Chapter 72.2
Viewers 23k

Chapter 72.2


“ငါဘာများမှားသွားလို့လဲ”


သူတို့လူနာဆောင်မှာ စကားပြောနေစဥ် ရှန်ချီဟွမ်းက ဒေါက်တာရုံးခန်းကို သွားခဲ့၏။


ဒေါက်တာက ရှန်ထျန်းဖုန်း၏အခြေအနေကို ထိန်းချုပ်ထားပေမယ့် ဒုတိယအကြိမ်ခွဲစိတ်ရနိုင်​ကြောင်း ​ပြောခဲ့သည်။ ဒါကြောင့် သူက စိတ်ကို​ပြင်ဆင်ထားဖို့လိုပြီး လူနာကို အခုချိန်ကစပြီး စိတ်ခံစားချက်အတက်အကျ အလွန်အကျွံမဖြစ်စေဖို့နှင့် ဖြစ်ခဲ့ရင် သူ့ကျန်းမာရေးကို ထိခိုက်သွားတော့မှာဖြစ်ကြောင်း ပြောလာခဲ့သည်။


ရှန်ချီဟွမ်းက သူနားလည်ကြောင်းပြောခဲ့ပြီး တခြားလူကို ဒီကိစ္စမပြောဖို့မှာခဲ့သည်။ ဒေါက်တာက ခေါင်းညိ​တ်ပြပြီး ကိစ္စမရှိဘူးလို့ ပြောခဲ့၏။


ဒုတိယအကြိမ်ခွဲစိတ်တာက အန္တရာယ်များတယ်လို့ ဆိုလိုတာဖြစ်၏။


ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း ဒုတိယအကြိမ် ခွဲစိတ်ရနိုင်ကြောင်း ရှန်ချီယွမ်အားပြောပြခဲ့ပြီး ရှန်ချီယွမ်က သူနားလည်တယ်လို့ ပြောခဲ့ပေမယ့် သူက သူပျော်သလား ဝမ်းနည်းသလားပင် မပြောနိုင်ခဲ့ပေ။


ဒုတိယနှင့် တတိယအိမ်တော်က လတ်တလောမှာ ဆူညံပွက်လောရိုက်နေခဲ့သည်။ ရှန်ထျန်းဖုန်း ဆေးရုံတက်နေရသည့်အကြောင်းကို မီဒီယာက တဖြည်းဖြည်းသိသွားခဲ့ပြီး သူတို့နှစ်ယောက် ရန်ဖြစ်နေကြသည့် ရုပ်ဆိုးသောဓာတ်ပုံများကို အင်တာနက်မှာ တင်ခံလိုက်ရသောအချက်သည် အတော်လေး ရှက်ဖို့ကောင်းလှသည်။


မိသားစု၏အရှက်ကို လူသိရှင်ကြားဖော်မပြသင့်ဘူးလို့ ပြောကြသော်လည်း ရှန်ချီဟွမ်းက ငြင်းဆိုပြီး သူက ထိုအရာကို ပွဲတစ်ခုအဖြစ် ကြည့်ချင်ခဲ့သည်။

သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းကို ဆေးရုံမှာလာတွေ့ခဲ့ပြီးနောက် ရှန်းယုဟန်၏ တာဝန်က ပြီးဆုံးသွားလေပြီ။ ရှန်ထျန်းဖုန်းက အလွန်ဒေါသထွက်ပြီး လူကြီးရောဂါကို ခံစားခဲ့ရတာကြောင့် နောက်နေ့မှာ သက်သာသွားတော့ အိမ်ပြန်သွားခဲ့သည်။

ရှန်းယုဟန် အိမ်ပြန်ရောက်တော့ သူ့မှာအလုပ်အသစ်ရှိခဲ့သည်။ ရှန့်ယွီလင်းက အနုပညာပြပွဲမှာ ရောင်းချဖို့ ပန်းချီကားနှစ်ချပ်ရေးဆွဲပေးရန် သူ့ကိုပြောလာခဲ့သည်။ လူအများကြီးက {နွေဦးစတင်ချိန်}နှင့် {ဆောင်းယဥ်စွန်းချိန်} ၏ ပန်းချီဆရာက ဘာလို့လက်ရာနည်းနည်းပဲရှိတာလဲလို့ ​မေးနေခဲ့ကြသည်။



ရှန်းယုဟန်​က သူ့ဘဏ္ဍာတိုက် သိပ်မချမ်းသာဘူးလို့ တွေးမိခဲ့သဖြင့် သူက ပန်းချီဆွဲဖို့ သဘောတူလိုက်ပေမယ့် အတိအကျတော့မပြောခဲ့ပေ။ တကယ်တော့ သူက ယခုချိန်ထိ ဘာကိုဆွဲရမလဲ မစဥ်းစားရသေးပေ။


ထို့အပြင် ရှန့်ယွီလင်းက သူနဲ့ အတော်လေး ဆက်ဆံရေးကောင််းမွန်ပြီး သူက သူ့တတိယအစ်ကိုကြီးနဲ့ ရုပ်ဆင်ပေမယ့်လည်း သူ အလုပ်တွဲလုပ်နိုင်သော လူတစ်ဦးသာဖြစ်၏။


ပြန်ရောက်တော့ ရှန်ချီဟွမ်းက ရှန်ဂရုကိုပြန်သွားကာ အလုပ်ရှုပ်နေခဲ့စဥ် ရှန်းယုဟန်က ပန်းချီဆွဲခြင်း၊ ငွေရှာခြင်းနှင့် ပညာသင်ကြားခြင်း စသည့် ဘဝလေးမှာ စတင်နေထိုင်ခဲ့သည်။


ရှန်းယုဟန်ပြန်ရောက်ပြီး တစ်ပတ်အကြာမှာ ဒါရိုက်တာဖန့် ဖုံးကွယ်ထားသော ရှေးဟောင်းအုတ်ဂူကို မီဒီယာက ကြေညာခဲ့တာကြောင့် အမျိုးသားရှေးဟောင်းသုတေသနအဖွဲ့အစည်းက ရှေးဟောင်းဂီတရမှတ်ဆယ့်တစ်ခု၊ အုတ်ဂူပိုင်ရှင်၏မှတ်စုစာအုပ်နှင့် ယခုအချိန်ထိ တူးဖော်တွေ့ရှိထားသော မြှုပ်နှံပစ္စည်းများစွာအပါအဝင် လူသိရှင်ကြား ထုတ်ဖော်နိုင်သည့်အရာများကို ချက်ချင်းထုတ်ပြန်ခဲ့ကြသည်။


တ​ခြားအရာများကြားမှာ ရှေးဟောင်းသုတေသနအဖွဲ့အစည်းက အုတ်ဂူပိုင်ရှင်၏မှတ်စုစာအုပ်ထဲက ခွဲခြမ်းစိတ်ဖြာထားသော အကြောင်းအရာများကို ထုတ်ဝေမှာဖြစ်ပြီး အုတ်ဂူပိုင်ရှင်က မှတ်စုရေးရတာကြိုက်ပေမယ့် မှတ်စုစာအုပ်က တစ်စစီဖြစ်နေတာကြောင့် သူတို့က အရေးကြီးအပိုင်းများကို မှတ်ထားရသည်။




ဤအုတ်ဂူပိုင်ရှင်က လူကြီးတွေပြောပြသော ပုံပြင်များကို နား​ထောင်ရတာကြိုက်ပြီး သူ့မှတ်စုစာအုပ်က ဘိုးဘေးများ၏ လုပ်ရပ်တချို့ကို မှတ်တမ်းတင်ထားသည်။ သူ့အဘိုးက လွန်ခဲ့သည့်နှစ်၃၀၀ကပြောပြခဲ့သည်မှာ သူတို့ရှန်းမိသားစုမှာ သူတို့နိုင်ငံရှိပြီး ယင်းမှာ ချီတိုင်းပြည်ဖြစ်သည်။ နောက်တော့ ချီတိုင်းပြည်က ချူတိုင်းပြည်၏သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ချူတိုင်းပြည်က တခြားနိုင်ငံများ၏ သိမ်းပိုက်ခြင်းကို ထပ်ဆင့်ခံခဲ့ရသည်။ ချူတိုင်းပြည်၏ သိမ်းပိုက်ခြင်းခံခဲ့ရသော သူတို့ရှန်းမိသားစုက ရုတ်ချည်းတိတ်ဆိတ်သွားပြီး အရာရှိအဖြစ် အမှုထမ်းခြင်းမှ ရပ်တန့်ခဲ့ရသည်။


ရှန်းမိသားစု ဤဆုံးဖြတ်ကိုချခဲ့ရခြင်း အကြောင်းတရားက လူတစ်ယောက်၏ သေဆုံးမှုကြောင့်ဖြစ်ပြီး ထိုလူက ချူတိုင်းပြည်ကို လက်ထပ်ဖို့သွားခဲ့သည့် “သခင်မလေးရှန်း'ဖြစ်၏။ ဤသခင်မလေးရှန်း၏ ဇာတ်လမ်းနဲ့ပတ်သတ်ပြီး ဘိုးဘေးများက စကားလုံးအနည်းငယ်သာ ရေးသားထားခဲ့သည်။ အုတ်ဂူပိုင်ရှင် မျှော်လင့်နေသည်မှာ သားစဥ်မြေးဆက်တွေက ဤအရာများကို အနာဂတ်မှာ သတိရနေဖို့ဖြစ်တာ​ကြောင့် သူက သူ့အဖိုးပြောသည့်အတိုင်း မှတ်တမ်းတင်ခဲ့တာဖြစ်၏။ 

သခင်မလေးရှန်းက ချီတိုင်းပြည်၏ နံပါတ်တစ်အလှတရားဖြစ်ပြီး သူမက ဂုဏ်ကျက်သရေနဲ့ သိက္ခာရှိသည်။ သူမက  စိတ်နေစိတ်ထားနူးညံ့ပြီး ချင်၊ ဂိုး၊ လက်ရေးလှနှင့် ပန်းချီ စသည့် အနုပညာမျိုးစုံကို ကျွမ်းကျင်တတ်မြောက်ပြီး ချူတိုင်းပြည်ဘုရင်က သူသိမ်းပိုက်ခဲ့သည့် နိုင်ငံနှစ်နိုင်ငံကို သူမအတွက် ပေးဖို့ဆန္ဒရှိခဲ့သည်။ သို့သော် ချူတိုင်းပြည်မှာ လက်ထပ်ဖို့သွားခဲ့သည့် လမ်းတွင် သူမက တောင်ပေါ်ဓားပြများနှင့် တွေ့ဆုံခဲ့ပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။ 


ဤသည်မှာ ရိုးရှင်းသောဒဏ္ဍာရီတစ်ခုပဲလို့ထင်၍ သူက နားထောင်ခဲ့သော်လည်း အုတ်ဂူပိုင်ရှင်၏အဘိုးက မဆုံးခင်မှာ အုတ်ဂူပိုင်ရှင်ကို ကုတင်ဘေးသို့ခေါ်ပြီး လက်ရေးလှ၊ပန်းချီ၊ စာအုပ် စသဖြင့် ပစ္စည်းမျိုးစုံကို ပေးကာ တစ်သက်လုံးသိမ်းထားဖို့ပြောခဲ့သည်။ ဤသည်မှာ ရှန်းမိသားစု ဘိုးဘေးများ၏ ဆုံးမသွန်သင်မှုဖြစ်သည်။ သူ့အဘိုးဆုံးသွားတော့ သူက ဤအမွေအနှစ်များကို စတင်စုဆောင်းခဲ့ပြီး သူ့အမွေအနှစ်အားလုံးက သခင်မလေးရှန်းနှင့် သက်ဆိုင်နေကြောင်း တွေ့ခဲ့ရသည်။


ဤသခင်မလေးရှန်းက ခံစားချက်အစစ်အမှန်ကို ဖော်ပြခဲ့သော လူတစ်ယောက်ဖြစ်ပြီး သူမမှာ ကိုယ်ပိုင်စိတ်ကူးရှိသည်။ သူမ၏ ပန်းချီကားနှင့် လက်ရေးလှက သူမ၏ချစ်စရာကောင်းသော အကျင့်စရိုက်ကို ဖော်ပြနေပြီး တခြားသူတွေကတော့ ရှုခင်း၊ ဇီးသီးပွင့် ၊ သစ်ခွနှင့် ဝါးတွေကို ပန်းချီဆွဲရတာကြိုက်သည်။ သူမက ကွဲပြားပြီး အသေးအမွှားလေးများကို မှတ်တမ်းတင်ဖို့ သူမ၏ပန်းချီကားကို အသုံးပြုရတာကြိုက်သည်။


ရံဖန်ရံခါတွင် သူမက ဝမ်းနည်းပူဆွေးမှုကို ခံစားတတ်ပြီး အချိန်အများစုမှာ သူမ၏အကိုတွေလိုပင် သူမက သာမန်ပြည်သူများကို ဂရုစိုက်လေ့ရှိသည်။ သူမမှာ ကြင်နာတတ်သောနှလုံးသားရှိပြီး ဒုက္ခသည်များကို ထမင်းကျွေးလေ့ရှိကာ လိုအပ်သူများကို ကူညီဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။


သူမ လက်ထပ်တုန်းက ဆယ်မိုင်နီခန်းဝင်ပစ္စည်း ရခဲ့ရုံတင်မကပဲ သူမကို လိုက်ပို့ခဲ့ကြသည့် အရည််အချင်းရှိလူငယ်တွေ အများကြီးရှိကာ သူတို့က ချူတိုင်းပြည်ကို လက်ထပ်ဖို့ သွားခဲ့ရသည့် သူမ၏ကံကြမ္မာကို နှမြောတသဖြစ်နေခဲ့သည်။


ကံဆိုးတာကတော့ သူမက လမ်းမှာ တောင်ပေါ်ဓားပြနဲ့ဆုံခဲ့ရပြီး လူသေသွားရုံတင်မကပဲ သူမ၏ အဖိုးတန်ခန်းဝင်ပစ္စည်းကိုလည်း ဆုံရှုံးခဲ့ရသည်။ လက်ရေးလှနှင့် ပန်းချီကားကတော့ သူမ၏မိသားစုက ပြန်လည်ရရှိခဲ့သည်။


အမျိုးသားရှေးဟောင်းသုတေသန အဖွဲ့အစည်းကလည်း သခင်မလေးရှန်း၏ ပန်းချီကားကို ထုတ်ပြခဲ့ကြသည်။


ဟုတ်သည်….သူမ၏လက်မှတ်က………ယိဖန့်ကျွီရှီးဖြစ်၏။



အလုပ်ရှုပ်နေသော ဒါရိုက်တာဖန့်ကလည်း ရှန်းယုဟန်ကို မှတ်စုစာအုပ်ပို့ခဲ့ပေမယ့် ရှန်းယုဟန်က ရှေးဟောင်းသုတေသနစင်တာမှ ထုတ်လွှင့်ခဲ့သည့် သတင်းဗီဒီယိုကိုကြည့်ကာ အံ့အားသင့်နေခဲ့သည်။ အမှန်တရားက သူမျှော်လင့်ခဲ့တာထက် အမြန်ဆုံးရောက်လာခဲ့ပြီး ထိုအမှန်တရားက မမျှော်လင့်ထားတာဖြစ်နေ၏။


သခင်မလေးရှန်းက သူလား?”


သူက လူသိရှင်ကြားထုတ်ပြခဲ့သော ပန်းချီကားကိုသိသည်။ ယင်းမှာ သူ ဆယ့်ရှစ်နှစ်အရွယ်က ဆွဲခဲ့သော ပန်းချီကားတစ်ချပ်ဖြစ်ပြီး ယင်းကို {နွေဦးထွန်ယက်ခြင်း}လို့ခေါ်သည်။


ထိုအချိန်က သူက ဘိုးဘေးကန်တော့ဖို့ သူ့အဘွားနှင့်အတူ ကျေးလက်ကိုသွားခဲ့တာဖြစ်ပြီး ယင်းမှာ နွေဦးထွန်ယက်ခြင်းရာသီဖြစ်၏။ လမ်းတစ်လျှောက်မှာ လယ်ထွန်နေသော အဘိုးကြီးများ၊ ကျွဲများနှင့် သိုးထိန်းကောင်လေးများအပါအဝင် စမ်းချောင်းဘေးမှာ အဝတ်လျှော်နေကြသည့် အမျိုးသမီးများကို တွေ့ခဲ့ရသည်။ သူတို့ကြည့်ရတာ ပူဆွေးနေပုံမပေါ်ပဲ လူတိုင်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုစီရှိကြပြီး ထိုသည်မှာ သူတို့ဘဝဖြစ်၏။


ဘဝက ခါးသီးတယ်လို့ လူတိုင်းကထင်နေကြရင် ကမ္ဘာပေါ်မှာ လယ်သမားတွေ ရှိတော့မှာမဟုတ်ပေ။


အိမ်ဟောင်းမှာအနားယူရင်း သူက ပုံတစ်ပုံဆွဲခဲ့သည်။ ဒုက္ခရောက်နေသူတွေ အများကြီးရှိနေနိုင်ပေမယ့် ဘဝကမဆိုးဘူးလို့ ခံစားရသော လူတွေလည်း အများကြီးရှိ၏။


ရှန်ချီဟွမ်း အိမ်ပြန်ရောက်တော့ နေဝင်ခန်းထဲမှာ ထိုင်နေပြီး မေးစေ့လက်ထောက်ကာ တွေဝေနေသော သူ့ဇနီးလေးကိုတွေ့လိုက်ရ၏။ ဖန်သားပြင်ပေါ်တွင် ရှေးဟောင်းသုတေသနအဖွဲ့အစည်းက ထုတ်လွှင့်ခဲ့သော ဗီဒီယိုကို ထပ်ခါထပ်ခါပြနေခဲ့သည်။


“အားလုံးပဲကြည့်ကြပါ။ ဒါက ရှာဖွေတူးဖော်ခဲ့တဲ့ ပန်းချီကားတစ်ချပ်ပါ။ ပြဿနာအသေးအဖွဲတစ်ချို့ရှိပေမယ့် သူ့အလှတရားကို အသိအမှတ်ပြုဖို့ လုံလောက်တယ်။ ဒီပန်းချီကားက သခင်မလေးရှန်းရဲ့လက်ရာလို့ ပြောကြပြီး သူမရဲ့ပန်းချီကားမှာ လက်မှတ်ထိုးထားပါတယ်။ အုတ်ဂူပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ရှင်းလင်းပြီးရင် တစ်ခုချင်းပြဖို့ ပြပွဲကျင်းပမှာပါ။”



ဗီဒီယိုထဲတွင် အနောက်တိုင်းဟန်မင်းဆက်သင်္ချိုင်းမှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူတို့၏ရှေဟောင်းသုတေသန တွေ့ရှိချက်ကို ဖော်ပြထားသည်။

ရှန်ချီဟွမ်းက ငါးမိနစ်ဗီဒီယိုကိုကြည့်ပြီး ကောက်ချက်ချလိုက်သည်။ “ဒါက ချမ်းသာပြီးအာဏာရှိတဲ့မိသားစုက မိန်းမပျိုတစ်ယောက်ရဲ့ အုတ်ဂူကို ပထမဆုံးကြားဖူးတာပဲ၊ ဒီသခင်မလေးရှန်းက တော်ဝင်ဆန်ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်ပုံပဲ။”



ရှန်းယုဟန်က သူ့ကိုပြင်ပေးလိုက်သည်။ “အုတ်ဂူပိုင်ရှင်က သခင်မလေးရှန်းမဟုတ်ဘူး။”


ရှန်ချီဟွမ်းက ဗီဒီယိုကို ညွှန်ပြလိုက်သည်။ “သူတို့က သခင်မလေးရှန်းအ​ကြောင်း ပြောနေတာမဟုတ်ဘူးလား?”


ရှန်းယုဟန်က အုတ်ဂူပိုင်ရှင်နဲ့ပတ်သတ်ပြီး သူနဲ့ပြိုင်မငြင်းတော့ပဲ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ “သူ့ကို မိန်းမပျိုလေးလို့ထင်လား?”



ရှန်ချီဟွမ်းက လတ်တလောသတင်းများကို အာရုံစိုက်ဖို့ပင် အလုပ်ရှုပ်နေခဲ့သည်။ “အဲ့လိုမဟုတ်ဘူးလား? ကျွမ်းကျင်ပညာရှင်တွေက မမှားနိုင်ပါဘူး။”


ရှန်းယုဟန်​က သူ့ကိုတိုက်ရိုက်ပြောလိုက်သည်။ “ဒါပေမယ့် အုတ်ဂူပိုင်ရှင်က အစကနေ အဆုံးထိ သူ့ကိုသခင်မလေးလို့ မခေါ်ခဲ့ဘူးလေ၊ သခင်မလေးရှန်းဆိုတာ ရှေးဟောင်းသုတေသနပညာရှင်က သတ်မှတ်ခဲ့တာပဲ.. မှတ်စုထဲမှာမရေးထားဘူး။ သူက သူ့ရဲ့ဘိုးဘေးလို့ပဲပြောခဲ့တာ။”


“ဒါဆို ရှေးဟောင်းသုတေသနပညာရှင်က သူမကို ချမ်းသာတဲ့မိသားစုရဲ့ လက်မထပ်ရသေးတဲ့ သမီးတစ်ယောက်လို့ ထင်ကြေးပေးထားတာလား? ဒါပေမယ့် အဲ့ဒါက ဆယ်မိုင်နီခန်းဝင်ပစ္စည်းဆိုတော့ အမျိုးသမီးတစ်ယောက်မဟုတ်ဘူးလား၊ ချူတိုင်းပြည်ဘုရင်က အမျိုးသားတစ်​ယောက်ကို လက်ထပ်ချင်တာ ဖြစ်နိုင်ပါ့မလား?” ရှန်ချီဟွမ်း၏ သံသယများက တိုးလာခဲ့သည်။


ရှန်းယုဟန်က သူ့ကို အပြုသဘောဆောင်သည့် အဖြေပေးလိုက်၏။ “အွန်း၊ သူက အမျိုးသားတစ်ယောက်ကို လက်မထပ်ခဲ့ပါဘူး။”


ရှန်ချီဟွမ်းက ပန်းချီကားနောက်ကျောက လင်းထိန်နေသော နေရာတစ်ခုကိုမြင်လိုက်၏။ “ဟေး..ရှန်းယုဟန်၊ သခင်မလေးရှန်းရဲ့ ပန်းချီကားပေါ်က လက်မှတ်က ယိဖန့်ကျွီရှီးပဲ…မင်းနဲ့တူနေတယ်။”


သူတ​ခြားဘာမှရှာမတွေ့ခဲ့တာကို ရှန်းယုဟန်ကမြင်တော့ သက်ပြင်းချလိုက်၏။ “အွန်း” သူက တစ်ခုခုကိုတွေးမိပြီး ရုတ်တရက်စိတ်အားထက်သန်လာကာ ရှန်ချီဟွမ်းကို ​မေးလိုက်သည်။ “ယောကျာ်း၊ တစ်နေ့ကျရင် စာအုပ်ထဲမှာပြောထားတဲ့ သခင်မလေးရှန်းကို တွေ့ရမယ်ဆိုပါစို့၊ သူက ကြင်နာတတ်ပြီး ကြည့်လည်းကောင်းတယ်၊ စိတ်သဘောထားလည်းနူးညံ့ပြီး ဂိုး၊ချင်၊ လက်ရေးလှနဲ့ပန်းချီမှာလည်း တော်တယ်။ သူကခင်ဗျားကိုလက်ထပ်မယ်ဆိုရင် ခင်ဗျားကသူ့ကိုလက်ထပ်မှာလား?”


ရှန်ချီဟွမ်းက ထိုစကားကိုကြားတော့ ဒါက ချစ်သူကောင်လေးနှင့် ကောင်မလေးကြားမှ ရက်စက်ကြမ်းကြုတ်သော မေးခွန်းဖြစ်တာကို သူသိလိုက်ပြီး ဘယ်လိုဖြေရမလဲဆိုတာလည်း သိခဲ့သည်။


သူက အခိုင်အမာဆိုသည်။ “ဒါပေါ့ သူ့ကိုလက်မထပ်ပါဘူး။ မင်းမြင်ပါတယ်၊ သူမက အရမ်းတော်တယ်ဆိုပေမယ့် ငါနဲ့မလိုက်ဖက်ဘူး။ ပြီးတော့ ငါက အမျိုးသမီးတွေကိုလည်း မ​ကြိုက်ဘူး။ ငါ့ကို ဆယ်မိုင်နီခန်းဝင်ပစ္စည်းနဲ့ တင်တောင်းရင်တောင် ငါသူမကိုလက်မထပ်ဘူး!”


ရှန်းယုဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာက ထိုအဖြေကြောင့် မပျော်ရွှင်ခဲ့ရပေ။

သူက အရိပ်အမြွက်အသေးလေးကို ပေးလိုက်သည်။ “သူကလည်း ယိဖန့်ကျွီရှီးပဲလေ”


ရှန်ချီဟွမ်းက သူ့အဖြေကို ထပ်ခါတလဲလဲ အခိုင်အမာဆို၏။ “သူက ယိဖန့်ကျွီရှီးဆိုရင်တောင် ငါသူမကိုလက်မထပ်ဘူး”


ရှန်းယုဟန်က ဒေါသထွက်သွား၏။ “ခင်ဗျားက သူ့ကိုတော်တယ်လို့ပြောပြီး ဘာလို့ လက်မထပ်ချင်ရတာလဲ?”


ရှန်ချီဟွမ်းက ရှင်းပြလိုက်သည်။ “တော်တာကတော်တာပဲလေ ဒါပေမယ့် ပထမဆုံးအကြိမ် မြင်ရတာတောင် ရှေးဆန်ပြီး ပျင်းဖို့ကောင်းလွန်းတယ်။ ရှေးခေတ်မှာဆိုရင် မြင့်မြတ်တဲ့အမျိုးသမီးတွေက အိမ်မှာနေ့တိုင်းနေပြီး သူတို့က မနာလိုဖြစ်ဖို့ပဲသိတာ။ ငါတို့မှာ တူညီတဲ့အရာမရှိဘူး။ သေချာတာကတော့ ချမ်းသာပြီးအာဏာရှိတဲ့မိသားစုက မိန်းမပျိုတစ်ယောက်ကို လက်ထပ်ပြီး သူမကို ဗုဒ္ဓတစ်ယောက်လို အိမ်မှာမထားနိုင်ဘူး။ ပြီး​တော့ ငါက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီအကြောင်းကို သိပ်မသိဘူး။ သူမနဲ့ နေ့တိုင်းအတူရှိရရင် အနှေးနဲ့အမြန် ငြီးငွေ့သွားလိမ့်မယ်။”


မရှင်းပြတာကမှပိုကောင်းဦးမည်။ သူရှင်းပြလို့ပြီးသွားတော့ ရှန်းယုဟန်က မျက်တောင်ခတ်ပြီး သူ့မျက်လုံးများက နီရဲလာကာ မျက်ရည်လုံးကြီးများ ကျဆင်းလာသည်။ သူက နှာရှုပ်ကာ အိမ်ထဲဝင်သွားတော့သည်!

သူ့ခင်ပွန်းက သူ့ကိုရှေးရိုးဆန်းပြီး ပျင်းစရာကောင်လို့ သဘောမကျရုံတင်မကဘူး။ အနှေးနဲ့အမြန် ငြီးငွေ့သွားမယ်လို့လည်း ပြောခဲ့တယ်။ ဒီစကားက သူ့ကိုအလွန်ဒေါသထွက်စေတယ်!


ရှန်ချီဟွမ်းက နားမလည်နိုင်ဖြစ်သွားသည်။ “.....” ငါဘာမှားသွားတာလဲ?