အခန်း(၁၄)
Viewers 4k

ရှောင်ယွမ်သည် ​နေရာလွတ်နှင့် သူ၏အ​ကြောင်း​ပြောပြရန် အားတင်းလိုက်သည်။ ဤကိစ္စအား သူ အကြိမ်ကြိမ်စဥ်းစားခဲ့ရသည်။ လုဖုန်းသည် အားကိုးထိုက်​သောသူဖြစ်သည်ကတစ်​ကြောင်း၊ သူနှင့်တစ်သက်လုံး အတူ​နေသွားရမည့်သူဖြစ်သည်ကတစ်​ကြောင်း အ​ကြောင်းအမျိုးမျိုး​ကြောင့် ထုတ်​ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ အိမ်​ထောင်တစ်ခုတွင် ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှု ရှိရန်မှာလည်း အ​ရေးကြီးသည်။


ယခါအချိန်၌ ကွပ်ပျစ်​ပေါ်တွင် လုဖုန်းနှင့် ​ရှောင်ယွမ် ၂​ယောက်သာ ရှိ​တော့သည်။ လုဖုန်းက ​ရှောင်ယွမ် စကား​ပြောလာမည်ကို ​ငြိမ်သက်စွာ စောင့်​နေခဲ့သည်။


"အင်း အရင်ဆုံး​မေးချင်တာက 

လုဖုန်း အကယ်၍ ကျွန်​တော်က ဒီကမ္ဘာကမဟုတ်ဘူးဆိုရင်​ရော ယုံနိုင်လား "


၃စက္ကန့်ခန့်ငြိမ်သက်​နေရာမှ လုဖုန်းက ​မေးလာခဲ့သည်။


"ဘယ်လိုမျိုးလဲ"


"အခုကျွန်​တော်တို့​နေထိုင်တဲ့ ကမ္ဘာလိုမျိုး​ 

တစ်ခြားအပြိုင် ကမ္ဘာ​တွေအများကြီးရှိ​နိုင်တယ်လို့​ တွေးကြည့်ဖူးလား

အဲဒီလိုမျိုး​ပေါ့ ကျွန်​တော်က ဒီကမ္ဘာလိုမျိုးပဲ

တည်ရှိ​နေတဲ့ တစ်ခြားကမ္ဘာက​နေ​ရောက်လာခဲ့တာ

ကျွန်​တော်တို့ ကမ္ဘာက ဒီ​နေရာထက်ပိုပြီး တိုးတက်တဲ့​​နေရာမျိုး​ပေါ့ "


"အင်း ဘယ်လို​ရောက်လာတာလဲ"


"ကျွန်​တော်လည်းမသိဘူး 

တစ်ရက် ကျွန်​တော်နိုးလာ​တော့ 

ချင်းယွမ်အဖြစ်သတိရလာခဲ့တာပဲ

အခု​ ကျွန်​တော်​ပြောပြချင်တာက အ​ရေးကြီးတယ် ခင်ဗျား တစ်ခြားသူကို​ပြောပြလို့မရတဲ့ကိစ္စမျိုး​​ပေါ့

လုဖုန်း ကျွန်​တော် ခင်ဗျားကိုယုံတယ် 

ဒါ​ကြောင့် ဒီအ​ကြောင်း​​တွေ ​ပြောပြတာ"


"စိတ်ချပါ ကိုယ်ဘယ်သူ့ကိုမှမ​ပြောပါဘူး 

မင်းက အခုကိုယ့်ရဲ့မိသားစုဝင်​လေ

ဘယ်လိုလုပ်​ပြောနိုင်ပါ့မလဲ 

မင်းရဲ့ကိစ္စက ကိုယ့်ရဲ့ကိစ္စပဲ"


"​ကောင်းပြီ 

ကျွန်​တော်မှာ သာမန်လူ​တွေမမြင်နိုင်တဲ့

​နေရာလွတ် တစ်ခုရှိတယ် 

​နေရာလွတ်ဆိုတာက ပစ္စည်း​တွေကို

အဲဒီ​နေရာမှာသိမ်းထားလို့ရတယ် 

သယ်သွားလို့ရတယ် 

ကျွန်​တော်ကလွဲပြီး တစ်ခြားသူ​တွေမမြင်နိုင်ဘူး

ကျွန်​တော့်ရဲ့​နေရာလွတ်က နည်းနည်းပိုထူးခြားတယ်

အပင်စိုက်လို့ရတဲ့ ​မြေ​​နေရာလည်းရှိတယ် 

ဒါ​ကြောင့် အပင်တစ်ချို့စိုက်ထားတယ်

ဒီ​နေ့စားတဲ့ အသီး​တွေက

ကျွန်​တော်စိုက်ထားတာ​လေ

ကျွန်​တော့်​နေရာလွတ်ထဲမှာ စိုက်ပျိုးတဲ့

အသီးအနှံ​တွေက သာမန်အသီးအနှံလိုမဟုတ်ဘူး

ပိုလတ်ဆတ်ပြီး ကျန်းမာ​ရေးအတွက်​ကောင်းတယ်"


"ကျွန်​တော် ကူး​ပြောင်းလာစက 

ချင်းယွမ်ရဲ့ခန္ဓာကိုယ်က အ​ခြေအ​နေမ​ကောင်းဘူး 

ကျွန်​တော့်ရဲ့ ​နေရာလွတ်​​ ကျေးဇူးကြောင့် 

အခုလိုပြန်ပြီး သက်သာလာတာ"


"အင်း ကိုယ်အချို့တစ်ဝက်ကိုနားလည်ပါတယ်

​နေရာလွတ်ထဲမှာ အပင်တစ်ချို့စိုက်နိုင်တယ်

ပစ္စည်း​တွေသိမ်းထားလို့ရတယ်​ပေါ့"


"ဟုတ်တယ် 

သိမ်းထားတဲ့အရာ​တွေက 

သူ့ကိုသိမ်းထားတဲ့အတိုင်းပဲ မပုတ်မသိုးသွားဘူး"


လုဖုန်းက စိတ်ကူးယဥ်​​နေသည့်အသံဖြင့် 

စကားဆို​လေ၏။


"နတ်ဘုရားလိုအရာမျိုးပဲ"


"ဟား ဟား ဟုတ်တယ်

ကျွန်​တော်က နတ်သား​လေးမလို့​လေ"


​ရှောင်ယွမ်က လိုရင်းအား​​ပြောလိုက်သည်။


"ကျွန်​တော် မ​နေ့ညက စိုက်ပျိုးထားတဲ့ 

အသီးတစ်ချို့ရှိတယ် 

အဲဒါ​တွေကို မနက်ဖြန် စျေးမှာရောင်းချင်တယ်

ကျွန်​တော့်ကိုပါ အတူ​ခေါ်သွား​ပေးလို့ ရမလား"


"​ရှောင်ယွမ် ​​လမ်းလျှောက်နိုင်ပါ့မလား

မြို့က​တော်​တော်​ဝေး​သေးတယ်" 


"ရတယ် ​လျှောက်နိုင်ပါတယ်ဗျ

ကျွန်​တော် ​​နေ​ကောင်း​နေပါပြီ 

ခရမ်းချဥ်သီး၊သခွားသီး၊ပဲ​တောင့်ရှည်နဲ့ 

မုန့်ညှင်း တစ်ချို့ရှိတယ် 

သူတို့ကို ​ရောင်းရင် ​ငွေအချို့စုမိနိုင်တယ်" 


"​ရှောင်ပိုင်​လေးအတွက် အဝတ်အစား

တစ်ချို့ဝယ်​ပေးချင်တယ် 

သူက က​လေးဆို​တော့ 

အင်္ကျီ​တွေက​ပေလွယ်တယ်

သူ့မှာ လဲဝတ်ဖို့ကလည်း ၂ထည်ပဲရှိတယ်"


လုဖုန်းက ပြုံး၍ ​ပြောလိုက်သည်။

"​ကောင်းပြီ မင်းသ​ဘောပါ

ကိုယ့်မိသားစုကို ခုလို ဂရုစိုက်​ပေးတဲ့အတွက် 

​ကျေးဇူးတင်ပါတယ်"


"မိသားစု​တွေဆို ​ကျေးဇူးတင်စကားမ​ပြောနဲ့"


"ကိုယ်တစ်ခု​မေးလို့ရမလား

မူလ ချင်းယွမ်ကဘယ်​ရောက်သွားတာလဲ"


"ကျွန်​တော်လည်း မသိဘူး 

သူ​နေမ​ကောင်းတာ​ကြောင့် အသက်ဆုံးရှုံးသွားတာလည်းဖြစ်နိုင်သလို ကျွန်​တော်ရဲ့​ကမ္ဘာကို ​ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ

အ​မေလင်းကို​တော့ မ​ပြော​ပြနိုင်ဘူး 

သူတို့အရမ်း စိတ်မ​ကောင်းဖြစ်ရလိမ့်မယ်

ကျွန်​တော်ကလည်း မိဘမဲ့ဆို​တော့ 

အခုလိုမျိုး မိဘနဲ့မိသားစု​တွေရှိလာတာကို 

​ကျေးဇူးတင်မိတယ် ကျွန်​တော် အတ္တကြီးစွာနဲ့ပဲ 

အ​မေလင်းရဲ့သားအ​နေနဲ့ပဲ ဆက်​နေသွားချင်တယ်"


"မင်း သ​ဘောပါ 

ကိုယ်က မင်းဘာလုပ်လုပ်​ထောက်ခံ​ပေးမယ်"


လုဖုန်းနှင့်​သေချာ​ပြောဆိုပြီး​နောက် အံ့အားသင့်ဖွယ်​​ကောင်းစွာပင် လုဖုန်းကအ​ခြေအ​နေအား ချက်ချင်းလက်သင့်ခံနိုင်​လေသည်။ လုဖုန်းအား ​နေရာလွတ်ထဲမှ ပန်းသီးတစ်လုံးထုတ်ပြပြီး ကျွေးလိုက်​သည်။

သူတို့နှစ်​ယောက်သည် ညဥ့်ဦးယံမှသာ အိပ်ယာဝင်ခဲ့ရသည်။


​ရှောင်ယွမ်က လုဖုန်းအိပ်​​ပျော်သွား​သောအခါ ထပ်မံ၍ ​နေရာလွတ်ထဲသို့ ဝင်သွားသည်။ လုဖုန်းက မည်မျှပင် လက်ခံနိုင်သည် ဆို​စေကာမူ မျက်စိ​ရှေ့၌ လူတစ်​ယောက်လုံး ​ပျောက်ကွယ်သွားသည်မှာ 

အလွန်ထိတ်လန့်စရာ​ကောင်း​နေလိမ့်မည်။


​နေရာလွတ်ထဲ​​၌ ရောင်းချမည့် အသီးများကို ​ခြင်းထဲသို့ သေချာခွဲထည့်ထားလိုက်သည်။ ​မုန့်ညှင်းအားလုံးကို ရိတ်သိမ်းလိုက်ပြီး ထို​မြေကွက်​တွင် ငရုတ်ပင်အချို့စိုက်လိုက်သည်။ ခရမ်းချဥ်သီးနှင့်အခြား အသီးများမှာ ထပ်မံ၍ ရင့်မှည့်​နေ​လေ​ရော 

အမြန်ခူးလိုက်ရသည်။ ​နဂိုက​ရောင်းချရန်အတွက် 

မလုံ​လောက်မည်ကို စိုးရိမ်ခဲ့​သော်လည်း ယခုအခါ လုံ​လောက်သည်ထက်ပင် ပို​နေဦးမည်။


​ကိစ္စအားလုံးကို စနစ်တကျပြင်ဆင်ပြီး​နောက် 

စမ်း​ရေတစ်ခွက်​သောက်ကာ အပြင်သို့ ပြန်ထွက်လိုက်၏။ လုဖုန်းနှင့် က​လေး၂ယောက် အေးချမ်းစွာ အိပ်​နေကြသည်ကို ကြည့်ပြီး ​ရှောင်ယွမ်လည်း ​ချက်ချင်းအိပ်​ပျော်သွားခဲ့သည်။


နံနက်မိုး​သောက်သောအခါ ထုံးစံအတိုင်း လုဖုန်းနှင့်လင်းဟန်က အရင်ဦးစွာ နိုးလာခဲ့သည်။ မ​နေ့ညက ​ရှောင်ယွမ်မှ နံနက်စာ မချက်ရန် ကြိုတင်မှာထားသည့်အတွက် လင်းဟန်အား​ရေခပ်ရန် မြစ်သို့​ခေါ်သွားခဲ့သည်။ လုဖုန်းတို့ထွက်သွားပြီး​နောက် ​ရှောင်ယွမ်လည်း နိုးလာခဲ့သည်။ ​​မည်သူမျှမရှိသည်ကို အခွင့်​ကောင်းယူကာ သွားတိုက်​ဆေးနှင့်သွားတိုက်တံထုတ်၍ သွားတိုက်လိုက်​လေ၏။ 


အခုမှပဲ စိတ်ချမ်းသာ​တော့တယ် 

ဒီဘက်​ခေတ်နဲ့လိုက်ဖက်မယ့် 

သွားတိုက်တံ လုပ်ခိုင်းဦးမှပါ​လေ


​ရှောင်ယွမ် မျက်နှာသစ်ပြီး​နောက် ​​နေရာလွတ်ထဲမှ

အသီးတစ်ချို့အားထုတ်ကာ လုဖုန်း၏ ဝါးခြင်း​တောင်းတစ်ခုထဲသို့​ပြောင်း၍ထည့်ထားလိုက်သည်။ ထို့​နောက် အ​ပေါ်မှအုပ်၍ရသည့် အဝတ်တစ်ခုရှာ၍ အုပ်လိုက်သည်။ သို့မှသာ ခြင်း​တောင်းထဲတွင် အသီးအပြည့်ပါသည့်ပုံစံ ဟန်​ဆောင်ရ​ပေမည်။

​​စျေးသို့မသွားမှီ အ​မေလင်းထံမှ ဝါးခြင်း​တောင်း ၁ခု ငှားရမည်ဟု ​တွေးထားလိုက်သည်။ 


သူ၏​နေရာလွတ်ထဲတွင် ခြင်းများစွာရှိ​သော်လည်း ဤ​နေရာ​ဒေသနှင့် မလိုက်ဖက်​လေရာ ထုတ်ပြ၍ မဖြစ်​ချေ။ ထို့​နောက် နံနက်စာအတွက် ​​နေရာလွတ်ထဲမှ ​ပေါက်စီ ၈လုံးနှင့် ပဲနို့အချို့အားထုတ်လိုက်သည်။ ပဲနို့များကို ပန်းကန်၁ခုစီခွဲ၍ ထည့်ပြီး​​နောက် ဗူးခွံများကို​နေရာလွတ်ထဲသို့ ပြန်သိမ်းခဲ့သည်။