ကုရှောင်ရှမ်း :
"ဟုတ်ပြီ ကိုယ်တို့အခုသွားသင့်နေပြီ" ရန်ကျစ် ရူပ်ထွေးနေဆဲဖြစ်သော်လည်း
နာခံစွာပင် အဝတ်များဆွဲဝတ်လိုက်တော့သည်။ ကြည့်ရတာ ငယ်စဥ်ကတည်းက ကုရှောင်ရှမ်း ပြောသမျှ လိုက်လုပ်တတ်တာသည်
ယခုထိတိုင်အကျင့်ဖြစ်နေပုံပင်။
ရန်ကျစ်
အိမ်ပြင်သို့မထွက်မီ ကုရှောင်ရှမ်းတစ်ယောက် သူ့၏လည်ပင်းအား ပုဝါဖြင့်ပတ်ပေးလာ၏။
ထိုကြင်နာသည့်အပြုအမှုကြောင့် ရန်ကျစ်ထိပ်လန့်သွားသော်လည်း ကုရှောင်ရှမ်းကတော့
တည်ငြိမ်စွာပင်။ ထို့ကြောင့် သူထပ်၍
ပုံမှန်မဟုတ်သည့်လေသံဖြင့်မေးခွန်းထုတ်လိုက်သည်။
"လက်အိတ်ရော
ဝတ်ပြီးပြီလား?"
“အဲလောက်လည်း
မအေးဘဲနဲ့..”
“ဒီမှာတော့ဘယ်အေးမလဲ
အိမ်တွင်းအပူချိန်ကြောင့်လေ”
ရန်ကျစ်
ပြတင်းပေါက်သို့လှမ်းကြည့်လိုက်စဥ် အပြင်တွင်နှင်းများဖြင့်
ဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရလေသည်။
"ဒါဘယ်နေရာလဲ?"
ရန်ကျစ် ခေါင်းထဲတွင် အချက်ပေးသံများမြည်လာကာ
သူမေးခွန်းထုတ်လိုက်တော့၏။
ကုရှောင်ရှမ်း :
“နိုင်ငံ စီ”
"ဘာလို့...ဘာလို့ငါတို့က
နိုင်ငံ စီကို ရောက်နေတာလဲ?
ခိုးပြေးလာကြတာလား?"
ရန်ကျစ်၏အတွေးများ
ချက်ချင်းပြေးလွှားနေတော့သည်။ သူ့အဖေဆီမှ ငွေကြေးအထောက်အပံ့ မရတော့လျှင်
သူ့လမ်ဘော်ဂီနီအား ဘယ်ချန်နယ်မှာသွားရောင်းရမလဲဟု အသည်းအသန် စဥ်းစားနေလေ၏။
ကုရှောင်ရှမ်း
သူ့အား အရူးတစ်ယောက်လို
စောင်းကြည့်လိုက်ကာ-"ငါတို့ ပိတ်ရက်ခရီးထွက်လာတာလေ"
“အိုး အိုခေ”
ရန်ကျစ် ပြောစရာစကားများ ပျောက်ဆုံးသွားတော့၏။
ထို့နောက် ရန်ကျစ်
လက်အိတ်စွပ်ကာ ကုရှောင်ရှမ်းနောက်မှ လိုက်ထွက်သွားလိုက်သည်။ သူတို့ မြို့သို့ ဦးတည်မောင်းနေတာ ဖြစ်သော်လည်း ရန်ကျစ်တစ်ယောက်
သူတို့ဘယ်နေရာကို သွားနေလဲဆိုတာတောင် မေးဖို့သတိမရခဲ့ပေ။ ကုရှောင်ရှမ်း
ဦးဆောင်ရာနောက်သို့လိုက်ရတာ ကျင့်သားရနေလို့ဖြစ်လိမ့်မည်။ ကုရှောင်ရှမ်း
ကားပါကင်ထိုးလိုက်ပြီးနောက် သူတို့ကုန်တိုက်တစ်ဝိုက်သို့ လှည့်ပတ်လျှောက်ခဲ့ကြ၏။
ကုရှောင်ရှမ်း လက်ဆောင်ရွေးချင်သည်ဟုပြောမှသာ ရန်ကျစ် သူတို့ကုရှောင်ရှမ်း၏
နယ်ခံသူငယ်ချင်းတစ်ဦးထံ အလည်သွားမည်ဆိုတာကိုပါ တစ်ပါတည်းသိလိုက်ရတော့သည်။
"မင်းအရက်တစ်ပုလင်းလောက်
ပေးသင့်တယ် လုံးဝမှားမှာမဟုတ်ဘူး" ရန်ကျစ် အရက်စင်ပေါ်မှ 'ယွီ'ဟူသည့်တံဆိပ်ဖြင့် ပုလင်းအား
လက်ညိုးထိုးပြလိုက်ကာ-"ဝယ်မယ်ဆိုရင်တော့ ငါတို့ယွီမိသားစုက ထုတ်တဲ့အရက်ကိုသာ ဝယ်လိုက် အရည်အသွေး အပြည့်အဝ အာမခံတယ်!"
ကုရှောင်ရှမ်း
ရယ်လျက်-"မင်းကု မ္ပဏီရဲ့စီအီးအို မဟုတ်တော့တာတောင် ယွီလုပ်ငန်းစုကို အခုထိ ပံ့ပိုးပေးနေတုန်းပဲနော်!"
"ငါ စီအီးအိုမဟုတ်တော့ရော ဘာဖြစ်လဲ? ငါ့အစ်ကိုက စီအီးအိုဖြစ်နေတုန်းပဲလေ ငါတို့ကမိသားစုတွေပဲ
ဘာမှမထူးမခြားနားဘူး"
ကုရှောင်ရှမ်း
ရန်ကျစ်၏ထိုစိတ်ဓါတ်အား အမြဲလေးစားခဲ့သည်။ နှစ်အတော်ကြာ စီအီးအိုဖြစ်ခဲ့ပြီး
ရုတ်တရက် နေရာအပြောင်းအလဲဖြစ်ခဲ့တာတောင် ရန်ကျစ် ဘာကိုမှစိတ်အနှောင့်အယှက်
မဖြစ်ခဲ့ပေ။ ထို့အပြင် သူ၏ရာထူးအား ခိုးယူခဲ့သည့် အစ်ကိုဖြစ်သူနှင့်လည်း
ဆက်ဆံရေးကောင်းမွန်ပြီး သဘောထားကွဲလွဲမှု လုံးဝမရှိခဲ့ပါ။ ရန်ကျစ်သည်
သူ့တွင်ရှိသည့်အရာများဖြင့်သာ ရောင့်ရဲတင်းတိမ်တတ်ပြီး 'အရာရာတိုင်းသည် အကောင်းဆုံးဖြစ်ဖို့အတွက်သာ
ဖြစ်ပျက်ခဲ့သည်'ဟု
ရိုးရိုးသားသားပင် ယုံကြည်ထားသူလည်းဖြစ်၏။ ယခုကဲ့သို့ပင် ရန်ကျစ်တစ်ယောက်
သူ၏သူငယ်ချင်းအရင်းကြီးဖြင့် လိင်ဆက်ဆံခဲ့သည့်အချက်ကိုတောင် လျင်မြန်စွာ
လက်ခံနိုင်ခဲ့ပြီး သူနှင့်အတူ ကုန်တိုက်သို့တောင် အေးဆေးလည်ပတ်နိုင်နေပြီဖြစ်သည်။
တစ်ယောက်ယောက်ရဲ့အိမ်ကို
သွားရမှာဆိုတော့ အရက်ပုလင်း၏ထိပ်တွင် ပန်းများဖြင့်လည်း အလှဆင်သင့်သည်ဟု
ရန်ကျစ်တွေးလိုက်မိ၏။ "ငါတို့ ပန်းရော ဝယ်သင့်လား?"
“ကောင်းပြီလေ
ကိုယ်တို့နှင်းဆီပန်းဝယ်ကြမယ်”
ထို့နောက်
ကုရှောင်ရှမ်း ပန်းဆိုင်မှ နှင်းဆီပန်းတစ်စည်းအား
ဝယ်ကာ ရန်ကျစ်လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။ "မင်းအတွက်"
ရန်ကျစ်မျက်နှာကြီး
နီရဲသွားကာ-"ဘာလဲဟ?"
"ကိုယ့်အချစ်ကိုပြတာ"
ကုရှောင်ရှမ်းပြောရင်း ရယ်မောလိုက်၏။
"အချစ်ကိုပြတာ?"
ရန်ကျစ် ထိုစကားအား အထပ်ထပ်အခါခါ ပြန်စဥ်းစားကာ
ကြောင်နေလေသည်။
"ဘာအချစ်ကို ပြတာလဲ?! မင်း ငါ့ကို လူရယ်စရာဖြစ်အောင် လုပ်နေတာမဟုတ်လား ငါ့ကို ပန်းစည်းကြီး ကိုင်ခိုင်းပြီး လူပုံလည်မှာ လျှောက်ခိုင်းမယ် အထူးသဖြင့် ဘေးမှာလည်း
ဘယ်ကောင်မလေး ချောချောလေးမှ မပါတော့ ငါစောက်ပေါကောင်ကြီး ဖြစ်နေလိမ့်မယ်"
"ကောင်မလေးချောချော"ဟူသည့်
စကားလုံးကြောင့် ကုရှောင်ရှမ်း ချက်ချင်း မျက်မှောင်ကြီး ကြုတ်သွားတော့၏။
"မင်းပဲ ကောင်မလေးတွေ အကြောင်း မတွေးတော့ပါဘူးလို့ ကိုယ့်ကို ကတိပေးထားတယ်လေ"
"ငါ အဲလို ရူးကြောင်ကြောင်ကတိမျိုး ပေးခဲ့တာလား?"
ရန်ကျစ်၏မှတ်ဥာဏ်များသည်
သူတစ်နှစ်ခွဲအတွင်း သူကောင်မလေး သုံးယောက်လောက်အား ထည်လဲတွဲခဲ့သည့်ကာလများ၌
ပိတ်မိနေသေးသည်။
ခုဏလေးတွင်ကမှ
ကုရှောင်ရှမ်း ရန်ကျစ်အား ကမ္ဘာ့အလှဆုံးပန်းများအား လက်ဆောင်ပေးခဲ့သော်လည်း ယခု သူထိုလူ့အား သေသည်အထိ ရိုက်သတ်ပစ်ချင်နေပြီပင်။
ဒါသည် အချစ်နှင့် အမုန်းကြားမှ စစ်မှန်သည့် မျဥ်းတစ်ခုဖြစ်၏။
'အိမ်ပြန်ရောက်မှ
နောင်တမရကြေးပေါ့ကွာ!'
ထို့နောက် ရန်ကျစ်က
ပန်းစည်းတစ်ဖက် ကုရှောင်ရှမ်းက အရက်ပုလင်းတစ်ဖက်ဖြင့် အသီးသီး သယ်လာခဲ့ကြ၏။ သူတို့ လမ်းဖြတ်ကူးပြီးနောက် ဥယျာဉ်တစ်ခုရှိသော
အိမ်ငယ်လေး၏ အဝင်ပေါက်သို့ ရောက်သွားခဲ့သည်။ ကုရှောင်ရှမ်းကတော့ ထိုနေရာနှင့်
အလွန်ရင်းနှီးနေပုံရပြီး ဥယျာဥ်ထဲသို့တန်းဝင်သွားကာ တံခါးခေါက် လိုက်လေသည်။ သိပ်မကြာခင်မှာပဲ
ရွှေရောင်ဆံပင်နှင့် အသက်သုံးဆယ်လောက်ရှိတဲ့ မျက်လုံးပြာဖြင့် အမျိုးသားတစ်ယောက် သူတို့အား တံခါးဖွင့်ပေးလာ၏။ ကုရှောင်ရှမ်း သူ့အား
လှိုက်လှိုက်လှဲလှဲဖြင့် နှုတ်ဆက်လိုက်တော့သည်။
"မတွေ့ရတာ ကြာပြီနော် ဝဲလ်ဒါ"
ဝဲလ်ဒါ
အံ့သြတကြီးဖြင့်..."လှလိုက်တဲ့ နှင်းဆီပန်းတွေ! ငါ့အတွက်လား?"
ကုရှောင်ရှမ်း :
"ဟုတ်မလားကွ။ ဒီလိုအလှဆုံးနှင်းဆီနီတွေကို ငါ ချစ်တဲ့ တစ်ယောက်သောသူပဲ
ရနိုင်မှာ"
ထိုစကားအားကြားကာ
ရန်ကျစ် ဒေါကန် သွားတော့သည်။
သူ့ကိုယ်သူ တစ်ခုခု
မှားနေပြီဟု ရန်ကျစ် သံသယဖြစ်လာမိ၏။ ဘာလို့ သူအမြဲတမ်း
ဒီလိုထူးဆန်းတဲ့ဆက်ဆံရေးတွေနဲ့ပဲ အဆုံးသတ်နေရတာလဲ။
အိမ်ထဲသို့ ဝင်လာခဲ့ပြီးနောက်
ရန်ကျစ်ပန်းစည်းအား ဘေးတွင်ချလိုက်ကာ လက်အိတ်များ ချွတ်၍ အိမ်ပိုင်ရှင် ညွှန်ပြသည့်နေရာတွင်
တင်လိုက်တော့၏။ သူ လက်အိတ်များအား ချွတ်ပြီးချိန်တွင် ကုရှောင်ရှမ်း သူ့အနားသို့ လျှောက်လာကာ
သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။ ရန်ကျစ် ဘာတစ်ခွန်းမှ မပြောနိုင်ခင်လေးမှာပဲ
ကုရှောင်ရှမ်း သူ့အား ဆွဲခေါ်သွား၏။
'သူဘာလို့
ငါ့လက်ကိုကိုင်ထားတာလဲ?'
ရန်ကျစ်၏လက်ဖဝါးများ
ချွေးစီးများ စပြန်လာသော်လည်း ကုရှောင်ရှမ်း၏လက်ဖဝါးသည် အလွန်ခြောက်သွေ့ပြီး
နွေးထွေးနေတာကြောင့် အကောင်းစား သားမွှေးလက်အိတ်တစ်ခုလိုပင်။
ကုရှောင်ရှမ်းအတွက်တော့ ရန်ကျစ်လက်အား ဆုပ်ကိုင်နေကျဖြစ်သည့်အတွက် ရန်ကျစ်လိုတော့
အတွေးများများစားစား မရှိခဲ့ချေ။ သူ့အားဧည့်ခန်းထဲသို့ ဆွဲခေါ်လာပြီးနောက်
သူတို့ဝဲလ်ဒါ၏ချစ်သူဖြင့် တွေ့လိုက်ရ၏။ ထိုသူသည် အသက်၁၈ ၁၉အရွယ် ကောင်လေးဖြစ်ပြီး
မဂ္ဂဇင်းများထဲမှ မော်ဒယ်တစ်ဦးကဲ့သို့ လှပလွန်းနေသည်။
ထိုဂေးစုံတွဲအား ကြည့်ကာ
ရန်ကျစ် ရုတ်တရက် အတွေးပေါက်သွားမိတော့၏။
'ဒါ ကိုယ်ဝန်ဆောင်အမျိုးသမီး
စွမ်းအင်ဆိုတာမျိုးလား? ငါဂေး ဖြစ်သွားမှန်း
သိလိုက်ရပြီးမှ ဘာလို့ ရုတ်တရက်ကြီး မြင်မြင်သမျှ ဂေးတွေချည်းဖြစ်သွားတာလဲ?'
ရန်ကျစ်မိသားစုနှင့်
ကုမိသားစုသည် မိတ်ဟောင်းဆွေဟောင်းများဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည်
ငယ်စဥ်ကတည်းက အတူဆော့ကစားခဲ့ကြတာဖြစ်ပြီး မူကြို၊ မူလတန်း၊ အလယ်တန်းအထိ
တစ်ကျောင်းတည်းတွင် အတူတူတက်ခဲ့ကြကာ သွားအတူစားအတူပင်။ သို့သော်
ရန်ကျစ်၏အမှတ်များသည် အလွန်ဆိုးဝါးလွန်းတာကြောင့် တက္ကသိုလ်နှစ်တွင်တော့
"သူများသားသမီး ကုရှောင်ရှမ်း"နှင့် တစ်ခန်းတည်းမကျတော့ချေ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့၏ဆက်ဆံရေးကတော့ ခိုင်မာနေဆဲဖြစ်ကာ ကုရှောင်ရှမ်းသည်
ရန်ကျစ်ထက် အသက်အနည်းငယ် ကြီးတာကြောင့် သူ့အပေါ် အထူးဂရုတစိုက်လည်းရှိခဲ့၏။
သူ့အားရူးကြောင်ကြောင် လှည့်ကွက်များဖြင့် နောက်ပြောင်တတ်သည့်
အခိုက်အတန့်များမှလွဲလို့ပေါ့။
ကုရှောင်ရှမ်းအပေါ်တွင်လည်း
ရန်ကျစ်သည် တကယ့်ကို သူ၏အစ်ကိုရင်း တစ်ယောက်လို သဘောထားခဲ့ကာ ရှင်းပြလို့ မရနိုင်လောက်သည့်
အားကိုးမှုတစ်ချို့ရှိခဲ့လေသည်။
'အခုတော့
ကြည့်ကြပါအုန်း သူတို့က ညီအစ်ကိုတောင် မဟုတ်တော့ဘူး... ညီအစ်ကိုတွေက
ဘယ်လိုလုပ်ပြီး ကုတင်ပေါ်က ကိစ္စတွေလုပ်မှာလဲ?'
သူတို့ အခုတကယ့်ကို
လွတ်လွတ်လပ်လပ်ရှိသည့် အားလပ်ရက်အား ဖြတ်သန်းနေကြတာပင်။ သူလွန်ခဲ့သည့်
ရက်အနည်းငယ်လောက်ကသာ ကုရှောင်ရှမ်းအား မတွေ့ခဲ့ရပါက ကုရှောင်ရှမ်း ထိုလောက်ထိ
အေးအေးဆေးဆေး အနားယူနိုင်လိမ့်မည်ဟု ရန်ကျစ်ထင်ထားမိမည်မဟုတ်။ ရန်ကျစ်သည်လည်း
တစ်ချိန်က ကုမ္ပဏီစီအီးအိုဖြစ်ခဲ့ဖူးသော်လည်း အပျော်သဘောသက်သက်သာ
လုပ်ခဲ့တာဖြစ်သည်။ ကုရှောင်ရှမ်း၏အလုပ်နယ်ပယ်နှင့် လုံးဝခြားနားစွာ
သူသည်စာရွက်စာတမ်းများတွင် လက်မှတ်ထိုးခြင်း၊ အစည်းအဝေးအချို့
တက်ရောက်ခြင်းလောက်သာ လုပ်ခဲ့ပြီး ကျန်တာများအား လက်အောက် ငယ်သားများဖြင့်သာ
ထိုးထည့်ထားခဲ့တာပင်။
ကုရှောင်ရှမ်းအား
သူ့တစ်သက်နီးပါး သိခဲ့တာကြာပြီဖြစ်ပြီး သူသည် အမြဲလိုလို အလုပ်ရူပ် နေတတ်တာ ဖြစ်သည်။
ထို့ကြောင့် ရန်ကျစ် သူဒီလောက်အကြာကြီး အနားယူတာမျိုး တစ်ခါမှမတွေ့ဖူးခဲ့ပါ။
ကုရှောင်ရှမ်းသာ နေ့စဉ်ဖုန်းခေါ်ဆိုမှုများ၊ ဗီဒီယိုအစည်းအဝေးများနှင့်
စာရွက်စာတမ်းများအား ပြန်လည်သုံးသပ်ခြင်းကဲ့သို့သော တာဝန်များသာမရှိပါက
ကုရှောင်ရှမ်းလည်း သူ့လိုပင် ရာထူးမှထုတ်ပယ်ခံရနိုင်၏။
“ဘာလို့...ဘာလို့မင်းအကြာကြီး
အနားယူထားတာလဲ?" ရန်ကျစ်
မချုပ်တည်းနိုင်တော့ဘဲ ထုတ်မေးလိုက်မိတော့သည်။
ကုရှောင်ရှမ်း
စာရွက်စာတမ်းများအား ကြည့်နေရင်း ပြုံးလိုက်မိကာ-"မင်းကို အဖော်လုပ်ပေးဖို့"
ရန်ကျစ်၏နှလုံးသားလေး
ပြန်လည်အသက်ဝင်လာကာ စတင်လှုပ်ရှားလာလေ၏။
အခုမှသာ
သူ၏လိင်စိတ်တိမ်းညွှတ်မှုအပေါ် စတင်သံသယဝင်လာလေချေပြီ။
ဒါပေမယ့်
အခုမှသံသယဝင်ဖို့က နည်းနည်းများ နောက်ကျနေသလား?