Ch 16
Viewers 280

16

 

ဟယ်ကျွင်းသည် ယွီယွင်ရန်အား လူကိုယ်တိုင် မြင်လိုက်ရသောအခါ အရမ်းကို ထူးဆန်းသွားလေသည်။

စီးပွားရေးဆွေးနွေးပွဲတွင် တရားဝင်တက်ရောက်ခွင့်ရရှိပြီး မော်ဒယ်နှင့်တွဲ၍ ပွဲတက်သည့် လူပေါ်ကြော့တစ်ယောက်နှင့် အတော်လေးကိုတူသည်ဟု  မီဒီယာမှ ဖော်ပြထားသည့် ယွီယွင်ရန်၏ ပုံရိပ်သည် အားလုံးသည် ချဲ့ကားထားခြင်းဖြစ်သည်။

သို့ပေမဲ့ လူအစစ်ကို မြင်ပြီးနောက် အဲ့လိုပုံစံမျိုး မဖြစ်နိုင်ဘူးဟု ခံစားလိုက်ရလေသည်။ 

ထိုနေ့တွင် ကျီချန်အိမ်တော်၌ လူတိုင်းသည် လက်ဖက်ရည် အသစ်၏ အရသာအကြောင်းကို ဆွေးနွေးနေကြသည်။ 

ပြီးနောက် ရုတ်တရက် ရိုက်ခတ်သံ တစ်ချွင်ချွင် ကြားလိုက်ရပြီးတော့ တစ်ယောက်ယောက် ဝင်လာလေသည်။ 

သူသည် စင်္ကြ့ကို ဖြတ်ပြီးတော့ လဲကျမှာ စိုးရိမ်နေသကဲ့သို့  လမ်းကို ဂရုတစိုက်ဖြင့် လျှောက်လာလေသည်။

ပထမတော့ ဟယ်ကျွင်းသည် သူ့ကို လုံးဝ အာရုံ မရှိပေမဲ့ ကုရှောင်ရှမ်း၏ မျက်လုံးများသည် ချက်ချင်းပဲ အဲ့ဒီလူဆီသို့ ရောက်သွားကာ အတော်လေးကို ဂရုတစိုက်ကြည့်နေပြီး လဲကျသွားမှာကိုလည်း စိုးရိမ်နေသည့် ပုံပေါ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် စားပွဲထိုးကိုတောင် မေးလိုက်လေသည် "ကြမ်းပြင်ကို သန့်ရှင်းအောင် သုတ်ပြီးပြီလား?"

 

"သူက ဘယ်သူလဲ?" ဟယ်ကျွင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

 

ကုစီအီးအိုဟောင်းသည် ရယ်လိုက်ပြီး "မင်းရဲ့ အကြီးမားဆုံး အချစ်ပြိုင်ဘက်လေ!"

 

အဲ့ဒါကို ကြားလိုက်ရတော့ ကုရှောင်ရှမ်းသည် နားမလည်နိုင်စွာဖြင့် မျက်မှောင် ကြုတ်လိုက်၏။

အဲ့ဒီအစား ဟယ်ကျွင်းသည် ပြုံးကာ "အိုး ဒါဆို အဲ့ဒါက ဒုတိယသခင်လေးယွီပေါ့?"

 

နောက်ဆုံးတော့ ကုရှောင်ရှမ်းသည် သူတို့ ဘာပြောနေသည်ကို နားလည်သွားတော့သည်။

သူသည် သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်ကာ "ငါ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်မရှိတဲ့ ဟာတွေပြောနေကြတာလဲ!"

 

ယွီယွင်ရန် ဝင်လာပြီးနောက် တစ်ဆက်တည်း ဝေဖန်လိုက်လေသည် "အစ်ကိုရှောင်ရှမ်း၊ မင်းဘာလို့ ဒီအချိန်ကို ရွေးလိုက်တာလဲ? အပြင်မှာ မိုးရွာနေတာကို!"

ပြီးတော့ သူသည် ခြေချိတ်ထိုင်ကာ အနည်းငယ် စိတ်ဆိုးနေလေသည်။

ဟယ်ကျွင်းသည် ယွီယွင်ရန်အား လေ့လာကြည့်တော့ ယွီယွင်ရန်သည် ဟယ်ကျွမ်း စိတ်ကူးထဲမှ မျှော်လင့်ထားသကဲ့သို့ အကျင့်ပျက်ခြစားနေတဲ့ လူပေါ်ကြော့မဟုတ်ပေ။

အဲ့ဒီအစား သူ၏အမူအရာနှင့် စကားပြောတဲ့ပုံစံအရ ကလေးတစ်ယောက်နှင့် ပိုတူလေသည်။

ယွီယွင်ရန်သည် လက်ဖက်ရည်ပူပူကို တစ်ငုံ ငုံလိုက်ပြီး သူ့ မျက်လုံးများသည် ကျယ်သွားလေသည် "အရမ်း ကောင်းတာပဲ!"

သူ့လေသံသည် အစစ်အမှန် မဟုတ်ဘူးဟု ထင်ရသည်အထိ ချဲ့ကားနေပေမယ့် ဟန်မဆောင်ထားသည့် အသံဖြစ်သည်။

 

ဟယ်ကျွင်းသည် ရယ်မောကာ "အဲ့ဒါက နဂါးဖြူ လက်ဖက်ရည်။"

 

ယွီယွင်ရန်သည် ဟယ်ကျွင်းဆီသို့ ကြည့်လိုက်သည်၊ သူ့မျက်လုံးများသည် ကလေးတစ်ယောက်ကဲ့သို့ တောက်ပ နေသည်။

ဟယ်ကျွင်းသည် ယွီယွင်ရန်အား ဂရုတစိုက် လေ့လာကြည့်လိုက်သည်၊ ယွီယွင်ရန်သည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဟု မြင်ရပေမယ့်လည်း သူ့မျက်နှာမှာ အမွှေးအမျှင်တွေအများကြီး မရှိဘဲ သူ့မုတ်ဆိတ်မွှေးများသည်လည်း မြင်ရရုံမျှသာ ဖြစ်သည်။

သူ့ အသားအရေသည် ဖြူဖွေးကာ နှုတ်ခမ်းလေးသည် ဆာကူရာပန်းရောင်ကဲ့သို့ ဖြစ်ပြီး အပြင်ပန်းမှာတော့ ပန်းရောင် ဖျော့ဖျော့လေး လက်နေလေသည်။

သူ့မျက်နှာမှ အရောင်အဝါအားလုံးသည် သူ့မျက်လုံးမှာ စုသွားသည့်ပုံပေါ်သည်။

သူ့ မျက်ခုံးများသည် ရေးဆွဲထားသကဲ့သို့ ထူထဲပြီး သူ၏အပေါ်အောက် မျက်တောင်မွှေးများ နှစ်ခုလုံးသည် အရမ်းထူပြီး သူ့မျက်လုံးရဲ့ ပုံသဏ္ဍာန်ကို ပိုပေါ်စေသည်။

သူ့မျက်လုံးများသည် ဝိုင်းစက်ကာ တောင့်စွန်းလေးမှာ သွယ်သွားပြီး မျက်ဝန်းများသည်လည်း မှင်ကဲ့သို့ မည်းနက်နေလေသည်။

 

ယွီယွင်ရန်သည် သူ့ရဲ့ "အချစ်ပြိုင်ဘက်"ဟု သူတို့ အားလုံးက ပြောကြချိန်မှာ ပထမတော့ ဟယ်ကျွင်းသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အဲဒီအစား ယွီယွင်ရန်နှင့် စကားပြောပြီးနောက်မှာတော့ အဲ့ဒီလူတွေထဲမှာ ယွီယွင်ရန်သည် စကားပြော မကောင်းပေမဲ့ ပေါင်းသင်းရအလွယ်ကူဆုံးလူဟု ခံစားလိုက်ရသည်။

 

အဲလိုမျိုးကြောင့် ကုရှောင်ရှမ်းသည် အလုပ်ကိစ္စဖြင့် ပင်လယ်ရပ်ခြားသို့ ခရီးသွားသည့်အခါ သူ့အား ဆက်သွယ်၍ မရသောကြောင့် ဟယ်ကျွင်းသည် ယွီယွင်ရန်အား အကူအညီ တောင်းရန် ရွေးချယ်လိုက်သည်။ 

ယွီယွင်ရန်သည်လည်း ဟယ်ကျွင်းကို စိတ်မရှည်ပေမဲ့ အတော်လေးတောင် ယဉ်ကျေးပေးနေသေးသည်။

အဲဒီ လေးစားခံရသည့် ခံစားချက်အား ဟယ်ကျွင်းသည် ကုရှောင်ရှမ်း၏ သူငယ်ချင်းများဆီမှာ တစ်ခါမှ မတွေ့ရှိခဲ့ဖူးပေ။

တကယ်တော့ အချိန်တော်တော် များများမှာတောင် ဟယ်ကျွင်းသည် ကုရှောင်ရှမ်းဆီမှာလည်း မတွေ့ရှိဖူးပေ။

 

အထူးသဖြင့် ကုရှောင်ရှမ်းသည် ယွီယွင်ရန် ရှေ့၌ ဟယ်ကျွင်းသည် သူ့ရည်းစား မဟုတ်ပါဘူးဟု ဝန်ခံလိုက်သည့် အဲဒီအခိုက်အတန့်မျိုးမှာ ဖြစ်လေသည်။

သူသည် ကုရှောင်ရှမ်း၏ ရည်းစား မဟုတ်ဘူး၊ အနာဂတ်မှာလည်း ဖြစ်လာမှာ မဟုတ်ဘူးဟု အရင်ကတည်းက နားလည်သင့်သည်ဟု ဟယ်ကျွင်းက သိသွားတော့သည်။

 

ဟယ်ကျွင်းသည် သူ့ရည်းစားလားဟု ယွီယွင်ရန်က ရုတ်တရက် မေးသည့်အခါ ဟယ်ကျွင်း တစ်ယောက်တည်းမဟုတ်ဘဲ ကုရှောင်ရှမ်းတောင်မှ အံ့ဩသွားသည်။

အဲဒါက လူတွေကို စိတ်အနှောက်အယှက် ဖြစ်စေသည့်အရာ မဟုတ်ဘူးလား?

ဟယ်ကျွင်းသည် သက်သောင့်သက်သာ မဖြစ်သကဲ့သို့ ကုရှောင်ရှမ်းလည်း အဲ့လိုမျိုးပဲ ခံစားရသည်။

သိုပေမဲ့ ကုရှောင်ရှမ်းသည် ရန်ကျစ်အား မှားသည်ဟု မပြောချင်ပေ။

အဲတာက အကောင်းဆုံးပဲ ဖြစ်သည်။

ကုရှောင်ရှမ်းသည် ဆေးလိပ်သောက်ချင်သောကြောင့် သူ့ဆေးလိပ်ကိုထုတ်ယူလိုက်သည်။

 

ရန်ကျစ်သည် ဆေးလိပ်ဘူးကို ဆက်ခနဲ ဆွဲယူလိုက်သည်။ "လူအများရှိနေတဲ့ နေရာမှာ ဆေးလိပ်သောက်နေတယ်၊ မင်းမှာ ယဉ်ကျေးမှုမရှိဘူးလား?"

 

ကုရှောင်ရှမ်းသည် ဆေးလိပ်ဘူးကို ကောက်ကိုင်ကာ အပြင်သို့ ဦးတည်သွားလိုက်သည်။

 

ကုရှောင်ရှမ်း ထွက်သွားပြီး မကြာမီမှာပဲ ဟယ်ကျွင်းသည် နောက်က လိုက်သွားခဲ့သည်။

ရန်ကျစ်သည် သူ၏ နှစ်ထပ်ရှိသည့် နို့အချိုပွဲကို စားနေသောကြောင့် သတိမထားမိလိုက်ဘဲ သူ ခေါင်းမော့လိုက်ချိန်မှာ လူအားလုံးထွက်သွားပြီ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

သူသည် မြန်မြန်ဆန်ဆန် ပါးစပ်ကို သုတ်ကာ စုံစမ်းရန် ပြေးထွက်သွားလိုက်သည်။

အပြင်ကို ထွက်လာခဲ့တော့ နှုတ်ခမ်းမှာ ဆေးလိပ်ခဲထားပြီး လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ကာ ကြော်ငြာ မော်ဒယ်တစ်ယောက်ကဲ့သို့ လူပေါ်ကြော့ပုံစံဖြင့် သားသားနားနား စတိုင်ကျကျဝတ်ထားသည့် ကုရှောင်ရှမ်းကို တွေ့လိုက်ရသည်။

သူ လက်မခံချင်သော်လည်း ကုရှောင်ရှမ်း အရမ်းချောသည်ဟု ခံစားမိပေမယ့် အနည်းငယ် စိတ်ဆိုးသွားသည်။ 

"မင်းဘာလို့ မြန်မြန် ထွက်သွားတာလဲ? ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်။"

 

"မင်းရဲ့ ထမင်းစားပွဲမှာ လုပ်လိုက်တဲ့ အပြုအမူက အရမ်း ဆိုးဝါးတယ်၊ ဟားကျု့ထက်တောင် ဆိုးဝါးသေးတယ်။ ဟယ်ကျွင်းတောင် ထပ်ပြီးတော့ မကြည့်နိုင်တော့လို့ အရင် ထွက်သွားလိုက်ပြီ။"

ရန်ကျစ်သည် ကလန်ကဆန် အမူအရာဖြင့် နှစ်လှမ်းလောက် တိုးလာပြီးတော့ ကုရှောင်ရှမ်းကို မှီလိုက်သည်။

သူ့မျက်နှာသည် မပျော်မရွှင်ဖြစ်နေပေမဲ့ ကုရှောင်ရှမ်းသည် လျစ်လျူရှူကာ ရန်စလိုသည့် အကြည့်ဖြင့် ရန်ကျစ်၏ မျက်နှာပေါ်သို့ ဆေးလိပ်ငွေ့တစ်တန်း မှုတ်ထုတ်လိုက်သည်။

ကုရှောင်ရှမ်းသည် သူ့၏ မျက်နှာပေါ်သို့ ဆေးလိပ် မှုတ်ထုတ်လိုက်သောကြောင့် စိတ်ဆိုးသင့်ပေမဲ့ ကုရှောင်ရှမ်းရဲ့ နှုတ်ခမ်းပါးတွေကြားက ထွက်လာသော ဆေးလိပ်ငွေ့ကို မြင်လိုက်ရတော့ သူသည် တကယ်ကိုပဲ — ထန်သွားလေသည်။

 

သေစမ်း ငါ့ရဲ့သိက္ခာတွေ ဘယ်မှာလဲ?

 

သေလိုက်ပါတော့ အစ်ကိုရှောင်ရှမ်းက တကယ်ကို အရမ်းဆွဲဆောင်မှုရှိတယ်။

 

သေစမ်း မဟုတ်ဘူး ငါ့ရဲ့သိက္ခာတွေ ဘယ်မှာလဲ?

 

သေလိုက်ပါတော့ အစ်ကိုရှောင်ရှမ်းက တကယ်ကို အရမ်းဆွဲဆောင်မှုရှိတယ်။

......

 

ရန်ကျစ်၏ခေါင်းလေးထဲမှာ ရှုပ်ထွေးနေသေးသော်လည်း ကုရှောင်ရှမ်းသည် ဆေးလိပ်ကို မီးငြိမ်းသတ်ကာ ဟန်ပါပါ ထွက်သွားလေတော့သည်။

 

နောက်ကျောဘက်မှ ကုရှောင်ရှမ်း၏ ပုံရိပ်ပါးပါးလေးကို ကြည့်ရင်း ရန်ကျစ်သည် ဒေါသထွက်စွာ အံကြိတ်လိုက်သည်။

သူက တကယ်ကို တာဝန်ယူမှုမရှိတဲ့ အလကားလူပဲ၊ ငါ့ကို ထန်အောင်လုပ်ထားခဲ့ပြီး ကြော့ကြော့မော့မော့ ထွက်သွားတယ်!

 

ကုရှောင်ရှမ်းသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ပြန်လာခဲ့သည်။

ရန်ကျစ်ကို ကြည့်ပြီး မေးလိုက်သည် "မင်း မပြန်သေးဘူးလား?"

 

ရန်ကျစ်သည် အံ့ဩသွားပြီး "ဘယ်နေရာကို ပြန်ရမှာလဲ?"

 

ကုရှောင်ရှမ်းသည် လက်လျော့လိုက်သည့် အကြည့်ဖြင့် ကြည့်ကာ "အိမ်ကို ပြန်လေ။ မင်း ဒီမှာ တစ်ညလုံးနေမို့ စီစဉ်ထားတာလား?"

 

ရန်ကျစ်သည် ကုရှောင်ရှမ်း နောက်ကို အပြေးအလွှားလိုက်သွားပြီး သူ့ နှလုံးသားထဲမှာတော့ ကုရှောင်ရှမ်းအပေါ် မှာ စိတ်ခံစားချက်တွေ ပြည့်နှက်နေသည်။

 

ကုရှောင်ရှမ်းသည် ရန်ကျစ်ကို ကားဖြင့် လိုက်ပို့ခဲ့သည်။

လမ်းမှာ ရန်ကျစ်သည် သူ့၏အရူးညီလေးသည် "အိမ်မှ ဆင်းသွားခဲ့" ပြီးနောက် အဆင်ပြေလားဟု သိချင်နေသည့် ယွီယွင်ထောင်ထံမှ ဖုန်းလက်ခံရရှိခဲ့လေသည်။ ရန်ကျစ်သည် ကုရှောင်ရှမ်းကို စိုက်ကြည့်ကာ "ငါ အစ်ကိုရှောင်ရှမ်းရဲ့ အိမ်မှာပါ၊ အရာအားလုံးအဆင်ပြေပါတယ်။"

 

ရန်ကျစ်၏ အေးဆေးနေသည့် လေသံကို ကြားလိုက်ရတော့ ယွီယွင်ထောင်သည် စိတ်ဆိုးရမလား၊ ပျော်ရမလား မသိတော့ပေ။ "ဟုတ်ပြီ လူတွေကို ပြဿနာမဖြစ်စေနဲ့။"

 

ရန်ကျစ်သည် အဲ့ဒါကိုကြားကာ စိတ်ဆိုးသွားပြီး "ငါက တစ်ခြားလူတွေကို ဘာပြဿနာ ဖြစ်စေလို့လဲ?"

 

"ငါက ယဉ်ယဉ်ကျေးကျေး ပြောနေတာလေ။ မင်း ငါ့ကို ဘာဒုက္ခမှ မပေးသရွှေ့ ကုရှောင်ရှမ်းကို မင်းကြိုက်သလို ဒုက္ခပေးနိုင်တယ်။" ပြီးနောက် ယွီယွင်ထောင်က ဖုန်းချလိုက်လေသည်။