အခန်း(၄)
Viewers 4k

ရှောင်ယွီ အားတင်းကာ ​ကုတင်ဘေးရှိ

ယိုင်နဲ့နဲ့ခုံ​ပေါ် မှ ​ရေခွက်ဟုထင်ရ​​သော 

ခွက်က​လေးအား လှမ်းယူရန်ကြိုးစားသည်။ 

သို့​သော် ခန္ဓာကိုယ်ကအားမရှိ၍ ​ရေခွက်အား

မကိုင်မိဘဲ ပြုတ်ကျသွား​​စေ၏။

​ရေခွက်ကျသွား​သော အသံ​အားကြား၍ 

ဖြစ်နိုင်သည်။ အသက် ၄ ၅ နှစ်အရွယ် 

က​​လေးတစ်​ယောက်က အိမ်ထဲသို့ 

​ပြေးဝင်လာသည်။ 


က​လေး​လေးက သူသတိရလာသည်ကို

မြင်​သောအခါ အိမ်ပြင်သို့ပြန်၍​ 

ပြေးထွက်သွားသည်။


"အစ်ကိုငယ်၊ အစ်ကိုငယ်...

မရီးသတိရ​နေပြီ...

အစ်ကိုငယ်! မရီးသတိရ​နေပြီလို့..."


က​လေးသံ​လေးနှင့် ​အော်သံအား

နား​ထောင်ပြီး​နောက် ​ရှောင်ယွီ အလန့်တကြားနှင့်

သူ၏ရင်ဘက်အား စမ်းလိုက်မိသည်။


​တော်ပါသေးတယ်...ပြား​နေ​သေးလို့ ...

ဒီက​​လေးက ငါ့ကို မရီးလို့​ခေါ်​နေတာလား...

ဒုက္ခဘဲ ကမ္ဘာပျက်ကပ်မလာဘဲ...

ကမ္ဘာကူး​​ပြောင်းသွားပြီထင်တယ်​...

​​သေ​ရောကွာ...မရီးဆို​တော့ 

​ယောကျာ်းချင်းယူထားတဲ့ကိုယ်ထဲ​

ပြောင်းလာတာလား ...မသိဘူး...

ငါ​ရှောင်ယွီက အ​ဖြောင့်ကွ အ​ဖြောင့်...


"​ရှောင်ပိုင်​လေး... 

မရီးသတိရပြီဟုတ်လား...

အစ်ကို လာပြီ လာပြီ..."


ထို့​နောက် အသက် ၁၁နှစ်အရွယ်ခန့် 

​ကောင်လေးတစ်​ယောက် ​အိမ်ထဲသို့

​ပြေးဝင်လာပြန်သည်။ ကုတင်နားလို့

အလျင်အမြန်​ပြေးလာကာ သူ၏

​ပေ​နေ​သော လက်ဖဝါးနှစ်ဖက်အား

အင်္ကျီသို့သုတ်ရင်း ​မေးလာသည်။


"မရီး သတိရပြီလား...

အစ်ကိုကြီးက မြို့ကိုဆေးသွားဝယ်တယ်...

မရီး..ဘာလို​သေးလဲ...

ကျွန်​တော် ဘာလုပ်​ပေးရမလဲ...

ထနိုင်လား ထူ​ပေးရမလား မရီး..."


မရီးချင်းထပ်​နေ​အောင် ကြားပြီး​နောက် 

​ရှောင်ယွီ ပြန်၍သာ သတိ​မေ့ချင်သွား​တော့သည်။


"​ရေ..ဆာ..တယ်..."


"ဟုတ်ပြီ ကျွန်​တော်အခုခပ်​ပေးမယ်​နော်..."


​ကောင်​လေးက ​​ပြုတ်ကျသွား​​သော 

​ရေခွက်အား​ဆေးပြီး ရေအိုးမှ​​ရေခပ်​ပေးသည်။

ကြည့်ရသည်မှာ အိမ်တွင် ​ဤရေခွက်၁ခွက်သာ

ရှိပုံ​ပေါ်သည်။ 


ချို့တဲ့လိုက်တာ​နော်...

ဘယ်ကမ္ဘာများ​ရောက်​နေတာလဲ...


​ရှောင်ယွီက ​ကောင်​လေးကအားထူခိုင်းလိုက်သည်။

အနည်းငယ်မှီ၍ ထိုင်ကာ ​ဘေးပတ်ဝန်းကျင်အား

​သေချာကြည့်လိုက်သည်။ အိမ်က​လေးမှာ 

​မြေစိုက်အိမ်က​လေးဖြစ်ပြီး သက်ကယ်များဖြင့်

ကာထားသည်။ အမိုးမှာလည်း မိုးရွာလျှင် 

​နေစရာ​နေရာပင် ရှိမည့်ပုံမ​ပေါ်​ချေ။ 

မြင်​နေရ​သော ပြတင်း​ပေါက်မှ အပြင်သို့

လှမ်းကြည့်လိုက်ရာ စမ်းစို​သော ​တောင်တန်းကြီး

များကို မြင်​နေရသည်။ ​အိမ်​ရှေ့တွင် အပင်ကြီး 

၁ပင်ရှိပြီး အနီးနားတွင် လူ​နေအိမ်များ ရှိသည့်ပုံ 

မ​ပေါ်​ချေ။


​ရှောင်ယွီ အခက်​တွေ့​နေသည်မှာ သူ့တွင် 

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်များအား 

မရရှိ​သေး​ချေ။ ထို့​ကြောင့် က​လေး၂​ယောက်အား

ဘယ်လို​ခေါ်ရမည်မှန်းမသိ​ချေ။ မကြာမီက

အငယ်​လေးအား ​ရှောင်ပိုင်ဟု​ခေါ်သည်ကို

ကြားလိုက်သည်။ 


"ရတယ်...ငါသက်သာ​နေပါပြီ...

​လုပ်စရာရှိတာလုပ်ပါ...

​ရှောင်ပိုင်​လေးရှိရင်ရပြီ..."


​ရှောင်ယွမ်က ​ကောင်​လေးက ပထုတ်လိုက်သည်။


"ဟုတ်ကဲ့...

ဗိုက်ဆာ​နေပြီလား မရီး...

စားစရာက အစ်ကိုကြီးပြန်လာမှ 

ပါလာမှာမလို့ မချက်ရ​သေးဘူး... 

သကြားရည်​လေးအရင်​သောက်ထားမလားဟင်..."


"ရတယ် ရတယ် 

မဆာ​သေးဘူး...လုပ်စရာရှိတာလုပ်ပါ..."


"ဟုတ် ဒါဆိုကျွန်​တော် ထင်းသွားခုတ်လိုက်ဦးမယ်..."


​ကောင်က​လေးထွက်သွားပြီး​နောက် 

​​ရှောင်ယွီက ရေခွက်ကာကိုင်ကာ 

စမ်း​ရေများဖြည့်လိုက်သည်။ ​ရေ​သောက်

ဟန်​ဆောင်ပြီး စမ်း​ရေအားသောက်လိုက်သည်။ ​ရှောင်ပိုင်က ငယ်​သေး၍ သူလှည့်စားလို့

ရ​လေသည်။ 


​ရှောင်ပိုင်​လေးမှာ ပိန်ပိန်​သေး​သေး​လေးနှင့် 

အလွန် သနားစဖွယ်​လေးပင်။ သူ၏မျက်ဝန်းများက

အလွန်ကြီးမားပြီး လူတို့၏နှလုံးသားထဲသို့ 

​ဖောက်ထွင်းကြည့်​နေသလိုပင် အလွန်လှပသည်။ 

က​လေးမှာ အာဟာရချို့တဲ့​နေသည့်ပုံ​ပေါ်သည်။

​ရှောင်ပိုင်​​လေးက သူ့အားငြိမ်၍သာကြည့်​နေသည်။


​က​လေးချစ်တတ်​​သော ​ရှောင်ယွီမှာ 

မ​နေနိုင်​တော့ဘဲ ​နေရာလွတ်ထဲရှိ ချိုချဥ်များထဲမှ

နို့ချိုချဥ်တစ်လုံးအား တိတ်တဆိတ် ထုတ်လိုက်သည်။ ထို့​နောက် ​ခေါင်းအုံး​အောက်မှ

ထုတ်လိုက်သည့်ဟန်ပြုလိုက်သည်။ 


"​ရော့ ချိုတာ​လေး စား​နော်..."


"​မရီး ​နေမ​ကောင်းဘူး...

မရီးပဲ...စား..."


"အစ်ကိုက​နေ​ကောင်းသွားပါပြီ

​ရှောင်ပိုင်​လေးစားဖို့

အစ်ကိုမှာ ​နောက်တစ်လုံးရှိ​သေးတယ်

ဒီမှာကြည့်..."


ချိုချဥ် တစ်လုံးအား ထပ်မံထုတ်၍ပြလိုက်သည်။ 

နို့နံ့သင်းသင်း​လေး​ကြောင့်ဖြစ်မည် ​

ရှောင်ပိုင်​လေးမှာတောင့်မခံနိုင်​တော့ပဲ 

သူ၏လက်ထဲမှ နို့သကြားလုံး​လေးကို 

ပါးစပ်က​လေးဟ၍ ယူစား​လေသည်။

သကြားလုံးအားငုံပြီး​​​နောက် ချက်ချင်းပင် 

သူ၏မျက်လုံး​လေးများပြူးကျယ်သွားသည်။ 


ဤမျှအရသာ​ကောင်းမွန်သည့် 

သကြားလုံးအား သူမစားခဲ့ဖူး​ချေ။ 

အစ်ကိုငယ်နှင့် အစ်ကိုကြီးအား ခွဲမ​ကျွေးမိ၍

နောင်တရလာသည်။ 


​ရှောင်ပိုင်​လေးက ​ပျော်​နေသည့်ပုံမှ 

တ​ဖြေး​ဖြေးပင် မျက်ရည်များဝိုင်းလာရာ

​ရှောင်ယွမ် ထိတ်လန့်သွားသည်။ 


"​ရှောင်ပိုင်​လေး ဘာဖြစ်လို့လဲ

သကြားလုံးက မ​ကောင်းလို့လား

မငိုနဲ့​နော်..."


​​ရှောင်ပိုင်က မျက်ရည်များကိုထိန်းကာ 

​ပြောလာသည်။


"အစ်ကိုကြီးနဲ့ အစ်ကိုငယ်ကို 

မ​ကျွေး...အင့်..မိလို့.."


​ရှောင်ယွမ် စိတ်သက်သာရာရသွားသည်။


"အာ အစ်ကိုမှာ ချိုချဥ်​တွေအများကြီး 

ရှိ​သေးတယ်​နော် မငိုနဲ့

အစ်ကိုကြီးနဲ့ အစ်ကိုငယ်အတွက်လည်းရှိတယ်..."


"တကယ်လား..."


"တကယ် အစ်ကိုကညာပါ့မလား

လာပါဦး ဖက်ချင်လို့ပါ..."


​ရှောင်ပိုင်က ကုတင်​ပေါ်သို့ ဖင်​လေးကုန်း၍

တက်လာသည်။ ​ရှောင်ယွီလည်း အားမရှိ​သေး၍ 

က​လေးအား မချီနိုင်​​ချေ။ ​ရှောင်ယွီ၏ 

ရင်ခွင်ထဲသို့ဝင်ကာ ငြိမ်ငြိမ်​လေးထိုင်​နေသည်။ 

သူလှုပ်လိုက်မိလျှင် ​မရီးပြန်၍ ​နေမ​ကောင်း

ဖြစ်သွားမည်ကို စိုးရိမ်​နေသည်။ ရှောင်ပိုင်​လေးအားဖက်ရင်း ​စကားတပြော​ပြောနှင့် ပျော်ရွှင်​နေသည်။ 


မကြာမီတွင် အိမ်​ရှေ့ရှိ ​ကောင်ငယ်​လေးထံမှ 

အသံကြားလိုက်ရသည်။


"အစ်ကိုကြီးပြန်လာပြီ

​​ဟေး အစ်ကိုကြီးက ယုန်တစ်​​ကောင်ပါလာတယ်

အသားစားရ​တော့မယ်​

​ရှောင်ပိုင်​ရေ ရှောင်ပိုင်..."


ရှောင်ပိုင်က သူ၏အစ်ကိုငယ်အသံအား

ကြားလိုက်ရာ ကုတင်​ပေါ်မှ ပြေးဆင်းသွားသည်။ 

​ကုတင်​ပေါ်၌ ရှောင်ယွီတစ်​ယောက်သာ 

ငုတ်တုတ်က​​လေးကျန်​နေခဲ့သည်။ 


အစ်ကိုကြီးဆိုတာက ဒီခန္တာကိုယ်ပိုင်ရှင်၏ 

ခင်ပွန်းဖြစ်ပုံရတယ် ဘယ်လိုလုပ်ရမလဲ

ငါ့ပုံစံကဘယ်လိုကြီးဖြစ်​နေလဲမသိဘူး

အိမ်မှာ မှန်လည်းမရှိဘူး

ခုမှအိမ်ယာကထရ​တော့ ဆံပင်​တွေများပွ​​နေမလား


ရှောင်ယွီက ခြေမကိုင်မိ လက်မကိုင်မိ

ဖြစ်​နေ​တော့သည်။


<ဟုတ်ကဲ့ အ​ဖြောင့်ကြီး ​ရှောင်ယွီပါ( `д´)>


​​