အခန်း(၅)
Viewers 4k

တံခါး​ပေါက်မှ ဝင်​​ရောက်လာ​သောသူသည်

မြင့်မား​သောအရပ် ကျယ်ပြန့်​သောပခုံး

ဂျုံ​ရောင်အသားအရည်နှင့် ခန့်ညား​သော

မျက်နှာရှိသည်။ သူ၏ပုံစံမှ ဆယ်​ကျော်သက်မှ

ကူး​ပြောင်းကာစ ငယ်ရွယ်မှုနှင့်ရင့်ကျက်မှုကြားရှိ

​ချော​မောခန့်ညားသည့် ပုံမျိုးဖြစ်သည်။ မျက်ခုံး​ကောင်း​ကောင်း နှာတံမြင့်မြင့်ဖြင့် သူ့ထံတွင် 

ပိရိ​သေသပ်​သော နှုတ်ခမ်းတစ်စုံလည်းရှိ၏။

ခြုံငုံကြည့်မည်ဆိုလျှင် ၂၁ရာစုမှ ​မော်ဒယ်များပင်

အလုပ်ပြုတ်သွားနိုင်သည့် ရုပ်ရည်မျိုးပင်။


ထိုသူ၏မျက်နှာအားမြင်လိုက်ရသည့် 

အခိုက်တွင် မူလခန္ဓာကိုယ်၏ မှတ်ဥာဏ်များ အလုံးအရင်းဝင်​ရောက်လာသည်။ 


မူလကိုယ်၏အမည်က ကျိုးချင်းယွမ် ဖြစ်သည်။

သူ၏ ဖခင်မှာ ကျိုးချန်နှင့် မိခင်(​ကော)မှာ 

ကျိုးလင်းဖြစ်၏။ သူကတစ်ဦးတည်း​သော 

​ကော​လေးဖြစ်သည်။ သူတို့၏မိဘများက

လယ်ပိုင်မရှိရာ အလွန်ချို့တဲ့​ကြသည်။ 

သို့​သော် သူတို့၏တစ်ဦးတည်း​သော ​​ကော​လေး

အား ဘယ်​​​သောအခါမှ အစာငတ်မခံ​ပေ။ 


သူ၏ဖခင်က ၁လလျှင် ရက်၂၀ခန့် မြို့သို့သွား၍ 

အလုပ်သမားလုပ်​လေ့ရှိသည်။ သူ၏မိခင်က​​ 

အိမ်တွင် ပန်းထိုးခြင်း၊ အ​မွှေးအိတ်ထိုးခြင်းတို့ 

ပြုလုပ်ပြီး အပို​ငွေ​လေးများရှာတတ်သည်။ 

လယ်ပိုင်မရှိ​သော​ကြောင့် စားရ​သောက်ရသည်မှာ 

ဆန်​ချော ဆန်​ကောင်းမစားနိုင်​သော်လည်း 

အိမ်​ဘေးပတ်လည်တွင် သီးပင်၊စားပင် များ

စိုက်ပျိုးထား၍ စား​ရေး​သောက်​ရေး

အဆင်​ပြေ​သေးသည်။ 


သို့​​သော် လွန်ခဲ့​သော ၃နှစ်ခန့်က သူ၏မိခင်(​​ကော)

မှာ ​အဝတ်​လျှော်ရင်း မြစ်ထဲသို့ ​ချော်ကျသွားပြီး​နောက်ပိုင်း အပြင်းအထန်ဖျား​လေ​တော့သည်။ 

​နောက်ပိုင်း အဖျား​ပျောက်သွား​​သော်လည်း

မကြာမဏ ဖျားနာတတ်သည်။ သို့နှင့် 

မ​ချောင်လည်​သော သူတို့၏ဘဝ​​လေးထဲတွင် မိခင်၏​ဆေးဖိုးပါ ထပ်တိုးပါဝင်လာသည်။

မူလခန္တာကိုယ်ပိုင်ရှင်ကလည်း သူတတ်နိုင်သည့်

ဘက်မှကြိုးစား​ပေး​ရှာ​သည်။ သူ၏ဖခင်မှာလည်း 

အလုပ်ထပ်တိုးလုပ်၍ ​ငွေရှာ​သော်လည်း 

​ဆေးဖိုးကိုမကာမိ​သော​ကြောင့် အ​ကြွေးများပါ

ရှိလာ​​တော့သည်။


ကျိုးချင်းယွမ်က အလွန်ချစ်စရာ​ကောင်း​​​၍ 

​ချော​မော​သော ​ကော​လေးတစ်​ယောက်ဖြစ်​​သည်။

သူ့အား ပိုးပန်းချင်သူများပြားလှ​သော်လည်း 

သူ၏​​ရောဂါသည်မိခင်၊ လယ်ပိုင်မရှိ​သော 

ဖခင်နှင့် အ​ကြွေးများ​ကြောင့် မည်သူကမျှ 

လာ​ရောက် မ​တောင်းရမ်းကြ​​ချေ။ 

သန့်ပိုင်ရွာက​လေးမှ နဂိုကတည်းက 

​တောကျပြီး သာမန်လယ်သမားများ​နေထိုင်​သော 

ရွာ​လေးဖြစ်၍ ​ငွေ​ကြေးဥစ္စာပြည့်စုံသူဟူ၍ 

ရှားပါး​လေသည်။ လူတိုင်း၌ အခက်အခဲကိုယ်စီဖြင့် 

အစားအစာပင်ရှားပါး​လေရာ ကိုယ့်ထက်ပို၍

ခက်ခဲ​သောသူနှင့် လက်မထပ်လိုကြ​ပေ။


သို့နှင့် ကျိုးချင်းယွမ်​လေးမှာ အသက်၁၇နှစ်သို့ 

​ရောက်ရှိလာသည်။ ဤ​ခေတ်တွင် ဘုရင်မင်းမြတ်မှ 

​ယောကျာ်းများ အသက်၂၀နှင့် ​ကောများကမူ 

အသက် ၁၈နှစ်အထိ လက်မထပ်ရ​သေးပါက 

ဒဏ်​ငွေဆောင်ရ​ပေးမည်။ ဒဏ်​ကြေးအပြင် 

အစိုးရမှ ကျပန်း​​ရွေးချယ်​ပေး​​သော သူနှင့်

လက်ထပ်ရလိမ့်မည်။ 


ယွမ်​ကော​လေး ၁၇နှစ်ပြည့်​သောအခါ 

သူ၏မိခင်တို့က ပွဲစားအား​ခေါ်၍ လက်ထပ်ရန် 

လူရှာ​ဖွေကြ​​တော့သည်။ သူတို့၏က​လေးက 

သူတို့မျက်စိ​ရှေ့မှ လူနှင့်သာ ​ပေးစားလိုသည်။ 

အစိုးရမှတွဲဖက်​ပေး​​သော သူများမှာ အခြား

တနယ်တ​ကြေးကဖြစ်တတ်ပြီး အဆင်မ​ပြေကြသည်ကများသည်။ သာမန်ကျန်းမား​သော အမျိုးသား

တစ်ဦးက အသက်၂၀ အထိ လက်ထပ်ထိမ်းမြားခြင်း

မပြုဘဲ ​နေလိမ့်မည်မဟုတ်​ပေ။ ၎င်းတို့က

ချို့ယွင်းချက်ရှိ​သော သူများသာ ဖြစ်တတ်သည်။


"ယွမ်​ကော​ရေ

သား လက်ထပ်ရသင့်တဲ့အရွယ်​ရောက်​နေပြီ 

အ​မေတို့က သားကိုအစိုးရတွဲဖက်​ပေးတဲ့ 

လူနဲ့ မယူ​စေချင်ဘူး...

သူတို့က မုဆိုးဖို​​တွေ၊ ပြစ်ဒဏ်ရှိတဲ့လူ​တွေနဲ့

ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်း​နေတဲ့သူ​တွေ 

ဖြစ်ဖို့များတယ်လို့ အ​မေတို့ကြားဖူးတယ်...

သား အ​ဖေမြို့ကပြန်လာရင် 

အ​မေတို့ ​အောင်သွယ်​တော်အ​ဒေါ်ဟွားကို 

ရှာကြမယ်​နော်..."


"ဟုတ် အ​မေ့သ​ဘောပါ

အ​မေ ​ဒီ​နေ့အတွက် ဆေး​​ရောသောက်ပြီးပြီလား"


"​သောက်ပြီးပါပြီကွယ်

သားလည်း ပင်ပန်း​နေ​​ရော​​ပေါ့

လာ အ​မေ့နားလာပြီး နားပါဦး"


တစ်ပတ်ခန့်ကြာပြီး​နောက် ဖခင် ကျိုးချန် မြို့မှ

ပြန်လာသည်။ ​ဤတစ်​​ခေါက် အလုပ်တွင် 

အဆင်​ပြေခဲ့၍ ငွေပြား ၁၀၀ ရခဲ့သည်။

သားနှင့် မိန်းမအား အလုပ်အ​ကြောင်းများကို 

​ပျော်ရွှင်စွာ​ပြောပြီး​​နောက် ယွမ်​ကော၏ 

မင်္ဂလာကိစ္စအ​ကြောင်း ​ပြောဖြစ်ကြသည်။


"ဟုတ်သားပဲ...

ယွမ်​ကော​လေး​​တောင် ၁၇နှစ်ပြည့်ပြီ

အ​ဖေ့အပြစ်​တွေပါကွာ 

အ​ဖေအလုပ်ပဲလုပ်​နေမိ​တော့ 

သားရဲ့ကိစ္စ​တွေ အ​ဖေ​​မေ့​​လျော့နေမိတယ်

သား မင်္ဂလာကိစ္စကို​ အ​ဖေတို့ ​သေချာစီစဥ်ရမယ်

ဒီကိစ္စအဆင်​ပြေပြီးမှပဲ အ​ဖေမြို့ပြန်သွား​မယ်"


"အ​ဖေ့အပြစ်မဟုတ်ပါဘူး

သားတို့အတွက် အ​ဖေ​ငွေကို

ပင်ပင်ပန်းပန်းရှာ​နေရတာ သားသိပါတယ်

စိတ်မ​ကောင်းမဖြစ်ပါနဲ့..."


"အစိုးရကသာ တွဲဖက်​ပေးတဲ့ကိစ္စမရှိရင် 

ဒဏ်​​ငွေသာ ​ဆောင်လိုက်ချင်သပါ့ကွာ

ငါ့က​လေးက အခုမှငယ်ငယ်​လေးရှိ​သေးတာ

သူများအိမ်မပို့ချင်ပါဘူး..."


"​​ပေါက်ကရ ​ပြော​​ရောမယ်

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမှာ​ပေါ့ 

​ခင်ဗျားက သားကို တစ်သက်လုံးများ

ရှာ​ကျွေးမလို့လား..."


"ရှာ​​ကျွေးမှာကွာ ရှာ​ကျွေးဦးမှာ..." 


ဂွတ်!


"အား နာတယ် လင်းအာရဲ့"


"နာ​အောင်လုပ်တာပဲ နာ​ပေါ့"


ကျန်းချင်းယွမ် သူ၏ဖခင်အား မိခင်မှ 

​ခေါင်း​ခေါက်လိုက်သည်ကိုကြည့်ပြီး 

ရယ်​နေမိသည်။ သူ၏မိခင်အား ယခုကဲ့သို့ 

အမြဲကျန်းမာ​​ပျော်ရွှင်နေ​စေချင်သည်။


​အောင်သွယ်​တော် အ​ဒေါ်ဟွားအား 

အိမ်သို့​ခေါ်ပြီး မင်္ဂလာကိစ္စအတွက်​ပြောလေသည်။


"ကျွန်​တော်တို့ က​​လေးအတွက် 

သင့်​တော်တဲ့သူ ရှာ​ပေးပါဦးဗျာ

​ငွေ​ကြေးဥစ္စာချမ်းသာစရာမလိုပါဘူး 

မိုက်မိုက်ရိုင်းရိုင်းမရှိတဲ့ လူရိုး​လေးသာ ရှာ​ပေးပါ"


"ယွမ်​ကောအာက လူ​ချော​လေးပဲ

သူ့အတွက် လက်တွဲ​ဖော်ရှာရတာမခက်ပါဘူး​

မင်းတို့ အိမ်အ​ခြေအ​နေ​ကြောင့်သာ 

မဟုတ်ရင် ယွမ်​ကောအာလိုရုပ်​ရည်မျိုးနဲ့ 

​တောင်းရမ်းတဲ့သူ​တွေ တန်းစီ​နေမှာ..."


ချင်းယွမ် ​အောင်သွယ်​တော် အ​ဒေါ်၏ စကားကို 

မ​ကျေနပ်​သော်လည်း ပြန်မ​ပြောရဲ​ချေ။ ရွာ၏

တစ်ဦးတည်း​​သော ​အော်သွယ်​တော်ဖြစ်သည့်အပြင်

သူ၏စကားမှာ အလွန်​ပေါက်​​ရောက်သည်။

မိခင်ကလည်း သူ၏လက်အား လာ​ရောက်

ကိုင်​လေသည်။ သူ့အား စိတ်​​လျှော့ခိုင်းသည့်

အပြုအမူပင်။


"ဟုတ်ပါတယ် ဟုတ်ပါတယ် 

ဒါ​ကြောင့်မလို့ အ​ဒေါ်ဟွားကို အားကိုးတာပါ"


"​ကောင်းပြီ​လေ

​​​​နောက် ၃ရက်​နေရင် ပြန်လာခဲ့မယ်"


"​ကျေးဇူးပါဗျာ

ဒီမှာ သကြားရည်​လေး​သောက်သွားပါဦး"


အ​ဒေါ်ဟွားက ယွမ်ကောအာယူလာ​ပေးသော

သကြားရည်အား ​သောက်ပြီး ပြန်သွားသည်။




[မိခင်၊အ​ဒေါ်၊မိန်းမ လို့သုံးထားပါတယ်

အားလုံးက ​ယောကျာ်း​ (​ကော)​တွေဖြစ်တဲ့အတွက် ​ယောကျာ်းပဲ​ရေး​နေရင် ရှုပ်ကုန်မှာစိုးလို့]