ထို့ကြောင့်
ကုရှောင်ရှမ်းသည် ရန်ကျစ်၏လက်ကို လွှတ်လိုက်သည်။
"ငါ အရူးတွေနဲ့ သူငယ်ချင်း မလုပ်ဘူး။"
ဒါက သူ ငယ်ငယ်တုန်း
အချိန်က ကုရှောင်ရှမ်း ပြောခဲ့သည့် အရာတစ်ခုခုနှင့် တူနေလေသည်။
အဲအချိန်က
ရန်ကျစ်သည် ကုရှောင်ရှမ်းနှင့် သူငယ်ချင်း ဖြစ်ချင်ပေမဲ့ ကုရှောင်ရှမ်းက သူ့ကို
တင်းတင်းမာမာဖြင့် ငြင်းလိုက်ပြီး အရူးတစ်ယောက်နှင့် သူငယ်ချင်းလုပ်မှာ မဟုတ်ဘူးဟု
ပြောသည်။
ရန်ကျစ်သည်
အရမ်းစိတ်ဆိုးသွားပြီးနောက် ဦးလေးကုက ရန်ကျစ်ကို တောင်းပန်ရန် ကုရှောင်ရှမ်းအား
ဆွဲခေါ်လာခဲ့သည်။
သို့ရာတွင်
ကုရှောင်ရှမ်းသည် အခုတစ်ခါမှာလည်း သူ့၏စကားများကိုပဲ နောက်တစ်ခါထပ် ပြောသောအချိန်မှာ
ရန်ကျစ်သည် ထပ်ပြီးတော့ လိုက်မခံစားတော့ပေ။
ရန်ကျစ်သည် သူက
အရူးတစ်ယောက်ဆိုတာကို သိပေမဲ့ ကုရှောင်ရှမ်းက သူ့ရဲ့သူငယ်ချင်း ဖြစ်နေသေးတာကြောင့်
ဖြစ်လေသည်။
ရန်ကျစ်၏
သူငယ်ချင်းဖြစ်သောကြောင့်ပဲ ကုရှောင်ရှမ်းလည်း တစ်ခုခုမှားနေတယ်ဆိုတာကို
သိတာဖြစ်သည်။
တကယ်တော့
ရန်ကျစ်သည် သူ့ခံစားချက်တွေကို ဖုံးကွယ်နိုင်သော လူတစ်ယောက်မဟုတ်ပေ။
သို့ပေမဲ့
အဲ့ဒီပုစ္ဆာက အရမ်းကို ဆန်းကြယ်နေသောကြောင့် ကုရှောင်ရှမ်းသည် မဆွေးနွေးချင်ပေ။
အခုလောလောဆယ်မှာ
ကုရှောင်ရှမ်း၏ စိတ်ထဲ၌ ရန်ကျစ်သည် ပြဿနာများသည်ဟုသာ တွေးမိနေပြီးတော့
မပျော်ရွှင်တော့ပေ။
အဆုံးသတ်မှာတော့
သူ့၏မပျော်ရွှင်မှုသည် ယန်းယိဟန် နောက်ကို လိုက်တာ ရှုံးနိမ့်ခြင်း၊ သူရဲ့အဖေက
သူ့ကို ကန်ထုတ်လိုက်ခြင်း၊ သူ့ပိုက်ဆံအိတ် ပြောင်ရှင်း နေပြီးတော့ လမ်းခဏ လျှောက်ရန်အတွက်
သူ့ခွေးကို အပြင်သို့ ခေါ်လာပြီးနောက်မှာ သွေးထွက်သံယို
ကိစ္စဖြစ်ရခြင်းကြောင့်သာဖြစ်သည်။
ဖြစ်ရပ်အားလုံးကို ခြုံငုံကြည့်ပြီး
ရန်ကျစ်၏ မပျော်ရွှင်မှုတွေကို
နားလည်သွားတော့သည်။
ကုရှောင်ရှမ်း
ကိုယ်တိုင်သည်လည်း အတော်လေးကို အလုပ်များနေသည်။
သို့ပေမဲ့ သူ့အလုပ်အပေါ်မှာရှိတဲ့
စိတ်အားထက်သန်မှုကြောင့် အရမ်းကြီး ပင်ပန်းတယ်လို့မခံစားရပေ။
အချိန်အများစုမှာ
သူသည် ရုံးထဲက နားနေခန်းမှာ မကြာခဏ နေတယ်၊ အဲလိုမှ မဟုတ်ဘူးဆိုရင် ကုအိမ်တော်ကို
ပြန်လာရန် လုပ်ပြီးတော့ သူ့တိုက်ခန်းထဲမှာ တစ်ညလုံးနေတာက ရှားသည်။
ကုရှောင်ရှမ်း တိုက်ခန်းဝယ်လိုက်သောအချိန်သည်
သူ့လိင်စိတ်တိမ်းညွှတ်မှုကို သိသွားသည့်အခါ သူနှင့် သူ၏မိသားစု ဆက်ဆံရေး တင်းမာနေသည့်
အချိန်ဖြစ်လေသည်။
အဲဒါပြီးနောက်
သူ၏မိသားစုက လက်ခံလိုက်သည့်အချိန်မှာ သူသည်လည်း တိုက်ခန်းမှာ နေမည့်အစား
ကုအိမ်တော်မှာသာ ပြန်လာနေလေသည်။
အခုတလော၌
ကုရှောင်ရှမ်းသည် တိုက်ခန်းကို ပြန်ရန် အလုပ်မှ အချိန်မှန်မှန် ထွက်သွားလေ့ရှိသည်။
အဲဒါသည်
ပုံမှန်မဟုတ်သောကြောင့် သူ၏ အချိန်ဇယားကို ရင်းနှီးနေသော အတွင်းရေးမှူးသည်
သည်းမခံနိုင်တော့ဘဲ မေးလိုက်လေသည် "ဒုတိယ သခင်လေးက နောက်ထပ် မင်းနဲ့
ပြန်နေနေတာလား?"
ကုရှောင်ရှမ်းသည်
ခေါင်းညိတ်ပြီးတော့ မေးလိုက်သည် "ဒီည ငါ တစ်ခုခု လုပ်စရာရှိလား?
"အလုပ်နဲ့ပတ်သက်တာ ဘာမှလုပ်စရာမရှိပေမဲ့ X စားသောက်ဆိုင်မှာ ည7နာရီကို
စားပွဲတစ်ခု ကြိုတင်နေရာယူပေးဖို့ ကျွန်မကို ပြောထားပါတယ်။"
ကုရှောင်ရှမ်းသည်
ပြန်စဉ်းစားကာ "ဟုတ်တယ်၊ ငါ ဟယ်ကျွင်းနဲ့ ညစာစားဖို့ ချိန်းထားတာ။ သူ အခု ဘယ်မှာလဲဆိုတာကို
မေးပြီးတော့ ဒရိုက်ဘာကို သွားခေါ်ခိုင်းလိုက်။"
အတွင်းရေးမှူး နာမည်မှာ
ရွှီယွင်ယွင် ဖြစ်ပြီး ကုရှောင်ရှမ်းအတွက်
နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးနေတာ ဖြစ်သည်။
သူ သည်
ကုရှောင်ရှမ်း၏ ချစ်သူတွေ ထက်တောင် အကြာဆုံးဖြစ်ပြီး ရွှီယွင်ယွင်သည် သူတို့တွေ ထက်တောင်
ကုရှောင်ရှမ်းနှင့် ပိုပြီးရင်းနှီးသည်။
ဟယ်ကျွင်းသည်
ကျီချန်အိမ်တော်မှာ လက်ဖက်ရည် ဧည့်ခံသူအဖြစ် သူ့အလုပ်ကို ကျေပွန်အောင် လုပ်နေလေသည်။
အတွင်းရေးမှူး ဆီမှနေ
ခေါ်ခြင်းခံလိုက်ရတော့ ဟယ်ကျွင်းသည် သူမကို အဆက်မပြတ် ကျေးဇူးတင်လိုက်ပြီး သူမကို
ချက်ချင်းပဲ "ညီမ ယွင်ယွင်" လို့ခေါ် လိုက်သည်။
ရွှီယွင်ယွင်က သူ့ကိုပြောလိုက်သည် "ငါ အစ်ကိုဝူကို
မင်းကို လာခေါ်ခိုင်းလိုက်မယ်။"
ဟယ်ကျွင်းသည်
သူမကို ဆက်ပြီးတော့ ကျေးဇူးတင်နေတုန်းပဲဖြစ်သည်။
X စားသောက်တိုင်သည် ပုံမှန်ဆိုရင် ကုအဖွဲ့အစည်း၏
လက်အောက်မှာ ရှိနေပြီးတော့ ပထမထပ်မှာတော့ ကုရုံးချုပ် ရှိသည်။
ကုရှောင်ရှမ်းသည်
သူ့ချစ်သူနှင့်အတူ ထမင်းစားသောက်ရန် စီစဉ်တဲ့အခါ အချိန်အများစုမှာတော့ ဒီနေရာကိုပဲ
ရွှေးချယ်လေသည်၊ အလုပ်ပြီးတာနှင့် အောက်ဆင်းသွားလိုက်ရုံပဲ ဖြစ်သောကြောင့် အရမ်း
အဆင်ပြေလေသည်။
အဲ့ဒါသည်
ကုရှောင်ရှမ်းတစ်ယောက်အတွက်သာ အဆင်ပြေသော်လည်း ဟယ်ကျွင်းအတွက်တော့
ကျီချန်အိမ်တော်ကနေ ရောက်လာရန်အတွက် ကားဖြင့် တစ်နာရီလောက်ကြာသည်။
ဟယ်ကျွင်းသည် X စားသောက်ဆိုင်ကို
ရောက်လာသောအခါ ကုရှောင်ရှမ်းအတွက် ဖယ်ထားသည့် သီးသန့်ခန်းကိုပဲ
တိုက်ရိုက်သွားလိုက်သည်။
သူသည် ဝတ်နေကျ အတိုင်းဝတ်ထားပြီး
ဆံပင်ကို ထုံးကာ ချည်သားအဝတ်ကို ဝတ်ထားပြီး canvas ရှူဖိနပ်ကိုစီးကာ
သူ့ရဲ့မျက်လုံးတွေသည် နာခံသည့်ပုံပေါ်နေသည်။
ကုရှောင်ရှမ်းသည်
သူ့ကို စလိုက်သည် "မင်း လက်ရှည်ဝတ်လာတာ မပူဘူးလား?"
ဟယ်ကျွင်းသည်
ပြုံးပြလိုက်သည်။
"ကျီချန်နဲ့ ဒီနေရာနှစ်ခုလုံးမှာ ရာသီဥတုက
အတော်လေးအေးတယ်။ လက်ရှည် မပြောနဲ့ ငါ့ကို ကောင်းကောင်းနွေးအောင်လုပ်ပေးနိုင်ရင် သိုးမွှေးလည်စည်းဆိုလည်း
ငါ ဝတ်အုံးမှာ။"
ကုရှောင်ရှမ်းသည် ဟယ်ကျွင်းကို
နွေရာသီမှာ လည်စည်းပေးသည့်အတွက်ကြောင့် သူ့ကို စနေတယ်ဆိုတာကိုသိလေသည်။
သူက
ရှင်းပြလိုက်သည် "ငါ အစကတော့ မင်းကို သားရေ ခါးပတ်ပေးချင်ပေမဲ့ မင်းက ခါးပတ်
ပတ်ရတဲ့ ဘောင်းဘီရှည်တွေ မဝတ်တာကြောင့်...?
ဟယ်ကျွင်းသည်
ရယ်မောလိုက်လေသည်။
"လည်စည်းလည်း အတော်လေးကောင်းပါတယ်။ ငါ
သုံးဖြစ်ဖို့ အခွင့်အရေးတော့ရှိတယ်။ ဆောင်းရောက်ဖို့ လအနည်းငယ်ပဲ လိုတော့တယ်၊
အဲ့ဒါ ပြီးရင်တော့ မင်း ငါ့အကြောင်း အားလုံးကို မေ့သွားမှာပဲ စိုးရိမ်မိတယ်။"
သူ့စကားဆုံးတာနဲ့ ဟယ်ကျွင်းသည်
ကုရှောင်ရှမ်းကို မှီလိုက်သည်။
ကုရှောင်ရှမ်းသည်
ခံစားချက်ကို မဖတ်တတ်သည့် သူမဟုတ်ပေ။
သူသည် ဟယ်ကျွင်းကို
ဖက်ကာ "ငါ့မှတ်ဉာဏ်က အတော်လေးကောင်းတယ်။"
သူတို့နှစ်ယောက်သည်
စပြီးတော့ ကျီစယ်ဖို့ ပြင်နေချိန်မှာ ကုရှောင်ရှမ်း၏ ဖုန်းက မြည်လာခဲ့သည်။
ဘယ်လို
လုပ်ရမယ်ဆိုတာကို သိတာကြောင့် ဟယ်ကျွင်းက လွှတ်ပေးလိုက်သည်။
ကုရှောင်ရှမ်းသည်
ဖုန်းကို ကိုင်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်တွင် စာတစ်စောင်ကိုသာ မြင်လိုက်ရသည်။
"ယွီယွင်ရန်: မင်းဘာလို့ ညစာပြင်ဖို့
မပြန်လာတာလဲ"
ကုရှောင်ရှမ်းသည်
စိတ်တိုကာ ရယ်လိုက်သည်။
ဟယ်ကျွင်းသည်
ကုရှောင်ရှမ်း မျက်နှာပေါ်က အဲ့လိုမျိုး အမူအရာကို ရှားရှားပါးပါး
မြင်ဖူးတာကြောင့် မေးလိုက်သည် "အရေးကြီးတာ တစ်ခုခုရှိလို့လား?"
ကုရှောင်ရှမ်းသည်
သူ့ဖုန်းကို ချလိုက်သည်။
"ဒုတိယသခင်လေးယွီ။"
အဲ့ဒါကို ကြားပြီးနောက်
ဟယ်ကျွင်းလည်း ရယ်လိုက်သည်။
"ဒုတိယ သခင်လေးယွီက အရမ်းကောင်းတဲ့
လူတစ်ယောက်ပဲ။"
"စကားမစပ်၊ သူ့ရဲ့ခွေးက မင်းရဲ့ခွေးကို
ကိုက်လိုက်တယ်လို့ ပြောတယ်? အဆင်ပြေရဲ့လား?"
ဟယ်ကျွင်းသည်
ခေါင်းခါလိုက်ပြီး "ကြီးကြီးမားမားမဟုတ်ပါဘူး။
အဲ့လို
အရွယ်အစားသေးသေးလေးက ခွေးကြီးကြီးတွေကို
ရန်လိုချင်နေတဲ့ ငါ့ခွေးရဲ့အမှားပါ။"
ဟယ်ကျွင်းရဲ့ အသားအရေသည်
ဝါညက်ညက်လေးဖြစ်သောကြောင့် လိမ္မော်ရောင်မီးရောင် အောက်မှာ ဖြူဖပ်ဖြူရော်
ဖြစ်နေတာနဲ့တူသည်။
ဖြူဖပ်ဖြူရော်မျက်နှာနှင့်
စိတ်ပူနေသောအမူအရာကြောင့် သူသည် နည်းနည်းလေး နေမကောင်းသည့် ပုံပေါ်နေသည်။
ပုံမှန်အတိုင်းဆိုရင်တော့
တစ်ခြားလူတွေ ဆီမှ စာနာမှုတွေကို အသိအမှတ်ပြုမည်ဖြစ်ပေမဲ့ ဒီနေ့မှာတော့
ကုရှောင်ရှမ်းသည် လုံးဝ စိတ်မဝင်စားပေ။
သူ့ကိုယ်သူ
အရမ်းဈေးကျတယ် လို့ထင်ကာ ဒီနေရာမှ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမဲ့ လူကို လျစ်လျူရှူကာ
အိမ်ပြန်ပြီးတော့ အသည်းနှလုံးမရှိသည့် ခွေးကြီးကိုပဲ အစားသွားကျွေးဖို့ အကြောင်းကို
တွေးနေလေသည်။
အိမ်မှာတော့
ရန်ကျစ်သည် ဖုန်းကို စိုက်ကြည့်ကာ ကုရှောင်ရှမ်းဆီမှ ပြန်စာကို စောင့်နေလေသည်။
အချိန်ကို ကြည့်ပြီးတော့
ဘာတွေ ဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိသောကြောင့် နောက်ထပ်
စာတစ်စောင် ပို့လိုက်သည်။
"မင်း အပြင်မှာ ညစာ စားနေတာလား?"
"အင်း။ ဒါမှမဟုတ်ရင် ငါ နေ့တိုင်း မင်းအတွက်
ညစာပြင်ပေးဖို့ အိမ်ကို ပြန်လာရမှာလား?"
"မင်း ဟယ်ကျွင်းနဲ့ အတူ ရှိနေတာလား?"
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ?"
"မင်း ဘယ်မှာလဲ၊ ငါ မင်းတို့ဆီ လာလိုက်မယ်။
အဆင်ပြေသွားပြီပဲ၊
ငါ သူ့ရဲ့ခွေးအကြောင်းကို ပြောလို့ရပြီ!"
အဲဒီ ဆင်ခြေသည်
အရမ်း သနားစရာကောင်းနေပေမယ့် ရန်ကျစ်သည် ညစာကို မစားရသေးတာကို သိတော့ သူ၏
ပိုက်ဆံအိတ်အလွတ်ကြောင့် ထမင်းတစ်နပ် အလကားစားချင်နေသည်ဟု ကုရှောင်ရှမ်းက
ထင်တာကြောင့် ရန်ကျစ်၏ တောင်းဆိုမှုကို လက်ခံလိုက်လေသည်။
ကုရှောင်ရှမ်းသည် ဟယ်ကျွင်းကို
ပြောလိုက်သည် "ရန်ကျစ်က မင်းရဲ့ ခွေးအကြောင်းကို ပြောပြချင်လို့ ငါတို့ဆီကို
လာချင်နေတယ်။"
ဟယ်ကျွင်းသည်
အရမ်းအံ့ဩသွားလေသည်။
"သူ အဲကိစ္စကို အရမ်းစိတ်ပူနေတာပဲ?"
"သူက အတော်လေးကို စိတ်ပူနေတာ။
အဲဒီ သွေးထွက်သံယို
မတော်တဆမှုကြောင့် သူ တစ်ရက်လုံး မပျော်မရွှင် ဖြစ်နေတာလေ။"
"သူက တကယ်ကို အရမ်း ကြင်နာတတ်တာပဲ။"
ရန်ကျစ်သည်
မကြာခင်မှာပဲ X စားသောက်ဆိုင်ကို ရောက်လာလေသည်။
သူသည် ဒီနေရာကို
လာသည့်လမ်းမှာ အရမ်းကို ထိတ်လန့်ပြီးတော့ စိုးရိမ်နေခဲ့သည်။
တက္ကစီမောင်းသည် သူ့မျက်နှာကို
သိသလို ကြည့်လိုက်ပြီးတော့ "ဖောက်ပြန်တဲ့စုံတွဲကို လာဖမ်းတာလား?"
ရန်ကျစ်သည် တိတ်တိတ်သာ
နေလိုက်သည်။
သူသည် ကားမောင်းသူ၏
တက်ကြွနေသော အမူအရာကို ကြည့်ကာ ထောက်ခံသင့်လား မထောက်ခံသင့်လား ဆိုတာကို
မသိတော့ပေ။
ကားမောင်းသမားက
သူ့ကို နားလည်သည့်အကြည့်နှင့် ကြည့်ကာ ကျွမ်းကျင်သောလက်များနှင့် လမ်းများကို
တခုပြီးတစ်ခု ဖြတ်ကာ လမ်းစည်းကမ်းကို ချိုးဖောက် လုနီးနီးလောက် မြန်မြန်မောင်းတော့သည်။
သိပ်မကြာခင်မှာပဲ ရန်ကျစ်ကို X စားသောက်ဆိုင်၏ ဝင်ပေါက်သို့ ပို့ပေးခဲ့လေသည်။
အခန်းထဲကို
ဝင်လိုက်တော့ ဟယ်ကျွင်း၏ အဝတ်အစားတွေသည် သေသပ်ရှင်းလင်းကာ ဆံပင်လည်း
ရှုပ်ထွေးမနေတာကို ရန်ကျစ်က မြင်လိုက်ရသောကြောင့် စိတ်အေးသွားလေသည်။
ကုရှောင်ရှမ်းက အသံကျယ်ကျယ်ဖြင့်
"ငါ မှာထားပြီးသွားပြီ၊ မင်း ဒါတွေ
ကြိုက်လား ကြည့်ကြည့်ပါအုံး။"
ကုရှောင်ရှမ်း မှာထားသည့်
အစားအစာများကို ရန်ကျစ်က မကြိုက်ဘူးဆိုတာသည် မဖြစ်နိုင်ပေ။
သူ့ဆာလောင်ခြင်းကြောင့်
စားခြင်းအပေါ်မှာပဲ အာရုံစိုက်လိုက်ပြီးတော့ သူလုပ်ချင်နေသော အရာကို
မေ့သွားတော့သည်။
ကုရှောင်ရှမ်းသည်
သူ့ရဲ့နောက်ကျောကို ပုတ်လိုက်သည် "စားတဲ့အချိန်မှာ ဖြေးဖြေးချင်းစား! မင်းကို
သခင်ကြီးယွီ သင်ထားပေးတဲ့ အပြုအမူတွေက ဘာဖြစ်သွားတာလဲ!"
ရန်ကျစ်က ချက်ချင်း
ပြန်ဖြေလိုက်သည် "ငါ ဘာလို့ မင်းရဲ့ရှေ့မှာ ဒီအပြုအမူတွေလိုမှာလဲ?"
သို့ရာတွင် အခု သူ စစ်ဆေးချင်သော
ပစ်မှတ်သည် ကုရှောင်ရှမ်းမဟုတ်ဘဲ ကုရှောင်ရှမ်းဘေးက သူ့ "အချစ်ပြိုင်ဘက်"
ဆိုတာကို ရုတ်တရက် သတိရသွားသည်။
ရန်ကျစ်သည်
အစားအစာကို အငမ်းမရ မျိုချလိုက်တာကြောင့် သူက အရမ်းကို မိုက်မဲလေသည်!
ရန်ကျစ်သည်
လက်ကိုင်ပဝါကို မြန်မြန်ယူကာ ပါးစပ်ကို သုတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း
စစားလိုက်သည်။
ရန်ကျစ်သည်
သဘောထားကြီး သလိုပြုမှုကာ စကားပြောလိုက်သည် "ငါ့ကိုပဲ ကြည့်မနေနဲ့၊
မင်းတို့တွေလည်း ဆက်စားသင့်တယ်။"
ဟယ်ကျွင်းသည်
ရှက်ရွှံ့စွာ ပြုံးလိုက်ပြီး "ငါက သားသတ်လွတ်သမား။"
ရန်ကျစ်သည်
တူလွတ်ကျ လုနီးနီးဖြစ်သွားပြီး ရှက်ရွှံ့သွားခဲ့သည်။
ပြီးတော့လည်း သူသည်
ကုရှောင်ရှမ်းကို ပြောလိုက်သည် "သူက သားသတ်လွတ်သမားလေ၊ မင်းဘာလို့
ဝက်ခြေထောက်နှပ်နဲ့ နှစ်ရည်ချက်ဝက်သားကို မှာလိုက်တာလဲ? မင်း
ဘာမှာရမလဲဆိုတာကို မသိဘူးလား?
တကယ်တော့
စားပွဲပေါ်မှာ ဟင်းရွက်တွေရောထားတဲ့
ဟင်းတစ်ပွဲထပ်ရှိသေးသည်။
ကုရှောင်ရှမ်းသည်
အနည်းငယ်ယူပြီးတော့ ဟယ်ကျွင်း၏ ပန်ကန်လုံးထဲသို့ ထည့်လိုက်ပြီး သူ့ကို
ပြုံးပြလိုက်သည်။
"မင်း ဘာတွေ ကြိုက်သေးလဲ?"
ဟယ်ကျွင်းသည်
ပြန်ပြုံးပြကာ "အဲဒါက ငါ့အတွက် လုံလောက်ပါပြီ။"
သူတို့၏ အပြန်အလှန်
ကလူမြှူနေသော အကြည့်များကိုကြည့်ကာ ရန်ကျစ်သည် ဒေါသများနှင့် ပြည့်နှက်သွားသည်။
သူသည် ခေါင်းကို
ငုံချကာ ဝက်ခြေထောက်ကို စားလိုက်သည်။