Chapter 93.1
Viewers 23k

Chapter 93.1


“ပြန်ပေးဆွဲခံရခြင်း”


“ဟုတ်လား မဟုတ်ဘူးလား?” ဟုတ်တာပေါ့ ရှန်ချီဟွမ်းက မသေချာပေ။


ရှန်းယူဟန်က သူ့စိတ်ထဲမှာပြောနေသည်။ ဘယ်ဟုတ်မလဲ..ဒါပေမယ့်လည်း သူက ရှန်းကျိယွီနဲ့ ရုပ်အတော်တူနေလို့ မသေချာဖြစ်နေသည်။


“ကျွန်တော်လည်းမသိဘူး။ အဖြေရှာနေတာပဲ။” ရှန်းယုဟန်က သူ့ခင်ပွန်းကို ရိုးရိုးသားသားကြည့်လိုက်သည်။


“ဒါဆို ဒါမင်းတစ်ချိန်လုံးရှာနေတဲ့အရာလား? မင်းမိသားစုရဲ့ ဂီတရမှတ်နဲ့ဆင်တူပြီး မင်းက ချီတိုင်းပြည်ရဲ့ အရေးအသားကိုသိနေလို့ ရှုပ်ထွေးသွားတာလား?”


“အဲ့လိုပါပဲ” ရှန်ချီဟွမ်း၏ခန့်မှန်းချက်က ခေတ်သစ်အတွေးအခေါ်နှင့် ကိုက်ညီတာကို ရှန်းယုဟန်ကသိသဖြင့် သူက မှားတယ်လို့မပြောနိုင်ပေ။ မူလရှန်းယုဟန်က ရှန်းမိသားစုရဲ့ သားစဥ်မြေးဆက် တကယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ? ရှန်ချီဟွမ်းကလည်း မကြာသေးမီက သူ၏ထူးဆန်းမှကို အပြည့်အဝဖြေရှင်းပေးနိုင်သည့် အတွေးအသစ်ကို ပေးခဲ့တာဖြစ်၏။



သူ့စိတ်ထဲမှာ အဖြေများစွာပေါ်လာပြီး တစ်ခုက ဆက်လက်ဖုံးကွယ်ထားကာ သူ့ခင်ပွန်း၏အတွေးကို လက်ခံရန်ဖြစ်သည်။ ​နောက်တစ်ခုကတော့ အချိန်မှန်ရောက်ရင် ဝန်ခံလိုက်ဖို့ဖြစ်၏။


အရမ်းခက်ခဲတာပဲ….

ရှန်ချီဟွမ်းကပြောလိုက်သည်။ “မင်းငါ့ကို ဘာလို့ ဒီအကြောင်းမပြောပြခဲ့တာလဲ?”


တစ်ယောက်ကမေးရဲပြီး တစ်ယောက်ကဖြေရဲသည်။ ရှန်းယုဟန်က သူ့မေးခွန်းကို အလိုက်အထိုက်ဖြေလိုက်သည်။ “ဘာလို့ဆို ဒါက ကျွန်တော်တို့ရှန်းမိသားစုရဲ့ လျို့ဝှက်ချက်မို့ ခင်ဗျားကို မပြောပြခင် အဖြေရှာချင်ခဲ့တာ”


“ဒါဆို မင်းအဖြေတွေ့ခဲ့လား?” ရှန်ချီဟွမ်းက သူ့မျက်ဝန်းကို အနီးကပ်ကြည့်နေ၏။


ရှန်းယုဟန်ကလည်း မသေချာပေ။ သူက သူနဲ့ ၇၀% တူသော ရှန်းကျိယွီကို စိုက်ကြည့်နေသည်။ “ဖြစ်နိုင်ပါ့မလား?”


သူ ရှန်ချီဟွမ်းကို ဘယ်လိုပဲဖြေဖြေ အမှန်တရားကိုသာ ပြောပြချင်ပေမယ့် ရှန်ချီဟွမ်းက လက်မခံနိုင်မှာ စိုးရိမ်သည်။


သူက သူ့ခင်ပွန်း ထိုစကားကိုကြားရင် ထိတ်လန့်သွားပြီး သူ့အပေါ် ခါးခါးသီးသီးဆက်ဆံကာ တာအိုဘုန်းကြီးများနှင့် ဖမ်းခိုင်းမှာစိုးရိမ်သည်။


အ​နောက်ဟန်မင်းဆက်၏အုတ်ဂူမှ တူးဖော်ရရှိခဲ့သော ယဥ်ကျေးမှုအမွေအနှစ်ပြပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုက အင်တာနက်သုံးစွဲသူများစွာကို ဆွဲဆောင်ခဲ့သည်။ ​အဆိုပါအကြောင်းအရာမှာ ရေပန်းစားနေသည့်အပြင် Hot Searchလည်းဝင်ခဲ့သည်။ ထိုထက်ပိုသည်မှာ တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း ဂန္ဓဝင်ဂီတ၏ သုံးဆယ်စက္ကန့်ဗီဒီယိုကို ပြသခဲ့ပြီး ဝန်ထမ်းများက လူပြောများနေတာကို အခွင့်ကောင်းယူကာ ဂီတသံစဥ်ကိုးပိုင်းလုံးကို ထပ်မံထုတ်လွှင့်ခဲ့သည်။ ဘယ်လိုပင်ဖြစ်စေ ဤအရာများမှာ ရှေးခေတ်၏ အနှစ်သာရဖြစ်ပြီး အကောင်းဆုံးကူချင်ကိုသုံးကာ တီးခတ်ဖို့ရန် ထိုက်တန်လေသည်။


ယဥ်ကျေးမှုအမွေအနှစ်ပြပွဲ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ အုတ်ဂူပိုင်ရှင် ရှန်းကျိယွီကလည်း နာမည်ကြီးလာပြီး သူက လက်ရှိမှာ အင်တာနက်သုံးစွဲသူများကြား အပူတပြင်းဆွေးနွေးနေကြသော အကြောင်းအရာဖြစ်လာ၏။

သူက ဂုဏ်ကျက်သရေရှိသော ကုန်းဇီတစ်ယောက်လို့ပြောကြပေမယ့် အနည်းငယ်သိမ်မွေ့တယ်လို့ ခံစားမိသည်။ သူက အမျိုးသမီးတစ်ယောက်လို သိမ်မွေ့နူးညံ့တယ်လို့ ပြောကြပေမယ့် သူ့မှာ တောက်ပသောမျက်လုံးတစ်စုံရှိပြီး ထိုမျက်လုံးများက ရှန်းကျိယွီ၏ လိမ္မာပါးနပ်မှုကို ဖော်ပြနေသည်။


တိုက်ရိုက်ပြသမှုပြီးဆုံးသွားသော်လည်း အ​နောက်ဟန်မင်းဆက်အုတ်ဂူအကြောင်းကို အပူတပြင်းဆွေးနွေးနေကြဆဲပင်။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ထိုမြင်ကွင်းမှ ပြပွဲခန်းမသို့ထွက်သွားသည်။ ရှန်းယုဟန်ထိလိုက်သော ပစ္စည်းများက နေရာတကျရှိနေပြီး ပစ္စည်းတစ်ခုချင်းစီ၏ ဖန်ကာဗာပေါ်မှာ နာမည်နှင့် သက်ဆိုင်ရာဖော်ပြချက်များရှိ၏။


ရှန်ချီဟွမ်းက ဂုဏ်ပြုခံရသလို ခံစားမိပြီး သူက ရှန်းယုဟန်ကို တိုးတိုးလေးမေးလိုက်သည်။ “ဘယ်တစ်ခုက မင်းလက်နဲ့ ဘာသာပြန်ထားတာလဲ?”

ရှန်းယုဟန်က အဝိုင်းလေးတစ်ခုကို ညွှန်ပြလိုက်သည်။ “ဒါတွေအားလုံးပါ” ထို့နောက် သူက ရှန်ချီဟွမ်းကို တီးတိုး​ပြောလိုက်သည်။ “ကျွန်တော် အကြမ်းဖျင်းကြည့်လိုက်တော့ ပစ္စည်းအားလုံးကို မထုတ်ထားတာ သတိထားမိတယ်။ တစ်ဝက်လောက်ကို မပြထားတာဖြစ်မယ်။”


ရှန်ချီဟွမ်းက ပြတိုက်က ဒီလိုလုပ်တာ ကျိုးကြောင်းသင့်တယ်လို့ ထင်မိသည်။ “ပုံမှန်ပါပဲဲ၊ တချို့ပစ္စည်းတွေကို သီးသန့်ဖယ်ထားကြမှာပဲ။ တချို့ယဥ်ကျေးမှုအမွေအနှစ်တွေက ပြုပြင်ဖို့လိုပြီး ပြုပြင်ဖို့က လပေါင်းများစွာဒါမှမဟုတ် တစ်နှစ်ထက်ပိုကြာနိုင်တယ်။”


ရှန်းယုဟန်က ရှန်ချီဟွမ်းကို လေးစားသွားသည်။ “ယောကျာ်း၊ ခင်ဗျားက အများကြီးသိတာပဲ”


“ဒါက အပေါ်ယံတွေးကြည့်တာပါ။ ငါက မင်းလောက်မသိဘူး။ မင်းရှေ့မှာဆို ငါက ဒါ၊ မင်းက ဒါပဲ” သူက သူ့ကိုယ်သူ လက်သန်းနဲ့ယှဥ်ပြီး ရှန်းယုဟန်ကို လက်မနဲ့ယှဥ်ကာ ချီးကျူးနေခဲ့သည်။

“ဒါဘယ်လိုကြွားလုံးထုတ်တာမျိုးလဲ…. ခင်ဗျားကအရှက်ကိုမရှိဘူး။” ရှန်းယုဟန်က ပြုံးကာ ခေါင်းစောင်းလိုက်သည်။ “ယောကျာ်း….. တစ်ခုချင်းစီက ဘာတွေလဲပြောပြရမလား?”


“အင်း” ရှန်ချီဟွမ်းက တုံ့ဆိုင်းမှုမရှိခေါင်းညိတ်၏။


သူတို့နှစ်​ယောက် ပြပွဲအတူသွားကြည့်ဖြစ်တာရှားသည်။ ပြပွဲကစိတ်​အေးချမ်းပြီး အဓိပ္ပါယ်ရှိတာကြောင့် ရှန်ချီဟွမ်းက သူ့ဇနီးလေး၏စကားကို ငြိမ်ငြိမ်လေးနား​ထောင်ဖို့ ဆန္ဒရှိသည်။ သူ့ဇနီးလေး၏အသံကိုကြားရတိုင်း သူ့စိတ်ညာဥ်က သန့်စင်သွားသလိုပင်။ ဟုတ်သည်….မသန့်ရှင်းသော ညဘက်လုပ်ငန်းစဥ်များကလွဲရင် အလွန်သဟဇာတဖြစ်၏။


ရှန်ချီဟွမ်းက ဝါးလှောင်အိမ်ကို လက်ညိုးထိုးပြသည်။ “ဒါကဘာလုပ်ရတာလဲ? ကြက်မွေးမြူဖို့ သုံးကြသလိုပဲ?”


ရှန်းယုဟန်က ခေါင်းခါသည်။ “ယောကျာ်းပြောတာမှားတယ်။ ဒါက ဆောင်းရာသီမှာ အဝတ်အစားလှန်းဖို့ မီးသွေးအင်းတုံမှာ ပြောင်းပြန်ထားရတာ။ ဒါမှ သူတို့အဝတ်အစားဝတ်တဲ့အခါ အအေးမမိမှာလေ”


“သိပြီ” ရှန်ချီဟွမ်းက စာသင်နေတာနဲ့တူပြီး ပစ္စည်းနောက်တစ်ခုကို ခန့်မှန်းလိုက်လေသည်။ “ဒါဆို ဒါကရော? ပန်းအိုးလား?”


“မဟုတ်ဘူး။ ဒါက ကလောင်ဘောပင်ဆေးထည့်ဖို့ ဒီပုံစံအတိုင်းလုပ်ထားတာ။ သူ့အောက်မှာ စာကြောင်းတချို့ရေးထားတာကို မှတ်မိသေးတယ်။” ရှန်းယုဟန်က ထိုပစ္စည်းကိုကြည့်ကာ စဥ်းစားပြီးပြောလိုက်၏။ “ကျွန်တော်ခန့်မှန်းတာမှန်ရင် သူ့​အောက်ခြေမှာ ထွင်းစာတွေရှိလိမ့်မယ်။ ဒီပစ္စည်းက ရှန်းကျိယွီရဲ့ ဘိုးဘေးတွေချန်ထားခဲ့တာ။ သူ့ခတ်က ပစ္စည်းမဟုတ်ဘူး။”

ထို​ပစ္စည်းက တခြားပစ္စည်းများနှင့် သိပ်မတူပဲ သူ့ဇစ်မြစ်က တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားလို့ရသည်။ ရှန်းယုဟန်က ဤမိုးပြာရောင်ကလောင်ဘောင်ပင်ဆေး အလွန်နာမည်ကြီးတာကို မှတ်မိသေးသည်။ သူ့အစ်ကိုကြီးဝယ်လာတာနဲ့ ဒုတိယအစ်ကိုကပါ လိုချင်နေခဲ့ပြီး တတိယအစ်ကိုကလည်း မြင်တာနဲ့ သဘောကျခဲ့သည်။ အဆုံးမှာ အစ်ကိုကြီး၏လက်ထဲသာ ပြန်ရောက်သွားပြီး အောက်ခြေတွင် သူ့အစ်ကိုကြီး၏အမည်ကို ရေးထွင်းထားသည်။

ရှန်ချီဟွမ်းက ဘေးဘက်ရှိ အက္ခရာအမှတ်အသားကိုကြည့်ကာ “အောက်မှာရေးထားတာက ​ကျစ်ရှုလား?”


“အဲ့ဒါက ဘိုးဘေးငါး​ယောက်ရဲ့လောကသိနာမည်ပါ” ရှန်းယုဟန်က ရှန်ချီဟွမ်းကို အများကြီးမတွေးပဲ ပြောပြလိုက်သည်။


“အရမ်းကောင်းတယ်။ ရှေးခေတ်လူသားတွေအားလုံးမှာ လောကသိနာမည်ရှိကြတာပဲ” ရှန်ချီဟွမ်းက အမှတ်အသားကို ဖတ်နေတာရပ်လိုက်သည်။ “ဒီမှာတော့ လောကသိနာမည်လို့ မရေးထားပါဘူး။ မင်းဘယ်လိုသိတာလဲ? အဲ့ဒါက ရှန်းကျိယွီရဲ့ လောကသိနာမည်များလား?”

(လောကသိနာမည်က တရုတ်တွေက ကလေးတွေအရွယ်ရောက်တဲ့အချိန် ပြန်မှည့်ပေးတဲ့နာမည်အသစ်ပါ)



ရှန်းယုဟန်က အခိုင်အမာခေါင်းခါပြောဆိုသည်။ “မဟုတ်ဘူး။ ရှန်းကျိယွီမှာ လောကသိနာမည်မရှိဘူး။ တူးဖော်ရရှိထားတဲ့မှတ်စုထဲမှာ သူ့မှာ လောကသိနာမည်ရှိတယ်လို့ မဖော်ပြထားဘူး။” သူတို့ချီတိုင်းပြည်မှာ အမျိုးသမီးနှင့်ကောများက လောကသိနာမည်မရှိကြပေ။ သို့သော် ချွင်းချက်တော့ရှိ၏။ အလွန်အရည်အချင်းရှိသော အမျိုးသမီးများနှင့်ကောများမှာ လောကသိနာမည်ရှိကြပေမယ့် သာမန်အမျိုးသမီးများမှာ မရှိကြပေ။


“ဒါဆို သူ့ဘိုးဘေးရဲ့ လောကသိနာမည်မဖြစ်နိုင်ဘူး။ သူ့အဘိုးများလား?” ရှန်ချီဟွမ်းက ဟ်ုးအောက်ခြေထိသိချင်နေပြီး ဆက်တိုက်မေးမြန်းနေ၏။ သူက ရှန်းယုဟန်ကို စိုက်ကြည့်နေသည်။


ရှန်းယုဟန်က သူနဲ့မငြင်းတော့ပဲ ပြောလိုက်လေသည်။ “ယောကျာ်း… ကျွန်တော်ပြောတာပဲနား​ထောင်ပါ။”


“ဒါပေမယ့် ဖော်ပြချက်ထဲမှာ​တောင် မရေးထားဘူးလေ” ရှန်ချီဟွမ်းက သူ့ဇနီးလေး သေချာလွန်းနေတယ်လို့ တွေးမိလိုက်ပေမယ့် သူ့ဇနီးက အင်အားကြီးလို့ ခန့်မှန်းနိုင်တာလို့လည်း ခံစားမိသည်။


“ကြီးကြပ်ရေးမှူးလျန့်နဲ့ သူမလုပ်ဖော်ကိုင်ဖက်တွေက သူတို့ရှေးဟောင်းသုတေသနအလုပ်ကို တင်းကျပ်ထားလို့ မသေချာတဲ့အရာတွေကို ပေါ့ပေါ့တန့်တန် ထုတ်ဖော်လို့မရဘူး။” ရှန်းယုဟန်က ခေတ်သစ်လူသားတွေ စည်းဘယ်လောက်ရှိလဲသိသဖြင့် သူအမှန်အတိုင်း ပြောပြရင်တောင် သူတို့က ယုံမှာမဟုတ်ပေ။ ရှေးဟောင်းသုတေသနပညာရှင်များက အထောက်အထားနဲ့သာစစ်ဆေးပြီး ပေါ့ပေါ့တန်တန် မယုံကြပေ။

ဟုတ်တာပေါ့… ရှန်းယုဟန်က ရှန်ချီဟွမ်းကိုသာပြောပြနိုင်သည်။ တခြားသူတွေ သိချင်နေလည်း သူဂရုမစိုက်ပေ။


ရှန်းကျိယွီနှင့်ပတ်သက်သော ပစ္စည်းများကိုကြည့်ပြီးနောက် သူတို့က ပန်းချီကားချပ်တစ်ခုဆီ ရောက်လာသည်။ ထိုပန်းချီကားကလည်း ရှန်းကျိယွီ၏စုဆောင်းမှုထဲမှာ တွေ့ရှိခဲ့တာဖြစ်ပေမယ့် ထိုပစ္စည်းက သခင််မလေးရှန်း၏ ပစ္စည်းဖြစ်တာကြောင့် ရှန်းကျိယွီ၏ ယဥ်ကျေးမှုအမွေအနှစ်များနှင့် သက်သက်ခွဲထားသည်။


ရှန်ချီဟွမ်းက သခင်မလေးရှန်းအတွက် ရှုပ်ထွေးသောခံစားချက်ရှိနေဆဲပင်။ သူ့ဇနီးလေးက သူမနဲ့ပတ်သက်ပြီး မေးခွန်းမေးတိုင်း သူက အဖြေမှန်ကို မရှာနိုင်ခဲ့ပေ။ လက်ရှိမှာ သူမနဲ့ပတ်သတ်သော ပစ္စည်းများမှ သူ့ဇနီးလိုချင်သောအဖြေကို ရှာပေးရဦးမည်။


အ​နောက်ဟန်မင်းဆက်၏အုတ်ဂူတွင် မဖြေရှင်းနိုင်သေးသော လျှို့ဝှက်ဆန်းကြယ်မှုများစွာရှိပေမယ့် ယနေ့က ယဥ်ကျေးမှုအမွေအနှစ်များနှင့် အကျဥ်းချုံးမိတ်ဆက်ပေးခြင်းသာဖြစ်ပြီး ဤလျှို့ဝှက်ဆန်းကြယ်မှုများ၏ အ​ဖြေကို ယခုချိန်ထိ အပြည့်အစုံ မကြေညာရသေးပေ။


အုတ်ဂူပိုင်ရှင် ရှန်းကျိယွီ၏ အရိုးတည်ဆောက်ပုံမှာလည်း  လျှို့ဝှက်ဆန်းကြယ်မှုရှိနေပြီး 'ကျစ်ရှု’မှာလည်း လျှို့ဝှက်ဆန်းကြယ်မှုရှိ၏။ ထိုကြားမှာ ‘သခင်မလေးရှန်း'က ဆန်းကြယ်မှုအရှိဆုံးဖြစ်ပြီး တူးဖော်ရရှိထားသော သက်ဆိုင်ရာ ယဥ်ကျေးမှုအမွေအနှစ်များနှင့် စကားလုံးအနည်းငယ်က ရှေးဟောင်းသုတေသနပညာရှင်များကြားတွင် စိတ်ဝင်စားမှုမြှင့်တက်စေခဲ့သည်။


သူမက ဘယ်လိုလူမျိုးလဲ?


သူမက ဘယ်လောက်အရည်အချင်းရှိလဲ?


သူမက ဘယ်လောက်လှလဲ?


ရှန်းကျိယွီ၏ပုံပန်းသွင်ပြင်က ခေတ်သစ်မှ လူများစွာထက် ပို၍ သန့်ပြန့်နေပြီး သူ့ဘိုးဘေးများ၏ ဖော်ပြချက်အရ သခင်မလေးရှန်းက ရှန်းကျိယွီထင် ပိုလှနေလိမ့်မည်။ သူတို့က သူမဘယ်လောက်လှလဲ သိချင်နေကြသည်။ ရှေးခေတ်က အလှကြောင့် ကျော်ကြားခဲ့တဲ့ အမျိုးသမီးလေးဦးနဲ့အတူ တပြေးတည်းရပ်တည်နိုင်မှာလား?”


“သူမက ဒီပန်းချီကားတစ်ခုပဲချန်ခဲ့တာလား?” ရှန်ချီဟွမ်းက သူ့ရှေ့က အကျွမ်းတဝင်ရှိလှသော ပန်းချီကားကို စိုက်ကြည့်ပြီး သူမလက်မှတ်ကလည်း ယိဖန့်ကျွီရှိးဖြစ်နေသည်။


ရှန်းယုဟန်က ရင်းနှီးသော ပုံဆွဲစာရွက်ကိုကြည့်လိုက်သည်။ သူသာ ခေတ်သစ်ကို ရောက်မလာခဲ့ရင် ထိုကဲ့သို့ မိုက်မဲသောပန်းချီကားကို ဂရုစိုက်နေမှာမဟုတ်ပေ။


“ကြည့်ကောင်းလား?” ရှန်းယုဟန်က ရှန်ချီဟွမ်းကို အကြောင်းမရှိ အကြောင်းရှာမေးလိုက်၏။


ရုတ်တရက်မေးခွန်းကြောင့် ရှန်ချီဟွမ်းက သူ့ဇနီး စိတ်ကျေနပ်အောင် ဘယ်လိုဖြေရမလဲ မသိတော့ပေ။ သူက အမှန်အတိုင်းပြောလိုက်သည်။ “ပန်းချီကားကို သိပ်မဝေဖန်တတ်ဘူး။ ဒါပေမယ့် မင်းရဲ့စတိုင်က သူနဲ့တူတယ်လို့ထင်တယ်။ ဒီပန်းချီ….(ဆောင်းဦးပွဲတော်ကျင်းပခြင်း)က လက်ရာမြောက်တယ်”


ရှန်းယုဟန်က သူ့ကို ပထမဆုံးအကြိမ် ပြုံးပြလာပြီး သူ့ခင်ပွန်းက ပန်းချီကားကို မခံစားတတ်တာတော့ မဟုတ်ပေ။ “ယောကျာ်းက ကျိုးနွံနေတာပါ။”


သူစိတ်မဆိုးတာကိုတွေ့တော့ ရှန်ချီဟွမ်းက သတ္တိရှိလာသည်။ “အဲ့ဒါက ကိုယ့်ရဲ့ စစ်မှန်တဲ့အဆင့်ပါ။ ကျိုးနွံတာမဟုတ်ဘူး”


ရှန်းယုဟန်က သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။ “မျက်နှာဘယ်မှာလဲ?”