ရှောင်ယွီ အားတင်းကာ ကုတင်ဘေးရှိ
ယိုင်နဲ့နဲ့ခုံပေါ် မှ ရေခွက်ဟုထင်ရသော
ခွက်ကလေးအား လှမ်းယူရန်ကြိုးစားသည်။
သို့သော် ခန္ဓာကိုယ်ကအားမရှိ၍ ရေခွက်အား
မကိုင်မိဘဲ ပြုတ်ကျသွားစေ၏။
ရေခွက်ကျသွားသော အသံအားကြား၍
ဖြစ်နိုင်သည်။ အသက် ၄ ၅ နှစ်အရွယ်
ကလေးတစ်ယောက်က အိမ်ထဲသို့
ပြေးဝင်လာသည်။
ကလေးလေးက သူသတိရလာသည်ကို
မြင်သောအခါ အိမ်ပြင်သို့ပြန်၍
ပြေးထွက်သွားသည်။
"အစ်ကိုငယ်၊ အစ်ကိုငယ်...
မရီးသတိရနေပြီ...
အစ်ကိုငယ်! မရီးသတိရနေပြီလို့..."
ကလေးသံလေးနှင့် အော်သံအား
နားထောင်ပြီးနောက် ရှောင်ယွီ အလန့်တကြားနှင့်
သူ၏ရင်ဘက်အား စမ်းလိုက်မိသည်။
တော်ပါသေးတယ်...ပြားနေသေးလို့ ...
ဒီကလေးက ငါ့ကို မရီးလို့ခေါ်နေတာလား...
ဒုက္ခဘဲ ကမ္ဘာပျက်ကပ်မလာဘဲ...
ကမ္ဘာကူးပြောင်းသွားပြီထင်တယ်...
သေရောကွာ...မရီးဆိုတော့
ယောကျာ်းချင်းယူထားတဲ့ကိုယ်ထဲ
ပြောင်းလာတာလား ...မသိဘူး...
ငါရှောင်ယွီက အဖြောင့်ကွ အဖြောင့်...
"ရှောင်ပိုင်လေး...
မရီးသတိရပြီဟုတ်လား...
အစ်ကို လာပြီ လာပြီ..."
ထို့နောက် အသက် ၁၁နှစ်အရွယ်ခန့်
ကောင်လေးတစ်ယောက် အိမ်ထဲသို့
ပြေးဝင်လာပြန်သည်။ ကုတင်နားလို့
အလျင်အမြန်ပြေးလာကာ သူ၏
ပေနေသော လက်ဖဝါးနှစ်ဖက်အား
အင်္ကျီသို့သုတ်ရင်း မေးလာသည်။
"မရီး သတိရပြီလား...
အစ်ကိုကြီးက မြို့ကိုဆေးသွားဝယ်တယ်...
မရီး..ဘာလိုသေးလဲ...
ကျွန်တော် ဘာလုပ်ပေးရမလဲ...
ထနိုင်လား ထူပေးရမလား မရီး..."
မရီးချင်းထပ်နေအောင် ကြားပြီးနောက်
ရှောင်ယွီ ပြန်၍သာ သတိမေ့ချင်သွားတော့သည်။
"ရေ..ဆာ..တယ်..."
"ဟုတ်ပြီ ကျွန်တော်အခုခပ်ပေးမယ်နော်..."
ကောင်လေးက ပြုတ်ကျသွားသော
ရေခွက်အားဆေးပြီး ရေအိုးမှရေခပ်ပေးသည်။
ကြည့်ရသည်မှာ အိမ်တွင် ဤရေခွက်၁ခွက်သာ
ရှိပုံပေါ်သည်။
ချို့တဲ့လိုက်တာနော်...
ဘယ်ကမ္ဘာများရောက်နေတာလဲ...
ရှောင်ယွီက ကောင်လေးကအားထူခိုင်းလိုက်သည်။
အနည်းငယ်မှီ၍ ထိုင်ကာ ဘေးပတ်ဝန်းကျင်အား
သေချာကြည့်လိုက်သည်။ အိမ်ကလေးမှာ
မြေစိုက်အိမ်ကလေးဖြစ်ပြီး သက်ကယ်များဖြင့်
ကာထားသည်။ အမိုးမှာလည်း မိုးရွာလျှင်
နေစရာနေရာပင် ရှိမည့်ပုံမပေါ်ချေ။
မြင်နေရသော ပြတင်းပေါက်မှ အပြင်သို့
လှမ်းကြည့်လိုက်ရာ စမ်းစိုသော တောင်တန်းကြီး
များကို မြင်နေရသည်။ အိမ်ရှေ့တွင် အပင်ကြီး
၁ပင်ရှိပြီး အနီးနားတွင် လူနေအိမ်များ ရှိသည့်ပုံ
မပေါ်ချေ။
ရှောင်ယွီ အခက်တွေ့နေသည်မှာ သူ့တွင်
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်များအား
မရရှိသေးချေ။ ထို့ကြောင့် ကလေး၂ယောက်အား
ဘယ်လိုခေါ်ရမည်မှန်းမသိချေ။ မကြာမီက
အငယ်လေးအား ရှောင်ပိုင်ဟုခေါ်သည်ကို
ကြားလိုက်သည်။
"ရတယ်...ငါသက်သာနေပါပြီ...
လုပ်စရာရှိတာလုပ်ပါ...
ရှောင်ပိုင်လေးရှိရင်ရပြီ..."
ရှောင်ယွမ်က ကောင်လေးက ပထုတ်လိုက်သည်။
"ဟုတ်ကဲ့...
ဗိုက်ဆာနေပြီလား မရီး...
စားစရာက အစ်ကိုကြီးပြန်လာမှ
ပါလာမှာမလို့ မချက်ရသေးဘူး...
သကြားရည်လေးအရင်သောက်ထားမလားဟင်..."
"ရတယ် ရတယ်
မဆာသေးဘူး...လုပ်စရာရှိတာလုပ်ပါ..."
"ဟုတ် ဒါဆိုကျွန်တော် ထင်းသွားခုတ်လိုက်ဦးမယ်..."
ကောင်ကလေးထွက်သွားပြီးနောက်
ရှောင်ယွီက ရေခွက်ကာကိုင်ကာ
စမ်းရေများဖြည့်လိုက်သည်။ ရေသောက်
ဟန်ဆောင်ပြီး စမ်းရေအားသောက်လိုက်သည်။ ရှောင်ပိုင်က ငယ်သေး၍ သူလှည့်စားလို့
ရလေသည်။
ရှောင်ပိုင်လေးမှာ ပိန်ပိန်သေးသေးလေးနှင့်
အလွန် သနားစဖွယ်လေးပင်။ သူ၏မျက်ဝန်းများက
အလွန်ကြီးမားပြီး လူတို့၏နှလုံးသားထဲသို့
ဖောက်ထွင်းကြည့်နေသလိုပင် အလွန်လှပသည်။
ကလေးမှာ အာဟာရချို့တဲ့နေသည့်ပုံပေါ်သည်။
ရှောင်ပိုင်လေးက သူ့အားငြိမ်၍သာကြည့်နေသည်။
ကလေးချစ်တတ်သော ရှောင်ယွီမှာ
မနေနိုင်တော့ဘဲ နေရာလွတ်ထဲရှိ ချိုချဥ်များထဲမှ
နို့ချိုချဥ်တစ်လုံးအား တိတ်တဆိတ် ထုတ်လိုက်သည်။ ထို့နောက် ခေါင်းအုံးအောက်မှ
ထုတ်လိုက်သည့်ဟန်ပြုလိုက်သည်။
"ရော့ ချိုတာလေး စားနော်..."
"မရီး နေမကောင်းဘူး...
မရီးပဲ...စား..."
"အစ်ကိုကနေကောင်းသွားပါပြီ
ရှောင်ပိုင်လေးစားဖို့
အစ်ကိုမှာ နောက်တစ်လုံးရှိသေးတယ်
ဒီမှာကြည့်..."
ချိုချဥ် တစ်လုံးအား ထပ်မံထုတ်၍ပြလိုက်သည်။
နို့နံ့သင်းသင်းလေးကြောင့်ဖြစ်မည်
ရှောင်ပိုင်လေးမှာတောင့်မခံနိုင်တော့ပဲ
သူ၏လက်ထဲမှ နို့သကြားလုံးလေးကို
ပါးစပ်ကလေးဟ၍ ယူစားလေသည်။
သကြားလုံးအားငုံပြီးနောက် ချက်ချင်းပင်
သူ၏မျက်လုံးလေးများပြူးကျယ်သွားသည်။
ဤမျှအရသာကောင်းမွန်သည့်
သကြားလုံးအား သူမစားခဲ့ဖူးချေ။
အစ်ကိုငယ်နှင့် အစ်ကိုကြီးအား ခွဲမကျွေးမိ၍
နောင်တရလာသည်။
ရှောင်ပိုင်လေးက ပျော်နေသည့်ပုံမှ
တဖြေးဖြေးပင် မျက်ရည်များဝိုင်းလာရာ
ရှောင်ယွမ် ထိတ်လန့်သွားသည်။
"ရှောင်ပိုင်လေး ဘာဖြစ်လို့လဲ
သကြားလုံးက မကောင်းလို့လား
မငိုနဲ့နော်..."
ရှောင်ပိုင်က မျက်ရည်များကိုထိန်းကာ
ပြောလာသည်။
"အစ်ကိုကြီးနဲ့ အစ်ကိုငယ်ကို
မကျွေး...အင့်..မိလို့.."
ရှောင်ယွမ် စိတ်သက်သာရာရသွားသည်။
"အာ အစ်ကိုမှာ ချိုချဥ်တွေအများကြီး
ရှိသေးတယ်နော် မငိုနဲ့
အစ်ကိုကြီးနဲ့ အစ်ကိုငယ်အတွက်လည်းရှိတယ်..."
"တကယ်လား..."
"တကယ် အစ်ကိုကညာပါ့မလား
လာပါဦး ဖက်ချင်လို့ပါ..."
ရှောင်ပိုင်က ကုတင်ပေါ်သို့ ဖင်လေးကုန်း၍
တက်လာသည်။ ရှောင်ယွီလည်း အားမရှိသေး၍
ကလေးအား မချီနိုင်ချေ။ ရှောင်ယွီ၏
ရင်ခွင်ထဲသို့ဝင်ကာ ငြိမ်ငြိမ်လေးထိုင်နေသည်။
သူလှုပ်လိုက်မိလျှင် မရီးပြန်၍ နေမကောင်း
ဖြစ်သွားမည်ကို စိုးရိမ်နေသည်။ ရှောင်ပိုင်လေးအားဖက်ရင်း စကားတပြောပြောနှင့် ပျော်ရွှင်နေသည်။
မကြာမီတွင် အိမ်ရှေ့ရှိ ကောင်ငယ်လေးထံမှ
အသံကြားလိုက်ရသည်။
"အစ်ကိုကြီးပြန်လာပြီ
ဟေး အစ်ကိုကြီးက ယုန်တစ်ကောင်ပါလာတယ်
အသားစားရတော့မယ်
ရှောင်ပိုင်ရေ ရှောင်ပိုင်..."
ရှောင်ပိုင်က သူ၏အစ်ကိုငယ်အသံအား
ကြားလိုက်ရာ ကုတင်ပေါ်မှ ပြေးဆင်းသွားသည်။
ကုတင်ပေါ်၌ ရှောင်ယွီတစ်ယောက်သာ
ငုတ်တုတ်ကလေးကျန်နေခဲ့သည်။
အစ်ကိုကြီးဆိုတာက ဒီခန္တာကိုယ်ပိုင်ရှင်၏
ခင်ပွန်းဖြစ်ပုံရတယ် ဘယ်လိုလုပ်ရမလဲ
ငါ့ပုံစံကဘယ်လိုကြီးဖြစ်နေလဲမသိဘူး
အိမ်မှာ မှန်လည်းမရှိဘူး
ခုမှအိမ်ယာကထရတော့ ဆံပင်တွေများပွနေမလား
ရှောင်ယွီက ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေတော့သည်။
<ဟုတ်ကဲ့ အဖြောင့်ကြီး ရှောင်ယွီပါ( `д´)>