Chapter 80.2
“မြေခွေးကောင်”
ကုပီချင်းက အတိတ်မှာပိတ်မိနေမှန်း သူသိသည်။ သူမက အစွန်းတစ်ဖက်မှ တခြားတစ်ဖက်ကို ကျော်ဖြတ်ဖို့ နှစ်နှစ်ဆယ်ကြာခဲ့သည်။
ထို့အပြင် သူ့ဇနီးလေး၏ အိမ်တွင်းတိုက်ခိုက်စွမ်းရည်က အလွန်ကောင်းသလို သူ့မှာ ထိုအစွန်းရောက်အမျိုးသမီးကို ကိုင်တွယ်နိုင်သော ကိုယ်ပိုင်နည်းလမ်းရှိသည်။ တတိယနဲ့ ဒုတိယမဒမ်ကို သူဘယ်လိုအနိုင်ယူခဲ့လဲသာ တွေးကြည့်တော့…
ရှန်ချီဟွမ်းကပြောလိုက်သည်။ “မင်းအနိုင်ကျင့်မခံရတာကောင်းတယ်။ သူမက မင်းကို မဟုတ်တရုတ်တွေ ပြောဆိုပြုမူလာရင် ငါ့ကိုပြောပြပါ။”
ရှန်းယုဟန်က ခေါင်းညိတ်ပြီး ဒီနေ့ဖြစ်ခဲ့တာကို ပြန်စဥ်းစားခဲ့သည်။ “ကျွန်တော် ခင်ဗျားကို လက်လွှတ်ပေးရင် သူမက ငါးသန်းပေးမယ်လို့ပြောခဲ့တယ်။” ရှန်ချီဟွမ်းက မျက်ခုံးပင့်ကာ မျက်မှောင်ကြုတ်သည်။ “ဒါဆို ဘယ်လိုဖြေခဲ့လဲ”
ရှန်းယုဟန်က သွားတိုက်ဆေး နည်းနည်းညှစ်ထုတ်လိုက်သည်။ “အရမ်းနည်းလို့ အဆင်မပြေဘူးလို့ ပြောလိုက်တယ်”
ရှန်ချီဟွမ်းက သူ့ကြောင့် ရယ်မောလိုက်သည်။ “ဒီနေ့ခတ်မှာ ဒီနည်းကိုသုံးတဲ့သူ ရှိသေးတာပဲ။ ဦးနှောက်သေစေတဲ့ ဒရာမာတွေ အများကြီးကြည့်လို့ဖြစ်မယ်။” ပြီးတော့ ယင်းမှာ သူမိခင်အရင်းဖြစ်၍ သူမရူးနေမှာကိုတောင် စိုးရိမ်မိသည်။
ရှန်းယုဟန်က ထပ်ပြောလိုက်၏။ “နောက်တော့ ကျွန်တော်စိတ်မဝင်စားတာကိုတွေ့တော့ သူမက ကိစ္စပြီးသွားရင် ငါးသန်းထပ်ပေးမယ်လို့ပြောတယ်။”
ရှန်ချီဟွမ်းက နည်းနည်းစိုးရိမ်လာသည်။ “ဒါဆို ဘယ်လိုပြန်ဖြေလိုက်လဲ”
“ဒါပေါ့၊ ကျွန်တော်ငြင်းလိုက်တယ်လေ၊ ကျွန်တော့်ကို ဂဏန်း၈လုံးလောက်နဲ့ ပထုတ်ချင်နေတာ အရမ်းညံ့တာပဲ။ အနည်းဆုံး ဆယ်လုံးတော့ဖြစ်သင့်တယ်။” ရှန်းယုဟန်က လက်ဖဝါးဖြန့်လိုက်သည်။ “ဒါဆို ကျွန်တော့်တစ်ဘဝလုံး ဘာပူပန်မှုမှမရှိပဲ အေးဆေးနေလို့ရပြီ။”
ရှန်ချီဟွမ်းက သူနောက်နေတာလို့ သိလိုက်ပေမယ့် လက်ဆန့်ကာ သူ့မျက်နှာကို ဆွဲဖျစ်ပြီး သတိပေးလိုက်သည်။ “မင်းယောကျာ်းကို ထားခဲ့ရဲရင် ထားခဲ့ကြည့်လိုက်”
ရှန်းယုဟန်က ရယ်မောကာ လက်ကိုပုတ်ထုတ်လိုက်သည်။ “ကျွန်တော့်ခင်ပွန်းကို မလိုချင်လို့မဟုတ်ပါဘူး၊ ကျွန်တော် ခင်ဗျားအတွက် ငါးကင်ပေးဖို့ ပြန်လာတယ်လေ… မြန်မြန်စားလိုက်”
ထိုမှသာ ရှန်ချီယွမ်က သူ့ကိုလွှတ်ပေးလိုက်သည်။
ညစာစားပြီးတော့ သူက စိတ်မကောင်းဖြစ်နေသေးတာကြောင့် သူ့ဇနီးလေးကို ပွေ့ဖက်ကာ ထပ်မေးလိုက်သည်။ “ဒါဆို နောက်တစ်ကြိမ် သူမက မင်းကို ပိုက်ဆံနဲ့သွေးဆောင်လာရင် မင်းကလက်ခံမှာလား? ဥပမာ ဂဏန်းဆယ့်နှစ်လုံးလောက်ပေါ့”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ တင်းတင်းဖက်တာကို ခံထားရပြီး သူက သူ့လည်ပင်းကို ပြန်ဖက်ကာ သူ့နဖူးကို ခေါင်းနဲ့တေ့ထားလိုက်သည်။ “ကျွန်တော့်ယောကျာ်းက အဖိုးဖြတ်လို့မရဘူး။ မောင်းထုတ်ရင်တောင် ကျွန်တော် ထွက်မသွားပါဘူး။ အဲ့လိုဖြစ်မလာမချင်း….”
“ဘာမဖြစ်လာမချင်းလဲ?” ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းကိုနမ်းကာ ပြောလိုက်သည်။ “ငါမင်းကိုမလိုချင်တော့တဲ့အချိန်ထိလား?”
“အင်း” ရှန်းယုဟန်က ခေါင်းကို အသာအယာညိတ်လိုက်သည်။
ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်။ “ဒါဆို အဲ့ဒီအကြောင်း စဥ်းတောင် မစဥ်းစားနဲ့တော့၊ ငါမင်းခြေထောက်ကို ကြိုးနဲ့ချည်ပြီး ဘယ်သွားသွားခေါ်သွားလိုက်မှာ။”
ရှန်းယုဟန်က သူ့ခင်ပွန်း၏ ချိုသာသောစကားများကို ကြားရတာရှား၍ ထိုစကားကိုကြားသောအခါ သူ့စိတ်က ပျော်ရွှင်သွားလေသည်။ “ကောင်းပြီ၊ ဒါဆို ကျွန်တော် သူမကို နောက်တစ်ခါလည်း ငြင်းလိုက်ပါမယ်”
“အရမ်းတော်တယ်။ ဒါဆို မင်းယောကျာ်းက မင်းကို ဒီည ကောင်းကောင်းဆုချမယ်!” ရှန်ချီဟွမ်းက သူ့ကို ပခုံးပေါ် ကောက်တင်လိုက်၏။
“ဟေး၊ ရှန်ချီဟွမ်း… ခင်ဗျားပျော်နေလည်း ဒီလိုသယ်သွားလို့မရဘူးလေ!” ရှန်းယုဟန်က သူ့ကျောကို ခပ်ကြမ်းကြမ်း ပုတ်လိုက်၏။
ရှန်ချီဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ “ငါပျော်နေလို့ပါ” သူ ဒီည သူ့ဇနီးလေး ကျေနပ်အောင် ကြိုးစားပေးလိုက်မယ်!
–
သူတို့နှစ်ယောက်က ရှန်းယုဟန်၏ငြင်းဆိုချက်အပြီးမှာ ကုပီချင်းက သူတို့ကို ဂရုမစိုက်တော့ဘူးလို့ ထင်ခဲ့ပေမယ့် သူမကတော့ လှုံ့ဆော်ခံလိုက်ရသလိုပင်။ သူမက ရှန်းယုဟန်ကို ထပ်မရှာတော့ပဲ ထိုအစား ရှန်ချီဟွမ်းနှင့် ညစာနှစ်ယောက်တည်းစားရန် ချိန်းဆိုခဲ့သည်။
မူလက ရှန်ချီဟွမ်းသည် မိခင်နဲ့သား ရိုးရိုးတွေ့ဆုံမှုလို့သာထင်ခဲ့သည်။ သူ စားသောက်ဆိုင်ကိုရောက်တာနဲ့ တစ်ခုခုမှားနေတာကို ဘယ်သူကသိခဲ့မှာလဲ၊ သူ သီးသန့်ခန်းကိုရောက်တော့ အသက်လေးငါးဆယ်အရွယ် လူလတ်ပိုင်းစုံတွဲနှင့် ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက်အပါအဝင် ထိုင်နေသောလူလေးယောက်ရှိနေ၏။
သူတို့က မိန်းကလေးဘေးက ထိုင်ခုံကို ရှန်ချီဟွမ်းအတွက် သီးသန့်ဖယ်ပေးထားပြီး ရှန်ချီဟွမ်းက မိန်းကလေးကို ချစ်ခင်သောမျက်လုံးများဖြင့် ကြည့်နေသော ကုပီချင်းကိုမေးလိုက်သည်။ သူက ထိုအချိန်တွင် ဒေါသပေါက်ကွဲတော့မတတ်ပင်။ သူ့ဇနီးလေးကို သွေးဆောင်လို့မရတော့ သူ့ဘက်လှည့်သွားတာလား? သူမကို ပဒေသရာဇ်ခေတ်က ရက်စက်ကြမ်းကြုတ်တဲ့ ယောက္ခမတစ်ယောက် ဝင်ပူးနေတာလား?
ရှန်ချီဟွမ်းက ထိုင်တောင်မထိုင်နိုင်ပဲ ကုပီချင်းကို တည့်မေးလိုက်သည်။ “ဒါဘာတွေလဲ?”
ကုပီချင်းက သူ့မျက်နှာပေါ်က ဒေါသကိုလျစ်လျူရှုကာ ပြောလိုက်သည်။ “ဒါက မင်းအန်ကယ်လီ၊ ဒါက ငါ့ညီမ.. မင်းငယ်ငယ်တုန်းက သူ့ကိုတွေ့ဖူးပါတယ်။ သူတို့က အနောက်ဘက်ကလာကြတာ။ ဒီမှာရက်အနည်းငယ်လောက် နေမှာမို့ မင်းငါတို့ နေ့လည်စာစားဖို့ အဖော်ပြုပေးလို့ရတယ်”
ရှန်ချီဟွမ်းက သူကစားနေသော လှည့်ကွက်ကို မမြင်နိုင်ပဲ နေပါ့မလား… ဘယ်အနောက်ကလာပြီး ဘယ်ကိုလည်ပတ်ချင်တာလဲ… ဒါက ဘလိုင်းဒိတ်ဆိုတာ သိသာနေတာကို
ယခုဆိုရင် သူဒီအမျိုးသမီးနှင့် ရင်ဆိုင်ရသည့်အခါ အကြောင်းပြချက်မရှိ ဒေါသထွက်နေမိသည်။ သူမက သူ့ကိုလက်လွှတ်ပေးဖို့ သူ့ဇနီးကိုလည်း သွေးဆောင်ခဲ့ပြီး ယခု ဘလိုင်းဒိတ်ပါ စီစဥ်ပေးကာ သူ့အိမ်ထောင်ရေးကို ဖျက်စီးနေသည်။
သူ့ဇနီးမျက်နှာက ရှန်ချီဟွမ်း၏စိတ်ထဲမှာပေါ်လာပြီး သူက စားပွဲကို လှန်ပစ်လိုက်ချင်သည့် စိတ်ကိုဖိနှိပ်ကာ ဦးနှောက်ပြဿနာရှိသော အနှီအမျိုးသမီးနဲ့ စကားမများဖို့ သူ့ကိုယ်သူ သတိပေးနေသည်။
ထိုင်လိုက်တာကအဆင်ပြေပေမယ့် ရှန်ချီဟွမ်းက အန်ကယ်လီကို တည့်ပြောလိုက်သည်။ “ကျွန်တော့်ဇနီးအိမ်မှာစောင့်နေလို့ ကျွန်တော် ခဏပဲထိုင်လို့ရမယ်။ အန်ကယ်လီစိတ်မရှိဖို့ မျှော်လင့်ပါတယ်။”
အန်ကယ်လီနှင့် သူ့ဇနီးက အနည်းငယ်တုန်လှုပ်သွားသည်။ “မင်းက လက်ထပ်ပြီးပြီလား?”
ရှန်ချီဟွမ်းက ခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့၊ ကျွန်တော့် မင်္ဂလာပွဲက ကျင်းပပြီးပြီ။ အနောက်ဘက်ကလူတွေ မသိလိုက်တာဖြစ်မယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေအားလုံး ကျွန်တော်အိမ်ထောင်ကျပြီးတာကို သိကြပါတယ်။ အန်ကယ်တို့က ဘာလို့မသိတာလဲ? ခင်ဗျားတို့က 2G ခေတ်မှာနေတာလား?” တုံးအသလိုဟန်ဆောင်နိုင်စွမ်းက မြင့်မားလွန်းသည်။
လျှိုမိသားစုက သူ့စကားကြောင့် မျက်နှာနီရဲသွားပြီး အထူးသဖြင့် အသက်နှစ်ဆယ်အရွယ် မိန်းကလေးက ရှက်လွန်းလို့ ခေါင်းငုံ့ထားလေသည်။
ကုပီချင်း၏မျက်နှာက ဒေါသကြောင့် တင်းမာနေသည်။ ရှန်ချီဟွမ်း၏ လေးစားမှုမရှိခြင်းကြောင့် သူမမျက်လုံးထောင့်က အရေးအကြောင်းမှာ နှစ်ရစ်ထပ်တိုးလာပြီး သူမက အသာအယာ ရှုတ်ချလိုက်သည်။ “ရှန်ချီဟွမ်း၊ ဒါက ငါဖိတ်ထားတဲ့ဧည့်သည်တွေ… မင်းဘာလို့ ဒီလိုပြောနိုင်ရတာလဲ….”
ရှန်ချီဟွမ်းက သူမကို မျက်နှာသာမပေးချင်ပေ။ “အို့၊ ဒါပေါ့ သူတို့က သာမန်ဧည့်သည်ဆိုရင် ကျွန်တော်ဘာမှပြောမှာမဟုတ်ပေမယ့် သူတို့က ခင်ဗျားကို ရည်ရွယ်ချက်တစ်ခုနဲ့ ချဥ်းကပ်နေတာလေ။ ကျွန်တော် သူတို့ကို သေချာစောင့်ကြည့်ရမယ်…အမေ။ ခင်ဗျားက နှစ်နှစ်ဆယ်လုံး တောင်ပေါ်မှာနေလာခဲ့တာဆိုတော့ လူတွေရဲ့စိတ်က အပြင်မှာ ဘယ်လောက်ထိနိမိတ်မကောင်းလဲ အမေရှင်းရှင်းလင်းလင်း မမြင်နိုင်မှာကို စိုးရိမ်တယ်”
ထိုအန်ကယ်လီက ရှန်ချီဟွမ်း၏ အကြိမ်ကြိမ် သရော်ခံရတာကြောင့် သူ့မျက်နှာက နီရဲနေသည်။ သူက ကြွယ်ဝချမ်းသာမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူ့သမီးကို လက်ထပ်ပေးကာ ချမ်းသာချင်နေသည်။
ထိုအစား ကုပီချင်းက နည်းလမ်းတကျပြောလာသည်။ “မင်းကမှ ရှန်းယုဟန်ရဲ့ လှည့်စားခံနေရတာ။ ငါကမင်းကိုကူညီနေတာ!”
ရှန်ချီဟွမ်းက သူမကို အကျိုးအကြောင်းမသင့်ဘူးလို့ တွေးမိလိုက်သည်။ “ကျွန်တော်လက်ထပ်ပြီးသွားပြီမို့ ကျွန်တော့်အိမ်ထောင်ရေးကို ဝင်မစွက်ဖက်ပါနဲ့။ မဟုတ်ရင် ခင်ဗျားအကျိုးဆက်ကိုသိစေရမယ်။ ကျွန်တော် လူကြီးမင်းတို့ကို အဖော်မပြုပေးနိုင်တော့လို့ စိတ်မရှိပါနဲ့”
သူက လှည့်ထွက်သွားပြီး ကုပီချင်း သူ့နာမည်ခေါ်နေတာကို မကြားချင်ယောင်ဆောင်နေသည်။
သူတို့က သူအိမ်ထောင်ကျတာသိနေသော်လည်း ဝင်စွက်ဖက်ဖို့လာရဲသေးသည်။
ရှန်ချီဟွမ်းက ဒရိုက်ဘာကို အိမ်ပြန်မပို့ခိုင်းခင် ကားထဲမှာ ခဏလောက်ထိုင်နေသေးသည်။ သူက ဤမကောင်းသောလူများနှင့် မကောင်းသောခံစားချက်များကို ရှန်းယုဟန်ဆီ ပြန်မသယ်သွားချင်ပေ။
မကောင်းတာကို ရှင်းထုတ်ပြီး ဘဝကိုရှေ့ဆက်ရမည်။
–
ရှန်းယုဟန်က လတ်တလောမှာ ရှန်းမိသားစု၏ သားစဥ်မြေးဆက်အုတ်ဂူ အခြေအနေကို အာရုံစိုက်နေသည်။ ရှောင်လီနှင့် အကိုယန်ကလည်း လတ်တလောမှာ အလုပ်ရှုပ်နေကြပြီး ဂရုထဲမှာ သူတို့စကားပြောတာကို မမြင်ရတာကြာခဲ့ပြီ။ သူတို့က တန်ဖိုးရှိတဲ့ပစ္စည်းတွေကို နောက်တစ်ကြိမ်တူးဖော်ရရှိခဲ့တာ ဖြစ်နိုင်မလား?
ဖြစ်ချင်တော့ ရှန်ချီဟွမ်းက ယနေ့မှာ အလုပ်အရမ်းမရှုပ်တာကြောင့် အစည်းအဝေးမှာ အချိန်ယူကာ ရှန်းယုဟန်ကို ကုမ္ပဏီမှာ နေ့လည်စာလာစားမလား မေးခဲ့သည်။
ရှန်းယုဟန်က ယခုလေးတင် လက်ရေးလှတစ်ပိုင်းရေးပြီးတာမို့ စားမယ်လို့ပြောလိုက်ပြီး ရှန်ချီဟွမ်း၏ ကုမ္ပဏီကို ထွက်လာခဲ့သည်။
သူက ကုမ္ပဏီကို မကြာခဏလာလေ့ရှိသဖြင့် ရှန်းယုဟန်၏မျက်နှာက ဝန်ထမ်းများ၏စိတ်ထဲမှာ ထွင်းထုထားတာ ကြာခဲ့ပြီဖြစ်၍ ဘယ်သူမှ သူ့ကိုမတားကြပေ။
ထိုအချိန်မှာ ရှန်းယုဟန်ကို ကျောပေးထားသော မိန်းမလှလေးတစ်ယောက်က ကောင်တာအမျိုးသမီးနှင့် ငြင်းခုံနေသည်။
မိန်းမလှလေးကဆိုသည်။ “ငါ ဥက္ကဋ္ဌရှန်နဲ့ ချိန်းထားတာရှိလို့ပါ။ နင်ထပ်စစ်ဆေးချင်သေးတာလား ဒါမှမဟုတ် ဥက္ကဋ္ဌရှန်ကို အောက်ဆင်းလာဖို့ ပြောပေးမလား… သူငါ့ကိုသိတယ်”
နေ့စဥ်နေ့တိုင်း လူအများကြီးက သူတို့ ရှန်ချီဟွမ်းနှင့် ချိန်းထားတယ်လို့ဆိုကြသည်။ ချစ်စရာအသွင်ဝတ်ဆင်ထားသော အမျိုးသမီးသတင်းထောက်၊ အထက်တန်းလွှာလို ဝတ်ဆင်ထားသော အရောင်းကိုယ်စားလှယ်အပါအဝင် မတူညီသော လှည့်ကွက်များနှင့် လွတ်လပ်သော မီဒီယာများ… ကောင်တာအမျိုးသမီးက သူတို့အားလုံးကိုမြင်ဖူးသည်။
ကောင်တာအမျိုးသမီးကထပ်ပြောလိုက်သည်။ “မင်းနဲ့ချိန်းဆိုထားတယ်လို့ မမှတ်ထားပါဘူး။”
မိန်းမလှလေးက ဘယ်ညာကြည့်ကာ လုံခြုရေးအစောင့်များပင် မကြည့်ရဲသော ရှန်းယုဟန်ကို မြင်သွား၏။ သူက ဤနေရာရှိ ဝန်ထမ်းနဲ့မတူပေ။
မိန်းမလှလေးက ပြောလိုက်သည်။ “အဲ့ဒီမိန်းကလေးလည်း အထဲဝင်မှာမလား?”
ကောင်တာအမျိုးသမီးက ထိုလူက မိန်းကလေးမဟုတ်ကြောင်း ပြောခါနီးမှာ ဓာတ်လှေကားမှ ခန့်ညားသော အမျိုးသားတစ်ယောက်ထွက်လာပြီး ယင်းမှာ ရှန်ချီဟွမ်းဖြစ်ကာ သူက သူမ၏ဦးတည်ရာကို ပြုံးပြလိုက်သည်။
မိန်းမလှလေးက သူမမေးစေ့ကိုမော့ကာ “တွေ့လား၊ ဥက္ကဋ္ဌရှန်က ငါ့ကိုကြိုဖို့ အောက်ဆင်းလာတာ” သူမက ခေါင်းမော့ကာ ရှေ့ကိုလျှောက်သွားခဲ့သည်။
ထိုအချိန်တွင် ရှန်းယုဟန်က ဓာတ်လှေကားရှေ့က ဂိတ်ကိုဖြတ်ခါနီး ရုတ်တရက်ဘေးကို တွန်းခံလိုက်ရပြီး သိမ်မွေ့သောအသံတစ်ခုက ရှန်ချီဟွမ်းအား အော်ခေါ်လိုက်တာကို ကြားလိုက်ရသည်။
မိန်းမလှလေးက အားရပါးရပြုံးပြကာ “ဥက္ကဋ္ဌရှန်၊ ကျွန်မက လျှိုရှစ်ယွီပါ။ အန်တီက ကျွန်မလာမှာကို ပြောထားလို့ ကျွန်မကိုကြိုဖို့ တကူးတကဆင်းလာတာမလား”
ရှန်းယုဟန်က အတွန်းခံလိုက်ရသည့် သူ့ပခုံးကို ညင်ညင်သာသာပွတ်ကာ မကျေမနပ်ဖြစ်နေသော သူ့ခင်ပွန်းကိုကြည့်လိုက်သည်။
သူ့ခင်ပွန်းက ဂိတ်ကိုဖွင့်ကာ ရှန်းယုဟန်ကို ဆွဲဖက်လိုက်ပြီး မိန်းကလေးကို မကျေမနပ်မေးလိုက်သည်။ “မင်းကဘယ်သူလဲ? လုံခြုံရေးတွေဘယ်မှာလဲ? လူတကာကို ဘာလို့ပေးဝင်နေတာလဲ?”
ရှန်ချီဟွမ်း ထိုအမျိုးသမီးကို တင်းတင်းကျပ်ကျပ် ဖက်ထားတာတွေ့လိုက်သော မိန်းမလှလေးက အနီးကပ်ကြည့်လိုက်တော့ အမျိုးသမီးမဟုတ်ပဲ အမျိုးသမီးထက်ပိုလှသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက သိမ်မွေ့လွန်းပြီး သူ့အသွင်အပြင်က သူမထက်အများကြီးသာသည်။
လျှိုရှစ်ယွမ်က ဖြူဖျော့သောမျက်နှာဖြင့် ရှင်းပြလိုက်သည်။ “ဥက္ကဋ္ဌရှန်၊ အန်တီက ကျွန်မကိုလာဖို့ ပြောခဲ့တာပါ။ ကျွန်မက….”
ရှန်ချီဟွမ်းက အမူအရာမဲ့စွာ ပြောလိုက်၏။ “မင်းကိုလာခိုင်းတဲ့သူကိုရှာလို့ရတယ်”
လုံခြုံရေးအစောင့်က လျှိုရှစ်ယွီကို ခေါ်မထုတ်သွားခင်မှာ ရှန်းယုဟန်က တစ်ခုခုကိုမြင်လိုက်ရပြီး သူမဆီလျှောက်သွားကာ ပြုံးပြလိုက်သည်။ “ခဏစောင့်ပါဦး၊ ငါမေးစရာရှိလို့ပါ”
လျှိုရှစ်ယွီ၏ ဦးရေပြားက သူ့အကြည့်ကြောင့် ထုံကျင်သွားပြီး ရုတ်တရက် သူမကိုယ်က ကိုယ်လုံးတီးဖြစ်နေသလို အေးစက်သွားသည်။ သူမက လုံခြုံရေး၏လက်ကို အတင်းဆွဲဖြုတ်ပြီး ကုမ္ပဏီ၏ ပင်မတံခါးမှ ပြေးထွက်သွားလေသည်။
ကြည့်ရတာတော့ လှပတဲ့အမျိုးသမီးထက် ပိုကြောက်ဖို့ကောင်းတဲ့ နတ်သမီးနဲ့တူတဲ့ အမျိုးသားတစ်ယောက်ပဲထင်တယ်!
ရှန်းယုဟန်က သူမ၏တုံ့ပြန်မှုကြောင့် အံ့အားသင့်ကာ သူက သူ့မျက်နှာကိုထိကြည့်ပြီး ရှန်ချီဟွမ်းကို နားမလည်နိုင်သလို မေးလိုက်သည်။ “ကျွန်တော်အရမ်းကြောက်ဖို့ကောင်းနေလား?”
ရှန်ချီဟွမ်းက သူ့ခါးကိုဖက်ပြီး ပြောလိုက်သည်။ “သူမကြောက်သွားတာမဟုတ်ပါဘူး။ သူမက ကိုယ့်ကိုယ်ကိုယ် လေးစားမှုနည်းနေရုံပါ”
–
ထိုအပိုင်းပြီးတော့ ရှန်ထျန်းဖုန်း၏ ဒုတိယအကြိမ်ခွဲစိတ်မှုက စတင်ခါနီးဖြစ်၏။
သူခွဲမစိတ်ခင် တစ်ပတ်အလိုမှာ ရှန်ချီယွင်နှင့် ချီမိသားစုသခင်မလေး၏ လက်ထပ်ပွဲပြီးသွားခဲ့သည်။ ယင်းကို အလွန်စျေးကြီးသော မင်္ဂလာပွဲလို့ပြောကြပြီး သန်း၁၀၀နီးပါးကုန်ကျခဲ့သည်။
သို့သော် ရှန်ချီဟွမ်း၏ ညီအစ်ကိုမောင်နှမများက ကုပီချင်း ပြန်ရောက်နေလို့ သွားမတက်ကြပေ။
ရှန်ထျန်းဖုန်း ခွဲစိတ်သည့်နေ့မှာ ရှန်းယုဟန်က ချီမိသားစု၏ သခင်မလေးကို ဆေးရုံမှာထပ်မြင်လိုက်ရပြီး သူမက ရှန်မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့လေပြီ။
သူမဗိုက်ထဲမှာ ကလေးရှိနေတယ်လို့လည်း ဆိုကြသည်။
ရှန်ထျန်းဖုန်း ခွဲစိတ်ခန်းမဝင်ခင်မှာ ကုပီချင်းကလည်း ရောက်လာခဲ့သည်။
တခြားအိမ်တော်သုံးအိမ်မှ လူအားလုံး နိုးကြားသွားခဲ့သည်။
ကုပီချင်းက တခြားအိမ်တော်ကလူအားလုံး သူမကြောင့် နိုးကြားနေတာကို ကျေနပ်နေပေမယ့် ရှန်းယုဟန်၏ဆံပင်ကို နားရွက်နောက်သို့ သပ်ပေးနေသော ရှန်ချီဟွမ်းကိုမြင်သောအခါ သူမပါးစပ်ထောင့်က တင်းမာသွားသည်။
မြေခွေးကောင်..