Chapter 83.1
“နားလည်မှုအကြီးကြီးလွဲခြင်း”
ရှန်ချီယွမ်က ရှန်ချီဟွမ်း ဘယ်တော့မှရင်မဆိုင်ချင်သော ပြဿနာကိုပေးခဲ့သည်မှာ ငြင်းလို့မရပေ။
ရှန်းယုဟန် အများကြီးပြောင်းလဲသွားတာကို သူမသိပဲနေပါ့မလား… သူက သင့်လျော်တဲ့ ရှင်းပြချက်ကိုရှာဖို့ အများကြီးကြိုးစားခဲ့ရတာ သူ့မှာသံသယမရှိဘူးထင်လား? သူ ရှန်းယုဟန်ကို ပိုသိသာလေ သူဘယ်လောက်တောင် ပြောင်းလဲသွားလဲ အားလုံးထက် သူပိုသိလေပဲ…
ယခုချိန်မှာ ရှန်းယုဟန်က သူ့အတန်းဖော်ဟောင်းများနှင့် ဘယ်လောက်ပဲ အဆက်သွယ်ဖြတ်ပါစေ သဲလွန်စအများကြီးကျန်နေသေးသည်။ လူတစ်ယောက်၏အကျင့်ကို ပြောင်းလဲဖို့ခက်သည်။ ခေတ်သစ်မှာ နှစ်နှစ်ဆယ်ကြာအောင် နေပြီးတော့ သူ့မိသားစုမရှိတော့တာတောင် ကျောင်းမှာတော့ သူ့ခြေရာများ ကျန်နေဆဲပင်။
မူလရှန်းယုဟန်သာ ထိုမျှလောက်ကောင်းရင် ဆင်းရဲမွဲတေသွားသည်အထိ ပျက်စီးသွားမှာမဟုတ်ချေ။ အနည်းဆုံးတော့ ရှန်ချီဟွမ်းက သူ့ကိုအကြာကြီးသိခဲ့ပြီး သူက တစ်ခါမှမရှုံးဖူးပေ။ သူက ဇီဇာကြောင်သော ရှန်ထျန်းဖုန်းကိုတောင် အပျော့ဆွဲနိုင်ပြီး ရှန်မိသားစု၏ မဒမ်များစွာကိုလည်း ကိုင်တွယ်နိုင်သည်။ သူက တစ်ခါမှမကျိန်ဆဲဖူးသလို တစ်ခါတစ်ရံ ရည်မွန်ကြော့ရှင်းစွာ ပြောဆိုတတ်သည်။ အရင်က သူသိခဲ့သော ရှန်းယုဟန်က လက်ရှိမှာ လုံးဝမတူညီသော သီးခြားလူတစ်ယောက်ဖြစ်နေသည်။
သူက လက်ရှိရှန်းယုဟန်ကို အရမ်းချစ်တယ်ဆိုတာ ဝန်ခံပေမယ့် သူ့မှာ အကြောင်းပြချက်ရှိနေဆဲဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း မပျောက်သေးပေ။ ထို့အပြင် သူ့စိတ်က ပိုပိုရှင်းလာပြီး အနည်းငယ်ထိတ်လန့်နေသည်။ တစ်နေ့မှာ ရှန်းယုဟန် မူလပုံစံကို ပြန်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ?”
သူက ရှန်းယုဟန် မူလပုံစံပြန်ပြောင်းသွားမှာကို မတွေးရဲပေ။ ထိုသည်မှာ သူသည်းမခံနိုင်သော အကျိုးဆက်ဖြစ်ပေမည်။
သူ့အစ်ကိုကြီးမေးတာမှန်သည်။ သူက ရှန်းယုဟန်ကို ဘယ်လောက်သိလဲ?
ရှန်းယုဟန်က သူ့ကို တစ်ခုခုဖုံးကွယ်ထားပြီး ယခုချိန်ထိ ဝန်မခံသေးသဖြင့် သူက အချိန်ပေးရဦးမည်။
ရှန်ချီယွမ်နှင့် စကားပြောပြီးနောက် ရှန်ချီဟွမ်းက ကျန်းမြို့တော်ကို ညတွင်းချင်းပြန်သွားပြီး လေယာဥ်ပေါ်မှာ အကြာကြီးစဥ်းစားနေသည်။ သူ့မျက်နှာက အရမ်းဆိုးရွားနေပြီး သူ တမင်တကာ ဖိနှိပ်ထားသော အတွေးများကို သူ့အစ်ကိုကြီးက နှိုးဆွပေးခဲ့သည်။
လေယာဥ်ပေါ်ကဆင်းပြီး ကားပေါ်မှာထိုင်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ဆီက ဗီဒီယိုကောလ်ရရှိခဲ့သည်။ ဖုန်းတစ်ဖက်ခြမ်းကနေ ယနေ့တွေ့ခဲ့သော ယဥ်ကျေးမှုအမွေအနှစ်များအကြောင်း စိတ်လှုပ်ရှားစွာပြောနေသည့် သူ့ကိုတွေ့သောအခါ နေ့ခင်းတစ်ချိန်လုံး စိတ်လွင့်နေသော ရှန်ချီဟွမ်း၏ နှလုံးသားက ငြိမ်သက်သွားလေသည်။ ရှန်းယုဟန်ကတော့ ရှန်းယုဟန်ပဲ သူက တခြားတစ်ယောက်လည်း မဟုတ်ဘူး.. သူ့အတွက်နဲ့ ပြောင်းလဲသွားတာဖြစ်နိုင်မလား? သူအကြောင်းပြချက်ကို မမေးချင်ပါ။ တန်ဖိုးဖြတ်လို့မရတဲ့ ငှက်ကုလားအုပ်တစ်ကောင်ပဲ ဆက်လုပ်နေတာကောင်းပါတယ်… ကျေကျေနပ်နပ်ကြီးကို!
(ကုလားအုပ်လိုစောင့်မယ်ပြောတာပါ)
ရှန်ချီဟွမ်းက သူ့စိတ်ခံစားချက်များကို အမြန်စုစည်းလိုက်သည်။ “မင်းမှာ ဒီနေ့အလုပ်အသစ်ရှိလား?”
“ကျွန်တော် ဒီနေ့ ယဥ်ကျေးမှုအမွေအနှစ် အသစ်တစ်သုတ်ကိုတွေ့ခဲ့ပေမယ့် ကြီးကြပ်ရေးမှူးလျန့်က စာလုံးတွေကို အစဥ်လိုက်ဖော်ထုတ်ခိုင်းမှာမို့ လောလောဆယ် အဲ့ဒီပစ္စည်းတွေကို ပေးမကြည့်သေးဘူး”
“မင်းတကယ်ကြည့်ချင်တာလား?” ရှန်ချီဟွမ်းက အနောက်ဟန်မင်းဆက်အုတ်ဂူနဲ့ပတ်သတ်ပြီး လွန်ခဲ့တဲ့နှစ်ရက်က သတင်းများကို ရှာကြည့်တော့ အသစ်တစ်သုတ်တွေ့ရှိသည်မှာ အမှန်ဖြစ်သည်။ လက်ရာမြောက်သောပစ္စည်းများ၊ လက်ရေးလှ နှင့်ပန်းချီအများကြီးရှိနေပြီး ရင်းနှီးသောစကားလုံးကိုလည်း တွေ့ခဲ့ရသည်။ “အဲ့ဒါက သခင်မလေးရှန်းနဲ့သက်ဆိုင်တာလား၊ ငါသတင်းကြည့်ခဲ့တယ်။”
ရှန်းယုဟန်က ရှန်ချီဟွမ်း သခင်မလေးရှန်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မေးခွန်းထုတ်တော့မှာမဟုတ်ပဲ ခေတ်သစ်ဖြစ်စေ ခေတ်ဟောင်းဖြစ်စေ သူက မပြောင်းလဲသော လူတစ်ယောက်တည်းသာဖြစ်၏။
“အွန်း၊ ဟုတ်တယ်၊ ဒီတစ်ခါ တူးဖော်ရရှိတဲ့ ပစ္စည်းပေါ်က ပန်းချီတွေက သူ့လက်ရာတွေကြီးပဲ ကျွန်တော်နည်းနည်းတွေ့ခဲ့တယ်။”
“ဒီသခင်မလေးရှန်းက အတော်လေးအထင်ကြီးစရာကောင်းတယ်။ သူမလက်ရာတွေက ဘာလို့ပန်းအိုးပေါ်မှာဆွဲခဲ့တာလဲ?”
ရှန်းယုဟန်၏အကြည့်က ဘေးကိုရောက်သွားပြီး ခဏရပ်ပြီးမှ ပြောလိုက်သည်။ “ဘာလို့ဆို သူ့မိသားစုက သူ့ကိုမှတ်မိနေအောင်လေ”
ရှန်းဟုဟန်က လက်ရှိတွင် ရှေးဟောင်းသုတေသနအဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်လို့ရတာကြောင့် ရှန်ချီဟွမ်းက ဇာတ်လမ်းကိုအတွင်းကျကျ စိတ်ဝင်စားနေတာဖြစ်ပေမည်။
“သူက အရမ်းအင်အားကြီးတာလား? သူ့မိသားစုက ဘာလို့သူ့ကို ဒီနည်းနဲ့ အမှတ်ရနေချင်တာလဲ၊ ရှေးခေတ်ကနေ လက်ရှိထိ အုတ်ဂူပိုင်ရှင်တွေက သူတို့ရဲ့ကုသိုလ်နဲ့ အောင်မြင်မှုတွေကိုပဲ လူသိရှင်ကြား ချပြခဲ့တာလေ။ သူတို့က ဒီအုတ်ဂူကနေ အုတ်ဂူပိုင်ရှင်ရဲ့ လူကြီးတွေကိစ္စရပ်ကိုပဲ ဘာလို့ရှာတွေ့နေရတာလဲ၊ အဲ့ဒါက အတော်လေးအံ့သြဖို့ကောင်းတယ်။ ဒီသခင်မလေးရှန်းက ကောင်းကင်မသေမျိုးများလား?”
ရှန်းယုဟန်က သက်တောင့်သက်သာရှိသော အနေအထားကိုပြောင်းကာ ပြောလိုက်၏။ “သူကကောင်းကင်မသေမျိုးဆိုရင် ကျွန်တော်ကလည်း ကောင်းကင်မသေမျိုးပဲ၊ သူ့ပုံပန်းသဏ္ဍန်ကို မသိချင်ဘူးလား?”
“သိချင်တယ်၊ ဟူနန်ပြည်နယ်မှာ တူးဖော်တွေ့ရှိတဲ့ အမျိုးသမီးအလောင်းမှာ သူမပုံပန်းသဏ္ဍန် ပြည်လည်တည်ဆောက်မှု ရုပ်သွင်ရှိနေတယ်လို့ ကြားဖူးတယ်။ ဒီသခင်မလေးရှန်းရဲ့အလောင်းက မပျက်စီးသေးဘူးဆိုရင် ငါတို့လည်းအဲ့လိုလုပ်လို့ရတယ်”
“ဒါပေမယ့် အုတ်ဂူပိုင်ရှင်က အရိုးစုပဲရှိတော့တာ။ မျက်နှာမရှိဘူး။ သခင်မလေးရှန်းရဲ့ မတော်တဆမှုအပြီးမှာ သူ့မိသားစုက သူ့အလောင်းကိုရှာမတွေ့တော့လို့ ပုံစံအမျိုးမျိုးနဲ့ အောက်မေ့မှတ်တမ်းတင်ထားကြတာကို စာထဲမှာဖော်ပြထားတယ်။”
“သူ့မိသားစုက တကယ်ကို ချစ်တတ်ကြတာပဲ။ အဲ့လိုမိသားစုရတဲ့သူတိုင်း ပျော်ရွှင်ကြမှာပဲ။ ဒီသခင်မလေးရှန်းမှာ အရမ်းပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုရှိမှာပဲ။” ရှန်ချီဟွမ်းက သူ့အစ်ကိုကြီး ဒီနေ့ပြောခဲ့သောစကားကို မစဥ်းစားပဲမနေနိုင်တော့ပေ။ သူက ချမ်းသာပြီး အာဏာရှိတဲ့မိသားစုမှာ မွေးလာတော့ရော ဘာလုပ်ရမှာလဲ၊ မိသားစုရဲ့ချစ်ခင်တွယ်တာမှုမရှိသလို ရှေးခတ်ကလူတွေလိုမျိုး စစ်မှန်တဲ့ချစ်ခြင်း၊ စိတ်ရင်းနဲ့ ဂရုစိုက်တာတွေလည်း မရှိကြဘူး။
“သူအရမ်းပျော်နေတယ်လို့ထင်လား?” ရှန်းယုဟန်က သူ့မိသားစုနှင့် ရှန်မိသားစုကို ယှဥ်ကြည့်တော့ သူတကယ်ကိုပျော်လေသည်။
ရှန်ချီဟွမ်း၏မိသားစုက ဘာမှမတူညီသလို လိုအပ်မှသာ သူ့ကိုခေါ်လေ့ရှိသည်။ သူ့မိသားစုကတော့ သူ့ကို ငယ်ငယ်လေးတည်းက အလိုလိုက်ပြီး သူ့တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးသည်။
ရှန်ချီဟွမ်းက နောက်ဆုံးတစ်ခေါက်က မေးခွန်းလို ရှန်းယုဟန် စိတ်ဆိုးသွားမှာစိုး၍ ဒီတစ်ကြိမ်မှာ ဖြေလိုက်သည်။ “ငါ သခင်မလေးရှန်းကိုမသိဘူး။ သူပျော်ရင် ပျော်မှာပေါ့၊ မပျော်ရင်မပျော်ဘူးပေါ့”
ရှန်းယုဟန်က သူ့ခေါင်းကို ခေါင်းအုံးပေါ်မှာတင်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သူပျော်နေတယ်”
“သေချာနေပါလား?” ရှန်ချီဟွမ်းက အိမ်ပြန်ရောက်လို့ တံခါးဖွင့်ရင်းပြောလိုက်သည်။ “ငါအိမ်ပြန်ရောက်ပြီ”
“ယောကျာ်း ညစာမစားရသေးဘူးလား? ဗိုက်ဆာရင် ခေါက်ဆွဲပြုတ်စားလိုက်” အန်တီက အိမ်မှာမနေပေ။ သူမက သူမအိမ်ကိုခဏပြန်သွားပြီး ရှန်းယုဟန်က သူတစ်နေကုန် ပြေးလွှားနေရလို့ ဗိုက်ဆာနေမှာကို စိုးရိမ်နေသည်။
“လေယာဥ်ပေါ်မှာ တစ်ခုခုစားခဲ့တယ်။ အခုဗိုက်မဆာဘူး” တကယ်တော့ သူ့အိမ်မှာ စားစရာအများကြီးရှိသည်။ သူ့ဇနီးလေး၏ နွေးထွေးပြီး သာယာသောအသံကို ကြားပြီးနောက် သူက အိမ်မှာ အထီးမကျန်တော့ပေ။ သူ့အစ်ကိုကြီးနှင့် ဒီနေ့စကားပြောခဲ့စဥ် အတော်စိတ်တိုခဲ့ရသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏မျက်နှာပေါ်က ပြောင်းလဲမှုကို သတိထားမိပြီး တည့်မေးလိုက်သည်။ “ယောကျာ်း… ဘာကိုစိတ်ဆိုးနေတာလဲ?”
“မဟုတ်ပါဘူး။” ရှန်ချီဟွမ်းက ရှန်းယုဟန်ထံမှ သူ့အတွေးများကို မဖုံးကွယ်ထားခဲ့ပေ။ “တကယ်တော့ နည်းနည်းပါ”
“ဘာလို့လဲ?” သူမနက်က ရှန်းယုဟန်နဲ့ လမ်းခွဲတုန်းက အဆင်ပြေပါသေးတယ်။ “ဒီနေ့ဘာကြုံခဲ့ရလို့လဲ?”
“ငါ့မြို့ကိုသွားပြီး အစ်ကိုကြီးနဲ့တွေ့ခဲ့တာ၊ သူနဲ့ ကုမ္ပဏီကိစ္စအကြောင်း စကားပြောခဲ့တယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန် စိတ်မပူရအောင် လောလောဆယ် ဘာမှမပြောဖို့ ဆုံးဖြတ်ထားသည်။
“ဒါဆို ကျွန်တော် ဘာလုပ်ပေးရမလဲ?” ရှန်းယုဟန်က နည်းနည်းစိတ်ညစ်နေပြီး သူက ယခုချိန်မှာ ဟိုတယ်ကိုရောက်နေလို့ သူ့ခင်ပွန်းကိုမနမ်းနိုင်ပေ။
ရှန်ချီဟွမ်းက အတွေးတစ်ခုနဲ့အတူ ဆိုဖာပေါ်မှာလှဲလိုက်ပြီး သူ့မျက်လုံးများတောက်ပလာကာ ဝမ်းနည်းမှု ပျောက်ကွယ်သွားသည်။
သူက ရီမုတ်နဲ့ လိုက်ကာကိုပိတ်လိုက်ပြီး မသိမသာ တိုးတိုးလေးပြောလိုက်၏။ “မင်းငါ့ကိုတကယ်ကူညီပေးချင်လား?”
ရှန်းယုဟန်က အပြစ်ကင်းသောပုံပေါက်နေပြီး သူ့ခင်ပွန်း၏အကြံဆိုးများကို သတိမထားမိပေ။ “အွန်း… ကျွန်တော့်ယောကျာ်းကို စိတ်မညစ်စေချင်ဘူး။”
“ငါတို့ဗီဒီယို” ရှန်ချီဟွမ်းက သူ့ကိုမျက်လုံးများဖြင့် သတိပေးလိုက်သည်။
“ကျွန်တော်တို့ ဗီဒီယိုကောလ်ပြောနေတာပဲလေ” ရှန်းယုဟန်က သူပြောချင်တာကို နားမလည်ပေ။
ရှန်ချီဟွမ်းက ဆိုဖာပေါ်မှာမှီပြီး ဖုန်းကိုမြှောက်ကာ ပြုံးလိုက်သည်။ “တခြားဗီဒီယိုတစ်ခုခု”
ရှန်းယုဟန်က ဟိုတယ်ခန်းကို လှည့်ပတ်ကြည့်လိုက်တော့ သူယူလာသောစောင်ကလွဲရင် ဘာမှမတွေ့ပေ။
“ဗီဒီယိုထဲမှာဘာမှမရှိပါဘူး” သူက သူ့ခင်ပွန်းကြောင့် အတော်လေးရှုပ်ထွေးနေသည်။ “ယောကျာ်း၊ လျို့ဝှက်မနေပါနဲ့ ဗီဒီယိုထဲမှာ ဘာရှိလို့လဲ?”
ရှန်ချီဟွမ်းက ထိုကိစ္စကိုပြောဖို့ နည်းနည်းရှက်နေပေမယ့် လက်ရှိမှာ သူလိုချင်နေသည်။ “ငါမင်းအသံကိုကြားချင်တယ်”
ရှန်းယုဟန်က ဘာကိုမှနားမလည်တော့ပါ။ “ကျွန်တော် ခင်ဗျားနဲ့ တစ်ချိန်လုံး စကားပြောနေတာပဲလေ၊ မဟုတ်ဘူးလား?”
ရှန်ချီဟွမ်းက အသံနက်ကြီးဖြင့်ပြောလိုက်သည်။ “ဟိုအသံ”
ရှန်းယုဟန်က ခဏရပ်လိုက်ပြီး သူ့နားရွက်များက ပူနွေးလာသည်။ “ဘယ်အသံလဲ?”
ရှန်ချီဟွမ်းက အသံနက်ကြီးဖြင့် ပြောလိုက်၏။ “အခု မင်းငါပြောသမျှကို လုပ်ပေး”
ရှန်းယုဟန် သူ့အသံကိုနားထောင်လေ သူ့တစ်ကိုယ်လုံးပူနွေးလာလေဖြစ်၏။ “ယောကျာ်း?”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပျော့ပျောင်းပြီး အိပ်ချင်နေသောအသံကို ကြားလိုက်ရသောအခါ ထိုအရာကိုတွေးတောရင်း သူ့ထဲက စိတ်ဆန္ဒကို နိုးလာစေသည်။
သူက မေးလိုက်သည်။ “မင်းစောင်ခြုံထားလား?”
ရှန်းယုဟန်က စောင််အစွန်းကို ဆုပ်ကိုင်ထားသည်။ “ခြုံထားတယ်”
ရှန်ချီဟွမ်းက ညင်ညင်သာသာပြောလိုက်သည်။ “ငါ့လက်ဘယ်ရောက်နေလဲသိလား?”
“မသိဘူး။” သူ့ခင်ပွန်းအသံက ငှက်မွှေးကဲ့သို့ ယားယံစေသည်။
“ဒီမှာ” ရှန်ချီဟွမ်းက ကင်မရာကို အောက်ရွှေ့လိုက်သည်။ “ရှန်းယုဟန်၊ ငါပြောသလိုလုပ်၊ အိုကေလား?”
ရှန်းယုဟန်က တစ်ချက်ကြည့်ပြီး မျက်နှာကို ဖုံးထားချင်နေသည်။ သူက နေရောင်ရနံ့ရှိနေသော စောင်ထဲမှာ မျက်နှာတစ်ဝက်မြှုပ်ထားလိုက်သည်။ “ယောကျာ်း….”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါမင်းအသံကိုကြားချင်တယ်။ မင်းပဲ ကူညီပေးမယ်ဆို”
“ဒါပေမယ့်….” သူက အဲ့လိုမထင်ခဲ့ဘူးလေ။ သူ့ခင်ပွန်းက တစ်လက်မချင်းတိုးရင် ခြံထဲကိုရောက်နေပြီ။ သူက အဲ့ဒီစကားလုံးတွေကို မပြောချင်ပေမယ့် အခုချိန်မှာ မျက်ရည်မကျပဲ ငိုချင်နေသည်။
“လိမ္မာစမ်းပါ၊ ငါမင်းအသံကိုကြားချင်တယ်”
ရှန်းယုဟန်က ရုန်းကန်နေပြီး တိုးတိုးလေးပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်အခုမလုပ်ချင်ဘူး။”
ရှန်ချီဟွမ်းက ဖုန်းအစွန်းကနေ တိုးတိုးလေးပြောလိုက်တော့ ရှန်းယုဟန်က သူ့ကိုလွမ်းလာသည်။ “ရပြီလား? အခုနည်းနည်းလုပ်ချင်လာပြီလား?”
“ကျွန်တော်…..” ရှန်းယုဟန်က နောက်ဆုံးမှာ ရှက်သွေးဖြာကာ တိုးတိုးလေးပြောလိုက်သည်။ “ဒါဆို ခင်ဗျား ကျွန်တော့်ကိုမကြည့်နဲ့နော်”
“အွန်းမကြည့်ဘူး။” သူ့ဇနီးလေးက အမြဲရှက်နေလို့ သူမကြည့်စေချင်ရင် မကြည့်တော့ဘူး။ အသံနဲ့တင် သူ့ကိုသာယာစေဖို့ လုံလောက်တယ်။
…
နာရီဝက်ကြာတော့ ရှန်ချီဟွမ်းက သူ့ဇနီးလေးအသံက သူ့ကိုသာယာစေဖိို့ မလုံလောက်တာကို သိရှိခဲ့သဖြင့် ရေအေးအေးချိုးလိုက်ရလေသည်။
အကျိုးသက်ရောက်မှုက ချက်ချင်းကိုပင်။