို့ရှိတာတော့မှန်ပေမယ့် ကျွန်တော့်ယောကျာ်းမရှိဘူးလေ” ခရီးစဥ်အကြောင်းပြောရာမှာ ရှန်းယုဟန်၏စိတ်အ​ခြေအနေက ပိုကောင်းစပြုလာပြီး သူက သူ့ကိုယ်သူ အတိတ်မှာ နစ်မြှုပ်မထားနိုင်ကြောင်း ရင်ထဲမှာ ပြောလိုက်သည်။ 


“မင်းက ငါ့ကို အဲ့ဒီကိုလာပြီး အ​ဖော်ပြုပေးစေချင်တာလား? မင်းကိုထောက်ပံ့ဖို့ ငွေမရှာရဘူးလား?” ရှန်ချီဟွမ်းက ပြုံးလိုက်သည်။


“ငွေရှာဖို့ကအရေးကြီးပေမယ့် ကျွန်တော့်ခင်ပွန်းက ကျွန်တော်ကို တစ်ခါတစ်လေတော့ အဖော်ပြုပေးလို့ရပါတယ်။” ရှန်းယုဟန်က တမင်တကာ သက်ပြင်းချပြလိုက်၏။ “ဒါပေါ့၊ ကျွန်တော်လည်း ယောကျာ်းကို သိပ်မလွမ်းပါဘူး။”


ရှန်ချီဟွမ်းက မျက်ခုံးပင့်လိုက်၏။ “ငါ့ကိုမလွမ်းဘူးလား?”


“ဒါပေမယ့် ကျွန်တော်ခင်ဗျားကိုလွမ်းလည်း မတွေ့နိုင်ဘူးလေ၊ ဒါကြောင့် မတွေးတာပဲကောင်းတယ်။ ကျွန်တော်တို့အခု ဗီဒီယိုပြောနေတော့ ခင်ဗျားကိုအရမ်းလွမ်းနေတဲ့ ခံစားချက်ကိုလျော့သွားစေတယ်။” ရှန်းယုဟန်၏ အချစ်စကားများက ယခုချိန်မှာ ထွက်ပေါ်လာခဲ့သည်။ သေချာတာက သူက သူ့ခင်ပွန်းအပေါ်ကို ရိုးသားနေတာဖြစ်လို့ ဘာအမှားမှမရှိပေ။


ရှန်ချီဟွမ်းက သူ့ဖုန်းစခရင်ကို သေးလွန်းတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။ “မင်းငါ့ကို သိပ်မတွေးချင်ရင် ဖုန်းချလိုက်တော့။”


ရှန်းယုဟန်: “မချဘူး၊ နောက်ကျရင် အိပ်လို့မရတော့မှာကို စိုးရိမ်တယ်။ ကျွန်တော်ကြောက်တယ်။”


ရှန်ချီဟွမ်း: “မင်းက အတော်သတ္တိရှိတာပဲ… မင်းယောကျာ်းကိုတောင် မလွမ်းဘူးဆိုတော့ ကြောက်တာဖြစ်နိုင်ပါ့မလား”

“ယောကျာ်း၊ စိတ်မဆိုးပါနဲ့… ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ခင်ဗျားကိုတကယ်လွမ်းတယ်၊ ထမင်းစားလည်းတွေးတယ်၊ လမ်းလျှောက်လည်းတွေးတယ်။ အလုပ်လုပ်လည်းတွေးတယ်။ ခင်ဗျားကို အိပ်မက်ထဲမှာ​လည်း တွေးတယ်။ မနေ့ညက ခင်ဗျားကျွန်တော့်ကို လာကြိုပြီး အိမ်ပြန်ခေါ်သွားတယ်လို့ အိပ်မက်မက်တယ်။” ရှန်းယုဟန်က သူ့အတွေးများကို ရိုးရိုးသားသား ပြောပြလိုက်သည်။


ရှန်ချီဟွမ်းက သူ့ဇနီးကိုလေးစားသည်။ သူက အလှပဆုံးစကားလုံးများကို အရိုးရှင်းဆုံးလေသံဖြင့် ပြောနိုင်သည်။ ထိုသည်မှာ သူ့နှလုံးသားကို အချိန်တိုင်း ယားယံစေ၏။


သူက သူတို့ခွဲနေရသော နေ့ရက်များကို ရေတွက်နေပြီး သူတို့က တစ်ပတ်ကျော်တောင် မတွေ့ခဲ့ရပေ။

သူတိတ်ဆိတ်နေတာကိုတွေ့တော့ ရှန်းယုဟန်က အရင်တစ်ခေါက် ဟိုတယ်မှာ ဗီဒီယိုကောလ်ပြောတုန်းက သူ့ခင်ပွန်းလုပ်ခဲ့တာကို ပြန်တွေးမိသွားသည်။


“ယောကျာ်း… ကျွန်တော်ရေချိုးတော့မလို့၊ ခဏလောက်စောင့်နေနော်။”


“အွန်း”


ရှန်ချီဟွမ်းက သူလှည့်ထွက်သွားမယ်လို့ ထင်ထားပေမယ့် ဘယ်သူကသိမှာလဲ…. နောက်စက္ကန့်မှာ ရှန်းယုဟန်က သူ့ရှေ့မှာ အင်္ကျီချွတ်ပြပြီး သူ့လှုပ်ရှားမှုများက အတော်လေးနှေးကာ ကြယ်သီးတစ်လုံးစီကို ချွတ်နေပြီး နောက်ဆုံးကြယ်သီးရောက်သောအခါ သူက ရုတ်တရက်လှည့်ပြီး ကင်မရာကိုကျောပေးလိုက်၏။


ရှန်ချီဟွမ်း၏အသက်ရှူသံက ဆိုးရွားလာပြီး သူက အသားမစားရတာ တစ်ပတ်ကြာပြီဖြစ်၍ သူ့မျက်လုံးများကို ဖုံးထားချင်ပေမယ့် သူက တစ်စက္ကန့်တောင် အလွတ်မပေးချင်ပေ။


သူ့ကိုကျောပေးထားသော ရှန်းယုဟန်က လှုပ်ရှားမှုအသစ်တစ်ခုကို လုပ်ခဲ့ပြီး သူ့လက်ကို ဗိုက်အောက်မှာထားကာ ရှန်ချီဟွမ်းက သူဘာလုပ်နေလဲ တွေးကြည့်နိုင်သည်။ 


ရှက်ရွံ့လွန်းတာကြောင့် ရှန်းယုဟန်က ရုတ်တရက် လှည့်ကြည့်လို​က်သည်။ “ယောကျာ်း၊ ကျွန်တော် ရေချိုးတော့မယ်!” နောက်အခိုက်အတန့်မှာ သူကရေချိုးခန်းထဲဝင်သွားပြီး ရှန်ချီဟွမ်းအတွက် အခန်းလွတ်သာ ချန်ထားခဲ့သည်။


မူလက သူ့ခြေထောက်ဖြူဖြူလေးကို မြင်ချင်နေသော ရှန်ချီဟွမ်းက အော်လိုက်၏။ “ရှန်းယုဟန်၊ မင်းပြန်လာခဲ့စမ်း!”


ရှန်းယုဟန်က အထဲမှာ အကျယ်ကြီးရယ်မောနေပြီး အော်ဖြေလိုက်သည်။ “မလာဘူး”


ရှန်ချီဟွမ်းက ကူကယ်ရာမဲ့ခေါင်းခါပြီး သူ့လက်ထဲကဘောပင်ကို စားပွဲပေါ်မှာတင်လိုက်သည်။ သူက ဖုန်းထဲကိုကြည့်ကာ အံကြိတ်ပြီး အော်လိုက်လေသည်။ “ရှန်းယုဟန်၊ ငါ့ကိုစောင့်နေဦး … ပြီးရင်တော့ အကျိုးဆက်ကိုသိစေရမည်။”


ထို့နောက် ချက်ချင်းပင် ဗီဒီယိုကောလ်ကိုချလိုက်ပြီး မြို့တော်လေယာဥ်လက်မှတ် အမြန်မှာလိုက်သည်။ 



ရှန်းယုဟန်​ ရေချိုးခန်းထဲက ထွက်လာစဥ် ရှန်ချီဟွမ်းက သူအချိန်အပိုမလုပ်ပဲ အိမ်ပြန်သွားတာကြောင့် သူနဲ့ ဗီဒီယိုကောလ်ဆက်မပြောဘူးလို့ ပြောခဲ့သည်။ 


ညနေဗီဒီယိုကောလ်အပြီးမှာ ရှန်းယုဟန်က မကြောက်တော့ပဲ သူ့ခင်ပွန်း၏ အကြံပေးချက်ကို နားထောင်ဖို့ဆုံးဖြတ်လိုက်သည်။ သူက မနက်ဖြန်မှာ ဘုရားကျောင်းသွားပြီး မြို့တော်၏ဆွဲဆောင်မှုရှိသောနေရာကို သွားလည်ရန် အင်တာနက်ပေါ်က စားဖို့သောက်ဖို့ ကိစ္စအများကြီးကို အမြန်ရှာဖွေခဲ့သည်။ ဝမ်ဖူကျင့်သရေစာလမ်း၊ မင်းသားလေး၏စံအိမ်၊ တားမြစ်မြို့၊ မဟာတံတိုင်းနှင့် အမျိုးသားပြတိုက်.. အားလုံးက သူလည်ပတ်နိုင်သောနေရာများဖြစ်၏။


တားမြစ်မြို့က ချင်မင်းဆက်ဧကရာဇ် နေထိုင်ရာဟုဆိုကြသော်လည်း ယခုချိန်မှာ လူတွေလည်ပတ်ဖို့ ခရီးသွားများကို ဆွဲဆောင်ဖို့နေရာဖြစ်လာခဲ့၏။ ချီတိုင်းပြည်ရှိ ကောများအကြောင်း ထ​ပ်စဥ်းစားလိုက်သောအခါ အမျိုးသားနှင့်အမျိုးသမီး အများစုနေထိုင်သော ဤကမ္ဘာမှာ ကောတွေရှိခဲ့ရင် ပြပွဲအတွက် အပိုင်းအစတစ်ခုများ ဖြစ်လာနိုင်မလား….

ဆုံးဖြတ်ချက်ချခဲ့သည်မှာ ပညာရှိဘုရင်ကောင်းဖြစ်နိုင်၏။ သမိုင်း၏အပြောင်းအလဲမှာ မသေချာမရေရာမှုအများကြီးရှိနေသည်။ 


အလိုလေး…


ရှန်းယုဟန်က သူဘယ်အချိန် အိပ်ပျော်သွားခဲ့လဲမသိပေမယ့် ရုတ်တရက် သူ့အခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာ သူ့ဖုန်းကမြည်လာပြီး ထိုသည်မှာ သူ့ခင်ပွန်းဖြစ်နေ၏။


သူ့ခင်ပွန်းက ညသန်းခေါင်ကြီး သူ့ကိုဘာလို့ခေါ်တာလဲ?

အရေးကြီးကိစ္စရှိလို့လား?



ရှန်းယုဟန်က မျက်လုံးကို အတင်းဖွင့်လိုက်ပြီး တကယ်တော့ သူက နှစ်နာရီလောက်သာအိပ်ခဲ့ပြီး ဖြေဆိုမှုခလုတ်ကိုနှိပ်ကာ သူ့အသံက သမ်းဝေမှုပြည့်နေသည်။ “ယောကျာ်း?”


ဖုန်းဖြေလာသူက တံခါးခေါက်လိုက်ပြီး သူ့ခင်ပွန်းကပြောလိုက်သည်။ “တံခါးဖွင့်ပေးဦး….ငါပါ”

ရှန်းယုဟန်​က ရုတ်တရက်နိုးလာသည်။ “ခင်ဗျားက…. တံခါးအပြင်မှာလား?” သူက အိပ်သည့်အခါ အမြဲသတိထားပြီး သူခိုးဖမ်းပေးမယ့်သော့ကို ဆောင်ထားလေ့ရှိ၏။ “အဲ့ဒါကတကယ်ခင်ဗျားလား?”

ရှန်ချီဟွမ်းက လက်ထောက်ယန်ဆီက အခန်းကတ်ကိုရထားပေမယ့် အတွင်းကနေ သော့ခတ်ထားမယ်လို့ မမျှော်လင့်ခဲ့ပေ။ “ငါပါ”


ရှန်းယုဟန်က သူ့မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်လိုက်ပြီး အိပ်မက်မက်နေတယ်လို့ထင်​နေသည်။ ထိုသည်မှာ တံခါးဖွင့်ပေးပြီး သူ့ခင်ပွန်း၏​ ခန့်ညားသောမျက်နှာကို မမြင်လိုက်ရခင်အထိဖြစ်၏။ သူက အေးစက်သော အသံဖြင့် ပြောလာခဲ့သည်။ “မစိုးရိမ်ပါနဲ့ ငါပါ…”

ထိုမှသာ ရှန်းယုဟန်က တံခါးဖွင့်လိုက်ပြီး ရှန်ချီဟွမ်းက ကုတ်ကိုချွတ်လိုက်တော့ သူ့ခန္ဓာကိုယ်က အေးစက်သွား၏။ သူက ရှန်းယုဟန်ကို ပွေ့ချီကာ စားပွဲပေါ်တင်လိုက်၏။


“အား!” ရှန်းယုဟန်က သူ့လည်ပင်းကို ကမန်းကတန်းဖက်လိုက်သည်။ “ယောကျာ်း…ဘာလုပ်နေတာလဲ?”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို နီရဲနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ငါအဝေးကြီးကနေလာတာ ဘာ​ကြောင့်လို့ထင်လဲ? 'အကျိုးဆက်ကိုခံရမယ်'ဆိုတဲ့စကားကို ဘယ်လိုရေးရမလဲသိလား?


ထိုမှသာ ရှန်းယုဟန်က ရေမချိုးခင် သူဘာလုပ်ခဲ့လဲသတိရသွားပြီး နောက်ကျသွားလို့လည်း နောင်တရနေခဲ့သည်။ ကြည့်ရတာ ဒီနည်းက သူ့ခင်ပွန်းကို စောစောတွေ့လို့ရတဲ့ နည်းလမ်းဖြစ်ပုံပဲ….


ရှန်ချီဟွမ်းက သူနိုးနေလား မနိုးနေလား ဂရုမစိုက်ပေ။ သူက လူကိုတိုက်ရိုက်ဖိချကာ ခဏလောက်နမ်းလိုက်သည်။


သူက ညသန်းခေါင်မှာ တံခါးအပြင်ထုတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။