အောင်သွယ်တော် အဒေါ်ဟွား(ကော)က
လူ၃ယောက်အား ရှာဖွေပေးခဲ့သည်။
ပထမတစ်ယောက်က ရွာတောင်ပိုင်းမှ
ငွေကြေးအဆင်ပြေသောသူဖြစ်ပြီး တစ်ခုလပ်ဖြစ်သည်။ သို့သော် ထိုသူ၏ယခင်
ဇနီးက သူ၏ရိုက်နှက်သည့်ဒဏ်မခံနိုင်၍
ထွက်ပြေးသွားခြင်းဖြစ်သည်။ ငွေကြေး
အဆင်ပြေသော်လည်း ထိုကဲ့သို့သော သူနှင့်
ယွမ်ကောလေးအား မပေးစားနိုင်ပါချေ။
"တုစန်းတော့မဖြစ်ဘူး
သူက လက်ပါတတ်တဲ့လူစားမျိုး
သူ့အရင် ဇနီးတောင် အရိုက်ခံရတာ ခဏ ခဏ
ကျွန်တော်တို့ အမြင်ပဲ
သူတို့အိမ် ငွေရေးကြေးရေး အဆင်ပြေလည်း
ကျွန်တော့်ကလေးနဲ့ မပေးစားနိုင်ဘူး
ပြီးတော့ သူ့အသက်ကကြီးသေး
သူ့အသက်မှ အားမနာဗျာ..."
"ကောင်းပြီး ဒါဆိုလည်း
နောက်တစ်ယောက်က ပိုင်ဖန်း
သူကတော့ လူပျို လက်လည်းမပါတတ်ဘူး
သူက ယွမ်ကောလေးကို အတော်နှစ်သက်သတဲ့
ယွမ်ကောလေးရွေးချယ်မယ်ဆိုရင်
သူကသာ အသင့်တော်ဆုံးပဲ"
ဒုတိယတစ်ယောက်မှာ အရှေ့ပိုင်းမှ လူပျိုတစ်ယောက်ဖြစ်၏။ သူက အိမ်တွင် အငယ်ဆုံးသား
ဖြစ်ပြီး အလုပ်အားလက်ကြောတင်းအောင်မလုပ်ချေ။ အသက် ၂၀အထိ မိဘနှင့်အစ်ကိုများ၏
လုပ်စာအားထိုင်စားနေလေသည်။
သူက ယွမ်ကောလေးအား အလွန်နှစ်သက်
သဘောကျကြောင်းပင် အောင်သွယ်တော်အား
ထည့်ပြောခိုင်းလိုက်သေးသည်။ အဒေါ်ဟွားကိုပင်
လာဘ်ထိုးလိုက်သည့်ပုံပေါ်သည်။
"အရှေ့ပိုင်းက ငပျင်း ပိုင်ဖန်းလား
သူကဖြင့် ရေထချိုးရမှာပျင်းလို့
တစ်ပတ်တစ်ပါပဲချိုးတယ်တဲ့
အလုပ်လုပ်ဖို့ဆို ဝေး
လယ်ထဲ စာခြောက်ခိုင်းဖို့တောင် ခိုင်းမရဘူးတဲ့ဗျာ
သူ့လိုလူက ရှာဖွေကျွေးမယ့် မိဘနှစ်ပါးနဲ့
အစ်ကိုတွေသာမရှိရင် ငတ်သေလောက်ပြီ
သူနဲ့လည်း မဖြစ်ပါဘူးဗျာ အဆင်မပြေဘူး..."
ထိုကဲ့သို့ လူ့ငပျင်းနှင့် ယူမိပါက
သူတို့၏ယွမ်ကောလေးသာ ပင်ပန်းရလိမ့်မည်။
ထို့ပြင် မိသားစုကလူများလွန်း၍ အိမ်တွင်းရေး
ပြသာနာများဖြစ်လာနိုင်သည်။
"အမလေး
လူနေခြုံကြား စိတ်နေဘုံဖျားတို့ရယ်
ဂျေးများနေလိုက်တာ
နင်တို့သားက နောက်နှစ်ဆို
ဒဏ်ကြေးဆောင်ရတော့မှာနော်
အေးဆေးရွေးနေရမယ့် အချိန်မဟုတ်ဘူး
ကိုယ့်အခြေအနေကိုယ်လည်း ကြည့်ကြဦး..."
အဒေါ်ဟွား၏ စိတ်ဆိုးသွားဟန်ကြောင့်
လင်းကောအာ ချော့မော့ပြောရလေသည်။
"စိတ်မဆိုးပါနဲ့ အဒေါ်ဟွားရယ်
ကျွန်တော်တို့က ကလေးကို
လူကောင်းလေးနဲ့ပဲ ရစေချင်လို့ပါဗျာ
အဒေါ်ဟွားကို အပြစ်ဆိုတာမဟုတ်ပါဘူး
နောက်တစ်ယောက်ရှိသေးတယ်မလား
ဘယ်သူလဲ ဘယ်ကကလေးလဲ ပြောပါဦး ..."
"ဟင်း နောက်တစ်ယောက်က
မိဘမဲ့ လုဖုန်းညီ၂ယောက်ရှိတယ်
လယ်မရှိ ယာမရှိ မုဆိုး..."
တတိယတစ်ယောက်မှာ ယခုမူလပိုင်ရှင်၏
ခင်ပွန်းဖြစ်၏။ သူ၏အမည်မှာ
ကျောက်လုဖုန်း ဖြစ်သည်။ သူ့၏မိခင် (ကော)
မှာ ရှောင်ပိုင်လေးအား မွေးဖွားပြီး
ကွယ်လွန်သွားခဲ့သည်။ ဖခင်က မုဆိုးတစ်ယောက်ဖြစ်၏။ သူ၏ဖခင်မှာလည်း ရှောင်ပိုင်လေး
၂နှစ်အရွယ်တွင် ဝက်ဝံကုတ်ခံရ၍ အချိန်မှီ
မကုသနိုင်ဘဲ အသက်ဆုံးရှုံးသွားရသည်။
"တောင်အောက်က လုဖုန်းလား
သူက လိမ္မာရေးခြားရှိတယ်
အနေလည်း အေးတယ်ဗျ
လယ် ယာ မရှိပေမယ့်
အတတ်ပညာတစ်ခုတတ်တယ်
ကြင်လည်းကြင်နာတတ်တယ်
သူက ကျွန်တော်ကယွမ်ကောအာကို
နှစ်သက်တာလား..."
"နှစ်သက်လား မနှစ်သက်လားတော့မသိဘူး
သူ တောပစ်သွားတဲ့အခါ
အိမ်မှာ အငယ်ယောက်ကျန်ခဲ့တာ စိတ်မချဘူး
အငယ်ဆုံးကောလေးအတွက်လည်း
စောင့်ရှောက်ပေးမယ့်သူလိုတယ်တဲ့
ဒါကြောင့် သင့်တော်တဲ့သူတစ်ယောက်ရှာခိုင်းထားလို့ အထူးအနေနဲ့ ဘယ်သူ့ကိုတောင်းပေးပါလို့
ပြောတာမျိုးမရှိဘူး
သူတို့အိမ်နဲ့ အဆင်ပြေရင်ပြီးရောတဲ့..."
"ကောင်းတယ် ကောင်းတယ်
လုဖုန်းလေးက အဆင်ပြေတယ်
ကျွန်တော်တို့ဘက်က အဆင်ပြေကြောင်း
သူ့ကိုအကြောင်းပြန်ပေးပါဦး"
"ကောင်းပြီ ဒါဆို ငါသွားမယ်
မင်္ဂလာပွဲဖြစ်မြောက်တဲ့အခါ
အောင်သွယ်ခ မမေနဲ့နော်"
"မမေ့ပါဘူးဗျာ အဒေါ်ဟွားကို
ကျေးဇူးတင်ပါတယ်"
ဤသို့နှင့် ယွမ်ကောအာတစ်ယောက်
လုဖုန်းနှင့် စေ့စပ်ကြောင်းလမ်းဖြစ်သွားသည်။
လုဖုန်းအကြောင်းပြောရလျှင်
သူ၏မိဘများကွယ်လွန်သွားပြီးနောက်
ကျောက်လုဖုန်းတို့ညီအစ်ကို ၃ယောက်သာ
ကျန်ခဲ့လေတော့သည်။ သူ၏ဖခင်ကွယ်လွန်သွား
ချိန်တွင် လုဖုန်းက ၁၆နှစ်သာရှိသေးသည်။
သူငယ်စဥ်က ဖခင် အမဲလိုက်ရာနောက်သို့
လိုက်ခဲ့သဖြင့် အမဲလိုက်ခြင်းနှင့် ထောက်ချောက်
ဆင်ရာ၌ ကျွမ်းကျင်လေသည်။ သူ၏
ညီငယ်နှစ်ယောက်အား ဖခင်ကဲ့သို့
အမဲလိုက်ပြီး ရှာဖွေကျွေးခဲ့သည်။
လုဖုန်းက လူချောတစ်ယောက်ဖြစ်သော်လည်း
သူ့ထံတွင် မှီခိုနေသော ညီငယ်၂ယောက်ရှိ၍
မည်သူကမျှ သူတို့၏ကောလေးများနှင့်
မပေးစားလိုကြချေ။ လုဖုန်းကိုယ်၌ကလည်း
မည်သည့်ကောကိုမျှ စိတ်ဝင်စားခြင်းမရှိပေ။
သူထံတွင် ကျွေးမွေးရမည့် ညီငယ်လေးများနှင့်
ထိုအကြောင်းများစဥ်းစားနေဖို့ရန်ပင်
အချိန်မရှိချေ။
ယွမ်ကောအာ၏မိဘများက လုဖုန်းသည်
လိမ္မာရေးခြားရှိပြီး ယောက္ခ၊ယောင်းမများလည်း
မရှိချေ။ ယွမ်ကောအားလေးက လက်ထပ်
ဝင်မည်ဆိုလျှင် သူသာလျှင်အကြီးဆုံး
ယောင်းမဖြစ်လာလိမ့်မည်။ ရှေးခေတ်တွင်
အကြီးဆုံးယောင်းများက ယောက္ခပြီးလျှင်
အိမ်၌ အာဏာအရှိဆုံးဖြစ်သည်။
လုဖုန်းကမိဘမဲ့ဖြစ်သောကြောင့်
အနည်းဆုံးတော့ သူတို့ရှိနေသေးသ၍
သူတို့၏ကလေးကို အနိုင်ကျင့်ရဲလိမ့်မည်
မဟုတ်ဟု တွေးမိကြသည်။
၁လခန့်ကြာပြီးနောက်
လုဖုန်းနှင့် ချင်းယွမ်တို့ လက်ထပ်ကြသည်။
သူတို့လက်ထပ်သည့်နေ့တွင်
အကြောင်းမချက်မရှိ ချင်းယွမ် တစ်ယောက်
အပြင်းအထန်ဖျားနာသောကြောင့် လက်ထပ်ပွဲအား
အကျဥ်းချုံးသာလုပ်လိုက်ကြရသည်။
ယနေ့မှာ သူတို့ လက်ထပ်ပြီး ၇ရက်မြောက်နေ့ဖြစ်သည်။
မူလကိုယ် ချင်းယွမ်မှာ ငှက်ဖျားပိုးဝင်ခြင်းမျိုး
ဖြစ်နိုင်သည်။ ဤရွာကလေးက တောတောင်များနှင့်
အလွန်နီးပြီး အမှန်တကယ် တတ်မြောက်သည့် ဆေးဆရာများမရှိသောကြောင့် အသက်
ဆုံးရှုံးသွားရသည်။ ထို့နောက် ရှောင်ယွမ်
ကူးပြောင်းလာခဲ့သည်။
အမလေး..တော်သေးတာပေါ့
လူပျိုလေးပဲ ရှိသေးတယ်
လော်ဇီကအဖြောင့်ပါ
အောက်ထပ်တော့ မဆင်းနိုင်ဘူးကွ
အတွေးများဖြင့် ရှောင်ယွမ်က လုဖုန်းက
ဆက်၍စိုက်ကြည့်နေမိသည်။
လုဖုန်းက ရှောင်ယွမ်အားကြည့်ပြီး
မေးလာသည်။
"သတိရပြီလား ဆေးကြိုပေးမယ်..."
"အစ်ကိုကြီး မရီးက
မကြာသေးခင်ကပဲ သတိရလာတာ
ရှောင်ပိုင်လေးက မရီးကိုအဖော်ပြုပေးတယ်လေ..."
"အစ်ကိုကြီး အသား..စားမယ်"