Chapter 61
အဓိကဇာတ်လိုက်က ငါ့ကိုစွဲလမ်းနေတယ်
Chapter 61
ဆာစီးနီယာသည် မသဲမကွဲသောအသံကြားသည့်အချိန်တွင် အိပ်မောကျနေသည်။
“ငါမင်းအနားမှာ နေနိုင်ပါ့မလားမသိတော့ဘူး”
မည်သည့်အကြောင်းအရင်းကြောင့်ပင်မသိ ထိုဝမ်းနည်းစရာအကြောင့် သူ၏အိပ်မက်ပါ ဝမ်းနည်းစရာအဖြစ်ပြောင်းသွားခဲ့သည်။ အသံသည်ပို၍ပို၍နီးလာကာ စစကြားချင်းကထက်ပင် ပိုပီပြင်လာခဲ့သည်။ အသံသည်ပီပြင်နေလာကြောင့် မည်သူ၏အသံဆိုသည်ကို သိရှိသွားသည်။ ထိုအသံနိမ့်နိမ့်ဖြင့်ပြောနေသည့်အသံမှာ ဘန်၏အသံပင်ဖြစ်သည်။
သူလန့်နိုးသွားခဲ့သည်။ သူအချိန်ကြာမြင့်စွာ သတိလက်လွတ်ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးကိုပိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည့်အခါတွင် သူ၏ဘေးမှ အသံရှူသံနောက်တစ်ခု ကြားလိုက်ရသည်။ ၎င်း၏တည်ရှိနေမှုသည် လျစ်လျူရှု၍မရနိုင်အောင်ပင်ဖြစ်နေသည်။ ထိုအရာသည် ဆာစီးနီယာ၏အသားကို ထိလိုက်သည်။
‘သူက ငါအိပ်မပျော်ခင်တုန်းက စံအိမ်တော်ထဲမှာရှိမနေပါဘူး ဒါဆို ဘယ်အချိန်ကဝင်လာတာလဲ’
ထိုအချိန်သည် ညလယ်ခေါင် သို့မဟုတ် အာရုံတက်ချိန်လည်း မဟုတ်ပေ။ သို့သော် ဆာစီးနီယာ၏အခန်းက မှောင်နေသည်။ ဆာစီနီယာသည် သူ၏မျက်လုံးကိုဖွင့်ရန် အလေးအနက်စဉ်းစားနေသည်။ ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများဖွင့်မရပေ။
“မင်းကိုနာကျင်အောင်လုပ်မိမှာကြောက်တယ် ဆာစီးနီယာ”
တိုတောင်းသောတိတ်ဆိတ်မှုနောက်တွင် စကားသံတစ်ခွန်းထပ်မံထွက်ပေါ်လာသည်။ သိမ်မွေ့တုန်ရီနေသောအသံသည် စိတ်ပူနေပုံဖြစ်နေသည်။
“ကိုယ်တကယ်ကို မသိတော့ဘူး”
ထိုအသံသည် တွေးဆ၍မရနိုင်အောင် နက်နဲသောနာကျင်မှုထဲတွင် ကျရောက်နေသည့်ပုံပင်။
“မဖြစ်နိုင်ဘူး”
ဆာစီးနီယာသည် သူ၏မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ခဲ့သည်။ သူသည် ဘန်ခံစားခဲ့ရသလို အမှောင်ထုတွေ စိုးရိမ်ပူပန်မှုတွေကို မြင်တွေ့ရမှာစိုးရိမ်နေသည်။
“ဆာစီးနီယာ”
ဘန်နှင့်သူသည် မျက်လုံးချင်းဆုံးလျက် ငေးကြည့်နေမိသည်။ ဘန်သည် ဆာစီးနီယာကို နိုးသွားလိမ့်မည်ဟုမထင်ထားပေ။
“ရှင်ကျွန်မကို အဲဒါကြောင့်ရှောင်နေခဲ့တာလား”
ဆာစီးနီယာသည် ရုတ်တရက်ထရပ်လိုက်ပြီးမှ ပြန်ထိုင်ချသည်။ ဘန်၏မျက်လုံးများသည် အံ့ဩမှင်တက်နေသောကြောင့် တဖျပ်ဖျပ်ခတ်နေသည်။
စံအိမ်တော်တွက် ဆာစီးနီယာတစ်ဦးတည်းကျန်ရှိခဲ့သောအချိန်တွင် အထီးကျန်ကာ မည်သည်မှမဆိုင်သည့်အရာလို အစိမ်းသက်သက်ဖြစ်နေသည်။ ထိုအရာများသည် ဘန်ရှိမနေသောကြောင့်ပင်ဖြစ်သည်။ သူ၏ဘေးတွင်အမြဲရှိနေပေးပြီး ဒိုင်းသဖွယ် ကာကွယ်ပေးတတ်သော ဘန်ရှိမနေသောကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့် သူသည်အလွန်ဝမ်းနည်းစိတ်ထိခိုက်ခဲ့ရသည်။ သို့သော် ဘန်သည့်သူ့အား ရှောင်နေရသည့်အကြောင်းအရင်းမှာ ထို့အရာလေးအတွက်ကြောင့်သည်ပင်လား။
“…”
“ပြောစမ်းပါဦး ဘန် အဲ့အရာလေးအတွက်နဲ့ ကျွန်မကိုရှောင်နေခဲ့တာလား” ဆာစီးနီယာသည် ထပ်မေးလိုက်သည်။
“ကိုယ်မင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ဖို့ ယုံကြည်ချက်မရှိလို့ပါ ဆာစီးနီယာ…”
‘ဟမ် သူဘာတွေပြောနေတာလဲ’ ဆာစီးနီယာသည် မျက်ခုံကိုကြုတ်၍တွေးနေခဲ့သည်။
‘‘ကျွန်မကိုကာကွယ်ပေးနေစရာမလိုပါဘူး ဘန်
ကျွန်မက ဖန်နဲ့လုပ်ထားတာမှမဟုတ်ပဲ”
“ကိုယ်ဆိုလိုတာအဲလိုမဟုတ်ပါဘူး
ကိုယ်က ကိုယ့်အပြုအမူတွေကို မင်းကိုနာကျင်စေမှာစိုးလို့ပါ ဟိုနေ့ကတောင်…”
ဘန်သည် အလျင်စလိုဖြင့်ပြောလိုက်သည်။ သို့သော် စကြားမဆုံးသေးခင်မှာပင် ရပ်လိုက်သည်။ ဘန်၏မျက်နာတွင် အတိတ်ကကိစ္စရပ်တစ်ခုကို အမှတ်ရသွား၍ နာကျင်မှုခံစားနေရသော ပုံရိပ်ပေါ်နေသည်။ဆာစီးနီယာသည် မည်သည်မျှမပြောဘဲ ဘန်ကိုစိုက်ကြည့်၍သာနေသည်။ သူ၏ပုံစံသည် အလေးအနက်ပုံစံပေါက်နေကာ ဆာစီးနီယာကိုပင် တိုက်ရိုက်လုံးချင်းဆုံး၍မကြည့်ရဲဖြစ်နေသည်။
ဆာစီးနီယာ ဘန်ပြောနေသည့် ဆာစီးနီယာကို နာကျင်စေမည်ဆိုသည်မှာ ဘန်သူ၏လက်ခဲ့ကိုဆွဲခဲ့သည့်နေ့ကအကြောင်းပြောနေခြင်းဖြစ်သည်ကို အသေအချာသိနေသည်။ ဘန်သည် ဆာစီးနီယာ၏လက်ကို အတင်းအကြပ်ဆုပ်ကိုင်ခဲ့မိသည်ကို အပြစ်ကြီးကြီးမားမားပြုလုပ်ခဲ့သလိုပင် တောင်းပန်နေခဲ့သည်။
‘အဲနေ့ကကိစ္စက သူငါ့အတွက် စိုးရိမ်ပြီးရှောင်နေရလောက်အထိ ဖြစ်သွားခဲ့တာလား’
ဆာစီးနီယာသည် သက်ပြင်းချလိုက်သည်။
“ဘန် ရှင်ကျွန်မကို နာကျင်အောင်မလုပ်နိုင်ပါဘူး”
“မင်းရောကိုယ်ရော အသေအချာသိနိုင်တာမှမဟုတ်တာ”
ဘန်သည် သူ၏လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ၏လိုအင်ဆန္ဒများကို ထိန်းချုပ်ရခက်နေသည်။ ဘန်သည် ဆာစီးနီယာကို သူ့ကိုယ်သူမထိန်းချုပ်နိုင်ရလောက်အောင်အထိကို လိုယူနေသည်။ ဖြစ်နိုင်လျှင် သူသည် ဆာစီးနီယာ၏ခြေချင်းဝတ်များကို သော့ခတ်၍ထားချင်နေသည်။ သူ့အနားမှာရှိနေစေရန်အတွက် ဆာစီးနီယာ၏ခြေထောက်ကို ရိုက်ချိုးရမည်ဆိုရင်တောင် ရိုက်ချိုးချင်သည်။ သူ့ဆီကနေ ထပ်ပြီးထပ်သွားမည်ကိုမခံစားချင် သောကြောင့်ဖြစ်သည်။ တစ်ခါခံစားရရုံမျှဖြင့် လုံလောက်နေပြီဖြစ်သည်။
‘ငါ့ရဲ့ ဒီအတွေးတွေကိုသာ ဆာစီးနီယာသိသွားရင် ဘယ်လိုတုံ့ပြန်မလဲ’
‘သူငါ့ကိုမုန်းသွားမှာလား ဒါမှမဟုတ် စိတ်ပျက်သွားမှာလား’
ဘန်သည် သူ့ကိုယ်သူအလွန်စက်ဆုပ်ရွံရှာစရာကောင်းသည်ဟုတွေးနေသည်။ သို့သော် ဆာစီးနီယာထိုကဲ့သို့တွေးမြင်ကိုပေ လက်မခံနိုင်ချေ။ သူ့ကိုယ်သူလှောင်ရယ်ကာ အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်သည်။
“မဟုတ်ဘူး အဲလိုမဟုတ်ဘူး ရှင်ကအဲလိုမျိုးလုပ်မဲ့သူ မဟုတ်ဘူး”
ဘန်သည် သူ့ကိုယ်သူသံသယဝင်နေပေမဲ့ ဆာစီးနီယာသည် ဘန်ကိုထိုကဲ့သို့လူမျိုးမဟုတ်ကြောင်း အသေအချာကိုပြောနေသည်။
‘ဘန်က ငါ့လက်ကိုကိုင်ဖို့တောင် မဝင့်မရဲဖြစ်နေတယ်’
ဆာစီးနီယာအတွက်တော့ ဘန်သည်လွန်ခဲ့သောသုံးနှစ်က သူ့ကိုသာပထမဆုံးဦးစားပေးဖြစ်ခဲ့ကာ ဘယ်တော့မျှထိုသို့လုပ်မည့်သူမဟုတ်ဟုသာ မြင်နေသည်။
“ရှင်သိတယ်မလား ဘယ်သူမှကျွန်မကိုနာကျင်အောင်မလုပ်နိုင်ဘူးလေ အဲဒါကျွန်မစွမ်းအားပဲလေ မှတ်မိလား”
ဘန်သည် ဆာစီးနီယာ၏စကားကို ကြားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ ထို့နောက်ဆာစီးနီယာကို တစ်ခုခုဆုံးရှုံးသွားရသဖွယ် မျက်နှာငယ်ဖြင့်ခေါင်းငိုက်စိုက်နေသည်
“ဘန် ကျွန်မကိုကြည့်”
ဘန်သည် တွန့်ဆုတ်နေသော်လည်း ဖြည်းဖြည်းချင်းခေါင်းမော့က ဆာစီးနီယာကို ကြည့်နေခဲ့သည်။ ဆာစီးနီယာ၏စကားကိုတော့ မနာခံဘဲမနေနိုင်ပေ။
“ရှင်ဘာကိုစိတ်ပူနေလဲ ကျွန်မသိပါတယ်”
နောက်ဆုံးမှာတော့ ဘန်သည်သူ့ကိုစိုးရိမ်၍ ရှောင်နေသည်ကို ဆာစီးနီယာသဘောပေါက်နားလည်သွားပြီဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ် ဆိပ်ကမ်းတွင် ဆာစီးနီယာသည် သူ၏စွမ်းအားကြောင့် သူနှင့်ဘန်အတူတူရှိနေလျှင် ဘန်ကိုနာကျင်အောင်လုပ်မိမည်ဟု ပြောခဲ့သည့်အချိန်က ဘန်သည်ပြုံး၍ ဆာစီးနီယာနှင့်သာအတူတူနေချင်သည်ဟုပြန်ပြောခဲ့သည်။ ထိုအခိုက်အတန့်ကို ဆာစီးနီယာ မည်သို့မျှမေ့မည်မဟုတ်ပေ။ သူသည်ကျိန်စာနှင့်တူသောစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဘန်ကြောင့်ပင်လူများနှင့်အတူနေထိုင်၍ရကြောင်း သိရှိခဲ့ရသည်။ ယခုအချိန်သည် သူသည်လည်း ဘန်ကိုထားသွားမည်မဟုတ်ကြောင်း သက်သေပြရမည့်အချိန်ပင်ဖြစ်သည်။
‘သူပြောသလိုပဲ ငါသူနဲ့တစ်သက်လုံးနေနိုင်မယ်လို့တော့ ကတိမပေးနိုင်ဘူး ဒါပေမဲ့ သူငါ့ကိုနာကျင်အောင် မလုပ်မိမှာမဟုတ်ဘူးဆိုတာကိုတော့ သူစိတ်လုံခြုံမှုရအောင် သိစေချင်တယ်’
“ရှင်ကျွန်မကို ဘယ်တော့မှနာကျင်အောင်မလုပ်ဘူးဆိုတာသိတယ် တကယ်လို့ လုပ်မိပြီဆိုရင်…”
ဆာစီးနီယာသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဘန်သည်လည်း သူ၏ဆက်ပြောမည့်စကားကို စိုးရိမ်တကြီးဖြင့်စောင့်နေသည်။
“ရှင့်ကိုအပြစ်တင်မှာမဟုတ်ဘူး ကျွန်မက လွယ်လွယ်နဲ့နာကျင်သွားမဲ့သူမဟုတ်ဘူးလေ”
ဆာစီးနီယာသည် သူ၏အဖြေကိုသူ့ကိုယ်တိုင်သဘောကျ၍ ရယ်ခဲ့သည်။ ထိုအဖြေကိုကြားပြီးနောက်တွင် ဘန်သည်ကြောင်တောင်အမ်းတန်းဖြစ်သွားခဲ့သည်
‘ဆာစီးနီယာရဲ့စွမ်းအားက ထူးခြားတယ်ဆိုတာတော့သိပါတယ် ဒါပေမဲ့ သူလည်းလူပဲလေ’
စွမ်းအားရှိနေရင်တောင် သူသည်လူသားတစ်ယောက်လိုပင် သူ့ကိုဝိုင်းဝန်းပြစ်တင်ဝေဖန်ကြသောအချိန်က နာကျင်ခဲ့ရသည်။ သူတို့ပစ်လိုက်သော ကျောက်တုံးထိမှန်၍ဒဏ်ရာရသည့်ပုံရိပ်သည် သူ၏စိတ်ထဲတွင် ကျန်ရစ်နေဦးမည်ဖြစ်သည်။ လူသားတစ်ယောက်၏ခံစားချက်ရှိ၍သာ ထိုကိစ္စများကြောင့် မျက်ရည်ကျကာ ပြိုလဲခဲ့ရခြင်းဖြစ်သည်။
ဘန်သည် နေ့စဉ်နှင့်အမျှ ဆာစီးနီယာကို မနာကျင်ရအောင် ကာကွယ်မည်ဟုသစ္စာဆိုနေခဲ့သည်။ သို့သော်ဘန်သည် အထက်စီးဆန်နေသည်။ ဆာစီးနီယာသည် ဘန်ထင်ထားသည်ထက်ပို၍ ကောင်းသောတော်သောသူပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူသာမက သူရခဲ့သည့်ဒဏ်ရာများကို ကျော်လွှားနိုင်ရန်ခွန်အားပင်ရှိနေသည်။ ယခု သူဘန်နှင့်ဘာမှမဖြစ်သလိုနေနေခြင်းသည် ထိုအရာ၏သက်သေပင်ဖြစ်သည်။
‘အမြဲတမ်းပဲ’
ဆာစီးနီယာသည် အမြဲတမ်းဘန်၏ကယ်ခြင်းကိုသာ ခံခဲ့ရသည်။ သူသည်ဆာစီးနီယာ၏ခွန်အားကိုသဘောကျသည်။ သို့သော်သူသည် သူ၏လိုအင်ဆန္ဒများကြောင့် ပျော့ညံ့သွားလိမ့်မည်ဟုထင်ခဲ့သည်။
‘ငါဘာတွေတွေးနေတာလဲ သူကပျော့ညံ့တဲ့သူမဟုတ်ဘူးလေ’
သူဘယ်လိုများ ဆာစီးနီယာကို ပျော့ညံ့လိမ့်မည်ဟု တွေးရဲရပါသနည်း။
‘ငါကအရူးပဲ’
ဆာစီးနီယာ၏ပါးစပ်မှ ထွက်လာသော စကားလုံးတိုင်းသည် သူ၏ရင်ဘက်သို့ထိုးဖောက်သွားသဖွယ်ဖြစ်နေသည်။ ဆာစီးနီယာ၏ ဖန်ခွက်ကလေးသဖွယ်ကွဲလွယ်သောပုံရိပ်သည် သူ၏စိတ်ထဲတွင်ပျောက်ကွယ်သွားသည်။ သူတစ်ပတ်ကျော်လောက်ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှု၊ ပြစ်တင်ရှုံ့ချမှုနဲ့ စိတ်ဒုက္ခရောက်ရမှုတို့သည် နှင်းစက်လေးသဖွယ် အရည်ပျော်ကျသွားပြီဖြစ်သည်
“…”
ဘန်သည် ဆာစီးနီယာကို တောက်ပသောမျက်လုံးများဖြင့်ကြည့်နေသည်။ အနီရောင်ဆံပင်၊ နှာတံရှည်ရှည်၊ အနီရောင်ဖူးနေသောနှုတ်ခမ်းနှင့် ကြက်သွေးရောင်မျက်လုံး။ ဆာစီးနီယာ၏အကြောင်းအကုန်လုံးသည် သူ၏မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့သည်။ ဘန်အလုပ်ချင်ဆုံးသောအရာမှာ ဆာစီးနီယာနှင့်အတူတူရှိနေခြင်းသာဖြစ်သည်။
“အဲဒါကြောင့် ဖြစ်တောင်မှမဖြစ်လာသေးတဲ့အရာကို တွေးပြီးကြောက်မနေပါနဲ့”
ဆာစီးနီယာသည် ဘန်ကိုပြောလိုက်သည်။ သို့သော်ထိုစကားသည် သူ့ကိုယ်သူပြန်ပြောချင်လည်းဖြစ်သည်။ ဆာစီးနီယာသည် သူ၏လက်ကို ဘန်း၏မျက်လုံးရှေ့တွင် ဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်သည်။
ခရက်
ထိုအသံနှင့်အတူ သူ၏လက်ပေါ်တွင် မီးတောက်ငယ်တစ်ခုပေါ်လာသည်။ ထိုမီးတောက်ကလေးသည် ချစ်ချစ်တောက်ပူနေကာ သူ၏လက်ပေါ်တွင် ဟိုဟိုဒီဒီသွားနေသည်။ သူ၏လက်ကိုဆုပ်လိုက်သောအခါတွင် ထိုလှုပ်ရှားနေသောမီးတောက်ငယ်ကလေးသည် ပျောက်ကွယ်သွားသည်။
“ရှင့်ကိုတောင်ပြန်ပြီး စိတ်ပူရတော့မယ်ထင်တယ်”
ဆာစီးနီယာသည် အချိန်တော်တော်ကြာမှ သူ၏စွမ်းအားကို ထုတ်ပြရသောကြောင့် ကျေနပ်အားရသောပုံစံဖြင့် ပခုံးတွန့်ကာရယ်မောလိုက်သည်။ ဘန်သည် ဆာစီးနီယာရယ်မောနေသည့်ပုံကိုကြည့်ကာ သူ၏တောက်ပနေသောနှုတ်ခမ်းအား နမ်းချင်စိတ်များဖြစ်ပေါ်လာသည်။
“ဆိပ်ကမ်းမှာတုန်းက ပြောခဲ့တာကိုမှတ်မိလား”
ဘန် ခေါင်းညိမ့်လ်ုက်သည်။ ဆာစီးနီယာနှင့် အတူတူကုန်ဆုံးခဲ့ရသည့် နေ့ရက်တိုင်း၏တစ်စက္ကန့်မျှလောက်ကိုပင် မေ့၍မရခဲ့ချေ။ ထိုအချိန်က မှတ်ဉာဏ်များသည် ဘန်အကြိမ်ရေမရေမတွက်နိုင်သည်အထိ ပြန်ပြန်တွေးမိလောက်အောင်ကို တောက်ပကာအဖိုးတန်လွန်းလှသည်။
“ကျွန်မ အဲတုန်းက ရှင့်ကိုအခွင့်အရေးပေးခဲ့တယ်နော် ဒါပေမဲ့ရှင်က ကျွန်မနဲ့အတူရှိနေဖို့ပဲ ရွေးချယ်လိုက်တာ”
ဆာစီးနီယာ၏အသံသည် ဘန်၏နားထဲနှင့်နှလုံးသားထဲကိုပင် ပီတိဖြစ်စေနေသည်။ ဘန်သည် မွေးကတည်းကပင် ဆာစီးနီယာကို ကြည့်နေဖို့ကလွဲ၍ရွေးချယ်စရာမရှိသည့်လူတစ်ယောက်လိုပင် ဆာစီးနီယာကို ကြည့်နေခဲ့သည်။
“အဲဒါကြောင့် အခုမှကျွန်မကိုရှောင်နေတယ်ဆိုတာက အဓိပ္ပါယ်မရှိဘူးလေ”
ဆာစီးနီယာရယ်လိုက်တိုင်း ဘန်သည်နှလုံးခုန်မြန်နေခဲ့သည်။ သူ၏တစ်ကိုယ်လုံးဓာတ်လိုက်ထားသဖွယ် ကြက်သေသေနေသည်။ စိုးရိမ်ပူပန်မှုများမရှိတော့ချေ။ ယခုသူ၏စိတ်ထဲတွင် လွှမ်းမိုးနေသည့်အရာတစ်ခုတည်းရှိနေသည
“ဒါနဲ့ ဒီကိုဘယ်အချိန်လောက်က ရောက်လာတာလဲ”
ဆာစီးနီယာသည် သူ့ကိုကြည့်သာကြည့်နေပြီး ဘာမှပြန်မဖြေသော ဘန်ကို ရှက်ကိုးရှက်ကန်းဖြင့် မျက်တောင်ခတ်ကာကြည့်နေခဲ့သည်။
“ကိုယ်က”
ဘန်သည် စကားစပြောဖို့လုပ်လိုက်သည့်အချိန်တွင် ဆာစီးနီယာသည် ဝမ်းသာသွားခဲ့သည်။
“အင်း ပြောလေ”
“ကိုယ်လောဘကြီးနေမလားမသိဘူး”
“လောဘကြီးတာ ဘာကိုလောဘကြီးတာလဲ..
ဘာမှဖြစ်မနေပါနဲ့ လူတိုင်းလောဘရှိကြတာပဲလေ”
ဆာစီးနီယာ၏စကားကြောင့် ဘန်ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဆာစီးနီယာသည် အကောင်းဘက်အမြဲကြည့်ကာ ချိုသာသည့်သူဖြစ်သောကြောင့် ထိုသို့ပြောမည်ကိုပင် ကြိုသိနေခဲ့သည်။ ထိုအရာသည် ဆာစီးနီယာသာလျှင် လုပ်နိုင်သောအရာပင်ဖြစ်သည်။
“ဆာစီးနီယာ”
“ပြောလေ”
ဘန်သည် သူ၏စိတ်ထဲတွင် အချိန်အတော်ကြာ ဖုံးကွယ်ထားခဲ့သည့်အရာကို ဆက်မထိန်းသိမ်းထားနိုင်တော့ပေ။ ဆာစီးနီယာကဲ့သို့ပင် သတ္တိရှိချင်နေသည်။ သူ၏မျက်လုံးသည် ယခင်ကထက်ပင်ဆာစီးနီယာထံမှ အကြည့်လွှဲမရပေ။ ထိုမျက်လုံးများသည် အဖိုးမဖြတ်နိုင်သော ရတနာများသဖွယ် တောက်ပလို့နေသည်။
“ကိုယ်မင်းကိုချစ်တယ်”
ဘန်သည် ဆာစီးနီယာနှင့် ဘာကိစ္စပဲရှိလာရှိလာ အတူတူရှိချင်ခဲ့သည်။ သူ၏တစ်သက်တွင်တစ်ခါသာ လောဘကြီးခဲ့ခြင်းဖြစ်၍ သူ၏လိုအင်ဆန္ဒကိုပြည့်စေချင်ကာ ဆာစီးနီယာ၏ဘေးတွင်နေချင်သည်ကို သိစေချင်နေသည်။
“…”
ဆာစီးနီယာသည် အံ့အားသင့်သွားကာ သူ၏ခန္ဓာကိုယ်မှာ မလှုပ်နိုင်အောင်အေးခဲနေသည်။ ဘန်၏ဖွင့်ပြောမှုအပြီးတွင် နှစ်ယောက်သား၏အသက်ရှူသံမှမပါး မည်သည့်အသံမျှထွက်မလာချေ။ ညအလင်းရောင်သည် ပြတင်းပေါက်မှတိုးဝင်လာကာ သူတို့ကိုလွှမ်းခြုံသွားခဲ့သည်။
“ကိုယ်မင်းကိုအရမ်းချစ်တယ်”
ဘန်သည် ဆိပ်ကမ်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့် အချိန်တုန်းကလိုပင် တောက်ပစွာပြုံးရယ်နေခဲ့သည်။ သူ၏အပြုံးသည် ဆာစီးနီယာကို အဖြူရောင်နွေဦးပန်းတစ်ပွင့်အား သတိရသွားစေသည်။
Xxxxx