Ch 3
Viewers 288

3

 

"အခုက တကယ်ကြီး ၂၀၂၈လား?" ရန်ကျစ် ကုတင်ပေါ်တွင် ကြောင်လေးသဖွယ် ခွေအိပ်နေကာ ကုရှောင်ရှမ်းအား မသင်္ကာသလိုစိုက်ကြည့်နေ၏။ ကုရှောင်ရှမ်း သူ၏ရူးကြောင်ကြောင်မေးခွန်းအား လျစ်လျူရူထားခြင်းသည် ထိုအရာအား ပို၍ပင် အတည်ပြု ပေးလိုက်သလိုပင်။ လမ်းမပေါ်တွင် ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးသည့်နောက်၊ သူ့ဖုန်း၊ သူ့ကွန်ပြူတာနှင့် ဝဲလ်ဒါနှင့်ပြောထားသည့်စာများကို တွေ့လိုက်ရပြီးနောက် အရာအားလုံးသည် သူ့အား အဖြေတစ်တည်းသာ ပေးနေတော့သည်။ ထိုသည်မှာ ယခု ၂၀၂၈ကို ရောက်နှင့်နေပြီ ဆိုတာပင်။

 

"မဖြစ်နိုင်ဘူး!" ရန်ကျစ် သူ့ကိုယ်သူ ပိုပြီးပြောပြချင်ခဲ့တာ ဖြစ်သည်။

 

'ဘာက ပိုမဖြစ်နိုင်လဲဆိုတော့ ကုရှောင်ရှမ်းနဲ့ သူ sexတောင် လုပ်ပြီးပြီဆိုတာပဲ!'

 

သို့သော် အခုကတော့ အရာအားလုံး ဖြစ်နိုင်နေလေပြီ။

 

လက်တွေ့မှာတော့ သူအနာဂတ်သို့ ဆယ်နှစ်လောက် ကြိုရောက်လာခဲ့တာဖြစ်ပြီး ကုရှောင်ရှမ်းနှင့်ပါ sex လုပ်ခဲ့သေးသည်။

 

ကုရှောင်ရှမ်း ပြောခဲ့သလိုပဲ ရန်ကျီသည် နာမည်နှင့်လိုက်အောင် အလွန်ဇွဲကြီးသူဖြစ်ပြီး အခြေအနေအရပ်ရပ်ရှိ အပြောင်းအလဲတိုင်းနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်သူပင်ဖြစ်၏။ ရန်ကျစ် သူ၏အတွေးများအား အမြန်ရှင်းထုတ်လိုက်နိုင်ပြီး အဖြစ်မှန်ကို စတင်လက်ခံလာနိုင်ခဲ့သည်။

 

(T/N: ရန်ကျစ်ရဲ့ ရန်()က ဇွဲကြီးခြင်းကို ဆိုလိုတာပါ။)

 

အဖြစ်မှန်အား လက်ခံဖို့လည်း သိပ်ခက်ခဲနက်နဲနေတာ မဟုတ်။

 

၂၀၂၈တွင် နည်းပညာများသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး အရာအားလုံး ပိုအဆင်ပြေချောမွေ့လာခဲ့သည်ပင်။

 

သူ၏နေ့စဥ်ဘဝနှင့် ပတ်သက်ပြီးပြောရရင်တော့ သူကုရှောင်ရှမ်းနှင့် ပွတ်သီးပွတ်သပ်နေတာအပေါ် ကန့်ကွက်စရာမရှိပေ။ သူ့မှတ်ဥာဏ်များ ပျောက်ဆုံးသွားသော်လည်း သူ့ခန္ဓာကိုယ်ကတော့ လွန်စွာ ရိုးသားနေဆဲပင်။ ကုရှောင်ရှမ်း သူ့အားကောင်းကောင်း ဆက်ဆံပေးပြီး အရင်ကထက် အများကြီး ပိုရင်းနှီးသည့် အထိအတွေ့များကိုလည်း သူတဖြည်းဖြည်း နေသားကျလာခဲ့သည်။

 

ဘယ်ကိုမှ ကန့်ကွက်စရာကို မရှိတာ..။

 

သူတို့ နေ့တိုင်းနီးပါး sexလုပ်ဖြစ်ကြကာ မကြာခဏလည်း နမ်းလေ့ရှိ၏။ အစပိုင်းတွင် ကုရှောင်ရှမ်း သူ့အား လာနမ်းတိုင်း ရန်ကျစ် ထူးဆန်းနေသေးသလို ခံစားမိသော်လည်း မကြာခင်အချိန်အတွင်းမှာတင် ကျင့်သားရလာခဲ့ကာ ကုရှောင်ရှမ်းကဲ့သို့ပင် သူလည်း အနမ်းများအား ပိုပြီးသဘာဝကျကျ တုံ့ပြန်လာနိုင်ခဲ့လေသည်။

 

ကုရှောင်ရှမ်းသည် သူ့အား နမ်းရူံ့ခြင်းကို အတော်လေး သဘောကျပုံပင်။ သူ၏နှုတ်ခမ်း တစ်ခုတည်းတင် မဟုတ်ဘဲ သူ၏မျက်လုံး၊ မျက်ခုံး၊ ညှပ်ရိုး၊ လက်ချောင်းများ...နမ်းလို့ရသည့် ဘယ်နေရာကိုမဆို ကုရှောင်ရှမ်းတစ်ယောက် နမ်းလိမ့်မည်ပင်။ အနမ်းတော်တော်များများတွင် အလိုရမ္မက်များ မပါဝင်ဘဲ ဘာမှလုပ်စရာ မရှိသည့်အခါတိုင်း ဘီစကွတ် စားမိသလိုပင် သူနမ်းချင်သည့် အချိန်တိုင်း နမ်းနေတတ်၏။ ကုရှောင်ရှမ်း နမ်းရသည်ကို ထိုမျှထိ နှစ်သက်လိမ့်မည်ဟု ရန်ကျစ် တစ်ခါမှ မတွေးခဲ့ဖူးသလို သူကိုယ်တိုင်သည်လည်း ထိုအနမ်းများတွင် ပျော်မွေ့နေလိမ့်မည်ဟု စိတ်တောင်မကူးခဲ့ဖူးပါ။

 

ကုရှောင်ရှမ်း၏ သူငယ်ချင်းကောင်းတစ်ယောက် အနေနဲ့ ရန်ကျစ် သူ၏ရည်းစားဟောင်းများ၏ မကျေနပ်ချက်တစ်ချို့အား တိုက်ရိုက် ကြားသိခဲ့ဖူးသည်။ ကုရှောင်ရှမ်းသည် ကုတင်ပေါ်မှ ဆင်းပြီးသည်နှင့် သူတို့နှင့် ပရောပရီလုပ်တာမျိုး နမ်းတာမျိုးအား သိပ်မကြိုက်ခဲ့ပေ။ ရန်ကျစ်သည်လည်း အရင်ကရည်းစား အများကြီး ထားဖူးခဲ့သော်လည်း ထိုကောင်မလေးများသာ ကုရှောင်ရှမ်းလောက် သူ့အားနမ်းနေလျှင် သူ လုံးဝ သည်းခံနိုင်လောက်မည် မဟုတ်။

 

ထိုအခိုက်အတန့်တွင် နောက်ဆုံးတော့ ရန်ကျစ်တစ်ယောက် သူ လိင်ကွဲတစ်ယောက် ဖြစ်နေစဥ်တွင် ကုရှောင်ရှမ်းသည် ယောကျာ်းလေးများဖြင့်သာ တွဲနေခဲ့သည်ကိုသတိရသွားတော့၏။ ရန်ကျစ် သူ့အရင် ပါတနာများဖြင့် တွေ့ခဲ့ဖူးပြီး ထိုလူများအကြောင်းအား အခုတွေးမိချိန်တွင် သူစတင်၍ မနာလိုလာမိတော့သည်။

 

ထို မနာလိုမှုသည် ရန်ကျစ်နှလုံးသားထဲသို့ အပ်များသဖွယ် ထိုးဖောက်ဝင်ရောက်လာတာကြောင့် သူ နာကျင်လာမိ၏။ ထိုမှသာ သူကုရှောင်ရှမ်းအား တကယ်ချစ်မိနေပြီ ဖြစ်ကြောင်း ရုတ်တရက်ကြီး အတည်ပြု လိုက်မိတော့သည်။

 

အချစ်နှင့် အမုန်းကြားမှ နယ်နိမိတ်မျဥ်းလေးသည် သိပ်ကို ပါးလွှာလွန်းပေသည်။

 

အပြင်ဘက်၌ နှင်းများကျနေသော ပြတင်းပေါက်ရှေ့တွင် ကုရှောင်ရှမ်းတစ်ယောက် သူ၏ ဗီဒီယိုအစည်းအဝေးအား အပြီးသတ်လိုက်၏။ ထို့နောက် သူကော်ဖီခွက်အလွတ်အား စားပွဲပေါ်ပြန်တင်လိုက်ကာ လက်သုတ်ပုဝါအား ခေါက်၍ ဆိုဖာပေါ်တွင် မှိန်းနေသည့် ရန်ကျစ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့သည်။ အစပိုင်းတွင် သူရန်ကျစ်အား သတိလက်လွတ်ထားခဲ့မိသော်လည်း အခုအခါတွင် သူလည်းပဲ ရန်ကျစ်၏ ထူးဆန်းမှုအား စတင် သတိပြုမိလာချေပြီ။ ရန်ကျစ်၏ဆယ်နှစ်ကြာ သူငယ်ချင်း ချစ်သူတစ်ယောက်အနေနှင့် ကုရှောင်ရှမ်း စိတ်မပူဘဲ မနေနိုင်တော့ပေ။

 

"မင်း ဘာတွေဖြစ်နေတာလဲ?"

 

"ငါပြောပြီးပြီလေ!" ရန်ကျစ် သူ၏ခေါင်းအား စိတ်ပျက်လက်ပျက်ဖြင့် ကုတ်လိုက်ကာ လက်တိုတိုနှင့် ဒိုင်နိုင်ဆောကောင်ကြီးကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။

 

ငါ့—မှတ်ဥာဏ်တွေ—ပျောက်—နေပြီ!”

 

သူ ထိုစကားအား ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် ဟာသတစ်ခုဟုသာ ထင်မှတ်ခဲ့၏။ သို့သော် ယခုတွင်တော့ သူသေချာ ပြန်လည် သုံးသပ်နေရလေပြီ။

 

"အတည်ကြီးပြောနေတာလား?" ကုရှောင်ရှမ်း ရန်ကျစ်အား စူးစူးဝါးဝါးဖြင့် စိုက်ကြည့်နေ၏။

 

"ငါ့ဘဝမှာ ဒီ့ထက်ပိုပြီး လေးနက်တာမျိုးမရှိတော့ဘူး!"

 

ရန်ကျစ်၏မျက်နှာ၌ စိုးရိမ်မှုများအပြည့်ဖြင့် သူရုတ်တရက် ထခုန်လိုက်လျှင် ခြေဗလာလေးသည် အိန္ဒိယချည်ဖြင့် ပြုလုပ်ထားသော လက်လုပ်ကော်ဇောပေါ်သို့ ကျသွားတော့သည်။ သူအမှန်အတိုင်း ပြောနေတာဖြစ်မည်ဟု ကုရှောင်ရှမ်းတွေးလိုက်မိ၏။ ဘာလို့ဆို ရန်ကျစ်၏သရုပ်ဆောင်စွမ်းရည်သည် အလွန်ညံ့ဖျင်းသောကြောင့်ပင်။ သူကွန်ပြူတာအား ပိတ်ချလိုက်တော့ သူ့နှလုံးသားလေးသည်လည်း တစ်ပြိုက်နက်တည်း တုန်လှုပ်သွားရတော့သည်။

 

ဒါပေသည့် ကုရှောင်ရှမ်းကတော့ စိုးရိမ်စိတ် ပိုများလာလေလေ သူ၏အမူအရာများသည်လည်း ပို၍ တည်ငြိမ်လာလေပင်။ ထိပ်လန့်နေသည်မှာ သူမဟုတ်သည့်အလား ကုရှောင်ရှမ်းတစ်ယောက် အနည်းငယ်ပြုံးကာ ဟာသပင် ဖောက်လိုက်သေး၏။

 

"အရမ်းရယ်ရတာပဲ။ မင်းဘာတစ်ခုမှ မမှတ်မိတာတောင် ငါနဲ့ sexလုပ်ခဲ့သေးတာပေါ့?"

 

ရန်ကျစ် ပြန်ရန်တွေ့မလို့ ပြင်လိုက်စဥ်မှာပဲ ကုရှောင်ရှမ်း သူ့ရှေ့တွင် ဒူးထောက်ချလာကာ ယုန်သားမွေး ဖိနပ်တစ်ရံအား စွပ်ပေးလာခဲ့သည်။ ထို့နောက် ကုရှောင်ရှမ်း သူ့အားသတိပေးဟန်ဖြင့်..."အအေးမမိစေနဲ့"

 

ရန်ကျစ်၏ နှလုံးသားလေး သူ့ခြေဖဝါးအောက်တွင် ထိတွေ့နေသည့် ယုန်မွှေးလေးကဲ့သို့ ပျော့ပျောင်း သွားရတော့၏။

 

'အစ်ကိုရှောင်ရှမ်းက ဒါမျိုးကျတော့လည်း မဆိုးပါဘူး'

 

ရန်ကျစ် စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ်သို့ ပြန်လှဲချလိုက်လေသည်။ ဆိုဖာသည် တိမ်တိုက်များကဲ့သို့ နူးညံ့ပျော့ပျောင်းနေပြီး အပြာနုရောင် နံရံများကလည်း စိတ်ကူးယဉ်ဆန်သည့် ခံစားချက်အား ပေးစွမ်းနေ၏။ ရန်ကျစ် သူမဟုတ်သည့် တစ်စုံတစ်ယောက်၏ အိပ်မက်ထဲအား ကျူးကျော်ဝင်ရောက်နေရသလိုပင်။ ကုရှောင်ရှမ်း၏ ကိုယ်အလေးချိန် သူ့အပေါ်သို့ ပိကျလာပြီး သူ့လည်ပင်းအား ကိုက်ခဲခံလိုက်ရမှသာ ရန်ကျစ်တစ်ယောက် သူ၏အနမ်းများ နောက်လိုက်ရင်း လက်တွေ့ဘဝသို့ ပြန်ရောက်လာစေခဲ့၏။

 

အခုလေးတင် သူ၏အတိတ်မေ့ရောဂါ အကြောင်းကြေညာခဲ့ပြီး သူနှင့်ကုရှောင်ရှမ်းတို့၏ ချစ်သူ ဆက်ဆံရေးအား ဘယ်လောက်ပဲ မမှတ်မိဘူးပြောပြော ရန်ကျစ် ကုရှောင်ရှမ်း၏ အထိအတွေ့များတွင် အလွယ်တကူ ပြိုလဲသွားခဲ့ကာ ဆိုဖာပေါ်၌ အဖိခံနေရတော့သည်။

 

ဆိုဖာအစွပ်သစ်လဲဖို့ အချိန်ရောက်လာပြန်ပြီ။

 

တကယ်တော့ ကုရှောင်ရှမ်းသည်လည်း ရန်ကျစ်ကဲ့သို့ပင် စိုးရိမ်ထိပ်လန့်နေမိတာအမှန်ပင်။ သို့သော် သူ"အစ်ကိုရှောင်ရှမ်း"ဆိုသည့် တည်ငြိမ်မှုများအား ဆက်ထိန်းထားရန်လိုသေး၏။ သူသာ အရမ်း အထိတ်တလန့် ဖြစ်သွားလျှင် ရန်ကျစ်လည်း သေချာပေါက် ပြိုလဲသွားမှာဖြစ်သည်။

 

ကုရှောင်ရှမ်း၏ စိုးရိမ်မှုများသည်လည်း အဓိကအားဖြင့် "ရန်ကျစ် အဖြောင့်ဘဝသို့ ပြန်ရောက်သွားခြင်း"ဟူသော ကြောက်ရွံ့မှုမှ ဆင်းသက်လာခြင်းဖြစ်လေ၏။ ထို့ကြောင့် "ရန်ကျစ် ပြန်မဖြောင့်နိုင်လောက်အောင် ဂေးနေသည်" ဆိုတာအား သက်သေပြရန် သူ၏အချစ်များအား အမြန်ပင် ထုတ်ပြဖို့လိုအပ်နေပေသည်။ ရန်ကျစ်တစ်ယောက် ဂေးနေသရွေ့ ကုရှောင်ရှမ်း မဖြေရှင်းနိုင်တာမျိုး မရှိပေ။ နောက်ပြီး ရန်ကျစ်၏တုံ့ပြန်မှုများသည်လည်း သူ့အား ပြန်ကြိုက်ရန် ၈၀%လောက် အခွင့်အရေးရှိသေး၏။  

 

ကုရှောင်ရှမ်း သူ၏စိုးရိမ်ပူပန်မှုများအား ဖြေလျှော့လိုက်ပြီးနောက် ဆိုဖာပေါ်သို့ စိတ်ချလက်ချ မှီချလိုက်တော့သည်။ "အဖြောင့်ဆို ဟမ်း.."

 

အဖြောင့်ကောင်ကြီး ရန်ကျစ်တစ်ယောက် အရမ်းရှက်မိသွားကာ-"ငါလည်း ဘာဖြစ်သွားမှန်းမသိဘူး..."

 

ကုရှောင်ရှမ်း ရန်ကျစ်၏ကျောအား စိတ်လှုပ်ရှားနေသည့် ကြောင်ပေါက်လေးတစ်ကောင်ကို ငြိမ်သက်စေနေသည့်အလား ပွတ်သပ်ပေးနေမိ၏။

 

"ကောင်းပြီ။ ကိုယ်မင်းကို မနက်ဖြန်ဆရာဝန်ဆီ ခေါ်သွားပေးမယ်"

 

ရန်ကျစ် ပြင်သစ်ဆိုဖာ၏ အစွန်းဖက်အား ဆွဲဆိတ်လိုက်ရင်း ရိုက်နှက်ဖို့တောင်းဆိုနေပုံရသည့် ကုရှောင်ရှမ်း၏မျက်နှာအား စိုက်ကြည့်နေလေတော့သည်။ 

 

'ဆရာဝန်နဲ့ သွားပြစရာ မလိုတော့ဘူး!'

 

နောက်တစ်နေ့၌ ရန်ကျစ် ပြန်လည်သက်သာလာဟန်...“အာ ငါအခု အကုန် ပြန်မှတ်မိနေပြီ” ရန်ကျစ်အသံသည် အရမ်းကိုပေါ့ပါးနေ၏။ “စိတ်မပူနဲ့တော့”

 

တစ်ညလုံး စိုးရိမ်နေခဲ့သည့် ကုရှောင်ရှမ်းတစ်ယောက် ရန်ကျစ်အား သံသယများဖြင့် ကြည့်လာလေသည်။ ဆိုးသည်က ရန်ကျစ်မျက်နှာတွင် ဘာအမူအရာမှ ပေါ်မနေချေ။ 

 

ယနေ့ ၂၀၂၈ခုနှစ်တွင် ရန်ကျစ် အရာအားလုံးကို နားလည်လိုက်ပြီပင်။

 

သူမှတ်ဥာဏ်များ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ အဲအစား ကူးပြောင်းသွားခဲ့တာဖြစ်သည်။ သူ ၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက်နေ့၌ အိပ်ပျော်သွားခဲ့ရာမှ ပြန်နိုးလာချိန်တွင် ၂၀၂၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့သို့ ကူးပြောင်းသွားကြောင်း သိရှိလိုက်ရ၏။ ထို့နောက် နိုင်ငံ စီတွင် တစ်လခွဲကြာ စိုးရိမ်စိတ်များဖြင့် နေထိုင်ခဲ့ပြီး ၂၀၂၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အိပ်ပျော်သွားခဲ့ရာ ၂၀၁၈ခုနှစ် ဇွန်လ ၄ ရက်နေ့သို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။ သူကလည်း သူပဲဖြစ်နေသေးကာ ကုရှောင်ရှမ်းသည်လည်း ကုရှောင်ရှမ်းအတိုင်းပင်။ သူတို့နှစ်ယောက် မတူညီသည့် အချိန်အပိုင်းအခြားတစ်ခုသို့ ရောက်ရှိနေတာပဲဖြစ်၏။

 

ထိုကဲ့သို့ သဘာဝလွန်ဖြစ်ရပ်မျိုးအား သူကိုယ်တိုင်မကြုံတွေ့ဖူးလျှင် သူလည်းယုံမည်မဟုတ်ပေ။

 

ထို့ကြောင့် ရန်ကျစ်တစ်ယောက် ထိုထူးဆန်းသည့် အဖြစ်အပျက်ကြီးအား နားလည်နိုင်ရန် ၂၀၂၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ရလေသည်။ နောက်ဆုံးမှာတော့ ရန်ကျစ် သူ၏ပါတနာအား အဖြူရောင် မုသားတစ်ချို့ပြောရန်သာ ဆုံးဖြတ်လိုက်တော့၏။ "ဟုတ်တယ် ငါအားလုံးကို ပြန်မှတ်မိနေပြီ"

 

ကုရှောင်ရှမ်း ရန်ကျစ်အား ခဏလောက် အကဲခတ်နေပြီးနောက်-"ဘာပဲဖြစ်ဖြစ် ဆရာဝန်ဆီ သွားကြည့်ရအောင်"

 

သူ ရွေးချယ်စရာမရှိတော့တာကြောင့် သွားဖို့လုပ်လိုက်တော့သည်။

 

၄.၆.၂၀၁၈, တနင်္လာနေ့, ရိုစ့်ဟိုတယ်, စီအီးအိုအခန်း၏အိပ်ရာ၌..။

 

ရန်ကျစ် မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန်တွင် သူမြင်လိုက်ရသည်က လာဗင်ဒါရောင် နံရံများမဟုတ်တော့ဘဲ ဟိုတယ်ခန်းတစ်ခု၏ အမိုးခုံးပေါ်ရှိ င်သိသာသာ ကွဲပြားနေသည့် နှင်းဆီပန်းဆီဆေးပန်းချီများပင်။ အနီရောင်တောက်တောက် နှင်းဆီပွင့်များနှင့် ကျောက်စိမ်းရောင် အရွက်များအား မြင်လိုက်ရချင်းပင် ရန်ကျစ် တုန်လှုပ်စွာ လန့်နိုးလာတော့သည်။

 

"ဒါရိုစ့်ဟိုတယ်ပဲ!"

 

'ငါနိုင်ငံ စီမှာ အစ်ကိုရှောင်ရှမ်းနဲ့ ဂေးနေတာ မဟုတ်ဘူးလား? ဘယ်..ဘယ်လိုလုပ်ပြီး...ငါ ရိုစ့်ဟိုတယ်ကိုပြန်ရောက်နေတာလဲ?'

 

ရန်ကျစ်၏ခေါင်းများသည် ၂၀၂၈ခုနှစ်၊ နိုင်ငံ စီ၌ သူ့ကိုယ်သူရှာတွေ့ခဲ့သည့်အတိုင်းပင် ထုံကျင်ကိုက်ခဲနေလေ၏။ သူ၏အမြင်အာရုံများသည်လည်း မှုန်ဝါးနေကာ နားထင်ကြောများသည် တဒိန်းဒိန်းခုန်နေပြီး လေယာဥ်အကြာကြီး စီးလာရသူကဲ့သို့ မူးဝေနေတော့သည်။

 

သူစားပွဲခုံပေါ်မှ နာရီအား အလျင်အမြန် ယူကြည့်လိုက်ရာ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့သို့ ပြန်လည်ရောက်ရှိနေကြောင်း သိလိုက်ရတော့၏။

 

"အိုး fuck!" ရန်ကျစ် သူ၏အကန့်အသတ်ရှိသော အင်္ဂလိပ်ဝေါဟာရအား ထုတ်သုံးလိုက်မိသည်။

 

“Fuck, fuck, fuck, fuck!” သူ၏အသံသည် ပျက်စီးနေသည့် အသံဖမ်းစက်ကဲ့သို့ အက်ကွဲနေကာ ရန်ကျစ် ​ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်လိုက်ပြီး သူ၏ပူလောင်နေသည့်ခေါင်းပေါ်သို့ ရေအေးဖြင့်လောင်းချလိုက်တော့၏။

 

'ငါ ရူးနေတာများလား?'

 

ထိုမြင်ကွင်းကြောင့် အိမ်တော်ထိန်းတစ်ယောက် လွန်စွာ အံ့အားသင့် ထိတ်လန့်သွားခဲ့ပြီး အကူအညီပေးရန် အပြေးလေး ရောက်ချလိုက်ခဲ့သည်။ ရန်ကျစ် သူမနေ့ညက အရက်အတုများ မှားသောက်ခဲ့မိသလားဟူ၍ စတင်သံသယဝင်လာကာ စားဖိုဌာနအား တိုင်တန်းရန်ခြိမ်းခြောက်လိုက်စဥ် အိမ်တော်ထိန်းသည် ယဥ်ကျေးစွာဖြင့်..."မနေ့ညက အရက်တွေ အကုန်လုံးက ဆရာ့ရဲ့ယွီအမှတ်တံဆိပ် လက်အောက်က ချည်းပါပဲ"

 

ရန်ကျစ် နင်သွားကာ အိမ်တော်ထိန်းအား မောင်းလွှတ်လိုက်တော့သည်။ ထို့နောက် သူသေချာပြန်စဥ်းစားလိုက်ကာ သူ့အစ်ကိုဖြစ်သူ ယွီကုမ္ပဏီ၏လက်ရှိ စီအီးအိုအား ဖုန်းဆက်လိုက်လေ၏။

 

"ကျွန်တော်တို့အရက်က တစ်ခုခု မှားနေတာများလား?"

 

ထိုစကားအားကြားကာ စီအီးအိုယွီယွင်ထောင် ပြန်တုံ့ပြန်လာခဲ့သည်။

 

"မင်းအများကြီး ထပ်သောက်ခဲ့တာမဟုတ်လား?"

 

အမ်...” ရန်ကျစ် ညည်းတွားလိုက်မိ၏။

 

"မနေ့ညကမင်း အရက်ယွမ် တစ်သန်းဖိုးလောက် မှာပြီး ယွမ်နှစ်သောင်းဖိုးလောက်ပဲ သောက်ပြီးတာနဲ့ ကျန်တာတွေကို ရှေးခေတ်တုန်းကလို မိန်းမတွေ ခြံရံနေတဲ့ ဝိုင်ကန်ကြီးလုပ်မယ်ဆိုပြီး ရိုစ့်ဟိုတယ်ကရေကူးကန်ထဲကို လောင်းချခဲ့တာလေ မမှတ်မိတော့ဘူးလား?"