အမေလင်းပြန်သွားပြီးနောက် လုဖုန်းသည်
ထင်းများထမ်း၍ပြန်ရောက်လာသည်။
တောတောင်နှင့် နီး၍ ထင်းလိုအပ်လျှင်
အလွယ်တကူရနိုင်သော်လည်း ဆောင်းတွင်း၌
တောင်ပေါ်သို့တက်၍မရလေရာ ကြိုတင်စုဆောင်း
ထားတတ်ကြသည်။
"အစ်ကိုကြီး အဒေါ်လင်း လာသွားတယ်
မရီးစားဖို့ ကြက်ဥ ၅လုံးပေးသွားလို့
ကျွန်တော် မီးဖိုချောင်က ခြင်းထဲထည့်ထားလိုက်တယ်..."
"အင်း ရေသွားချိုးကြစို့..."
"ဟုတ် အစ်ကိုကြီး
ရှောင်ပိုင်လေးရော ခေါ်ခဲ့ရမလား
မရီးအတွက်လည်း အပြန်ကျ ရေသယ်ခဲ့ရမယ်..."
"ရှောင်ပိုင်ကို ချင်းယွမ်အဖော်ရအောင် ထားခဲ့မယ်
ကိုယ်တို့ မြစ်ကိုရေသွားချိုးလိုက်မလို့..."
လုဖုန်းက ရှောင်ယွမ်အားကြည့်ရင်း
စကားဆိုလာသည်။
"အိမ်တံခါးပိတ်သွားမယ်
ညနေစောင်းရင် တောကောင်တွေဝင်လာနိုင်တယ်..."
"ကောင်းပါပြီ..."
သို့နှင့် ရှောင်ယွမ်နှင့်ရှောင်ပိုင် နှစ်ယောက်
ကျန်နေခဲ့ကြသည်။ လူလစ်လျှင် ပဲနို့နှင့်
ဆေးသောက်ရန် ကြံစည်ထားလေရာ
ရှောင်ပိုင်အား မီးဖိုချောင်ထဲမှ မရှိသည့်
ဇွန်းအားရှာခိုင်းလိုက်သည်။
ရှောင်ပိုင်လေးထွက်သွားပြီးနောက်
အဖျားပျောက်ဆေးနှင့် ပိုးသတ်ဆေးအား
နေရာလွတ်ထဲရှိရေနှင့်ပင် သောက်လိုက်သည်။
ထို့နောက် ပဲနို့ဗူးသေးလေးအားလည်း
အမြန်သောက်လိုက်ရသည်။ ကလေးအား
တိုက်ချင်သော်လည်း ဤပဲနို့ဗူးက ရုတ်တရက်
လေထဲမှ ပေါ်လာ၍မဖြစ်ချေ။
သကြားလုံးက ယခင်အိမ်မှပါလာသည်ဟု
လိမ်ညာပြော၍ ရပေဦးမည်။ သူတို့အိမ်၏
အစားအသောက်မှာ အလွန်နိမ့်ကျနေသည်အား
တွေ့ရသည်။ နေ့လည်စာ စားကြစဥ်က
စွပ်ပြုတ်သာ သောက်ကြပြီး ဘန်းမုန့် (သို့)
ပေါက်စီ အကြမ်းပင် မတွေ့ရချေ။
လုဖုန်းသည် အမဲလိုက်ရာတွင် တော်သော်လည်း
ကလေး၂ယောက်အား အိမ်တွင်ထား၍
တောနက်ထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့် သိပ်မဝေးသည့် တောစပ်များတွင်သာ
အမဲလိုက်နိုင်လေသည်။ တောစပ်မှသားကောင်များမှာလည်း သာမန်အကောင်ငယ်လေးများဖြစ်၍
ပိုလျှံမှသာ ပြန်ရောင်းနိုင်လိမ့်မည်။
မူလကိုယ်၌က လက်ထပ်ဝင်ရောက်ပြီးနောက်
ဖျားနာလေရာ ဆေးဖိုးဝါးခပင် ကုန်နေသေးသည်။ အလုပ်မလုပ်ဘဲ ဒီတိုင်းထိုင်နေဖို့ရာ ရှောင်ယွမ် မျက်နှာပူလှသည်။ သူ၏နေရာလွန်ထဲ၌
အစားအစာများစွာရှိသော်လည်း မည်သို့
ဖော်ထုတ်ရမည်မှန်း မသိချေ။ ရှေးခေတ် ဇာတ်ကားထဲကအတိုင်း သူ့အား စုန်း၊မကောင်းဆိုးဝါးဟုထင်ပြီး မီးရှို့မည်ကိုလည်း ကြောက်ရသေးသည်။
ရှောင်ယွီတစ်ယောက်အကြံထုတ်နေရတော့၏။
"မရီး ဇွန်း ဆိုတာမျိုး မတွေ့ဘူး..."
"အာ ရှောင်ပိုင်လေး မတွေ့ခဲ့ဘူးလား
အစ်ကိုကြီးတို့လာမှ ရှာခိုင်းလိုက်မယ်နော်
လာ လာ အစ်ကိုဆီ့လာ..."
"ရှောင်ပိုင်လေး
အစ်ကို့ကို မရီးလို့မခေါ်နဲ့တော့နော်
အစ်ကို လို့ပဲခေါ်လေ..."
"အစ်ကိုငယ်... အစ်ကိုကြီး..."
"အာ အစ်ကိုငယ်နဲ့ အစ်ကိုကြီးရှိနေလို့လား
ဒါဆို အစ်ကိုယွမ်လို့ခေါ်ပေါ့ ရှောင်ပိုင်ရဲ့
အစ်ကိုယွမ်လို့ခေါ်မယ်ဆိုရင်
အစ်ကိုက နို့သကြားလုံးကျွေးမှာ..."
"နို့ သကြားလုံး..."
ရှောင်ပိုင်၏မျက်လုံးများ တောက်ပလာသည်ကို
ကြည့်ရင်း ကြိတ်ရယ်လိုက်မိသည်။
"ဟုတ်တယ် သကြားလုံး စားရမယ်
ခေါ်ကြည့်ပါဦး..."
"အစ်ကို ယွမ်.."
"ဟားဟားဟား
ရှောင်ပိုင်လေးက တော်တယ်ဟေ့
သကြားလုံးဆုချမယ်ကွာ..."
ရှောင်ပိုင်အား သကြားလုံး၁လုံးပေးလိုက်သည်။
ယခုအခေါက်၌ ရှောင်ပိုင်က တန်မစားချေ။
လက်ထဲတွင်သာ ဆုပ်ကိုင်ထားသည်။
သူ၏အစ်ကိုများကိုကျွေးရန် သိမ်းထားသည့်
ပုံပင်။
မကြာမီတွင် လုဖုန်းတို့ပြန်ရောက်လာသည်။
မြစ်က အိမ်နှင့်အတန်ငယ်ဝေးသည်။ လုဖုန်းက
ရေ၂ပုံးထမ်း၍ပြန်လာပြီး လင်းဟန်ကလည်း
တနိုင်တပိုင် သစ်သားပုံးလေးအားဆွဲလာသည်။
အိမ်အနောက်ရှိ ရေပုံးကြီးထဲသို့ ရေထည့်နေသည့်အသံအား ကြားနေရ၏။ ထို့နောက် လုဖုန်းက
တစ်ခေါက်ပြန်ထွက်သွားပြန်သည်။ ၃ခေါက်ခန့် အသွားအပြန်လုပ်ပြီးမှသာ ရေပုံးကရေပြည့်သွားသည်။
"ချင်းယွမ် ကိုယ်လက်သန့်စင်ဦးမလား"
"ဟုတ် ကျွန်တော် ရေချိုးချင်တယ်"
ရှောင်ယွမ် ကုတင်ပေါ်မှ အားတင်း၍
ထလိုက်သည်။
"ကိုယ် ကူညီပေးရဦးမလား"
ရှောင်ယွမ် အားတင်း၍ထနေရာမှ ပြန်၍
လဲကျလုနီးပါး ဖြစ်သွားရသည်။ လုဖုန်းအား
လှည့်ကြည့်လိုက်ရာ သူ၏နားရွက်ဖျားများ
နီရဲနေသည်ကိုတွေ့လိုက်ရ၏။ ရှောင်ယွမ်က
ကြိတ်၍ပြုံးလိုက်သည်။
"ရပါတယ်
ကျွန်တော် ကိုယ့်ဘာသာလုပ်လိုက်မယ်"
"ကောင်းပြီ
ကိုယ် ညစာပြင်ထားလိုက်မယ်"
လုဖုန်းက မီးဖိုချောင်သို့ လျင်မြန်စွာ
ထွက်သွားသည်။ ရှောက်ယွမ်က ဖြေးညင်းစွာဖြင့်အဝတ်ဗီဒိုထံ လျှောက်သွားလိုက်သည်။
မူလပိုင်ရှင်၏မှတ်ဥာဏ်များအရ
ဗီရိုက အဆင့် ၄ဆင့်ရှိပြီး ပထမအထပ်တွင်
လုဖုန်း၏ အင်္ကျီအချို့နှင့် ပစ္စည်းအချို့အားတွေ့ရသည်။ ဒုတိယတွင် သူ၏အဝတ်အစားများရှိပြီး
တတိယအထပ်တွင် လင်းဟန်နှင့် ရှောင်ပိုင်တို့၏
အင်္ကျီများအား သက်သက်ဆီ အကန့်ခွဲထားသည်။
လူတိုင်းတွင် အဝတ်အစား ၃စုံခန့်သာရှိ
ကြောင်းတွေ့ရသည်။ သူကတော့ ၅စုံရှိလေသည်။
အမေလင်းသည် ချင်းယွမ် လက်ထပ််မှီက
အသစ်၂ထည် ချုပ်ပေးလိုက်၍ ဖြစ်၏။
ညအိပ်တော့မည်ဖြစ်၍ အနွမ်းဆုံး
အဝတ်တစ်ထည်ကိုသာ ထုတ်လိုက်လေသည်။
ရေပုံးကြီးဘေးတွင် ကျောက်ပြားတစ်ခုရှိ၏။
ထိုကျောက်ပြားပေါ်တွင် ရေချိုး၊အဝတ်လျှော်
ကြသည့်ပုံပင်။ ရှောင်ယွမ်က ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်သည် အမှောင်ထဲ၌ မည်သူမျှမရှိချေ။ သို့နှင့် နေရာလွတ်ထဲမှ ဆပ်ပြာအား တိတ်တဆိတ်ထုတ်၍ သုံးလိုက်သည်။
ရေချိုးပြီးနောက် အဝတ်အစားလဲကာ
ရှောင်ပိုင်လေးအား ရေချိုးပေးရန် သွားခေါ်ခဲ့သည်။
ဤအိမ်တွင် ရှောင်ပိုင်လေးမှာ သူနှင့်
အရင်းနီးဆုံးဟု ဆို၍ရပေသည်။
"ရှောင်ပိုင် ရေချိုးကြစို့
အစ်ကို မင်းကိုရေချိုးပေးမယ်..."
"ဟုတ်"
ရှောင်ပိုင်က သူ့ထံပြေးလာပြီးနောက်
နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံကြည့်၏။
"အစ်ကိုယွမ် မွှေး တယ်..."