Chapter 77.2
Viewers 23k

Chapter 77.2


“ပြေလည်သွားပြီလား?”


ပထဆုံးကြိမ်အဖြစ် ရှန်းယုဟန်က သူ့ခရီးဆောင်အိတ်ကို ထုတ်ပိုးပေးဖို့ ဘော်ဒီဂတ်ကို အရင်စပြောခဲ့ပြီး ရှန်ချီဟွမ်းအတွက် ဆုံးဖြတ်ချက်ချခဲ့သည်။ သူတို့ ကျန်းမြို့တော်ကို အရင်ပြန်ပြီး သူ့ခင််ပွန်း နေပြန်ကောင်းလာသည်အထိ စောင့်ရမည်။



ရှန်ချီဟွမ်းက လည်သိုင်းပတ်တီးစည်းထားသော သူ့ဇနီးလေးကိုကြည့်လိုက်သည်။ သူက ခရီးဆောင်အိတ်ကို စနစ်တကျထုပ်ပိုးရန် အမိန့်ပေးနေသဖြင့် ရှန်ချီဟွမ်းက သူဇနီးကောင်းလေး ရထားတယ်လို့ တွေးမိသွားသည်။ သို့သော် သူက သူ့ကိုဆွဲချသလိုဖြစ်နေတာ နှမြောစရာပင်။



နေ့လည်မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်၏ စောင့်ကြည့်မှုအောက်မှာ ဆေးကိုအချိန်မှန် သောက်ခဲ့သည်။



“မင်းဘာလို့ပြန်နေတာလဲ? ရှေးဟောင်းသုတေသနအဖွဲ့အစည်းကို မကူညီတော့ဘူးလား?” သူက အဖြေကိုသိလျက် မေးလိုက်၏။



ရှန်းယုဟန်၏ မျက်လုံးထဲမှာ ရောင့်ရဲသောအကြည့်ရှိနေ၏။ “ကြီးကြပ်ရေးမှူးလျန့်က ကျွန်တော့်ကို ပိတ်ရက်ပေးခဲ့တယ်။ ပြီး​တော့ ကျွန်တော် လျန်ရွှေရွာကို သွားစရာမလိုတော့ဘူး။ ပြတိုက်ကို တိုက်ရိုက်သွားပြီး ကူညီရမှာ”


“မင်းကိုလစာပေးလား?” ရှန်ချီဟွမ်းက ရုတ်တရက် သူ့ကိုမေးလိုက်သည်။


“ပေးတယ်၊ ကြီးကြပ်ရေးမှူးလျန့်က မတော်တဆမှုနဲ့ပတ်သတ်ပြီး နစ်နာကြေးရှိမယ်လို့ အခုလေးတင်ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပေးမလဲတော့ မသိဘူး။” ရှန်းယုဟန်က ​ပြောလိုက်သည်။ သူ့လစာက သိပ်မများလောက်ပေမယ့် သူက မျှော်လင့်နေဆဲပင်။



ရှန်းယုဟန်က ဆင်းရဲသောသုတေသနအဖွဲ့အစည်းကို မှီခိုပြီး ငွေရှာလိမ်မယ့်လို့ ရှန်ချီဟွမ်း မမျှော်လင့်ခဲ့ပေ။ သူ့လက်ရှိအလုပ်က ကြီးကျယ်သော လူမှုအဆင့်အတန်းတစ်ခု ရှိနေတာကြောင့် လူတွေ သူ့ကိုလေစားစေဖို့ လုံလောက်သည်။


ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး​နောက် သူတို့နှစ်ယောက်က မွန်းလွဲပိုင်းမှာ ကျန်းမြို့တော်ကို ချက်ချင်းပြန်ခဲ့သည်။ ထိုမတိုင်မီတွင် ရှန်းယုဟန်က ရှောင်လီနှင့် အကိုယန်ကို တကူးတကနှုတ်ဆက်ခဲ့ပြီး အကိုကြီးလင်းက ခရိုင်ဆေးရုံမှာ ဆေးရုံတင်ထားရတာကြောင့် ဖုန်းထဲကနေသာ သတင်းမေးနိုင်ခဲ့သည်။


ရှောင်လီနှင့် အကိုယန်က ရှေးဟောင်းသုတေသနအဖွဲ့နှင့် ဆက်နေခဲ့ပြီး သူတို့က တစ်ညအနားယူရုံဖြင့် ပြန်ကောင်းသွားခဲ့သည်။


ထိုအပြင့် ရှန်းယုဟန်က ဒေသထွက်အထူးထုတ်ကုန်များကို အများကြီးစုဆောင်းခဲ့ပြီး ကျန်းမြို့တော်ကို ပြန်ပို့ခဲ့သည်။ ထိုမှသာ သူရင်းနှီးသောလူများကို လက်ဆောင်ပေးလို့ရမှာပင်။ မူလက ထိုပစ္စည်းများအတွက် ငွေပေးချေဖို့လုပ်ခဲ့ပေမယ့် သူနဲ့ သူ​ဌေးကြီး၏ဆက်ဆံရေးက ထူးခြားတာကို သိသွားကြပြီး ရွာက သူဌေးကြီး၏အကူအညီကိုလည်း ယူခဲ့တာကြောင့် အထူးထုတ်ကုန်အားလုံးကို အလကားပေးခဲ့သည်။


သူလက်ခံဖို့ ရှက်နေတာကို တွေ့လိုက်သော ရှန်ချီဟွမ်းကပြောလာသည်။ “မင်းလက်ခံလို့ရတယ်။ ဒါက ငါတို့က သူတို့ရွာအတွက် ကြော်ညာပေးတာနဲ့ တူတူပဲ။ ပြီးတော့ ကြော်ညာခလည်းမယူထားဘူးလေ။ နောက်ကျရင် ငါတို့ကုမ္ပဏီက ကုသိုလ်ကောင်းမှုပြုဖို့အတွက် ပရဟိတဌာနကို ထောင်တော့မှာ။”


ရှန်းယုဟန်က ကုသိုလ်ကောင်းမှုပြုခြင်း အကြောင်းကြားတော့ သူ့မျက်လုံးက တောက်ပလာသည်။ “ကျွန်တော်လည်း ပါဝင်လို့ရလား? သူကလည်း တခြားသူများကို ကူညီပေးချင်သည်။


“ဒါပေါ့ ပါလို့ရတယ်။ ကျောင်းသားလေးရှန်းယုဟန်က အခုကစပြီး ဌာနခေါင်းဆောင်ဖြစ်လာမယ်လို့ တရားဝင်ကြေညာလိုက်မယ်။”

ရှန်းယုဟန်က ထိုကိစ္စကို အလေးအနက်တွေးနေပြီး သူ့ခင်ပွန်းက သူ့ကိုချော့မနေသင့်ဘူးလို့ ထင်မိသည်။



ရှန်ချီဟွမ်းက ဖျားနေသေးတာကြောင့် သူက အပြန်လမ်းမှာ စကားသိပ်မပြောပေ။ ရှန်းယုဟန်ကလည်း သူ့ကို သိပ်မမှီခဲ့ပဲ သူတို့နှစ်ယောက်လုံးက ခရီးဝေးထွက်လာပြီး ည၈နာရီမှ ပြန်ရောက်ခဲ့ကြသည်။



သူအိမ်မပြန်တာ တစ်လနီးပါးဖြစ်၍ ရှန်းယုဟန်က အရမ်းလွမ်းနေသည်။ သူ့ပန်းအိုးမှာ ပန်းတွေမရှိသလို သူ့ပန်းစိုက်ခန်းကလည်း လစ်လပ်နေသည်။ သို့သော် အိမ်ရှိ အပြင်အဆင်အားလုံးက မပြောင်းမလဲရှိနေပြီး သူ့အတွက် သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်သာဖြစ်နေ၏။


ရှန်ချီဟွမ်းအိမ်ပြန်ရောက်တော့ သူက အိမ်လာကြည့်ပေးဖို့ ဒေါက်တာကို ချက်ချင်းဖိတ်ခေါ်ခဲ့သည်။ သူက ရိုးရှင်းသောစစ်ဆေးမှုကို ခံယူပြီး​နောက် ဒေါက်တာက သူ့ကို ဆေးနောက်တစ်မျိုး ညွန်ခဲ့သည်။

သူက ဖျားနေသော်လည်း စိတ်ကောင်းဝင်နေပြီး နောက်ဆုံးတွင် အနားမယူခင် ရှန်းယုဟန်ကို ရေကူချိုးပေးလိုက်၏။


သူ့ကိုယ်ပိုင်ကုတင်မှာ လဲလျောင်းနေသော ရှန်းယုဟန်က စောင်ကိုဖက်ကာ ကောင်းကောင်အိပ်ဖို့ မစောင့်နိုင်တော့ပေ။ သူက စိတ်လှုပ်ရှားကာ ဘေးကိုလှိမ့်လိုက်သဖြင့် မထင်မှတ်ထားတာဖြစ်သွားခဲ့သည်။ “အား!”


ရှန်ချီဟွမ်းက မီးလှည့်ပိတ်နေစဥ် သူ့ဇနီး၏အော်သံကြားလိုက်သဖြင့် မီးကိုပြန်ဖွင့်လိုက်သည်။ “ဘာဖြစ်လို့လဲ?”

ရှန်းယုဟန်က ရှက်သွေးဖြာကာ ပြောလိုက်၏။ “ကျွန်တော်လက်ကိုဖိမိသွားလို့”


ရှန်ချီဟွမ်းက သူ့ကိုကြည့်ကာ အာစေးမိနေ၏။ “ညာလက်ကို သေချာဂရုစိုက်၊ ဘယ်လောက်အရေးကြီးလဲ မင်းမသိဘူးလား?”


ဒါရိုက်တာက သူ့ကို ဇာတ်ဝင်ခန်းထဲမှာ ပါဝင်ပေးဖို့ တောင်းဆိုခဲ့တုန်းက သူက အာမခံအစီအစဥ်တောင် ရခဲ့ပေမယ့် ယခုတစ်ကြိမ်မှာတော့ သူ့ညာလက်အဆစ်လွဲသွားသဖြင့် လူကို စိတ်မကောင်းဖြစ်စေသည်။


သူက ရှန်းယုဟန်ကို မျက်စိအောက်က အပျောက်ခံလို့မဖြစ်ပေ။ သူအပြင်ထွက်တိုင်း ထူးဆန်းသောကိစ္စများကို ကြုံတွေ့ရပြီး သူ့ကိုယ်သူ ထိခိုက်စေခဲ့၏။ သူက သူ့ဇနီးမှာ ဒဏ်ရာဖြစ်လွယ်တဲ့ အသွင်အပြင်ရှိနေသလားတောင် မသိတော့ချေ။


ရှန်းယုဟန်က သူ့အမှားကို စိတ်ရင်းဖြင့် ဝန်ခံလိုက်ပြီး သူက ကုတင်ပေါ်မှာ ဒူးထောက်ထိုင်နေသော ကိုယ်ဟန်အနေထားနှင့် သူ့ကိုကြည့်ပြီး ပြောလာသည်။ “မှားသွားပါတယ်။ ယောကျာ်း၊ စိတ်မဆိုးပါနဲ့၊ စိတ်အလိုလိုက်ပြီး ခင်ဗျားကို စိတ်ပူအောင်မလုပ်တော့ပါဘူး။ တောင်းပန်ပါတယ်။”



ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘယ်တုန်းက ဒီလိုမြင်ဖူးလို့လဲ…. သူက သူ့ကို လေးလေးနက်နက် တောင်းပန်နေပေမယ့် လူကို စိတ်မကောင်းဖြစ်သွားအောင်တော့ မလုပ်ခဲ့ဘူး။ လှပကြည်လင်သော သူ့မျက်လုံးများက သူ့ကိုကြည့်နေသဖြင့် သူလုပ်နိုင်တာက အတတ်နိုင်ဆုံး နူးညံ့ညင်သာပေးဖို့ဖြစ်၏။




ရှန်ချီဟွမ်းက သူနဲ့မျက်နှာချင်းဆိုင် ဒူး​ထောက်ထိုင်လိုက်ပြီး “မင်းတောင်းပန်တာကိုလက်ခံတယ်။ ကိုယ်လည်း တောင်းပန်ပါတယ်။ မင်းနဲ့စကားများပြီးတော့ အိမ်က ချက်ချင်းထွက်မသွားခဲ့သင့်ဘူး။ ကိုယ့်အမှားတွေကို သေချာသုံးသပ်ပြီးပါပြီ။ အခုကစပြီး ရှန်းယုဟန်က ရှေ့ကိုညွှန်ပြရင် အနောက်ကို ဘယ်တော့မှမသွားတော့ဘူး။ မင်းပြောတာကိုနား​ထောင်ပါ့မယ်။”


ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုတောင်းပန်တာကို အံ့အားသင့်နေပြီး အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “အွန်း… ကျွန်တော်ပြောသမျှ နားထောင်စရာမလိုပါဘူး။ ဒီတစ်ကြိမ်တော့ အစတည်းက ကျွန်တော့်အမှားပါ။”


ရှန်ချီဟွမ်းက တိုးတိုးလေးပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ဒါက ညှိနှိုင်းမှုအချိန်ကာလပဲ။ စဥ်းစားကြည့်ပါ။ အခုခေတ်လူငယ်တွေက လက်မထပ်ခင် တစ်နှစ်ကြာအောင် အတူနေကြပြီး နောက်ပိုင်းမှာ အတူမရှိတော့တာလည်း ဖြစ်န်ိုင်တယ်။ ဒါပေမယ့် ကိုယ်တို့ကမတူဘူး။ ပြဿနာရှိရင် အချိန်မရွေး ဖြေရှင်းလို့ရတယ်။ ကိုယ်တို့က လူတော်တော်များများထက် ပိုကောင်းတယ်လို့ မထင်ဘူးလား… အမှားရှိလာရင် နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လေ”

ရှန်းယုဟန်က တောက်လောင်နေသော အကြည့်ဖြင့် ရှန်ချီဟွမ်းကို ကြည့်နေသည်။ “ကောင်းပြီ၊ ဒါဆို ကျွန်တော် အနာဂတ်မှာ ထွက်မပြေးတော့ဘူး။”


ရှန်ချီဟွမ်းက ကုတင်ပေါ်မှာ လက်ထောက်ကာ ရှေ့တိုးလာသည်။ “အွန်း” သူက ရှန်ချီဟွမ်း၏နားထဲမှာ တိုးတိုးလေးမေးလိုက်၏။ “ဇနီးလေး… ကိုယ်မင်းကိုနမ်းလို့ရလား?”


အသံနက်ကြီးက ရှန်းယုဟန်၏နားထဲကို ဝင်ရောက်လာပြီး သူက အတော်လေး ရှက်သွေးဖြာနေခဲ့သည်။ ယခုတစ်ကြိမ်မှာ သူ့နားက ပူနွေးနေပြီး စကားမပြောနိုင်ပေမယ့် ရှန်ချီဟွမ်းက မော့ကြည့်ကာ မျက်လုံးများဖြင့် မေးလာသောအခါ သူကရှေ့တိုးပြီး အရင်စနမ်းလိုက်သည်။



ရှန်းယုဟန်က သူ့ကို နူးနူးညံ့ညံ့ မေးလိုက်၏။ “ယောကျာ်း၊ ကျွန်တော်တို့ပြေလည်ပြီလား?”

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အဖျားကူးမှာစိုး၍ ဆက်မနမ်း​တော့ပဲ နောက်ဆုတ်ကာ ပြောလိုက်၏။ “ပြေလည်ပြီ” သူတို့နှစ်ယောက် လေးလေးနက်နက် အတူထိုင်နေတာကို စဥ်းစားကြည့်တော့ သူက ရယ်ချင်စရာလို့တွေးကာ ရယ်လိုက်မိ၏။


ရှန်းယုဟန်ကလည်း သူနဲ့အတူ ရယ်မောခဲ့သည်။


တစ်ယောက်က ဖျားနေပြီး တစ်ယောက်က ဒဏ်ရာရထား၏။ နှစ်ယောက်လုံးက ယခုချိန်မှာ အတန်ငယ်ရှက်နေကြပြီး ဘာမှမလုပ်နိုင်ကြပေ။


လဲလျောင်းပြီးနောက် ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ကို ဇနီးလေးလို့ ခေါ်လိုက်တာကို ရုတ်တရုတ် သတိရသွားပြီး တိုးတိုးလေးမေးလိုက်၏။ “ယောကျာ်း၊ ခင်ဗျား ကျွန်တော့်ကို ဇနီးလေးလို့ခေါ်လိုက်တယ်။”


ရှန်ချီဟွမ်းက ယခင်ရှန်ချီဟွမ်းဖြစ်နေဆဲပင်။ ရှန်းယုဟန်ရှေ့မှာ သူ့အကျင့်စရိိုက်ကို ဘယ်တော့မှ ပြောင်းလဲပစ်မှာမဟုတ်ချေ။ “မဟုတ်ဘူး။ မင်းနားကြားမှားတာ”


ရှန်းယုဟန်ကပြုံးလိုက်၏။ “ဒါဆို ဟုတ်တယ်ပေါ့”


ချောင်ပိတ်ခံလိုက်ရသော ရှန်ချီဟွမ်းက ခေါင်းစဥ်ကို ရပ်လိုက်၏။ “မင်းအဖြေရှာဖို့ သွားခဲ့တာလို့ ပြောခဲ့တယ်နော်။ ရှာတွေ့ခဲ့လား?”


ရှန်းယုဟန်က ခဏစဥ်းစားလိုက်၏။ “တစ်ဝက်လောက်တွေ့ခဲ့တယ်။”


ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “​နောက်တစ်ဝက်ကရော?”


“ကျွန်တော်စဥ်းစားဖို့လိုသေးတယ်။” ရှန်းယုဟန်က ​ပြောလိုက်၏။



“မင်းစဥ်းစားပြီးရင် ငါ့ကိုပြောပြရမယ်နော်” ရှန်ချီဟွမ်းက ဖိပြောလိုက်၏။ သူက ရှန်းယုဟန်ကို ဖိအားမပေးနိုင်ပေ။ “ငါ မင်းပြောသမျှကို နား​​​ထောင်ပေးမှာပါ။”



ရှန်းယုဟန်က ထိုစကား​ကြောင့် စိတ်သက်သာရာရသွားခဲ့သည်။


ပြေလည်သွားသော အမျိုးသားနှစ်ဦးက ကျန်းမြို့တော်ကို ပြန်သွားပြီး မြို့နေလူတန်းစား ပြန်ဖြစ်လာခဲ့သည်။ ရှန်ချီဟွမ်းက နှစ်ရက်အကြာမှာ အဖျားသက်သာသွားပြီး အလုပ်ပြန်ရှုပ်နေခဲ့သည်။ ရှန်းယုဟန်၏လက်က ကုသနေဆဲဖြစ်ပြီး သူက အန်တီ နေ့တိုင်းချက်ပေးသော ဝက်နံရိုးကိုစားကာ ကျဆင်းသွားသော ကိုယ်အလေးချိန်ပြန်တက်လာခဲ့သည်။


သူဖျားနေတာကိုသိသော သူငယ်ချင်းအဘိုးကြီးများက သူ့အတွက် ဆရာဝန်ကောင်းများကို ညွှန်းပေးကာ အရိုးပွရောဂါအထူးကု၊ ဆီးလမ်းကြောင်းအထူးကု စသဖြင့် များစွာသောဆရာဝန်များကို သူနဲ့မိတ်ဆက်ပေးခဲ့သည်။ ရယ်စရာအကောင်းဆုံးကတော့ လူတွေကို လှည့်စားဖို့သာသိသော တရုတ်တိုင်းရင်းဆေးပညာရှင်များပင် ပါဝင်ခဲ့သည်။


ရှန်းယုဟန်က သူတို့အားလုံးကို ကျေးဇူးတင်လိုက်ပြီး လျန်ရွှေရွာက သူယူဆောင်လာသော ဒေသထွက်အထူးထုတ်ကုန်များကို သူတို့ဆီပို့ပေးခဲ့သည်။ လူအိုကြီးများက ထိုလက်ဆောင်များကို Moments မှာ အ​ပြိုင်အဆိုင်တင်ကြပြီးနောက် ဂျုနီယာလူတစ်စုက လိပ်စာကို စုံစမ်းခဲ့ကြသည်။ သူတို့အိမ်ကလူကြီးများက အလှူလုပ်ရတာကြိုက်သဖြင့် ကြွားဝါဖို့အတွက် သူတို့ကလည်း ထုတ်ကုန်အချို့ ဝယ်ချင်ခဲ့ကြသည်။


လျန်ရွေရွာ၏ ထုတ်ကုန်များသည် အချိန်အတိုင်းတစ်ခုအထိ နာမည်ကြီးသွားခဲ့၏။ သူတို့က ထိုပစ္စည်းများကို အရင်က ရောင်းချလို့မရခဲ့ချေ။


သို့သော် ရှန်းယုဟန်က သူ ရွာသားများအတွက် ကောင်းကျိုးသယ်​ပေးခဲ့တာကို မသိခဲ့ပေမယ့် ​နောက်တော့ ရှောင်လီနှင့် အကိုယန်က ဝီချက်ဂရုမှာ ထိုကိစ္စဆွေးနွေးခဲ့သည်။ ထိုနောက်မှသာ သူတို့က ရှန်းယုဟန် ကူညီပေးခဲ့တာကို သိသွားပြီး ရှန်းယုဟန်က ခေတ်သစ််မှာလည်း ကုသိုလ်ကောင်းမှုပြုခဲ့ရသဖြင့် ပျော်ရွှင်နေ၏။


သူ့မျှော်လင့်ချက်က အလားအလာကောင်းနေချိန်မှာ ရှန်မိသားစု၌ တစ်ခုခုဖြစ်ခဲ့ပြီး ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်ကြားရှိ ရုန်းကန်မှုက အမြင့်ဆုံးအဆင့်ရောက်သွားခဲ့သည်။


ရှန်ထျန်းဖုန်း၏အခြေအနေက သိပ်မကောင်းသေးပဲ သုံးလအကြာမှာ ဒုတိယအကြိမ်ခွဲစိတ်မှု ခံယူရမှာပင်။




ယနေ့တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် ညစာစားဖို့ ပြန်လာခဲ့ပြီး သူ့စိတ်အခြေအနေက မျက်နှာပေါ်မှာပေါ်နေသည်။ ရှန်းယုဟန်က ပတ်တီးဖြည်ပြီးခါစဖြစ်၍ သူ့လက်​မောင်းကိုလှုပ်ရမ်းကာ သူ့ကိုမေးလာသည်။ “ယောကျာ်း၊ ဘာတွေစိတ်ပူနေတာလဲ?”



ရှန်ချီဟွမ်းက သူ့စကားကိုမပြင်ပေးခဲ့သလို ယခုချိန်မှာ သူ၏ရုပ်ဆိုးသော အမူအရာကိုလည်း ဝန်မခံခဲ့ပေ။ “ရှန်းယုဟန်… မင်း သဘောမကျပေမယ့် ဖယ်ရှားပစ်လို့မရတဲ့သူကို ဘယ်လိုရင်ဆိုင်မလဲ? သူတို့ထွက်သွားပြီးမှ ရုတ်တရက် ပြန်ပေါ်လာရင် ဘာလုပ်ရမလဲ?”


ရှန်းယုဟန်က ခဏလောက်တွေးတောပြီး စနောက်တစ်ဝက်ဖြင့် ပြောလိုက်၏။ “ကျွန်တော့်ယောက္ခမပြန်လာတာလား?”