အပိုင်း ၆၅
Viewers 12k

Chapter 65


“‌ခြေထောက်အဆင်ပြေရဲ့လား”


 


သူတို့၏နှုတ်ခမ်းများမှာ ထိမိလုနီးပါးဖြစ်နေသည်။


 


“အာ အင်း အဆင်ပြေပါတယ်”


 


ဆာစီးနီယာသည် သူ၏မျက်နှာကို ဘန်နှင့်ဝေးနိုင်သလောက်ဝေးအောင်ထားကာ ဖြေလိုက်သည်။


“ဆာစီးနီယာ”


 


ဘန်သည် တစ်စုံတစ်ယောက်ကို မည်သို့လွှတ်ပေးရမည်ကို မေ့နေသကဲ့သို့ ဆာစီးနီယာကို လက်ထဲမှပင်မလွှတ်တော့ချေ။ 


 


ဆာစီးနီယာမလဲကျသည်ကို အသေအချာသိနေပြီးသော်လည်း လက်ထဲမှပင် အလွှတ်မခံပေ။ သူလက်ထဲတွင် ကိုင်ဆောင်ထားသည့် တခြားအရာအားလုံးကိုပင် လွှတ်ချလိုက်သည်။ 


 


ဆာစီးနီယာ လှေကားပေါ်မှပြုတ်ကျမည့်ပုံစံ ဖြစ်သည့်အခါတွင် ဘန်၏နှလုံးသားလည်း ပြုတ်ကျတော့မည့်သယောင်ဖြစ်သွားခဲ့သည်။ ‌ဆာစီးနီယာ၏သေးသွယ်သော ခြေချင်းဝတ်ကလေး၌ ထိုဖိနပ်များမှာ ပြုတ်ကျလုနီးနီးဖြစ်နေသည်။ ဆာစီးနီယာသည် ဂါဝန်ပွပွဝတ်ဆင်ထားသော်လည်း သူ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်းများကိုပင် ဘန်သည်မြင်နေရသေးသည်။ သူ၏နူးညံ့သော အနီရောင်ဆံကေသာမှာ ကျစ်ဆံမြီးလေးများဖြင့် အလွန်ပင်လှပနေသည်။ သူ၏နက်မှောင့်သည့် မျက်တောင်ရှည်များ၊ တောက်ပနေသည့် ကြက်သွေးရောင်မျက်လုံးများ၊ ရှည်လျားသောနှာတံနှင့် အနီရောင်သန်းကာ ဖူးနေသည့်နှုတ်ခမ်းပါးတို့မှာ ယခင်ကထက်ပင် ပို၍ထင်ရှားနေသည်။ ဘန်သည် ဆာစီးနီယာအားကြည့်နေရင်း အသက်ရှုဖို့ကိုပင်မေ့နေကာ သူ၏စိတ်ထဲတွင် ဆာစီးနီယာကို မလွှတ်လိုက်နှင့်ဟုပင် အော်ပြောနေသဖွယ် ဖြစ်နေသည်။


 


ဆူညံနေသည့်ပတ်ဝန်းကျင်မှာ ရုတ်ချည်းတိတ်ဆိတ်သွားပြီး ဆာစီးနီယာ၏ခြေချင်းဝတ်မှ ဖိနပ်များလှေကားထစ်မှ ကျဆင်းသွားသည့်အသံသာ ရှိနေသည်။ ဘန်၏ဘေးတွင်ရပ်နေသည့် အားချန်သာမက ကျန်ရှိနေသည့် အခြားအစေခံများသည်ပင် မမြင်လိုက်ပေ။ လှေကားထစ်မှဆင်းလာသည့် ဆာစီးနီယာအား မြင်တွေ့လိုက်သည်မှာ ဘန်တစ်ယောက်တည်းပင်။ ဘန်၏နှလုံးသည် အလျင်အမြန်ပင် ခုန်နေသည်။ ဆာစီးနီယာကိုကိုင်ထားသည့်အတွက် သူ၏နူးညံ့သော အသားအရေးများကိုပင် ခံစားမိနေကာ သူ၏ကိုယ်သင်းနံ့ကိုလည်း ခံစားလိုက်ရသည်။


ဘန်၏ပတ်ဝန်းကျင်မှာ ဆာစီးနီယာ၏ခြေသံမှလွှဲ မည်သည့်အသံမျှမကြားရသဖွယ်ပင်။ ဆာစီးနီယာ၏လှုပ်ရှားမှုများကို ဘန်လောက်မည်သူမျှ ဂရုမထားနိုင်ပေ။ ဘန်၏အစကတည်းကပင် ခုန်နေသည့်နှလုံးသားမှာ သူ၏ခန္ဓာကိုယ်အတွင်းအရာများက်ုဖြတ်ကာ ခုန်ထွက်လာတော့မည့်သဖွယ် ခံစားနေရသည်။ ဆာစီးနီယာ၏ကိုယ်သင်းရနံ့ကြောင့် အရာရာကိုမေ့နေသည့်ဘန်သည် သူ၏ဣန္ဒြနှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းရန် ရှိသမျှအရာအားလုံးဖြင့် ထိန်းချုပ်နေရသည်။ 


 


ထိုကဲ့သို့အခြေအနေများထဲမှ ဘန်သည်ရုတ်တရက်ပါးစပ်ဖွင့်ကာ စကားဆိုလိုက်သည်။ 


 


“မင်းက အသက်ရှူမှားလောက်အောင်ကို လှနေတာပဲ”


“…”


 


ဘန်၏ နှိမ့်နှိမ့်ရှတတအသံသည် ဆာစီးနီယာသို့လွှမ်းခြုံသွားကာ အလွန်ပင်စွဲဆောင်မှုရှိနေသည်။ 


 


* * *


ကောက်ရိတ်သိမ်းပွဲတော်ကျင်းပသည့် မြို့တော်သို့ရောက်သည့်အခါ ဆာစီးနီယာသည် ဘန်၏အစောင့်အကြပ်များကိုဖြတ်၍ ရထားလုံးပေါ်မှဆင်းလာခဲ့သည်။ မနက်အစောကတည်းက ခရီးနှင်ခဲ့ကြသော်လည်း မွန်းလွှဲအချိန်လောက်မှသာ ရောက်သည်။


 


ဆာစီးနီယာသည် ရထားလုံးပေါ်တွင် ဘန်နှင့်နှစ်ယောက်တည်းထိုင်ခဲ့ရသည့်အတွက် ‌နေမထိထိုင်မသာဖြစ်နေသည်။ တစ်ခုခုမူမှန်တာ ပြောဆိုလုပ်ကိုင်မည့်မည်ကို စိုးရိမ်သောကြောင့် မည်သည်မျှပင် မလုပ်နိုင်ပေ။ ထို့ကြောင့် ဆာစီးနီယာသည် ရထားလုံးပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကိုသာ ကြည့်၍လိုက်ပါလာခဲ့သည်။


 


ဘန်သည် စကားပြောမည့်ပုံပေါ်နေသော်လည်း ဆာစီးနီယာကအိပ်ဟန်ဆောင်နေသည်။ ဘန်၏ဖွင့်ပြောခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ မည်သည်မျှ‌မပြောချင်ကာ ဘန်အားငြင်းမည်ဖြစ်အောင် သူ၏စိတ်ထဲတွင် ထပ်ကာထပ်ကာသတိပေးလို့နေသည်။ ထို့ကြောင့် ဆာစီးနီယာသည် ဘန်အားငြင်းမည်ကို ပေါ်လွင်အောင်ပြသနေသည်။ သို့သော် သူ၏စိတ်ထဲတွင် သေချာမပြင်ဆင်ရသေးပေ။ ထို့အပြင် ဘန်နှင့်အချိန်ကုန်ဆုံးချင်နေသေးသည်။


 


“ဆာစီးနီယာ ဒီကိုလာလေ”


ဘန်သည်လူအုပ်ကြီးကြားတွင် ဆာစီးနီယာကိုလက်ကမ်း‌ပေးလိုက်သည်။ ဘန်၏အနားတွင် လူများသည်အများကြီးရှိနေကာ သူ့အားဂါရဝပြုနှုတ်ခွန်းဆက်နေကြသည်။ အနည်းငယ်လောက် လမ်းလျှောက်ကာ တစ်ချက်ကြည့်လိုက်သည်နှင့် လူအုပ်ကြားထဲရောက်နေသော်လည်း ဘန်အားချက်ချင်းပင် တွေ့လိုက်သည်။ ဆာစီးနီယာသည် ဘန်၏လက်ကို‌ဆွဲလိုက်လျှင် လူအားလုံး၏အာရုံစိုက်မှုကို ရသွားသလိုဖြစ်မည်စိုး၍ တွန့်ဆုတ်နေသည်။ သို့သော် ဘန်အား မငြင်းခင်အချိန်တွင် ဆာစီးနီယာသည် ဘန်နှင့်အတူတူဖြတ်သန်းချင်နေသည်။


 


ဆာစီးနီယာသည် ဖြည်းဖြည်းချင်းဖြင့် ဘန်၏လက်ကိုဆွဲလိုက်သည်။ ထို့နောက် ဘန်၏လက်များသည် ဆာစီးနီယာ၏လက်ချောင်းများသို့ လွှမ်းခြုံသွားသည်။ သူ၏လက်သည် ပုံမှန်အတိုင်းကိုင်ထားသည်ဆိုသော်လည်း ကွဲကွာနေသည့်အပိုင်းအစနှစ်ခုကို ချိတ်ဆက်လိုက်သလိုပင် ပြည့်စုံလို့နေသည်။ သူတို့သည် အရင်ကတည်းကပင် စုံတွဲဖြစ်ခဲ့သဖွယ် ဖြစ်နေသည်။


 


‘ငါအဲအကြောင်းကို နောက်နေ့မှပဲ ပြောတော့မယ်... အခုအဲအကြောင်းမတွေးဘဲ နေရမယ်’


 


ဆာစီးနီယာသည် ဘန်၏လက်ကိုကိုင်ကာပွဲခင်းထဲသို့‌ဝင်သွားသည်။ ‌ကောက်ရိတ်သိမ်းပွဲတော်မှာ သူထင်ထားတာထက်ပင် ပို၍ကြီးကျယ်ခမ်းနားနေသည်။ လမ်း၏ဘေးဘက်များတွင် အစားအသောက်နှင့် တခြားဆိုင်တန်းများ တည်ရှိနေခြင်းသည် ညဈေးတန်းသဖွယ်ပင်။ စိတ်ဝင်စားစရာကောင်းသော အရာများစွာဖြင့် အသက်ဝင်နေလွန်းလှသည်။ ဆာစီးနီယာသည် ကောက်ရိတ်သိမ်းပွဲတော်ကို အာရုံစိုက်၍သာကြည့်နေသည်။ ထိုအခိုက်အတန့်မှာ တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားမည်ကိုပင် မေ့နေခဲ့သည်။


 


ဘန်သည် ဈေးဆိုင်များမှမုန့်များသည် ယခုနှစ်မှရိတ်သိမ်းထားသည့် လယ်ထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင့် ရှင်းပြနေသည်။ ကင်ထားသည့်ကြက်သား၊ မွှေးကြိုင်သင်းပျံ့နေသည့် ပေါင်မုန့်များနှင့် သကာရည်ဖြင့်အုပ်ထားသည့် အသီးအနှံများ၏ ရနံ့များသည် ဆာစီးနီယာ၏နှာခေါင်းအတွင်း တိုးဝှေ့၍ဝင်ရောက်လာသည်။ ဆာစီးနီယာသည် ခေါင်းကိုတိုးဝှေ့ကာ တုတ်ဖြင့်ထိုးထားသည့် စတော်ဘယ်ရီသီးများကို ကြည့်နေသည်။ စတော်ဘယ်ရီပုံစံ သကြားလုံးသည် သူနှင့်အလွန်ရင်းနှီးနေသည့်ပုံပေါ်သည်။


 


“အဲဒါသကာရည်နဲ့အုပ်ထားတဲ့ သကြားလုံးလေ”


 


ဆာစီးနီယာသည် ထိုသကြားလုံးများမှ အကြည့်မခွာနိုင်ဖြစ်နေသည်ကို ဘန်တွေ့သွား၍ ပြောလိုက်သည်။


“သကာရည်အုပ်ထားတဲ့ သကြားလုံးဟုတ်လား”


 


“အသီးကိုသကာရည်နဲ့အုပ်ပြီး မာအောင်လုပ်ထားတဲ့သကြားလုံးလေ


အဲလိုမျိုးက ဒီကလူတွေပဲ လုပ်နိုင်တာ”


 


‘အာ ဒီကလူတွေက သကာရည်နဲ့အုပ်ထားတဲ့သကြားလုံးလို့ခေါ်တာပေါ့’


ဆာစီးနီယာသည် ဘန်၏စကားကို ခေါင်းညိမ့်၍သာဖြေခဲ့သည်။ ထို့နောက်ဘန်သည် ပိုက်‌ဆံပေးရန်မလိုဟုပြောသည့်ဆိုင်ရှင်အား ပိုက်‌ဆံအတင်းပေးခဲ့ကာ ဆာစီးနီယာလက်ထဲသို့ သကြားလုံးကိုပေးလိုက်သည်။


“ဟင်”


 


“စားကြည့်လိုက်လေ ကြိုက်မှာပါ”


 


ဆာစီးနီယာ၏အပြုအမူမှာ ဘန်အားထိုသကြားလုံးကို ဝယ်စေလိုစိတ်မရှိသော်လည်း ဘန်၏စိတ်ရင်းကိုလျစ်လျူမရှုနိုင်၍ လက်ခံလိုက်သည်။


 


“‌ကျေးဇူးပါပဲ”


 


ဆာစီးနီယာ ထိုသို့ပြောလိုက်သည့်အခါ ဘန်၏မျက်နှာတွင် တောက်ပသည့်အပြုံးတစ်ခု ပွင့်လန်းလာသည်။ ဆာစီးနီယာသည် အသေးအဖွဲစကားလုံးများဟုသာသတ်မှတ်ထားသော်လည်း ဘန်၏အတွက်တော့ ထိုစကားကြောင့် ကမ္ဘာပေါ်တွင်အပျော်ရွှင်ဆုံးလူသားဖြစ်နေသည်။ ဆာစီးနီယာသည် ထပ်၍အလွန်ရင်ခုန်လာမည်ကိုစိုး၍ ဘန်၏အကြည့်ကိုရှောင်ကာ သကြားလုံးကိုတစ်ချက်ကိုက်လိုက်သည်။ သကြားလုံးကိုတစ်ချက်ကိုက်လိုက်အပြီးတွင် လန်ဆန်းစေသည့်အရသာတစ်ခုသည် သူ၏ပါးစပ်ထဲတွင် ပျံ့နှံ့ကျန်ရစ်နေခဲ့သည်။


 


‘အရသာရှိလိုက်တာ’


 


ဆာစီးနီယာသည် ထိုအရသာကိုနှစ်သက်သွား၍ လမ်းလျှောက်ရင်း တစ်ကိုက်ပြီးတစ်ကိုက်ဖြင့် စားလို့နေသည်။


 


“ဒီနားမှာ”


ဘန်သည် ရှဉ့်ကလေးတစ်ကောင် ဝက်သစ်ချသီးစားနေသည့်ကို တွေ့လိုက်ရသဖွယ် သူ၏လက်ချောင်းများကို မြောက်ကာပြောလိုက်သည်။ သူ၏လက်ချောင်းများသည် ဆာစီးနီယာ၏ သကြားလုံးအပိုင်းအစများပေနေသည့် အနီရောင်နှုတ်ခမ်းပါးများဆီသို့ ဦးတည်သွားသည်။ 


ဘန်သည် သကြားလုံးအပိုင်းအစများကို သူ၏လက်ချောင်းများဖြင့် ဖယ်ပြီးသည့်နောက်တွင် ဆာစီးနီယာအား ပြုံး၍ကြည့်နေခဲ့သည်။ 


 


“မျက်နှာမှာ တစ်ခုခုပေနေတယ်”


 


ဘန်၏လက်ဖဖြင့် ဆာစီးနီယာ၏နှုတ်ခမ်းကို ဖြည်းဖြည်းချင်းပွတ်ဆွဲလိုက်သည်။ ထိုအချိန်တွင် ဆာစီးနီယာ၏နှုတ်ခမ်းသည် ဘန်၏လက်ချောင်းများကဲ့သို့ နွေးနေသည်။ ဖြူစင်သောအထိအတွေ့ဖြစ်သော်လည်း ထိုအထိအတွေ့ကြောင့် ဆာစီးနီယာသည် စိတ်ဆိုးချင်သဖွယ်ဖြစ်သွားသော်လည်း မည်သည်မျှမပြောခဲ့ချေ။


 


“…”


 


“…”


 


တစ်ချိန်တည်းမှာပင် ဘန်နှင့် ဆာစီးနီယာတို့ နှစ်ယောက်လုံးသည် ရှက်သွေးဖြာနေခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက်၏သွေးခုန်နှုန်းများကို ချိတ်ဆက်ထားသည့် လက်များမှတစ်ဆင့် ခံစားသိရှိနိုင်သည်။ ဆောင်းဦးလေညှင်းကလေးမှာ ဖြည်းညှင်းစွာတိုက်ခိုက်လာသဖြင့် အမြဲပင်နွေးနေတတ်သည့် သူတို့နှစ်ယောက်သည် ချမ်း၍နေသည်။ ဆာစီးနီယာ၏ဆံပင်နှင့် ဂါဝန်မှာလေညှင်းကြောင့် တဖျပ်ဖျပ်လွှင့်နေသည်။


 


“‌အေးတယ်မလားဆ”


“ရပါတယ်”


“မင်းအ‌အေးမိမှာ ကိုယ်စိတ်ပူတယ်”


 


ဘန်သည် သူ၏အပေါ်ထပ်ဂျာကင်ကိုချွတ်ကာ ဆာစီးနီယာ၏ ပခုံးပေါ်သို့ခြုံပေးလိုက်သည်။


 


“ဒါဝတ်ထားလိုက် အအေးမမိချင်ဘူးမလား”


 


ဆာစီးနီယာသည် ငြင်းကာဘန်အား သူ၏ဂျာကင်ကို ပြန်ပေးသော်လည်း ဘန်မှပြန်ငြင်းနေသည်။


 


“အေးနေတာကို”


 


ဘန်သည် ဂျာကင်ကို ဆာစီးနီယာအားအတင်းဝတ်ပေးကာ ကြယ်သီးပင်တပ်ပေးလိုက်သည်။


 


“အေးနေရင်ပြောနော် ပြ‌န်ပေးမယ်”


 


“ဟုတ်ပါပြီဗျာ ဒါနဲ့ညကျရင် သူတို့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ နတ်ဘုရားတွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ မြေကွက်လပ်ကြီးပေါ်မှာ မီးပုံပွဲအကြီးကြီးလုပ်ဖို့ရှိသေးတယ်”


 


“ဒီနှစ်အများကြီး ရိတ်သိမ်းခဲ့ရလို့ ကျေးဇူးဆပ်တဲ့သဘောမျိုးလား”


“ဟုတ်တယ် ပြီးတော့‌နောက်နှစ်လည်း အခုလိုကောက်ပဲသီးနှဲတွေအများကြီးရအောင် ဆုတောင်းတာလည်းပါတယ်


မင်းအဆင်ပြေမယ်ဆိုရင် ကိုယ်တို့အဲရိုးရားဓလေ့ပွဲ သွားကြည့်ကြမလား”


“‌ကောင်းပြီလေ ကြည့်တာပေါ့”


 


ကောင်းကင်တွင် နေသည်သာနေတုန်းပင်။ ထို့ကြောင့် သူတို့သည် နေလုံးဝဝင်သွားကာ အမှောင်ထုကျရောက်မည့်အချိန်ကို စောင့်‌စားနေကြသည်။ ကျေးဇူးဆပ်ခြင်းဓလေ့ပွဲကိုကြည့်ပြီးမှ မြို့စားမင်းပိုင်နက်ကိုပြန်လျှင် မိုးသောက်ယံမှသာရောက်လိမ့်မည်။


 


‘ငါလည်း သူနည်းအချိန်နည်းနည်း‌လောက်ကြာကြာ ပိုရှိချင်နေတာဆိုတော့’


 


ဆာစီးနီယာသည် ဘန်နှင့်အချိန်ဖြုန်းရသည်ကို နှစ်သက်သည်။ ထို့ကြောင့်သူသည် ဘန်နှင့်တွေ့ရသည့်အချိန်ကို တတ်နိုင်သလောက်ဆွဲဆန့်နေလေသည်။


 


“ဘန် အဲဒါကိုကြည့်ပါဦး”


 


ဆာစီးနီယာသည် စင်တစ်ခုပေါ်တွင် ခင်ကျင်းပြသထားသည့် အသုံးအဆောင်ပစ္စည်းများကိုပင် ကြည့်နေသည်။ သူတို့နှစ်ယောက်သည် လွန်ခဲ့သည့်သုံးနှစ်ကအတိုင်းပင်ရှိနေကြသေးသည်။ ရောက်တက်ရာရာစကား‌များလျှောက်ပြောနေကြပြီး ဟက်ဟက်ပက်ပက်ရယ်မောကာ ဟာသလုပ်နေကြသည်။


 


“မင်းကြိုက်လား”


ဆာစီးနီယာ ရေဆာသည်ဟုပြောသောကြောင့် သောက်စရာသွားဝယ်သည်ဘန်သည် ပြန်ရောက်လာကာ မေးလိုက်သည်။


“အဲတုန်းကအချိန်‌တွေကိုတောင် ပြန်သတိရတယ်”


 


ဆာစီးနီယာသည် ထိုကဲ့သို့ပြောပြီးနောက် တစ်စက္ကန့်ပင်မကြာ သူ၏မျက်နှာမှာ မာထန်သွားသည်။ ဆာစီးနီယာပြောနေသည့်အရာကို ဘန်မသိစရာအကြောင်းမရှိပေ။ မူလိန်းရွာတွင် ဈေးဝယ်ထွက်သည့်အခါ ဆာစီးနီယာသည် လက်ကောက်ကလေးများ ကြည့်နေတတ်သည်ကို ဘန်၏မှတ်ဉာဏ်ထဲတွင် အထင်အရှားရှိနေသေးသည်။


 


“အ‌ရောင်လေးကလှတယ် ရှင်လည်းတစ်ခုလောက်ယူပါလား”


 


ဆာစီးနီယာသည် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားသည့်အထဲတွင် လက်ကောက်များကိုသာကြည့်တတ်သည်။ ထိုလက်ကောက်များမှာလည်း အပ်ချည်ဖြင့်သီကုံးထားသည့် ရောင်စုံလက်ကောက်များသာဖြစ်သည်။


“ဒီဟာယူမယ်”


 


“ဒီလက်‌ကောက်လေးက မင်းနဲ့အရမ်းလိုက်မှာပဲ”


 


သူတို့သည် တစ်ချိန်တည်းမှာပင် လက်ကောက်များကို ပြိုင်တူယူလိုက်သည်။ ဆာစီးနီယာသည် ခရမ်းရင့်ရောင်လက်ကောက်ကိုရွေး၍ ဘန်သည်ကြက်သွေးရောင်လက်ကောက်ကို ရွေးသည်။ ပုံစံသည်တူသော်ဘည်း အရောင်ပင်မတူချေ။


 


“နှစ်‌ယောက်သား အပြန်အလှန်လက်ဆောင်ပေးကြမလို့ပေါ့လေ”


 


ဆိုင်ရှင်သည် ဘန်နှင့်ဆာစီးနီယာကို ကြည့်ကာပြောလိုက်သည်။ ဆိုင်ရှင်သည် သူတို့ကိုအခုမှစချိန်းတွေ့ကြသည့် အတွဲဟုထင်သွားခဲ့သည်။ တိုက်ဆိုင်စွာဖြင့် သူတို့ရွေးခဲ့သည့် လက်ကောက်များမှာလည်း ဆင်တူဖြစ်နေသည်။


“မင်းကြိုက်ရဲ့လား”


 


“အင်း အရောင်ကလှ…”


 


“နှစ်ခုလုံး‌ခဏပေးပါ”


 


ဆိုင်ရှင်သည် ဆာစီးနီယာ ဘန်အားမတားခင် အလျင်အမြန်ဈေးတွက်နေသည်။ လက်ကောက်နှစ်ခုအား အိတ်တစ်ခုစီဖြင့် သပ်သပ်ရပ်ရပ်ထုတ်ပိုးကာ ဆာစီးနီယာ၏ရှေ့တွင် ချထားလိုက်သည်။


 


“‌နောက်ကျနေပြီဆိုပေမဲ့ ကိုယ်မင်းကိုပေးချင်လို့ပါ”


 


ဆာစီးနီယာသည် ဘန်၏နောက်ကျနေပြီဟူသော စကား၏အဓိပ္ပါယ်ကို နားမလည်ချေ။


 


“နှစ်ခုကြီးက များပါတယ်”


 


ထိုလက်ကောက်များကို လှသည်ဟုပြောလိုက်သည်ကို တွေ့လျှင်ပင် ဘန်သည်ဆာစီးနီယာပျော်အောင် မဝယ်ပေး၍မနေနိုင်ချေ။


 


“ဟုတ်တယ်‌နော် တစ်ယောက်တစ်ခုစီယူမယ်လေ”


 


ဆိုင်ရှင်သည် သူတို့နှစ်ယောက်အား ပြုံး၍ကြည့်နေသည်။


 


“ဟုတ်တယ် ယူလေ တစ်ခုယူလို့ရတယ်


ကျွန်မကတော့ နှစ်ခုလုံးကြိုက်တယ်


ဆိုတော့ ဘန်ရွေးလိုက် ဘယ်တစ်ခုယူမလဲ”


 


ဆာစီးနီယာသည် ဆိုင်ရှင်၏အကြံကိုသဘောတူခဲ့သည်။ ဘန်၏ရှေ့တွင် ဆာစီးနီယာသည် လက်ကောက်များပါသည့်အထုတ်များကို တစ်ဖက်စီတွင်ကိုင်ကာထားသည်။


 


“အဲဒါဆို”


 


ဘန်၏လက်ချောင်းများသည် ဖြည်းဖြည်းချင်းဖြင့် ဆာစီးနီယာ၏ဘယ်ဘက်လက်ဆီသို့ ဦးတည်သွားသည်။


“ကြက်‌သွေးရောင်ဟာလေးယူမယ်”


ဘန်၏အလိုဆန္ဒကြီးနေသည့် မျက်လုံးများမှာ ဆာစီးနီယာအား ဝါးမြိုတော့မည့်သဖွယ်ကြည့်နေလေသည်။