ရှောင်ယွမ်သည် နေရာလွတ်နှင့် သူ၏အကြောင်းပြောပြရန် အားတင်းလိုက်သည်။ ဤကိစ္စအား သူ အကြိမ်ကြိမ်စဥ်းစားခဲ့ရသည်။ လုဖုန်းသည် အားကိုးထိုက်သောသူဖြစ်သည်ကတစ်ကြောင်း၊ သူနှင့်တစ်သက်လုံး အတူနေသွားရမည့်သူဖြစ်သည်ကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ အိမ်ထောင်တစ်ခုတွင် ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှု ရှိရန်မှာလည်း အရေးကြီးသည်။
ယခါအချိန်၌ ကွပ်ပျစ်ပေါ်တွင် လုဖုန်းနှင့် ရှောင်ယွမ် ၂ယောက်သာ ရှိတော့သည်။ လုဖုန်းက ရှောင်ယွမ် စကားပြောလာမည်ကို ငြိမ်သက်စွာ စောင့်နေခဲ့သည်။
"အင်း အရင်ဆုံးမေးချင်တာက
လုဖုန်း အကယ်၍ ကျွန်တော်က ဒီကမ္ဘာကမဟုတ်ဘူးဆိုရင်ရော ယုံနိုင်လား "
၃စက္ကန့်ခန့်ငြိမ်သက်နေရာမှ လုဖုန်းက မေးလာခဲ့သည်။
"ဘယ်လိုမျိုးလဲ"
"အခုကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာလိုမျိုး
တစ်ခြားအပြိုင် ကမ္ဘာတွေအများကြီးရှိနိုင်တယ်လို့ တွေးကြည့်ဖူးလား
အဲဒီလိုမျိုးပေါ့ ကျွန်တော်က ဒီကမ္ဘာလိုမျိုးပဲ
တည်ရှိနေတဲ့ တစ်ခြားကမ္ဘာကနေရောက်လာခဲ့တာ
ကျွန်တော်တို့ ကမ္ဘာက ဒီနေရာထက်ပိုပြီး တိုးတက်တဲ့နေရာမျိုးပေါ့ "
"အင်း ဘယ်လိုရောက်လာတာလဲ"
"ကျွန်တော်လည်းမသိဘူး
တစ်ရက် ကျွန်တော်နိုးလာတော့
ချင်းယွမ်အဖြစ်သတိရလာခဲ့တာပဲ
အခု ကျွန်တော်ပြောပြချင်တာက အရေးကြီးတယ် ခင်ဗျား တစ်ခြားသူကိုပြောပြလို့မရတဲ့ကိစ္စမျိုးပေါ့
လုဖုန်း ကျွန်တော် ခင်ဗျားကိုယုံတယ်
ဒါကြောင့် ဒီအကြောင်းတွေ ပြောပြတာ"
"စိတ်ချပါ ကိုယ်ဘယ်သူ့ကိုမှမပြောပါဘူး
မင်းက အခုကိုယ့်ရဲ့မိသားစုဝင်လေ
ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ
မင်းရဲ့ကိစ္စက ကိုယ့်ရဲ့ကိစ္စပဲ"
"ကောင်းပြီ
ကျွန်တော်မှာ သာမန်လူတွေမမြင်နိုင်တဲ့
နေရာလွတ် တစ်ခုရှိတယ်
နေရာလွတ်ဆိုတာက ပစ္စည်းတွေကို
အဲဒီနေရာမှာသိမ်းထားလို့ရတယ်
သယ်သွားလို့ရတယ်
ကျွန်တော်ကလွဲပြီး တစ်ခြားသူတွေမမြင်နိုင်ဘူး
ကျွန်တော့်ရဲ့နေရာလွတ်က နည်းနည်းပိုထူးခြားတယ်
အပင်စိုက်လို့ရတဲ့ မြေနေရာလည်းရှိတယ်
ဒါကြောင့် အပင်တစ်ချို့စိုက်ထားတယ်
ဒီနေ့စားတဲ့ အသီးတွေက
ကျွန်တော်စိုက်ထားတာလေ
ကျွန်တော့်နေရာလွတ်ထဲမှာ စိုက်ပျိုးတဲ့
အသီးအနှံတွေက သာမန်အသီးအနှံလိုမဟုတ်ဘူး
ပိုလတ်ဆတ်ပြီး ကျန်းမာရေးအတွက်ကောင်းတယ်"
"ကျွန်တော် ကူးပြောင်းလာစက
ချင်းယွမ်ရဲ့ခန္ဓာကိုယ်က အခြေအနေမကောင်းဘူး
ကျွန်တော့်ရဲ့ နေရာလွတ် ကျေးဇူးကြောင့်
အခုလိုပြန်ပြီး သက်သာလာတာ"
"အင်း ကိုယ်အချို့တစ်ဝက်ကိုနားလည်ပါတယ်
နေရာလွတ်ထဲမှာ အပင်တစ်ချို့စိုက်နိုင်တယ်
ပစ္စည်းတွေသိမ်းထားလို့ရတယ်ပေါ့"
"ဟုတ်တယ်
သိမ်းထားတဲ့အရာတွေက
သူ့ကိုသိမ်းထားတဲ့အတိုင်းပဲ မပုတ်မသိုးသွားဘူး"
လုဖုန်းက စိတ်ကူးယဥ်နေသည့်အသံဖြင့်
စကားဆိုလေ၏။
"နတ်ဘုရားလိုအရာမျိုးပဲ"
"ဟား ဟား ဟုတ်တယ်
ကျွန်တော်က နတ်သားလေးမလို့လေ"
ရှောင်ယွမ်က လိုရင်းအားပြောလိုက်သည်။
"ကျွန်တော် မနေ့ညက စိုက်ပျိုးထားတဲ့
အသီးတစ်ချို့ရှိတယ်
အဲဒါတွေကို မနက်ဖြန် စျေးမှာရောင်းချင်တယ်
ကျွန်တော့်ကိုပါ အတူခေါ်သွားပေးလို့ ရမလား"
"ရှောင်ယွမ် လမ်းလျှောက်နိုင်ပါ့မလား
မြို့ကတော်တော်ဝေးသေးတယ်"
"ရတယ် လျှောက်နိုင်ပါတယ်ဗျ
ကျွန်တော် နေကောင်းနေပါပြီ
ခရမ်းချဥ်သီး၊သခွားသီး၊ပဲတောင့်ရှည်နဲ့
မုန့်ညှင်း တစ်ချို့ရှိတယ်
သူတို့ကို ရောင်းရင် ငွေအချို့စုမိနိုင်တယ်"
"ရှောင်ပိုင်လေးအတွက် အဝတ်အစား
တစ်ချို့ဝယ်ပေးချင်တယ်
သူက ကလေးဆိုတော့
အင်္ကျီတွေကပေလွယ်တယ်
သူ့မှာ လဲဝတ်ဖို့ကလည်း ၂ထည်ပဲရှိတယ်"
လုဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီ မင်းသဘောပါ
ကိုယ့်မိသားစုကို ခုလို ဂရုစိုက်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်"
"မိသားစုတွေဆို ကျေးဇူးတင်စကားမပြောနဲ့"
"ကိုယ်တစ်ခုမေးလို့ရမလား
မူလ ချင်းယွမ်ကဘယ်ရောက်သွားတာလဲ"
"ကျွန်တော်လည်း မသိဘူး
သူနေမကောင်းတာကြောင့် အသက်ဆုံးရှုံးသွားတာလည်းဖြစ်နိုင်သလို ကျွန်တော်ရဲ့ကမ္ဘာကို ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ
အမေလင်းကိုတော့ မပြောပြနိုင်ဘူး
သူတို့အရမ်း စိတ်မကောင်းဖြစ်ရလိမ့်မယ်
ကျွန်တော်ကလည်း မိဘမဲ့ဆိုတော့
အခုလိုမျိုး မိဘနဲ့မိသားစုတွေရှိလာတာကို
ကျေးဇူးတင်မိတယ် ကျွန်တော် အတ္တကြီးစွာနဲ့ပဲ
အမေလင်းရဲ့သားအနေနဲ့ပဲ ဆက်နေသွားချင်တယ်"
"မင်း သဘောပါ
ကိုယ်က မင်းဘာလုပ်လုပ်ထောက်ခံပေးမယ်"
လုဖုန်းနှင့်သေချာပြောဆိုပြီးနောက် အံ့အားသင့်ဖွယ်ကောင်းစွာပင် လုဖုန်းကအခြေအနေအား ချက်ချင်းလက်သင့်ခံနိုင်လေသည်။ လုဖုန်းအား နေရာလွတ်ထဲမှ ပန်းသီးတစ်လုံးထုတ်ပြပြီး ကျွေးလိုက်သည်။
သူတို့နှစ်ယောက်သည် ညဥ့်ဦးယံမှသာ အိပ်ယာဝင်ခဲ့ရသည်။
ရှောင်ယွမ်က လုဖုန်းအိပ်ပျော်သွားသောအခါ ထပ်မံ၍ နေရာလွတ်ထဲသို့ ဝင်သွားသည်။ လုဖုန်းက မည်မျှပင် လက်ခံနိုင်သည် ဆိုစေကာမူ မျက်စိရှေ့၌ လူတစ်ယောက်လုံး ပျောက်ကွယ်သွားသည်မှာ
အလွန်ထိတ်လန့်စရာကောင်းနေလိမ့်မည်။
နေရာလွတ်ထဲ၌ ရောင်းချမည့် အသီးများကို ခြင်းထဲသို့ သေချာခွဲထည့်ထားလိုက်သည်။ မုန့်ညှင်းအားလုံးကို ရိတ်သိမ်းလိုက်ပြီး ထိုမြေကွက်တွင် ငရုတ်ပင်အချို့စိုက်လိုက်သည်။ ခရမ်းချဥ်သီးနှင့်အခြား အသီးများမှာ ထပ်မံ၍ ရင့်မှည့်နေလေရော
အမြန်ခူးလိုက်ရသည်။ နဂိုကရောင်းချရန်အတွက်
မလုံလောက်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါ လုံလောက်သည်ထက်ပင် ပိုနေဦးမည်။
ကိစ္စအားလုံးကို စနစ်တကျပြင်ဆင်ပြီးနောက်
စမ်းရေတစ်ခွက်သောက်ကာ အပြင်သို့ ပြန်ထွက်လိုက်၏။ လုဖုန်းနှင့် ကလေး၂ယောက် အေးချမ်းစွာ အိပ်နေကြသည်ကို ကြည့်ပြီး ရှောင်ယွမ်လည်း ချက်ချင်းအိပ်ပျော်သွားခဲ့သည်။
နံနက်မိုးသောက်သောအခါ ထုံးစံအတိုင်း လုဖုန်းနှင့်လင်းဟန်က အရင်ဦးစွာ နိုးလာခဲ့သည်။ မနေ့ညက ရှောင်ယွမ်မှ နံနက်စာ မချက်ရန် ကြိုတင်မှာထားသည့်အတွက် လင်းဟန်အားရေခပ်ရန် မြစ်သို့ခေါ်သွားခဲ့သည်။ လုဖုန်းတို့ထွက်သွားပြီးနောက် ရှောင်ယွမ်လည်း နိုးလာခဲ့သည်။ မည်သူမျှမရှိသည်ကို အခွင့်ကောင်းယူကာ သွားတိုက်ဆေးနှင့်သွားတိုက်တံထုတ်၍ သွားတိုက်လိုက်လေ၏။
အခုမှပဲ စိတ်ချမ်းသာတော့တယ်
ဒီဘက်ခေတ်နဲ့လိုက်ဖက်မယ့်
သွားတိုက်တံ လုပ်ခိုင်းဦးမှပါလေ
ရှောင်ယွမ် မျက်နှာသစ်ပြီးနောက် နေရာလွတ်ထဲမှ
အသီးတစ်ချို့အားထုတ်ကာ လုဖုန်း၏ ဝါးခြင်းတောင်းတစ်ခုထဲသို့ပြောင်း၍ထည့်ထားလိုက်သည်။ ထို့နောက် အပေါ်မှအုပ်၍ရသည့် အဝတ်တစ်ခုရှာ၍ အုပ်လိုက်သည်။ သို့မှသာ ခြင်းတောင်းထဲတွင် အသီးအပြည့်ပါသည့်ပုံစံ ဟန်ဆောင်ရပေမည်။
စျေးသို့မသွားမှီ အမေလင်းထံမှ ဝါးခြင်းတောင်း ၁ခု ငှားရမည်ဟု တွေးထားလိုက်သည်။
သူ၏နေရာလွတ်ထဲတွင် ခြင်းများစွာရှိသော်လည်း ဤနေရာဒေသနှင့် မလိုက်ဖက်လေရာ ထုတ်ပြ၍ မဖြစ်ချေ။ ထို့နောက် နံနက်စာအတွက် နေရာလွတ်ထဲမှ ပေါက်စီ ၈လုံးနှင့် ပဲနို့အချို့အားထုတ်လိုက်သည်။ ပဲနို့များကို ပန်းကန်၁ခုစီခွဲ၍ ထည့်ပြီးနောက် ဗူးခွံများကိုနေရာလွတ်ထဲသို့ ပြန်သိမ်းခဲ့သည်။