Chapter 79.2
Viewers 23k

Chapter 79.2


“အရမ်းနည်းလွန်းတယ်”


တချို့လူများ၏ရင်ထဲကိုမြင်ဖို့ ခဲယဥ်းတာ​​ကြောင့် ရှန်းယုဟန်က မှတ်ချက်ပေးဖို့ခက်နေသည်။ ရှန်ချီယွမ်နှင့် ကုပီချင်း၏ကြားက ဆက်ဆံရေးက တခြားသော​မောင်နှမများထက် သိသိသာသာပိုရင်းနှီးသည်။ ကုပီချင်းက သူမ၏သားအကြီးဆုံးကို ယုံကြည်ပြီး ထိုယုံကြည်မှုက ညတွင်းချင်းရလာတာမဟုတ်ပဲ အချိန်နှင့်အမျှ စုဆောင်းထားတာဖြစ်၏။



ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ ရှန်းယုဟန်ကို အစားထိုးလို့ ခံစားမိစေသည်။ အကြောင်းမှာ ချီတိုင်းပြည်တွင် မိခင်အများစုက သူတို့၏ အကြီးဆုံးသားများကို အလွန်ယုံကြည်သောကြောင့်ပင်။


ထိုအကြောင်းတွေးကြည့်တော့ သူက ကုပီချင်း၏ ခေတ်သစ်မိဘများနှင့် ကွာခြားနေပုံကို နားလည်သွားသည်။ သူမက ချီတိုင်းပြည်၏ နိုင်ငံသားနှင့် ပိုတူ၏။


“ငါအတွေးလွန်နေတာနေမှာပါ။ အတည်မယူနဲ့။” ရှန်းယုဟန်က သူ့ကို နောက်တစ်ကြိမ်နှစ်သိမ့်လိုက်ပြီး သူက သူများညီအစ်ကိုများကြား စိတ်ဝမ်းမကွဲစေချင်ပေ။ “ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မင်းအမေနဲ့တွေ့ခွင့်ရလို့ မင်းကိုဂုဏ်ပြုပါတယ်။”


“ဂုဏ်မပြုနဲ့၊ ကျွန်တော် ဒီကြောက်ဖို့ကောင်းတဲ့ မိခင်မေတ္တာကိုမလိုချင်ဘူး” ရှန်ချီရှင်းက သူ့လက်မောင်းမှာ ကြက်သီးထလာသည်။


ရှန်းယုဟန်က ရယ်ချင်နေပြီး သူလက်ထပ်ပြီးဝင်ရောက်လာခဲ့သော ရှန်မိသားစုမှာ အနှီယောက္ခမမျိုးရှိမယ်လို့ မမျှော်လင့်ထားပေ။ သူက အင်တာနက်မှာ ပြောကြသော ကြက်သားစွပ်ပြုတ်ကို သတိရသွားသည်။ ဘဝက လူတွေကို အံ့အားသင့်စရာများ အမြဲယူဆောင်လာပေးသည်။


မနေ့ညက ပျက်စီးခဲ့သော သူ့ဝိညာဥ်ကို ကုစားရန် ရှန်ချီရှင်းက ရှန်းယုဟန်ကို သူ့အတွက် လဲ့ချာလုပ်ပေးရန် တောင်းဆိုခဲ့သည်။ အကြောင်းမှာ မနေ့ညက သူ့အစ်ကို ဝီချက် Momentsမှာတင်ခဲ့သော ပို့စ်ကိုတွေ့ခဲ့လို့ဖြစ်သည်။ ထိုအချိန်က သူ့စိတ်နဲ့သူ့​ကိုယ်က သူ့မွေးမိခင်၏ စကားဖြင့်နှိပ်စက်တာကို ခံခဲ့ရပြီး လုံးဝသည်းမခံနိုင်ခဲ့ပေ!


ရှန်းယုဟန်က ယနေ့မှာ အလုပ်ရှုပ်မနေတာကြောင့် သူတောင်းဆိုသမျှလုပ်ပေးလိုက်သည်။


ရှန်ချီရှင်းသောက်လို့ပြီး​တော့ သူကလည်း ဝီချက် Moments မှာ တင်လိုက်ပြန်သည်။ သူ့ Moments က ရှန်ချီဟွမ်းထက် ရှုပ်ထွေးလို့ တင်လိုက်တာနဲ့တစ်ပြိုင်နက် လူအများစုက ဘယ်လိုလုပ်ရမလဲ မေးလာခဲ့သည်။


ရှန်ချီရှင်းက ဂုဏ်ယူစွာဖြင့် ပြန်ပြောသည်: ငါ့မရီးမှာ အထူးအရသာ လျို့ဝှက်ဖျော်နည်းတစ်ခုရှိတယ်!

သူငယ်ချင်းတစ်ယောက် မေးလာသည်။ “အကြီးဆုံးမရီးလား?”



ရှန်ချီရှင်းက ချက်ချင်းဖြေသည်။ “မဟုတ်ဘူး၊ တတိယမရီး!”


သူ့သူငယ်ချင်းက နားမလည်နိုင်ဖြစ်သွားသည်။ “မင်းတတိယမရီး ရှန်းယုဟန်လား?”


ရှန်ချီရှင်းက လက်ဖက်ရည်သောက်ရင်း အလုပ်ရှုပ်နေပြီး စာပြန်ဖို့မအားတော့ပေ။ တတိယအစ်ကို၏အိမ်မှာ အရမ်းသက်တောင့်သက်သာရှိတာကြောင့် သူက ဤနေရာကို အိမ်လို့သတ်မှတ်ထားသည်။ စားသောက်ပြီးတာနဲ့ သူက ကိုယ့်အခန်းကိုယ်ပြန်နားပြီး ခေါင်းအုံးပေါ်မှာအိပ်လိုက်သည်။ သူ၏အိပ်ပျော်နိုင်စွမ်းအရည်အသွေးက အတော်လေးမြင့်သည်။


ရှန်ချီရှင်းနှင့် ဆွေးနွေးပြီးတော့ ရှန်းယုဟန်က သူ့ခင်ပွန်းကို မက်ဆေ့တစ်စောင်ပို့လိုက်သည်။ သူက ရှန်ချီရှင်းကို ဂရုစိုက်ပြီး ရှန်ချီရှင်းကလည်း အကျင့်စာရိတ္တကောင်းမွန်သော လူတစ်​ယောက်ဖြစ်၍ ယခုဆိုရင် သူ့ကို ဆွေမျိုးတစ်​ယောက်လို့ သတ်မှတ်ထားသည်။


ရှန်ချီဟွမ်းက သူနားလည်တယ်လို့ စာပြန်လာပြီး အိမ်ပြန်လာရင် စကားပြောမယ်လို့ပြောခဲ့သည်။ သူက ယနေ့မှာ မက်ဆေ့တစ်စောင်ထက် ပိုရခဲ့သည်။


တတိယအိမ်တော်က လက်ထပ်ပွဲဖိတ်စာကို တစ်​ယောက်ချင်းပို့ပေးခဲ့ပြီး စေ့စပ်ပြီး သုံးလမပြည့်မီမှာ ရှန်ချီယွင်က ချီမိသားစု၏ သခင်မလေးကို လက်ထပ်ရတော့မည်။


သူတို့က တကယ်ကိုအလျင်လိုနေခဲ့သည်။


ရှန်ချီယွင်က မစ်ချီကို လက်ထပ်ဖို့ သောကရောက်နေ၏။ အဲ့ဒါက ရှန်ထျန်းဖုန်း ဒုတိယအကြိမ် ခွဲစိတ်ခန်းဝင်ရမယ့်သတင်း ပျံ့သွားလို့လား?



သို့သော် သူက ထိုကိစ္စကို စတုတ္ထလူအား ပြောမပြဖို့ ဒေါက်တာကို တောင်းဆိုခဲ့သည်။ သူက ဒေါက်တာ၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို နားလည်ပြီး သူ့အစ်ကိုကြီးနှင့် ရှန်းယုဟန်ကသာ ထိုကိစ္စကိုသိကြသည်။


သေချာစဥ်းစားကြည့်တော့ ရှန်ထျန်းဖုန်း ဒုတိယအကြိမ် ခွဲစိတ်ခန်းဝင်ရမှာကိုသိပြီး သိပ်မကြာခင်မှာ ကုပီချင်းကပြန်လာခဲ့သည်။ ထို့နောက် တတိယအိမ်တော်က မင်္ဂလာပွဲကို စတင်စီစဥ်ခဲ့လေ၏။


ဒါကစိတ်ဝင်စားစရာပဲ…


ရှန်ချီဟွမ်းက ရှန်းယုဟန်မဖြစ်နိုင်တာကို သိတာကြောင့် သူ့အစ်ကိုကြီးတစ်ယောက်တည်းသာ ကျန်တော့သည်။ ကုပီချင်းပြန်လာတာ နှစ်ရက်ပဲရှိသေးပေမယ့် သူမ၏လုပ်ရပ်များက တည့်တိုးဆန်တာကြောင့် လူတွေကို ထိတ်လန့်စေခဲ့သည်။ သူမက လက်ရှိအချိန်ကို ပဒေသရာဇ်လူ့အဖွဲ့အစည်းလို့ ထင်နေပြီး ရှန်ချီရှင်း၏ ကိုယ်ရေးကိုယ်တာကိစ္စကို ထိန်းချုပ်ဖို့ကြိုးစားနေသည်။ သူက ရှန်းယုဟန်ကို စိတ်မပါပဲ လက်ထပ်ခဲ့တာဆိုပေမယ့် သူလက်မထပ်ချင်ခဲ့ရင်လည်း ရှန်ထျန်းဖုန်းက သူ့ကိုဘာမှမလုပ်နိုင်ပေ။ သို့သော် ရှန်ချီရှင်းက ကွာခြားသည်။ သူက သူပျိုးထောင်ခဲ့သော သူ့သားလိုပင်။ ကုပီချင်းက အရာရာကို ပေါ့ပေါ့တန်တန် မှတ်ယူထားပုံပဲ။




ရှန်းယုဟန်ဆီက စိတ်ပူနေသောမက်ဆေ့ကိုတွေ့တော့ ရှန်ချီဟွမ်းက ပြုံးလိုက်ပြီး အသံမက်ဆေ့တိုက်ရိုက်ပို့လိုက်သည်။ “ရှန်ချီရှင်းကိုစိတ်မပူပါနဲ့၊ ကိုယ်ဖြေရှင်းလို့ရတယ်။”


သေချာသောအဖြေကိုရပြီးနောက် ရှန်းယုဟန်က ထပ်ပြီးစိတ်မပူတော့ပေ။ နည်းနည်းတုံးတာကလွဲရင် ရှန်ချီရှင်းက ကံဇာတာကောင်းပုံပင်… သူ့ကိုကာကွယ်ပေးနေတဲ့ အကိုရှိနေတာကောင်းသည်။


ကုပီချင်းပြန်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ သူမက အားလုံးကိုမွှေနေခဲ့သည်။ သူမက ကိစ္စများကို လုပ်ရာမှာ ဘယ်သူ့ကိုမှအားမနာပဲ ရှန်ချီယွမ်၏အိမ်တော်မှာ နှစ်ရက်နေခဲ့ပြီး သူမအိမ်ကို ပြန်သွားခဲ့သည်။ သို့ပေသိ သူက ရှန်ထျန်းဖုန်းကို သွားတွေ့မယ််အစား သူငယ်ချင်းများစွာက သူမတို့၏ ငယ်ရွယ်လှပသော သမီးများကို ခေါ်လာခဲ့သည်။ အကြောင်းမှာ သူမက သူမသားအတွက် လိုက်ဖက်သောဖူးစာရှင်ကို ရှာနေပြီး အမည်မသိဇစ်မြစ်တစ်ဦးနှင့် သူမသားကို လက်ထပ်ဖို့ ခွင့်မပြုကြောင်း သတင်းလွှင့်ခဲ့လို့ပင်။



ထိုစကားလုံးများက တည့်တိုးဆန်ပြီး မောက်မာသည်။ အပြင်လူတွေက ရှန်မိသားစု၏ လေလမ်းကြောင်းပြောင်းလဲသွားတယ်လို့ ထင်နေ၏။ ရှန်ထျန်းဖုန်း ကင်ဆာဖြစ်ပြီးနောက် သူမက သူမ၏ပိုင်ဆိုင်မှုကို ပြန်ယူဖို့ရောက်လာခဲ့ပြီး တခြားအိမ်တော်သုံးအိမ်ကို အခွင့်အရေးယူခွင့် မပေးခဲ့ပေ။ 


သေချာတာကတော့ အနှစ်နှစ်ဆယ်ကြာ အိပ်ပျော်သွားပြီးမှ သူမပြန်ရောက်လာတာဖြစ်၏။ အင်တာနက်က ကုပီချင်း ပြန်ရောက်လာတာကို အားပေးခဲ့ကြသည်။ လူတိုင်းရှေ့မှာ ရုတ်တရက်ပြန်ရောက်လာသော အမျိုးသမီး၏ ရည်ရွယ်ချက်က သိသာလွန်းပြီး ရှန်မိသားစု၏ ဒရာမာက ထပ်ရောက်လာတော့မည်။ တီဗီဒရာမာကတောင် ဒီလိုအရာမျိုးမရိုက်နိုင်ဘူး!


တတိယအိမ်တော်က ရှန်ချီယွင်၏ မင်္ဂလာပွဲက ပြင်ဆင်ပြီးပေမယ့် သူ့မင်္ဂလာပွဲမရောက်ခင်မှာ ကုပီချင်းက ဧည့်ခံပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့သည်။ သူမက ဧည့်ခံပွဲမှာ လူအများကြီးကိုဖိတ်ခဲ့ပြီး ယင်းမှာ သီလရှင်ဝတ်ပြီး ပြန်လာသော လူတစ်ယောက်၏ အပြုအမူနှင့် လုံးဝမတူပေ။


ရှန်းယုဟန်၏အဆိုအရ ဤအရာမှာ စည်းစိမ်ဥစ္စာကြောင့် ကန်းသွားတာဖြစ်၏။


ရှန်းယုဟန်က ရှန်ချီရှင်းဆီက နောက်ဆုံးထွက် သတင်းများကို နေ့တိုင်းရခဲ့တာကြောင့် အတော်လေးပျော်ရွှင်နေသည်။


သူသာ ချီတိုင်းပြည်မှာရှိနေရင် ယခုအချိန်မှာ သူ့ယောက္ခမကို နေ့တိုင်းဂါရဝပြုနေရမှာဖြစ်ပြီး သူ့ကိုတံခါးပိတ်​ကာ အကြောင်းအမျိုးမျိုးဖြင့် နှိပ်စက်ခံနေတာလည်း ဖြစ်နိုင်သည်။


ကံကောင်းစွာပင် ခေတ်သစ်မှာ ယောက္ခမနှင့်အတူနေပြီး အလုပ်အကျွေးပြုစရာမလိုပေ။ လုပ်ထုံးလုပ်နည်းများဖြင့် မကန့်သတ်ထားတာကြောင့် အတော်လေးစိတ်သက်သာရာရစေသည်။


သို့သော် သူက စိတ်မအေးနိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကုပီချင်းက ပြန်ရောက်လာတာနဲ့ သူမ သိပ်မတွေ့ခဲ့ရသော သားဖြစ်သူ၏ အိမ်ထောင်ပြုဖို့ကိစ္စကိုတောင် ဝင်ရောက်စွက်ဖက်နိုင်ရင် သူနဲ့ ရှန်ချီဟွမ်းကြားက အရေးကိစ္စများမှာလည်း ဝင်စွက်ဖက်လာနိုင်သည်။


ရှန်းယုဟန် ပေါ်မလာတာ ရက်အတော်ကြာနေပြီဖြစ်၍ ယနေ့မှာတော့ သူ့သူငယ်ချင်းအန်ကယ်များနှင့် ပြဇာတ်မှာ သီချင်းနားဆင်ဖို့ ချိန်းထားသည်။ သူက အဝတ်လဲပြီးခါစဖြစ်၍ ရာသီဥတုကလည်း နွေးနေတာကြောင့် အဝတ်အစားထူထူ ထပ်ဝတ်စရာမလိုတော့ပေ။


သူအိမ်ကမထွက်ခင်မှာ လူတစ်​ယောက်က တံခါးလာခေါက်ခဲ့သည်။


အန်တီဝမ်က ကုန်စုံဆိုင်သွားတာကြောင့် အိမ်မှာဘယ်သူမှမရှိပေ။ ရှန်ချီဟွမ်းက အလုပ်သွားပြီး ရှန်ချီရှင်းက ယနေ့မှာ အရေးကြီးပွဲတက်စရာရှိသဖြင့် ကျန်းမြို့တော်မရှိတာ နှစ်ရက်ကြာခဲ့လေပြီ။


ဒီအချိန်ကြီး ဘယ်သူရောက်လာတာလဲ? သူတို့က သူနဲ့ချိန်းလည်း မချိန်းထားဘူး။ သူက အခုအလုပ်ရှုပ်နေလို့ အချိန်ပေးဖို့ အဆင်မပြေပေ။


သူက ဗီဒီယိုထဲကတစ်ဆင့် တင်းမာသော မျက်နှာထားတစ်ခုကို မြင်လိုက်ရသည်။ ယင်းမှာ ကုပိီချင်းဘေးက အန်တီချန်ဖြစ်ပြီး သူတို့က သူအိမ်မှာရှိတာသိလို့ လာခဲ့တာပင်။


ရှန်းယုဟန်က သူတို့နှစ်ယောက်ကို တံခါးဖွင့်ပေးလိုက်သည်။


သူက ပြတ်ပြတ်သားသား မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?” သူမက သူ့ကို ဘာမှမပြောဖူးပေမယ့် ရုတ်တရက် အိမ်ကိုရောက်လာတာက ကောင်းတာတော့မဖြစ်နိုင်ပေ။


အန်တီချန်က တံခါးဝမှာရပ်ပြီး အထဲမဝင်ခဲ့ပေ။ သူမက တံခါးလာဖွင့်သော ရှန်းယုဟန်ကို ပြောလိုက်သည်။ “မဒမ်က မင်းကိုပြောစရာရှိလို့ ငါနဲ့လိုက်ခဲ့ပါ။”



ရှန်းယုဟန်က ရိုကျိုးသိမ်မွေ့သော မယားငယ်တစ်ယောက်မဟုတ်သလို သူ့ကို ရှန်ချီဟွမ်းက သတ္တိရှိစေဖို့ ပျိုးထောင်ခဲ့ပြီး သူကလည်း ယခုလိုအထက်စီးဆန်သော အစေခံမျိုးကို အမြဲတမ်းအထင်သေးခဲ့သည်။


သို့သော် သူ တ​ခြားသူများရှေ့မှာ ဒေါသထွက်လို့မဖြစ်တာကြောင့် အသာအယာပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်က ပထမမဒမ်ကို ပြဇာတ်မှာ သီချင်းနားဆင်ဖို့ဖိတ်ရင်ရော အဆင်ပြေမလား…”

သူက အမေလို့မခေါ်ပဲ ပထမမဒမ်လို့သာခေါ်ခဲ့သည်။ အန်တီချန်က သတိထားမိပေမယ့် ဘာမှမပြောခဲ့ပေ။


အန်တီချန်က ကားပြတင်းပေါက်ကို လျှောက်သွားကာ ကုပီချင်းကိုမေးလိုက်သည်။ ကုပီချင်းကလက်ခံလိုက်ပြီး သူမကလည်း အော်ပရာနားဆင်ရတာ သဘောကျသဖြင့် ရှန်းယုဟန်က ငယ်ငယ်လေးနဲ့ သူမကိုဖားဖို့ သူမအကြိုက်တွေကို လေ့လာထားမှန်း မမျှော်လင့်ခဲ့ပေ။ သူက တကယ်ကို လူသိရှင်ကြားပြဖို့ မသင့်တော်တဲ့သူပဲ…. လှည့်ကွက်တွေကစားပြီး သူများအ​ကြိုက်ကိုလိုက်နေတာ။


ဒီလိုလူမျိုးက အတိတ်က ရှန်ထျန်းဖုန်းလိုပဲ။ သူမသားနဲ့လုံးဝမတန်ဘူး။ တကယ့်မျိုးနွယ်စုထဲက ေမြခွေးလိုပဲ…


ကားနှစ်စီးက ပြဇာတ်ရုံကိုရောက်တော့ ရပ်သွားပြီး ရှန်းယုဟန်က အထဲက တန်းဝင်သွားသည်။ ယနေ့မှာ သခင်ကြီးကျန်းက အခန်းငှားထားပြီး လူအများကြီးကိုမဖိတ်ထားသဖြင့် သူအဆင်ပြေသလို ထိုင်လို့ရသည်။


သူတို့ထိုင်လိုက်တာနဲ့ သူ့သူငယ်ချင်းအန်ကယ်များအဖွဲ့မှာ ​ရှန်းယုဟန်ကြိုမှာထားသော ပြဇာတ်ကို စတင်ပြသခဲ့သည်။ သူတို့ရောက်လာတာနဲ့ စတင်ပြသဖို့ စီစဥ်ထားပုံရသည်။


ယင်းမှာ ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းဖြစ်၏—---- {အရှေ့​တောင်ဘက်ကို ပျံသန်းသွားသော ဥဒေါင်းစုံတွဲ}


ကုပီချင်းက ယနေ့မှာ ဆံပင်ကိုထုံးထားဆဲဖြစ်ပြီး စားပွဲထိုးက လက်ဖက်ရည်လာချပေးပြီးနောက် သူမက ဆန့်ကျင်ဘက်မှာထိုင်နေသော ရှန်းယုဟန်ကို ကြည့်လိုက်ပေမယ့် ရှန်းယုဟန်က ပြဇာတ်ထဲမှာ နစ်မွှန်းနေပြီး သူမကို ပြန်မကြည့်ခဲ့ပေ။ သူ့မျက်နှာပေါ်မှာ မျက်နှာချိုသွေးနေသော အရိပ်အယောင်လည်းမရှိချေ။


အချိန်အတော်ကြာမှ ကုပီချင်းကပြောလိုက်၏။ “မင်း ရှန်ချီဟွမ်းကို လက်လွှတ်ပေးရင် ငါမင်းကို ငါးသန်းပေးမယ်”


ရှန်းယုဟန်က ကြားလိုက်ပေမယ့် သူက ငါးသန်းဆိုတာ အတော်နည်းတယ်လို့ ထင်မိသည်။ သူက ဂဏန်းနဲ့သုညကို ရေတွက်နိုင်ပြီး ငါးသန်းက ၇လုံးပဲရှိသည်။


သူက လက်ထဲက လက်ဖက်ရည်ခွက်ကိုချကာ မျက်ခွံကို ​ဖြည်းဖြည်းချင်းမော့လိုက်ပြီး သူ့ခင်ပွန်း စီးပွားရေးအကြောင်း ဆွေးနွေးလေ့ရှိသော ​လေသံကို တုပလိုက်သည်။ “ပထမမဒမ်၊ ဒါအရမ်းနည်းလွန်းတယ်”


ကုပီချင်း၏ အထက်စီးဆန်သောစိတ်က တစ်စက္ကန့်အတွင်း အေးခဲသွားသည်။ “.....” ဘယ်လိုတောင် လောဘကြီးတဲ့လူငယ်လဲ….. ဆင်ကိုမျိုချဖို့ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပဲ…