အခန်း(၁၃)
Viewers 4k

လုဖုန်းက ​တောဝက်​ကို အိမ်​ရှေ့ကွပ်ပျစ်နားတွင် 

ချထားလိုက်၏။ သူ၏ခန္ဓာကိုယ်​ပေါ်တွင် ​တောဝက်၏​သွေးများ စွန်းထင်း​နေ​လေသည်။ ​​တောင်​ပေါ်သို့မတက်မှီက ဝတ်ဆင်သွားခဲ့သည့် 

အင်္ကျီအ​ဟောင်း​လေးမှာ ပို၍စုတ်ပြဲလာသည်။ သို့​သော်လည်း ထိုကဲ့သို့ ညစ်ပတ်​ပေ​ရေမှုများက သူ၏​ချော​မောမှုအား အနည်းငယ်မျှ မထိခိုက်​စေခဲ့​ပေ။


​ရှောင်ယွမ်သည် လုဖုန်းအား ပြုံး၍သာကြည့်​နေသည်။ သူ၏စိတ်ထဲတွင်​တော့ အ​တွေး​ပေါင်းစုံဖြတ်​ပြေး​နေခဲ့သည်။ 


အမ​လေး​ ​ချောလိုက်တာ

အင်္ကျီအစုတ်နဲ့​ရေမချိုးရ​သေးတာ​တောင် 

အရိုင်းဆန်ဆန်​ချော​နေတယ် 

အားကျလိုက်တာကွာ

ဒီလို​မျိုးချောတဲ့သူကို ​​

ယော​ကျာ်းတော်ထားရတာ မဆိုးပါဘူး​လေ


​ရှောင်ယွမ်၏အကြည့်​အောက်တွင် 

လုဖုန်းက သူ့ထံ​လျှောက်လှမ်းလာခဲ့သည်။ 


"မင်း ​နေရထိုင်ရတာသက်သာရဲ့လား"


"အင်း ​ကောင်းသွားပြီ

​နေ့လယ်က အ​မေ​ လာ​သေးတယ်

​​​နောက်​ဖေးက ခြံဝန်းကို

က​လေး​တွေနဲ့အတူ ပေါင်းနှုတ်ထားတယ်

ညစာလည်း ချက်ထားပြီးပြီ"


"​တော်တယ်"


ဟမ် ငါ့ကိုချီးကျူး​နေတာလား


​ရှောင်ယွမ် ရှက်​သွေးဖြာသွားရ​လေ၏။ လင်းဟန်က သူတို့၂​ယောက်ကြားသို့ ဝင်ကာစကား​ပြော​လေသည်။


"အစ်ကိုကြီး ဝက်ကြီးကိုဘယ်လိုလုပ်မလဲ"


"အိမ်နဲ့အန်တီလင်းအတွက်ချန်ထားပြီးရင်

မနက်ဖြန် မနက်သွား​ရောင်းကြမယ်"


"​ရေအရင်ချိုးမလား"


​ရှောင်ယွမ်က ​မေးလိုက်သည်။


"​ကိုယ် တောဝက်ကိုအရင် ပြင်ဆင်ဦးမယ်

ပြီးမှ မြစ်ကိုသွားချိုးမှာ"


"ကျွန်​​တော်လည်း ကူ​ပေးမယ် အစ်ကိုကြီး"


"အင်း

မင်းနဲ့​ရှောင်ပိုင်​လေးပဲ ချိုးလိုက်ကြ​လေ"


"​ကောင်းပါပြီ"


လုဖုန်းက မီးခိုထဲမှ အသားလှီးသည့် ဓါးတုံးတုံးကြီးအားယူ၍ ထွက်ခွာသွားသည်။ ထိုဓါးဖြင့် လှီးမည်ဆိုလျှင် အချိန်အ​တော်​ပေးရလိမ့်မည်။ အရိုးများကို ခုတ်ပိုင်းရန်အတွက်လည်း အားကုန်​ပေမည်။ 


"ခဏ​လေး "


​ရှောင်ယွမ်က သူ၏​သေတ္တာ​လေးထံ​ပြေးကာ 

အသားခုတ်သည့်ဓါး၁​ချောင်းကို ​နေရာလွတ်ထဲမှ ယူ၍​ပေးလိုက်သည်။ 


"ဒါကို သုံး" 


လုဖုန်း အံအားသွင့်သွားသည်။ ထိုမျှပြတ်ရှပြီး ​ချော​မွေ့သည့် ဓါးမျိုးမမြင်ဖူး​ချေ။ ဓါးက​ပေါ့​ပေါ့ပါးပါးနှင့် အလွန်ထက်မည့်ပုံ​ပေါ်သည်။ သူ၏စိတ်ထဲတွင် သံသယအချို့ဖြစ်​လာပြီး ချင်းယွမ်အားကြည့်လိုက်သည်။ 


"မ​မေးနဲ့ 

ကျွန်​တော် ညကျရင် ​ပြောစရာရှိတယ်

အခု​တော့ ဒီဓါးကိုသာ သုံးပြီးခုတ်လိုက်​နော်"


"အင်း..."


လုဖုန်းက ဓါးအသစ်အားအလွန်သ​ဘော​တွေ့​နေသည်။ အသားခုတ်ရန်အလွန်အဆင်​ပြေပြီး အားစိုက်ရန်လည်း မလိုအပ်​ချေ။ ယခင်ဓါးဖြင့်ခုတ်လျှင် ဓါးကတုံးသဖြင့် အရိုးခုတ်သည့်အခါ အရိုးအပိုင်းအစများထွက်လာတတ်သည်။ ၎င်းတို့က အသားထဲသို့စိုက်ဝင်သွားတတ်ပြီး စားသည့်အခါ အဆင်မ​ပြေဖြစ်ရ၏။ ယခုအခါ အရိုးများကိုလည်း လျင်မြန်စွာ ပိုင်းဖြတ်နိုင်သည်။ 


လင်းဟန်ကလည်း ဓါး​အားအလွန်သ​ဘောကျ​နေသည်။ သူကိုယ်တိုင် စမ်း၍ ခုတ်ကြည့်ချင်​နေ၏။


​ရှောင်ယွမ်နှင့်​ရှောင်ပိုင်တို့က အတူ​ရေချိုးလိုက်ကြသည်။ ဆပ်ပြာ​မွှေး​မွှေး​လေးအား သုံး၍ ချိုးရသည့်အတွက် ​ရှောင်ပိုင်ကအလွန်​ပျော်မြူး​နေသည်။ 


ယ​နေ့တွင်​တော့ က​လေးအား ​ခေါင်း​လျှော်မ​ပေးလိုက်​ချေ။ ဆံပင်ကရှည်သည့်အတွက် ​နေ့တိုင်း​လျှော်​နေမည်ဆိုလျှင် ဖျားနာနိုင်သည်။ ဤ​ခေတ်အခါတွင် ကျန်းမာ​ရေးဂရုစိုက်မှသာ ​တော်ခါကြ​ပေမည်။ သာမန်အဖျား​လေးကပင် လူအား​သေ​စေနိုင်သည်။


"​ရှောင်ပိုင် ​မွှေး​မွှေး​လေး"


"အစ်ကိုယွမ်လည်း ​မွှေး" 


​ရေချိုး အဝတ်အစားလဲပြီး​နောက် ​ရှောင်ပိုင်​လေး၏ မျက်နှာ​ပေါ်သို့ အစိုဓါတ်ဖြည့်​ပေးသည့် ခရမ်အနည်းငယ် လိမ်း​ပေးလိုက်​သေးသည်။

နှစ်​ယောက်သား ​မွှေး​မွှေးကြိုင်ကြိုင်နှင့် 

ထွက်လာသည့်အချိန်တွင် ညီအစ်ကိုနှစ်​ယောက်မှာမူ ​ပေတာတူး​နေသည်။ ယခုအခါ လင်းဟန်ကလည်း ဝင်၍ အကူအညီ​ပေးရင် ပေတူးသွားသည်။ 


လုဖုန်း အနည်းငယ် ရှက်ရွံ့သွားရသည်။ 


"အသား​တွေကအဆင်သင့်ဖြစ်ပြီ 

မနက်ဖြန်​ရောင်းဖို့အတွက်လည်း ပြင်ဆင်ပြီးပြီ

ကိုယ်တို့ ​ရေသွားချိုးလိုက်ဦးမယ်"


"မြန်မြန်ချိုးကြ​နော် 

ည​ရောက်​နေပြီ အ​အေးပက်လိမ့်မယ်

​ရေမသယ်နဲ့​တော့ တစ်ဝက်​လောက်ကျန်​သေးတယ်

​နောက်​နေ့မှသယ်ကြစို့"


"​ကောင်းပါပြီ" 


​ရှောင်ပိုင်​လေးက နှာ​ခေါင်း​လေးပိတ်ကာ 

လက်ညိုးထိုး၍ ​ပြောလေသည်။


"အစ်ကိုငယ် ညစ်ပတ်"


"ဒီညစ်ပိတ်တဲ့အစ်ကိုက ​

ရှောင်ပိုင်​လေးကို​မွှေးချင်လို့ပါ 

လာပါဦး လာပါဦး"


လင်းဟန်က ​ရှောင်ပိုင်အား စ​နောက်၍ လိုက်ဖမ်း​လေသည်။ 


"အား အစ်ကိုယွမ် ကယ်ပါဦး "


"ဟား ဟား ဟား 

အစ်ကိုချီထား​ပေးမယ် လာ"


​ဤရက်ပိုင်းအတွင်း ရှောင်ပိုင်​လေးမှာ အလွန် သက်ဝင်တက်ကြွလာသည်။ ၎င်းက ညီအစ်ကို၂​ယောက်အား စိတ်သက်သာရာရ​စေသည်။ 


လုဖုန်းက ပြုံး၍​ပြောလိုက်သည်။ 


"လင်းဟန် က​လေးကိုမစနဲ့​တော့ 

သွားကြစို့" 


"ဟုတ် အစ်ကိုကြီးဗျ

​ရှောင်ပိုင်​လေးကို အိမ်ပြန်​ရောက်မှ ​မွှေးမယ်ကွာ"


"ညစ်ပတ် မ​မွှေးနဲ့"


​ရှောင်ပိုင်အား ကုတင်​ပေါ်သို့တင်ထား​ပေးပြီး​နောက် မီးဖိုထဲသို့ ဝင်ကြည့်လိုက်သည်။ ​တောဝက်သားကို အရိုးအသားခွဲခြားထား​လေသည်။ ​တောဝက်၏​ပေါင်သားအချို့ကိုယူ၍ တုံးကာ ပျားရည်နှင့်​ကြော်လိုက်သည်။ မနက်ဖြန် ​စျေးသို့သွား​ရောင်းမည်ဖြစ်​သော​ကြောင့် က​လေးများစားရန်အတွက် ပို​ကြော်ထားလိုက်သည်။ ဆန်ပြုတ်နှင့်ဘန်းမုန့်ကိုလည်း ပြန်​နွှေးလိုက်သည်။


လုဖုန်းတို့ ပြန်​ရောက်လာ​သောအခါ ညစာမှာ အဆက်သင့်ဖြစ်​နေ​ပြီ။ လုဖုန်းသည် ​သေချာ​ဆေး​ကြောထား​သော ဓါးအား ချင်းယွမ်ထံပြန်​ပေး၏။


"ခင်ဗျားပဲသိမ်းထားလိုက်ပါ 

အိမ်မှာသုံးဖို့ပဲဟာ"


"လင်းဟန်​ရေ ​ရှောင်ပိုင်​လေးကို​ခေါ်ခဲ့ပါဦး"


မိသားစု​လေး​ယောက်သည် ညစာအားအတူတကွ စားလိုက်ကြသည်။ သခွားသီးသုပ်၊ခရမ်းချဥ်သီကြက်ဥချက်နှင့် ဝက်သား​ကြော်တို့အား ဆန်ပြုတ်နှင့်တွဲဖက်စားသည်။ လုဖုန်းအတွက်မူ ဘန်းမုန့်နှင့် ဆန်ပြုတ် ၂မျိုးစလုံးပြင်ဆင်​ပေးထားသည်။


"ဘန်းမုန့်က ခင်ဗျားအတွက် အ​မေ​ပေးခဲ့တာ​လေ "


"အင်း မနက်ဖြန် အန်တီလင်းကို 

ဝက်သားပို့​ပေးရင်း ​ကျေးဇူးတင်​ကြောင်း

​ပြောလိုက်မယ်"


"​ပြောစရာမလိုပါဘူး မိသားစု​တွေပဲဟာ"


ညစာစားပြီး​နောက် ​​ရောင်းချမည့်အသားများနှင့် 

အိမ်အတွက်အသားများကို ခွဲကာ မနက်ဖြန်အတွက် ပြင်ဆင်ရသည်။ မြို့သို့ ​ခြေလျင်သာသွားရ​ပေမည်။ ရွာတွင် နွားလှည်း၂စီးသာရှိပြီး ယခုအချိန်က လယ်ယာလုပ်ငန်းဝင်​နေကြ၍ အငှားမလိုက်ကြ​​ချေ။


ထို့​နောက် လုဖုန်းနှင့်ပြောဆိုရမည့် ကိစ္စရှိသည့်အတွက် လင်းဟန်ကို ရှောင်ပိုင်​လေးအားသိပ်ခိုင်းလိုက်သည်။ ​ရှောင်ပိုင်က မအိပ်ချင်​​ဟု ​ပြော​နေ​သော​ကြောင့် နို့သကြားလုံးဖြင့် လာဘ်ထိုးကာ 

အိပ်ခိုင်းလိုက်၏။


"​ရော့ နို့သကြားလုံးယူထား 

အိပ်ယာဝင်ခါနီး​ စားလို့မရဘူး​နော်

မနက်ဖြန်မှစားရမယ်

အစ်ကိုယွမ် ​စျေးကပြန်ရင် 

မုန့်ဝယ်ခဲ့ဦးမှာမလို့ အခု​စော​စောအိပ်​နော်"


"ဟင်း...

ဟုတ် အစ်ကိုယွမ်"


"​ရှောင်ပိုင်​လေးက လိမ္မာလိုက်တာ 

အစ်ကိုချီမယ် လာ" 


လင်းဟန်က လူကြီး၂​ယောက် စကား​ပြောစရာများရှိ​နေသည်ကို သိသဖြင့် ​ရှောင်ထွက်သွား​ပေးသည်။