Chapter 73.1
Viewers 23k

Chapter 73.1


“အိမ်ကထွက်သွားခြင်း”


ရှန်းယုဟန်က ရှန်ချီဟွမ်း၏အရှေ့မှာ မငိုတာကြာခဲ့လေပြီ။ အကြောင်းမှာ မကြာသေးမီက သူက အရမ်းပျော်ရွှင်ပြီး ကျေနပ်နေ၍ဖြစ်၏။


သို့သော် ဒီတစ်ကြိမ်မှာ သူ့ကို ဝမ်းနည်းစေတာ ရှန်ချီဟွမ်း၏အဖြေမဟုတ်ပဲ ရှန်မိသားစုကို လွမ်းသွားလို့ဖြစ်၏။


ရှေးဟောင်းသုတေသနရလဒ်က ခုချိန်ထိမထွက်​သေးပေ။ ရှန်းယုဟန်က ရှန်းမျိုးနွယ် သားစဥ်မြေးဆက်၏ မှတ်စုစာအုပ်ကိုသာဖတ်ခဲ့ရပြီး သူ့ဘိုးဘေးများက ဘယ်သူလဲဆိုတာကို မဖော်ပြထားပေမယ့် သူ့အစ်ကိုကြီးတစ်ယောက်ဖြစ်တာတော့ သေချာသည်။ ဘယ်အစ်ကိုလဲဆိုတာကတော့ မသေချာသေးပေ။ အနာဂတ်မှာ တူးဖော်ရရှိထားသော ပစ္စည်းအများအပြားရှိဖို့ မျှော်လင့်သည်။ လက်ရှိမှာ​တော့ ဗီဒီယိုထဲမှာ ပစ္စည်းအများကြီးကို မတွေ့ရသေး၍ သူက မမှတ်မိသေးပေ။


သူ့အစ်ကိုများ၏ သားစဥ်မြေးဆက်က ကွယ်လွန်တာ နှစ်ရာချီပြီဖြစ်၍ ကြားထဲမှာ သူတို့က ခေတ်ကာလပြောင်းလဲမှုကို တွေ့ကြုံခဲ့ရလောက်သည်။


ရှန်းယုဟန် အိမ်ထဲပြန်ရောက်တော့ သူက အခန်းထဲကိုသွားပြီး ဆိုဖာပေါ်မှာ ​မျက်ရည်သုတ်ကာထိုင်နေသည်။ သူက ခဏလောက်တော့ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ငိုချင်တာပဲသိ၏။

ရှန်ချီဟွမ်းက အထဲလိုက်လာတော့ ရှန်းယုဟန်က ဝမ်းနည်းနေသည်။


ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏မေးခွန်းကို တုံ့ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသခင်မလေးရှန်းက ယိဖန့်ကျွီရှီးဖြစ်ပြီး သူ့ဇနီးကလည်း ယိဖန့်ကျွီရှီးဖြစ်ကာ နှစ်ယောက်လုံးက ဂိုး၊ ချင်၊ လက်ရေးလှနှင့် ပန်းချီကို တတ်ကျွမ်းကြသည်။ ရှန်းယုဟန်က သူ့ကိုယ်သူ ထိုလူနဲ့ ရုတ်တရက်အစားထိုးမိလို့ စိတ်ဆိုးသွားသည်မှာ သိသာ၏။


သူ့ဇနီးလေးက ဂိုး၊ချင်၊ လက်ရေးလှနှင့် ပန်းချီမှာ ကျွမ်းကျင်ရုံတင်မဟုတ်တာကြောင့် သူက ထိုအခိုက်အတန့်မှာ အများကြီးမစဥ်းစားခဲ့ပေ။


ရှန်ချီဟွမ်းက သူ့ရှေ့မှာ ဒူး​ထောက်ပြီး ရှန်းယုဟန်၏လက်ကို ကိုင်လိုက်သည်။ “ဘာလို့ငိုနေတာလဲ..ကိုယ်မလိုချင်တာ သခင်မလေးရှန်းလေ၊ မင်းမှမဟုတ်တာ။ ပြီး​တော့ မင်းနဲ့သူမက မတူဘူးလေ၊ မင်းကမင်း၊ သူမက သူမ၊ မင်းက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ပန်းချီထက် ပိုတက်ကျွမ်းတယ်လေ၊ ဒါပေါ့၊ မင်းနားမလည်ရင်တောင် ငါမင်းကိုမကြိုက်တာမျိုးဖြစ်လာမှာမဟုတ်ဘူး။ မင်းကိုယ်မင်း ရှေးခတ်လူသားတစ်​ယောက်နဲ့ ဘယ်လိုယှဥ်နိုင်ရတာလဲ၊ အစားထိုးခံစားချက်က အရမ်း​ပြင်းထန်တာပဲ”


“အစားထိုးလို့မရဘူးလား?” ရှန်းယုဟန်က နှုတ်ခမ်းဆူသွားသည်။ သူ့မျက်လုံးထဲမှာ အဆုံးမရှိသော ပူဆွေးမှုတွေရှိနေ၏။ “အခုချိန်မှာ ကျွန်တော်က ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီကိုပဲသိတာလေ။ ကျန်တာဘာမှလုပ်လို့မတတ်ဘူး။ ဒီတော့ ခင်ဗျားပြန်ကြည့်ရင် မကြာခင်ငြီးငွေ့သွားမှာမလား?”


ရှန်ချီဟွမ်းက သူ့ကိုသူ ရိုက်ပစ်လိုက်ချင်သည်။ “ငါကအဓိပ္ပါယ်မရှိတာတွေ ပြောမိရုံပါ။ ငါမင်းကိုဘယ်လိုငြီးငွေ့နိုင်မှာလဲ၊ ပြီး​တော့၊ မင်းဘာမှမလုပ်တတ်ဘူးလို့ ဘာလို့ပြောရတာလဲ၊ မင်းက ငါမလုပ်နိုင်တာတွေ အများကြီးလုပ်နိုင်လို့ အားကျနေရတာ။”


“လူလိမ်….. ခင်ဗျား​ပြောတော့ ချင်၊ဂိုး၊လက်ရေးလှနဲ့ ပန်းချီတတ်ကျွမ်းတဲ့ လူတွေက ရှေးရိုးဆန်ပြီး ပျင်းဖို့ကောင်းတယ်ဆို… ဒီတော့ ကျွန်တော်က ရှေးရိုးဆန်ပြီး ပျင်းဖို့ကောင်းတာပေါ့” ရှန်းယုဟန်က ထိုကိစ္စကို သေချာမရှင်းပြမချင်း ကျေနပ်မှာမဟုတ်သလို အားလုံးကို တစ်ခုချင်းပြောပြလိုက်၏။


ရှန်ချီဟွမ်းက သူ့ဦးနှောက်ပတ်လမ်းကိုနားမလည်နိုင်သလို ပြောလိုက်၏။ “ဒါပေမယ့် ငါတို့က ဖြစ်ရပ်တစ်ခုကို ဆွေးနွေးနေရုံပါပဲ။ ငါပြောခဲ့တာက အမှန်မှမဟုတ်တာ။ ဒါကြောင့် စိတ်ဆိုးစရာမလိုပါဘူး။”

ရှန်းယုဟန်က သူ့ရင်ထဲမှာ အလွန်ပူဆွေးနေသည်။ သခင်မလေးရှန်းက သူဖြစ်ပြီး သူက သခင်မလေးရှန်းဖြစ်တာကြောင့် သူတို့ကတစ်ဦးတည်းကို ဆွေးနွေးနေကြတာဖြစ်၏။



ရှန်ချီဟွမ်းက သူစိတ်ဆိုးနေတာကိုတွေ့ပြီး ဘာကိုစိတ်ဆိုးနေလဲမသိတာကြောင့် သူက အကူအညီမဲ့သလို ခံစားလိုက်ရသည်။ “မင်းဟာက နည်းနည်းတော့ အကျိုးကြောင်းမသင့်သလိုပဲ”


“ကျွန်တော်က အကျိုးကြောင်းမသင့်ဘူးတဲ့လား” ရှန်းယုဟန်က ဒေါသထွက်လာပြန်သည်။ “ခင်ဗျားပြောတာက အတွင်းစိတ်ကလာတာပဲ၊ ကျွန်တော့်လိုလူမျိုးကို ပျင်းစရာကောင်းပြီး ရှေးဆန်တယ်လို့ ခင်ဗျားတွေးနေတာ။” သူက အလောတကြီးရောက်ရှိလာသော ဤခံစားချက်ကြောင့် စိတ်မလုံခြုံတော့ပေ။ ဘာပဲဖြစ်ဖြစ် သူက ခေတ်သစ်လူသားမှမဟုတ်တာလေ…


“ရှန်းယုဟန်….မင်းကို ရှေးရိုးဆန်ပြီး ပျင်းစရာကောင်းတယ်လို့ ငါဘယ်တုန်းကပြောလိုက်လို့လဲ… ငါက မစဥ်းစားပဲ ဒီတိုင်းပေါ့ပေါ့တန်တန်ပြောလိုက်တာ။ မင်းငါနဲ့တကယ်ငြင်းခုံချင်ရင် ဆက်ပြီးသာ စိတ်ဆိုးနေလိုက်တော့။” သူက လတ်တလော ရှန်ကုမ္ပဏီကို သွားနေရပြီး သူ့စိတ်က သိသိသာသာ ဒေါသထွက်နေလို့ အိမ်မှာ အနားယူချင်ပေမယ့် သူ့ဇနီးက သူနဲ့စကားများရင်းသာ အချိန်ကုန်နေသည်။



“ကျွန်တော်ခင်ဗျားနဲ့ ငြင်းခုံနေတာမဟုတ်ဘူး။ မှန်တာကိုပြောနေတာ။” ရှန်းယုဟန်က မျက်ရည်ကိုထိန်းကာ ပြန်ပြောသည်။


“မင်းငါဘာပြောပြော ယုံမှာမှမဟုတ်တာ။ ငါတို့နှစ်ယောက်သိလာတာ ဒီလောက်ကြာနေပြီ။ မင်းကိုယ်မင်း တစ်ခုခုမှားနေတယ်ခံစားရရင် အရင်ဆုံးစိတ်အေးအေးထားလိုက်ပါ။” ရှန်ချီဟွမ်းက တကယ်ကိုဝမ်းနည်းနေပြီး သူက ချော့ဖို့အတွက် သူ၏စိတ်ရှည်သည်းခံမှုကို ဘေးချိတ်ထားလိုက်သည်။ သူဘာမှမလုပ်ပေမယ့် ရှန်းယုဟန်က သူ့စကားလုံးအနည်းငယ်ကို ဆုပ်ကိုင်ထားကာ အမှတ်သညှာကြီးနေသည်။ သူဘယ်လိုရှင်းပြပြ အသုံးမဝင်တာကြောင့် သူ့စိတ်ကိုငြိမ်အောင် အရင်လုပ်ရမည်။


ထိုစကားပြောပြီးနောက် ရှန်ချီဟွမ်းကထွက်သွားပြီး စာဖတ်ခန်းကိုသွားမယ့်အစား အပြင်ကိုမောင်းထွက်သွားခဲ့၏။


ရှန်းယုဟန်က ပြတင်းပေါက်မှာရပ်နေပြီး ရှန်ချွီဟွမ်း၏ကား ပျောက်ကွယ်သွားတာကို ကြည့်နေ၏။ သူ့စိတ်က အဆုံးထိထိုးကျကာ သူလည်း ယခုလိုစကားကို မပြောချင်ခဲ့ပေမယ့် သူ့ခင်ပွန်းက သူ့ကို ရှေးရိုးဆန်ပြီး ပျင်းစရာကောင်းတယ်လို့ တကယ်တွေးနေတာပင်။ အနာဂတ်မှာ သူ့ခင်ပွန်းက သူ့ကိုငြီးငွေ့လာရင် သူလည်းပဲ…. သူလည်းပဲ…


သူက ဆက်မတွေးရဲတော့ပေ။


ရှန်ချီဟွမ်းက ခေတ်သစ်လူသားနဲ့သာ ပိုလိုက်ဖက်တာကိုသိသည်။ ထို့အပြင် သူတို့က အကြာကြီးအတူမရှိနိုင်လောက်တော့ပေ။ သူက သေချာပေါက် ငြီးငွေ့သွားမှာဖြစ်ပြီး ရှန်းယုဟန်က ယခုချိန်မှာ သူ့နေစဥ်ဘဝကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သော်လည်း အချိန်ကြာလာရင် ဘာဖြစ်လာမလဲ ဘယ်သူကသိနိုင်မှာလဲ?


သူက အခြေခံအကျဆုံး ဂဏန်းသင်္ချာကိုတောင် မသင်ယူနိုင်ခဲ့ပေ။ ဇီဝပထဝီ၊ ရူပဗေဒနှင့် အင်္ဂလိပ်ဆို ဝေးလေရဲ့…. အားလုံးက သူ့အတွက် လေးလံသောစာအုပ်များလိုပင်။ သူက လတ်တလော အွန်လိုင်းသင်တန်းမှာလည်း တိုးတက်မှုမရှိသလို သူငယ်စဥ်ကတည်းက ဤအသိပညာကို မထိတွေ့ခဲ့ရတာ သဘောပေါက်ခဲ့၍ ထိုကိစ္စနဲ့ပတ်သတ်ပြီး သူဘာမှမတတ်နိုင်တော့ပေ။


ရှန်ချီဟွမ်းက ယနေ့မှာ အနည်းငယ်စိတ်တိုနေ၏။ ရှန်မိသားစုမှာ ရုန်းကန်နေရသည့်အဆင့်ကို မရောက်ခဲ့သော်ငြား ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်က ဟိုဟိုသည်သည် ခုန်ပေါက်နေတာကို တွေ့လိုက်ရသည့်အခါ သူ့စိတ်က ဒေါသဖြစ်လာသည်။ သူ့အဖေက သုံးဖက်လုံးကို ဟန်ချက်ညီစေချင်သော်လည်း ဘယ်သူကမှ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်ကြတော့ အကျိုးစီးပွားနဲ့ ပတ်သတ်သည့်ကိစ္စများက ဘယ်လိုဟန်ချက်ညီတော့မှာလဲ… ရှန်ထျန်းဖုန်းက သူ့ခံစားချက်ကိုတောင် ဟန်ချက်ညီအောင် မလုပ်နိုင်ခဲ့တော့ ယခုချိန်မှာ သူ့အာဏာက ဖရိုဖရဲဖြစ်​နေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိနှိပ်နေခြင်းက ကုမ္ပဏီကို နောက်ကျကျန်စေခဲ့နိုင်သည်။


ထိုထက်ပိုသည်မှာ သူက ရှန်းယုဟန်ကို ဤကိစ္စများမဖွင့်ဟနိုင်ပေ။ ရှန်ချီဟွမ်းက သူ့အပေါ်လည်း ဒေါသပုံချတာမျိုး မလုပ်နိုင်၍ အိမ်ပြန်ပြီး ထမင်းကောင်းကောင်းစားကာ အနားယူချင်ခဲ့သည်။ သူ့ဇနီးက ပြဿနာထပ်ရှာမယ်လို့ ဘယ်သူကသိမှာလဲ… အသေးအမွှားလေးကြောင့် သူနဲ့ဆက်တိုက်ငြင်းခုံခဲ့သဖြင့် သူက စိတ်ပျက်ကာ သွားသောက်ဖို့ထွက်လာခဲ့သည်။


လျှိုထန်ကလည်း ဂိမ်းတစ်ခုစီစဥ်ထားတာကြောင့် သူ ထွက်လာခဲ့တာဖြစ်သည်။ သူက ရှန်းယုဟန်နဲ့ ညစာမစားချင်တော့တာမဟုတ်ပဲ ဒီနေ့စိတ်ညစ်နေလို့ ကြာကြာနေမိရင် ရှန်းယုဟန်ကို စိတ်မချမ်းသာစရာ တစ်ခုခုပြောမိမှာစိုး၍ သူအပြင်ထွက်ခဲ့တာဖြစ်၏။


ယနေ့အဖွဲ့ကို လျှိုထန်စီစဥ်ထားတာဖြစ်ပြီး သူငယ်ချင်းတချို့လည်းပါဝင်သည်။ အတူစားအတူသောက်ကာ အဖော်ပြုပေးမယ့် လူတွေက အမျိုးသားနှင့် အမျိုးသမီးများဖြစ်ကြပြီး သူတို့က လူရှုပ်တွေမဟုတ်ပေ။ သူတို့ထဲမှာ မနှစ်က ကမ္ဘာ့အလှမယ်၊ စာရေးဆရာတစ်ဦးနှင့် နာမည်ကြီးသတင်းချန်နယ်တချို့မှာ ပါဝင်သည့် သတင်းထောက်တစ်ဦးလည်းရှိ​ပြီး လူတိုင်းက စကားပြောလို့အဆင်ပြေသည်။

လျှိုထန်က ရှန်ချီဟွမ်းကိုရယ်လိုက်သည်။ “ဒီနေ့ မင်းရဲ့အချစ်လေးနဲ့ ဘာလို့အတူမရှိတာလဲ?”


ရှန်ချီဟွမ်းက ဝိုင််တစ်ငုံသောက်ကာ ပြောလိုက်သည်။ “သူ့ကိုနေ့တိုင်းအဖော်ပြုပေးဖို့ မဖြစ်နိုင်ဘူးလေ”


လျှိုထန်က သတိထားမိသွားသည်။ “စကားများလာတာလား?”


ရှန်ချီဟွမ်းက သူ့သူငယ်ချင်းကို တိုးတိုးလေးပြောလိုက်၏။ “ဟာကွာ… မင်းပြောသလိုပဲ… သူက ပုံမှန်ဆို အကျိုးအကြောင်းသင့်ပေမယ့် ဒီနေ့ ရုတ်တရက်ကြီး အ​ကြောင်းမရှိပဲ ငါ့ကို ပြဿနာရှာတယ်။ ငါလည်း နည်းနည်းစိတ်ပျက်နေလို့ ရန်မဖြစ်ချင်တာနဲ့ ထွက်လာလိုက်တယ်။”


ရှန်းယုဟန်နှင့် သူ့ဆက်ဆံရေးအကြောင်း လောင်ရှန်ပြောပြတာကို လျှိုထန်က ရှားရှားပါးပါး ကြားလိုက်ရသည်။ “သူက အတော်လေး နူးညံ့တယ်မထင်ဘူးလား? စကားပြောလည်း ချိုသာတယ်။ မင်းနဲ့ရန်ဖြစ်ရအောင် ဘာများဖြစ်ခဲ့လို့လည်း ငါနားမလည်ဘူး”


“သူငိုရတာကြိုက်တယ်လို့ ငါမင်းကိုပြောဖူးတယ်မလား?” ရှန်ချီဟွမ်းက သူ့ဇနီးငိုမှာကိုကြောက်ပြီး သူငိုတာကိုမြင်ရတိုင်း ခေါင်းကိုက်လာသည်။ 


လျှိုထန်က ပြောလိုက်သည်။ “နောက်ဆုံးအကြိမ် ရေပူစမ်းမှာ သူငိုတာကိုငါတွေ့ဖူးတယ်။ အဆင်ပြေတယ်လို့ထင်တာပဲ၊ ယောကျာ်းလေးတွေလည်း စိတ်ပျော့လို့ရတယ်လေ။”


“ဒါပေမယ့် သူငိုတိုင်း ငါချော့ရတယ်လေ၊ သူ့ကို သိပ်မငိုအောင်လုပ်လို့ရတဲ့ နည်းရှိလား? ငါအမှားတစ်ခုခုပြောမိတိုင်း သူ့ကိုမငိုစေချင်ဘူး။” သူက အငိုသန်သူဖြစ်ပြီး ထိုစကားပြောပြီးတော့ ရှန်းယုဟန် ဒီညစားဝင်ပါ့မလား၊ သူဒီလိုရှောင်ထွက်လာတာ ကောင်းပါ့မလားဟူ၍ စိတ်ပူနေသည်။

“သူ စိတ်မလုံခြုံဖြစ်နေလို့လား? မဟုတ်ရင် သူဘာလို့ငိုမှာလဲ… ငါက ဒီနေ့ ရှောင်ရှန်းဘက်ကပဲ။” လျှိုထန်ကပြောလိုက်၏။ “စဥ်းစားကြည့်၊ မင်းက ပုံမှန်ဆိုရင် အိမ်ကလူတွေနဲ့ အချိန်သိပ်ဖြုန်းလေ့မရှိဘူး။ သူကလည်း မင်းအပြင်မှာ ဘယ်သူနဲ့တွေ့လဲ ဘာကြောင့်တွေ့လဲ မသိရဘူး။ မင်းသူ့ကိုမပြောပြရင် သူဘယ်လိုနားလည်မှာလဲ? ဒါပေမယ့် မင်းလည်း သူ့ကိုပိုနားလည်ပေးဖို့လိုတယ်။ တချို့လူတွေက ထိရှလွယ်တယ်။”


လျှိုထန်ပြောတာမှန်နေတော့ ရှန်ချီဟွမ်းက သူလုပ်ခဲ့တာမှန်ရဲ့လား စဥ်းစားနေသည်။ “အဲ့ဒါတော့မှန်တယ်။ ငါက ပုံမှန်ဆိုရင် အိမ်ရောက်တာနဲ့ ရေချိုးပြီး အိပ်ရာဝင်တာ။ တစ်ခါတစ်လေ သူက တစ်နေကုန် ဘာလုပ်နေလဲ ငါ့ကိုပြောပြတယ်။ ငါပင်ပန်းနေရင်တော့ သူစကားမပြောဘူး။”


လျှိုထန်: “ကျစ်.. မင်းမကျေနပ်စရာတစ်ခုခု ပြောမိလိုက်လို့ စိတ်ဆိုးသွားတာဖြစ်မယ်။ မင်းက မင်းမိန်းမကို အိမ်မှာချောနေရမယ့်အစား ငါတို့နဲ့ ညစာလာစားနေတယ်။ မင်းဇနီးထွက်ပြေးသွားမှာကို သတိထားဦး”


“သူမပြေးရဲပါဘူး။ ရှန်းယုဟန်က ငါမရှိပဲ နေနိုင်တယ်လို့မထင်ဘူး။” ရှန်ချီဟွမ်းက ယုံကြည်မှုရှိရှိ ပြောလိုက်၏။

“စကားအများကြီးမပြောနဲ့။” လျှိုထန်က သူကောင်းဖို့အတွက် သတိပေးလိုက်သည်။ “မင်း ရှန်းယုဟန်ကို နားလည်ရဲ့လား?”


“ဘယ်သူသိမှာလဲ”


“မင်းနှစ်ရက်လောက် စိတ်ငြိမ်အောင်ထားပြီး စိတ်ပြေတော့မှ စကားပြောပါလား၊ စကားများရန်ဖြစ်နေတဲ့အချိန်မှာ ခံစားချက်တွေက ထိခိုက်လွယ်တယ်။”


“အင်း”


ရှန်ချီဟွမ်းက သူရှန်းယုဟန်ကို နားလည်ရဲ့လား အလေးအနက်တွေးနေသည်။ သူ ရှန်းယုဟန်ကို တကယ်နားလည်ခဲ့လား?


ဒီနေ့လိုမျိုးဆိုရင် သူက ရှန်းယုဟန် ဘာကြောင့် ဒေါသထွက်သွားလဲတောင် မသိခဲ့ရပေ။ သူက ရှန်းယုဟန် ဂိုး၊ချင်၊ လက်ရေးလှနဲ့ ပန်းချီကို သိတာနဲ့ပဲ ငြီးငွေ့စရာကောင်းတယ်လို့ ဘာလို့တွေးခဲ့ရတာလဲ?


ရှန်ချီဟွမ်းက အကြာကြီးစဥ်းစားကြည့်တော့ ရှန်းယုဟန်က ချွဲတတ်တယ်လို့ တွေးမိသွားသည်။ သူက ဘာလို့သူ့ကိုနားမလည်ရတာလဲ… သူက ချွဲပြီး လူကပ်တယ်။ ရံဖန်ရံခါ စိတ်ဆိုးပြီး ပြဿနာရှာတတ်တယ်။ ဒါပေါ့ အဲ့ဒါတွေက မှားနေတယ်လို့ သူမထင်ပေ။


အပြင်ထွက်ရတာရှားသဖြင့် ရှန်ချီဟွမ်းနှင့် လျှိုထန်က နည်းနည်းကြာကြာနေလိုက်ကြ၏။

သူထွက်သွားဖို့လုပ်တော့ ရှက်ကိုးရှက်ကန်း ပြုံးနေသော ကမ္ဘာ့အလှမယ်က သူမကို လိုက်ပို့ပေးနိုင်မလားလို့ ရှန်ချီဟွမ်းအား မေးခဲ့သည်။


ရှန်ချီဟွမ်းက ငြင်းလိုက်ပြီး တက္ကဆီငှားဖို့ ဒါမှမဟုတ် တခြားတစ်ယောက်ထွက်လာတာကိုစောင့်ဖို့ အကြံပေးကာ ကားပေါ်တက်ပြီး ထွက်သွားခဲ့သည်။


သူ မသိလိုက်တာက သတင်းထောက်တစ်ယောက်က သူ့နောက်လိုက်နေပြီး သူ ကမ္ဘာ့အလှမယ်နှင့် စကားပြောနေသော ဓာတ်ပုံကိုရိုက်ယူသွားခဲ့သည်။




ဒီအချိန်၊ ဒီနေရာက တကယ်ကိုသင့်တော်သည်။ ဖျော်ဖြေရေးကောလာဟလအသစ်တစ်ခု ထွက်လာခဲ့၏။