Chapter 91
Viewers 23k

Chapter 91


“နောက်ကလိုက်ခံရခြင်း”


ရသစုံရှိုး (ကျွန်တော်တို့ဘဝ) သည် Season နှစ်ခုပြီး၍ Season 3 မှာ ပြသခဲ့သည်။

တကယ်တော့ ပရိုဂရမ်အဖွဲ့က ရှန်ချီရှင်းကို Season တစ်ခုစီမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် Season နှစ်ခုက မဖြစ်မြောက်ခဲ့ပေ။ ရှန်ချီရှင်းက သူတို့အဖွဲ့၏ ရုပ်ရှင်အချိန်ဇယားနဲ့ညှိနေ၍ Season 1 မှာမပါဝင်နိုင်ခဲ့ပဲ Season 2 ကတော့ နိုင်ငံခြားရောက်နေ၍ဖြစ်၏။ နောက်ဆုံးမှ Season 3 တွင် သူ့ကို ရိုက်ကူးခွင့်ရခဲ့သည်။



ပရိုဂရမ်မှာ ပုံသေပရိသတ်ရှိပြီး တစ်ပိုင်းချင်းစီတွင် အနုပညာရှင်များကို ဖိတ်ခေါ်လေ့ရှိသည်။ ပရိုဂရမ်၏ အဆင့်သတ်မှတ်ချက်(rating) မှာ တသမတ်တည်းရှိပြီး ရသစုံရှိုးအမျိုးမျိုးကြားက နံပါတ်တစ်ရှိုးဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။


ပရိုဂရမ်ကို ယခုထိမပြသေးပေမယ့် ပရိုပရမ်အဖွဲ့က ယခင်တစ်ပတ်လောက်တည်းက ပရိုမိုးရှင်းအများကြီးလုပ်ခဲ့ပြီး ထရေလာဗီဒီယိုကို တရားဝင်ဘလော့မှာ တင်ခဲ့သည်။ ရှန်ချီရှင်း၏နာမည်ကို ထုတ်လွှင့်ရုံနဲ့ ပရိသတ်ဘယ်လောက်ကို ဆွဲဆောင်နိုင်လဲဆိုတာ ထည့်မပြောပဲ မျိုးရိုး ‘ရှန်'နဲ့တင် ဆူညံဖို့လုံလောက်သည်။ သူ့မိသားစုကို ဘယ်သူက စိတ်မဝင်စားလို့လဲ?


ရှန်ချီရှင်းက ဖျော်ဖြေရေးလောကတွင် သူ့ကိုယ်ပိုင်ကမ္ဘာရှိပြီး ယင်းမှာ သူ့မျိုးရိုးနောက်ခံမှ အကျိုးအမြတ်ရခဲ့တာလည်းပါသည်။ သူက ပွဲဦးထွက်ကတည်းက ပရိတ်သတ်အမြောက်အများကို ရရှိခဲ့ပေမယ့် သူ့ဘဝကို ခပ်လျှိုလျှိုသာနေထိုင်ပြီး သူ့ချမ်းသာကြွယ်ဝမှုကို ကြွားဝါခြင်းမရှိခဲ့သလို သူက သူ့မိသားစုအကြောင်းလည်း သိပ်မပြောခဲ့ပေ။ သူက ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းကို အလေးထားပြီး သူ့ပုံစံက လူချမ်းသာမိသားစုကလာသော သခင်လေးနှင့်မတူပေ။ သူ့ဖန်များက သူ့အတွက် စိတ်မကောင်းဖြစ်လေ့ရှိသည်။ ရှန်ချီရှင်း၏ဖခင်က သူ့မိခင်ကို မချစ်သလို သူ့မွေးမိခင်က သူမွေးပြီးကတည်းက သီလရှင်ဝတ်သွားတာလို့ ပြောကြသည်။


ပရိသတ်များတင်မဟုတ်ပဲ အင်တာနက်သုံးစွဲသူများကပါ ရှန်ချီရှင်း၏မိသားစုကို စိတ်ဝင်စားကြသည်။


ရှန်ချီရှင်း၏ကျော်ကြားမှုကိုတော့ ထည့်မပြောလေနှင့်၊ ရှန်ချီဟွမ်းက သူတတိယအစ်ကိုဖြစ်ပြီး ရှန်ချီယွမ်က သူ့အစ်ကိုကြီးဖြစ်သည်။ သူတို့နှစ်ယောက်မှာ အတိုင်းအတာတစ်ခုအထိ ကျော်ကြားမှုနှင့် လွှမ်းမိုးနိုင်စွမ်းရှိပြီး သူတို့ဖခင် ရှန်ထျန်းဖုန်းက လူသိများသော သူဌေး​ကြီးတစ်ဦးဖြစ်ကာ အလွန်ကြွယ်ဝချမ်းသာသည်။ ထို့အပြင် သူက ချမ်းသာပြီး အာဏာရှိသောမိသားစုတွင် ရိုမန်တစ်အဆန်ဆုံးပုဂ္ဂိုလ်လည်းဖြစ်၏။

ယခုအခါ ရှန်ချီရှင်းက သူ့မိသားစုနှင့် ရှိုးတစ်ခုရိုက်ကူးခဲ့ပြီး ပရိသတ်များက စိတ်အားထက်သန်စွာ စောင့်မျှော်နေကာ အင်တာနက်သုံးစွဲသူများကလည်း ပရိုဂရမ်ကို စောင့်နေကြသည်။


သူတို့က ရှန်ချီရှင်းကြောင့် ပရိုဂရမ်ကိုကြည့်ဖို့ စိတ်လောနေကြပြီး ရှိုးအဖွဲ့သားများက အရမ်းတော်ကာ ပရိသတ်များက သုံးနာရီနီးပါးကြာသော အချိန်ဇယားကို အလွန်သဘောကျနေသည်!


မင်းတို့ဘာကိုစောင့်နေတာလဲ၊ ရှိုးကြည့်ဖို့ပြေးကြတော့..



ပရိုဂရမ်၏ ပထမဆုံးဇာတ်ဝင်ခန်းက ယခင်တစ်ခုနှင့် ကွာခြား၏။ ရှန်ချီရှင်း အိပ်ရာထတာနဲ့ မစခဲ့ဘူး။


တခြားသော အနုပညာရှင်အားလုံးက သူတို့အခန်းထဲကနေ စခဲ့တာဖြစ်၏။!


သို့သော် အလျင်မလိုပါ။ ပရိုဂရမ်အဖွဲ့သားများ ထည့်သွင်းထားသော ကွဲပြားသောအဖွင့်က သူတို့အိုင်ဒေါ ဘယ်လောက်အရေးပါလဲ ပြနေတာပင်။


အိပ်ငိုက်နေသောရှန်ချီရှင်းကို မြင်ရမယ့်အစား တကယ်ပေါ်လာသည်မှာ မနက်ခင်း အာရုံတက်မြင်ကွင်းဖြစ်ပြီး ကြက်ဥနှစ်အရောင်နေမင်းကြီးက မြင့်တက်လာခဲ့သည်။ အင်တာနက်သုံးစွဲသူများက လှပသောနေထွက်ချိန်ကို ကြည့်လိုက်သည်။ 


ကင်မရာက အဝေးကနေ အနီးကိုပြောင်းသွားပြီး တအောင့်ကြာတော့ မြင်ကွင်းက ကြီးမားတောက်ပရှင်းလင်းသော မီးဖိုချောင်ကိုပြောင်းသွားခဲ့သည်။


ထိုအချိန် ရှည်လျားသော အနက်ရောင်ဆံပင်ရှည်က မှန်ဘီလူးမှတစ်ဆင့် ပေါ်လာသည်။ ဆံပင်ရှည်ကို အပြာဖျော့ခေါင်းစည်းကြိုးနှင့် ချည်ထားပြီး နူးညံ့သောလက်တစ်စုံက နောက်ကျောတွင် အေပရွန်ကြိုးချည်လိုက်သည်။

တခဏလောက်တော့ အမျိုးသားလား အမျိုးသမီးလား ဝေခွဲရခက်သွားသည်။ အင်တာနက်သုံးစွဲသူများက ခန့်မှန်းလိုက်၏။ ဒါက ရှန်ချီရှင်းရဲ့မရီးလား? သူ့မရီးက အသက်ငါးဆယ်အရွယ်မလား? အနောက်ကကြည့်တော့ ငယ်ရွယ်ပြီး အရပ်ရှည်နေသလိုပဲ…..


သွယ်လျသောလက်ပိုင်ရှင်က နံနက်စာပြင်ဆင်လိုက်ပြီး ဆန်ပြုတ်ချက်ဖို့ ဆန်ဆေးနေသည်။ တခြားသူများက ဆန်ပြုတ်ချက်ဖို့ ထမင်းပေါင်းအိုးကို သုံးကြပေမယ့် ဤနေရာမှာကွာခြားနေသည်။ သူကအိုးတစ်လုံးကိုသုံးကာ အိုးဖုံးပြီးနောက် အသားလှီးနေသည်။


ထို့နောက် ကင်မရာက ဆန်ပြုတ်ဆီကိုရွှေ့သွားပြီး သွယ်လျသောလက်ပိုင်ရှင်က တုံးထားသောအသား၊ အရွက်နှင့် တခြားပါဝင်ပစ္စည်းများကို ဆူပွက်နေသောအိုးထဲထည့်လိုက်၏။ ထို့နောက် အပူချိန်လျှော့ကာ အဖုံးပိတ်လိုက်သည်။


ဗီဒီယိုက အရှိန်မြန်လာပြီး သွယ်လျသောလက်ပိုင်ရှင် ဖက်ထုပ်လုပ်ဖို့ ပါဝင်ပစ္စည်းပြင်နေတာကို ပြနေသည်။ မကြာခင်တွင် မျှစ်တုံးများ၊ ဝက်သားများ၊ မှိုများနှင့် ပြောင်းဖူးများ စသဖြင့် ပြင်ဆင်ပြီးသားအစာများနှင့်ပြည့်နေသည့် ဂျုံလုံးများကို ပေါင်းအိုးပေါ်တင်လိုက်၏။


သွယ်လျသောလက်ပိုင်ရှင်က ဘေးကိုလှည့်သွားပြီး တခြားတစ်ခုပြင်ဆင်နေသည်။


သုံးမိနစ်ကြာတဲ့ထိ အင်တာနက်သုံးစွဲသူတွေက ပိုင်ရှင်ရဲ့မျက်နှာကို မမြင်ရသေးတာလား?


ဆံပင်ရှည်နဲ့အလှလေးက ရှန်မိသားစုရဲ့စားဖိုမှူးလား၊ ရှန်ချီရှင်းရဲ့ မရီးလား? ဘာပဲဖြစ်ဖြစ် အိုင်ဒေါရဲ့ကောင်မလေးတော့ မဖြစ်နိုင်ဘူး။ သူတို့အိုင်ဒေါက ဆင်ဂယ်…..



သူတို့က မျက်နှာမပြပေးတာကြောင့် သိချင်စိတ်ပြင်းပြနေကြသည်။


ဆန်ပြုတ်အိုး၊ ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊ ကြက်ဥ၊ အရံဟင်းလျာနှင့် အရောင်အသွေးစုံသော အစားအစာများ စားပွဲပေါ်မချခင်အထိ သူတို့က သွယ်လျသောလက်နှင့် နောက်ကျောကိုသာမြင်ခဲ့ရသည်။ မျက်နှာကို လုံးဝမဖော်ပြသလို အသံတစ်သံတောင်မထွက်ပဲ ဖြစ်စဥ်တစ်ခုလုံးက တိတ်ဆိတ်နေသည်။


သို့သော် သူတို့က သဘောကျနေကြသည်။

လက်ပိုင်ရှင်က အေပရွန်ချွတ်လိုက်ပြီး အပေါ်ထပ်တက်သွားသည်။ လူတိုင်းက အလှလေး၏နောက်ကျောကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ခြေတံရှည်တစ်စုံက လှေကားကိုနင်းသွား​ပြီး ရိုးရှင်းသောမီးခိုးရောင်ဝတ်စုံကို ဖော်ပြထားကာ ကင်မရာရှေ့မှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။


နောက်စက္ကန့်မှာ အင်တာနက်သုံးစွဲသူများက ပရိုဂရမ်၏ အရင်းနှီးဆုံးမြင်ကွင်းကို တွေ့ခဲ့ရသည်။ ပရိုဂရမ်ဧည့်သည်အားလုံးက မိတ်ကပ်မပါပဲ နိုးထရခြင်းကို မရှောင်ရှားနိုင်ခဲ့ပေ။


အင်တာနက်သုံးစွဲသူများက သက်ပြင်းချလိုက်၏။ ရှိုးက အစားအသောက်အစီအစဥ်အဖြစ် မပြောင်းလဲခဲ့ဖူးပေ။


သို့သော် ယခုချိန်မှာ သူတို့က မျက်နှာလုံးဝမပြသေးသော ဆံပင်ရှည်နှင့်အလှလေးကို ပိုသိချင်နေကြ၏။



ကျည်ဆံစခရင်**က မေးခွန်းများနှင့် ပြည့်နှက်သွားသည်။

(****​ကြည့်ရှူသူတွေ comment ပေးလို့ရတဲ့ feature လုပ်ဆောင်ချက်တစ်ခုကိုပြောတာပါ။)


– မာလာအစပ်ချောင်းစားပြီးပြောရဲတယ်။ အဲ့ဒါ ရှင်းရှင်းရဲ့ အကြီးဆုံးမရီးပဲ!


– ငါကတော့ ရှင်းရှင်းအိမ်မှာ ချက်ပြုတ်ပေးရတဲ့ အစေခံလို့ထင်တယ်။ ပြီးတော့ ရှင်းရှင်းက လူချမ်းသာမိသားစုက သခင်လေးလေ!


– ငါ့အမေ၊ အခုခေတ်မှာ ကလေးထိန်းတွေက ခေတ်မီတာလား? ဆံပင်ရှည်သလို အရပ်လည်းရှည်တယ်။ မြင်မြင်ချင်းကို လှမှန်းသိတယ်ဝေ့….

– ငါ တိုးတက်မှုဘားကို တကယ်ဆွဲပစ်လိုက်ချင်ပေမယ့် ငါလည်းပဲ လျို့ဝှက်ချက်​ဖော်ရတာကို သဘောကျတယ်။ ဒါရိုက်တာက ငါတို့ရဲ့သိလိုစိတ်ကို အောင်မြင်အောင် နှိုးဆွပေးခဲ့တာပဲ…


– မျက်နှာအပြည့်ပြဖို့ မျှော်နေမယ်


ထိုနောက်မှာ ရှန်ချီရှင်း၏အခန်းများရောက်လာသည်။ သူမျက်နှာသစ်တာ သွားတိုက်တာကိုကြည့်ပြီး ပရိသတ်များက အရမ်းပျော်နေပေမယ့် အင်တာနက်သုံးစွဲသူများက တိုးတက်မှုဘားကို ဆွဲတင်လိုက်ချင်သည်။ သို့သော် မကြာခင်မှာ သူတို့က သူ ဘယ်သူလဲဆိုတာ သိသွားခဲ့သည်။

အကြောင်းမှာ သူတို့မြင်လိုက်ရတာက အဝတ်အစားဝတ်ပြီးသော ရှန်ချီဟွမ်းဖြစ်ကာ သူက အလှလေးဆီသွားကာ သူတို့နှစ်ယောက်က အရမ်းနီးကပ်နေသည်။ သူဘာပြောလိုက်လဲ မသိခဲ့ရပေ။


ထိုအချိန် ကင်မရာက ငိုက်မျည်းနေသော ရှန်ချီရှင်းကို ပြခဲ့သည်။


အင်တာနက်သုံးစွဲသူများ: “.....”

အလှလေး၏မျက်နှာကို မြင်ခါနီးမှာ ကင်မရာက လာနှောင့်ယှက်တာကြောင့် သူတို့အားလုံး ဒေါသထွက်သွားကြ၏။ ဒါရိုက်တာအဖွဲ့က အလုပ်ကိုအာရုံမစိုက်တာပဲ!


မနက်စာအပိုင်းက အမြန်ပြီးသွားပြီး လူတိုင်းက ရှန်ချီဟွမ်း၏ မျက်နှာကို မှတ်မိခဲ့ပြီး အင်တာနက်သုံးစွဲသူများက ကွန်းမန့်များဖြင့် တရစပ်ပစ်ခတ်နေသည်။


သူတို့က ရှန်ချီဟွမ်း အလှလေးအတွက် ကြက်ဥခွာပေးတာကို တွေ့ခဲ့ရပြီး အလှလေးကလည်း သူ့ကို နို့ထည့်ပေးခဲ့ပေမယ့် မျက်နှာမပြခဲ့ပေ။


ဤနေရာမှာစိတ်ဝင်စားစရာတစ်ခုရှိနေသဖြင့် အင်တာနက်သုံးစွဲသူများက ဗီဒီယိုပိတ်ဖို့ တုံ့ဆိုင်းနေသည်။ သူတို့ ဆံပင်ရှည်ရှည်အလှလေး၏မျက်နှာကို မြင်ကိုမြင်ရမည်။


မနက်စာစားပြီးနောက် ရှန်ချီရှင်းက ဆိုဖာပေါ်မှာထိုင်ကာ ဒီနေ့လုပ်ရမယ့်အရာကို ရေရွတ်နေသည်။


ထိုအချိန်မှာ ကင်မရာက တံခါးကိုရွှေ့သွားပြီး ဥက္ကဋ္ဌရှန်းက ကွန်ပျူတာအိတ်နှင့် အပြင်သွားဖို့လုပ်နေပြီး အလှလေးကလည်း သူနဲ့အတူ အပြင်ထွက်မယ့်ပုံပင်။

ထို့​နောက် ဥက္ကဋ္ဌရှန်းက ခေါင်းငုံ့ကာ အလှလေး၏မျက်နှာပေါ် နမ်းလိုက်တာကို မြင်ခဲ့ရပြီး ကင်မရာကို ချဲ့ကြည့်တော့ အလှလေးက “ယောကျ်ား'လို့ခေါ်လိုက်သည်။


အလှလေး၏အသံကရှင်းနေပေမယ့် သိပ်မရှင်းပေ။ တောင်တန်းများမှ ရှင်းလင်းသော နွေဦးမြင်ကွင်းအလား နူးညံ့သိမ်မွေ့နေမှုက လူတွေရဲ့နှလုံးသားထဲကို ဝင်ရောက်သွားခဲ့သည်။ “ယောကျာ်း’ ဆိုသော စကားလုံးက အင်တာနက်သုံးစွဲသူများကို သေလုနီးပါး ရင်ခုန်စေသည်။


အမေရေ!


အရမ်းကောင်းတယ်။ သူတို့နားလည်ပြီ၊ သူက လက်ပဲအမြဲပြပြီး မျက်နှာလုံးဝမပြတဲ့ ဥက္ကဋ္ဌရှန်းရဲ့ သူငယ်ချင်းလေးပဲ၊ ပြေးလို့မလွတ်တော့ဘူး!


တချို့သော ကျည်ဆံစခရင် ဝေဖန်ချက်များလည်းရှိ၏။ အမျိုးသားတစ်ယောက်က ​နောက်ထပ်အမျိုးသားတစ်ယောက်ကို ယောကျာ်းလို့ ဘယ်လိုခေါ်နိုင်တာလဲ၊ မသတီစရာကောင်းတယ်မထင်​ဘူးလား? ဒါက ချမ်းသာပြီး အာဏာရှိတဲ့မိသားစုတဲ့လား? ရွံစရာကြီး!


ရလဒ်အနေဖြင့် လိင်တူအိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားတစ်ယောက်က နောက်အမျိုးသားတစ်ယောက်ကို ယောကျာ်းလို့ခေါ်တာ မသင့်တော်ကြောင်း လူတိုင်းက ပြစ်တင်ကြိမ်းမောင်းခဲ့ကြသည်။ ရှန်ချီရှင်း၏ ပရိသတ်များက တွေဝေနေ၏။ ဒါက သူတို့အိုင်ဒေါရှိုးမလား? မင်းက ဘာလို့ လူတစ်​ယောက်ရဲ့ မရီးကို ဝေဖန်နေရတာလဲ? ပရိုဂရမ်တစ်ခုရိုက်ရတာမလွယ်ဘူးး၊ လူတိုင်းအတွက် မလွယ်ဘူးဟ!


ဘယ်သူ့စောက်လုပ်လဲ၊ အိုင်ဒေါရဲ့မရီးက သူတို့မရီးပဲ၊ ဝေဖန်ခွင့်မပေးနိုင်ဘူး။ အားလုံးကို ရီပို့ထုပစ်မယ်။

ဖန်တွေပါဝင်လာတော့ ကျည်ဆံစခရင်၏ ကွန်းမန့်များက ပိုများလာပြီး အမုန်းပွားပြီး ဆဲရေးတိုင်းတိုင်းထွာနေသော တစ်ယောက်ချင်းစီကို ချက်ချင်းရီပို့ထုပစ်လိုက်ကြ၏။ ဒီလောက်သဟဇာတဖြစ်နေပြီး ကြည့်လို့ကောင်းနေတာကို မင်းတို့ဘာလို့ အေးဆေးမကြည့်ရတာလဲ?

ဝေဖန်သူများက လူနည်းစုသာ ကျန်ခဲ့ပြီး ဘာပဲဖြစ်ဖြစ် ပရိုဂရမ်၏ အဓိကဇာတ်ကောင်မှာ ရှန်ချီရှင်းသာဖြစ်သည်။


သို့သော် သူတို့က ဆက်ကြည့်ပြီးနောက် ရှန်ချီရှင်း၏ဇာတ်ဝင်ခန်း အများကြီးပါတာကို သိခဲ့ရပေမယ့် သူ့မရီး၏ ဇာတ်ဝင်ခန်းကလည်း တိုးလာခဲ့သည်။ 


ဆက်ကြည့်လိုက်သည်နှင့် ဥက္ကဋ္ဌရှန်၏ သူငယ်ချင်းလေးက လက်ရေးလှနှင့် ပန်းချီဆွဲရာမှာ တော်ရုံမကပဲ ဟင်းချက်​တာလည်းတော်သလို ချင်လည်း တီးခတ်နိုင်သည်။ အင်တာနက်သုံးစွဲသူများက တခြားသူများ တီးခတ်တာ ဘယ်လောက်တော်လဲမသိပေမယ့် သူတီးခတ်တာတော့ အရမ်းကောင်းသည်။ ဂီတာတီးပြီး အချစ်သီချင်းသာဆိုနိုင်ကြသော တခြားဧည့်သည်များနှင့်မတူစွာ သူတီးခတ်ခဲ့သည်မှာ 'တောင်ကုန်းများနှင့် စီးဆင်းနေသောရေ'နဲ့ 'ဆယ်ဘက်ခြမ်းမှကင်းတပ်'တို့ဖြစ်ကာ အားလုံးက ဂန္ဓဝင်တေးသံစဥ်များဖြစ်၏။

ပရိုဂရမ်အဖွဲ့က ရှန်းယုဟန်၏မျက်နှာကို မပြလေ အင်တာနက်သုံးစွဲသူများက ဆက်ကြည့်ဖို့ စိတ်ဝင်စားလေဖြစ်၏။

ရှန်းယုဟန်အလှည့်ရောက်ရင် ကင်မရာက ဘာလို့ နောက်ကျောနဲ့လက်ပဲပြတာလဲ? ဘေးကတောင်မပြဘူး။ ဘာဖြစ်လို့လဲ?


ရှန်ချီရှင်းက ဖျော်ဖြေရေးလောကမှာ မကြာခဏဆိုသလို ပါဝင်လှုပ်ရှားနေသဖြင့် လူတိုင်းက အသစ်အဆန်းမရှိဘူးလို့ ထင်ထားခဲ့ကြသည်။


– ဟင့်ဟင့်ဟင့်… ဒီညစာက အရမ်းခမ်းနားတာပဲ၊ ပါးစပ်ထောင့်ကနေ မျက်ရည်တွေကျလာပြီ။


– လွန်ခဲ့တဲ့တစ်နာရီလောက်က ငါဆဲမိသွားတယ်။ တောင်းပန်​ပါတယ်။ မရီး!


– ဥက္ကဋ္ဌရှန်က ကောင်းချီးပေးခံရတာပဲ။ သူ့သူငယ်ချင်းလေးက အိမ်ပြန်လာရင် တံခါးဝမှာစောင့်နေတာ။


– ငါလည်း ဒီလိုဇနီးမျိုးလိုချင်တယ်။ အသံကောင်းတယ်။ ကြည့်ကောင်းတဲ့လက်တွေရှိတယ်။ ချင်တီးခတ်နိုင်တယ်။ ဂိုးကစားတတ်တယ်။ လက်ရေးလှနဲ့ပန်းချီတော်တယ်။ ချက်ပြုတ်နိုင်တယ်။ အတုအယောင်မဆန်ဘူး။ ချိုချိုသာသာ​ယောကျာ်းလို့ခေါ်တယ်။ သူ့ကို ယောကျာ်းလေးလို့တောင် မမြင်တော့ဘူး…မရီးလို့မခေါ်ချင်ပါဘူး။ ဒါက ငါစိတ်ထဲမှာတွေးထားတဲ့ဇနီးပဲ!


– ညဘက်ကြီးဗိုက်ဆာလာပြီ။


ငါလည်းဇနီးလေးလို့ခေါ်ချင်တယ်။ ညစာတစ်လုပ်လောက်စားလို့ရမလား?

ရှန်ချီရှင်းက သူ့တတိယအစ်ကိုလင်မယား၏ မေ့ပြီးချန်ထားခံခဲ့ရသော အပိုင်းကိုရောက်လာသောအခါ အင်တာနက်သုံးစွဲသူများက သေအောင်ရယ်မောကြလေသည်။ တချိန်တည်းမှာ လူချမ်းသာမိသားစုက ခံစားချက်အစစ်အမှန် မရှိကြဘူးဆိုသော ပါးစပ်​ပေါက်များကို ပိတ်ဆို့နိုင်ခဲ့ပြီး ထိုစကားကလည်း ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ကြတာဖြစ်၏။



– ဆိုးတာပဲ၊ ဥက္ကဋ္ဌရှန်က အရမ်းတော်တယ်။ ဇနီးလေးအတွက်နဲ့ ကိုယ့်ညီကိုတောင် မေ့ခဲ့တယ်။


– ရှန်ချီရှင်း be like.: ကျွန်တော်ကားပေါ်မှာ ရှိနေဖို့မတန်ပါဘူး။ ကားအောက်မှာရှိနေသင့်တာပါ!

– ရှန်ချီရှင်း be like: ကျွန်တော့်အစ်ကိုနဲ့မရီးက အချစ်စစ်တွေပါ။ ဒါက မတော်မဆတစ်ခုပါ။


– သူက မိဘတွေရဲ့ အမေ့ခံထားရတဲ့ ကလေးလိုပဲ။ ဖြစ်ပျက်နေတာ ဟားဟားဟား .. ဒီရှိုးရဲ့အဓိကဇာတ်ကောင်က ရှန်ချီရှင်းဆိုတာ သိသေးရဲ့လား?


– ဒီယောက်ဖက အရမ်းသနားစရာကောင်းတာပဲ…. ဟားဟားဟား



– ဥက္ကဋ္ဌရှန်က ဝေ့ပေါ်မှာ သူ့ဇနီးရဲ့ဓာတ်ပုံကို ဘာလို့နေတိုင်းတင်လဲ ငါနားလည်သွားပြီ၊ ငါလည်း သူ့ကိုအဲ့လိုအလိုလိုက်မိမှာပဲ။ ဒါပေမယ့် သနားစရာက ငါ့မှာ ဥက္ကဋ္ဌရှန်လို ပိုက်ဆံမရှိဘူး။


ထိုအပိုင်းကိုကြည့်ပြီးနောက် ပေါ်လွင်သွားတာက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်သာဖြစ်ခဲ့သည်။ လူတစ်စုက သူချက်ထားသော ဟင်းလျာများကိုကြည့်ကာ သွားရည်ကျနေသည်။ ကျည်ဆံစခရင်က ဇနီးလေးဆိုသော စကားလုံးကြောင့် တိမ်မြှုပ်လုနီးပါးဖြစ်​သွားခဲ့သည်။ အင်တာနက်သုံးစွဲသူများက ပရိုဂရမ်၏ကြာချိန်ကို ရှည်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အတော်လေး တိုနေခဲ့သည်။ ပြီး​တော့ ဇနီးလေးနဲ့ သီးသန့်အင်တာဗျူးမရှိဘူးလား?


သို့သော် သူတို့က ပရိုပရမ်ကြောင့် အလွန်ကျေနပ်ခဲ့ကြသည်။ ဒုတိယအပိုင်းမှာ သူတို့က သခင်ကြီးရှန်နှင့် ရှန်ချီရှင်းတို့ မိသားစုညစာစားခဲ့တာကို တွေ့လိုက်ရသည်။

ဒါက ရှန်ထျန်းဖုန်း… အချမ်းသာဆုံးလူတစ်ယောက်!


သူတို့ကျေနပ်ရဲ့လား?

ဘယ်ဟုတ်မလဲ!

ပရိုဂရမ်ကြည့်ပြီးချိန်ထိ ဇနီးလေး၏မျက်နှာကို မမြင်ခဲ့ရပေ။ ပရိုဂရမ်အဖွဲ့က ဘာကိုဆိုလိုတာလဲ? သူတို့က ဧည့်သည်အားလုံးရဲ့မျက်နှာကို ဘာလို့မပြတာလဲ? သူတို့အပေါ်မှာ ဘာလို့အဲ့လိုလုပ်ရတာလဲ?


ဇနီးလေး၏ဘေးတိုက်မျက်နှာက အလှစံနှုန်းတစ်ခု သတ်မှတ်လို့ပင်ရသည်။ သူ့မှာ နူးညံ့သောမေးရိုး၊ လှပသောအသားအရည်၊ စွဲမက်ဖွယ်ကောင်းသော ဖီးနစ်မျက်လုံးတစ်စုံ၊ ရှည်လျားကွေးညွတ်နေသော မျက်တောင်ရှည်နှင့် ကြည်စင်သောမျက်ဝန်းရှိ၏။ အရေးကြီးဆုံးအချက်က သူက ရှန်ချီဟွမ်းကိုသာ မျက်လုံးထဲထည့်ထားပြီး သူ့အပြုအမူက သဘာဝဆန်ကာ ဟန်ဆောင်မှုကင်းသည်။ သူက ရှန်ချီဟွမ်းကို တကယ်သဘောကျတာသိသာသည်။

ထို့အပြင် သူက ရှန်ချီဟွမ်း၏မိသားစုကို စိတ်ရင်းနဲ့ဆက်ဆံပြီး သူ့မိသားစုအတွက် အရသာရှိသော ဟင်းလျာများကို ချစ်ခြင်းမေတ္တာဖြင့် ပြင်ဆင်ပေးသည်။




ရှိုးကိုကြည့်ပြီး မကျေနပ်ကြသော အင်တာနက်သုံးစွဲသူများက ရူးသွားကြပြီး ဝေ့ပေါ်မှာပို့စ်တင်ခဲ့သည်။ သူတို့က ပရိုဂရမ်အဖွဲ့ကို အလုပ်ကောင်းကောင်းမလုပ်လို့ ဆူပူနေကြသည်။ ရှန်းယုဟန်ရဲ့ မျက်နှာတစ်ခုလုံးကို မပြနိုင်ဘူးလား?


ပရိုဂရမ်အဖွဲ့ကလည်း အခက်အခဲကြုံခဲ့ရတာကြောင့် အင်တာနက်သုံးစွဲသူများ၏ ဝမ်းနည်းကြေကွဲမှုကို နားလည်သည်။ သူတို့က မပြချင်တာမို့လား? သူ့ဇနီးကိုကာကွယ်ဖို့ မပြခိုင်းတာ သူ့​​​ယောကျ်ားလေ! သူတို့မှ မပြရဲတာ!


မဟုတ်သေးဘူး။ အင်တာနက်သုံးစွဲသူများ၏ နာကျည်းမှုက ကြီးလာလေလေ ဆွေးနွေးမှုက ပိုပြင်းထန်လာလေဖြစ်၏။ မာကတ်တင်းအကောင့်က ဆဲဆိုခံနေရကာ ရှန်ချီဟွမ်းနှင့် ပတ်သက်သော hot search တစ်ခုပေါ်လာခဲ့သည်။ ဒီလိုဇနိီးကို သိမ်းပိုက်ထားတဲ့ မင်းကိုအရမ်းမုန်းတယ်! ထို Hot Searchက ဘာမှအပိုလုပ်စရာမလိုပဲ Top 3 ရောက်သွားခဲ့ပြီး မိနစ်အနည်းငယ်အတွင်းမှာ ပထမနေရာဆွတ်ခူးခဲ့လေသည်။


ရှန်းယုဟန်၏ဝေ့ပေါ် followers များက အတိုင်းအတာတစ်ခုအထိ တိုးမြှင့်လာခဲ့ပြီး သူ့နောက်ဆုံးဗီဒီယိုမှာ ကွန်းမန့်ပေးထားသော လူတစ်စုက သူ့ကို ဇနီးလေးလို့ ​ခေါ်လာလေသည်။


(ကျွန်တော်တို့ဘဝ)က လူပြောအများဆုံးအဆင့်ကို ရောက်သွားကာ ပထမနေရာအပြင် သူနဲ့ပတ်သက်သော Hot Search များစွာ ထပ်ပေါ်လာခဲ့သည်။


“ရှန်ချီရှင်း.. အမေ့ခံရတဲ့ကလေး#


“ရှန်ထျန်းဖုန်း.. မိသားစုစည်းလုံးညီညွတ်စွာနေထိုင်ပါက စီးပွားတိုးတက်မည်#


ခေါင်းစဥ်များမှာ ရှန်းယုဟန်မပါဝင်သော်လည်း အားလုံးက သူနဲ့သက်ဆိုင်နေသည်။

တချိန်တည်းမှာ ရှန်းယုဟန်က တစ်နေကုန် အိပ်ငိုက်နေပြီး ဗီဒီယိုအစပိုင်းကိုကြည့်ပြီး​နောက် သူ့ခင်ပွန်း၏လက်မောင်းထဲမှာ အိပ်ပျော်သွားခဲ့သည်။




ရှန်ချီဟွမ်းက ဝေ့ပေါ်သုံးပြီးနောက် သူ့စိတ်က အတော်ရှုပ်ထွေးလာသည်။ သူ့ဇနီးကို ဒီရှိုးထဲ ပါဝင်ခွင့် မပေးခဲ့သင့်ဘူး!


သူ့ဇနီးကို တခြားသူတွေက ဘာလို့ ဇနီးလေးလို့ခေါ်နေတာလဲ? သူတို့အားလုံးက သူ့ဇနီးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အလှကို မက်မောနေကြတာ။


သူအခု​နောင်တရနေပြီ။


ရှန်းယုဟန်က ဝေ့ပေါ်ကို အာရုံသိပ်မစိုက်သဖြင့် ဒုတိယနေ့ ပြသပြီးသည်အထိ သူနာမည်ကြီးနေတာကို သတိမထားမိခဲ့ပေ။ သူက သူ၏ လုပ်ရိုးလုပ်စဥ်ဖြစ်သော သူ့ခင်ပွန်းကိုနှိုးတာ ၊ သူ့ခင်ပွန်းအတွက် မနက်စာပြင်တာ။ သူ့ခင်ပွန်းကိုအလုပ်ပို့တာ၊ နေ့စဥ်အိမ်စာလုပ်ပြီး ခေတ်သစ်ဗဟုသုတများကိုလေ့လာတာ… . ဤအရာများနှင့် အလုပ်ရှုပ်နေခဲ့သည်။



ရှန်ချီဟွမ်းက သူ့ထက်တောင် စိုးရိမ်ပူပန်နေခဲ့သည်။ သူက သူ့ဇနီးလေး တစ်​​ယောက်ယောက်နဲ့ ထွက်ပြေးသွားမှာစိုး၍ အချိန်ရတိုင်း မက်ဆေ့ပို့နေသည်။



ထိုမျှမကပဲ ရှန်ချီဟွမ်းက သူ့ဇနီးလေးကို မမက်မောကြဖို့ အင်တာနက်သုံးစွဲသူများကို သတိပေးသည့် ဝေ့ပေါ်ပို့စ်တစ်ခုလည်းတင်ခဲ့သည်။ အင်တာနက်သုံးစွဲသူများက အလွန်အမင်း စိတ်အားထက်သန်နေပြီး ‘ဥက္ကဋ္ဌရှန်မနာလိုဖြစ်နေတယ်’ စကားလုံးဖြင့် သူ့ကို Hot Search ထဲဝင်အောင် ထပ်လုပ်ခဲ့ပြန်သည်။

ညနေပိုင်း အိမ်ပြန်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို Hot Searchအကြောင်း ပြောပြလိုက်ပြီး ရှန်းယုဟန်က အူမြူးနေကာ သူ့ခင်ပွန်းကို နှစ်သိမ့်နေသည်။


“သူတို့ဘာလုပ်လုပ် ခင်ဗျားဘာဂရုစိုက်စရာရှိလဲ? ကျွန်တော်က ဒီလူတွေကို မသိသလို ခင်ဗျားလည်း သူတို့ကိုမသိဘူး… ဟုတ်တယ်မလား?” သူက ပွင့်လင်းတော့ အင်တာနက်က သူ့ဘဝကို မထိခိုက်စေတာကို နားလည်သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်စကားကြောင့် စိတ်သက်သာရာရသွားပေမယ့် သူက စကားအဖြစ်သာပြောနေတာဖြစ်ပြီး အင်တာနက်ကမ္ဘာကို စွဲလမ်းမနေပဲ အလုပ်ရှုပ်နေခဲ့သည်။


ရက်အနည်းငယ်ကြာတော့ ရှန်ဂရု၏ တရားဝင်ဝဘ်ဆိုက်က သူတို့၏လက်ရှိဥက္ကဋ္ဌကို ကြေညာခဲ့သည်။ ဤတစ်ကြိမ်မှာ ရှန်ချီဟွမ်းက သတင်းဌာနကြီးများ၏ ခေါင်းစည်းပိုင်းမှာ တိုက်ရိုက်ပါဝင်လာခဲ့ပြီး ထိုသတင်းကိုတော့ လုံးဝဂရုမစိုက်ခဲ့ပေ။


သူ ရှန်ဂရုကို အမွေဆက်ဆံခဲ့ခြင်းက ရှောင်လွှဲလို့မရသောအချက်ဖြစ်ပြီး ရှန်ထျန်းဖုန်းကနောင်တရရင်တောင် သူက လက်ရှိမှာ ရှန်ဂရု၏ ပဲ့ကိုင်ရှင်ဖြစ်သည်။ တစ်ဖက်မှာ ရှန်းယုဟန်က ရှန်ဂရုနဲ့ပတ်သက်သော ဆောင်းပါးများစွာကို ဖတ်ရှုခဲ့ပြီး သူတို့က ရှန်ချီဟွမ်း ဘယ်လောက်အကြံအစည်ကြီးကြောင်း ရှန်ဂရုကိုရဖို့ ဘယ်လိုတိုက်ခိုက်ခဲ့ကြောင်း အမျိုးမျိုးရေးသားထားကြသည်။

“ယောကျာ်း၊ သူတို့က ခင်ဗျားကို ဘာလို့အဲ့လိုတွေပြောနိုင်ရတာလဲ? ခင်ဗျားမလိုချင်ခဲ့တာသိသာတာကို” သူက သူ့ခင်ပွန်း အိပ်သာအိပ်ချင်ပြီး အလုပ်မသွားချင်တာကို အားလုံးထက်ပိုသိသည်။ ရှန်ချီဟွမ်းက နေ့စဥ်နေ့တိုင်း လွတ်လပ်သောဘဝကိုရဖို့ မျှော်လင့်နေတာကြောင့် သူက ဘာလို့ ဒီအရာတွေကို လုပ်နိုင်ရမှာလဲ… တကယ်တော့ တခြားအိမ်တော်သုံးအိမ်ကသာ သူ့ကို တစ်နေ့ထက်တစ်နေ့ လုပ်ကြံဖို့ ကြိုးစားနေခဲ့တာမလား…

ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နှစ်သိမ်ရမည့်အလှည့်ရောက်လာခဲ့သည်။ သူက ရှန်းယုဟန်အတွက် လက်ဖက်ခြောက် ကိုယ်တိုင်ဖျော်လာပြီး “ဒေါသမထွက်ပါနဲ့၊ ဒီတိုင်းကြုံရာကျပန်းရေးနေကြတာ”လို့ ပြောလိုက်၏။




(ကျွန်တော်တို့ဘဝ) ပရိုဂရမ်ပြီးသွား​သည်အထိ ရှန်းယုဟန်က မျက်နှာအပြည့်ကိုမပြခဲ့ပေ။ အင်တာနက်သုံးစွဲသူများက စွယ်စုံတော်တာ​ကြောင့် ဗီဒီယိုထဲက ရှန်းယုဟန်၏ ပုံအပိုင်းအစများကို ဖြတ်ညှ​ပ်ကပ်ကာ မျက်နှာပုံဖော်ဖို့ ကြိုးစားခဲ့ကြသည်။ သူက သေချာကာကွယ်ခံထားရလို့လားမသိပေမယ့် အင်တာနက်ပေါ်မှာ သူနဲ့ပတ်သက်သော ဓာတ်ပုံမရှိပေ။ အရှင်းဆုံးဓာတ်ပုံမှာ ဗီဒီယိုထဲက ဘေးတိုက်မျက်နှာသာဖြစ်၏။


စိတ်အားထက်သန်မှုနှင့်အတူ ရှန်းယုဟန်က နောက်ဆုံးတစ်ခေါက်က အလုပ်တွဲလုပ်ခဲ့သော ဒါရိုက်တာကျင်းအပါအဝင် လူများစွာက သူ့ကိုရှာနေကြောင်း လက်ထောက်ချွီထံမှ သိခဲ့ရသည်။ ဒါရိုက်တာကျင်းက လက်ရှိမှာ အချက်အပြုတ်နှင့်ပတ်သတ်သော ရုပ်ရှင်တစ်ကားကို ရိုက်ချင်နေပြီး ရှိုးကိုကြည့်​ပြီး​နောက် ရှန်းယုဟန်က အလွန်အရည်အချင်းရှိသူဖြစ်တာကို သိခဲ့ရပြီး သူက သူ့ကို ပရိုဂရမ်အဖွဲ့၏ အချက်အပြုတ်ဒါရိုက်တာလုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့သည်။


ရှန်းယုဟန်က ထိုအရာကိုစိတ်ဝင်စားသည်။ သူချက်ပြုတ်ခဲ့သောဟင်းလျာများက ချီတိုင်းပြည်မှ လက်ဆင့်ကမ်းခဲ့တာဖြစ်ပြီး သူ ရှိုးမှာပါဝင်လျှင် ချီတိုင်းပြည်၏ ယဥ်ကျေးမှုကို မြှင့်တင်ပေးနိုင်သည်။ သို့သော် သူက ထိုကိစ္စဆွေးနွေးဖို့ လိုအပ်နေဆဲပင်။



သူက အလုပ်ကိုလက်ခံချင်နေပြီး သူ့ခင်ပွန်းကို​ပြောပြပြီးနောက် ဒါရိုက်တာကျင်းနှင့်တွေ့ဖို့ စီစဥ်ခဲ့သည်။



တွေ့ဆုံသောနေရာမှာ လက်ဖက်ရည်ဆိုင်ဖြစ်၏။


ဒါရိုက်တာကျင်းက ရှန်းယုဟန်ကိုတွေ့တော့ လန့်ဖျပ်လုနီးပါးဖြစ်ခဲ့သည်။ ရှန်းယုဟန်၏နောက်မှာ ဘော်ဒီဂတ်နှင့် လက်ထောက်ရှိသည်။ တိုက်ပွဲကတော့မသေးဘူးပဲ….


ညှိနှိုင်းမှုလုပ်ငန်းစဥ်က ချောချောမွေ့မွေ့ ပြီးသွားပြီး ဒါရိုက်တာကျင်း၏ လတ်တလောရုံတင်နေသော ရုပ်ရှင်က ရုံဝင်ငွေတိုးလာသည်မှာ ရှန်းယုဟန်၏ကျေးဇူးဖြစ်သည်။ သူတို့က လက်ရှိမှာ နောက်တစ်​ကြိမ် အလုပ်တွဲလုပ်တာဖြစ်၍ အခြေအနေသတ်မှတ်ချက် အရမ်းမများသရွေ့ ဒါရိုက်တာကျင်းက လက်ခံပေးနိုင်သည်။


သူတို့နှစ်ယောက်က စကားပြောကောင်းခဲ့ကြပြီး နေ့လည်စာအတူစားပြီး​နောက် ရှန်းယုဟန်က ရှန်ချီဟွမ်း အလုပ်ဆင်းတာကိုစောင်ဖို့ ရှန်ဂရုကို သွားဖို့ပြင်သည်။


ကားထွက်သွားပြီးသိပ်မကြာခင်မှာပင် ဘော်ဒီဂတ်က ​နောက်ကြည့်မှန်ကို စောင့်​ကြည်နေတာ သတိထားမိလိုက်သည်။


ရှန်းယုဟန်​က အမြဲတမ်း သတိရှိတာကြောင့် တစ်ခုခုမှားနေတာကိုသိလိုက်သည်။

ဘော်ဒီဂတ်က ​ပြောလာသည်။ “မစ္စတာရှန်း၊ ကျွန်တော်တို့နောက်မှာ ကားနှစ်စီးလိုက်နေတယ်”



ရှန်းယုဟန်က အလွန်အေးဆေးတည်ငြိမ်နေသည်။ “သူတို့ကို ဖယ်ရှားလိုက်”

သူက ထိုကဲ့သို့ ကိစ္စများအတွက် ရေးကြီးခွင်ကျယ်မလုပ်ခဲ့တာ ကြာခဲ့လေပြီ