Chapter 84.1
Viewers 23k

Chapter 84.1


“အမွေခွဲခြင်း”



ဟိုတယ်က ရဲစခန်းနဲ့မဝေးတာကြောင့် ရှန်ချီဟွမ်းနှင့် အမူးသမားကို ထိုနေရာသို့ခေါ်သွားသည်။ ဟိုတယ်မှမထွက်ခွာခင် လူများစွာက သက်သေယူဖို့ သူတို့ကို ဗီဒိယိုရိုက်ထားကြသည်။


ရှန်ချီဟွမ်းက ခဏလောက်တော့ အကူအညီမဲ့နေသည်။


သူက လူနှစ်ယောက်၏ အိုင်ဒီကတ်ကို အိတ်ထဲမှ ထုတ်လိုက်စဥ် ရဲအရာရှိက သူ့ကို အလွန်ထူး​ဆန်းသလို ကြည့်နေပြီး သူကတော့ ရဲမေတစ်ဦး ရှန်းယုဟန်ကို ရေတစ်ခွက်ကမ်းပေးနေတာ ကြည့်နေသည်။


သူက ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ “အရာရှိကြီး၊ သူက တကယ်ကို ကျွန်တော့်ရဲ့ချစ်သူပါ။ ကျွန်တော်က လူသိများတဲ့သူပါ၊ လူဆိုးမဟုတ်ပါဘူး။ ဒါက နားလည်မှုလွဲနေတာ၊ ကျွန်တော့်ချစ်သူက အလုပ်ကိစ္စကြောင့် ဟိုတယ်မှာနေနေလို့ ကျွန်တော် ဒီနေ့လာကြိုတာပါ။”


ရဲအရာရှိက သူ့အိုင်ဒီကတ်နှင့် ရှန်းယုဟန်၏ ဟိုတယ်မှတ်ပုံတင်မှတ်တမ်းကိုကြည့်ပြီး သူတို့အထောက်အထားကို အတည်ပြုလိုက်သည်။ ယင်းမှာ နားလည်မှုလွဲတာအမှန်ဖြစ်၏။

ဤသည်မှာ နည်းနည်းရှက်ဖို့ကောင်းပြီး ထင်ရှားကျော်ကြားသော လူငယ်အမျိုးသားတစ်ယောက်က နှာဘူးလို့အထင်ခံခဲ့ရသည်။


ရှန်ချီဟွမ်းက Hot Search မှာ မလွဲမသွေပေါ်လာမှာကို သိနေသည်။



ရဲအရာရှိက စကားပင်မပြောနိုင်ပဲ အတန်ငယ်အရှက်ရနေခဲ့သည်။ “တောင်းပန်ပါတယ်၊ တကယ်ကိုနားလည်မှုလွဲသွားတာပါ။”


ထိုအချိန်တွင် ရှန်းယုဟန်က ရေတစ်ခွက်သောက်ပြီး ပိုနိုးကြားလာသည်။ ရဲဝတ်စုံနှင့် လူများ၏ ဝန်းရံခံထားရတာကို တွေ့လိုက်တော့ သူက ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ ရှန်ချီဟွမ်းက ရဲအရာရှိတစ်ဦးနဲ့ စကားပြောနေတာကို မြင်လိုက်မှ သူ့ဆီပြေးသွားလေသည်။


ရှန်ချီဟွမ်းက သူ့ကို အလျင်စလို ပွေ့ဖက်လိုက်ပြီး ရှန်းယုဟန်က လေးလံနေသော ခေါင်းကိုဆုပ်ကိုင်ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်တို့ တစ်ခုခုဖြစ်လို့လား?”


ရှန်ချီဟွမ်းက ဖြေလိုက်သည်။ “အဆင်ပြေပါတယ်၊ နားလည်မှုလွဲသွားတာ”


အိုကေ၊ အခုဆိုရင် သူတို့အ​ထောက်အထားကို စစ်ဆေးစရာမလိုတော့ပေ။ လှပသောလူငယ်လေးက နိုးလာတာနဲ့ ရှန်ချီဟွမ်း၏ရင်ခွင်ထဲခုန်ဝင်သွားသည်မှာ အတော်လေးတွယ်ကပ်တတ်တာက်ို ပြနေသည်။


သူတို့ကို ပြန်ခေါ်လာသော ရဲအရာရှိကို နှုတ်ဆက်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုဖက်ပြီး ရဲစခန်းထဲမှထွက်လာသည်။ သူတို့ကို တစ်ယောက်ယောက်က ဗီဒီယိုရိုက်နေတယ်လို့ ခံစားရ၍ ရှန်ချီဟွမ်းက မတ်စ်နှစ်ခုထုတ်ကာ ရှန်းယုဟန်ကို တစ်ခုတပ်ပေးလိုက်သည်။



ရှန်းယုဟန်၏ခေါင်းက လေးလံနေပြီး သူ့ကို ရှန်ချီဟွမ်းက တစ်ဝက်သယ်ထားသည်။


သူ့ခန့်မှန်းတာမှန်သည်။ လူတစ်စုက ရဲစခန်းအပြင်မှာ ထိုင်နေကြသည်။ ကံကောင်းတာက သူ့ဘော်ဒီဂတ်များက ဓာတ်ပုံရိုက်ချင်နေသော နိုင်ငံသားကောင်းများကို ပိတ်ဆို့ထားပြီး ရဲအရာရှိကလည်း နောက်ကလိုက်ထွက်လာကာ အားလုံးကို လူစုခွဲခိုင်းလိုက်သည်။ သူတို့က စုံတွဲတွေပါ၊ အားလုံးပဲ လူစုခွဲလိုက်ကြပါ….



နိုင်ငံသားကောင်းများက ပွဲကြီးပွဲကောင်းတစ်ခုကို မကြည့်နိုင်တော့ပဲ လူစုခွဲလိုက်ရလေသည်။ သို့သော် သူတို့မသိသည်မှာ မာကတ်တင်းအကောင့်တစ်ခုက ရှန်ချီဟွမ်း၏မျက်နှာကိုမြင်သွားပြီး နာမည်ကြီးစေဖို့ ပို့စ်တစ်ခု ချက်ချင်းကောက်တင်ခဲ့တာကိုပင်။ တစ်နာရီမပြည့်ခင်မှာပင် ရှန်ချီဟွမ်းက Hot Search ဝင်သွားခဲ့သည်။


ဝေ့ပေါ်မှာပို့စ်တင်သူက သူပြဿနာတက်နေတယ်လို့ ပြောခဲ့တာကြောင့် ရလဒ်အနေဖြင့် သူတင်ပြီးတာနဲ့ ရှန်ချီဟွမ်းက နေ့ခင်းကြောင်တောင် လူငယ်လေးတစ်ယောက်ကို မဖွယ်မရာလုပ်လို့ ရဲစခန်းကို ခေါ်သွားခံရကြောင်း ထွက်ပေါ်လာခဲ့သည်။ ပြဿနာအကြီးကြီးပဲ!



ရှန်ချီဟွမ်းက ရှန်ချီရှင်းဆီမှ ပြစ်တင်ရှုတ်ချသော ဖုန်းကောလ်တစ်ခုကို ရရှိခဲ့သည်။


ရှန်းယုဟန်က ဟိုတယ်ဆိုဖာပေါ်မှာ ကွေးကွေးကောက်ကောက် ထိုင်နေပြီး ထိုင်လိုက်သည်နှင့် ငုံ့ကိုင်းကာ ရှန်ချီဟွမ်း၏ပေါင်ပေါ်မှာ ခေါင်းကိုတင်လိုက်သည်။ သူက ဖုန်းသံကြားတော့မေးလိုက်သည်။ “ဘယ်သူလဲ?”


“ငါ့ညီ”


“သူဘာရှာနေတာလဲ?”


“ဘာမှမဟုတ်ဘူး။ ရဲစခန်းရောက်သွားတာက Hot Searchပေါ် ရောက်သွားလို့”


“Hot Search လား? ကျွန်တော်တို့ဘာလုပ်ခဲ့လို့လဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ဗိုက်အောက်မှာ နဖူးကိုတင်ကာ သမ်းဝေနေပြီး ထိုအနေအထားကို ကျေနပ်နေသည်။


ရှန်ချီဟွမ်းက အကျဥ်းချုံးရှင်းပြလိုက်သည်။ “ငါ့ကို လမ်းသွားလမ်းလာတစ်ယောက်က ဗီဒီယိုရိုက်ပြီး မာကတ်တင်းအကောင့်က ကြုံရာကျပန်းတင်နေလို့ ငါရှင်းပြဖို့လိုတယ်။ မဟုတ်ရင် ငါတို့ကိုအသုံးချပြီး လုပ်ကြံသတင်း ထပ်တင်လိမ့်မယ်။”


“ဒါဆိုသွားရှင်းလေ” ရှန်းယုဟန်က စကားပြောနေစဥ် မျက်လုံးကိုမဖွင့်ပေ။ “ယောကျာ်း၊ ကျွန်တော်တို့ ဘယ်အချိန်အိမ်ပြန်မှာလဲ”


“မနက်ဖြန်မနက်ထွက်ကြမလား၊ မင်းခေါင်းကိုက်နေလား?” ရှန်ချီဟွမ်းက ပန်းရောင်သန်းနေသော သူ့ပါးပြင်ကို ညှစ်လိုက်သည်။



“သိပ်မကိုက်ပါဘူး။ နည်းနည်းမူးဝေနေလို့ အိပ်ချင်တယ်” သူက သမ်းဝေပြီး သူ့စိတ်က ယနေ့မှာ အတက်အကျမြန်နေကာ အိပ်ချင်နေသည်။


“ဒါဆို မနက်ဖြန်ပြန်ရအောင်၊ မနက်ဖြန် ငါ့မှာ အရေးကြီးလုပ်စရာမရှိဘူး။” ရှန်ချီဟွမ်းက သူ့ကို အလွန်ငဲ့ညှာပြီး သူ ကျန်းမြို့တော်ကိုပြန်ရင် ရှန်မိသားစုက လူတစ်စုနှင့် ရင်ဆိုင်ရဦးမည်။ ဤနေရာမှာလွတ်လပ်နေတာပိုကောင်းသည်။ အနည်းဆုံး​တော့ မွန်းကျပ်မှုမရှိပေ။


“အွန်း” ရှန်းယုဟန်၏အသံက ခြင်တစ်ကောင်အလား ပေါ့ပါးနေသည်။


ရှန်ချီဟွမ်းက သူ့ကံကြမ္မာကိုရွေးချယ်ပြီး ဝေ့ပေါ်မှာ ဖြေရှင်းဖို့ကလွဲရင် ရွေးချယ်စရာမရှိပေ။


{ဖြတ်သွားဖြတ်လာတွေက ကျွန်တော်နဲ့ သူငယ်ချင်းလေးရဲ့ ဆက်ဆံရေးကို အထင်လွဲသွားတာပါ၊ ဒီတိုင်းမေ့လိုက်ကြပါတော့}


အောက်ကလူတစ်စုက သူ့ကိုစနောက်နေသည်။



– ဥက္ကဋ္ဌရှန်၊ ခင်ဗျားဇနီးရဲ့မျက်နှာကိုပြပေးလို့ရမလား၊ ဒါမှနောက်တစ်ခါအထင်မလွဲအောင်လေ?


— မှန်တယ်၊ မျက်နှာပြ


– သူတို့က ဘယ်လိုဖြတ်သွားဖြတ်လာမျိုးလဲ၊ ရှင့်ဇနီးလေးရဲ့ မျက်နှာကိုတောင် ပုံရိုက်မလာနိုင်ဘူး။ Bad Review ပေးတယ်!


— ဟားဟားဟားဟားဟားဟား သေအောင်ရယ်ရတယ်။ ဥက္ကဋ္ဌရှန်းဘဝက အတော်ဆိုးတာပဲ၊ မိန်းမနဲ့ ဟိုတယ်သွားတာတောင် နှာဘူးလို့ အထင်လွဲခံလိုက်ရတယ်။ 

– ဥက္ကဋ္ဌရှန်က ဒီလောက်ခန့်ညားတာ၊ နှာဘူးနဲ့ ဘယ်လိုလွဲနိုင်ရတာလဲ၊ ခင်ဗျားဇနီးလေးရဲ့ ပုံစံက အရမ်းသာလွန်နေလို့လား?


– ဥက္ကဋ္ဌရှန်ရဲဲ့ဇနီးကိုမြင်ဖူးတဲ့လူတွေ ပြောကြတာတော့ ထိပ်တန်းစတားဆယ်ယောက်ကတောင် သူ့တစ်ဝက်ကြည့်မကောင်းဘူးတဲ့၊ ပြီးတော့ သူက ရန်ဖြစ်တာလည်းတော်တယ်တဲ့။


– သိချင်သွားပြီ၊ ဥက္ကဋ္ဌရှန် ဓာတ်ပုံပို့ပေးပါ!

ရှန်ချီဟွမ်းက ကွန်းမန့်အချို့ကိုဖတ်ပြီး စာမပြန်ခဲ့ပေ။ သူကခေါင်းငုံ့ပြီး အိပ်မောကျနေသော ရှန်းယုဟန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ရှန်းယုဟန် ဒီနေ့ ပြတိုက်မှာ ငိုခဲ့တာကို တွေးနေသည်။ အဲ့ဒီလူတွေနဲ့ မခွဲချင်လို့လား… ဒါမှမဟုတ် အဲ့ဒီမိသားစုကစာကိုဖတ်ပြီး ရင်ထဲထိသွားတာလား


ဒါက သူအရက်သောက်ပြီး အိမ်ပြန်ချင်တယ်လို့ ပြောခဲ့တဲ့ ဒုတိယအကြိမ်ပဲ။ အဲ့ဒီတုန်းက တတိယအစ်ကို ၊ အခုက အစ်ကို​ကြီးတစ်​ယောက်ထပ်တိုးလာတယ်။ သူ့အစ်ကိုကို ဘယ်ကရတာလဲ… သူက တစ်ဦးကလေးမဟုတ်ဘူးလား?


ထားလိုက်တော့… မူးပြီး​ပြောတဲ့စကားတွေပဲ.. သူက လတ်တလော သခင်မလေးရှန်းကို အရမ်းအာရုံစိုက်နေရလို့ဖြစ်မယ်။ သူမက လက်ထပ်မယ့်နေ့မှာ ပျောက်သွားပေမယ့် သူမကိုဂရုစိုက်တဲ့ မိသားစုဝင်တွေရှိတယ်။ ဒါက တကယ်ကို အားကျစရာကောင်းတဲ့ မိသားစုဘဝပဲ။ ရှန်းယုဟန်က အားကျနေတာမဆန်းပါဘူး။ သူမူးနေရင်တောင် သူ့ကိုယ်သူပါဝင်နေတယ်လို့ ခံစားနေတုန်းပဲ…


သူက သခင်မလေးရှန်းမဖြစ်နိုင်ဘူး။ သူက သူချစ်ရတဲ့ဇနီး…


သူက ဝေ့ပေါ်အကောင့်ကို နှိပ်လိုက်တော့ ဒါရိုက်တာကျင်းဆီမှ ရုပ်ရှင်ပြပွဲလက်မှတ်ကို ရထားသည်။


သူက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းသွားဖို့ မမျှော်လင့်ထားပေ။



ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ထိုလက်မှတ်ပို့ပေးလိုက်သည်။ သူ သွားတာ မသွားတာက သူ့အပေါ်မမူတည်ပေ။


ရှန်ချီဟွမ်း၏ Hot Searchက ပကတိအတိုင်းရှိနေဆဲဖြစ်ပေမယ့် သူက Hot Search ပေါ်မှာ အင်တာနက်သုံးစွဲသူများ၏ စနောက်ခြင်းကို ခံနေရတုန်းပဲ။


သူက ဇနီးသည်နှင့် ဟိုတယ်ထဲဝင်သွားလို့ ရဲစခန်းရောက်သွားသည့် ပထမဆုံး နာမည်ကြီးတစ်ယောက်ဖြစ်နိုင်သည်။

ဥက္ကဋ္ဌရှန်းကတွေးလိုက်သည်၊ သူက နာမည်သိပ်မကြီးလို့ဖြစ်မယ်။

ရုပ်ရှင်အထူးပြပွဲက နောက်သုံးရက်နေမှ ကျင်းပမှာပင်။ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း နှစ်ယောက်လုံးက မသွားခဲ့ကြပေ။ သူတို့က Hot Search ပေါ်က ဆင်းလာခါစဖြစ်၍ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မီဒီယာတွေ ပုံရိုက်သွားမှာမလိုလားပေ။ ရှန်းယုဟန်ကလည်း ညဘက်အပြင်ထွက်ရတာမကြိုက်ပေ။


သူမသွားရင်တောင် ရုပ်ရှင်ထွက်လာတော့ သူနဲ့ပတ်သတ်သော Hot Search များရှိနေခဲ့သည်။


ရုပ်ရှင်အမျိုးအစားမှာ လူတစ်စုအတွက်သာ ရိုက်ကူးထားသောရုပ်ရှင်ဖြစ်၍ ကြည့်ရှုသူတိုင်းက နက်မှောင်သော ဇာတ်လမ်းတည်ဆောက်ပုံကို မကြိုက်ကြပေ။ သို့သော် ယင်းက ရုပ်ရှင်၏ သာယာလှပမှုကိုကြိုက်သော လူနောက်တစ်စုကို မထိခိုက်ခဲ့ပေ။



ရုပ်ရှင်ထဲက ပန်းချီကားက အတော်လေးပေါက်သွားသည်။


မူလက ရုပ်ရှင်၏ တရားဝင်ဘလော့က ပေါ့ပေါတန်တန် တင်ခဲ့ပေမယ့် စူးရှသောလူများက ပန်းချီကားစတိုင်ကိုတွေ့ခဲ့တာကြောင့် သူတို့က ဘယ်သူဆွဲထားတာလဲ သိချင်နေသည်။ ဒါရိုက်တာကျင်းက ထိုကွန်းမန့်ကို တုံ့ပြန်လိုက်ပြီး ရှန်းယုဟန်ကို မန်းရှင်းလုပ်ကာ သူဆွဲထားတာလို့ပြောခဲ့သည်။


အရမ်းကောင်းတယ်၊ သူ့ရဲ့ထုတ်ဖော်မှုက ရှန်းယုဟန်၏ ဖန်များကို ဆွဲဆောင်နိုင်ခဲ့သည်။ 


{မီးပုံပျံပွဲတော်၏ပျော်ရွှင်မှု} ပန်းချီကားအတွက် ချီးကျူးမှုအပြည့်!


ချစ်ဖို့ကောင်းသော ရှေးခေတ်ပုံစံ ပန်းချီများရေးဆွဲသော ယီဖန့်ကျွိရှီးက ဤကဲ့သို့ လေဟာပြင်စျေးပန်းချီများလည်း ဆွဲနိုင်သည်။ 'ချင်မင်ပွဲတော်ရှိမြစ်များ’ ပန်းချီကို မြင်ဖူးသူများက ပန်းချီကားထဲမှ ဘဝက အသေးစိတ်ကျတာကို သိခဲ့သည်။ လူတိုင်းက ပန်းချီကားထဲကနေ ရှေးခေတ်လူ​နေမှုဘဝကို သေချာမြင်နိုင်ပြီး ဤပန်းချီကားကလည်း စျေးမပေါပဲ အသေးစိတ်ကျလွန်းသည်။ ဒါကြောင့် မသိတဲ့သူဆိုရင် ဤပန်းချီကားကို အသက်ငါးဆယ်ကျော်အရွယ်က ဆွဲထားတယ်လို့ ထင်ပေလိမ့်မည်။


အရင်က တစ်ခါမှမမြင်ဖူးသော ပစ္စည်းများလည်းရှိနေပြီး ရှေးဟောင်းပန်းချီကားပုံစံကို ​လေ့လာထားသော လူများက ထိုပစ္စည်းများကို မသိကြပေ။


ထိုသည်မှာ ရှေးဟောင်းသုတေသနပညာရှင်က မေးခွန်းမမေးခင်အထိဖြစ်၏။ ဒီထဲကပစ္စည်းတွေက အနောက်တိုင်းဟန်မင်းဆက်အုတ်ဂူက တူးဖော်ရရှိခဲတဲ့ ပစ္စည်းတွေနဲ့ ဘာလို့တူနေတာလဲ? 

ပန်းချီကားတစ်ချပ်က ရုပ်ရှင်ကို အဆင့်မြှင့်ပေးရုံမကပဲ အနောက်ဟန်မင်းဆက်၏အုတ်ဂူအဆင့်ကိုပါ မြှင့်တင်ပေးထားသည်။ ပြတိုက်က အခြေအနေကို အခွင့်ကောင်းယူကာ အနောက်ဟန်မင်းဆက်၏အုတ်ဂူနဲ့ ပတ်သတ်သော အချက်အလက်တချို့ကို ထုတ်ဖော်ခဲ့သည်။ အုတ်ဂူပိုင်ရှင်မှာ ချီတိုင်းပြည်က ရှန်းကျိယွီဖြစ်ပြီး သူတို့က သူ့ရုပ်ကို ခေတ်သစ်နည်းပညာဖြင့် ပြင်ဖို့ကြိုးစားနေသည်။


ရှေးခေတ်လူသားများ၏ရုပ်သွင်ကို ပြန်လည်ထိန်းသိမ်းရန် ခေတ်မီနည်းပညာကို အသုံးပြုခြင်း… အင်တာနက်သုံးစွဲသူများက မျှော်လင့်နေကြသည်။


အချိန်အတိုင်းအတာတစ်ခုအထိ ရှန်းယုဟန်က သူနာမည်ကြီးနေပြီး သူ့ဖန်ပမာဏ မြှင့်တက်လာတာကို မသိခဲ့ပေ။ 


ယနေ့တွင် သူက ရှန်ချီဟွမ်းနှင့် နေ့လည်စာအတူစားရန် ကုမ္ပဏီကို သွားခဲ့သည်။


မမျှော်လင့်ထားသည်မှာ လက်ထောက်ယန်က သူ့ကိုတားပြီး စာရွက်နှစ်ရွက်ပေးခဲ့သည်။ “မစ္စတာရှန်း… ဒါက လတ်တလော ခင်ဗျားကိုတောင်းဆိုထားတဲ့ ပန်းချီကားစာရင်းပါ။”


ရှန်းယုဟန်က နာမည်ကြီးစာရင်းကို ငုံ့ကြည့်လိုက်ပြီး နောက်ကျောမှာ ကိုးကားချက်ရှိနေသဖြင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်တော်လုပ်ရမှာလား?”

ရှန်ချီဟွမ်းက ကွန်ပျူတာ​ဘေးမှာထိုင်ပြီး သိပ်တပ်ဆင်လေ့မရှိသော မျက်မှန်ကို တွန်းတင်ခဲ့သည်။ မျက်လုံးကို အလွန်အကျွံသုံးမှုကြောင့် သူ့မြင်ကွင်းက အနည်းငယ်ဝေဝါးနေသည်။ ဒါကြောင့် သူက စာရိုက်ရင်း မျက်မှန်တပ်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”


မကြာသေးခင်က သူ့ဘဏ္ဍာတိုက် အတော်လေးပြည့်နေတာကို ရှန်းယုဟန်က သိရှိခဲ့ပြီး မတုန်မလှုပ်ပြောလိုက်လေသည်။ “သူတို့တောင်းဆိုချက်က အရမ်းထူးဆန်းတယ်””

ရှန်ချီဟွမ်းက ပြောင်ကျကျပြောလိုက်သည်။ “မင်းမဆွဲချင်ရင် မဆွဲနဲ့။”


ရှန်းယုဟန်က ​ဖောင်ပေါ်က လိုအပ်ချက်ကိုကြည့်လိုက်သည်။ “အွန်း၊ ကျွန်တော်က ရှုခင်းပန်းချီဆွဲတာမတော်လို့ မဆွဲတော့ဘူး။”

သူဌေးငွေရှာသော အမြန်နှုန်းကို ကျင့်သားရနေသော လက်ထောက်ယန်က ပြောလိုက်သည်။ “ဒါဆို မင်းဘယ်နှစ်ယောက်ရွေးချယ်မှာလဲ?

ရှန်းယုဟန်က ရိုးရှင်းသော တောင်းဆိုချက်အနည်းငယ်ကို ညွှန်ပြလိုက်၏။ “ဒီသုံးယောက်”


လက်​ထောက်ယန်က တစ်​ယောက်ချင်းစီကို ငြင်းဆိုခဲ့သည်။


အငြင်းခံရသူများက ရှန်းယုဟန်ကို အရမ်းခက်တာ ဆွဲခိုင်းလိုက်မိကြောင်း နားလည်လိုက်သည်။ သူတို့ကမ်းလှမ်းတဲ့စျေးနှုန်းက မမြင့်လို့ဖြစ်မည်!


ယင်းမှာ မရည်ရွယ်ထားပဲ မိုးမခပင်ပေါက်လာသလိုပင် ရှန်းယုဟန်၏ ပန်းချီကားစျေးနှုန်းက ဇီးရိုးတစ်လုံးမြှင့်တက်လာခဲ့သည်။


{မီးပုံးပျံပွဲ​တော်၏ပျော်ရွှင်မှု} ပန်းချီကားကိုရထားသော ဒါရိုက်တာကျင်းက လက်တွေ့ကျကျ ရယ်မောနေတော့သည်။ ရုပ်ရှင်ကား၏ ရုံဝင်ငွေက မမြင့်သော်လည်း ဤပန်းချီကား၏စျေးနှုန်းက မြင့်နေခဲ့သည်။