Chapter 82.2
Viewers 23k

Chapter 82.2


“ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ”


ရှန်မိသားစုဘက်တွင် စည်ကားနေပြီး ရှေးဟောင်းသုတေသနအဖွဲ့ဘက်တွင် သတင်းကောင်းများ မကြာခဏရောက်ရှိလာသည်။ ရှောင်လီနှင့် အကိုယန်က သူတို့၏ အလုပ်ရှုပ်သောနေ့ရက်များ ကုန်ဆုံးသွားသဖြင့် ရှန်းယုဟန်နှင့် စကားပြောဖို့ အချိန်ရှိလာ၏။


သူတို့က အုတ်ဂူမှာ ရှာဖွေတွေ့ရှိမှုအသစ်များ ရှိနေတယ်လို့ပြောခဲ့ပြီး သခင်မလေးရှန်းကို မှတ်မိလားလို့ သူတို့ကမေးလာခဲ့သည်။ ရှန်းယုဟန်က သူမှတ်မိတယ်လို့ပြောပြီး သူတို့က ယခုတစ်ကြိမ်မှာ တိုးတက်မှုအသစ်တွေ ရှိတယ်လို့ပြောလာသည်။ သူနဲ့ပတ်သတ်သော အချက်အလက်အများကြီးကို ရှာတွေ့ခဲ့ပြီး တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများမဟုတ်သော်လည်း သူ့ဖြစ်တည်မှုကိုမှတ်တမ်းတင်ထားသည့် အရှိန်အဝါကြီးသောမှတ်တမ်းများသာဖြစ်၏။


ရှန်းယုဟန်က ယခုချိန်တွင် စကားမပြောရဲတော့ပဲ သူက သူ့အသံတုန်ယင်နေမှာကို စိုးရိမ်မိသည်။ သူက ရှောင်လီကို သူတို့မှာ ဘယ်လိုအချက်အလက်မျိုးရှိလဲ မေးခဲ့သည်။ ရှောင်လီမဖြေနိုင်ခင်မှာ ကြီးကြပ်ရေးမှူးလျန့်က သူ့ကိုခေါ်ပြီး နောက်နှစ်ရက်နေရင် ပြတိုက်မှာ ကူညီပေးနိုင်မလား မေးလာသည်။ အတွင်းသူလျှို ရှောင်လီနှင့်အတူ ရှန်းယုဟန်က ချက်ချင်းသဘောတူလိုက်သည်။


နောက်နေ့မှာ သူက ဘောဒီဂတ်ကိုခေါ်ကာ ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာကို ထွက်ခွာလာခဲ့သည်။ ဒီတစ်ကြိမ်မှာ​တော့ သူက တခြားသူများနှင့် ပြွတ်ကျပ်နေအောင် စီးစရာမလိုပဲ သူ့ခင်ပွန်းက လေယာဥ်တစ်စီးဝယ်ထားပေးလို့ အဆင်ပြေနေသည်။ စျေးနှုန်းကတော့ ရှန်းယုဟန်က နှစ်ခါတောင် မတွေးတော့ပေ။

ဖြစ်ချင်တော့ ရှန်ချီဟွမ်းက ထိုရက်မှာ အလုပ်ကိစ္စဖြင့်ခရီးထွက်နေပြီး သူတို့နှစ်​​ယောက်က မိသားစု၏ ပထမဆုံးလေယာဥ်ဖြင့် လိုက်ပါလာကြသည်။


ရှန်းယုဟန်က ကျယ်ဝန်းသောအခန်းထဲကိုသွားကာ လေယာဥ်မှူး၏အခန်းထဲမှာ လမ်းခဏလျှောက်ခဲ့ပြီး ကပ္ပတိန်က ခန့်ညားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ဟာသဉာဏ်ရွှင်သူဖြစ်၏။


ရှန်းယုဟန်က လေယာဥ်ပေါ်ရှိ တစ်ဦးတည်းသော လေယာဥ်မှူးယူလာပေးသော အစားအစာကို သဘောကျပြီး ယင်းမှာ သာမန်လေယာဥ်ပေါ်က အစားအစာနှင့်မတူပဲ နေရာမှာတင် ပြင်ဆင်ထားတာဖြစ်သည်။ သူက ယခုချိန်မှာ အိမ်မှာရှိနေသလို မှာချင်တာမှာလို့ရသည်။

ရှန်ချီဟွမ်းက နောက်တစ်နေရာကို အပြေးအလွှားသွားခဲ့ရတာကြောင့် သူ့ကို ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာသို့ မပို့နိုင်ခဲ့ပေ။


သို့သော် ရှန်းယုဟန်က လေဆိပ်မှမထွက်ခွာခင် ရှန်ချီဟွမ်းက သူ့ကို အများကြီးညွှန်ပြခဲ့ပြီး စိတ်ပူနေခဲ့သည်။

ရှန်းယုဟန်က သူ့ကိုအရင်စဖက်ခဲ့သည်။ “ဘယ်မှလျှောက်မသွားဘူးလို့ ကတိပေးတယ်။ ကျွန်တော် ဟိုတယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့ကိုပဲ နေ့တိုင်းပြေးနေပါ့မယ်။ စိတ်မပူ​ပါနဲ့…ယောကျာ်း..”


“မင်းက ဘယ်တုန်းကများ ငါ့ကို စိတ်မပူစေလို့လဲ?” ရှန်ချီဟွမ်းက သက်​ပြင်းသာချနိုင်သည်။ သူတို့နှစ်ယောက်ကို နတ်ဆိုးဝိညာဥ်ဝင်ပူးနေသလားပင်မသိပေ။ သူတို့က မကြာခဏဆိုသလိုပင် မတော်တဆမှုတွေရှိတတ်သည်။ “မင်းပြန်လာရင် အမွှေးတိုင်ပူဇော်ဖို့ခေါ်သွားပေးမယ်။ ငါတို့ ဘုရားကျောင်းကို သွားကန်တော့မှရမယ်။”


“ယောကျာ်းပြောတော့ ကျွန်တော်က အယူသီးတာဆို… ယောကျာ်းလည်း မခြားနားပါဘူး။” ရှန်းယုဟန်ကလည်း သူ့ကိုစလိုက်သည်။


“ဘယ်သူကအယူသီးလို့လဲ? ငါက မင်းရဲ့ဝါသနာကို ဖြည့်ဆည်းပေးနေတာ။” ရှန်ချီဟွမ်းက တစ်စက္ကန့်အတွင်း သူ့အမူအရာကို ပြောင်းလိုက်သည်။


“ခင်ဗျားစကားပြင်လိုက်တာ” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဟိုကိုရောက်ရင် မက်ဆေ့ပို့ဦးနော်”


ရှန်ချီဟွမ်း​က သူ့ကိုလွှတ်မပေးခင် နမ်းလိုက်သည်။ “နားလည်ပါပြီ၊ သွား​တော့”



နှစ်ယောက်သားက အလုပ်ခရီးကြောင့် လမ်းခွဲလိုက်ပေမယ့် ယခုချိန်မှာ သူတို့နှလုံးသားက အရင်လို မတည်မငြိမ်မဖြစ်တော့ပဲ အတော်လေးအေးချမ်းလာခဲ့သည်။ 


ထိုသည်မှာ ရှန်းယုဟန်၏နောက်ကျော မြင်ကွင်းမှပျောက်ကွယ်သွားပြီးနောက် ရှန်ချီဟွမ်းက သူ့အပြုံးကို ဖယ်မရှားလိုက်ခင်အထိပင်။


သူ့မှာ ယခုထိ ကုန်းမြင့်တိုက်ပွဲတိုက်ဖို့ ကျန်သေးသည်။


သူက တခြားမြို့ကို သွားနေတာမှန်ပေမယ့် အလုပ်ခရီးမဟုတ်ပဲ သူ့အစ်ကိုကြီးနဲ့တွေ့ဖို့ဖြစ်၏။


ရှန်ချီဟွမ်းက သူ့အစ်ကိုကြီး၏အပြုအမူကို ဘယ်တုန်းကမှနားမလည်ခဲ့ပေ။ သူက ရှန်ထျန်းဖုန်းနောက်လိုက်ပြီး ရှန်ဂရုကို စီမံဖို့ အချိန်တိုင်းကူညီပေးခဲ့တယ်လို့ပြောရင် အကျိုးအကြောင်းသင့်၏။ နောက်ဆုံးတစ်ခေါက် အသည်းရောဂါကြောင့် ဆေးရုံတင်ခဲ့ရသည့်နောက်ပိုင်း ကုမ္ပဏီကိစ္စများကိုကိုင်တွယ်ဖို့ ဘာ​​ကြောင့်ပြန်မသွားတော့တာလဲ၊ ပြီးတော့ အားလုံးကို သူ့ဆီလွှဲပေးပြီး ကိုင်တွယ်စေခဲ့သည်။


ရှန်ချီဟွမ်းက ကြိုးတပ်ရုပ်သေးရုပ်လေးမဖြစ်ချင်ပေ။ သူက ရှန်မိသားစု၏ အိမ်တွင်းတိုက်ခိုက်ရေးမှာ နစ်နာသူမဖြစ်ချင်ပေ။ သူ့မှာ သူ့ကိုယ်ပိုင်မိသားစုရှိပြီး ကာကွယ်ပေးရမယ့်လူတွေရှိသည်။


သူက ရှန်ချီယွမ်နှင့် မြို့တော်မှာတွေ့ခဲ့သည်။


သူတို့နှစ်ယောက်တွေ့သောနေရာက စားသောက်ဆိုင်မဟုတ်သလို ဖျော်ဖြေရေးနေရာလည်းမဟုတ်ပဲ တရုတ်အိမ်ဝင်းတစ်ခုဖြစ်၏။.


သူ့အစ်ကိုကြီးက ဒီနေ့မှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး သူ့ပုံစံက ဆယ်နှစ်ပိုငယ်သွားသလိုပင်။


ထိုမှသာ သူက သူ့အစ်ကိုကြီးကို လေးလေးနက်နက် မကြည့်ခဲ့မိမှန်း သိလိုက်သည်။


အစ်ကိုကြီး… ဘာလို့ဒီမှာတွေ့ဖို့ခေါ်တာလဲ?” ခရီးဝေးထွက်လာတာ သူ့အစ်ကိုကြီးကိုတွေ့ဖို့ပဲလား? ကျန်းမြို့တော်မှာ တွေ့လို့မရလို့လား?”



ရှန်ချီယွမ်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။ “ငါ ကုမ္ပဏီကို ဘာလို့ပြန်မလာတော့တာလဲ မင်းမသိချင်ဘူးလား?”


အမြဲတမ်းတည်ငြိမ်ခဲ့သည့် ရှန်ချီယွမ်က ပါးစပ်ထောင့်မှာ တင်းမာသော အပြုံးတစ်ခုရှိနေပေမယ့် ယင်းမှာ အပြုံးတစ်ခုသာဖြစ်၏။

သူကပြောလာသည်။ “အဖေနဲ့အမေရဲ့ ရူး​ကြောင်ကြောင်ဇာတ်လမ်းကို ငါအမြဲတမ်းသိခဲ့တယ်။”

ရှန်ချီဟွမ်း: “သူတို့သုံးယောက်ကြားမှာဖြစ်ခဲ့တာ အမှန်ပဲလား?”


ရှန်ချီယွမ်ကခေါင်းညိတ်သည်။ “ငါငယ်ငယ်တည်းက သူတို့ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရန်ဖြစ်တာကို ကြားခဲ့ရတယ်။ အဲ့ဒါက မင်းနဲ့ရှန်ချီရှင်းမွေးပြီးနောက်ပိုင်း ငါနဲ့မင်းအစ်မလတ် အိမ်ပြန်လာဖို့ တုံ့ဆိုင်းခဲ့တဲ့အကြောင်းလည်း ဖြစ်ခဲ့တယ်။ အဖေက ငါ့ကိုကုမ္ပဏီမှာ အထင်ကြီးတယ်လို့ မတွေးလို​က်နဲ့၊ ငါက အလုပ်သမားတစ်ယောက်သာသာပဲ၊ အဲ့ဒီတုန်းက ကိစ္စ​ကြောင့် သူက ငါ့ကိုရန်သူလိုသဘောထားခဲ့တာ။ ဒါပေမယ့် သူငါ့ကိုကူညီခွင့်ပေးခဲ့တာက ငါက အကြီးဆုံးသားဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့လို့ပဲ။”


ရှန်ချီဟွမ်းက နားမလည်ခဲ့ပေ။ “ဒါပေမယ့် ဘာလို့ကျွန်တော်လဲ?”


ရှန်ချီယွမ်ကပြောလိုက်သည်။ “ချီဟွမ်း၊ မင်းပဲဖြစ်လို့ရလို့လေ… မင်းပဲငါ့ကိုကူညီနိုင်တာ”


ရှန်ချီဟွမ်းက သူ့သံသယများကို မေးလိုက်သည်။ “သူမကိုပြန်လာဖို့ အကြောင်းကြားခဲ့တာ ခင်ဗျားလား? အဖေ ဒုတိယအကြိမ် ခွဲစိတ်ခန်းဝင်မှာကို သိခဲ့တာ ခင်ဗျားနဲ့ကျွန်တော်ပဲရှိတယ်။” သူမ ပြန်ရောက်တုန်းက ရှန်ထျန်းဖုန်းက ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး လူထုကိုတောင် သတင်းမပေးရသေးပေ။


ရှန်ချီယွမ်ကခေါင်းညိတ်သည်။ “ဟုတ်တယ်၊ ငါက သူမနဲ့ ဒီနှစ်တွေမှာ အဆက်အသွယ်ရှိခဲ့တယ်။ ဒါပေမယ့် ငါဘာလုပ်လို့ရမှာလဲ? ငါက မွေးကတည်းက အဖေသဘောမကျတာကို ခံခဲ့ရတာ။ ပြောရရင် အဖေက ငါတို့ထဲကဘယ်သူ့ကိုမှ သဘောမကျခဲ့ဘူး။ မင်းက သူ့ရဲ့အေးစက်တဲ့မျက်နှာကို ကြည့်နေစရာမလိုလို့ ငါအမြဲအားကျခဲ့တယ်။ ငါ သူတို့အကြောင်းကြားရတာ ပင်ပန်းနေပြီ။” သူက ရှုံ့မဲ့ကာ သက်ပြင်းချလိုက်၏။


“အစ်ကိုကြီး ရှန်ဂရုကိုလိုချင်လား?” ရှန်ချီဟွမ်းက နောက်ဆုံးမှာ ထိုမေးခွန်းကိုမေးလိုက်သည်။ တကယ်တော့ သူ ရှန်ဂရုကို လိုချင်လား မလိုချင်လား ဂရုမစိုက်ပေ။ သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိသည်။


“ငါ လိုချင်လား မလိုချင်လားက အရေးမပါဘူး။ အဖေက လတ်တလောမှာ မိသားစုပိုင်ဆိုင်မှုကို ခွဲဝေဖို့ ပြင်ဆင်နေတာ။” ရှန်ချီယွမ်ကဆိုသည်။


ရှန်ချီဟွမ်း၏ ကျိုးကြောင်းဆီလျော်မှုက အမြဲတမ်းစည်းပေါ်တွင်ရှိ၏။ “ဒါပေမယ့် အမေက သူခွဲဝေပေးတဲ့နည်းလမ်းကို လက်ခံမှာမဟုတ်ဘူး။ အဲ့ဒါက လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုပဲ၊ အဖေက သူ့အပိုင်းကို ခွဲပေးချင်မှ ခွဲပေးမှာ။”



ရှန်ချီယွမ်က သူ့ကို ဘယ်သူမှမသိသော လျို့ဝှက်ချက်တစ်ခု ပြောပြလိုက်သည်။ “ဒါဆိုမင်းမသိတာဖြစ်မယ်။ သူတို့က လက်မထပ်ခင် လက်ထပ်ထိမ်းမြားစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တယ်။ ရှန်ဂရုရဲ့ရှယ်ယာတွေက သူမနဲ့မဆိုင်ဘူး။ မဟုတ်ရင် သူမက ဘာလို့ စိုးရိမ်တကြီး ပြန်လာနေမှာလဲ”


ဤသတင်းက ရှန်ချီဟွမ်းကို အလွန်အမင်း အံ့အားသင့်သွားစေသည်။ “ဘာလို့လဲ?”


ရှန်ချီယွမ်ကပြောလိုက်သည်။ “ဒါပေမယ့် အဲ့ဒီတုန်းက ကုမိသားစုက အဖေ့ကို သဘောမကျဘူးလေ။ အမေကသာ သူ့ကိုအတင်းလက်ထပ်ခဲ့တာ။ ကုမိသားစုရဲ့တိုးတက်မှုက အဲ့ဒီအချိန်က အရမ်းကောင်းတယ်။ ပိုင်ဆိုင်မှုအများစုကို အနာဂတ်မှာ အမေ့ကိုလွှဲပေးမှာ၊ ဒါ​ကြောင့် ရှန်မိသားစု ပြန်ရပ်တည်နိုင်ဖို့ ပိုက်ဆံပေးမယ်လို့ မပြောခင်မှာ အဘိုးက သူ့ကို အဲ့ဒီစာချုပ်ချုပ်ဆိုခိုင်းခဲ့တာ။ ငါ့အထင် ဒါကအဖေလိုချင်တာပဲ။ ရှန်ဂရုက အမေနဲ့ဘာမှမဆိုင်ဘူးလို့ စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တာ။”



“နောက်တော့ ကုမိသားစုရဲ့အားထုတ်မှုက အချည်းအနှီးဖြစ်သွားတယ်။ သူတို့ပါးနပ်မှုကြောင့် သူတို့ကိုပြန်ထိခိုက်သွားတယ်။ ရှန်မိသားစုအောင်မြင်လာမယ်လို့ ဘယ်သူမှမထင်ထားကြဘူး။ ကုမိသားစုက တဖြည်းဖြည်းပျက်စီးလာတယ်။”


ရှန်ချီဟွမ်း: “ကုမိသားစုက အမေ့အတွက် ​ဘာမှမချန်ထားခဲ့ဘူးလား?”


“အသုံးမဝင်တဲ့အခွံပဲ။ ဒေဝါလီခံဖို့ မတင်ပြခဲ့တာက ကုမိသားစုရဲ့ နောက်ဆုံးအရှ​က်ကို ကာကွယ်ဖို့ပဲ၊ ကုမိသားစုမျိုးရိုးက ကုမဟုတ်တော့ဘူး။ ရောင်းခဲ့တာ နှစ်အတော်ကြာပြီ။”


ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းက မိခင်၏စွန့်ပစ်ခံခဲ့ရသော ကလေးနှစ်ယောက်ဖြစ်ပြီး သူတို့က ကုမိသားစုကိုမမြင်ဖူးပေ။ ဆုံးသွားတဲ့အဘိုးအဘွားဆိုရင်​တော့ ဝေးသေးသည်။ သူတို့ကြီးလာတော့ ကုမိသားစုနှင့် ဆက်ဆံရေးရပ်စဲထားတာကြောင့် သူတို့က ဂရုမစိုက်ခဲ့ကြပေ။ နောက်ကွယ်မှာ ဒီလိုအရာမျိုးတွေရှိနေတာ ဘယ်သူကသိခဲ့မှာလဲ? ဒါ​ကြောင့် သူ့အမေက အလောတကြီးပြန်လာပြီး အဖေ့ကို ပြဿနာရှာချင်ခဲ့တာလား?”


တကယ်တော့ သူမ ဘယ်လောက်ပဲ ပြဿနာရှာပါစေ အသုံးမဝင်ပေ။ အကြောင်းမှာ စာချုပ်ထဲတွင် သူမက ရှန်မိသားစုနှင့် ဘာမှမဆိုင်ဘူးလို့ ရေးထား၍ပင်။


ရှန်ချီဟွမ်းက ရုတ်တရက် သူ့အစ်ကိုကြီးကို လေးလေးနက်နက် ​ကြည့်လိုက်သည်။ “ဒါဆိုအခုဘာလုပ်ချင်လဲ?”


ရှန်ချီယွမ်က သူ့ကို တရုတ်အိမ်ဝင်းကိုကြည့်ဖို့ အချက်ပြလိုက်သည်။ “ငါအနားယူချင်တယ်”

ရှန်ချီဟွမ်းက ထိုစကားကို လုံးဝမယုံနိုင်ခဲ့ပေ။ သူအစ်ကိုကြီးက အမြဲတမ်း အလုပ်သရဲဖြစ်ခဲ့ပြီး သူက သူ့အစ်ကိုနဲ့ မရင်းနှီးခဲ့သည်မှာ သူ့အစ်ကိုက အလုပ်အမြဲရှုပ်နေပြီး အလုပ်ကိုစွဲလမ်းနေလို့ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ထိုကိစ္စမှာ အကြောင်းတရားရှိတာကို သူသိလိုက်ရသည်။




ဘယ်သူကမှ သူတို့မိဘတွေဆီက အချစ်မခံခဲ့ရပေ။ သူတို့က နယ်ရုပ်အဖြစ် ဒါမှမဟုတ် အသုံးချခံအမျိုးသားအဖြစ်သာ တည်ရှိခဲ့ရသည်။


ရှန်ချီဟွမ်းကထပ်မေးလိုက်သည်။ “ရှန်ဂရုကိုပြန်မသွားတော့ဘူးလား? ကျွန်တော် မထိန်းချုပ်နိုင်ဘူး”


ရှန်ချီယွမ်: “ရှန်မိသားစုက စိမ့်ရေနဲ့တူတယ်။ မင်းပိုနစ်သွားလေ ထွက်ရခက်လေပဲ”


ရှန်ချီဟွမ်း: “ခင်ဗျား အဲ့ဒါကိုသိရင် ကျွန်တော့်ကို ဘာလို့ဆွဲချချင်တာလဲ?” ရှန်ချီဟွမ်းက ဒီစကားကို မေးချင်နေတာကြာခဲ့ပြီ။


ရှန်ချီယွမ်: “ချီဟွမ်း၊ မင်းငါအတွက် ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးသင့်တယ်။ မင်းလည်းရှန်မျိုးရိုးပဲ… ငါငြီးငွေ့စရာကောင်းတဲ့ ဒီဘဝကိုပင်ပန်းလှပြီ။”



ရှန်ချီဟွမ်း: “တခြားအိမ်တော်သုံးအိမ်ကို ဂရုမစိုက်တော့ဘူးလား?”


ရှန်ချီယွမ်: “သူတို့ ပြဿနာရှာချင်သလို ရှာလို့ရတယ်။ ရှန်မိသားစုက အဖေ့လက်ထဲမှာပဲရှိတယ်။ သူတို့ ဘယ်လောက်ပြဿနာရှာပါစေ စည်းကျော်လို့မရဘူး။”


ရှန်ချီဟွမ်း၏မျက်နှာက နက်မှောင်သွားသည်။ “အစ်ကိုကြီး၊ ကျွန်တော်မေးခွန်းတစ်ခုမေးမယ်။ နောက်ဆုံးတစ်ခေါက် ကျွန်တော့်ကိုကားနဲ့တိုက်ခဲ့တာဘယ်သူလဲ? အဲ့ဒါတတိယအိမ်တော်ကလား?”

မေးခွန်းထွက်လာတာနဲ့ နှစ်ယောက်ကြားက နွေးထွေးသောလေထုက ​အေးခဲမှတ်ကို ကျရောက်သွားသည်။



ရှန်ချီယွမ်၏နှုတ်ခမ်းကတွန့်သွားသည်။ သူက ခေါင်းငုံ့​ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ “ငါမသိဘူး။”


ရှန်ချီဟွမ်းက သူ့လက်ထဲကခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ပြီး သူ့ကို အေးစက်စက်ကြည့်လိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော် ခင်ဗျားကို အမြဲတမ်းလေးစားခဲ့တာ! ဘာလို့ဒီလိုလုပ်ချင်ခဲ့တာလဲ?”


“ငါမသိဘူးလို့ပြောနေတယ်လေ!” ရှန်ချီယွမ်ကလည်း လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်သည်။ “အဲ့ဒါငါလို့ထင်နေတာလား? ရှန်ချီဟွမ်း… ငါက မင်းအစ်ကိုပါ.. ငါမင်းကိုထိခိုက်အောင်မလုပ်ဘူး!”

“ခင်ဗျားလို့မထင်ချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် နောက်ကွယ်ကလူကို ရှာမတွေ့ပဲမနေဘူး။ အဲ့ဒါက တတိယအိမ်တော်ဆိုရင် ခင်ဗျားကျွန်တော့်ကို ပြောခဲ့ပြီးလောက်ပြီ… မဟုတ်ဘူးလား?” ရှန်ချီဟွမ်း ဒေါသမထွက်တာအတော်ကြာခဲ့ပြီဖြစ်၍ သူ့မျက်လုံးများက ဒေါသကြောင့်နီရဲလာသည်။



ရှန်ချီယွမ်က သူ့အကြည့်ကြောင့် လန့်သွားပြီး မျက်နှာလွှဲကာပြောလိုက်သည်။ “ဘယ်သူလဲဆိုတာငါမသိဘူး။”

ထိုပြဿနာအတွက် ရှန်ချီဟွမ်းက အဖြေမရခဲ့ပေ။ သူကကုတ်ကိုယူကာ မတ်တပ်ရပ်လိုက်သည်။ သူက သူ့အစ်ကိုကြီးကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။


သူကျောပေးလိုက်စဥ် ရှန်ချီယွမ်ကတားခဲ့သည်။ “ချီဟွမ်း၊ ငါမင်းကိုမေးဦးမယ်… လက်ရှိရှန်းယုဟန်ကို မင်းဘယ်လောက်သိလဲ?”



ရှန်ချီဟွမ်းက စကားမပြောပေ။


ရှန်ချီယွမ်ကပြောလိုက်သည်။ “မင်းငါ့ကိုဘယ်လောက်ပဲ သံသယဝင်ဝင် ငါမင်းကိုသတိပေးလိုက်မယ်၊ သူအများကြီးပြောင်းလဲလာတယ် မထင်ဘူးလား?”


ရှန်ချီဟွမ်းက တရုတ်အိမ်ဝင်း၏ ပြဒါးတံခါးကို အမူအရာမဲ့စွာကြည့်လိုက်သည်။ “ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ။ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။”


ထိုစကားပြောပြီးနောက် သူက ပြန်လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။