Chapter 81.1
“လူသုံးယောက်၏ဇာတ်လမ်း”
ဧပြီလ ကျန်းမြို့တော်တွင် မိုးဆက်တိုက်ရွာသွန်းခဲ့သည်။
ယနေ့ရာသီဥတုက ကောင်းတယ်လို့ ဖော်ပြလို့မရသလို အတန်ငယ်ဆိုးနေသေးသည်။ ရှန်ထျန်းဖုန်း၏လူနာဆောင်ရှိ လူတိုင်း၏မျက်နှာပေါ်မှ ဆိုးရွာသောအမူအရာများလိုပင်။
သူတို့၏ကြည့်ရဆိုးသောအသွင်အပြင်မှာ ရှန်ထျန်းဖုန်း၏ခွဲစိတ်မှုနှင့် ဘာမှမဆိုင်ပဲ ကုပီချင်းရောက်လာတာကြောင့်ဖြစ်၏။
ကုပီချင်းရှေ့မှာ တခြားမဒမ်သုံးယောက်က ကောင်းမွန်သောအမူအရာမရှိပဲ မဒမ်သုံးယောက်၏ တည်ရှိမှုကလည်း ကုပီချင်း၏အမူအရာကို ချဥ်စူးစေသည်။ သူမက ဘယ်သူ့ကိုမှသဘောမကျပဲ လွန်ခဲ့သည့်နှစ်နှစ်ဆယ်က သူမကို မကြာခဏ စိန်ခေါ်ခဲ့သော ဒုတိယမဒမ်ကလည်း ယခုချိန်တွင် ဘာမှမပြောရဲချေ။
လွန်ခဲ့သည့်နှစ်နှစ်ဆယ်က ဒုတိယမဒမ်သည် ရှန်ထျန်းဖုန်း၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရတာကြောင့် သူမက ဘာမှမကြောက်ခဲ့သလို့ သူမဘေးမှာလည်း သူမသားရှိခဲ့သည်။
သို့သော် ယခုချိန်မှာတော့ ဒုတိယမဒမ်က ဘာမှမပြောရဲပေ။ သူက ရှန်ထျန်းဖုန်း၏ မျက်နှာသာပေးမှုကိုလည်း ဆုံးရှုံးခဲ့ရပြီး ထိုအချိန်က တတိယမဒမ်က ပိုထက်မြက်ခဲ့သည်။ သူမကတော့ ကုပီချင်း၏အရှေ့မှာ အာဏာမပြခဲ့သလို ယခုချိန်မှာလည်း ဘာမှမပြောပေ။ စတုတ္ထမဒမ်ကတော့ ကုပီချင်း သီလရှင်ဝတ်သွားတော့ ရှန်ထျန်းဖုန်းနောက်ပဲ လိုက်နေခဲ့သည်။
ပြန်မပေါ်လာတော့ဘူးလို့ထင်ခဲ့တဲ့ အမျိုးသမီးက ထပ်ပေါ်လာမှန်း ဘယ်သူကသိခဲ့မှာလဲ…. သူတို့အားလုံး စိတ်ညစ်နေကြသည်။
ရှန်းယုဟန်ကဘေးမှာရပ်ကာ ထိုလူများ၏လှုပ်ရှားမှုကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်နေ၏။
တကယ်တော့ ကုပီချင်းမှာ မှားယွင်းနေသော ဂုဏ်သတင်းရှိပြီး သူမက ထိုဂုဏ်သတင်းကို ပြသာပြထားပေမယ့် တကယ်တမ်းမှာ ဤမဒမ်များကို ဟန့်တားနိုင်စွမ်းမရှိပေ။ ယခုချိန်မှာ မဒမ်သုံးယောက်က ရှန်ထျန်းဖုန်း၏ အခြေအနေကို စိတ်အပူဆုံးဖြစ်သည်။ သူတို့လုပ်နိုင်တာက ဒုတိယအကြိမ် ခွဲစိတ်မှုအောင်မြင်စေဖို့နှင့် နောက်တစ်ကြိမ် ခွဲစိတ်မှုများ ဖြစ်မလာဖို့ ဆုတောင်းခြင်းသာဖြစ်၏။
ကုပီချင်းက ဤလူများနှင့်စကားပြောရတာ အောက်မှန်းသိပေမယ့် သူမက နှစ်နှစ်ဆယ်ကြာအောင် ထိန်းချုပ်ထားရတာဖြစ်သည်။ ရှန်ထျန်းဖုန်းက ငယ်ရွယ်ပြီး သန်မာတော့တာမဟုတ်သဖြင့် အနာဂတ်မှာ ရှန်မိသားစု ဘာဖြစ်သွားနိုင်လဲ… သူ့မှာ သူမမိသားစု၏ ထောက်ပံ့မှုသာမရှိခဲ့ရင် ပြိုလဲနေသောမိသားစုက ယခုအခြေအနေထိရောက်ပြီး နေရာတိုင်းမှာ ပွင့်လန်းနေပါ့မလား….
သူမက ခွဲစိတ်ခန်းထဲရှိ အလင်းရောင်ကို ကြည့်လိုက်သည်: “အဲ့ဒါက ကျေးဇူးကန်းခြင်းရလဒ်ပဲ၊ သူခွဲစိတ်ခန်းထဲက အန္တရာယ်ကင်းကင်း ထွက်လာနိုင်ပါ့မလား ငါကြည့်ဦးမယ်။”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို တိတ်တဆိတ် အကြည့်တစ်ချက်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ သူ့ခွဲစိတ်မှုက အန္တရာယ်မများဘူးလို့ ဒေါက်တာပြောခဲ့တယ်မလား?”
ဒေါက်တာဆီကရခဲ့သော ရလဒ်မှာ ထိုအတိုင်းဖြစ်၍ ရှန်ချီဟွမ်းက ခေါင်းညိတ်ပြလိုက်သည်။ “အန္တရာယ်မများပါဘူး။ အန္တရာယ်က ခွဲစိတ်ပြီးတဲ့အဆင့်မှာရှိတာ။ ကင်ဆာဆဲလ်တွေ ပျံ့သွားမှာကြောက်ရတယ်။ မပျံ့ဘူးဆိုရင် နောင်မှာ ဓာတုကုထုံးနဲ့တင် လုံလောက်တယ်။ ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်ရမှာ။”
“အို” သူက ကုပီချင်း ရှန်ထျန်းဖုန်းကို အန္တရာယ်ပေးနေတယ်လို့ ခံစားလိုက်ရသည်။
သူက သူမကိုပိုလေ့လာလေ သူမက စိန်ခေါ်လို့ရသူမဟုတ်ကြောင်း သိလာလေဖြစ်သည်။ သုံးထားသောနည်းလမ်းများက မယားငယ်တစ်ယောက်၏ အရမ်းကြမ်းသောပရိယာယ်နှင့်တူပြီး အသက်ခြောက်ဆယ့်အရွယ် အမျိုးသမီးနှင့်မတူပေ။ အသက်ပိုရှင်ရလေ ပိုပြီးမရင့်ကျက်လေဟု ဆိုနိုင်သည်။
မူလက ကုပီချင်း၏စကားများကို ဘယ်သူမှ မငြင်းဆန်နိုင်ဘူးလို့ ထင်ထားပေမယ့် အမြဲတမ်းတွန့်ဆုတ်နေသော စတုတ္ထမဒမ်က ပါးစပ်ဖွင့်လာသည်။
စတုတ္ထမဒမ်ကပြောလိုက်သည်။ “ပထမမဒမ်၊ ရှင်အရမ်းလွန်တာပဲ။ ငါ့တို့အားလုံးက ငါတို့ယောကျာ်းအဆင်ပြေဖို့ မျှော်လင့်နေတာကို ရှင်က ဘာလို့ တစ်ယောက်တည်း ကန့်လန့်ဖြစ်နေတာလဲ?”.
ကုပီချင်းက သူမကို တစ်ချက်ကြည့်လိုက်သည်။ “မင်းက ဒီနေရာမှာ စကားပြောပိုင်ခွင့်ရှိလို့လား? သားလေးတစ်ယောက်မွေးထားရုံနဲ့ အမြှီးမြှောက်လို့ရမယ် ထင်မနေနဲ့။ သူတို့ထဲက ဘယ်သူကများ သားမမွေးထားလို့လဲ?”
စတုတ္ထမဒမ်က သုံးဆယ့်ငါးနှစ်ပဲရှိသေးပြီး အရမ်းငယ်သည်။ သူမက အသက်နှစ်ဆယ့်ငါးလောက်မှာ ရှန်ထျန်းဖုန်းကို လိုက်ခဲ့တာဖြစ်ပြီး သူမက စွမ်းဆောင်ရည်ရှိသော အမျိုးသမီးတစ်ယောက်လို့ ဆိုရပေမည်။ ဆယ်နှစ်ကုန်သွားပေမယ့် သူမအပေါ် ရှန်ထျန်းဖုန်း၏ မျက်နှာသာပေးမှုက ပျောက်ကွယ်မသွားပေ။
ကုပီချင်းက စတုတ္ထမဒမ်၏ တည်ရှိမှုကိုမသိဖို့က မဖြစ်နိုင်ပေ။ သူနဲ့ ရှန်ထျန်းဖုန်းက နှစ်ပေါင်းများစွာ အတူရှိခဲ့ပေမယ့် သူတို့အချစ်က နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြသောကာလ၏ ပထမသုံးနှစ်သာခံသည်။ နောက်တော့ ရှန်ထျန်းဖုန်းက အပြင်မှာ တစ်နေ့ထက်တစ်နေ့ ပိုပြီးပွေရှုပ်လာကာ အတင်းအဖျင်းသတင်းများက နေရာတိုင်းမှာ ပျံ့နေခဲ့သည်။
သူမက ရှန်ထျန်းဖုန်းကိုမုန်းပြီး သူ့အနားမှာ ယင်ကောင်လို ဝဲနေသော အမျိုးသမီးများကိုလည်း မုန်းသည်!
စတုတ္တမဒမ်က ကုပီချင်း ကလေးကိစ္စပြောလာတာကို အံ့အားသင့်နေသည်။ “ပြောတာမပြောတာက ကျွန်မရဲ့လွတ်လပ်ခွင့်ပါ။ ရှင်က ဘာလို့ လူတွေကို ပြောခွင့်မပေးရတာလဲ”
ကုပီချင်းက အန်တီချန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး အန်တီချန်က စတုတ္ထမဒမ်ဆီကို လျှောက်သွားကာ ဘယ်သူမှမတုံ့ပြန်နိုင်ခင် စတုတ္ထမဒမ်က ကျယ်လောင်စွာ ပါးရိုက်ခံလိုက်ရ၏။
စတုတ္ထမဒမ်က ခြေနှစ်လှမ်းလောက် နောက်ကိုယိုင်သွားပြီး သူမ၏မျက်လုံးများက ချက်ချင်းနီရဲလာကာ သနားစရာပုံပေါက်နေသည်။ “ရှင်ဘယ်လိုတောင် လူကိုရိုက်ရဲတာလဲ!”
ကုပီချင်းက သရော်လိုက်သည်။ “မင်းကငါ့ကိုများဝေဖန်ရဲသေးတယ်” သူမက တတိယအိမ်တော်က လူများကိုကြည့်လိုက်သည်။ “ရှန်ထျန်းဖုန်းရှိရှိမရှိရှိ ရှန်မိသားစုက မင်းလက်ထဲကို မကျရောက်နိုင်ဘူး။ ပြင်ပအကူအညီတောင်းချင်သေးလား?”
တတိယမဒမ်၏မျက်နှာက ပူနွေးနေကာ သတို့သမီးအသစ်ဖြစ်သော မစ်ချီကလည်း ကုပီချင်း၏ အဆူခံလိုက်ရသလို ခံစားခဲ့ရသည်။ ယခုချိန်မှာ ရှန်ချီယွင်က တရားမဝင်သားဖြစ်ပြီး သူမ၏ယောက္ခမက မယားငယ်ဖြစ်ကြောင်း နားလည်သွားသည်။
တောက်ပသောမျက်နှာပြင်အောက်မှာ ဖုံးကွယ်ထားသော အရာများက လက်ရှိမှာ ကုပီချင်း၏ ထုတ်ဖော်တာကို ခံလိုက်ရသည်။
ရှန်းယုဟန်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးလိုက်ပြီး ကုပီချင်း သူတို့နဲ့ရန်ဖြစ်နေပုံက သူမ ရှန်ထျန်းဖုန်းကို ဂရုစိုက်တယ်ဆိုတာ ပြသနေခဲ့သည်။
ရှန်ထျန်းဖုန်းက ဒီအမျိုးသမီးကို ဘာလို့မချစ်တာလဲ?
နှစ်ခါတွေ့ဆုံပြီးနောက် သူမက ထက်မြက်ပြီး စိတ်သဘောထားမကောင်းသည့်အပြင် ကြောက်စရာကောင်းမှန်းလည်း ရှန်းယုဟန်သိခဲ့ရသည်။ သူတို့ကြားထဲမှာ ဘာဖြစ်ခဲ့တာလဲ? ရှန်ထျန်းဖုန်းရဲ့ ပွေလီတဲ့ အကျင့်စရိုက်ကြောင့်လား? သူမက တစ်ဖက်လူကို ကွာရှင်းပြီး ပျော်ရွှင်မှုအသစ်ကို ရှာလို့ရပေမယ့် မရှာခဲ့ဘူး။ အဲ့ဒီအစား အမျိုးသားတစ်ယောက်ရဲ့ အချစ်အတွက် တခြားဇနီးသုံးယောက်နဲ့ တိုက်ခိုက်ဖို့ရွေးချယ်ခဲ့တယ်။
နှစ်နှစ်ဆယ်ကြာတော့လည်း သူမက ထိုအတိုင်းပဲ။
ယခုချိန်မှာ စတုတ္တမဒမ်ကို ရိုက်နေသော ကုပီချင်းကိုတားဖို့ ဘယ်သူမှရှေ့မထွက်ခဲ့ပေ။ ရှန်ချီယွမ်နှင့် ရှန်ချီပင်းက ဂရုမစိုက်ပဲ ဘေးမှာရပ်နေသည်။ ရှန်ချီဟွမ်းက စတုတ္ထမဒမ် အတိတ်မှာ သူ့ကို လုပ်ကြံခဲ့တယ်လို့ သံသယရှိတာကြောင့် သဘာဝကျစွာပင် သူက ဂရုစိုက်ဖို့ ပျင်းရိနေသည်။ တခြားအိမ်တော်၏ သားတွေကလည်း သူတို့မိခင်များကိုသာ ကာကွယ်နေပြီး ကုပီချင်းက သူတို့မိခင်ကို ရိုက်ခိုင်းလိုက်မှာ စိုးရိမ်နေသည်။
ဒီအမျိုးသမီးက နည်းနည်းရူးနေပြီး လုံးဝကိုဂရုမစိုက်တာပဲ။
ကုပီချင်းက သူတို့မျက်လုံးထဲက တင်းမာမှုကို ခံစားမိပြီး ရွှင်မြူးသွားကာ ပြောလိုက်သည်။ “ဘယ်သူမှ ရှန်မိသားစုဆီက တစ်ပြားတစ်ချပ်မှ မရစေရဘူး”
သူမက ထပ်ပြောချင်ပေမယ့်လည်း ရှန်ချီယွမ်က သူမကို ဖြတ်ပြောလာသည်။ “အမေ၊ အဖေ့ခွဲစိတ်မှုက အချိန်ကြာမှာ၊ အမေအရင်အနားယူလိုက်ပါလား၊ ခွဲစိတ်ပြီီးရင် ကျွန်တော်အသိပေးမယ်”
ပြဿနာဆက်ဖြစ်ရင် တခြားသူများရှေ့မှာ ရယ်စရာဖြစ်သွားလိမ့်မည်။ သူက တခြားအိမ်တော်သုံးအိမ်က လူများ၏မျက်နှာကို ဂရုမစိုက်ပေမယ့် သူ့ညီအစ်ကို မောင်နှမများက ရိုးရှင်းသောလူများဖြစ်ပြီး ဆက်လက်ရှင်သန်ရဦးမည်။
ကုပီချင်းက ရှန်ချီယွမ်၏အကြံဉာဏ်ကို နားထောင်ဖို့ဆန္ဒရှိသည်။ သူမက ခွဲစိတ်ခန်း မီးအလင်းရောင်ကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆက်နေဖို့ ရွေးချယ်လိုက်သည်။
–
ရှန်ထျန်းဖုန်း၏ ခွဲစိတ်မှုကအောင်မြင်ပေမယ့် သူ့ကို ICU အခန်းထဲမှာ နှစ်ရက်ထားဖို့လိုသည်။ ပုံမှန်ဖြစ်မှသာ အထွေထွေကုသဆောင်ကို ပြောင်းရမှာဖြစ်၏။
ဘုရားသခင်က ရှန်ထျန်းဖုန်းကို ယခုထိလက်မခံချင်တာကြောင့် သူက ICU အခန်းထဲမှာ တစ်ရက်သာနေပြီး ထွက်လာရသည်။ နောက်နေ့မှာ သူလမ်းလျှောက်နိုင်ပြီး ပြန်လည်သက်သာလာသည်။ သူ့ဒဏ်ရာ ပြန်ကောင်းသွားရင် ဓာတုကုထုံးကို ဆက်လက်ခံယူပြီး အခြေအနေကို ပြန်သုံးသပ်မယ်လို့ ဒေါက်တာကပြောခဲ့သည်။
တစ်ပတ်ကြာတော့ ရှန်ထျန်းဖုန်းက ဒဏ်ရာချုပ်ရိုးဖြည်လိုက်ပြီး ဆေးရုံကဆင်းလို့ရလေပြီ။
ယနေ့တွင် အိမ်တော်သုံးအိမ်က ကုပီချင်း ထိုနေရာမှာရှိမှာကို သိသွားပြီး ဘယ်သူမှမသွားရဲကြတော့ပေ။ ထိုနေ့က ကုပီချင်းနှင့် ရန်ဖြစ်ခဲ့သော စတုတ္ထမဒမ်ကလည်း အိမ်မှာနေဖို့ ရွေးချယ်လိုက်သည်။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ထိုအချိန်တွင် လမ်းလျှောက်ထွက်လာကြပေမယ့် သူတို့က ယနေ့ ထိုနေရာမှာရှိရမှာဖြစ်ပြီး ရှန်ချီယွမ်က အဲ့လိုလုပ်ဖို့ အထူးတလည်ပြောထားသည်။
သူတို့နှစ်ယောက်ရောက်လာတော့ ကုပီချင်းက မရောက်သေးပေ။
ရှန်ထျန်းဖုန်းက ရှန်းယုဟန်ကိုတွေ့တော့ စိတ်ကြည်နေသည်။ “ယုဟန်၊ မင်းလတ်တလော ရှေးဟောင်းသုတေသန အဖွဲ့အစည်းနဲ့ အပြင်ထွက်နေရတာလား?”
“မလိုပါဘူး။ နောက်တစ်ပတ်မှာ ရှေးဟောင်းသုတေသနနဲ့ ထိန်းသိမ်းရေးစင်တာကို တိုက်ရိုက်သွားရမှာပါ။” ရှန်းယုဟန်က လူတွေနဲ့ဆက်ဆံရာမှာ ရိုးသားပြီး ရှန်ထျန်းဖုန်းကလည်း သူ့ကိုကောင်းကောင်းဆက်ဆံတာကြောင့် အပေါ်ယံမှာ သူကအဆင်ပြေသည်။
“အရမ်းမကြိုးစားပါနဲ့၊ နောက်ဆုံးတစ်ခေါက်က မင်းလက်တောင်ထိခိုက်ခဲ့သေးတယ်။ မတန်ဘူး။” ရှန်ထျန်းဖုန်းက သူ့ကို တကယ်ဂရုစိုက်သည်။
“ပြန်ကောင်းသွားပါပြီ၊ အရမ်းမပြင်းပါဘူး။” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး ရှန်ချီဟွမ်းအကြောင်းကို စကားပါးလိုက်၏။ “အကိုချီဟွမ်းက တောင်ပေါ်မှာ ကျွန်တော့်ကိုလာရှာခဲ့လို့ အအေးမိသွားသေးတယ်”
ရှန်ထျန်းဖုန်းက ပန်းသီးခွာနေသော ရှန်ချီဟွမ်းကိုကြည့်ကာ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်က တကယ်ပါပဲ… တစ်ယောက်က ဒဏ်ရာရတယ်။ တစ်ယောက်က ဖျားတယ်။ နောက်ဆိုသတိထား၊ တစ်ယောက်ကဒဏ်ရာရင် တစ်ယောက်ကနေမကောင်းဖြစ်နေတာ။”
ရှန်းယုဟန်ရှိတော့ လူနာဆောင်မှလေထုက အဆင်ပြေနေပြီး သူက ဒီနေရာမှာ နှစ်ဝက်ကျော်ရှိခဲ့သဖြင့် ရှန်ထျန်းဖုန်းနှင့် ရှန်ချီဟွမ်းတို့က နှစ်ဝက်ကျော်အထိ စကားများရန်ဖြစ်ခြင်း မရှိခဲ့ပေ။