အပိုင်း ၅၄
Viewers 14k

Chapter 54


“ဟမ်…” အံ့သြသွားသံတိုးတိုးလေး  ဆာစီးနီယာ၏ပါးစပ်မှ ထွက်ပေါ်လာသည်။


 သူမ ဗားန်သည် ယောက်ျားတစ်ယောက်ကို သူမ၏လက်သီးဖြင့် ထိုးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။


 ‘သူမက ဝတ္ထုထဲမှာ ဒီလိုစရိုက်မျိုး ရှိလို့လား?’


 အမှန်တကယ်တွင် သူမ၏ ကာရိုက်တာသည် သကြားလုံးလေးကဲ့သို့ ဖြစ်ပြီး မာကျောလေသည်။ ထို့ကြောင့် အနည်းငယ်တော့ အဓီပ္ပာယ်ရှိလေသည်။


 “မင် ရူးနေတဲ့ ကောင်မ”


 နှာခေါင်းအထိုးခံလိုက်ရသောလူသည် ရှက်ရွံမှုတို့ကြောင့် အရှက်သည်းစွာ ပြောလိုက်သည်။ သူသည် ဗားန်ဆီသို့ လျှပ်စီးအလင်းတန်းကဲ့သို့ ပြေးဝင်သွားလေသည်။ ထိုအချင်းအရာသည် ဆာစီးနီယာကို ချားလ်ကို သတိရသွားစေသည်။ နိမ့်ကျသည့်စိတ်ထားတို့ရောပါနေသည့် ယုတ်ညံ့သည့်သဘောထားနှင့် သူ၏အမှားကို သူဝန်မခံသည့်အချက်တို့ဖြစ်သည်။ လူတစ်ယောက်သည် ဘာလို့များ ဒီလောက် နိမ့်ကျပြီး အရှက်မရှိနိုင်ရသလဲဆိုသည်ကို ဆာစီးနီယာ အံ့အားသင့်မိပါသည်။ 


 “ရပ်လိုက်”


 ဆာစီးနီယာသည် ဗားန်ဆီသို့ ပြေးသွားသော လူကိုနောက်သို့ ပြန်ဆွဲလိုက်လေသည်။


 “ဘာလဲ”


 သူ၏ပြေးလမ်းကိုအားသုံး၍ရပ်လိုက်ရသောကြောင့် သူ၏ခေါင်းကို ပြန်လှည့်ရာတွင် သူဖြူလျော်သွားလေသည်။


 “ဟမ်း” (ပင့်သက်ရှိုက်သည့်အသံ)


 ဆာစီးနီယာကို သတိမပြုမိလိုက်သောလူများသည် အံ့သြသွားပြီး သူတို့ အသက်များအောင့်ထားကြသည်။ ဗားန်သည်လည်း အံ့အားသင့်သွားလေသည်။ သူမသည် လျင်လျင်မြန်မြန် ရှောင်လိုက်ပြီးနောက် သူမ၏တိုက်ခိုက်မည့်ကိုယ်နေကိုယ်ထားကို ဖြေလျှော့လိုက်ပြီး သူမ၏ ဦးခေါင်းကို ညွှတ်လိုက်သည်။


 “နှုတ်ခွန်းဆက်သပါသည် မိန်းကလေး ဆာစီးနီယာ”


 “နှု-နှုတ်ခွန်းဆက်သပါသည် မိန်းကလေး ဆာစီးနီယာ”


 ဆာစီးနီယာသည် ထိုယောက်ျားများ၏ နှုတ်ဆက်ခြင်းများကို လျစ်လျူရှု၍ သူမဆွဲထားသည့် လူကိုလွတ်လိုက်လေသည်။


 “အား”


 ထို့နောက် ရယ်စရာကောင်းစွာပင် လူကြီးသည် သူ၏တင်ပါးဖြင့် ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။


 “ယောက်ျားသုံးယောက်က မိန်းမတစ်ယောက်ကို တိုက်ခိုက်နေတာ ဘယ်လိုတောင် နိမ့်ကျလိုက်လဲ”


ဆာစီးနီယာသည် သူတို့ကို တစ်ယောက်ချင်းကြည့်၍ ဖြည်းညင်းစွာပြောလိုက်လေသည်။ သူတို့၏မျက်နှာများ ချက်ချင်း အနီရောင်သို့ ပြောင်းသွားလေသည်။


 “တကယ့်ကို အရှက်မဲ့တာပဲ”


 သူမပြုံးလိုက်သည်။ သို့သော်လည်း ဖော်ရွေသော အပြုံးမျိုးထက် သူတို့ကို အထင်သေးသော အပြုံးမျိုးဖြစ်သည်။


 “အဲလိုမျိုးမဟုတ်ပါဘူး မိန်းကလေး နားလည်မှုလွဲသွားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဗားန်ကို နောက်သို့ ပြေးဝင်သွားသည့် လူကြီးမှ ပြောလေသည်။


 သူမနှင့် ပထမဆုံးတွေ့ဆုံသည်ဖြစ်သောကြောင့် သူသည် ဆာစီးနီယာ၏ရှေ့တွင် ဘယ်လိုဟန်ဆောင်ရမည်ကို မသိပေ။ သို့သော် ကောလဟာလများအရ သူမသည် သာမန်လူတစ်ယောက်ဖြစ်ပြီး မြို့စားမင်း၏မျက်လုံးကို ဖမ်းစားနိုင်ခဲ့သောကြောင့်သာ ဒီနေရာတွင်ရှိနေသည်ဟုဖြစ်လေသည်။ ထို့ကြောင့် သူမသည် မဆင်မခြင် ဝင်ရောက်မစွက်ဖက်သင့်သောကြောင့် သူမကို ရှင်းပြရန် မလိုအပ်ပေ။


“ဘယ်လို?”


 ဆာစီးနီယာသည် သူမ၏လက်ကိုပိုက်၍ သူ့ကို ပြောခွင့်ပေးလိုက်လေသည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ သူသည် ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး သူ၏အဝတ်များကို ဖုန်ခါ၍ လှည့်ဖြားစွာ ပြောလေသည်။


 “မိန်းကလေး ဆာစီးနီယာ ကျွန်တော် မိန်းကလေး ဘယ်ကနေလာပြီး အဲ့မှာ သူတို့ဘာတွေလုပ်လဲတော့ သေချာမသိပါဘူး ဒါပေမယ့်လည်း ဒီလို တော်ဝင်မိသားစုတွေမှာတော့ ဒီလိုအဖြစ်တွေက အမြဲလိုလိုရှိကြပါတယ် ဒါက အစေခံတွေကို စည်းကမ်းတင်းကျပ်ပေးတာပါ။”


 သူသည် သူ၏မေးစေ့ကို မြင့်လိုက်ပြီး နောက်ကျောကို မတ်မတ်ထားလိုက်သည်။ သူမသည်ဘယ်နေရာမှ ရောက်လာသည်ကို ဘုရားသာသိပေမည်။ ထို့သို့သော သူမက မြို့စားအိမ်တော်ပိုင်နက်တွင် အိမ်ရှင်မကဲ့သို့ ပြုမူရန်ကြိုးစားနေသည်ဟု သူထင်သည်။ သူသည် သူမ၏နေရာကို သတိပေးရန် လိုအပ်ပေသည်။ ထိုလူ၏ အရေးမစိုက်ပုံသည် သိသိသာသာကိုဖြစ်သည်။


 “အဲ့-အဲ့ဒါမှန်တယ်” 


 “အဲ့ဒါကျွန်တော်တို့ရဲ့ အလုပ်ပါ”


 ဦးညွတ်ထားသော လူများတောင်မှ ပြန်လှည်ချေပလာလေသည်။ သူတို့သည် သူတို့အဖော်၏စကားကြောင့် သူမသည် သူတို့၏သခင် မြို့စားမင်းနှင့် မည်သို့ သက်ဆိုင်သည်ကို မသိဘဲ သတ္တိများရှိလာကြသည်။


 “မင်းတို့ဆိုလိုတာက မင်းတို့ရဲ့တာဝန်ဆိုတာက မိန်းမတစ်ယောက်ကို ဟာသလုပ်ပြီး ပြက်ရယ်ပြုဖို့လား?”


 ထိုလူသည် သူမ၏အသံကိုကြားပြီးနောက် တွန့်ဆုတ်သွားသော်လည်း ပို၍ကျယ်လောင်စွာပြောလာလေသည်။ သူသည် သူသာ နောက်သို့ ခြေတစ်လှမ်းနောက်ဆုတ်လိုက်လျှင် သူသည် အဟားခံရမည့်သူဖြစ်တော့မည်ဖြစ်သည်။


 “အဲ့ဒါက နောက်ပြောင်တာတစ်ခုပါပဲ ကျွန်တော်တို့က ကောလဟာလတွေမှန်မမှန် အတည်ပြုဖို့ကြိုးစားရုံတင်ပါ ကျွန်တော်တို့က ဘယ်လိုလုပ် မြို့စာရဲ့ဂုဏ်သတင်းကို ညိုးနွမ်းအောင် လုပ်ပါ့မလဲ”


 သူမ ရယ်စရာတစ်ခုခုကိုကြည့်နေသည့်အလား ပြုံးနေသော ဆာစီးနီယာ၏မျက်နှာသည် လျင်မြန်စွာ ပုံပျက်သွားလေသည်။


 “မင်းတို့ ဘယ်လိုတောင်မြို့စားမင်းကို ဆင်ခြေအနေနဲ့သုံးရဲတာလဲ”


 သည်းမခံနိုင်တော့သော ဆာစီးနီယာသည် မြို့စားမင်း၏နာမည်ကို သူ၏ရွံစရာကောင်းသော အပြုအမူတို့ကို ဖုံးကွယ်ရန်သုံးလိုက်သော လူ၏ပုခုံးသို့ ဖိချလိုက်သည်။သူသည် မဟုတ်တရုတ်စကားများပြောတော့မည်ဆိုသည်ကို သူမသိသော်လည်း ဘန်ကို ထုတ်ပြောမည်ဟု မထင်မှတ်ထားပေ။ သူသည် ကြံမိကြံရာလျှောက်ပြောသည် ဖြစ်ရမည်။


 “အား”


 ထိုလူသည် နာကျင်မှုကြောင့် အော်လိုက်မိသည်။ ကျောက်တူကြီးဖြင့် သူ၏ပုခုံးပေါ်တွင် သူ့ကိုထုလိုက်သလိုကို ခံစားရလေသည်။


 ‘မိန်းမတစ်ယောက်က ဘယ်လိုတောင် သန်မာနေရတာလဲဟ’


ဆာစီးနီးယားသည် ကြည့်ရသည်မှာ အားနည်းသည်ဟုထင်ရသောကြောင့် သူသည် သူမအပေါ်အထင်သေးခဲ့သော်လည်း သူမသည် လွယ်ကူသော ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။ နာကျင်မှုကြောင့် တွန့်လိန်နေသောလူသည် ဆာစီးနီးယားမှဖိထားသောကြောင့် ကြမ်းပြင်ပေါ်တွင် အကူအညီမဲ့စွာလဲနေရသည်။


 “ရပ်-ရပ်လိုက်”


 ကြည့်နေကြသော လူနှစ်ယောက်သည် ဆာစီးနီယာကို ရပ်တန်းရန် ကြိုးစားကြလေသည်။ မြေပေါ်မှာလဲနေသော တစ်ယောက်ကို လွှတ်လိုက်ပြီးနောက် သူမသည် ပြေးဝင်လာသော အယုတ်တမာနှစ်ကောင်ကို ဖမ်းဆွဲလိုက်ပြီး သူတို့ကိုလည်း တူညီသောအရာများပြုလုပ်လိုက်လေသည်။


 “အား” ဆာစီးနီယာသည် သူတို့ ဘေးချင်းယှဉ်လျက် ဒူးထောက်ကျသွားသောအခါ သူတို့ကို လွှတ်လိုက်လေသည်။


 “အခု ပြန်ပြောလိုက်စမ်း ငါက ဘာကိုမသိတာလဲ?”


 ဆာစီးနီယာသည် သူတို့ကို လှပသော အပြုံးတစ်ခုပေးလိုက်လေသည်။ လူသုံးယောက်သည် သူတို့၏ပုခုံးများပြုတ်ကျတော့မည့်အလား ခံစားနေရသောကြောင့် သူတို့၏မျက်လုံးများတွင် မျက်ရည်များဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ အကြည့်များကို ဖြတ်လျက် ‘ဒါဘယ်လိုဖြစ်သွားတာလဲ’ မေးနေသည့်အလား အချင်းချင်းကြည့်နေကြသည်။


 “ဖြေလေ” ဆာစီးနီယာသည် တည်ကြည်သော အကြည့်ဖြင့် ကြည့်လိုက်သောအခါ လူများသည် လျင်မြန်စွာ ပြန်ဖြေလေသည်။


 “စိတ်မရှိပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်။”


 “ကျွန်တော်တောင်းပန်ပါတယ် မိန်းကလေး ဆာစီးနီယာ”


 သူတို့ ပထမဆုံးတောင်းပန်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ပုခုံးပေါ်တွင် အခုထိတစစ်စစ်ခံစားနေရသောကြောင့် ဖြစ်သည်။ အတွင်းကြေသွားသည်မှာ ထင်ရှားပေသည်။ ထို့ပြင် မည်သို့ပင်ဖြစ်စေကာမူ သူမသည် မြို့စားမင်းကိုယ်တိုင် ခေါ်ဆောင်လာသော ဧည့်သည်ဖြစ်၍ သူတို့ သူမကို ဒေါသထပ်ထွက်စေလျှင် သူတို့ အန္တရာယ်ကျရောက်နိုင်လားမသိပေ။ ဒီအချိန်သည် နောက်ဆုတ်ရမည့် အချိန်ပင်ဖြစ်သည်။ 


 “ဗားန်” အရာအားလုံးကို ဘေးမှကြည့်နေသောဗားန်သည် အရမ်းအံ့သြနေပြီး ဆာစီးနီယာကိုမျက်တောင်မခတ်ဘဲကြည့်နေလေသည်။ ထို့ကြောင့်သူမသည် ဆာစီးနီယာ၏ခေါ်သံကို မကြားလိုက်ပေ။


 “ဗားန်” 


 အဖြေမရသည့်အခါတွင် ဆာစီးနီယာသည် ဗားန်၏ အင်္ကျီလက်အနားစွန်းကို ညင်သာစွာဆွဲလိုက်လေသည်။ 


 “အာ ဟုတ် ကျွန်မတောင်းပန်ပါတယ် မိန်းကလေး ဆာစီးနီယာ”


 ဗားန်သည် သူမ၏အာရုံများ လျင်မြန်စွာ ပြန်ရောက်လာပြီး ဦးညွှတ်လိုက်လေသည်။ 


 “ရပါတယ်” 


 ဆာစီးနီယာသည် ပြောလိုက်ပြီးနောက် ဗားန်ကို သူမ၏ခေါင်းကို မြှောက်ခွင့်ပြုလိုက်သည်။ 


 “နင်ဘာလုပ်ချင်လဲ”


 “ရှင် မိန်းကလေး ဆာစီးနီယာဆိုလိုတာက…” 


 “အဲ့လူတွေသူ တို့တွေကို ဘယ်လိုလုပ်ချင်လဲ”


 ဆာစီးနီယာ၏ရှည်သွယ်သောလက်ချောင်းသည် ကြမ်းပြင်ပေါ်ရှိလူများထံသို့ ညွှန်ပြလိုက်သည်။ ဗားန်၏အကြည့်သည်လည်း သူတို့အပေါ်တွင်ရှိနေလေသည်။ 


“နင်သူတို့ကို အရင်က နင်သူတို့နှာခေါင်းကိုထိုးလိုက်သလို ထိုးချင်တယ်ဆိုရင် နင်သူတို့ကို ထိုးနိုင်တယ်။ နောက်ဆက်တွဲကိစ္စတွေ ငါတာဝန်ယူတယ်လို့ ငါကတိပေးတယ်”


 ထိုစကားများကြားသောအခါ ဗားန်သည် ဆာစီးနီးယားကိုနောက်ထပ်တစ်ကြိမ် စူးစိုက်ကြည့်လာပြန်သည်။ ယောက်ျားများကို ကြည့်သည့် ခက်ထန်သော သူမ၏အမူအရာသည် တဖြည်းဖြည်း နူးညံ့လာလေသည်။ 


“ဟင့်အင်း…”


 ဗားန်သည် သူမ ခေါင်းယမ်းဖို့ရန် ခက်ခက်ခဲခဲကြိုးစားလိုက်သည်။ သူမ၏စိတ်ထဲတွင်တော့ သူမသည် သူတို့၏ နှာခေါင်းကို ထိုးပြီးသူတို့၏ ခွကြားကို အကြိမ် ရာချီ ထောင်ချီ ကန်ပစ်ချင်နေသည်။ သို့သော်လည်း သူမထိုသို့ မလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤစံအိမ်တွင် ဆက်လက်၍ အလုပ်လုပ်နေမည်ဖြစ်ရာ သူတို့ကို ဆက်လက်တွေ့ဆုံနေရဦးမည်ဖြစ်သည်။ အစောပိုင်းတွင်လည်း သူမအရမ်းကို စိတ်တိုနေ၍ သူတို့ကို မစဥ်းစားဘဲ ထိုးမိသည်ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမသည် သူမ သည်းခံခဲ့ရသည်ကိုများကို ဖွင့်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း သူမသာ သူတို့နှင့်ဆက်လက်ရှုပ်နေဦးမည်ဆိုလျှင် သည်စံအိမ်တွင်ရှိသော သူမ၏အနာဂတ်သည် ပို၍ဆိုးလာနိုင်ပေသည်။ 


 “ကျွန်မကို ဂရုစိုက်ပေးတာကျေးဇူးပါ”


 


ဆာစီးနီယာသည် ဗားန်ကို စိတ်ဝင်စားသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ သူမသည် ဗားန်၏ဝိညာဉ်များ လဲသွားပြီလားသိချင်နေသည်။ ထိုအရာသည် ဆာစီးနီယာကို ဗားန်၏ပင်ကိုစရိုက်ကို သိချင်စိတ်ဖြစ်လာစေသည်။ တစ်ချို့သော အကြောင်းများကြောင့် သူမသည် ဗားန်တုန့်ဆုန်းနေသည်ဟု ခံစားရလေသည်။ 


 “သွားတော့ ဒီလိုမျိုးထပ်မလုပ်နဲ့”


 ဆာစီးနီယာ သူတို့သုံးယောက်၏နာမည်ကိုမှတ်ထားလိုက်ပြီး ဂရုမစိုက်ဟန် လက်ပြလိုက်သည်။ 


 “ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်တို့သွားပါတော့မယ်”


 


ထိုလူများထွက်ပြေးလေသည်။


ကာလ်၊ ဂျွန်နသန်၊ ကယ်ဘင်၊ ဂျိမ်းစ် တို့သည် ကောလဟာလဖြန့်သူများဖြစ်ကြသည်။ ဆာစီးနီးယားသည် သူတို့ကို စံအိမ်မှ ထုတ်ပစ်ရန် သန္နိဠာန်ချလိုက်သည်။ 


 “ဒါဆို ကျွန်မလည်းသွားလိုက်ပါဦးမယ် ကျေးဇူးတင်ပါတယ် မိန်းကလေး ဆာစီးနီယာ” ဗားန်သည် ယဥ်ယဥ်ကျေးကျေးဖြင့် ဦးညွှတ်လိုက်ပြီး မြန်မြန်ထွက်ခွာရန် ကြိုးစားလိုက်သည်။ 


 “ခဏနေပါဦး” ဆာစီးနီယာသည် အရာအားလုံးကိုမြင်လိုက်သည်ဖြစ်၍ မေးခွန်းများမေးရန် ရည်ရွယ်ချက်ဖြင့် ဗားန်ကိုရပ်ခိုင်းလိုက်သည်။


 “ဟုတ်ကဲ့ ကျွန်မကို ခေါ်တာလား?” 


 “နင်ဘာလို့ သူတို့ကို သွားခွင့်ပေးလိုက်တာလဲ?” 


 “…” 


 “ငါ အစောကမြင်ခဲ့သလိုဆို နင်သူတို့ကိုတိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ”


ဗားန်၏အညိုရောင်မျက်ဝန်းဖျော့ဖျော့တို့ ထိတ်လန့်သွားသည်။ သူမသည် စကားတစ်ခွန်းမဆိုဘဲနှင့် သူမ၏ခေါင်းကိုနှိမ့်လျက် သူမ၏လက်ချောင်းများကိုသာ လိန်နေသည်။ ဆာစီးနီးယားသည် ဗားန် မသက်မသာဖြစ်နေပုံရသောကြောင့် ထပ်ပြောလိုက်လေသည်။


“နင်မပြောချင်လည်း မပြောလို့ရတယ် ငါနင့်အချိန်တွေယူမိတဲ့အတွက် တောင်းပန်ပါတယ်”


“မဟုတ်ပါဘူး အဲလိုမဟုတ်ပါဘူး”


ဗားန်သည် သူမ၏ခေါင်းကိုမြှောက်၍ လျင်မြန်စွာ ပြောလိုက်သည်။ သို့သော်လည်း မည်သည့်အရေးကြီးစကားလုံးများထပ်မထွက်လာတော့ပေ။ ဆာစီးနီယာသည် သူမတစ်ခုခု ပြောမည်ကို တိတ်ဆိတ်စွာ စောင့်နေလေသည်။


“… အဲ့ဒါက ကျွန်မတို့ အချင်းချင်း ဆက်တွေ့နေရဦးမှာကြောင့်ပဲ” တစ်ခဏကြာပြီးနောက် ဗားန်သည် ဂရုတစိုက်ပြောလိုက်သည်။


“သူတို့တွေ စံအိမ်ကနေ အထုတ်ခံရမယ်ဆိုရင်ကော ဘယ်လိုလဲ?”


“အဲ့လိုဆိုရင်တောင် အရာရာ အရင်တိုင်းဖြစ်မှာပဲ ဘာလို့ဆို သူတို့နဲ့ ရင်းနှီးတဲ့သူတွေ ဒီစံအိမ်မှာ ကျန်နေသေးလို့ပဲ” 


 ‘သူမပြောနေတာ သူတို့လေးယောက်ကိုထုတ်လိုက်ရင်တောင် တစ်ခုခုဖြစ်မလာနိုင်ဘူးလို့လား’


ဗားန်၏စကားလုံးများကို စီကြည့်လိုက်သောအခါ သူမသည် နောက်ဆုံးတွင် ကိစ္စများက မကြာခဏ ဒီလိုပဲဖြစ်နေလိမ့်မယ်ဆိုသည်ကို သဘောပေါက်လိုက်လေသည်။ လူလေးယောက်ကိုထုတ်လိုက်ရင်တောင် သူတို့၏အသိအကျွမ်းများက ဒီမှာကျန်နေမှာဖြစ်ပြီး ဗားန်ကို နောက်ထပ်အနှောင့်အယှက်ပေးနေမှာဖြစ်သည်။


“ကျွန်မ ကျွန်မအမေ့အတွက် ဆေးဖိုးရှာရဦးမယ် ပြီးတော့ အဖေ့အကြွေးတွေလည်းဆပ်ရဦးမယ်။ အဲ့ဒါတွေအတွက် ကျွန်မ ဒီစံအိမ်မှာ အလုပ်လုပ်ရမှဖြစ်မှာ အဲ့ဒါက ခက်ခဲနေရင်တောင် ကျွန်မမှာရွေးချယ်စရာမရှိဘူး ဆက်သည်းခံနေရုံပဲ …” ရှိုက်လိုက်ပြီးနောက် ဗားန်သည် မျက်ရည်များကျလာသည်။


ထိတ်လန့်သွားသော ဆာစီးနီယာသည် လက်ကိုင်ပဝါတစ်ခုကို လျင်မြန်စွာ ထုတ်၍ သူမကို ကိုးရိုးကားယားဖြင့် လက်လွှဲပေးလိုက်လေသည်။ 


 “…ကျေးဇူးပါ” 


 ဗားန်သည် သူမလက်ခံရရှိသော ပဝါလေးဖြင့် သူမ၏မျက်ရည်များကို သုတ်လိုက်သည်။ တခြားတစ်ဖက်တွင်တော့ ဆာစီးနီးယားသည် ဗားန်ကိုအကြောင်းမရှိ ငိုမိသွားစေသောကြောင့် မသက်မသာခံစားရလေသည်။ သူမဗားန်ကို ဘယ်လို သက်သာစေရမည်လဲစဉ်းစားနေရင်းဖြင့် စောနက ဗားန်ပြောသည်ကို မှတ်မိသွားသည်။


‘သူမ သူမအမေတွက်ဆေးလို့ပြောလိုက်တာလား’


မူရင်းဝတ္ထုတွင်တော့ ဗားန်သည် သူမ‌အဖေ၏လောင်းကစားကြွေးများကြောင့် အစေခံအဖြစ်သို့ ရောင်းစားခံရလုနီးပါးဖြစ်ခဲ့လေသည်။ သို့သော်လည်း သူမသည် အဓိက ဇာတ်ဆောင်အကူအညီဖြင့် လွတ်မြောက်ခဲ့ပြီး သူမအမေကို အိမ်တွင်ချန်ထားရစ်ခဲ့သည်။ ထို့နောက်တွင် ဆာစီးနီယာသည် သူမအမေကို မီးရှိုခိုင်းလိုက်‌‌လေသည်။ ဗာန်းသည် သူ့မဆေးဖိုးရှာဖို့ရန်အတွက် အလုပ်လုပ်ရသည်။ သူမသည် အိမ်ရှေ့စံမင်းသားနှင့်မတော်တဆ တွေ့ဆုံကြမိပြီး နှစ်ယောက်သားချစ်မိသွားကြလေသည်။


သို့သော် သူမအမေ၏ဆေးဖိုးဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဗားန်က သူမအမေ၏ဆေးဖိုးကိုရှာနေသည်မှာ ဆာစီးနီယာသည် သူမအမေကို မီးရှို့သည်ဖြစ်၍ ဖြစ်သည်။ သူမ‌အမေသည် မီးလောင်ထား၍ သူမသာ ဆေးမရှိလျှင် ပြင်းထန်သော နာကျင်မှုများခံစားရလေသည်။


‘ဒါပေမယ့် အခု ငါက ဆာစီးနီးယားရဲ့ ခန္ဓာကိုပိုင်ထားတာလေ ပြီးတော့ ငါတတ်နိုင်သမျှ တိတ်တိတ်လေးနေလို့ ဝတ္ထုကလည်း မူရင်းကနေပြောင်းသွားလောက်ပြီ’


ထို့ကြောင့် အမျိုးသမီးဇာတ်လိုက်၏အမေသည် ကောင်းမွန်နေရမည်ဖြစ်သည်။ အဲ့ဒါ သေချာပေါက်ကိုအဲ့လိုဖြစ်ရမည်...


“...နင့်အမေက ဘယ်လိုရောဂါဖြစ်နေတာလဲ?” ဆာစီးနီယာသည် ခြောက်ကပ်စွာ တံတွေးမျိုချမိသွားလေသည်။


‘သူမမှာ အခြားနာတာရှည်ရောဂါများရှိနေတာလား?’


ဗားန်၏အဖြေကိုစောင့်နေရင်းဖြင့် သူမ၏ လက်ဝါးများသည် ချွေးစေးများဖြင့် စိုစွတ်နေပေသည်။ မကြာမီ ဗားန်၏ နှုတ်ခမ်းကိုဖွင့်လိုက်ပြီး သူမ၏အသံကို အနှေးပြကွက်အလား ကြားလိုက်ရသည်။


“သူမက မီးလောင်ဒဏ်ရာ အများအပြားခံစားနေခဲ့ရတာ ဒါကြောင့် သူမကျန်ဘဝတစ်လျှောက်လုံးဆေးကိုသာ မှီဝဲနေရတော့မှာ”