အပိုင်း ၄၉
Viewers 12k

Chapter 49


တိတ်ဆိတ်နေသောအချိန်တွင် ကျယ်လောင်သောအသံတစ်ခုဖြတ်သွားသည်။


ခွမ်


 


ဆာစီးနီယာသည် ပြီးမြောက်သွားသောအခါ သူ၏လက်ထဲမှဓားကို လွှတ်ချလိုက်ကာ စိတ်ထိခိုက်နေသောပုံစံဖြင့်ပြိုလဲနေသော ချားလ်စ်ကိုစိုက်ကြည့်နေသည်။


 


“အာ ဟမျး ဟမျး…”


 


ချားလ်စ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူယခုထိအသက်ရှင်နေသေးကာ မည်သည်မျှနာကျင်မှုမခံစားရသည်ကို အံ့ဩနေခဲ့သည်။ သူ၏အခြေအနေကို မျက်လုံးဖွင့်ကာအမြန်စစ်ဆေးကြည့်လိုက်သည်။ သူ၏အသားအရေသည် ပကတိအတိုင်းပင် ဖြတ်ထားသည့်အရာ သွေးစက်များကိုပင်မတွေ့ရချေ။ ဓားရှည်သည် သူ၏အဝတ်အစားများကိုသာ ဖြတ်သွားသည်။


 


“ချားလ်စ် မင်း…”


ဘာတွေဖြစ်နေတာလဲဆိုတာသိရဖို့ မျက်လုံးဖွင့်ကြည့်လိုက်သောရွာသားများသည် ချားလ်စ်၏အဖြစ်မှန်ကိုတွေ့ပြီး ဆွံအသွားကြသည်။


 


“အာ အာ…”


 


ချားလ်စ်၏မျက်မှာသည် သူ့အဖြစ်မှန်ကို လူတွေသိသွားကြပြီဆိုတာ သိလိုက်ရသည့်အတွက် ဖျော့တော့နေသည်။ ဆာစီးနီယာသည် ထိုသို့စက်ဆုပ်ရွံရှာစရာကောင်းသော မျက်နှာဖြင့် စက္ကူကဲ့သို့ဖြူဆင်သယောင်ပြုမူနေတဲ့ ချားလ်စ်ကို အထင်သေးသွားမိသည်။


 


“မ-မဟုတ်ဘူး ငါ... ငါမဟုတ်ဘူး...”


ချားလ်စ်သည် သူ၏စိတ်ပျက်စရာအခြေအ‌နေမှ ရုန်းထလာသည်။ သူသည်အလွန်းအမင်းအရှက်ခွဲခံလိုက်ရရာမှ တစ်စုံတစ်ခုကိုဖုံးကွယ်ရန်ကြိုးစားသော်လည်း သူ၏ခြေနှင်လက်များကိုချည်နှောင်ထားသောကြောင့် မလုပ်နိုင်ချေ။ သူ၏အရှက်မဲ့သောပုံသည် လူအများရှေ့တွင် ပေါ်ပေါက်သွားခဲ့ပြီဖြစ်သည်။


 


“ချီးပဲ…”


 


“မဟုတ်ဘူး... အဲဒါငါမဟုတ်ဘူး”


ချားလ်စ်သည် သူ၏ခေါင်းကိုအတင်းလှုပ်ခါကာငြင်းနေသည်။ လူတွေအကုန်လုံးဟာ သူ့ကိုလက်ညိုးထိုးကာဝိုင်းလှောင်နေကြသည်။


“ဘုရား‌ရေ သူ့ကိုကြည့်ပါဦး သူအဲလိုမျိုးဖြစ်နေတာ မိန်းမဖြစ်နေလို့ပဲထင်တယ်…”


အထင်သေးသည့်မျက်လုံးများဖြင့် လူတွေကြည့်နေခြင်းသည် သူ့ကိုနင်းခြေနေသလိုပင်ဖြစ်နေသည်။ သူတို့ဆီမှထွက်ပေါ်လာသော လှောင်ပြောင်သည့်အကြည့်များနှင့် ကျယ်လောင်သောရယ်သံများကြောင့် အသက်ရှူရကြပ်နေသည်။


“မင်းအဆင်‌ပြေရဲ့လား”


ဘန်သည် ချားလ်စ်ကို မသတ်နိုင်ခဲ့သော ဆာစီးနီယာကိုကြည့်ကာ မေးလိုက်သည်။


“သူက ငါတို့လက်မှာသွေးစွန်းခံ‌ရလောက်အောင် တန်မှမတန်တာ”


ဆာစီးနီယာသည် ရေထဲမှာအသက်ရှူနေသည့်ငါးတွေလိုမျိုး အသက်ရှူနေသည့် ချားလ်စ်ကိုကြည့်ကာ နောက်ဆုံးသတိပေးလိုက်သည့်ဟန်ဖြင့်ပြောလိုက်သည်။


“ငါ့အ‌ရှေ့မှာထပ်မပေါ်လာစေနဲ့ ပေါ်လာလို့ကတော့ တကယ်သတ်ပစ်တော့မှာ”


သူသည် ချားလ်စ်ကိုအခုသတ်လိုက်ရင် ပိုမိုများပြားတဲ့အမုန်းတရားတွေကို စုဆောင်းနေသလိုဖြစ်မည်ဟုထင်ခဲ့သည်။ သူသည်ထိုသို့မဖြစ်ချင်ပေ။ ဆာစီးနီယာသည် ချားလ်စ်ကို မြန်မြန်ဆန်ဆန်မသေခိုင်းချင်ပေ။ သူခံစားခဲ့ရသည့်အတိုင်း သူဖြတ်သန်းခဲ့ရသည့်အတိုင်းသာ ဖြတ်သန်းရင်းအသက်ရှင်သွားစေချင်သည်။


“ဘန် ကျွန်မဒီကိစ္စတွေနဲ့ ထပ်ပြီးမပတ်သက်တော့ဘူး”


 


ရွာသားတွေအပေါ် သည်းခံထားခဲ့ရသည့် ဆာစီးနီယာ၏ဒေါသတွေသည် ပြေပျက်သွားခဲ့သည်။ ထိုလူတွေကို သူတို့အပေါ်ဘာအမှားလုပ်မိခဲ့သည်ကို မေးချင်နေကာ သူတို့ထံမှတောင်းပန်ခြင်းကို လက်ခံချင်နေသည်။ တကယ့်စိတ်ရင်းဖြင့်တောင်းပန်ခြင်းကိုမြင်ချင်ပြီး သူတို့၏အပြစ်အတွက် နောင်တရသွားစေချင်သည်။


 


သို့ပေနဲ့ ရွာသားများသည်စိတ်ရင်းဖြင့် မတောင်းခဲ့သည့်အတွက်အချည်းနှီးသာဖြစ်သွားရသည်။ သူတို့ လုပ်ခဲ့သည့်အမှားကိုတောင် သိကြပုံမပေါ်ကြပေ။ အပြစ်ကနေလွှတ်ရန်အတွက်သာ ဟန်ဆောင်တောင်းပန်ခဲ့ကြခြင်းဖြစ်သည်။


ဆာစီးနီယာသည် ထိုအသိတရားမရှိသည့်သူများကြောင့် သူ့ဘဝယိုင်လဲခဲ့ရသည့်အတွက် မတရားပေဟု ခံစားခဲ့ရသည်။ သူတို့ဘာဖြစ်သွားကြသည့်အကြောင်းကို မကြားချင်တော့ပေ။ သူတို့အပေါ်လည်း သနားငဲ့ညှာခြင်းမပြုခဲ့ပေ။ ထိုရွာနှင့်သူ၏ပတ်သက်မှုအကြောင်းကို မေ့ပစ်ကာ သူ၏ဘဝထဲကနေပင် အပြီးအပြတ်ဖယ်ထုတ်ချင်‌နေသည်။ မဖြစ်နိုင်လောက်ပေဟု ထင်ပေမဲ့ သူသည်ထိုကဲ့သို့သာလုပ်ချင်နေသည်။


“မင်းဖြစ်ချင်တာက အဲဒီလိုဆိုရင် ကိုယ်ကျေကျေနပ်နပ်ကြီးနဲ့ကို လိုက်နာပါ့မယ်” ဘန်သည် ဆာစီးနီယာကိုပြောလိုက်သည်။


ဆာစီးနီယာသည် သူတို့၏အသနားခံနေသော မျက်လုံးများကိုတွေ့ပေမဲ့ သူတို့ထံမှ မျက်နှာလွှဲကာ ထွက်သွားသည်။ သူ၏မသိစိတ်ထဲတွင် သူတို့ကိုမီးလောင်တိုက်သွင်းလိုက်ချင်ပေမဲ့ သူပင်ပန်းနေပြီဖြစ်သည်။ သူတို့နှင့်ထပ်ပတ်သက်ကာ အချိန်မဖြုန်းချင်တော့ပေ။


“ရှင်းလိုက်‌‌တော့” ဘန်သည် သူ၏စစ်သားများကို အမိန့်ပေးလိုက်သည်။


သူတို့သည် အပြစ်သားများကို ဆွဲခေါ်သွားခဲ့သည်။  ချားလ်စ်သည် ထိုးသို့အဆွဲခံနေရ‌စဉ်တွင် ရှိုက်ကာငင်ကာဖြင့် ညည်းနေသည်။ သူတစ်ယောက်တည်းတော့ မဟုတ်ပေ။ ရွာသူကြီးနှင့် အခြားရွာသားများသည်လည်း ယူကျုံးမရသည့်မျက်နှာမျိုးဖြင့် ရုတ်ရင်းဆန်ခတ်လမ်းလျှောက်နေကာ နောက်ပြန်လှည့်ကို မရနိုင်တော့သည်ကိုတွေးမိနေကြသည်။  


“‌တော်သေးတာပေါ့”


သူတို့၏အခြေအနေကို တိတ်တဆိတ်ဖြင့်စောင့်ကြည့်နေသော မေသည် ဆာစီးနီယာ၏နားသို့ ချဉ်းကပ်သွားသည်။ သူစိတ်ပူနေသည့်အရာတွေနှင့်ပြောင်းပြန်ဖြစ်နေတာ အခြေအနေများပြောင်းလဲသွားသည်ကို မြင်ရသဖြင့်စိတ်အေးနေသည်။ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များသည် တရစပ်ကျဆင်းနေခဲ့သည်။ ထိုမျက်ရည်များမှာ ပျော်ရွှင်သောကြောင့်ကျသော မျက်ရည်များသည်ပင်။


 


“‌တောင်းပန်ပါတယ် အစ်မကြောင့်-”


“မဟုတ်ပါဘူး ဘာလို့ အစ်မဆာစီးနီယာအမှားဖြစ်ရမှာလဲ 


အဲဒါဟိုလူတွေကြောင့်ပဲကို…”


 


မေသည်သူ၏ခေါင်းကို အပြင်းအထန်လှုပ်ခါရင်းဖြေလိုက်သည်။ ထိုအချိန်တွင် ဆာစီးနီယာသည် ညင်သာသွာပြုံးကာ မေ၏ပခုံးကိုဖက်လိုက်သည်။


“သူတို့ တစ်သက်လုံး မင်းကိုမထီမဲ့မြင်ဆက်ဆံရတော့မှာမဟုတ်ဘူး


သူတို့ဘဝတစ်လျှောက်လုံး အပြစ်တွေပေးဆပ်ရအောင် သေချာပေါက်လုပ်မှာပါ”


 


“ကျေးဇူးတင်ပါတယ် ဘန်” ဆာစီးနီယာသည် ညင်သာစွာပြောလိုက်သည်။


 


ဘန်၏‌ကျေးဇူးကြောင့် အရာအားလုံးအဆင်ပြေသွားပြီဖြစ်သည်။ ဘန်သာမရှိလျှင် သူတို့၏အပြစ်ကိုမည်သည့်အခါမှ ဝန်ခံတော့မည်မဟုတ်ပေ။ အဆုံးအထိ သူတို့မဟုတ်သလိုဟန်ဆောင်ရင်း ဆာစီးနီယာကိုဆွဲချဖို့ ကြိုးစားကြမည်မှ ဧကန်ပင်။ အများနှင့်တစ်ယောက် အပြစ်တင်ကြလျှင် တစ်ယောက်သည်ရှုံးမည်မှာ အသေအချာပင်ဖြစ်သည်။


 


“ကိုယ်‌တောင်းပန်ပါတယ် ကိုယ်အစောကြီးကတည်းက ကူညီခဲ့ရမှာ”


ဘန်သည် ဆာစီးနီယာကိုညင်သာစွာကြည့်ရင်းဖြင့် ‌ပြောလိုက်သည်။ စောစောသာကူညီနိုင်ခဲ့လျှင် ဆာစီးနီယာနာကျင်နေခဲ့မည်မဟုတ်ပေ။ သူ၏မျက်လုံးများသည် ငိုထားသည့်အတွက် နီရဲနေသည်။


 


“သူတို့အမှားပါကွာ”


 


ဆာစီးနီယာသည် ခေါင်းကိုခါရင်း သူ၏အပြစ်မဟုတ်တာတောင် အပြစ်ရှိစိတ်ဝင်နေသော ဘန်ကို ပြောလိုက်သည်။ ထိုကိစ္စများအဆင်ပြေသွားပြီးသည့်‌နောက်တွင် ကျန်ရှိနေသည်မှာ သူ၏နှလုံးသားထဲမှ ဒဏ်ရာပင်ဖြစ်သည်။ 


 


“ဟုတ်ပါတယ်”


 


ဘန်သည် သူ၏ခေါင်းကို ဖြည်းဖြည်းချင်းညိမ့်ကာ ပြောရင်း သူ၏စိတ်ထဲမှ အပြစ်ရှိစိတ်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆာစီးနီယာသည် သူ၏စိတ်ပူပန်စရာများမရှိတော့သည်ကိုတွေးကာ ဖြည်းဖြည်းချင်းပြုံးလိုက်သည်။


 


“အဲရွာက မကြာခင်ဖျက်ဆီးခံရတော့မှာပါ”


 


“နားလည်ပါပြီ”


 


ဆာစီးနီယာသည် ထိုရွာကြောင့်နောက်ထပ်နစ်နာသူများ ပေါ်မလာတော့မည်ကိုတွေးရင်း ကောင်းသည့်အရာလို့ထင်ခဲ့သည်။ ဆာစီးနီယာသည် သူမအပေါ်အထင်သေးခြင်း စက်ဆုပ်ရွံရှာခြင်းမရှိသော သူ့ကိုမသိသော တစ်နေရာရာကိုပြောင်းသွားချင်နေသည်။


“ဘယ်ကိုသွားရမလဲ မစဉ်းစားရသေးဘူးဆိုရင်…” ဘန်သည် ဂရုတစိုက်ဖြင့်ပြောလိုက်သည်။


 


ဆာစီးနီယာသည် ဘန်ဘာဆက်ပြောမည်ကို သိနေခဲ့သည်။ အရင်ကလည်း ထိုကဲ့သို့ပြောဖူးသောကြောင့်ပင်ဖြစ်သည်။


 


“ကိုယ်နဲ့အတူ မြို့တော်ကိုသွားရင်ရော ဘယ်လိုလဲ”


ဆာစီးနီယာသည် ထိုရွာက ထွက်သွားချင်သာသိကာ အစဉ်အစဉ်အသေးစိတ် မည်သည်ကိုသွားရမည်တို့ကို မသိသေးပေ။


“မြို့‌တော်ကိုလား”


 


ဆာစီးနီယာ၏‌ဘေးတွင်ထိုင်နေသော မေသည် တောက်ပနေသောမျက်လုံးများဖြင့် မေးလိုက်သည်။ မေသည် မြို့တော်ကိုမရောက်ဖူးသောကြောင့် ထိုနေရာအကြောင်းကို စူးစမ်းချင်နေသည်။


“မြို့တော်မှာပဲနေပြီးတော့ တခြားနေရာပြောင်းဖို့ ရွေးကြည့်ရင်ရောဘယ်လိုလဲ 


မြို့တော်မှာဆို ဒီကလူတွေလိုမျိုးတွေ့မှာမဟုတ်ဘူးလေ 


အဲလိုဆိုရင်ကိုယ်တို့အားလုံး ပျော်နေရမှာ ကိုယခကမင်းနဲ့အတူတူသာဆိုရင် ဘယ်နေရာဖြစ်ဖြစ်အဆငိပြေပါတယ်”


 


ဘန်သည် ဆာစီးနီယာဘာမျှပြန်မဖြေသောကြောင့် စိတ်လှုပ်ရှားကာ ပြောလိုက်သည်။ သူသည် သဘောတူသည်ဖြစ်စေ ငြင်းသည်ဖြစ်စေ ဆာစီးနီယာထံမှ‌အဖြေကိုကြားချင်သည်။ သို့သော်သူသည် ဘာမျှမပြောခဲ့ချေ။ ခဏလောက်ကြာအပြီးတွင် ဆာစီးနီယာသည် စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။


“မြို့တော်…”


သူ၏စိတ်လှုပ်ရှားနေသောအသံသည် ထိုနေရာမှာပင်ပျောက်ကွယ်သွားသည်။ သူသည် မြို့တော်သို့မသွားရန်ဆုံးဖြတ်ထားပြီးသားပင်ဖြစ်သည်။ သို့သော် ဘန်အကြံပေးသည်မှာလည်း မမှားပေ။ နေရာအတည်အကျမရွေးရသေးခင်အချိန်အထိတော့ မြို့တော်တွင်နေခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ မြို့တော်သည် ဆာစီးနီယာကို စိတ်အပြောင်းအလဲဖြစ်အောင်လည်း လုပ်ပေးနိုင်မည်ဖြစ်သည်။


“အစ်မဆာစီးနီယာ ညီမတို့ မြို့တော်ကိုသွားလို့ရလားဟင်”


 


မေသည် အလေးအနက်ဖြင့်မေးခဲ့သည်။ သူသည် ဆာစီးနီယာ၏လက်ကိုဆွဲကာ လှုပ်ရမ်းရင်း တောင်းဆိုနေသည်မှာ ကလေးငယ်တစ်ယောက် သကြားလုံးလိုချင်၍သူတို့၏မိဘကို တောင်းဆိုနေဟန်ဖြင့်တူနေသည်။ မေယခုလို တောင်းဆိုနေသည့်အချိန်တွင် ဆာစီးနီယာသည်ထိုအကြောင်းကို အလေးအနက် စဉ်းစားခဲ့သည်။ မြို့တော်သည် သူတစ်ခါမျှမရောက်ဖူးသောနေရာပင်။ ထို့ကြောင့် မြို့တော်မှလူများသည် သူ့ကိုသိကြမည်မဟုတ်ပေ။ ဘန်သည် သူ့ကိုသွားချင်လာအောင် ဆွဲဆောင်ချင်သော်လည်း တိတ်တဆိတ်ဖြင့်သာ သူ၏အဖြေကိုစောင့်နေခဲ့သည်။ တစ်စက္ကန့်သည်ပင် ရာစုနှစ်တစ်ခုလောက်ကြာသလိုပင်ဖြစ်နေသည်။


‘အကြာကြီးမ‌နေရင်တော့ အဆင်ပြေလောက်မှာပါ’


 


သူသည် အချိန်သုံးနှစ်မျှမည်သည်မှမလုပ်ဘဲ နေခဲ့သောကြောင့် သူ၏အရင်ပုံစံနှင့် အလွန်ကိုပင်ကွာခြားနေပြီဖြစ်သည်။ မြို့တော်သို့တစ်ခဏမျှ သွားရုံလောက်တော့ ဘာမျှမဖြစ်နိုင်ချေ။


‘မြို့‌တော်ကို တစ်ခါလောက်သွားလည်တာကတော့ ဘာမှမဖြစ်လောက်ပါဘူး’


 


ဆာစီးနီယာသည် ဘန်၏ဒဏ်ရာ‌အကြောင်းကိုလည်း သိချင်နေသည်။ ထိုဒဏ်ရာအကြောင်းကို သူတစ်ခါမျှမပြောဖူးချေ။ ပြီးခဲ့သည့်သုံးနှစ်အတွင်း မည်သည့်အရာတွေဖြစ်ပျက်ခဲ့သည်ကို မ‌သိသေးပေ။ ထို့အပြင် သူ၏ကိုယ်ရေးအကျဉ်းထဲတွင် မဖော်ပြထားသော သူ၏အတိတ်အကြောင်းကိုလည်း သိချင်နေခဲ့သည်။ ဆာစီးနီယာနှင့်ဝေးကွာနေခဲ့သည့် သုံးနှစ်အတွင်းတွင် ဘန်သည်မရေမတွက်နိုင်သော ကိစ္စများဖြစ်ပျက်ခဲ့သည်။


 


“ဟုတ်ပြီ” ဆာစီးနီယာသည် ခေါင်းညိမ့်ရင်း ဘန်၏အစီအစဉ်ကို သဘောတူလိုက်သည်။


 


“‌ရေး” ‌မေသည် ဆာစီးနီယာ၏လက်ခံသောအဖြေကို ကြားအပြီးတွင် ပျော်ရွှင်နေသောကြောင့် လက်ခုပ်တီးကာ ပြုံးနေတော့သည်။


 


ဘန်သည်လည်း ပျော်ရွှင်နေသောကြောင့် အပြုံးများလွှမ်းခြုံနေသည်။ နှလုံးသားအတွင်းထဲထိ ပျော်ရွှင်သွားစေသောအရာအတွက် အပြုံးကိုပင် မဖုံးကွယ်နိုင်တော့ပေ။ သူ၏မပြောင်းလဲသေးသည့်အရာမှာ ဆာစီးနီယာအတွက်သာ ပြုံးပေးတတ်ခြင်းပင်ဖြစ်သည်။