Ch 7
Viewers 287

 7

 

ရန်ကျစ်ရဲ့ဖုန်းသည် ရုတ်တရက် ထမြည်လာတော့လန့်သွားခဲ့သည် _ ဘုရားသခင်၊ ရန်ကျစ်သည် အိပ်ခန်းထဲကိုဝင်ဖို့ ခွင့်ပြုချက် ရှင်းရှင်းလင်းလင်း ရထားပေမဲ့ အဲ့ကိစ္စက မဖြစ်သင့်‌တာကြောင့် သူ့ရဲ့အသိစိတ်ထဲမှာ နည်းနည်းလောက် အပြစ်ရှိတယ်လို့ ခံစားလိုက်ရသည်။

အဲ့ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဒီဘဝမှာ မကောင်းတဲ့ ကိစ္စတစ်ခုမှ လုပ်ဖို့ မသင့်တော်ပေ။

 

သူ့ရဲ့လက်ဖဝါးမှာ ချွေးစေတွေထွက်နေပြီး ဟယ်ကျွင်းဆီမှ စာကိုကြည့်ရန် အိပ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။

သူ့ကို စာပြန်မယ်လို့ ကတိပေးထားခဲ့ပေမဲ့ အားလုံးကို မေ့သွားခဲ့သည်။

သို့ပေမဲ့ ဟယ်ကျွင်းရဲ့စာသည် သတိပေးထားတာ မဟုတ်ပေ၊ ဒါမဲ့ အရက်နာကျတာကို သက်သာစေမဲ့ ဟင်းရည်ရဲ့ ချက်နည်းဖြစ်ပြီး ကောင်းတယ်လို့လဲ ရန်ကျစ်ကို ပြောလေသည်။

 

ရန်ကျစ်သည် ရှက်စရာကောင်းတယ်လို့ ခံစားရပြီးတော့ ချက်ချင်း ပြန်ဖြေလိုက်သည် “ကျေးဇူးပါ။ ငါ အခုပဲ အစ်ကိုရှမ်းကို ခေါ်‌ပြီးတာ။ သူက အလုပ်အရမ်းများ‌နေရုံပဲ အရာအားလုံးအဆင်ပြေတယ်လို့ပြောတယ်။ စိတ်မပူပါနဲ့။”

 

ဟယ်ကျွင်း: “ကျေးဇူးအများကြီးတင်ပါတယ်။ ငါ အခု စိတ်ချရပြီ။ စကားမစပ် ငါက မေးတယ်ဆိုတာကို သူသိလား?”

 

ရန်ကျစ်သည် ရိုးရိုးသားသားပဲ ပြောလိုက်သည်။ “ငါ သူ့ကို မပြောဘူး။”

 

ကောင်းတယ်။ ငါက အရမ်းကို နားပူဆာပူလုပ်တယ်လို့ သူထင်သွားမှာ တကယ်ကြောက်တယ်။”

 

ရန်ကျစ်သည် အံ့သြသွားခဲ့သည်။ ဘာလဲ? အဲ့ဒါက ဘာလို့တူနေရတာလဲ? ဟယ်ကျွင်း စိတ်ပူနေတာကို အစ်ကိုရှောင်ရှမ်း သိရင် ကျေးဇူးတင်နေလိမ့်မယ်လို့ ငါထင်နေတာလေ! ငါ အခုပဲ အစ်ကိုရှောင်ရှမ်းကို ပြောသင့်လား…အို၊ နေပါအုံး၊ ဒါက မမှန်ဘူး…

 

ရန်ကျစ်သည် အဲ့အကြောင်းကို တွေးရင်းနဲ့  သူ့ရဲ့ကိုယ်ပိုင်အတွေးကိုလည်း နှိုးဆော်လိုက်သည်။

ငါ ဘာလုပ်နေတာလဲ?

လူတွေက ဆိုးတယ်လို့ထင်အောင် ငါ ဘယ်လိုလုပ်ရမလဲ?

ငါကလည်း အဲ့လိုမျိုး ရက်စက်လို့လား?

 

ရန်ကျစ်သည် ဟားကျူ့ကို ရေချိုးခန်းထဲမှာ ပိတ်ထားတုန်းဆိုတာကိုတောင် မေ့သွားကာ ကုရှောင်ရှမ်းရဲ့အခန်းထဲကနေ ပြေးထွက်သွားသည်။

သူသည် အလွန်အမင်း စိတ်ဓာတ်ကျနေပေမဲ့ အရက် ထပ်ပြီးတော့ မသောက်ချင်တော့‌တာကြောင့် သံပုရာသီးဖျော်ရည်အထုပ် အနည်းငယ်ကို ဆွဲယူလိုက်သည်။

သံပုရာသီးဖျော်ရည် အေးအေးလေးကို ပိုက်ဖြင့်သောက်ရင်း တီ‌ဗွီပေါ်မှ လာနေတဲ့ ရှည်လျားတဲ့ အနုပညာ‌အကြောင်းတစ်ခုကို ကြည့်နေလိုက်သည်။

လှပတဲ့အမျိုးသားတစ်ယောက်သည် screen ပေါ်မှာ အသံတိုးတိုးလေးနဲ့ စကားပြောနေသည်။

သဝန်တိုမှုကို တွေ့ကြုံရပြီဆိုရင် ဘယ်သူမဆို ကြောက်စရာကောင်းသွားတတ်သည်။

 

သဝန်တိုမှု…အဲ့စကားလုံးသည် ရန်ကျစ်၏နှလုံးထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။

တီဗွီပေါ်က Leslie Cheung ကို သုန်မှုန်စွာ ကြည့်လိုက်သည်။

ငါလည်း သဝန်တိုနေတာလား? ငါလည်း ကြောက်ဖို့ကောင်းလာမှာလား?

ငါကြောက်ဖို့ကောင်းသွားရင် Leslie Cheung လို ချောလာမှာလား?

 

(T/N: Leslie Cheungသည် လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားတဲ့ ကျော်ကြားတဲ့ ဟောင်ကောင် သရုပ်ဆောင်၊ အဆိုတော်ဖြစ်သည်။)

 

အနုပညာအကြောင်းအရာ တစ်ခုခုကိုကြည့်ရှုနေတဲ့ ရှားပါးအချိန်လေးမှာတောင် "သဝန်တိုမှု" နဲ့ "ကြောက်စရာကောင်းမှု"ဆိုတဲ့အကြောင်း‌က ရန်ကျစ်ရဲ့စိတ်တစ်ခုလုံးကို အခိုင်အမာ ဆွဲဆောင်သွားတော့သည်။ ရန်ကျစ်သည် screenကို စိုက်ကြည့်ရင်း သဲကန္တာရရဲ့ မြင်ကွင်းများ၊ အထီးကျန်နေတဲ့အလှတရားများကို ကြည့်နေပြီးနောက်တော့ တွေးတောရင်းနဲ့ သူသည် _ အိပ်ပျော်သွားလေသည်။

 

ဒီရုပ်ရှင်က တကယ်ကို အရမ်း ပျင်းဖို့ကောင်းတယ်။

 

ဘဝအကြောင်းကို တွေးတောဖို့က သူအတွက် လုံးဝ မအပ်စပ်တဲ့အရာဖြစ်သည်။

အဲ့ဒီအစား အလိုက်သင့်နေလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

 

တကယ်တော့ ရန်ကျစ်သည် အရမ်းတုံးတာကြောင့် သူက ကြောက်ဖို့ ကောင်းတဲ့ပုံစံပြောင်းသွားမှာ မဟုတ်ဘူးလို့ ထင်နေခဲ့သည်။

အမြဲတမ်း စကားလုံးချိုချိုသာသာတွေပဲ ပြောတတ်တဲ့ ဟယ်ကျွင်းလိုလူမျိုးကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ?

သူ့အတွက်လား?

ကုရှောင်ရှမ်းက သူ့ကို "ဦးနှောက် မရှိတဲ့ငါး၊ ကောင်းတာတစ်ခုမှ မပြောတတ်ဘဲ ပလုံပလုံသာလုပ်ကာ အရူးလိုဘဲ လုပ်နေတယ်"လို့  အမြဲတမ်း ဝေဖန်လေ့ရှိသည်။

 

တစ်ခါက၊ ဟားကျူ့ရဲ့ခေါင်းသည် အဝတ်လျော်ခြင်းထဲမှာ ညှပ်နေတာကြောင့် ကိုယ့်ဖာသာကိုယ် မထွက်နိုင်တော့ပေ။

ရန်ကျစ်သည် ဓာတ်ပုံရိုက်ကာ ကုရှောင်ရှမ်းဆီကို ပို့ပေးလိုက်တော့ ဆယ်ဖီဆွဲနေတာလားလို့ ကုရှောင်ရှမ်းက မေးလေသည်။

ကုရှောင်ရှမ်းရဲ့ မျက်လုံးထဲမှာ ရန်ကျစ်ရဲ့ ပုံသည် အရမ်းဆိုးဝါးနေတယ်ဆိုတာ သိသာနေသည်! သူက ခွေးတစ်ကောင်ပဲ! ပြီးတော့ ဟားကျု့နဲ့ တူတဲ့ခွေးတစ်ကောင်ပဲ!

 

ရန်ကျစ်သည် အရင် ကတစ်ခါမှ အရမ်းကြီး စိတ်ညစ်တာမျိုး မဖြစ်ဖူးပေ။

 

အဲ့ဒါက သူ့ဘဝမှာ ရှားပါးဖြစ်စဉ်ဖြစ်တာကြောင့် သူ့ကိုသူ ဆန်းစစ်ကြည့်လိုက်သည် — ပြီးနောက် သူ့ရဲ့ဘဝသည် စစ်ဆေးမှုကို မအောင်မြင်နိုင်ဘူးဆိုတာကို နားလည်သွားခဲ့သည်။

သူ့မှာ ဉာဏ်ထက်မြက်မှု မရှိဘူး။

ချမ်းသာမှု ကလည်း သူ့အဖေရဲ့ဟာပဲ။

အရည်အချင်း မရှိခဲ့ဘူး — ဟုတ်‌တာပေါ့၊ သူ့ရဲ့အရည်အချင်းက အတော်လေး ကြံ့ခိုင်သန်မာနေသေးတဲ့ သူ့ရဲ့ အဖေအတွက် ဒုက္ခတွေ ဖန်တီးဖို့ပဲ ဖြစ်သည်။

 

သူ အဲ့အကြောင်း စဉ်းစားလေလေ၊ ပိုပြီးတော့ မျှော်လင့်ချက် မေ့သွားသလို ခံစားရတာကြောင့် သူငယ်ချင်းဟောင်းတွေဆီသို့ စာပို့လိုက်လေသည်။ "ဟေးဇီ၊ ငါ စိတ်ဓာတ်ကျနေပြီ!"

 

ဟေးဇီသည် ရန်ကျစ်က ယန်ယိရန်ရဲ့ ကိစ္စတွေ အပေါ်မှာ စိတ်မကောင်းဖြစ်နေတယ်လို့ ထင်တာကြောင် ပြန်ဖြေလိုက်သည် "ဘာမှမဖြစ်ပါဘူး၊ တစ်ခြားမိန်းကလေးတွေလည်း ရှိပါသေးတယ်! ဒီည ငါ့ရဲ့ ကလပ်(club)ကို လာခဲ့လိုက်၊ မော်ဒယ်တွေကို တစ်ဝက်ဈေးပေးရင်၊ သူတို့က မင်းနဲ့ လိုက်လိမ့်မယ်!"

 

ရန်ကျစ်သည် မျက်မှောင်ကြုတ်ကာ "ငါ ပြည့်တန်ဆာတွေကို မလုပ်ဘူး။"

 

ဟေးဇီသည် ကျစ်ခနဲလုပ်ကာ "ကောင်းပြီ၊ ငါ မင်းရဲ့ငွေကို မယူပါဘူး! အဲ့လိုမျိုး ပြည့်တန်ဆာလို့တော့ အမည် မတပ်ပါနဲ့!"

 

ရန်ကျစ်သည် ဟေးဇီကြောင့် ဆွံ့အသွားတော့သည်။

 

ဟေးဇီက မေးလိုက်သည် "ဘာတွေ ဖြစ်လို့လဲ?"

 

"ငါ့ရဲ့ ဘဝမှာ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာကို သိသွားပြီ။"

 

ဟေးဇီသည် ရန်ကျစ် ထပ်ပြီးတော့ အရက်မူးနေပြီလို့ ထင်ပေမဲ့ စိတ်ရှည်စွာ ပြန်ပြောလိုက်သည် "မင်း ဘာလို့ အဲ့လိုမျိုးတွေးရတာလဲ?" သူ့ရဲ့ရှားပါးတဲ့ နူးညံ့မှုတွေကို ချက်ချင်း ပြသဖို့ပြင်လိုက်ကာ သူ့ရဲ့သူငယ်ချင်းဟောင်းရဲ့ ဘဝလမ်းပြဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီး သူ့အတွက် မျှော်လင့်ချက် မီးတောက်လေးထွန်းပေးလိုက်တော့ သူသည် ချက်ချင်းပဲ ရန်ကျစ်ရဲ့ နောက်စာတစ်ခုကို မြင်လိုက်ရသည်။

 

"ဘာလို့လဲဆိုတော့ ငါ ယွီယွင်ရန် က ချောမောတဲ့မျက်နှာနဲ့ ချမ်းသာတဲ့ မိသားစုနောက်ခံကလွဲရင် ဘာမှ မရှိဘူးဆိုတာကို ငါ ဒီနေ့ နားလည်သွားလို့။"

[T/N : ယွီယွင်ရန် က ရန်ကျစ် ရဲ့ နာမည် အရင်းပါ။ ]

 

"မဟုတ်ပါဘူး၊ မင်းကို မင်းထိန်းသိမ်းတဲ့နေရာမှာလည်း မင်းက အရမ်းတော်ပါတယ်။"

 

ရန်ကျစ်သည် သူက ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြီးနောက် ရန်ကျစ်က ကြွားနေတာမဟုတ်ဘဲ တကယ်ကို ရှုပ်ထွေးနေကြောင်းကို ဟေးဇီက သိသွား‌တြောသည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူသည် ရန်ကျစ်ကို ဆူလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံးက ချမ်းသာပြီးတော့ ရုပ်ချောတာပဲကို ဘာတွေထပ်ပြီးလိုသေးတာလဲ? အရူး! မင်းကို ဧကရာဇ် ဖြစ်အောင် ငါ့ကို လုပ်ခိုင်းစေချင်တာလား? ငါပြောမယ်၊ မင်းက တကယ်ကို ဦးနှောက်မရှိတဲ့ ငတုံးပဲ!"

 

ရန်ကျစ်သည် ပိုပြီးရှုပ်ထွေးသွားကာ ဆူပူလိုက်တော့သည်။

"အာ...ဒါပေမဲ့ ငါ့အစ်ကိုကို ကြည့်လိုက်၊ ပြီးတော့ အစ်ကို ရှောင်ရှမ်းကိုရောပဲ၊ သူတို့ကလည်း ချမ်းသာပြီးတော့ ရုပ်ချောပေမဲ့ တစ်ခြားကောင်းကွက်တွေ ရှိနေသေးတယ်။ ပြီးတော့ ငါ့အဖေ ငယ်ငယ်တုန်းကလည်း..."

 

ဟေး‌ဇီသည် ထပ်ပြီးတော့ မယုံကြည်နိုင်တော့ဘဲ "Bro မင်းက တကယ်ပဲ ချဲ့ကားလွန်းနေတာမဟုတ်ဘူးလား?"

 

ရန်ကျစ်သည် စာရိုက်ရင်း ဟားကျု့ကို ကုရှောင်ရှမ်းရဲ့ ရေချိုးခန်းထဲမှာ ပိတ်ထားသေးကြောင်းကို ရုတ်တရက် သတိရသွားသည်။

သူသည် အပေါ်ကို မြန်မြန်တက်ကာ ဟားကျု့ကို လွှတ်ပေးလိုက်သည်။

ဟားကျု့သည် နာရီ အနည်းငယ်လောက် အပိတ်ခံထားရတာကြောင့်  တစ်ခုခု အမှားလုပ်မိလို့ အပြစ်ပေးခံရတယ်လို့ထင်ပြီး မရုန်းရဲတော့ပေ။

အဲ့ဒီအစား ရန်ကျစ်ကို သူ့အား ခွေးလှောင်အိမ်ထဲသို့ သယ်လာစေပြီးတော့ အဲ့မှာ နေလိုက်သည်။

 

အကြောင်းကိစ္စရပ်များသည် အကောင်းဘက်နဲ့ ဝေးကွာနေတာကို ရန်ကျစ် သိသွားတော့သည်။

 

အများစုမှာ ရန်ကျစ်ရဲ့ "စိုးရိမ်ပူပန်မှုများ" နှင့် သာသက်ဆိုင်နေသည်။

 

ရန်ကျစ်သည် ဘာစိတ်ပူစရာမှမရှိဘဲ ပေါ‌တောတောဖြစ်နေတာက ကောင်းတယ်လို့ တစ်ခါက ယွီယွင်ထောင် ပြောဖူးသည်။ ရန်ကျစ်ကလည်း သူ့မှာ စိုးရိမ်စရာတွေအများကြီးပဲ အထူးသဖြင့် သူ့ရဲ့အချစ်ရေးကိစ္စတွေမှာလို့ ပြန်ခံပြောလိုက်သည်။

ယွီယွင်ဟောက်သည် ရန်ကျစ်ရဲ့ အစ်ကိုကြီးများလို သူ့ရဲ့အချစ်ရေးအပေါ်မှာ စိုးရိမ်ခြင်းမရှိဘဲ အေးအေးစက်စက်ပဲ သုံးသပ်သည် "မင်း လှတယ်လို့ ထင်တဲ့ ဘယ်မိန်းကလေးကိုပဲ ဖြစ်ဖြစ် ငွေအမ်း ပြီးတာပဲမလား၊ မင်းရဲ့ စိုးရိမ်မှုက ငွေအမ်းပြီးတာတောင်မှ သူတို့ကို မရနိုင်တာပဲ။"

 

သူ့ရဲ့ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်မှုတွေက ယွီယွင်ထောင်ရဲ့ စကားတစ်ခွန်းနဲ့ နိဂုံးချုပ်သွားတာကို ရန်ကျစ်က မြင်လိုက်ရသည်

 

ရန်ကျစ်သည်လည်းCEO တစ်ယောက်ဖြစ်လာပြီးရင်တော့ လူချမ်းသာတစ်ယောက်ရဲ့ အချစ်ရေးက စတင်လာတော့မယ်။

သူသည် စာသင်နေတုန်းအချိန် ဖြစ်တာကြောင့် သခင်ကြီးယွီရဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုကို အမြဲတမ်း ခံနေရသည်။

ဆရာမက ရန်ကျစ်ရဲ့‌လေ့လာမှုတွေက မကောင်းဘူးလို့ ပြောတဲ့အချိန်ကျရင် သခင်ကြီယွီသည် အရမ်းနားလည်ပေးပြီး ရန်ကျစ်က အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ ပြောလေသည်။

သို့ပေမဲ့ သူ့ရဲ့ အတွေးအမြင်နဲ့ ကိုယ်ကျင့်တရားအကြောင်း အတိုင်ခံရရင်တော့ ရန်ကျစ်သည် အိမ်ပြန်ရောက်ရင် ကောင်ကောင်းလေး အရိုက်ခံရတော့သည်။

သခင်ကြီးယွီက အမြဲတမ်းပြောသည် "မင်းကို ကျောင်းမှာ ထူးချွန်ရမယ်လို့တော့ ငါတစ်ခါမှ မမျှော်မှန်းထားပေမဲ့ လူကောင်းတစ်ယောက်တော့ ဖြစ်ကိုဖြစ်ရမယ်!"

 

တစ်ခါက ရန်ကျစ်သည် မိန်းကလေး အတန်းဖော်ရဲ့ လည်းပင်းနားက ကြိုးကို မြင်လိုက်ပေမဲ့ အတွင်းခံကြိုးဆိုတာကို မသိပေ။

သူသည် ကုရှောင်ရှမ်းကို မေးလိုက်သည် "ဟေး၊ အဲ့ဒါက ဘာလဲ?"

 

ကုရှောင်ရှမ်းက သူ့ကို ပြောလိုက်သည် "မင်းဆွဲလိုက်ရင် သိသွားလိမ့်မယ်။"

 

ရန်ကျစ်သည် သူ့ရဲ့အသုံးမကျတဲ့လက်ကို လုံးဝ မထိန်းချုပ်လိုက်နိုင်ဘဲ လှမ်းဆွဲလိုက်သည်။

မိန်းကလေးသည် စိတ်ဆိုးသွားပြီး ရန်ကျစ်က မဖွယ်မရာလုပ်တယ်လို့ ဆရာမကို တိုင်လိုက်လေသည်။

အိမ်ပြန်ရောက်ပြီးနောက် ရန်ကျစ်သည် ဆိုးဆိုးဝါးဝါးအရိုက်ခံရပြီးတော့ နောက်ထပ် ခြေတစ်လှမ်းမှ စည်းကျော်ကာ မလှမ်းရဲတော့ပေ။

အမျိုးသမီးကျောင်းသူ တစ်ယောက်က သူ့ကို စကားပြောလာတဲ့အချိန်ကျရင်လည်း သူသည် ခေါင်းကိုမော့ကာ စိတ်တိုသလိုအမူအရာ လုပ်ရတဲ့ အထိ ဖြစ်သွားခဲ့သည်။

 

မိန်းကလေးတစ်ယောက်က တိတ်တိတ်လေးပြောလိုက်သည် "ချောတော့ရော ဘာထူးလို့လဲ၊ သူက တုံးအ ပြီးတော့ ရိုင်းစိုင်းတယ်။"

 

အဲ့ဒါကို ကြားတော့ ရန်ကျစ်သည် ကုရှောင်ရှမ်းရဲ့အင်္ကျီလက်ကို အားနဲ့ဆွဲလိုက်သည်။

"မင်း အဲ့ဒါကို ကြားလိုက်လား? မိန်းကလေးတစ်‌ယောက်က  ငါကိုချောတယ်လို့ ပြောတာကိုလေ!"