Chapter 81.2
Viewers 23k

Chapter 81.2



“လူသုံးယောက်၏ဇာတ်လမ်း”


ထိုအချိန်တွင် လူနာဆောင်တံခါးပွင့်လာခဲ့ပြီး ယခုလေးတင်ရှိခဲ့​သော နွေးထွေးမှုက ပျောက်ကွယ်သွားကာ ကုပီချင်းနှင့် ရှန်ချီယွမ်တို့ပေါ်လာခဲ့သည်။


သူတို့နှစ်ယောက်က ချိန်းဆိုမှုတစ်ခုပြုကာ ကုပီချင်းက သူ့အစ်ကိုကြီးရှန်ချီယွမ်ကို သဘာဝကျကျ ယုံကြည်လေသည်။


ရှန်ထျန်းဖုန်း၏မျက်နှာပေါ်က အပြုံးမှာ လာလည်သူ၏မျက်နှာကိုမြင်တော့ ပျောက်ကွယ်သွားသည်။


ရှန်းယုဟန်က ကုပီချင်းကို သူထိုင်ခုံပေးကာ ရုပ်ရှင်ကြည့်သောခလုတ်ကိုနှိပ်ပြီး ဘေးမှာ တိတ်တိတ်လေးရပ်နေသည်။


ကုပီချင်းက ကျေးဇူးတင်စကားမပြောပဲ ဝင်ထိုင်ပြီး အရင်ဦးအောင်ပြောလိုက်သည်။ “ရှန်ထျန်းဖုန်း၊ ကျွန်မတို့ ဆေးရုံမှာပြန်တွေ့မယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်မ ရှင်အသက်ရှင်လျက် ပြန်ထွက်မလာဖို့ ဆုတောင်းနေခဲ့တာ။”

“ဒါဆိုရင်တော့ နှမြောစရာပဲ။ ကောင်းကင်ဘုံက ငါ့ကိုလက်မခံသေးလို့ မင်းဆန္ဒမဖြစ်မြောက်သွားဘူး။” ရှန်ထျန်းဖုန်းကလည်း အလျော့မပေး။ ကုပီချင်းက သူ့ကို မုန်းတီးစွာ​ကြည့်လိုက်၏။ “ကျွန်မဘာလို့ပြန်လာလဲသိလား?”


ရှန်ထျန်းဖုန်းက နောက်ကိုမှီကာမျက်လုံးမှိတ်လိုက်သည်။ “မင်းလာလာမလာလာ ဂရုမစိုက်ဘူး။”


ကုပီချင်းက သူနဲ့ကစားမနေတော့ပဲ သူမတောင်းဆိုချက်ကို ​ဖော်ပြလိုက်သည်။ “ကျွန်မကို ရှန်မိသားစုပြန်ပေးပါ။ ရှင့်ရဲ့မယားငယ်တွေက ကျွန်မတို့ရဲ့ကုမိသားစုဆီက တစ်ပြားမှမထိုက်တန်ဘူး။”


ရှန်ထျန်းဖုန်းက စိတ်ဆိုးရမယ့်အစား ရယ်မောလိုက်သည်။ “ရှန်မိသားစုက ဘယ်တုန်းက ကုမိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတာလဲ?”


ကုပီချင်းက ဓာတ်ပြားဟောင်းကို ပြန်ဆွဲထုတ်လာသည်။ “အဲ့တုန်းက ကျွန်မမိဘတွေကြောင့်သာ မဟုတ်ရင် ရှန်မိသားစုက ပြန်ရပ်တည်လာနိုင်ပါ့မလား?”


ရှန်ထျန်းဖုန်းက ထိုစကားကို ရယ်စရာလို့တွေးပြီး သူ့ဒဏ်ရာချုပ်ရိုးကို ဖယ်ရှားပြီးတာကြောင့် သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ “ကုပီချင်း၊ မင်းမှာ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ ငါမထင်ဘူး။ ဒီနေ့ ကလေးတွေလည်းရှိနေလို့ ငါတို့ ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်။ ဒါမှငါတို့ကြားမှာ မလိုအပ်တဲ့အထင်လွဲမှုတွေ ရှိမလာမှာ။ မင်းကိုမေးပါဦးမယ်…. မင်းမိဘတွေ ငါ့ကိုတကယ်ကူညီခဲ့တာလား? အဲ့အချိန်က မင်းငါ့ကိုကူညီပေးဖို့ သူတို့ကိုတောင်းဆိုတော့ သူတို့က ရတယ်လို့​ပြောခဲ့ပေမယ့် နောက်ကွယ်မှာ ငါ့ကို ဘဏ်အတိုးနှုန်းအတိုင်း ပိုက်ဆံချေးခဲ့တာ။ ရှန်မိသားစု အင်အားကြီးလာတော့ ငါသူတို့ကို ပိုက်ဆံပြန်ဆပ်ပြီး အကုန်ချေပြီးသွားပြီ။”


ကုပီချင်းက ဒေါသတကြီး ငြင်းဆိုလိုက်သည်။ “ကျွန်မမိဘတွေ ရှင့်ကို သေချာပေါက် ပိုက်ဆံပေးခဲ့တာ၊ ရှင်က ယုတ္တိမရှိ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ!”

ရှန်ထျန်းဖုန်းက အိမ်တော်ထိန်းကို အချက်ပြလိုက်သည်။ “မဒမ်၊ ဒါအမှန်ပါ။ ကျွန်တော်တို့မှာ အဲ့ဒီနှစ်က IOU မိတ္တူရှိပါသေးတယ်။ မူရင်းကို မစ္စတာက မီးရှို့ခဲ့ပါတယ်။ လိုအပ်ရင် ကျွန်တော်အိမ်ပြန်ပြီး ရှာပေးလို့ရပါတယ်။”



ကုပီချင်းက သတင်းဆိုး​ကြားလိုက်ရလိုပင်။ “လေနဲ့လုပ်ထားတဲ့ IOU ကို ကျွန်မကယုံပေးရမှာလား?”



အိမ်တော်ထိန်းကပြောလိုက်သည်။ “ကျွန်တော်လည်း အဲ့ဒီအချိန်ကရှိ​ပါတယ်။ IOU အပေါ်မှာ သခင်ကြီးကုရဲ့ လက်မှတ်ပါလို့ သခင်ကြီးကုရဲ့ လက်ရေးနဲ့ ယှဥ်ကြည့်လို့ရပါတယ်”


ကုပီချင်းက မယုံနိုင်သေးပေ။ “အဲ့ဒီနှစ်တွေတုန်းက မ​ပြောခဲ့ပဲ ဘာလို့အခုမှပြောနေတာလဲ?”


ရှန်ထျန်းဖုန်းကဆိုသည်။ “ဘာလို့လဲဆိုတော့ ငါ့အတွက်ငါ အဆင်ပြေအောင်လုပ်ချင်လို့… ဘာပဲဖြစ်ဖြစ် ငါ့မှာအသက်ရှင်ဖို့ နှစ်နည်းနည်းတောင် မရှိတော့ဘူးလေ”


ရှန်ချီဟွမ်းနှင့် တခြားသူများက တိတ်ဆိတ်နေပြီး သူတို့ဘာ​ပြောမလဲသိချင်နေသည်။ ကုပီချင်း ပြောရတာအကြိုက်ဆုံးမှာ ရှန်မိသားစုက ကုမိသားစုဆီက အကူအညီယူခဲ့တာကိုပင်။


ယခုတော့ ပြောင်းပြန်ဖြစ်သွားလေပြီ။


ကုပီချင်းက ခဏလောက်တော့ ဘယ်လိုနားလည်ရမလဲမသိဖြစ်သွားသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ပိုက်ဆံအများကြီးမရှိရင် ရှင်ရဲ့ရှန်မိသားစုက ဒီနေ့လိုဖြစ်လာမှာမဟုတ်ဘူး။”


“မင်းစီးပွားရေးဘယ်လိုလုပ်ရလဲရော သိရဲ့လား? ကုပီချင်း… အပြောသက်သက်နဲ့မရဘူးကွ၊ မင်းတို့ကုမိသားစုက ပိုက်ဆံချေးခဲ့တာကို ငါဝန်ခံတယ်။ ရှန်မိသားစုရဲ့ အခက်ခဲဆုံးအချိန်မှာ ကူညီပေးခဲ့ပေမယ့် ငါလည်း မင်းကိုလက်ထပ်ဖို့ ငါရဲ့အိမ်ထောင်ရေးကို စတေးခဲ့ရတယ်။ ဒါပေါ့… ပိုက်ဆံအတွက်နဲ့ ငါမင်းကို လက်ထပ်ပြီး ကုမိသားစုအပေါ်မှာ မမှီခိုဖို့ ရွေးချယ်ခဲ့လို့ရတယ်။ ဒါပေမယ့် မင်းငါ့ကိုလုပ်ခဲ့တာကိုလည်း မမေ့နဲ့၊ ငါဘာမှမသိဘူးလို့ မင်းထင်နေတာလား? လွန်ခဲ့တဲ့နှစ်နှစ်ဆယ် မင်းသီလရှင်ဝတ်သွားကတည်းက ငါဒီအကြောင်းတွေကို ဂရုမစိုက်ဖို့ တွေးထားပေမယ့် မင်းက ပြန်ပေါ်လာတော့ ငါသေဆုံးပြီးရင် နားလည်မှုလွဲတာတွေမဖြစ်ရအောင် တချို့ကိစ္စတွေကို ရှင်းဖို့လိုတယ်”


ရှန်ချီဟွမ်းနှင့် တခြားသူများ “....” ရှန်ထျန်းဖုန်းက သူ့အိမ်​ထောင်ရေးကို စတေးခဲ့တယ်ဆိုတာ ဘာကိိုဆိိုလိုတာလဲ?

ရှန်ချီဟွမ်းနှင့် တခြားသူများ၏ အံ့အားသင့်မှုနဲ့ယှဥ်လျှင် ကုပီချင်းက ရှန်ထျန်းဖုန်းပြောတာကို လုံးဝလက်မခံနိုင်ပေ။ “အိမ်​ထောင်ရေးကိုစတေးတယ်လား? ရှင်ကျွန်မကို လုံးဝလက်မထပ်ချင်ခဲ့ဘူးလို့ ဆိုလိုတာလား?”


“ငါဆန္ဒရှိလား မရှိလား မင်းမသိခဲ့ဘူးလား?” ရှန်ထျန်းဖုန်းက ရယ်လိုက်သည်။ “ချီယွမ်ဘယ်လိုရောက်လာခဲ့လဲ မင်းလောက်ဘယ်သူမှပိုမသိနိုင်ဘူးထင်တယ်”


ရုတ်တရက်နာမည်ခေါ်ခံရသော ရှန်ချီယွမ်က ကုပီချင်းကိုကြည့်လိုက်သည်။ “အမေ၊ ဘာတွေပြောနေတာလဲ?”


သူတို့အခု ပြဿာနာဟောင်းတွေကြောင့် ရန်ဖြစ်ပြီး ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ငြင်းခုံနေတာလား?



ကုပီချင်းက တစ်ခုခုစဥ်းစားနေပြီး သူမမျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ သူမက ရုတ်တရက် ထရပ်လိုက်သည်။ “ရှန်ထျန်းဖုန်း! ရှင်ဘာကိုပြောချင်တာလဲ!”



“ငါဘာမှမပြောချင်ပါဘူး။ မင်းရှန်မိသားစုကိုလိုချင်လား? မင်းဘယ်လောက်ဝင်ပါနိုင်မလဲ ငါစောင့်ကြည့်ပြီး မင်းကို ရှန်မိသားစုပေးဖို့ ထိုက်တန်လားဆိုတာ ကလေးတွေကို အကဲဖြတ်ခိုင်းလိုက်မယ်လေ”


ကုပီချင်းကဆိုသည်။ “လင်မယားနှစ်ယောက်ရဲ့ပိုင်ဆိုင်မှုက တစ်​ယောက်တစ်ဝက်ပိုင်တယ်”



ရှန်ထျန်းဖုန်းက ကုပီချင်း မဆုံးဖြတ်ရသေးသော မေးခွန်းတစ်ခုကိုမေးလိုက်သည်။ “ကွာရှင်းဖို့အတွက် မင်းကိုပိုင်ဆိုင်မှုတစ်ဝက်ပေးမယ်၊ မင်းငါ့ကိုကွာရှင်းချင်လား?

 

ကုပီချင်းက ရှန်ထျန်းဖုန်းနဲ့ ကွာရှင်းဖို့ဆန္ဒရှိရင် သူမကဘာလို့ဒီလိုလုပ်နေမှာလဲ၊ သူမ ကွာမရှင်းချင်​ဘူး!


“ကျွန်မက ဘာလို့ကွာရှင်းရမှာလဲ!”


“ဒါဆို ဘာကိစ္စရှန်ဂရုအကြောင်း လာပြောနေတာလဲ? ဒီလိုအချိန်မှာတောင် မင်းကငါ့ကိုလက်မလွှတ်ပေးဘူး။.ငါ ရှန်ထျန်းဖုန်းက မင်းအပေါ်မှာ ဘာမှမမှားခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မှားတာမင်းပဲ။ အဲ့ဒီတုန်းက မင်းဝင်မစွက်ဖက်ခဲ့ရင် ငါမင်းကိုလက်ထပ်ဖို့လိုခဲ့မလား?” ရှန်ထျန်းဖုန်းက သူတို့အိမ်​ထောင်ရေးကို ထပ်ပြောလာသည်။ “အခုငါမင်းကိုကွာရှင်းချင်တယ်။ ငါ့ကိုလွှတ်ပေး​တော့။”


ကုပီချင်း၏မျက်နှာက သိသိသာသာပြောင်းလဲသွားပြီး တုန်လှုပ်သွားသည်။ “ရှင့်ကိုကွာပေးဖို့မဖြစ်နိုင်ဘူး။ ဒီဘဝမှာတော့မရဘူး!” သူမ ထရပ်လိုက်တော့ ​တုန်ယင်နေပြီး ထိုကိစ္စကိုဆက်မပြောနိုင်တော့သဖြင့် ရွေးချယ်စရာမရှိပဲ ထွက်သွားခဲ့သည်။


ရှန်ချီယွမ်က ရှန်ချီဟွမ်းကို တစ်ချက်ကြည့်ကာ ကုပီချင်း​နောက်လိုက်သွားသည်။


ဖရဲသီးစားရင်း ရှေ့တန်းမှာရပ်နေသော ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်ကိုကိုင်ထားသည်။ သူ့နာမည်က ထိုထဲမှာမပါသော်လည်း ကုပီချင်းနှင့် ရှန်ထျန်းဖုန်းကြားမှာ ဝမ်းနည်းစရာနှင့် နာကျည်းစရာများ ရှိနေပုံရသည်။


ရှန်ထျန်ဖုန်းက သူတို့ကိုပြောလာသည်။ “လူကြီးတွေရဲ့ဟာသကို မင်းတို့မြင်လိုက်ရပြီ။ ဘာမှလုပ်စရာမရှိရင် အရင်ပြန်နှင့်​တော့၊ ယုဟန် ငါမနက်ဖြန်ဆေးရုံဆင်းမလို့ အဖော်ပြုပေးဖို့အားလား?” 




ရှန်းယုဟန်ကခေါင်းညိတ်သည်။ “ဟုတ်ကဲ့၊ မနက်ဖြန်ဘယ်ချိန်အိမ်ပြန်မှာလဲ?”


ရှန်ထျန်းဖုန်းက ယခုလေးတင် စိတ်တည်ငြိမ်မှုလွတ်ထွက်သွားကာ ကုပီချင်းကို ဒေါသထွက်ပြီး သွေးအန်အောင်လုပ်ခဲ့သည်။ “မနက်ကိုးနာရီအရောက်လာခဲ့”


ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဆေးရုံကထွက်သွားသည်။


ယနေ့မှာ ကုပီချင်းက သူမ၏ကိစ္စရပ်များနှင့် အလုပ်ရှုပ်နေသည်။ သူမ၏အတိတ်ကို လူငယ်တွေကြားသွားတာကြောင့် သူမက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်၏ကိစ္စကို အာရုံမစိုက်နိုင်သေးပေ။ တကယ်တော့ သူမကရှန်ထျန်းဖုန်းကိုမုန်းပြီး သူမ၏ ရှန်းယုဟန်ကို ကိုင်တွယ်ပုံမှာ 90% က ဒေါသပုံချတာဖြစ်ပြီး တမင်လုပ်ခဲ့တာဖြစ်၏။


ရှန်းယုဟန်ကို အိမ်တိုက်ရိုက်ခေါ်သွားမယ့်အစား ရှန်ချီဟွမ်းက သူ့ကို ညစာစားဖို့ခေါ်သွားခဲ့သည်။


“မင်ဘာဘီကျူးစာချင်လား?”


“ဟုတ်ကဲ့” ရှန်းယုဟန်က အရင်က ဘာဘီကျူးစားဖူးပေမယ့် သူ့ခင်ပွန်းနှင့် အပြင်မှာထွက်မစားဖူးပေ။

သူတို့နှစ်ယောက်က အကင်ဒယ်အိုးပေါ်က  ဂျပန်စတိုင်ဘာဘီကျူးကို စားခဲ့ကြသည်။


ယနေ့ မိုးအုံ့ဆိုင်းနေတာကိုကြည့်ရင်း ရှန်ချီဟွမ်းက ရှန်းယုဟန်ကို​မေးလိုက်သည်။ “ချင်မင်ပွဲတော်ကလာတော့မှာ။ မင်းရဲ့မိဘတွေနဲ့ အဘိုးရဲ့အုတ်ဂူကို သန့်ရှင်းရေးလုပ်ဖို့ စီစဥ်ထားလား၊ ပွဲမစခင်သွားချင်လား ပွဲပြီးမှသွားချင်လား?”


အုတ်ဂူသန့်ရှင်းရေးလုပ်တာ?


ရှန်းယုဟန်က အနည်းငယ် အံ့အားသင့်ကာ ထိုကိစ္စကိုမေ့မလိုဖြစ်သွားသည်။ မူလရှန်းယုဟန်၏အဘိုးနှင့် မိဘများ၏အုတ်ဂူကဘယ်မှာလဲ သူမသိပေ။


“ကျွန်တော်တစ်ယောက်တည်းသွားပါ့မယ်။ ယောကျာ်း… အလုပ်ရှုပ်နေတယ်မလား၊ ကျွန်တော့်ကို အဖော်ပြုပေးဖို့မလိုပါဘူး။”


“အဲ့လိုတော့မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်ရဲ့မိဘတွေပဲလေ၊ အရမ်းအံ့ဖွယ်ကောင်းတဲ့ မင်းကိုပေးခဲ့လို့ သူတို့ကိုကျေးဇူးတင်ရဦးမယ်။ သေချာပေါက်သွားမှာ”


“ဒါဆို ထပ်စဥ်းစားပါရစေဦး၊ ကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော်နည်းနည်းလေးရိုင်းစိုင်းခဲ့တာ။ အဘိုးက သွားခိုင်းပေမယ့် မသွားခဲ့ဘူး။” ရှန်းယုဟန်က ခေါင်းငုံ့ကာပြောလိုက်သည်။ “သူတို့ဆူမှာကြောက်တယ်”


ရှန်ချီဟွမ်းက သူ၏ဝမ်းနည်းစရာနေရာကို ထိမိသွားတယ်လို့ ထင်လိုက်သည်။ “အိုခေ၊ မင်းကိုအမဲလျှာကင်ပေးမယ်။ အရမ်းအရသာရှိတယ်”

“အွန်း” ရှန်းယုဟန်က သက်ပြင်းချလိုက်ပြီး ယခု သူက မူလရှန်းယုဟန်၏ မိဘကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ သိသွားသဖြင့် အောင်အောင်မြင်မြင် ခေါင်းစဥ်ပြောင်းလိုက်တော့သည်။ “ယောကျာ်း၊ ခင်ဗျားမိဘတွေက ခင်ဗျားပြောသလို အချစ်​ကြောင့် လက်ထပ်ခဲ့တာမဟုတ်ဘူး”


“ငါလည်းမသိဘူး။ အဲ့ဒါကို ငယ်ငယ်က သူများဆီကကြားဖူးတာ။ ဒါပေမယ့် ကိစ္စတွေက အဲ့လောက်မရိုးရှင်းပုံပဲ။” သူက မကောင်းတဲ့ဇာတ်ကားကိုတောင် အဆုံးထိကြည်ချင်တဲ့လူဖြစ်ပြီး သူ့မိဘများ၏ အတင်းအဖျင်းကိုကြားသောအခါ နောက်ဆက်တွဲကိုသိချင်နေသည်။ “စဥ်းစားကြည့်ရုံနဲ့ အတော်လေးခွေးသွေးဆန်တာပဲ။”

“သူတို့ မပျော်တော့ဘူးဆိုလည်း ဘာလို့မကွာရှင်းတာလဲ? အဖေက ပြောခဲ့တယ်လေ” ကုပီချင်းက အိမ်မှ နှစ်နှစ်ဆယ်ထွက်ခွာဖို့ ဆန္ဒရှိပြီး ကွာရှင်းပြတ်စဲတာထက် သားသမီးများနှင့် ပြန်လည်ဆုံစည်းခြင်းကို စွန်လွှတ်ချင်တာလား…ဘာ​​ကြောင့်လဲ?”


“ရှန်ဂရု​ကြောင့်ဖြစ်နိုင်မလား၊ ငယ်ငယ်တည်းကရှိခဲ့တဲ့ အချစ်ကြောင့်လား?” ရှန်ချီဟွမ်းက မသေချာပေ။ ကုပီချင်းထွက်သွားတုန်းက သူကငယ်သေး​ပြီး အတွင်းရေးကိစ္စများကို အကန့်အသတ်နဲ့သာသိသည်။ ယနေ့က မျက်လုံးပွင့်စေခဲ့ပြီး သူ့မိဘများ၏ခေတ်က ခံစားချက်များမှာ ခွေးသွေးတွေနဲ့ပြည့်နေကြောင်းသိခဲ့ရသည်။



သူက ကင်ထားသောအမဲလျှာကို အချဥ်ရည်ထဲနှစ်ကာ အေးသွားအောင်မှုတ်ပြီးမှ ရှန်းယုဟန်၏ပါးစပ်ထဲထည့်ပေးလိုက်သည်။ “ပါးစပ်ဖွင့်၊ အသားကျက်ပြီ”


ရှန်းယုဟန်က ရှန်ချီဟွမ်း၏ အစာကျွေးခြင်း အလေ့အကျင့်နှင့် ပူးပေါင်ဆောင်ရွက်နေသည်။ “အာ”

သူတို့နှစ်ယောက်က စားရင်းစကားပြောနေကြပြီး ရှန်ထျန်းဖုန်းနှင့် ကုပီချင်း၏အတိတ်ကို တွေးတောနေပေမယ့် သူတို့အပေါ်တော့ သက်ရောက်မှုမရှိပေ။


သက်ရောက်မှုရှိသော တစ်ဦးတည်းသောသူမှာ ရှန်ချီယွမ်ဖြစ်ပြီး သူက သူ့မိဘတွေကြားက ချစ်ခြင်းမေတ္တာပုံဆောင်ခဲမဟုတ်ပုံပင်။.


ဒါပေမယ့် အဲ့ဒါက သိပ်အရေးမကြီးသလို သူတို့နဲ့ဘာမှမဆိုင်ပေ။



နောက်နေ့မှာ ရှန်းယုဟန်က ရှန်ထျန်းဖုန်း ဆေးရုံဆင်းတာကို အဖော်ပြုပေးဖို့ ဆေးရုံကိုသွားခဲ့သည်။

သူနဲ့ရှန်ထျန်းဖုန်းက ကားထဲမှာထိုင်နေပြီး ရှန်ထျန်းဖုန်းက ပြတင်းပေါက်ကိုဆွဲချလိုက်သည်။



“နွေဦးပေါက်ပြီမို့ အုတ်ဂူရှင်းဖို့ အချိန်ကျပြီ” သူက ထပ်ပြောလိုက်သည်။ “အိမ်တော်ထိန်း၊ လမ်းကြောင်းပြောင်းလိုက်၊ ငါ သင်္ချိုင်းကို သွားကြည့်ချင်တယ်။”


ရှန်းယုဟန်က သင်္ချိုင်းကုန်းမှာ သူဘာကြည့်ချင်တာလဲမသိတာကြောင့် မမေးပဲနဲ့ ရှန်ထျန်းဖုန်း မပြောချင်လောက်ဘူးလို့ တွေးလိုက်သည်။


သူတို့ သင်္ချိုင်းကိုရောက်လာခဲ့သည်။


တစ်ချက်ကြည့်ရုံဖြင့် ရှန်းယုဟန်က လက်ရှိသင်္ချိုင်းကုန်းမှာ မြို့ထဲကအဆောက်အအုံနှင့်တူမှန်း သိလိုက်သည်။ သူတို့က အ​တော်လေးပြည့်နေပေမယ့် မြို့ထဲမှာက လူဦးရေများသဖြင့် သေလူနှင့် ရှင်လူကုန်းမြေကို နှိုင်းယှဥ်ဖို့မဖြစ်နိုင်ပဲ သေလူက အရှုံးပေးရမည်။


သူတို့နှစ်ယောက်က ထီးတစ်လက်စီကိုင်ကာ သင်္ချိုင်းထဲလျှောက်သွားကြပြီး နောက်ဆုံးမှာ အမျိုးသမီးတစ်ယောက်၏ အုတ်ဂူ၌ရပ်လိုက်ကြသည်။

ရှန်းယုဟန်က ဘာမေးခွန်းမှမမေးပေမယ့် အုတ်ဂူပေါ်မှ တစ်ဖက်လူ၏ အထောက်အထားကိုပြောနိုင်သည်။


အုတ်ဂူပေါ်မှာဓာတ်ပုံတစ်ပုံရှိပြီး ဖြောင့်စင်းသောအသွင်အပြင်နှင့် သဘာဝအလှရှိသော အမျိုးသမီးတစ်ယောက်က ပြုံးနေသည်။ အထိမ်းအမှတ်စာ: ဇနီး၊ ယန်ကျောင်း


သူက မသိချင်ပေမယ့် ရှန်ထျန်းဖုန်းက မထိန်းချုပ်နိုင်ခဲ့ပေ။ “ငါငယ်ငယ်က စေ့စပ်ထားသူတစ်​ယောက်ရှိခဲ့တယ်။ မိဘတွေစီစဥ်ပေးတာ။”


“နောက်တော့ ရှန်မိသားစုက ဒေဝါလီခံသွားပြီး သူမမိဘတွေက ငါတို့မိသားစုကို အဆင့်နိမ့်တယ်လို့တွေးပြီး လက်ထပ်ပွဲကို ဖျက်သိမ်းချင်ခဲ့တယ်။ အစကတော့ ငါက စေ့စပ်ထားတဲ့ အမျိုးသမီးကို သဘောမကျပေမယ့် ငါတို့မိသားစုမှာ ကိစ္စတစ်ခုဖြစ်သွားတော့ သူမကိုချစ်မိနေမှန်း သိခဲ့ရတယ်။ သူမက တက်ကြွပြီး အမြဲပြုံးနေတာ။ သူမက အချိန်အတော်ကြာတဲ့ထိ စေ့စပ်ပွဲကိုဖျက်ဖို့ သဘောမတူခဲ့ဘူး။” 

ရှန်းယုဟန်က အချိန်မှန်မှာ အရည်အချင်းပြည့်မီသော နား​ထောင်သူလို ပြုမူခဲ့သည်။ “ဘာလို့အတူမရှိခဲ့ကြတာလဲ?”


ရှန်ထျန်းဖုန်းက အုတ်ဂူကိုကြည့်ကာ သူဝယ်လာသော ဂန္ဓမာပန်းကိုတင်ပြီး သက်ပြင်းချလိုက်၏။ “ချီဟွမ်းအမေနဲ့ ယန်ကျောင်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေလေ”


ရှန်းယုဟန်၏ရင်ထဲမှာ ကြေကွဲသံတစ်ခုထွက်လာသည်။ ယင်းမှာ လူသုံးယောက်၏ဇာတ်လမ်းဖြစ်သည်။