Chapter 82.1
“ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ”
T/N: Warning, mention of suicide.]
[ T/N: သတိပေးချက် သတ်သေခြင်းအကြောင်းအရာပါဝင်သည်]
“ဒါဆို အဖေကဘာပြောခဲ့သေးလဲ?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပါးစပ်ထဲကို စတော်ဘယ်ရီထည့်ပေးလိုက်သည်။
ရှန်ယုဟန်က သင်္ချိုင်းမှထွက်လာကာ အိမ်ပြန်ရောက်ပြီဖြစ်သည်။ သူက ယခုလေးတင် ထမင်းစားခဲ့ပြီး ရှန်ချီဟွမ်းကိုမှီကာ ရသစုံရှိုးကြည့်နေသည်။ ရှိုး၏ တစ်သက်တာဧည့်သည်နှစ်ယောက်မှာ လူရွှင်တော်နှစ်ယောက်ဖြစ်၏။ ရှန်းယုဟန်က အရယ်မရပ်နိုင်တော့ပဲ ရှေးခေတ်မှာပဲဖြစ်ဖြစ် ခေတ်သစ်မှာပဲဖြစ်ဖြစ် ပျင်းစရာကောင်းသော အပိုင်းများနှင့် ပတ်သတ်လာလျှင် လူသားတွေက လူရွှင်တော်သရုပ်ဆောင်များကို သဘောကျကြသည်။
ရှန်းယုဟန်ကမပြောခင် စတော်ဘယ်ရီကို မြိုချလိုက်သည်။ “ယောကျာ်း၊ အကြီးကြီးမကျွေးနဲ့၊ သေးသေးလေးပဲထည့်ပေး”
ရှန်ချီဟွမ်းက အသေးတစ်ခုကောက်ကိုင်လိုက်၏။ “ကောင်းပြီဲ၊ ဒါဆို အဖေ၊အမေနဲ့ အဲ့ဒီ ယန်ကျောင်း ဘာဆက်ဖြစ်လဲ အရင်ပြောပြဦး”
ရှန်းယုဟန်က သူ့ခြေထောက်ကိုမြှောက်ပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ဒီနေ့တောင်ပေါ်က ဆင်းလာတာ၊ ခြေထောက်နာတယ်”
ရှန်ချီဟွမ်းက စတော်ဘယ်ရီကိုင်ထားသောလက်ကို ကြည့်လိိုက်သည်။ “မင်းစတော်ဘယ်ရီကို ခြေထောက်အရသာနဲ့စားချင်လား?” သူ့ရဲ့ဇာတ်လမ်းနားထောင်ချင်စိတ်ကို လာကစားရဲသေးတယ်
ရှန်းယုဟန်က တခစ်ခစ်ရယ်သည်။ “ကောင်းပြီ၊ ပြောပြပါမယ်။ ခင်ဗျားအဖေနဲ့အမေက တကယ်ကိုစိတ်ဝင်စားစရာပဲ”
“မင်းပြောပြမှာလား မပြောပြဘူးလား၊ မပြောရင် အခန်းပြန်အိပ်တော့မယ်။” ရှန်ချီဟွမ်းက ဆိုဖာပေါ်မှ ထွက်ခွာဖို့ ခြိမ်းခြောက်နေသည်။
“အာ၊ ယောကျာ်း… မသွားပါနဲ့” ရှန်းယုဟန်က သူ့လက်မောင်းကို ကမန်းကတန်းဖက်လိုက်၏။ သူ့ခင်ပွန်းထွက်သွားရင် မှီစရာရှိတော့မှမဟုတ်။ “ပြောပြမယ်၊ ပြဿနာမရှာတော့ဘူး”
ရှန်ချီဟွမ်း: “မင်းမပြောဘူးထပ်လုပ်ရင် မင်းမျက်နှာကိုလှီးပြီး ဘီလူးဖြစ်အောင် ပြောပေးလိုက်မယ်။”
“မလုပ်ပါနဲ့” ရှန်းယုဟန်က သူ့မျက်နှာကို ကာလိုက်သည်။ ရှန်းကောအာက ငယ်စဥ်ကတည်းက အမြဲအချစ်ခံခဲ့ရပြီး သူက သူ့မျက်နှာကိုကာကွယ်နေသည်။ “ဒါကဒီလို၊ ခင်ဗျားအဖေရဲ့မိဘတွေဖြစ်တဲ့ ခင်ဗျားအဘိုးနဲ့ အဘွားက ယန်ကျောင်းမိသားစုနဲ့ လက်ထပ်ပွဲကိုဖျက်ပေးဖို့ သဘောတူခဲ့ပေမယ့် ကာယကံရှင်နှစ်ယောက်က အဲ့လိုမလုပ်ချင်ခဲ့ဘူး။ အဲ့ဒီအချိန်က ခင်ဗျားအဖေ ယန်ကျောင်းကို ချစ်မိနေတာ နားလည်သွားပြီး အချစ်အတွက် တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ရှန်မိသားစုက ဒေဝါလီခံလိုက်ရတော့ သူတို့မှာ လူအင်အားနဲ့ အရင်းမြစ်တွေမရှိဘူး။ ကိစ္စတွေကိုလည်ပတ်စေဖို့ အာဏာမဲ့နေခဲ့တယ်။ မစ်ယန်ကလည်း သူမမိသားစုကို ပုန်ကန်နေပေမယ့် အချင်းချင်းတိုက်ခိုက်နေကြတုန်းမှာ ယန်မိသားစုက မစ်ယန်အတွက် သင့်တော်တဲ့သူကို ရှာတွေ့ခဲ့တယ်။ တစ်ဖက်လူက အဆင့်မြင့်အရာရှိတစ်ယောက်ပဲ”
ရှန်ချီဟွမ်းက သူတို့ဆက်ဆံရေးကို ချိန်ဆခဲ့သည်။ “အဲ့ဒါမကောင်းဘူးလား? မိသားစုက လူမှုအဆင့်အတန်းနဲ့ဆိုရင် လိုက်ဖက်တယ်။ အဲ့ဒီတုန်းက လက်ထပ်တာက အကြံဆိုးမဟုတ်ပါဘူး”
“ဒါပေမယ့် ပြဿနာက သူမက ခင်ဗျားအဖေကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာ။ သူ့တစ်ယောက်တည်းကိုပဲ နှလုံးသားထဲထည့်ပြီး လက်ထပ်ချင်ခဲ့တာ။” ရှန်းယုဟန်က ရှန်ချီဟွမ်း၏မျက်နှာကိုကြည့်ကာ လက်နဲ့ထိလိုက်၏။ “ကျွန်တော့်ယောကျာ်းက အရမ်းခန့်တာပဲ။ ခင်ဗျားအဖေလည်း အဲ့ဒီတုန်းက ခင်ဗျားရဲ့ တစ်ဝက်လောက် ခန့်ညားမယ်လို့ထင်တယ်”
ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ ချီးကျူးခံလိုက်ရလို့ ပျော်ရွှင်သွားသည်။ သူက သူ့နှုတ်ခမ်းကို မွပြီး ကျိုးနွံသလိုဟန်ဆောင်ကာ ပြောလိုက်၏။ “ကိုယ့်ရုပ်က သာမန်ပါပဲ။ ကျေးဇူးပါ…. မဒမ်… ကျွန်တော့်ကိုစိတ်ကူးယဥ်ပေးလို့”
ရှန်းယုဟန်ကရယ်သည်။ “အတိုချုပ်ပြောရရင် သူတို့က မခွဲချင်ကြဘူး။ ဒါကြောင့် အဲ့ဒီအချိန်က မစ်ယန်ရဲ့ အချစ်ဆုံးသူငယ်ချင်း ခင်ဗျားအမေပေါ်လာတယ်။ မစ်ယန်က သူမကို အကြံပေးဖို့ အကူအညီတောင်းခဲ့တယ်။”
“အဲ့ဒီအချိန်မှာ ကိုယ့်အမေက အဖေ့ကိုချစ်သွားတာလား?” ရှန်ချီဟွမ်းက ဇာတ်ကြောင်းကို စတင်ခန့်မှန်းလိုက်သည်။
“အဲ့ဒီမှာမဟုတ်သေးဘူး။ ခင်ဗျားအဖေက မစ်ယန်ရဲ့အရှေ့မှာ ပေါ်လာတာရှားတယ်။” ရှန်းယုဟန်က သူ့ကိုဆက်ပြောပြသည်။ “ဒါပေမယ့်တစ်နေ့မှာ သူတို့တွေ့ခဲ့ကြပြီး မစ်ယန်က ခင်ဗျားအမေကို ခင်ဗျားအဖေနဲ့မိတ်ဆက်ပေးခဲ့တယ်။ ပြီးတော့ ခင်ဗျားအမေက ခင်ဗျားအဖေကို မြင်မြင်ချင်းချစ်သွားတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက သုံးယောက်လုံး အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိခဲ့ကြဘူး။”
“သူမအကျင့်စရိုက်နဲ့ဆိုရင် သူမသဘောကျရင် အရယူမှာပဲ။” ရှန်ချီဟွမ်းက သူ့အမြင်ကို ခန့်မှန်းလိုက်သည်။
ရှန်းယုဟန်ကပြောလိုက်သည်။ “မှန်တယ်။ သူမက မစ်ယန်ကို ခင်ဗျားအဖေနဲ့လမ်းခွဲဖို့ အကြံအရင်ပေးခဲ့တယ်။ သူမက ခင်ဗျားတို့ရှန်မိသားစုအဆင်ပြေလာအောင် ရှန်မိသားစုထဲအရင်းနှီးထည့်ပေးဖို့ ခင်ဗျားရဲ့အဘိုးအဘွားကို သွေးဆောင်လို့ရတယ်လို့လည်း ပြောခဲ့တယ်။ ဒါမှ သူမက ခင်ဗျားကိုလက်ထပ်လို့ရမှာလေ။ မစ်ယန်က ခင်ဗျားအဖေကို အရမ်းချစ်တော့ မစဥ်းစားပဲနဲ့ စေ့စပ်ပွဲဖျက်ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် ခင်ဗျားအမေပြောခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တော့မှရောက်မလာခဲ့မှန်း သူမမသိခဲ့ရဘူး။ မစ်ယန်ရဲ့မိဘတွေက သူမကို အဆင့်မြင့်အရာရှိနဲ့ လက်ထပ်ပေးတော့မှာမို့ သူမမိသားစုက သူမကို အိမ်မှာပိတ်ထားပြီး ခင်ဗျားအဖေကို သွားတွေ့ခွင့်မပေးခဲ့ဘူး။”.
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လည်ချောင်းရှင်းဖို့ ရေတစ်ခွက်ပေးလိုက်သည်။ “ပြီးတော့ဘာဖြစ်လဲ?”
ရှန်းယုဟန်က ဆက်ပြောသည်။ “ဒါပေါ့၊ ခင်ဗျားအဖေက အဲဒီအချိန်မှာ စိတ်ညစ်နေပေမယ့် ခင်ဗျားအမေက သူမမိဘတွေ အခုထိသဘောမတူလို့ တိုက်ခိုက်နေဆဲလို့ ပြောခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းမှာ သူမက ဒီအကြောင်းတွေကို သူမမိဘတွေကို မပြောပြခဲ့ဘူး။ သူမက ခင်ဗျားအဖေကိုချစ်နေလို့ မစ်ယန်ကို လက်လွှတ်ပေးဖို့ပြောပြီး သူနဲ့အတူရှိချင်ခဲ့တာ။”
“ဒါဆို ငါ့အဖေက ဉာဏ်မမီတာလည်းမဟုတ်ဘူး။ သူကအရူးလား?” ကိစ္စတွေက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်…
ရှန်းယုဟန်: “ဒါပေါ့၊ သူက ခင်ဗျားအမေ သူ့ကိုလှည့်စားနေတယ်လို့ ခန့်မှန်းခဲ့သေးတယ်။ ပြီးတော့ မစ်ယန်ရဲ့မင်္ဂလာပွဲ နီးလာတာကို သိလိုက်ရပြီး စိတ်သောကရောက်လွန်းလို့ ပါးစပ်ဖောင်းကြွနာဖြစ်ခဲ့သေးတယ်။ သူက ယန်မိသားစုကိုပြေးသွားပေမယ့် ယန်မိသားစုက သူတို့စေ့စပ်ပွဲဖျက်ပြီးတာမို့ ထပ်တွေ့ခွင့်မပေးခဲ့ဘူး။”
ရှန်ချီဟွမ်း: “ဒါက သူတို့နှစ်ယောက် နောက်ဆုံးတွေ့တဲ့အချိန်လား?”
ရှန်းယုဟန်: “မဟုတ်ဘူး။ ခင်ဗျားအဖေက သူ့ကိုယ်သူအရည်အချင်းမရှိဘူးလို့တွေးပြီး အဲ့ဒါကြောင့် သူချစ်တဲ့လူကို မရနိုင်ခဲ့တာလို့ ခံစားရပြီး အရက်သောက် မူးရူးနေခဲ့တယ်။ အဲ့ဒီနောက်မှာ သူအမှားတစ်ခုလုပ်မိသွားတယ်။ မူးနေတုန်း ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုတစ်ခုလုပ်ခဲ့တာ။”
“အဖေက မင်းကို ဒီအကြောင်းလည်းပြောပြတာလား?” သူ့ဇနီးကတစ်ခုခုတော့ တစ်ခုခုပဲ….
ရှန်းယုဟန်: “ကျွန်တော်ကနားထောင်နေရုံပါ။ သူက ဒီကိစ္စကို လျို့ဝှက်ထားလို့ ထပ်ပြီး မဖုံးကွယ်ချင်တော့ဘူးလို့ပြောတယ်။ သူက မစ်ယန်ကို မကြာခင်တွေ့ရတော့မှာမို့ သူမကိုတောင်းပန်လို့ရတယ်တဲ့”
ရှန်ချီဟွမ်း: “မူးပြီးလိင်ဆက်ဆံတော့ ဘာဖြစ်သွားလဲ? အဲ့ဒါငါ့အမေနဲ့လား?”
ရှန်းယုဟန်: “အဲ့ဒါသူမပဲ။ သူမက မယုံနိုင်စရာတစ်ခုခုကို ထပ်လုပ်ခဲ့သေးတယ်။ သူမက မစ်ယန်ကိုဆွဲဆောင်ဖို့ ကုမိသားစုကို အကူအညီတောင်းပြီး အခန်းထဲမှာ သူတို့နှစ်ယောက်အိပ်နေတဲ့မြင်ကွင်းကို မြင်စေခဲ့တယ်။”
ရှန်ချီဟွမ်း: “ငါ့အဖေက အဲ့ဒီတုန်းက ငယ်သေးတယ်။ တစ်ခုခုဖြစ်ရင် မတည်ငြိမ်နိုင်တော့ပဲ စိတ်ရှုပ်သွားမှာ။ သူက အမျိုးသမီးနှစ်ယောက်ကို တစ်ပြိုင်နက်ဖျက်စီးမိပြီလို့ တွေးမှာပဲ။ တစ်ယောက်ကို သူစိတ်ပျက်စေခဲ့တယ်။ တစ်ယောက်က လက်မထပ်ရသေးတဲ့အပျိုလေး၊ အဲ့ဒီတုန်းက သူ့ကိုထောင်ဖမ်းခဲ့တာ ငါ့အမေမှန်း သူသေချာပေါက် သိခဲ့မှာမဟုတ်ဘူး။”
ရှန်းယုဟန်: “ဟုတ်တယ်။ ခင်ဗျားအမေရဲ့ ရှင်းပြချက်အရ သူမက သူ့ကိုပိုက်ဆံပေးမယ်လို့ သွားပြောခဲ့တာ။ နောက်တော့ မစ်ယန်မြင်သွားတဲ့အရာဖြစ်လာခဲ့တာပဲ။ မစ်ယန်က သူမရူးသွားမှာတောင်ကြောက်နေခဲ့တယ်။ တစ်ယောက်က သူအမြဲလက်ထပ်ချင်ခဲ့တဲ့ ယောကျာ်းတစ်ယောက်၊ တစ်ယောက်က သူ့သူငယ်ချင်း။ သူတို့နှစ်ယောက်က သူမကို သစ္စာဖောက်ခဲ့တာ။ သူမက ခင်ဗျားအမေကိုလည်း အားနာနေပြီး သူမမိဘတွေရဲ့ဖိအားလည်းရှိနေတော့ နောက်ဆုံးမှာ အဲ့ဒီအဆင့်မြင့်အရာရှိနဲ့ လက်မထပ်ပဲ သူမမင်္ဂလာပွဲမတိုင်ခင် ရေကန်ထဲကုန်ချပြီး သတ်သေသွားခဲ့သည်။”
ရှန်ချီဟွမ်း: “ကပ်ဘေးတစ်ခုအတွက် ဘယ်သူမှအပြစ်မကင်းခဲ့ဘူး။”
(မစ်ယန်ရဲ့သေဆုံးမှုအတွက် ရှန်ချီဟွမ်းမိဘတွေနဲ့ မစ်ယန်ရဲ့မိသားစုမှာ တာဝန်ရှိတယ်လို့ဆိုလိုတာပါ။)
“ဒီစာကြောင်းက အဓိပ္ပါယ်ရှိတယ်” ရှန်းယုဟန်က ထိုစကားက အတော်လေးလေးနက်တယ်လို့ ခံစားလိုက်ရသည်။ “နောက်ဆက်တွဲဘာဆက်ဖြစ်လဲ ခင်ဗျားခန့်မှန်းမိမှာပေါ့။ ခင်ဗျားအမေမှာ ခင်ဗျားအစ်ကိုကြီးရှိနေပြီး ခင်ဗျားအဖေက မိသားစုနဲ့ ခင်ဗျားအမေရဲ့ ဖိအားနှစ်ဆကြောင့် သူမကို လက်ထပ်ခဲ့ရတယ်။ မစ်ယန်ထွက်သွားပြီး သုံးလအကြာမှာ လက်ထပ်ပွဲကျင်းပခဲ့တယ်။”
ရှန်ချီဟွမ်း သက်ပြင်းမောချသည်။ “ဒီမစ်ယန်က လူနှစ်ယောက်ရဲ့ အမှားအတွက် ပေးဆပ်ခဲ့ရတာပဲ။ ဘယ်သူမှ သူနဲ့မထိုက်တန်ဘူး။”
ရှန်းယုဟန်က သူ့လက်မောင်းထဲမှာမှီလိုက်သည်။ “ယောကျာ်း… အဲ့ဒါတွေက ခင်ဗျားအဖေရဲ့ တစ်ဖက်သက်စကားတွေလား ကျွန်တော်မသိဘူး။ နားပဲနားထောင်ခဲ့တာ။ ပြီးတော့ အဲ့ဒါက အရင်မျိုးဆက်ရဲ့ ရန်ငြိုးတွေပဲ။ ကျွန်တော်က ခင်ဗျားနဲ့ ဘဝသေးသေးလေးမှာ နေချင်ရုံပါ။ ခင်ဗျားနေ့တိုင်းဘေးကင်းလုံခြုံရမယ်နော်”
“ကိုယ်လည်းပဲ” ရှန်ချီဟွမ်းက သူ့ဇနီးစကားပြောကောင်းပြီး ရံဖန်ရံခါ ရင်ထဲကစကားတွေ ဖွင့်ဟလာတာ ခံစားမိသည်။
ရှန်းယုဟန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့ခင်ပွန်းကိုပြောဖို့မေ့သွားသည်။ “အော်..စကားမစပ်.. ခင်ဗျားအဖေကပြောခဲ့သေးတယ်။ သူအနားယူချင်လို့ ရှန်မိသားစုကို ခွဲတော့မယ်တဲ့”
ရှန်ချီဟွမ်းကခေါင်းညိတ်လိုက်သည်။ “ငါနားလည်ပါတယ်။” မြေခွေးအိုကြီးက ရှန်ဂရုကို တစ်သက်လုံးထိန်းချုပ်လာပြီး မိသားစုကိုခွဲဝေဖို့ တကယ်ဆန္ဒရှိတာလား? ဒါမှမဟုတ် သူ့မှာတခြားအစီအစဥ်တွေရှိသေးတာလား?
မိသားစုခွဲတာက မိသားစုခွဲတာပဲ၊ ရှန်မိသားစု ဘယ်ဆက်ခံသူလက်ထဲရောက်မလဲမသိနိုင်ပေ။
ရှန်ထျန်းဖုန်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကို အချက်အလက်တွေ ထုတ်ဖော်ရုံသာမက ရှန်တစ်မိသားစုလုံးက ထိုအကြောင်းသိသွားခဲ့၏။ ယခုလက်ရှိမှာ တခြားအိမ်တော်သုံးအိမ်က ပို၍ပင် စိတ်မသက်မသာဖြစ်နေပေမယ့် ကုပီချင်းက ရုတ်တရက်တိတ်ဆိတ်သွားပြီး သူ့ကိုကျိန်ဆဲဖို့ ပြေးမသွားခဲ့ပဲ သူမကြည့်ရတာ တစ်ခုခုကိုဆုံးရှုံးခဲ့ရလို့ စွန့်အသွားသလိုပင်။
ရှန်းယုဟန်က သူမကို စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးနေခဲ့သည်။ သူမက သီလရှင်တစ်ယောက်ပဲကို လောကီရေးရာကိစ္စတွေမှာ ဘာလို့စွက်ဖက်နေရတာလဲ?